← Chapters

ဆန်းကြယ်နယ်ပယ်

Vol. 52 Ch. 711

ဆန်းကြယ်နယ်ပယ်

Vol. 52 Ch. 711

တာအိုပုံစံများက အလွန်မှော်ဆန်သည့် တည်ရှိမှုဖြစ်သည်။ အဆင့်နိမ့်၊ အလယ်အဆင့်၊ အထက်အဆင့် ဒဏ္ဍာရီလာ တာအိုပုံစံများဟူ၍တောင် ခွဲခြား၍ ရသည်။ အထက်အဆင့် တာအိုပုံစံများကို တိုက်ရိုက် သို့မဟုတ် အဆင့်နိမ့်တာအိုပုံစံများ ပေါင်းစည်းခြင်းဖြင့် နားလည်နိုင်၏။

အလယ်အဆင့် တာအိုပုံစံများကို တိုက်ရိုက်နားလည် သဘောပေါက်ရန် အလွန်ခက်ခဲလေရာ အထက်အဆင့်တာအိုပုံစံများအတွက်ဆို ပိုတောင်ခက်ခဲ၏။ အနည်းဆုံးတော့ ကျန်းရီသည် အထက်အဆင့် တာအိုပုံစံကို နားလည်သဘောပေါက်သည့်သူအကြောင်း တစ်ခါမှ မကြားဖူးပေ။ တာအိုပုံစံများက မိုးနှင့်မြေ၏ နိယာမ၊ အဓိပ္ပာယ်နှင့် အမှန်တရားကို ကိုယ်စားပြု၏။ လူတစ်ယောက်က တာအိုပုံစံများ ပိုနားလည်သဘောပေါက်လေလေ သူက မိုးနှင့်မြေ၏ အသိအမှတ်ပြုမှုနှင့် တော်စပ်မှုကို ရရှိနိုင်လိမ့်မည်။ ဥပမာ အနေဖြင့် မီးဓာတ်တာအိုပုံစံကို နားလည်သဘောပေါက်ထားသည့်သူက သာမန်မီးများ၏ လောင်ကျွမ်းမှုကို ကြောက်တော့မှာ မဟုတ်ပေ။ ဆိုရလျှင် သူသည် မီး၏ဇစ်မြစ်ကို နားလည်သဘောပေါက်ထားသောကြောင့် မည်သည့်မီးက ထိုသူ့ကို ထိခိုက်အောင် လုပ်နိုင်တော့မည်နည်း။

ကျန်းရီ၏စွမ်းရည်က အလွန်သန်မာပြီး မိုးကြိုးမီးဖြင့် သူသည် အဆင့်နိမ့် ကောင်းကင်ဧကရာဇ်နှင့် အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်စုကို သတ်ဖြတ်နိုင်ကာ အစွမ်းထက်သည့် အလယ်အဆင့် ကောင်းကင်ဧကရာဇ်များကို ရင်ဆိုင်နိုင်သည်။

သို့သော် သူက မီးဝိညာဉ်ပုလဲရတနာနှင့် ကျန်သည့် ပြင်ပအားများကို သုံးလျက် အာနိသင်ရအောင် အားကိုးရသည်။ မီးဝိညာဉ်ပုလဲနှင့် မိုးကြိုးမီးမရှိဘဲ သူ၏ပေါင်းစည်း တိုက်ပွဲဝင်စွမ်းရည်သည် ကောင်းကင်ဧကရာဇ်တစ်ဦးနှင့် ယှဉ်နိုင်ရုံမျှသာ ရှိမည်။ သူက တာအိုပုံစံများစွာကို နားလည်သဘောပေါက်ထားခြင်းမရှိ။ သူ၏အတွင်းအားကလည်း နည်းလွန်းနေ၏။

ပြည်ထောင်စစ်ပွဲ၌ လေချည်နှောင်ခြင်းအဆင့်နိမ့်တာအို ပုံစံကို နားလည်သဘောပေါက်ခဲ့သည်။ ပြီးနောက် လေအသင်္ချေတာအိုပုံစံကို နားလည်သဘောပေါက်ခဲ့ပြီး သွေးညအကြောက်တရားပင်လယ်ထဲ၌ မီးတာအိုပုံစံ၏ စွမ်းအားကို သိလာခဲ့၏။

