← Chapters

မိုးကြိုးများ၏စွမ်းအား

Vol. 52 Ch. 712

မိုးကြိုးများ၏စွမ်းအား

Vol. 52 Ch. 712

ကျန်းရီသည် နေ့ရောညပါ တာအိုပုံစံများကို ဆက်လက်ဆင်ခြင်နေ၏။ ရက်ပေါင်းများစွာ ကြာပြီးနောက် ညအချိန်တွင် အနောက်ဘက်မြို့ရိုးကနေ လူအယောက်၅၀က မြို့ထဲကနေ ခိုးထွက်ခဲ့၏။ အယောက်၅၀တွင် ၄၅ယောက်က ကောင်းကင်ဧကရာဇ်များဖြစ်သည်။ ကျန်သည့်ငါးယောက်က ဗာဂျရာနယ်ပယ်တွင် ရှိ၏။ တစ်ယောက်က ဘောလုံးနှယ် ဝသူဖြစ်ပြီး ကျန်သည့်သူများက သူ့ကို ဝန်းရံထားသည်။ သူတို့အားလုံးက ဝါးခမောက်ဆောင်းကာ ဝတ်ရုံနက် ဝတ်ဆင်ထား၏။ သူတို့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်စရာ အကြောင်းမရှိပေ။

သူတို့ မြို့ရိုးကနေ တွယ်ဆင်းလာသည့် အချိန်တွင် မြို့ရိုးပေါ်၌ အစောင့်ပိုနည်းသည်။ သို့သော် မီတာ၅၀၀ တိုင်း၌ စခန်းချထားသည့်သူများ ရှိနေသေးသည်။ သို့သော် ထိုလူအယောက်၅၀သည် မြေခွေးများပမာ အလွယ်တကူ ကျော်တက်နိုင်၏။ မြို့ရိုးပေါ်ရှိ အစောင့်များက သူတို့ကို မကြားသည့်ပမာ ပြုမူနေသည်။ မြို့၌ ဖောက်ထွင်းမြင်နေရသည့် အရံအတားတစ်ခု ရှိ၏ သို့သော် ယခုအချိန်တွင် ကောင်းကင်၌ ဘာမှမရှိပေ။

လူအယောက်၅၀သည် မြို့ကနေ ထွက်သွားပြီးနောက် အနောက်မြောက်အရပ်မျက်နှာဆီသို့ တန်းတန်းမတ်မတ် ထွက်သွားလိုက်သည်။ ညအချိန်တွင် ကျွန်းပေါ်၌ ကင်းလှည့်သူများ ရှိသည်။ သို့သော်ငြား ယနေ့ည ကျွန်းပေါ်တွင် ကင်းလှည့်သူမရှိ။ သရဲတစ်ကောင်တောင် ရှိမနေပေ။ အဖွဲ့က ပင်လယ်ဘေးသို့ အလွယ်တကူ ထွက်သွားလိုက်ပြီး ပင်လယ်ငါး အကောင်ရေ၅၀ ဖြစ်သွားကာ ရေထဲသို့ ဒိုင်ဗင်ထိုးလျက် ပျောက်ကွယ်သွားတော့၏။

လူအုပ်ကြီး ထွက်သွားပြီး တစ်နာရီအကြာ၌ တပ်မှုးလုဖုန်းက ကျွန်းပေါ်၌ အေးအေးလူလူ ကင်းလှည့်တော့သည်။ သူက ပင်လယ်ဒေသကို ရံဖန်ရံခါ သိမ်းကြုံးကြည့်လျက် သူသာ ကြားနိုင်သည့် လေသံဖြင့် ရေရွတ်ပြောလိုက်သည်။

“သခင်ချန်း ကျုပ်ရဲ့အရှင်နဲ့ ကျုပ်ကို စိတ်မပျက်စေနဲ့ မဟုတ်ရင် ကျုပ်ကို နှလုံးသားမဲ့ပြီး ဘယ်သူ့ကိုမှ အသက်ချမ်းသာမပေးဘူးဆိုပြီး အပြစ်မတင်နဲ့”

