← Chapters

ကျောက်တုံးခိုးခြင်း

Vol. 51 Ch. 709

ကျောက်တုံးခိုးခြင်း

Vol. 51 Ch. 709

အဖွဲ့မှုးလန်၏ တိုက်ခိုက်မှုက အတော်ရိုးရှင်းသည်။ သူက လက်ဝါးရိုက်ချက် တစ်ချက်သာ ထုတ်ပြီး လေဟာနယ် အပိုင်းအခြားကို တုန်လှုပ်သွားစေ၏။ တုန်လှုပ်မှုက အရပ်မျက်နှာအနှံ့ ပြန့်သွားလေသည်။ အနားရှိ တောင်တန်းများသည် သက်ရောက်မှုကြောင့် စတင်လှုပ်ခါလာပြီး လှိုင်းများ ထန်ကုန်ကာ အချိန်မရွေး ပြိုလဲသွားတော့မည့်ပုံ ပေါ်လာ၏။ ထိုတာအိုပုံစံမျိုးကို ထုတ်ဖော်ရသည့် ရည်ရွယ်ချက်က သိသာနေ၏။ ကျန်းရီ ထွက်ပြေးမှာကို ကာကွယ်ရန်အတွက် ဖြစ်သည်။

အဖွဲ့မှုးလီ၏ တိုက်ကွက်က ပိုကြမ်းကြုတ်လေ၏။ သူက ခုနှစ်လွှာရှိသည့် မျှော်စင်အိုတစ်ခုဖြစ်သည့် ရတနာကို ထုတ်ဖောက်လိုက်သည်။ အလွှာတိုင်းက မတူညီသည့် အရောင်ဖြင့် လင်းထိန်နေ၏။ မျှော်စင်က လေထဲတွင် ပိုကြီးပြီးရင်း ကြီးလာကာ ဧရာမတောင်တစ်လုံး အရွယ်အစားအဖြစ် ပြောင်းလဲသွားကာ ကျရောက်လာ၏။ မျှော်စင်သည် မြေပြင်အထက် ကီလိုမီတာများစွာ၌ ရှိသည်။ ထို့ကြောင့် ကျန်းရီ ရှိနေသည့်တောင်က ရုတ်တရက် ဖိချေခံလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားက လူအများ၏ စိတ်နှလုံးကို အကြောက်တရားကြောင့် ဖြူဖျော့သွားစေ၏။ ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ဦးကတောင် သေသည်အထိ ဖိချေခံရနိုင်သည်။

အစ်ကိုတုန်၏ တိုက်ကွက်က အတော်လေး အစွမ်းထက်ပေ၏။ သူက သန္ဓေပြောင်းခြင်္သေ့သားရဲကို ထုတ်ရန် အတွင်းအားကို သုံးလိုက်၏။ ၎င်းက မီတာသုံးဆယ်ကျော်မြင့်မားပြီး အဖွဲ့မှုးလီ၏ မျှော်စင်ထက် ပိုထူးကဲပုံပေါ်၏။ ၎င်း၏ ခန္ဓာသည် ရွှေဖြင့် ပြုလုပ်ထားပြီး သတ္ထုကဲ့သို့ တောက်ပနေ၏။ ထူးထူးဆန်းဆန်းပင် သန္ဓေပြောင်းသားရဲက တလက်လက် တောက်နေသော မျက်ဝန်းတစ်စုံရှိသည်။ ၎င်းက ကြည့်လိုက်သည့် အချိန်တွင် လူအများကို ကပျာကသီ ဖြစ်စေပြီး မွန်းကျပ်စေ၏။ ၎င်းကသာ တစ်စုံတစ်ယောက်ပေါ် ခုန်အုပ်ခဲ့လျှင် နောက်ဆက်တွဲက မမှန်းဆနိုင်စရာ ဖြစ်သွားလိမ့်မည်။

ပြုံးနေသော ကျား၏ တိုက်ကွက်က အလွန်ရက်စက်ပေ၏။ သူက ဖောက်ထွင်းမြင်နေရသည့် လက်ချောင်းအတွင်းအားကို အတွင်းအားဆက်တိုက် ထုတ်ဖော်လိုက်၏။ ယင်းက လုံးဝမမြင်ရပေ။ လက်ချောင်းအတွင်းအား ဖြတ်သန်းသွားတိုင်း လေဟာနယ်ကသာ ဆက်လက်တုန်ယင်နေ၏။ လေဟာနယ်အပိုင်းအခြားထဲသို့ မြွေတစ်ကောင်က မြွေလိမ်မြွေကောက် သွားသည့်ပမာ အရာအားလုံးကို စုတ်ဖြဲရန် အသင့်ဖြစ်နေလေ၏။