တာအိုပုံစံများကို နားလည်သဘောပေါက်ခြင်း၌ သူ့အရှိန်က အဆင်ပြေပြီး သူက အတော်ပါရမီရှိသူ ဟူ၍ သတ်မှတ်၍ ရသည်။ သို့သော်ငြား ဧကရာဇ်ကိုးပါး မျိုးနွယ်စုဝင်များနှင့် ယှဉ်လျှင် နောက်ကောက်ကျနေသေး၏။ ဥပမာအနေဖြင့် သူနှင့် သက်တူရွယ်တူ ဖြစ်သည့် ယဉ်ရို့ပင်းနှင့် ရီချန်တို့သည် ကောင်းကင်ဧကရာဇ်နယ်ပယ်သို့ ရောက်နေကြပြီဖြစ်သည်။

ကောင်းကင်ဧကရာဇ်နယ်ပယ်သို့ ရောက်ရန်အတွက် အဆင့်နိမ့်တာအိုပုံစံကိုးမျိုး သို့မဟုတ် အလယ်အဆင့် တာအိုပုံစံသုံးမျိုး နားလည်သဘောပေါက်ထားရမည်။ လူတစ်ယောက်က ကောင်းချီးပေးခံထားရတာ ဆိုလျှင် အထက်အဆင့် တာအိုပုံစံကို ပေါင်းစည်းခြင်း သို့မဟုတ် တိုက်ရိုက်နားလည် သဘောပေါက်ရုံ ရှိသည်။ ထို့ကြောင့် သူ၏ အတွင်းအားကျင့်ကြံမှုကလည်း လိုက်မီရသည်။

ကံထူးမှသာ တာအိုပုံစံများကို နားလည်သဘောပေါက်နိုင်၏။ ပါရမီမရှိသည့် သိုင်းပညာရှင်များသည် တစ်ဘဝလုံး တာအိုပုံစံကို နားလည်သဘောမပေါက်ကြပေ။ ကောင်းချီးပေးခံရသည့် သိုင်းပညာရှင်များ၊ အစွမ်းထက်သည့် ထူးဆန်းသော ရတနာများရှိသည့် မျိုးနွယ်စုမှ လာသူများ သို့မဟုတ် မတူညီသည့် ဆန်းကြယ်ဘုံများသို့ ဝင်ရောက်သည့် သူများက တာအိုပုံစံများကို ပိုလျှင်မြန်စွာ သဘောပေါက်၏။

ကျန်းရီသည် အခွင့်အရေးတစ်ခု ဖမ်းဆုပ်မိရန် လအနည်းငယ် သုံးခဲ့ရသည်။ သို့သော် သူ ခုနတုန်းက သူ့အခွင့်အရေးကို လက်လျှော့လုနီးပါး ဖြစ်ခဲ့၏။ မြေပြင်ပေါ်၌ တင်ပျဉ်ခွေချိတ်ထိုင်ကာ သူသည် မိုးကြိုးတောင်တန်းမှ တာအိုပုံစံ တည်ရှိမှု အရိပ်အယောင်ကို ဂရုတစိုက် ဆင်ခြင်ရန်အတွက် မိုးနှင့်မြေတစ်သားတည်း အခြေအနေထဲသို့ ဝင်ရောက်ခဲ့သည်။ သူက ၎င်းကို နာကျင်စွာ စိစစ်နေ၏။ နောက်ဆုံးတွင် တာအိုပုံစံ တည်ရှိမှု၏ အရိပ်အယောင်ထဲ၌ ပုန်းနေသော နောက်ထပ် တာအိုပုံစံကို ရှာတွေ့သောအခါ သူ စိတ်လှုပ်ရှားသွားသည်။

တာအိုပုံစံတည်ရှိမှု အရိပ်အယောင်က အလွန်ထူးဆန်းသည်။ ကျန်းရီသည် ယခင်က သီအိုရီများ မတွေးခဲ့ဘဲ ယင်းက တာအိုပုံစံတစ်မျိုးမျှသာဟု ရိုးရှင်းစွာ ယုံကြည်ခဲ့သည်။ ထို့ကြောင့် ဆန္ဒနယ်ပယ်နှင့် တည်ရှိမှုအကြောင်းကိုလည်း သူ ခံစားနိုင်သည်။