ချမ်ဝမ်ကွမ်းသည် လူ၄၉ယောက်ကို ခေါ်ပြီး ကောင်းကင်မိုးကြိုးမြို့ကနေ တိတ်တဆိတ် ထွက်သွားလေ၏။ သူတို့သည် နဂါးဖြူကျွန်းစု၌ ဒုတိယအကြီးဆုံးဖြစ်သည့် ကီလိုမီတာငါးသန်းအကွာ၌ ရှိသော နဂါးဖြူကျွန်းဆီသို့ ဦးတည်သွားနေတာပဲ ဖြစ်သည်။ ကျားဖြူကျွန်းပေါ်၌ အရှေ့ပိုင်း တော်ဝင်နယ်မြေမှ ကုန်သည်များနှင့် သူတို့ အရောင်းအဝယ်လုပ်မည်။

ကီလိုမီတာငါးသန်းက သိပ်မဝေးပေ။ ကျန်းရီသည် ငါးမိနစ်အတွင်း ကောင်းကင်ရှောင်တိမ်းခြင်းတစ်ခုတည်းဖြင့် ထိုနေရာသို့ ရောက်နိုင်၏။ သို့သော် အဖွဲ့ကမူ စုစုပေါင်း ၅ရက်တာ ခရီးနှင်ရန် လိုအပ်သည်။ သူတို့က ပွင့်ပွင့်လင်းလင်း မချီတက်ရဲချေ။ ပင်လယ်ဒေသများရှိ ဓားပြအဖွဲ့များ ပစ်မှတ်ထားခံရပေလိမ့်မည်။

သူတို့ထဲ၌ ကောင်းကင်ဧကရာဇ် ၄၅ယောက် ရှိပြီး သာမန်ဓားပြအဖွဲ့က သူတို့နား မကပ်ရဲသော်ငြား အင်အားကြီးသည့် ဓားပြအုပ်စုများနှင့် တွေ့မည် ဆိုလျှင် သူတို့ အမြစ်ပြတ်သုတ်သင်ခံရလောက်သည်။

သူတို့သည် ဖားယာတုကျွန်းဆီသို့ ရေငုတ်သွားရန် လိုအပ်ပြီးနောက် ကျွန်းပေါ်ရှိ ကုန်သည်အဖွဲ့ပိုင်ဆိုင်သည့် ကုန်သည်လှေကို စီးရလိမ့်မည်။ ထိုကုန်သည်အဖွဲ့သည် လုမျိုးနွယ်စု အပိုင်မဟုတ်ဘဲ နဂါးဖြူကျွန်းစွယ်၌ အတော်လေး ကျော်ကြား၏။ ဓားပြအဖွဲ့များက ကုန်သည်အဖွဲ့၏ လှေများကို ရန်မစရဲချေ။ အကြောင်းမှာ ထိုကုန်သည်အဖွဲ့ကို အစစ်အမှန်အင်အား ချုပ်ကိုင်ထားသည့် လုမျိုးနွယ်စု အကြီးအကဲတစ်ယောက်က ကျောထောက်နောက်ခံ ပြုပေးထားသောကြောင့် ဖြစ်သည်။

အစိုးရနှင့် ကုန်သည်များကြားရှိ ယိုယွင်းမှုက ငွေကြေးများစွာ ရှာရန်အတွက် မှော်လက်နက်ဖြစ်သည်။

သူတို့က စီးပွားရှာချင်ပြီး အကျိုးအမြတ်များစွာ ရယူချင်လျှင် ဒေသအတွင်း အုပ်စိုးသူနှင့် မည်သည့်ကုန်သည်အဖွဲ့မဆို အဆင်ပြေမှရမည်။ နဂါးဖြူကျွန်းစွယ်၌ ကုန်သည်အဖွဲ့အစည်းကြီး ဆယ်ခု ရှိ၏။ အားလုံးကို လုမျိုးနွယ်စု၏ အကြီးအကဲများက ထောက်ပံ့ပေးထားတာ ဖြစ်သည်။ ကုန်သည်အဖွဲ့အစည်း၏ လှေအစုက သူတို့၌ နောက်ခံမရှိလျှင် ဆိပ်ကမ်းကနေ မခွာခင် ဓားပြအဖွဲ့များ၏ လုယက်ခြင်းကို ခံရပေလိမ့်မည်။

