← Chapters

ရုတ်တရက် ပြောင်းလဲမှု

Vol. 51 Ch. 710

ရုတ်တရက် ပြောင်းလဲမှု

Vol. 51 Ch. 710

လုဖင်း၏ လက်ဝါးကြီးက အဖွဲ့မှုးလန်နှင့် ကျန်သည့်သူငါးယောက်ကို သတ်ဖြတ်လိုက်၏။ ကောင်းကင်မိုးကြိုးမြို့ထဲရှိ စည်းမျဉ်းများက အပြည့်အဝ ပြောင်းလဲသွားချေပြီ။ အဖွဲ့မှုးလန်နှင့် သူ့အဖွဲ့၏ ပြစ်မှုများကို ကြေညာထားသည့် ကြော်ငြာစာတစ်စောင်သည့် မြို့အရှင်အိမ်တော် အပြင်ဘက်၌ ထားရှိပြီး လုမျိုးနွယ်၏ အကြီးအကဲထန်ဆီသို့ သတင်းပို့ထား၏။ အဖွဲ့မှုးလန်နှင့် သူ့အဖွဲ့က အမှန်တကယ် အပြစ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကောင်းကင်မိုးကြိုးမြို့ထဲ၌ အဖွဲ့မှုးကျန်း၏ အသံတစ်သံသာ ရှိတော့မည်မှန်း လူတိုင်းနားလည်ထားကြသည်။

အစ်မကြီးဆည်းလည်းက လပိုင်းအတွင်း ထွက်ခွာတော့မည် ဖြစ်ကြောင်း သတင်းပါးခဲ့၏။ တင်းတင်းကျပ်ကျပ် ဆိုရလျှင် နျိုတုန်နှင့် ရန်တုံက ကျန်းရီ၏လူများဖြစ်သည်။ မြို့ထဲ၌ ကျန်းရီကို မည်သူမျှ မဆန့်ကျင်ရဲတော့ချေ။ ကျန်းရီက ထိုနေ့ည၌ ကောင်းကင်ဧကရာဇ်များအားလုံးကို ထပ်မံ ဖိတ်ကြားပြန်၏။ ဖိတ်စာ၌ စာတစ်ကြောင်းသာ ပါရှိသည်။ အညံ့ခံတဲ့သူတွေက ကြီးပွားချမ်းသာမယ်။ ခုခံတဲ့သူတွေက ကွယ်ပျောက်ရမယ်။

မည်သူကမျှ မသေချင်ပေ။ ကျွန်များစွာက သူတို့၏ တာဝန် မပြီးမြောက်သေး၍ ကောင်းကင်မိုးကြိုးမြို့ကနေ မထွက်သွားနိုင်ပေ။ သို့သော် သူတို့ ကောင်းကင်မိုးကြိုးမြို့က ထွက်သွားလျှင် မည်သည့်ကွာခြားချက် ရှိနိုင်မည်နည်း။ ကုသိုလ်မှတ်များက မြို့တိုင်းတွင် လိုအပ်ပေသည်။ ကုသိုလ်မှတ်မရှိဘဲ မြိုအပြင်၌ လှည့်လည်သွားလာရုံသာ ရှိသည်။ သူတို့က တောပုန်းဓားပြများ သတ်တာ ခံရခြင်း သို့မဟုတ် ဓားပြအဖွဲ့ထဲ ဝင်ရောက်ရခြင်းမျိုး ဖြစ်နိုင်၏။

နဂါးဖြူကျွန်းဆွယ်နား၌ ဓားပြတစ်သောင်းကျော် ရှိသည့် တပ်ဖွဲ့ရှိသည်။ သူတို့သည် ရံဖန်ရံခါ စစ်ဖြစ်ပွားလေ့ ရှိ၏။ အသတ်ခံရလျှင်ခံရ မဟုတ်လျှင် တစ်ပါးသူကို သတ်ရပေလိမ့်မည်။ သူတို့၏ ဘဝက ကြိုတင်သတိထားစရာ ဖြစ်နေပြီး တောအုပ်ထဲ၌ အချိန်မရွေး သေသွားနိုင်သည်။ ဓားပြအဖွဲ့ထဲ ဝင်ခဲ့လျှင်တောင် အဆင့်သတ်မှတ်ချက်များကို ကျော်တက်ရန် လိုအပ်သေးပြီး လုပ်ကြံခံရနိုင်၏။