သို့သော် တာအိုပုံစံတည်ရှိမှု အရိပ်အယောင်က အလယ်အဆင့် သို့မဟုတ် အထက်အဆင့် တာအိုပုံစံ ဟူသည့် သီအိုရီကို ရှာတွေ့ပြီးနောက် သူသည် အနီးကပ်စစ်ဆေးမှုအောက်၌ သေးငယ်သော ကွာဟချက်များကို ရှာတွေ့နိုင်၏။ ဆန္ဒနယ်ပယ် ပုံစံများစွာ အဓိပ္ပာယ်များစွာ ရှိနေသည်။

“ကိုး.. တာအိုပုံစံ ကိုးမျိုးရှိတယ်။ ဒါက အထက်အဆင့်တာအိုပုံစံ ပေါင်းစည်းထားတာပဲ။ ပြောင်မြောက်လိုက်လေခြင်း”

သူက ၎င်းကို ခရေစေ့တွင်းကျ လေ့လာခဲ့ပြီး ထိန်းချုပ်မရဘဲ သူ့ခန္ဓာကိုယ်က အနည်းငယ် စတင်တုန်ယင်လာ၏။ တာအိုပုံစံက အဆင့်မြင့်လေလေ ၎င်းကို ပိုအစွမ်းထက်လေ ဖြစ်၏။ ပေါင်းစည်းအထက်အဆင့် တာအိုပုံစံကို အမှန်တကယ် နားလည်သဘောပေါက်ခဲ့လျှင် သူ၏ တာအိုနယ်ပယ်က ကောင်းကင်ဧကရာဇ်နယ်ပယ်သို့ ရောက်သွားလိမ့်မည်။ သူ၏ အတွင်းအားကျင့်ကြံမှုကို ဆက်သွားသည့် အချိန်၌ သူက အစစ်အမှန် ကောင်းကင်ဧကရာဇ်တစ်ဦး ဖြစ်လာလိမ့်မည်။ ပိုအရေးကြီးသည်က တာအိုပုံစံ၏ အဆင့်က ပိုမြင့်လေ ၎င်းက ပိုအစွမ်းထက်လေ ဖြစ်၏။

ဥပမာအနေဖြင့် လူတစ်ယောက်သည် အဆင့်နိမ့်တာအိုပုံစံ ကိုးမျိုးကို နားလည်သဘောပေါက်ခဲ့လျှင် ကောင်းကင်ဧကရာဇ်နယ်ပယ်ကို ရနိုင်၏။ သို့သော် သူ၏ တိုက်ပွဲဝင်စွမ်းအားက အားနည်းနေမှာပဲ ဖြစ်သည်။ သူ ထုတ်နိုင်သည့် တိုက်ကွက်များအားလုံးက အဆင့်နိမ့်တာအိုပုံစံများ ဖြစ်နေပြီး ကျန်သည့်သူများထုတ်သည့် အလယ်အဆင့် တာအိုပုံစံနှင့် အထက်အဆင့် တာအိုပုံစံတို့နှင့် ယှဉ်နိုင်မှာ မဟုတ်ပေ။

အထက်အဆင့် တာအိုပုံစံများက အဆင့်နိမ့်တာအိုပုံစံ ကိုးမျိုးကို ပေါင်းစည်းထားတာပဲ ဖြစ်၏။ သို့သော် ယင်းက တစ်နှင့်တစ် ပေါင်းပြီး နှစ်ဖြစ်လာခြင်းနှင့် မတူညီပေ။ စွမ်းအားသည် အဆင့်နိမ့်တာအိုပုံစံများ ပေါင်းစည်းထားခြင်းထက် ပိုသန်မာ၏။ အာနိသင်ကို ပါ့တောက်၏ အမိမြေဟိန်းသံနှင့် အဖွဲ့မှုးလန်နှင့် အဖွဲ့မှုးလီထံမှ တာအိုပုံစံ တိုက်ကွက်ကနေ မြင်နိုင်သည်။

တာအိုပုံစံကို အတူတကွ မပေါင်းစည်းလျှင် စွမ်းအင်က အတော်လေး အားနည်းနေလိမ့်မည်။ သူတို့ ပေါင်းစည်းလိုက်သည်နှင့် ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ပြီး စွမ်းအင်က အဆပေါင်းများစွာ တိုးလာလိမ့်မည်။

