← Chapters

ပြဿနာကြီးတစ်ခုရှိ

Vol. 52 Ch. 715

ပြဿနာကြီးတစ်ခုရှိ

Vol. 52 Ch. 715

“ဒါက..”

တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခြင်းက လူတို့ကို သေစေလိမ့်မည်။ ဓားပြများက မပြင်ဆင်ထားစေကာမူ အရေအတွက်များစေကာမူ ကိစ္စမရှိပေ။ ယခုအချိန်၌ မိုးကြိုးကျောက်တုံးအားလုံးကို ကျန်းရီပိုင်ဆိုင်၏။ သို့သော် မြို့ထဲရှိ လူဦးရေအလိုက် မြို့အရှင်အိမ်တော်ဆီသို့ ကျန်းရီက ၎င်းတို့အား ပေးအပ်ရသည်။ လူပိုနည်းလျှင် သူက မိုးကြိုးကျောက်တုံးများ ပေးအပ်ရတာ နည်းသွားပြီး ငွေကြေးပိုရနိုင်၏။

“ဒီလိုကောက်ကျစ်တဲ့အတွက် ငါတို့ အပြစ်ပေးခံရမှာလား”

ကျန်းရီက နှာခေါင်းကုပ်လိုက်၏။ သူသည် သိုင်းပညာရှင် ထောင်သောင်းချီကို သတ်ဖြတ်သည့်အချိန်တွင် မျက်တောင်တောင်မခတ်ခဲ့ပေ။ သို့သော် လှည့်ကွက်အချို့ သုံးပြီး သေတွင်းပို့ရသည်က မူမမှန်ဟု ခံစားမိသည်။

“ဖွီး..”

ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်း နှစ်ယောက်လုံး ပြုံးမိကြ၏။ ဖုန်းလန်က ကျန်းရီကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

“သခင်လေး ရှင်က အတော်ထူးဆန်းတာလဲ။ ဒီအတွက် ဘာကြောင့်များ ကျွန်မတို့က အပြစ်ပေးခံရမှာလဲ။ သူတို့ကို သွားဖို့ တစ်ခါမှ ဖိအားမပေးခဲ့ဘူး။ အခု ရွေးချယ်ခံအတွက် လူတွေက ပိုတောင် ယှဉ်ပြိုင်လာနေပြီ။ ဒီတိုက်ပွဲတွေက သိပ်ပြီး အန္တရာယ်မများဘူး။ ကောင်းကင်ကျောက်တုံးနဲ့ ရတနာတွေလည်း ဝေစုရအုံးမှာ။ ကျန်တဲ့ ရှန်းစီမြို့နယ်ထဲ လှည့်ပတ်ကြည့်လိုက်ရင် ကျွန်မတို့နဲ့ ပူးပေါင်းချင်တဲ့သူတွေ အများကြီး ရှိနေမှာပဲ။ ငှက်တွေက စားစရာအတွက်သေကြတယ်။ အမျိုးသားတွေက ဥစ္စာဓနအတွက် သေကြတယ်။ ဒီလောကကြီးက ရက်စက်နေတာပဲ။ ဘယ်စစ်ပွဲကများ လူသေကြေတာ မရှိလို့လဲ”

“ငါ သိပြီ”

ကျန်းရီက ခေါင်းညိတ်ပြီး ထပ်မမေးတော့ပေ။ သူက ခဏတာ ရပ်တန့်ပြီးနောက် အရှေ့ဘက်ကို ကြည့်ကာ ပြောလိုက်၏။

“ဒီကိစ္စတွေကို မင်းတို့ ဖြေရှင်းလိုက် ငါ အထက်အဆင့်တာအိုပုံစံတစ်မျိုးကို လက်ရှိဆင်ခြင်နေတာ။ ဒါကြောင့်မို့ မနှောင့်ယှက်နဲ့၊ ပြီးမှ မြို့အရှင်နဲ့ ထိပ်တန်းတပ်မှူးဆယ်ယောက်ဆီကို သွားလည်ပြီး ပြီးမှ ကျင့််ကြံဖို့အတွက် မိုးကြိုးတောင်ဆီသို့ ပြန်သွားမယ်”

“အထက်အဆင့်တာအိုပုံစံလား”