ထို့ကြောင့် ပန်းပွင့်တစ်ရာ တည်းခိုဆောင်ထဲတွင် ထိုည၌ ကောင်းကင်ဧကရာဇ် ၈၀ရာခိုင်နှုန်းက ရောက်လာ၏။ ဆိုလိုသည်က သူတို့အားလုံး ယခုအချိန်တွင် သူ့လက်အောက်ထဲ ရှိနေပြီဖြစ်သည်။ ကောင်းကင်မိုးကြိုးမြို့အပြင်ဘက်၌ ရှင်သန်နေထိုင်ပြီး သူတို့အတွက် အိမ်အသစ်ရှာရန် ထိုည၌ မြို့ထဲမှ ထွက်သွားသည့် ကောင်းကင်ဧကရာဇ်တစ်ဒါဇင်ကျော်လည်း ရှိသည်။ ထိုလူများက အဖွဲ့မှုးလန်၊ အဖွဲ့မှုးလီနှင့် ကျန်သည့်သူများ၏ သစ္စာအရှိဆုံး လက်အောက်ငယ်သားများ ဖြစ်သည်။ သူတို့နေလျှင်တောင် အရေးကြီးသည့်ရာထူး ရမည်မဟုတ်မှန်း သူတို့ သိနေလေ၏။

ချန်ဝမ်ကွမ်းက ရူးလောက်အောင် ပျော်နေတော့သည်။ သူသည် မျိုးနွယ်စုလေး၏ သခင်လေးတစ်ဦးသာ ဖြစ်ခဲ့ပြီး ကောင်းကင်ဧကရာဇ်တစ်ရာကျော်ကိုတောင် အမိန့်ပေးနိုင်ပြီဖြစ်ကာ တစ်ခါတရံ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်သောင်းနီးပါး ရှိနေ၏။ နောင်တွင် မည်သို့ပင် ဖြစ်စေကာမူ ယခုအခိုက်အတန့်တွင် သူက အိပ်ချင်စားချင်စိတ် ပျောက်သည်အထိ စိတ်လှုပ်ရှားနေလေသည်။

လူသစ်များကို စီမံခန့်ခွဲရန် နေရောညပါ မြှုပ်နှံထား၏။ သူက တတ်နိုင်သမျှမြန်မြန် မြို့ထဲရှိ ကျွန်များအားလုံးကို ထိန်းချုပ်ရန် စိတ်ပြင်းပြနေတော့သည်။

နျိုတုန်နှင့် ကျန်သည့်သူများကလည်း စိတ်လှုပ်ရှားနေ၏။ ကျန်းရီကို ပထမဆုံး အညံ့ခံခဲ့ကြသည့် ကောင်းကင်ဧကရာဇ်ပထမဆုံးအသုတ်နှင့် အစ်မကြီးဆည်းလည်း၏ အဆင့်မြင့်လက်အောက်ငယ်သားများ အားလုံးက ယခုဆို မြင့်တက်လာပြီဖြစ်သည်။ လူတိုင်းက သူတို့အတွက် အလုပ်လုပ်ပေးမည့် စွမ်းဆောင်ရည် ရှိသော စစ်သည်တော်များ သန်မာသည့်မြင်းများ ရှိနေသည်။ သူတို့က အဖွဲ့မှုးများ အစောင့်အရှောက်များ ခေါင်းဆောင်များ ဖြစ်လာသည်။