အဖွဲ့မှုးရင်နှင့် အစ်ကိုကြီးဟေး၏ တိုက်ကွက်ကလဲ အလွန်ကြမ်းကြုတ်ပေ၏။ လူတိုင်းက စစ်ပွဲစတင်ပြီဖြစ်သောကြာင့် ကျန်းရီကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ရန် သူတို့၏ အစွမ်းအထက်ဆုံး ရတနာများ သို့မဟုတ် တာအိုပုံစံများကို သုံးကြ၏။

အဖွဲ့မှုးလန် ယနေ့တွင် သူတို့ကို ပြောခဲ့သည့်ပုံအရ သူတို့နှင့် ကျန်းရီကြား၌ ညှိနှိုင်းရန် အခန်းကဏ္ဍမရှိတော့ပေ။ ရန်တုံနှင့် နျိုတုန်က အဖွဲ့မှုး ဖြစ်လာသည့်နေ၌ သူတို့က မတူညီသည့်ဘက်၌ ရပ်ပြီးသားဖြစ်နေ၏။ သူတို့၌ ရွေးချယ်စရာ နှစ်ခုသာ ရှိပေသည်။ ကောင်းကင်မိုးကြိုးမြို့ထဲ၌ တိတ်တဆိတ် ထွက်သွားပြီး ကျန်သည့်နေရာမှ ကုသိုလ်မှတ် သွားရှာလျှင်ရှာ မဟုတ်လျှင် သူတို့ တဖြည်းဖြည်းချင်း သေဆုံးသွားသည်အထိ ကျန်းရီ သူတို့ကို တတိတိ စားလိုက်မှာကို စောင့်ဆိုင်းနေရုံသာ ရှိသည်။

အဖွဲ့မှုးလန်သည် ကျန်သည့်သူများကို မိုးကြိုးကျောက်တုံး ရောင်းချခြင်းအကြောင်း ပြောပြထားပြီဖြစ်ကာ တပ်မှုးလုတိသည် ကောင်းကင်မိုးကြိုးမြို့၏ နောက်တက်မည့် မြို့အရှင် ဖြစ်လာလိမ့်မည်ဟု ကတိပေးထားသည်။ ပြီးနောက် သူတို့ အတူတကွ ကြွယ်ဝလာလိမ့်မည်။ သူတို့က လုံလောက်သည့် ကောင်းကင်ဘုံကျောက်တုံးများ ရသွားသည်နှင့် နဂါးဖြူမြို့သို့မဟုတ် ရှန်းစီမြို့သို့ သွားကာ ထိုနေရာ၌ အခြေချပြီး ကျင့်ကြံနိုင်လိမ့်မည်။

သူတို့ နောက်တစ်လှမ်း ဆုတ်မည် ဆိုလျှင် သူတို့ကို နက်ရှိုင်းသည့် ချောက်ကမ်းပါးက စောင့်ကြိုနေရာ ရှေ့တစ်လှမ်းတိုးမည် ဆိုလျှင် အနာဂတ်က တောက်ပပြီး အကန့်အသတ်မဲ့ပေ၏။ သူတို့သည် ကောင်းကင်မိုးကြိုးမြို့ထဲ၌ နှစ်ပေါင်းများစွာ နိုင်လိုမင်းထက် ပြုမူခဲ့ရာ သူတို့အာဏာ ရာထူး ကြွယ်ဝချမ်းသာမှု ဥစ္စာဓနတို့ လွင့်ပါးသွားမည်ကို မည်သူကမျှ မမြင်လိုပေ။ ထို့ကြောင့် သူတို့ ကျန်းရီကို ဖယ်ရှားမှ ရပေမည်။

ချီး ချီး..