“သဘောပေါက်ပြီ သဘောပေါက်သွားပြီ”

ကျန်းရီက ယခုအချိန်တွင် ဘာကိုမှ ဂရုမစိုက်တော့ပေ။ သူက ရက်အနည်းငယ်အတွင်း မြို့ကို ပြန်ရန် စီစဉ်နေပြီး ချန်ဝမ်ကွမ်းကမူ မိုးကြိုးကျောက်တုံးများ ရောင်းချရန် ပြင်နေ၏။ ယခုအချိန်တွင် ထိုအကြောင်းကို သူ ဂရုစိုက်တာ မလျော့ရဲပေ။ မည်သည့်နည်းနှင့်မဆို အစ်မကြီးဆည်းလည်းက မြို့ထဲတွင် ရှိနေ၏။ ဖုန်းလန်က တာဝန်ယူထားကာ လုဖင်းထံမှ ခြိမ်းခြောက်မှုဖြင့် ပြဿနာကြီး ရှိမှာမဟုတ်ပေ။ ထိုတာအိုပုံစံကို နားလည်သဘောပေါက်အောင် ပြုလုပ်ခြင်းက ယခုအချိန်တွင် အရေးအကြီးဆုံး ကိစ္စ ဖြစ်နေ၏။ ခွန်အားက ရှင်သန်နေထိုင်ရေးအတွက် အခြေခံ ဖြစ်သည်။

သူသည် အတွင်းအားကျင့်ကြံမှုကနေ ထွက်ပြီး မိုးကြိုးတောင်တန်းမှ တာအိုပုံစံ တည်ရှိမှု အရိပ်အယောင်ကို ခွဲခြားမှုကို အာရုံစိုက်ရန်အတွက် မိုးနှင့်မြေတစ်သားတည်း အခြေအနေထဲသို့ ဝင်ရောက်လိုက်သည်။ သူက တာအိုပုံစံ တည်ရှိမှု၏ အမြင်ကိုးခုကို ခွဲခြားရန် ကြိုးစားလိုက်၏။ သို့မှသာ ၎င်းတို့ကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်ပြီး အဆုံးတွင် ပေါင်းစည်းနိုင်မှာပဲ ဖြစ်သည်။ ကျန်းရီအတော်လေး ကံကောင်းသည်ဟု ဝန်ခံရမှာပဲ ဖြစ်၏။

တာအိုပုံစံများ ပေါင်းစည်းခြင်းသည် အခက်ခဲဆုံး ဖြစ်သည့် အကြောင်းမှာ မတူညီသည့် တာအိုပုံစံတစ်ခုနှင့် တစ်ခုကို ပေါင်းစည်းရတာဖြစ်ပြီး ၎င်းတို့ကို မည်ကဲ့သို့ ပေါင်းစည်းရမည်မှန်း အတိအကျ မသိပေ။ ထို့ကြောင့် မည်ကဲ့သို့ သက်ရောက်မှု ရှိမည်မှန်း မသိနိုင်ပေ။ ထို့အပြင် တာအိုပုံစံက ပိုများလေ ၎င်းတို့ကို ပေါင်းစည်းရ ပိုခက်ခဲလေ ဖြစ်သည်။ နှစ်မျှင်ကို ခွဲထွက်ရန်က လွယ်ကူ၏။ သို့သော် ကိုးမျှင်ကို တစ်ခုနှင့်တစ်ခု ရစ်ပတ်နေစေရန်က အင်မတန်ခက်ခဲသည်။

တာအိုပုံစံ တည်ရှိမှု၏ ထိုအမျှင်က မိုးကြိုးတောင်တန်းထဲ၌ သဘာဝအတိုင်း ဖွဲ့တည်နေပြီး ပုံစံများ တစ်ခုနှင့် လမ်းညွှန်တစ်ခု ရှိသည်။ ကျန်းရီသည် တာအိုပုံစံပေါင်းစည်းမှုအကြောင်း တွေးရန် မလိုအပ်ချေ။ ပေါင်းစည်းပြီးနောက် တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင် ဒုက္ခရောက်နိုင်၏။ သူက တာအိုပုံစံ တည်ရှိမှု၏ အမျှင်ထဲရှိ လမ်းညွှန်ကို လိုက်နာရန်သာ လိုအပ်ကာ အဆင့်နိမ့်တာအိုပုံစံ ကိုးမျိုးကို တစ်ခုပြီးတစ်ခု နားလည်သဘောပေါက်အောင် ပြုလုပ်ပြီး ၎င်းတို့ကို ပေါင်းစည်းလိုက်မှာပဲ ဖြစ်သည်။