ဟုတ်ပေ၏။ လူတိုင်းက စိတ်ကြည်ကြည်လင်လင်ထားပြီး အုပ်စုဖွဲ့ရန် သို့မဟုတ် အခြားသော ရည်ရွယ်ချက်များ မရှိပေ။ ကောင်းကင်မိုးကြိုးမြို့ထဲ၌ အဖွဲ့မှုးကျန်းဟူသော အဖွဲ့မှုးတစ်ဦးတည်းသာ ရှိမည်မှန်း သူတို့ သတိပြုမိကြသည်။

မည်သူကမျှ ပျောက်ကွယ်သွားစေရန် ပုန်ကန်သည့်အတွေး တစ်စွန်းတစ်စကို ပြရဲမည်နည်း။ ကျန်းရီထက် ပိုသန်မာသည့် အရည်အချင်း ရှိနေလျှင်တောင် နည်သို့ ဖြစ်နိုင်မည်း။ ထိုလူက လုဖင်းထက် ပိုသန်မာနိုင်မည်လော။ ကျန်းရီကို ကောင်းကင်မိုးကြိုးမြို့၏ အုပ်စိုးသူက ကျောထောက်နောက်ခံ ပြုပေးထားတာပဲ ဖြစ်သည်။

ကျန်းရီက မြို့ထဲတွင် လဝက်ခန့် နေခဲ့သည်။ ချန်ဝမ်ကွမ်းက သူ့ကို စိတ်မပျက်စေခဲ့ပေ။ သူက ဖုန်းလန်၏ လမ်းညွှန်မှုဖြင့် စနစ်များစွာကို ချမှတ်ခဲ့၏။ သူတို့က ဖုန်းလန်၏ အမိန့်အတိုင်း တိုက်ရိုက်လိုက်နာရန် လျှို့ဝှက်အဖွဲ့တစ်ခု တည်ဆောက်ခဲ့ပြီး မြို့ထဲရှိ လူတိုင်းကို နီးနီးကပ်ကပ် ထောက်လှမ်းခဲ့သည်။ ထိုလျှို့ဝှက်လုပ်ငန်းဖြင့် မြို့ထဲရှိ ကောင်းကင်ဧကရာဇ်များက ကျန်းရီကို ဆန့်ကျင်ရန် ပုန်ကန်ဖို့ အတွေးတစ်ခါမှတောင် မတွေးရဲကြချေ။ သူတို့၏လက်ထဲ၌ လူတိုင်းကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။

တစ်ချိန်တည်းတွင် ပြောင်းလဲခြင်း အဖွဲ့ကလည်း ရွှေရောင်မျောလွင့်နဂါး၏ အမိန့်အောက်၌ ဖွဲ့တည်ပြီးဖြစ်ကာ ချန်ဝမ်ကွမ်းထံမှ အမိန့်ကို လိုက်နာ၏။ သူတို့အဖွဲ့က မိုးကြိုးကျောက်တုံးများ ရောင်းချရန် တာဝန်ယူထားသည်။

ချန်ဝမ်ကွမ်းက လူ စတင်ရွေးချယ်တော့၏။ သူက ရွှေရောင်မျောလွင့်နဂါး၏ ဝိညာဉ်ကျွန်အဖြစ် အသွင်ပြောင်းလဲခံရသော ဗာဂျာရာနယ်ပယ် သိုင်းပညာရှင်အချို့ကို တိတ်တဆိတ် ခေါ်ယူရန် စီစဉ်ထားသည်။ ဝိညာဉ်ကျွန်များကသာလျှင် သစ္စာအရှိဆုံးလူများဖြစ်သည်။ ကျောက်တုံးများ ရောင်းသည့် အချိန်၌ ကောင်းကင်ဧကရာဇ်များ စောင့်ကြပ်ထားရမည်။ ချန်ဝမ်ကွမ်းသည် ထိုတာဝန်အတွက် သင့်တော်မည့်သူကို ဆုံးဖြတ်ရပေမည်။ သို့သော် အစောင့်များက ဘေးကင်းရေးအတွက် ရိုးရှင်းစွာ တာဝန်ယူရုံသာ ရှိသည်။ ချန်ဝမ်ကွမ်းက အတွင်းဇာတ်ကြောင်းကို သူတို့အား လုံးဝ သိခွင့်ပေးမည် မဟုတ်။ သဲလွန်စ ရစေမည်မဟုတ်ပေ။