တပ်မှုးလုဖုန်းက အစောတည်းက လူအများကို တိတ်တဆိတ် ညွှန်ကြားထားပြီးသားဖြစ်၏။ သူကိုယ်တိုင်တော့ မထုတ်ဖော်ပေ။ ထုတ်ဖော်ခံခဲ့ရလျှင်တောင် သူ့ကို ခြေရာခံနိုင်မှာ မဟုတ်ပေ။ ချမ်ဝမ်ကွမ်းနှင့် ကျန်သည့်သူများက သင်္ဘောအဖွဲ့၏ အသွင်ယူ ပို့ဆောင်မှုအောက်တွင် ကျားဖြူကျွန်းသို့ ရောက်သွားမည် ဖြစ်ကာ ချိန်းဆိုထားသည့် နေရာသို့ သွားပြီး အရှေ့ပိုင်းတော်ဝင်နယ်မြေမှ လူများနှင့် အရောင်းအဝယ် လုပ်လိမ့်မည်။

ကျားဖြူကျွန်းပေါ်၌ သူတို့သည် ကုန်သွယ်ရန် တည်နေရာကို နေ့ဝက်ခန့် လမ်းလျှောက်ရန် လိုအပ်သေးသည်။ ရှန်းစီမျိုးနွယ်၌ သူတို့က မြို့ထဲတွင် မရှိသရွေ့ နေရာတိုင်းက အန္တရာယ်များသည်။

အရေးအကြီးဆုံးကိစ္စက ချမ်ဝမ်ကွမ်းသည် ကျွန်တစ်ယောက် ဖြစ်၏။ ကျန်သည့်သူ ၄၉ယောက်တွင် တစ်ဝက်က ကျွန်များဖြစ်ပြီး သူတို့၏ နဖူးပေါ်၌ ကျွန်ဟူသည့် စကားလုံးကြီး ရေးထားလေသည်။ သူတို့ကို လုမျိုးနွယ်စုများ ရှာတွေ့သွားသည်နှင့် သူတို့ ချက်ချင်းပင် သတ်ဖြတ်ခံရမှာ ဖြစ်သည်။

ချမ်ဝမ်ကွမ်းနှင့် ကျန်သည့်သူများ တိတ်တဆိတ် ထွက်ခွာသွားမှုကို ဒုတိယမြောက်နေ့၌ မြို့ထဲရှိ လူများစွာ သတိပြုမိသည်။ ဆိုရလျှင် ထိုမျှ များပြားသည့် ကောင်းကင်ဧကရာဇ်များ ရုတ်တရက် ပျောက်ကွယ်သွားတာ ဖြစ်သည်။ မည်သူမျှ ကန်းမနေပေ။ သို့သော် မကြာမီ၌ မြို့ထဲတွင် ကောလာဟလတစ်ခု စတင်ပေါ်လာ၏။ ဖုန်းလန်၏ အစီအစဉ်က အလုပ်ဖြစ်နေပြီဖြစ်သည်။ ထိုလူအယောက်ငါးဆယ်သည် လူသတ်ရန်အတွက် ထွက်သွားတာဟု ကောလာဟလပေါ်လာ၏။ မြို့ထဲ၌ ကောင်းကင်ဧကရာဇ် များပြားလွန်းနေသည်။ မြို့ထဲ၌ ပျင်းရိနေမည်ထက် ပိုက်ဆံရှာဖွေပေးတာက ပိုကောင်းမည်။ နဂါးဖြူကျွန်းစွယ်တစ်ဝိုက် ပင်လယ်ဒေသများ၌ ဓားပြအဖွဲ့တစ်သောင်းကျော် ရှိ၏။ ဓားပြအဖွဲ့များ၌ အဖွဲ့ဝင်များစွာ ရှိသော်ငြား ကောင်းကင်ဧကရာဇ်က အလွန်နည်းပါးသည်။ သူတို့က ဓားပြအဖွဲ့များကို ဖျက်ဆီးနိုင်မည် ဆိုလျှင် ရတနာများနှင့် ကောင်းကင်ကျောက်တုံးများစွာ ရနိုင်မည်။