တိုက်ကွက် ၆ကွက်က ကျန်းရီဆီသို့ သေမင်းနတ်ဘုရား၏ တံစဉ်ခြောက်ခုသဖွယ် လွှမ်းခြုံသွားတော့သည်။ ကျန်းရီက တောင်ထွတ်ပေါ်၌ မားမားမတ်မတ် ရပ်နေသေးဆဲ ဖြစ်၏။ သို့သော် သူ၏ ခန္ဓာကိုယ်က တောင်နှင့်အတူ ဘယ်ညာယိမ်းနေသည်။ သူ၏မျက်နှာက စိတ်ခံစားချက် မပေါ်ပေ။ မီးတိမ်သံချပ်ကာ မိုးကြိုးမီးမထုတ်သုံး၊ နေရာရွေ့ပြောင်းခြင်းလည်း မပြုပေ။

တိုက်ကွက်များ သူ့ကို ထိမှန်တော့မည့် အချိန်၌ သူက ရုတ်တရက် မျက်စိဖွင့်ကာ ပြောလိုက်တော့သည်။

“မြို့အရှင် လန်အောက်ထန်းက ကောင်းကင်ကျောက်တုံးတွေ ရောင်းချဖို့ အဖွဲ့မှုးလုတိနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဒီလူငါးယောက်က သူ့ရဲ့အပေါင်းအဖော်တွေပါ သက်သေက ရပါပြီ။ အခု မလှုပ်ရှားရင် ဘယ်အချိန်မှ လှုပ်ရှားမှာလဲ”

“အမ်..”

လန်အောင်ထန်းနှင့် သူ့အဖွဲ့က ကျန်းရီ၏စကားကို ကြားသည့် အချိန်၌ အားလုံး တုန်ယင်ကုန်၏။ အလိုလိုပင် သူတို့က ကောင်းကင်ကို ကြည့်လိုက်ကြသည်။ ထိုစဉ် ကောင်းကင်က ရုတ်တရက် လင်းထိန်လာ၏။ မိုးနှင့်မြေ အတွင်းအားတို့က နေရာတစ်ခုတည်း၌ လျင်မြန်စွာ စုဝေးလာပြီး အရုပ်ဆိုးဆိုး အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်၏ မျက်နှာပုံ ပေါ်လာတော့၏။

ဘီး..

ထိုမျက်နှာ ပေါ်လာသည်နှင့် ပတ်ဝန်းကျင် လေဟာနယ်က တောင့်ခဲသွားပုံရသည်။ အဖွဲ့မှုးလန်၏ လက်ကြီးက လေထဲ၌ ရပ်တန့်သွားကာ လှိုင်းအတက်အကျများကို လေဟာနယ်အပိုင်းအခြားတွင် မြင်နိုင်သေး၏။ အဖွဲ့မှုးလီ၏ ရှေးဟောင်းမျှော်စင်က ကျန်းရီအထက် မီတာတစ်ထောင်တွင် မျောလွင့်နေရာမှ ရပ်တန့်သွား၏။ အစ်ကိုကြီးတုန်၏ အတွင်းအားဖြင့် ဖွဲ့တည်ထားသော သန္ဓေပြောင်းသားရဲကလည်း ကောင်းကင်ထဲတွင် ရပ်တန့်သွား၏။ တိုက်ကွက်အားလုံး ရပ်တန့်သွားကာ ယခုအချိန်၌ အချိန်က ခဲသွားပုံပေါ်၏။

“လုဖင်း..”

အချိန်က မရပ်တန့်သွားပေ။ ထိုအစား လေဟာနယ်ကလည်း ခဲသွားတာ မဟုတ်။ အဖွဲ့မှုးလန်သည် အမည်တစ်ခုကို တအံ့တဩအော်ပြောလိုက်သည်။ အဖွဲ့မှုးလီက ရှုံ့မဲ့သွားသည်။ အစ်ကိုကြီးတုန်၏ တောင့်တင်းနေသော မျက်နှာက နောင်တဖြင့် ပြည့်သွားလေသည်။ အဖွဲ့မှုးရင်က မျက်ဝန်းများ မှေးကျဉ်းလိုက်၏။ ပြုံးနေသော ကျားက မပြုံးနိုင်တော့ချေ။ အဖွဲ့မှုးဟေး၏ မျက်နှာက ကျောက်မီးသွေးပမာ မဲကြုပ်သွားလေသည်။

ဟူး ဟူး..