အရာအားလုံးက ကောင်းမွန်သည့် လမ်းကြောင်းအတွင်း ဦးတည်သွားလာလေ၏။ လုဖင်းက မြို့ထဲရှိ ကျွန်များကို ဖြေရှင်းရာ၌ ကျန်းရီ၏ အခြေအနေကို အလွန်သဘောတွေ့သည်။ သူတို့က တပ်မှုးလုဖုန်းနှင့် စီမံစရာရှိသည်များ ပြုလုပ်ပြီးနောက် သုံးလအတွင်း မိုးကြိုးကျောက်တုံးပထမတစ်သုတ်ကို စတင်ရောင်းချမှာပဲ ဖြစ်သည်။

ကျန်းရီသည် အားလုံးကို ဖုန်းလန်နှင့် ချန်ဝမ်ကွမ်းဆီ အပ်ထားလိုက်၏။ သူက ကျင့်ကြံရန်အတွက် ကျန်းရှောင်နူကို မိုးကြိုးတောင်တန်း၏ တစ်ဖက်ဆီသို့ ခေါ်သွားလိုက်သည်။

မြို့က စုစည်းကာစ ဖြစ်၏။ ကျန်းရီသည် ဤအတိုင်း မြို့ထဲကနေ ထွက်သွားလျှင် မြို့ထဲ ရုတ်ရုတ်သဲသဲ ဖြစ်စေလိမ့်မည်။

ကျန်းရီသည် ထိုမျှ အမှန်တကယ် ယုံကြည်ချက် ရှိသည်လော။ သူသည် သူ့လူများကို ထိုမျှ ယုံကြည်နေသည်လော။ တစ်စုံတစ်ယောက်က အကောက်ကြံပြီး အကွက်ချကာ သူ့ကို သတ်ဖြတ်ရန် ပူးပေါင်းကြံစည်လျှင် မည်သို့ဖြစ်မည်နည်း။ ကျန်းရီက ထိုကဲ့သို့ပြုမူလေလေ မြို့ထဲရှိ ကောင်းကင်ဧကရာဇ်များနှင့် သိုင်းပညာရှင်များက ပိုအသိအမှတ်ပြု သတိထားလာလေ ဖြစ်သည်။ သူတို့က ကျန်းရီ၏ ဩဇာတိက္ကမကြောင့်လည်း အထင်ကြီးကြ၏။ ယင်းက အစွမ်းထက်လွန်းသော ယုံကြည်ချက်ဖြင့် ခေါင်းဆောင်တစ်ယောက် ပြုမူသင့်သည့်အရာဖြစ်သည်။ လူအုပ်ကြီးက ပိုမိုကြောက်လန့်လာပြီး အခြားသော အတွေးများ မရှိရဲတော့ချေ။ သူတို့က ဖုန်းလန်နှင့် ချန်ဝမ်ကွမ်း၏ စီမံခန့်ခွဲမှုနောက် နာနာခံခံ လိုက်နာကြတော့သည်။

တစ်လကြာပြီးနောက် မြို့က အပြည့်အဝ တည်ငြိမ်သွားပြီဖြစ်၏။ အရာအားလုံးက ပြီးပြည့်စုံစွာ အစီအစဉ်ကျနေသည်။ အဖွဲ့မှုးလန်နှင့် သူ့အဖွဲ့က မေ့ပျောက်ခံလိုက်ရပုံပေါ်၏။ လူအများက အဖွဲ့မှုးကျန်း၊ အရှင်ချန်နှင့် ဖုန်းလန်တို့ကိုသာ သူတို့စိတ်ထဲတွင် ရှိကြတော့သည်။