ထိုလူအယောက်၅၀သည် မည်သူ့ကိုမျှ သတင်းမပေးဘဲ ကောင်းကင်မိုးကြိုးမြို့ထဲကနေ ခိုးထွက်သွားရသည့် အကြောင်းအရင်းမှာ ထိုအတွက် ရှင်းပြချက်က အတော်လေး မယုံနိုင်စရာကောင်းနေ၏။ အဖွဲ့မှုးကျန်းသည် ဓားပြအဖွဲ့၏ တည်နေရာအတိအကျ အချက်အလက်ကို ထောက်ပံ့ပေးသည့် တပ်မှုးတစ်ယောက်နှင့် အတော်လေး ရင်းနှီးသည်ဟု ဆိုသည်။ လုမျိုးနွယ် တပ်မှုးထံမှ အကူအညီဖြင့် ဓားပြအဖွဲ့လေးကို ဖျက်ဆီးရန်က အလွန်ရိုးရှင်းသည်။

ထိုကောလာဟလက အလွန်တိကျပြီး အဓိပ္ပာယ်ရှိ၏။ ဆန်းကြယ်သည့် ဇာတ်ကြောင်းထဲ၌ ကျန်းရီနှင့် လုမျိုးနွယ် တပ်မှုးတစ်ယောက်က ပါဝင်ပတ်သက်လာ၏။ ထို့အတွက် အဆင့်နိမ့်သိုင်းပညာရှင်အားလုံးနှင့် ကောင်းကင်ဧကရာဇ်အချို့က ၎င်းကို ယုံကြည်ကြသည်။ အတွင်းဇာတ်ကြောင်းကို သိသည့် ကောင်းကင်ဧကရာဇ် အနည်းစုသာလျှင် မဲ့ရွဲ့နေကြတော့သည်။ ဓားပြအဖွဲ့ကို သတ်ဖြတ်ခြင်းအတွက် ဆုရရှိသည့် ကောင်းကင်ကျောက်တုံးက ချမ်ဝမ်ကွမ်းကို ထိုဒုက္ခများစွာကို ခံစားရန်အတွက် မလုံလောက်ပေ။ သူတို့ကိုယ်သူတို့ အရူးလုပ်နေခြင်းသာ ဖြစ်၏။

ငါးရက်ကြာပြီးနောက် ချမ်ဝမ်ကွမ်းနှင့် သူ့အဖွဲ့သည် လုံလုံခြုံခြုံ ပြန်ရောက်လာသည်။ သူတို့က သွေးညှီနံ့များ ရနေပြီး သတ်ဖြတ်လိုစိတ်များ ပေါ်နေ၏။ ပြန်ရောက်လာပြီးနောက် ချမ်ဝမ်ကွမ်းသည် တစ်ညလုံး သောက်စားရန် ပန်းပွင့်တစ်ရာ တည်းခိုဆောင်ဆီသို့ လူ ၄၉ယောက်ကို‌ ခေါ်သွားလေ၏။

ဒုတိယမြောက်နေ့၌ ပန်းပွင့်တစ်ရာ တည်းခိုဆောင်များရှိ ပြည့်တန်ဆာများထံမှ ကောလာဟလများ ပိုမိုပြန့်လာ၏။ ယခုအခေါက်တွင် အဖွဲ့သည် ဓားပြအဖွဲ့များကို အောင်မြင်စွာ နှိမ်နှင်းနိုင်ခဲ့ပြီး လူထောင်ချီ သတ်ဖြတ်ခဲ့ကာ ကောင်းကင်ကျောက်တုံးတစ်သန်းနီးပါး ရလာခဲ့၏။ ယခုအခေါက်တွင် ဇာတ်ကြောင်းကို အားလုံးနီးပါး ယုံသွားတော့သည်။ အတွင်းဇာတ်ကြောင်းကို သိသည့် ကောင်းကင်ဧကရာဇ်များကတောင် သံသယဝင်လာ၏။ ချမ်ဝမ်ကွမ်းက ဓားပြတပ်ဖွဲ့ကို သုတ်သတ်ရှင်းလင်းဖို့အတွက် လူတွေ တကယ်ကြီး ခေါ်သွားတာလား။ မဟုတ်ရင် သူတို့ရဲ့ခန္ဓာကိုယ်မှာ ဘာကြောင့် သွေးနံ့တွေ ပြင်းနေပြီး သန်မာတဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါတွေ ရှိနေရတာလဲ။ မြို့ထဲရှိ လူများစွာသည် တိုက်ပွဲများစွာကို ကျော်ဖြတ်ခဲ့ဖူးပြီး ထိုကဲ့သို့ အရှိန်အဝါကို အသိအလွယ်ဆုံး ဖြစ်သည်။ လူပေါင်းများစွာ မသတ်ထားလျှင် ထိုကဲ့သို့ ခိုင်မာသည့် သတ်ဖြတ်ခြင်း အရှိန်အဝါ ရှိမှာမဟုတ်။