ဆန့်ကျင်ဘက် အနေဖြင့် ကျန်းရီက သက်ပြင်းချလိုက်လေ၏။ လုဖင်းက သူ့ကို ထောင်ချောက်မဆင်ခဲ့ပေ။ အရေးကြီးသည့် အခိုက်အတန့်၌ သူမက ဝင်ရောက်လာသည်။ တပ်ကူအဖွဲ့မှလွဲလျှင် လုမျိုးနွယ်ထဲ၌ မိုးကြိုးတောင်တန်းနှင့် မိုးကြိုးတောင်ကြားထဲသို့ ဝင်ရဲသူ မည်သူမျှ မရှိပေ။ ယင်းက လုမျိုးနွယ်၏ စည်းမျဉ်းဖြစ်၏။ သို့သော် လုဖင်းသည် တစ်ခါမှ မဝင်လာခဲ့ဘဲ ကောင်းကင်မိုးကြိုးမြို့ထဲတွင်သာ ရှိနေသေး၏။ သူမက ကီလိုမီတာ တစ်သောင်း အကွာအဝေးကနေ မျက်နှာတစ်ခု ဖွဲ့တည်ရန် အစွမ်းထက်သည့် နတ်ဘုရားသိုင်းတစ်မျိုးကို အသုံးပြုထားတာပဲ ဖြစ်၏။ ယင်းက ထူးခြားသော တာအိုပုံစံတစ်ခုမျှသာ ဖြစ်သည်။

“ကြမ်းတမ်းလိုက်တာ”

ကျန်းရီသည် ကောင်းကင်ထဲရှိ မျက်နှာကို ကြည့်ပြီး တိတ်တဆိတ် အံ့ဩသွားလေ၏။ အမြင်ဆုံးအဆင့် ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အရည်အချင်းနှင့် တိုက်ပွဲဝင် ခွန်အားက သူ မှန်းဆနိုင်မှုကို သေချာပေါက် ကျော်လွန်သည်။ လုဖင်းသည် သူ့ကို ကာကွယ်ပေးပြီး အဖွဲ့မှုးလန်နှင့် ကျန်သည့်သူများကို သတ်ဖြတ်မည်ဟု အစ်မကြီးဆည်းလည်း သူ့ကို ပြောပြခဲ့စဉ်က သူ သံသယအချို့ ရှိခဲ့၏။ ယခု သူကိုယ်တိုင် အမြင့်ဆုံးအဆင့် ကောင်းကင်ဧကရာဇ်နယ်ပယ် အကြွင်းမဲ့ သိုင်းပညာရှင်တစ်ဦး၏ အမြင့်ဆုံးစွမ်းအားကို မျက်မြင်တွေ့ခဲ့ပြီဖြစ်သည်။

သွေးညအကြောက်တရား ပင်လယ်ထဲတွင် သူ့နောက် လိုက်ခဲ့ကြသည့် ကျန်းမျိုးနွယ်စုနှင့် ရှီးမျိုးနွယ်စု ဝင်များထဲတွင် လုဖင်းလောက် စွမ်းဆောင်ရည် ရှိသည့် သိုင်းပညာရှင်များပါကြောင်း တွေးမိသည့် အချိန်၌ သူသည် ထိုသိုင်းပညာရှင်များ တိုက်ရိုက်တိုက်ခိုက်တာ တစ်ခါမျှ မခံရသောကြောင့် သူ့ကိုယ်သူ ကံကောင်းသည်ဟု သတ်မှတ်၍ ရသည်။ မဟုတ်လျှင် သူသည် အစောတည်းက အစိတ်စိတ်အမွှာမွှာ ချေမှုန်းခံရပြီး သေနေလောက်မှာပဲ ဖြစ်သည်။

ရှီးမျိုးနွယ်စုက တန်ဖိုးထားသည့် ဒယ်စောက်လေးကို တွေးမိသည့် အချိန်၌ နဖူးမှ ချွေးစေးများ ပျံလာပြီး တစ်စက်စက် ကျလာလေ၏။

“လန်အောင်းထျန်၊ လီထျန်းရီ၊ တုန်ရှန်း မင်းတို့တွေက တကယ်သတ္တိရှိတာပဲ”

ကောင်းကင်ထဲရှိ မျက်နှာက ပါးစပ်ကြီးကို ဟလျက် စကားစပြောတော့သည်။ သူမ၏ အသံက ကွင်းပြင်များကို ဖြတ်ကျော်လျက် မိုးခြိမ်းသံပမာ ကျယ်လောင်လာသည်။ မိုးကြိုးတောင်တန်း၏ တစ်ဖက်ခြမ်းတွင် ရှိသည့် လူများကတောင် သူမအသံကို ကြားနိုင်၏။ လေသံက နှစ်တစ်ထောင် ရေခဲကျောက်ဆောင်ပမာ အေးစက်နေလေသည်။