လူများသည် အဖွဲ့လိုက်ဖြင့် မိုးကြိုးကျောက်တုံးများ စုဆောင်းရန် မြို့အပြင်သို့ ထွက်သွား၏။ ယခုအခေါက်တွင် ကျန်းရီက ယခင်စည်းမျဉ်းဟောင်းများကို မလိုက်နာခဲ့ပေ။ ထိုအစား မိုးကြိုးကျောက်တုံးများအားလုံးကို စုဆောင်းပြီး သူတို့၏ကိုယ်စား မြို့အရှင်အိမ်တော်ဆီသို့ ပေး၏။

ကျန်းရီသည် မိုးကြိုးကျောက်တုံးအပိုအတွက် ကောင်းကင်ကျောက်တုံးများဖြင့် လျှော်ကြေးပေးခဲ့၏။ မြို့အရှင်၏ အိမ်တော်အတိုင်း မိုးကြိုးကျောက်တုံးတစ်တုံးကို ကောင်းကင်ကျောက်တုံးတစ်ထောင်ဖြင့် လဲလှယ်ပေးတာ မဟုတ်သော်ငြား သူပေးသည့် တန်ကြေးက အတော်လေး ကောင်းနေသေးသည်။ လူအုပ်ကြီးက အပြင်ဘက်ရှိ မှောင်ခိုဈေးကွက်၌ ကုသိုလ်မှတ်များအတွက် ကောင်းကင်ကျောက်တုံးများနှင့် လဲလှယ်နိုင်၏။

ကျန်းရီသည် သူစုဆောင်းထားသည့် မိုးကြိုးကျောက်တုံးများဖြင့် မည်သည့်အရာကို ပြုလုပ်မှန်း မည်သူမျှမသိ။ ထို့အပြင် မည်သူကမှ မမေးရဲကြချေ။ သာမန်သိုင်းပညာရှင်များက မိုးကြိုးကျောက်တုံးများ ရောင်းချခြင်းကို သတိပြုမိမှာ မဟုတ်ပေ။ ထိုအကြောင်းကို သိသည့် ကောင်းကင်ဧကရာဇ်များကလည်း စကားတစ်ခွန်းမှ မပေါက်ကြားစေရဲ တွေးတောင်မတွေးရဲချေ။ သူတို့ သတင်းပေါက်ကြားစေလျှင် သူတို့ အသတ်ခံရမှာ ကြောက်ကြ၏။

အမှန်တကယ်တွင် လုဖင်းသည် မိုးကြိုးကျောက်တုံးများ ရောင်းရန်အတွက် ကျန်းရီနှင့် ပူးပေါင်းနေလောက်သည်ဟု သံသယဝင်သည့် ကောင်းကင်ဧကရာဇ်အချို့ မြို့ထဲတွင် ရှိသည်။ သို့သော် သူတို့က သက်သေလိုအပ်သောကြောင့် ကျန်သည့်သူများကို ပြောလျှင် ဘာမှအကျိုးထူးမှာ မဟုတ်ပေ။ သူတို့က သက်သေမရှိဘဲ ကျန်းရီနှင့် လုဖင်းအကြောင်း သတင်းပို့ခဲ့လျှင် အပြစ်ကင်းသည့် လူများကို ချောက်ချသည်ဟူ၍ စွပ်စွဲခံနိုင်သည်။

ချန်ဝမ်ကွမ်းသည် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အလွန်ညင်သာပြီး စည်းမျဉ်းစည်းကမ်းများ တင်းကျပ်၏။ ထိုလျှို့ဝှက် အဖွဲ့ဝင်များက နေရာအနှံ့ရှိနေသည်။ ထိုလျှို့ဝှက်အဖွဲ့၏ တည်ရှိမှုအကြောင်း လူအများက သတိပြုမိကြသည်။ သို့သော် အဖွဲ့ဝင်များက မည်သူမှန်း မသိကြချေ။