လောကကြီးထဲ၌ မှော်ဆန်သည့် တည်ရှိမှုများစွာ ရှိ၏။ ဥပမာအနေဖြင့် ထူးကဲသော မြင်ကွင်းမှာ အန္တရာယ်များသည့် နေရာများ၌ ရှုခင်းများစွာ ဖွဲ့တည်နေပြီး သူတို့ထဲ၌ ဆန်းကြယ် တာအိုပုံစံ တည်ရှိမှုများ ရှိ၏။ ထိုတာအိုပုံစံ တည်ရှိမှုများကို ရှာတွေ့ရန်မှာ ကံကောင်းပြီး သူတို့ကို နားလည်သဘောပေါက်ခဲ့လျှင် တာအိုပုံစံများကို နားလည်သဘောပေါက်အောင် ဆင်ခြင်သည့် အရှိန်က တိုးလာပေလိမ့်မည်။

ကောင်းကင်ကြယ်တာရာနယ်နိမိတ်ထဲရှိ လူများက ထိုကဲ့သို့ ရှုခင်းမျိုးကို ဆန်းကြယ်ဘုံများဟု ခေါ်သည်။ ဆန်းကြယ်ဘုံများကို လူသားများ ပြုလုပ်နိုင်၏။ အစွမ်းထက်သည့် နတ်စွမ်းရည်ဖြင့် အကြွင်းမဲ့ ပညာရှင်များက ဖန်တီးထားတာ ဖြစ်သည်။ ဧကရာဇ်ကိုးပါး မျိုးနွယ်စုထဲ၌ ထိုကဲ့သို့ ဆန်းကြယ်ဘုံများ ရှိပြီး သူတို့မျိုးနွယ်စုများအတွက် တာအိုပုံစံများ ကျင့်ကြံရန် နေရာတစ်ခု ပြုလုပ်ထားတာပဲ ဖြစ်သည်။ ယဉ်ရို့ပင်း၊ ဖေးရီချန်နှင့် သူတို့အဖွဲ့မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ရသည့် အကြောင်းအရင်းမှာ သူတို့၏ ပါရမီကြောင့်သာမက ဆန်းကြယ်ဘုံများကြောင့်လည်း ဖြစ်သည်။

ဆန်းကြယ်ဘုံများကို အန္တရာယ်အများဆုံး နေရာများ၌ တွေ့ရတတ်သည်။ ထိုနေရာများက အသက်ရှင်လျက် ထွက်သွားနိုင်ဖို့က ကြုံတောင့်ကြုံခဲ ဖြစ်သည်။ သို့သော် ဂုဏ်သတင်းကြီးသည့် မျိုးနွယ်စုများမှ သခင်လေးများနှင့် သခင်မလေးများသည် အစောင့်များ၏ ကာကွယ်မှုအောက်၌ ထိုနေရာသို့ သွားနိုင်၏။ ထို့ကြောင့် မျိုးနွယ်စုကြီးများ၏ မျိုးဆက်များက သာမန်လူများ မရရှိသည့် အရင်းအမြစ်များ ခံစားနိုင်သောကြောင့် ဖြုံလောက်သည့် ခွန်အားများ ပိုင်ဆိုင်ထားကြသည်။