“ရာရာစစ မိုးကြိုးကျောက်တုံးတွေကို ပို့ရဲတယ်ပေါ့ အရေအတွက်က မများ၊ တိကျတဲ့ သက်သေ မရှိပေမဲ့ ကောင်းကင်မိုးကြိုးမြို့ရဲ့အရှင် ငါ့က မျိုးနွယ်စုစည်းမျဉ်းတွေအရ နေရာမှာတင် မင်းတို့ကို သတ်ဖြတ်လို့ရတယ်”

“အမ်..”

မိုးကြိုးတောင်တန်းရှိ တစ်ဖက်ခြမ်းရှိ သိုင်းပညာရှင်များအားလုံးက အကြောက်တရားကြောင့် ကြောင်အနေကြသည်။ ကောင်းကင်၏ တစ်ဝက်နီးပါးကို လွှမ်းထားသည့် ဧရာမမျက်နှာကြီးကို ကြည့်ပြီး..

ရှေးခေတ်ကာလတည်းက ရှိခဲ့သည့် အံ့ဖွယ်သားရဲကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတွင် နှစ်မြှုပ်နေရင်း အေးစက်သည့် စကားများကို နားထောင်နေခိုက် လူတိုင်းက သူတို့စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံး အပိုင်းထဲ၌ တုန်ယင်မှုကို ခံစားလိုက်ရသည်။

ထိုအသက်ကြီးကြီး အရုပ်ဆိုးဆိုး အမျိုးသမီးက မည်သူမှန်း လူများစွာက အစောတုန်းက မသိကြသော်လည်း ယခု သိသွားကြပြီဖြစ်သည်။ သူမက ကောင်းကင်မိုးကြိုးမြို့၏ ဆန်းကျယ်သော အုပ်စိုးသူ အမြင့်ဆုံးအဆင့် ကောင်းကင်ဧကရာဇ် မြို့အရှင်ပဲ ဖြစ်သည်။

“ပြီးသွားပြီ..”

အဖွဲ့မှုးလန်၊ အဖွဲ့မှုးလီနှင့် သူတို့အားလုံးက သက်ပြင်းချလိုက်မိ၏။ အဖွဲ့မှုးလန်နှင့် ကျန်သည့် အရှင်များ မည်သို့ပင် ပြုလုပ်စေကာမူ သူတို့ အမှန်တကယ် အပြစ်ရှိရှိ မရှိရှိ ကိစ္စမရှိပေ။ လုဖင်းက ဤကဲ့သို့ ဧရာမမျက်နှာကြီး ဖွဲ့တည်ပြီး ရောက်လာခဲ့သောကြောင့် အရေးကိစ္စကို အလွယ်တကူ ဘယ်တော့မှ လွတ်ပေးမှာ မဟုတ်ပေ။

“မဟုတ်ဘူး လုဖင်း မင်းငါ့ကို သတ်လို့ မရဘူး”

အော်သံကျယ်ကြီးက ပေါ်ထွက်လာ၏။ မိုးကြိုးတောင်ကြားထဲရှိ အဖွဲ့မှုးလန်က အက်ကွဲစွာ အော်ပြောလိုက်၏။

“မင်းမှာ သက်သေ မရှိဘူး မင်းငါတို့ကို သတ်မယ် ဆိုရင် လုမျိုးနွယ်ရဲ့ အကြီးအကဲထန်ရှေ့မှာ မင်းကိုယ်မင်း မှန်ကန်ကြောင်း ပြသလို့ ရမှာ မဟုတ်ဘူး။ တပ်မှုးလုတိက ဒီအကြောင်းကို သတင်းပို့လိုက်ပြီ ဆိုတာနဲ့ မင်းက မြို့အရှင် မဖြစ်နိုင်တော့ဘူး။ အရှင် ကျွန်တော်တို့ကို လွတ်ပေးသရွေ့ ကောင်းကင်မိုးကြိုးမြို့ထဲကနေ ချက်ချင်း ထွက်သွားပြီး နဂါးဖြူကျွန်းဆွယ်မှာ ဘယ်တော့မှ ထပ်ပေါ်မလာဘူးလို့ ကတိပေးပါတယ်”

“ဟား ဟား..”