ရန်တုံနှင့် နျိုတုန်က ယခုအခေါက်တွင် မိုးကြိုးကျောက်တုံးများ ရောင်းချရာ၌ မပါခဲ့ပေ။ ချမ်ဝမ်ကွမ်းနှင့် အစ်မကြီးဆည်းလည်းက သူတို့ကို တစ်ခါမှ မပြောပြခဲ့ဖူးခဲ့ချေ။ သူတို့က ချမ်ဝမ်ကွမ်းဆီသို့ ရောက်လာပြီး ထိုကဲ့သို့ အကျိုးအမြတ်များသော ကိစ္စ၌ ချမ်ဝမ်ကွမ်းက သူတို့ကို ဘယ်တော့မှ ဝင်မပါခိုင်းခြင်းသည် ကျန်းရီ သူတို့ကို မယုံကြည်တော့သောကြောင့်လားဟူ၍ မေးခဲ့သည်။

ချမ်ဝမ်ကွမ်းက သူတို့ကို ဖြောင့်ဖြရန် အချိန်တချို့ သုံးခဲ့ပြီး နေ့လည်၌ ကျန်းရီကို သတင်းပို့ရန် သွားရှာ၏။

သို့သော် ကျန်းရီကို ကောင်းကင်ဧကရာဇ်နှစ်ဦးက စောင့်ကြပ်ပေးနေပြီး မိုးပြိုသည်မှလွဲလျှင် သူ့ကို မနှောင့်ယှက်ရဟူသည့် ကျန်းရီ၏ အမိန့်ကိုသာ ပြောကြားခဲ့၏။ အားလုံးကို ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်းက သူတို့ဘာသာ ဖြေရှင်းရ၏။ ချမ်ဝမ်ကွမ်းသည် ခပ်ဝေးဝေးရှိ တောင်ထွတ်ပေါ်၌ တင်ပျဉ်ခွေချိတ် ထိုင်နေသော ကျန်းရီကို မော့ကြည့်လိုက်၏။ သူ၏မျက်လုံးလေးများက တလက်လက် တောက်နေသည်။ ကျန်းရီက အရေးကြီးသည့် ကိစ္စမဟုတ်လျှင် ထိုကဲ့သို့အမိန့် ဘယ်တော့မှ ပေးမှာ မဟုတ်ပေ။ သူ၏အသွင်အပြင်အရ သူသည် ခမ်းနားသည့် တာအိုပုံစံအချို့ကို နားလည်သဘောပေါက်နေတာ ဖြစ်ရမည်။

ကျန်းရီက တာအိုပုံစံကို အမှန်တကယ် ဆင်ခြင်နေတာပဲ ဖြစ်သည်။ တစ်နေ့က သူသည် ထိုတာအိုပုံစံတည်ရှိမှုမှ ငွေပုံစံတစ်ခုကို နားလည်သဘောပေါက်ခဲ့ပြီး မိုးကြိုး၏စွမ်းအား အဆင့်နိမ့်တာအိုပုံစံကို ကောက်ချက်ချခဲ့သည်။ သူသည် မိုးကြိုးကျောက်တုံးများစွာ သန့်စင်ခဲ့ပြီး အကြိမ်ပေါင်းသိန်းချီ မိုးကြိုးပစ်ခံခဲ့သည်။ သူက မိုးကြိုးစွမ်းအားကို ဝေဝါးဝါး နားလည်သဘောပေါက်ပြီးတာ ကြာပြီဖြစ်သည်။ ယခုအခေါက်တွင် မိုးကြိုးပုံစံ တည်ရှိမှု အရိပ်အယောင်ကို ပိုင်းခြားပြီးနောက် သူက မိုးကြိုးစွမ်းအားပုံစံ၏ ငွေမှင်ရောင်ကို လေ့လာခဲ့သည်။ အခြေအနေက တိကျလာချိန်၌ အောင်မြင်မှုက သေချာလာ၏။