မိုးကြိုးတောင်တန်းက ဆန်းကယ်ဘုံ၏ နေရာတစ်ခုဆိုတာ သိသာနေ၏။ သို့သော် ယင်းကို မိုးကြိုးစုစည်းခြင်း အစီအရင်ကို တည်ဆောက်သည့် အကြွင်းမဲ့ပညာရှင်များ ချန်ထားရစ်လေသလော။ သို့မဟုတ် နှစ်ပေါင်းသောင်းချီကြာ မိုးကြိုးများ လျှပ်စီးများ အပစ်ခံရပြီးနောက် သဘောဝအတိုင်း ဖွဲ့တည်လာခြင်းလားဆိုတာ သူ မသိပေ။ မိုးကြိုးတောင်တန်းကြား၌ ဝိုင်းနေသည့် လူများစွာက တာအိုပုံစံ တည်ရှိမှု၏ အရိပ်အယောင်ကို ဘယ်တော့မှ အာရုံမခံမိရသည့် အကြောင်းအရင်းကိုတော့ ကျန်းရီ မသိပေ။ ကျန်းရီက ၎င်းကို ခံစားမိပြီး မထုတ်ဖော်နိုင်သောကြောင့် ဖြစ်သည်။

သို့သော်ငြား သူက အမှန်တကယ် ထူးဆန်းလှ၏။ သူ သုံးသည့် အမည်မဲ့ကျင့်စဉ်က ထူးဆန်းလှ၏။ သူ၏ ဒန်တျန်က သာမန်လူများနှင့် မတူပေ။ ထို့အပြင် သူ၏ခန္ဓာကိုယ်သည် သန့်စင်ပြီး နဂါးညှိုးရော်မြက်ပင်ဖြင့် အစားထိုးခြင်း ခံထားရကာ စိတ်ဝိညာဉ်ကလည်း ကျန်သည့်သူများနှင့် မတူပေ။ သူက တာအိုပုံစံ တည်ရှိမှု အရိပ်အယောင်ကို ခြေရာခံနိုင်တာ အံ့ဩစရာမရှိပေ။

ဟုတ်ပေ၏။

ထိုတာအိုပုံစံ တည်ရှိမှုက သူသည် အထက်အဆင့် တာအိုပုံစံကို နားလည်သဘောပေါက်လိမ့်မည်ဟု မဆိုလိုပေ။ ဆိုရလျှင် အဆင့်နိမ့်တာအိုပုံစံ ကိုးမျိုးကို အောင်မြင်စွာ နားလည်သဘောပေါက်ပြီး သူတို့ကို ခွဲထုတ်ရန်သာ လိုအပ်သည်။ တာအိုပုံစံများကို နားလည်သဘောပေါက်ရန်မှာ ပါရမီသာ လိုအပ်သည်မဟုတ်၊ ကံကောင်းသည့် အချိန်တွင် တစ်ညအတွင်း နားလည်သဘောပေါက်နိုင်၏။ သို့သော် ကံဆိုးလျှင် တစ်ဘဝလုံး ပိတ်မိနေပြီး ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပေ။

ညတာက ဖြည်းဖြည်းချင်း ချဉ်းကပ်လာ၏။ မိုးကြိုးတောင်တန်းပေါ်ရှိ သိုင်းပညာရှင်များက မြို့သို့ ပြန်နေကြပြီဖြစ်သည်။ မရေမတွက်နိုင်သည့် မိုးကြိုးမီးများက မိုးကြိုးတောင်တန်းထဲမှ ပေါ်ထွက်လာပြီး တောင်နား၌ မီးအိမ်များပမာ တလက်လက် ရစ်ဝဲနေ၏။ လက တောက်ပနေပြီး ယနေ့ည၌ ကြယ်များ လင်းထိန်နေသည်။ မြေပြင်က လရောင်ဖြင့် ဖြန့်ကျက်ခံထားရသည့် မြင်ကွင်းက မယုံနိုင်စရာကောင်းလောက်အောင် လှပပေ၏။ ကျန်းရီက တောင်ကုန်းလေးပေါ်၌ ထိုင်နေသည်။ လပေါင်းများစွာ ကုန်လွန်ပြီးနောက် သူ၏ဆံပင်နှင့် မုတ်ဆိတ်တို့ ထွက်လာ၏။ သူ၏ ဆံပင်တို့က ပူလောင်သည့် ပင်လယ်လေထဲ၌ လွင့်နေသည်။ လူသူကင်းမဲ့သော တောင်တန်း၊ တိတ်ဆိတ်သောည၊ မိုးကြိုးမီး၊ လူငယ်လေး..

ကောင်းကင်မိုးကြိုးမြို့ပေါ်၌ အထီးကျန်သည့် မြင်ကွင်းတစ်ခုကို ဖွဲ့တည်နေတော့သည်။

...

All Chapters