ကျန်းရီသည် ရုတ်တရက်ကြီး ရှေးဟောင်းပုံသဏ္ဍာန်ဖြင့် ထွင်းထုထားသည့် အနီရင့်ရင့် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်လိုက်၏။ ၎င်း၏ အလယ်တွင် ချိပ်ဟူသည့် စကားလုံးကြီးတစ်လုံး ရေးထားသည်။ သူက အဆောင်ကို မြင့်မားစွာ ကိုင်မြှောက်လျက် ပြုံးပြီး ပြောလိုက်တော့သည်။

“ကျုပ် တောင်းပန်ပါတယ် အဖွဲ့မှုးလန် ခုနတုန်းက ခင်ဗျားရဲ့ ပြောစကား နောက်ဆုံးအပိုင်းမှာ မိုးကြိုးကျောက်တုံးတွေကို ရောင်းချတဲ့အကြောင်း ခင်ဗျားပြောတဲ့အချိန် ကျုပ် မှတ်တမ်းတင်ထားပြီး ဒါကို ကူးထားလိုက်တယ်။ ဒါကို အကြီးအကဲထန်ဆီ လက်ဆောင် ပေးလိုက်ပါ့မယ်”

“ချိပ်ကျောက်တုံးလား။ တစ်ကိုယ်တော်ဝံပုလွေ အမျိုးယုတ်ကောင် မင်းက ငါတို့ကို ထောင်ချောက်ဆင်တာ”

အဖွဲ့မှုးလန်က ဒေါသတကြီး အော်လိုက်လေ၏။ အဖွဲ့မှုးလီနှင့် ကျန်သည့်သူများ၏ မျက်လုံးထဲ၌ ဒေါသနှင့် စိတ်ပျက်အားငယ်မှုတို့ ပြည့်နေသည်။ ချိပ်ပိတ်ကျောက်တုံးသည် ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများကို ကူးယူနိုင်၏။ အခုအချိန်အထိ ဖြစ်သမျှ အရာအားလုံးကို ချိပ်ပိတ်ကျောက်တုံးထဲ၌ မှတ်တမ်းတင်ထားလိုက်လိမ့်မည်။ သက်သေကို ငြင်းဆန်၍ မရပေ။ ကျန်းရီက ရက်စက်လှပေ၏။ သူက အရှေ့ပိုင်းကို ချန်ထားပြီး နောက်ဆုံးစကားလုံး အချို့ကိုသာ ကူးလိုက်၏။

“ဟမ့်.. ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့ သေပေတော့..”

ကောင်းကင်ထဲရှိ မျက်နှာကြီးက ပိုတောင် သုန်မှုန်လာ၏။ ကောင်းကင်က ထပ်မံ ပြောင်းလဲသွားသည်။ ကောင်းကင်နှင့် မြေကြီးအတွင်းအားများက ရောစပ်လာပြီး ဧရာမမျက်နှာကြီးသည် ချက်ချင်းပင် လက်ကြီးတစ်ဖက်အဖြစ် အသွင်ပြောင်းလဲသွားကာ တိမ်ဆိုင်တိမ်မည်းတစ်ခုပမာ ရိုက်ချလာ၏။

ဖုန်း.. ဖုန်း..

ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြယ်လောင်သည့် မိုးခြိမ်းသံ ပေါ်ထွက်လာသည်။ ကောင်းကင်မိုးကြိုးကျွန်းတစ်ခုလုံး အနည်းငယ် လှုပ်ခါသွား၏။ မိုးကြိုးတောင် ဆယ်လုံးကလည်း တုန်လှုပ်သွားတော့သည်။ အဖွဲ့မှုးလန်နှင့် သူ့အဖွဲ့ ရှိနေသည့် တောင်များက ပြာဖြစ်ကုန်ပြီး သူတို့၏တိုက်ကွက်များကလည်း ပျက်ပြယ်လွင့်ပါးသွားတော့သည်။

ကောင်းကင်ထဲသို့ မီးခိုးတိမ်တိုက်များ ပေါ်ထွက်လာပြီး ကောင်းကင်တစ်ဝက်နီးပါးကို လွှမ်းမိုးသွား၏။ နားစည်ထိခိုက်လောက်စေသော အသံများက ကောင်းကင်မိုးကြိုးကျွန်းတစ်ခုလုံး၌ ပျံ့နေပြီး အချိန်အတော်ကြာ ရှိနေလေ၏။

...

All Chapters