“သိပ်ကောင်းတယ်”

နှစ်လကြာပြီးနောက် ချန်ဝမ်ကွမ်းသည် သုံးလပြီးနောက် အရောင်းအဝယ်လုပ်ရန်အတွက် ပို့ဆောင်ရေး လျှို့ဝှက်အဖွဲ့ကို သူ ခေါ်မည့်အကြောင်း ကျန်းရီကို သတင်းပို့ခဲ့သည်။ ကျန်းရီက ရလဒ်ကို အလွန်စိတ်တိုင်းကျနေပြီး ချန်ဝမ်ကွမ်းကို သူ့ဘာသာသူ ဖြေရှင်းခိုင်းလိုက်၏။ ကျန်းရီက မြို့သို့ မပြန်ပေ။ မိုးကြိုးတောင်တန်းနား၌ ဆက်လက်ကျင့်ကြံပြီး တာအိုပုံစံကို ဆင်ခြင်နေလေ၏။

အတွင်းအားကျင့်ကြံမှုက အလွန်မြန်ဆန်သည်။ ကျန်းရီကလည်း တိုးတက်လာ၏။ ကံဆိုးသည်မှာ သူက လပေါင်းများစွာ ကြာအောင် တာအိုပုံသဏ္ဌာန်ကို ဆင်ခြင်နေသော်ငြား အဆင့်ချိုးဖျက်တက်မှု မရှိသေးပေ။ ချန်ဝမ်ကွမ်း ထွက်သွားပြီးနောက် ကျန်းရီသည် ဝေးလံသော မိုးကြိုးတောင်တန်းကို ကြည့်ပြီး တိတ်တဆိတ် တွေးနေလေ၏။ သူ ထိုတာအိုပုံသဏ္ဌာန်ကို ဆင်ခြင်ခြင်းအား လက်လျော့သင့် မလျော့သင့် ဖြစ်သည်။

သူက တစ်နှစ်၊ ငါးနှစ် သို့မဟုတ် ဆယ်အနှစ်အတွင်းတွင်တောင် ထိုတာအိုပုံသဏ္ဌာန်ကို နားလည်သဘောပေါက်အောင် မဆင်ခြင်နိုင်ခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။ သေသည်အထိ သူ့စွမ်းအားများအားလုံးကို မြှုပ်နှံထားရမည်လော။ သူ့၌ အချိန်သိပ်မရှိပေ။ စုလော့ရွှယ်သည် သူမကို သူလာရောက် ကယ်တင်မှာ စောင့်နေလေ၏။

“အား.. ဒီတာအိုပုံစံက သိပ်အဆင့်မြင့်တာပဲ ငါ လိုက်လျှော့လိုက်ရမလား”

ခပ်ဝေးဝေးရှိ မိုးကြိုးတောင်တန်းများကို တစ်ချက် ကြည့်ပြီးနောက် နောင်တ ထပ်ရလာ၏။ သူက လပေါင်းများစွာ အလုပ်ကြိုးစားခဲ့သော်ငြား အချည်းနှီး အဆုံးသတ်သွားသည်။ စိတ်ထဲတွင်မူ သူက လက်လျော့ရန် ငြင်းဆန်နေမိ၏။

ဖုန်း..

ကောင်းကင်ကနေ မိုးကြိုးတစ်ခု ကျဆင်းလာပြီး ကောင်းကင်ကို ခွင်းလျက် လေဟာနယ်ကို စုတ်ဖြဲသွားသည်။ ရုတ်တရက် ကျန်းရီသည် သူ့ခေါင်းကို မိုးကြိုးပစ်သည်အား ခံစားလိုက်မိ၏။ သူ၏မျက်လုံးထဲ၌ ဇဝေဇဝါ ဖြစ်သည့် အရိပ်အယောင်များ ပေါ်လာကာ ရေရွတ်ပြောလိုက်၏။

“အဆင့်မြင့်တာလား.. အဆင့်မြင့်တာလား..”