နေဝင်ရီတရောအချိန် ဖြစ်လာလေရာ ကောင်းကင်ဧကရာဇ်အစောင့်နှစ်ဦးက ပြန်သွားတော့သည်။ ကျန်းရီက ဆင်ခြင်ပြီး ကောက်ချက်ချခြင်း၌ ဆက်လက် နစ်ဝင်နေသေးသည်။ မိုးကြိုးမီးက ညအချိန်၌ ပေါ်ထွက်လာ၏။ သို့သော် ကျန်းရီက ၎င်းကို သတိမပြုမိသည့်ပမာ ပြုမူနေသည်။

မိုးကြိုးမီးသည် ကျန်းရီ၏ ခန္ဓာနား ကပ်လာသည့် အချိန်တွင် ၎င်းက သူ့ကို တိုက်ခိုက်ရန် လျှပ်စီးများထုတ်လွှင့်တော့သည်။ သို့သော် လျှပ်စီးကို သူ၏ခံနိုင်ရည်က ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်တစ်ခုအထိ ရောက်နေပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံးနား လျှပ်စီးက ဝန်းရံနေသော်ငြား သူက ဆင်ခြင်သဘောပေါက်ခြင်း၌ နှစ်မြှုပ်နေပြီး မည်သည့်တုံ့ပြန်မှုမှ မပြသေးပေ။ မိုးကြိုးမီးသူ့နား ချဉ်းကပ်လာပြီးနောက် မီးဝိညာဉ်ပုလဲက ၎င်းကို အလိုအလျောက် စုပ်ယူလိုက်သည်။

တစ်နေ့တာ ကုန်ဆုံးသွားပြီး မိုးကြိုးဧကရာဇ်နှစ်ယောက်သည် စောင့်ကြပ်ရန်အတွက် ဤနေရာသို့ သွက်သွက်လေး ရောက်လာသည်။ ဤအတိုင်း နေ့ရပ်များ ကုန်ဆုံးသွား၏။ ခုနှစ်ရက်ကြာပြီးနောက် ကျန်းရီသည် နောက်ဆုံး၌ သူ့မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့သည်။

ဘီး..

မျက်လုံးဖွင့်လိုက်လျှင် ဖွင့်လိုက်ချင်း သူ့ခန္ဓာကိုယ်နား၌ လျှပ်စီး ပေါ်လာပြီး မျက်လုံး၏ အတွင်းထဲ၌ ဖျတ်ခနဲ လက်သွားလေရာ အနီးရှိ ကောင်းကင်ဧကရာဇ်နှစ်ဦး၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေ၏။ ယခုအချိန်တွင် ကျန်းရီက လူသားတစ်ယောက် မဟုတ်တော့ဘဲ မိုးကြိုးနတ်ဘုရားပမာ သူတို့နှစ်ယောက်လုံး ခံစားနေရသည်။

“မိုးကြိုးတာအိုပုံစံ စွမ်းအားကို နားလည်သဘောပေါက်အောင်လုပ်တာ အောင်မြင်သွားပြီ”

ကျန်းရီက အလွန်စိတ်လှုပ်ရှားနေ၏။ သူက တာအိုပုံစံတစ်ခုကို နားလည်သဘောပေါက်နိုင်ခဲ့လျှင် ဒုတိယ၊ တတိယနှင့် နဝမမြောက်အထိ နားလည်နိုင်လိမ့်မည်။ ထိုတာအိုပုံစံများအားလုံးကို အတူတကွ ပေါင်းစည်းလိုက်ပြီးနောက် စွမ်းဆောင်ရည်ရှိသည့် အထက်အဆင့် တာအိုပုံစံတစ်ခုကို နားလည်သဘောပေါက်သွားလိမ့်မည်။

...

All Chapters