“ငါမှားသွားပြီ”

သူက ရေရွတ်ပြောပြီးနောက် မျက်လုံးထဲ၌ ရွှေရောင်တောက်ပမှုများ ဖြာထွက်နေ၏။ သူက စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး ခပ်ဝေးဝေးရှိ မိုးကြိုးတောင်တန်းများကို ကြည့်ပြီး အော်ပြောလိုက်၏။

“ငါ မှားသွားပြီ မှားယွင်းတဲ့ လမ်းကြောင်းနဲ့ ငါ ဆင်ခြင်မိတာပဲ။ ငါ ဆင်ခြင်နေတဲ့ တာအိုပုံစံ တည်ရှိမှု အရိပ်အယောင်က အမှန်တကယ် တာအိုပုံစံ မဟုတ်ဘူး။ တစ်နည်းပြောရရင် သာမန်အဆင့်နိမ့်တာအိုပုံစံ မဟုတ်ဘူးလေ။ အဲဒီအစား အလယ်အဆင် အဆင့်မြင့်တာအိုပုံစံ တည်ရှိမှုတောင် ဖြစ်လောက်တယ်။ တာအိုပုံစံတစ်ခုတည်း မဟုတ်ဘူး။ သုံးခု သို့မဟုတ် အဆင့်နိမ့်တာအိုပုံသဏ္ဌာန်ကိုးမျိုး ပါဝင်နေတဲ့ အဆင့်မြင့်တာအိုပုံသဏ္ဌာန်တစ်ခုပဲ။ ပေါင်းစည်း တာအိုပုံစံက သိပ်ကို ရှုပ်ထွေးတာ။ ဒါကို အမှန်တကယ် နားလည်သဘောမပေါက်ဘဲ ဆင်ခြင်ချင်နေတာ။ ငါ ချက်ချင်းကြီး ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ”

အလယ်အဆင့် တာအိုပုံစံသည် အဆင့်နိမ့်တာအိုပုံစံ သုံးမျိုး ပေါင်းစည်းထား၏။ အဆင့်မြင့်တာအိုပုံစံသည် အလယ်အဆင့် တာအိုပုံစံ သုံးမျိုးပေါင်းစည်းထား၏။ ကျန်းရီ ဆင်ခြင်ရန် ကြိုးစားနေသည့် တာအိုပုံစံက တစ်ခုမဟုတ် သုံးခု သို့မဟုတ် တာအိုပုံစံ ကိုးမျိုးကို ပေါင်းစည်းထားခြင်းဖြစ်သည်။ သူ မည်မျှ ပါရမီထူးစေကာမူ ပေါင်းစည်းတာအိုပုံစံကို အလွယ်တကူ နားလည်နိုင်မှာ မဟုတ်ပေ။

“ဟား ဟား ဟား..”

သူက ကျယ်လောင်စွာ ရယ်မောလိုက်၏။ နောက်ကွယ်ရှိ အကြောင်းအရင်းကို ထုတ်ဖော်ပြီးနောက် သူက ပျော်ရွှင်နေကာ ထူထဲသော ကောင်းကင်ကို ကြည့်လိုက်၏။ ထိုတာအိုပုံစံက အလွန်သိမ်မွေ့စွာ ပေါင်းစည်းသွား၏။ သူက တာအိုပုံစံ တည်ရှိမှုအရိပ်အယောင်ကို တစ်လွှာပြီးတစ်လွှာ ခွာနိုင်ပြီး အတွင်းရှိ အဆင့်နိမ့်တာအိုပုံစံကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်နိုင်ကာ နောက်ဆုံးတွင် သူတို့ကို ပေါင်းစည်းနိုင်တော့မည်။ ပြီးနောက် သူက အဆင့်မြင့်တာအိုပုံစံကို နားလည်သဘောပေါက်သွားမှာပဲ ဖြစ်သည်။

...

All Chapters