ဖုန်းလန်နှင့် ချမ်ဝမ်ကွမ်း၏ မျက်လုံးက တောက်ပသွားသည်။ သူတို့က အထက်အဆင့်တာအိုက ဘာအဓိပ္ပာယ်မှန်း ကောင်းစွာ သတိပြုမိသည်။ ချမ်ဝမ်ကွမ်းက ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး ပြောလိုက်တော့၏။

“ခေါင်းဆောင် စိတ်ချထားလိုက် မင်းဆက်ပြီး ကျင့်ကြံထား.. ငါတို့ ရှိရင် မြို့ထဲမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ အရေးကြီးတာ တစ်ခုခု ရှိလာခဲ့ရင် ချက်ချင်း အကြောင်းကြားမယ်”

ကျန်းရီသည် ချမ်ဝမ်ကွမ်းကို မြို့အရှင်လုဖင်းဆီ ဦးစွာ ခေါ်သွားပြီးနောက် ထိပ်တန်းတပ်မှူး၁၀ယောက်ဆီ သွားလိုက်၏။ ယခုအခေါက်တွင် သူက ကွဲပြားခြားနားစွာ ခံစားလိုက်ရသည်။ မြို့အရှင်နှင့် တပ်မှုးဆယ်ယောက်က ကျန်းရီကို ပိုယဉ်ကျေးပြီး ပိုဖော်ရွေလာတာ သိသာ၏။

ယခုအချိန်တွင် ကျန်းရီက သူတို့၏ ငွေထုတ်နွားကြီး ဖြစ်သည်။ သူတို့ ဆက်လက်ပူးပေါင်းမည် ဆိုလျှင် ငွေကြေးများစွာ ရနိုင်၏။ ထိုပိုက်ဆံဖြင့် သူတို့က ရာထူးမြင့်သည့်သူများကို လာဘ်ထိုးနိုင်ရုံသာမက ကျင့်ကြံခြင်းအတွက် အရင်းအမြစ်များစွာလည်း ဝယ်ယူနိုင်မည် ဖြစ်ကာ သူတို့ ခွန်အားများ တိုးလာပြီး သူတို့ မျိုးနွယ်စုက တန်ဖိုးထားခြင်း ခံရလိမ့်မည်။

တပ်မှုးများဆီ သွားရောက်လည်ပတ်ပြီးနောက် ကျန်းရီက နောက်ပြန်သွားပြီး အဖွဲ့နှင့်အတူ စားသောက်လိုက်၏။ ပြီးနောက် သူ့ဖာသာ ကျင့်ကြံရန်အတွက် မိုးကြိုးတောင်တန်းဆီသို့ သွားကာ မြို့ကနေ ထွက်ခွာလိုက်၏။ သူသည် ဒုတိယတာအိုပုံစံကို ဆင်ခြင်ကာစ ဖြစ်၏။ ပြီးစီးအောင် အပတ်တကုပ်ကြိုးစားချင်နေပြီး တာအိုပုံစံကို အပြည့်အဝ နားလည်သဘောပေါက်ချင်၏။

ကောင်းကင်မိုးကြိုးမြို့သည် ပြန်လည် တည်ငြိမ်သွားပြန်၏။ ဆယ်ရက်ခန့် ကြာပြီးနောက် ရန်တုံသည် ဓားပြအဖွဲ့ကို သတ်ဖြတ်ရန် ဦးဆောင်သွားသည်။ ယခုအခေါက်တွင် သူက ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် ၁၀၀နီးပါးနှင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် ရှစ်ထောင်ကျော်ကို ခေါ်သွားခဲ့၏။

သူတို့ထဲမှ အချို့က တာဝန်မပြီးမြောက်သော်ငြား ထိပ်တန်းတပ်မှုး ဆယ်ယောက်၏ အကူအညီဖြင့် ကျွန်းကနေ ထွက်ခွာနိုင်ပြီး ကီလိုမီတာများစွာ အကွာတွင် ရှိသည့် ဧရာမကျွန်းဆီသို့ တိတ်တဆတ် ရေကူးသွားကြ၏။

ထိုကျွန်းပေါ်၌ ဓားပြများစွာ ရှိသည်။ စုစုပေါင်း လူတစ်သောင်းကျော်ပြီး ကောင်းကင်ဧကရာဇ် ၄၉ယောက်ကျော် ရှိ၏။ ခေါင်းဆောင်က အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ယောက်တောင် ဖြစ်နေသည်။

သူတို့အဖွဲ့သည် ၆ရက်မြောက်နေ့၌ ပြန်ရောက်လာ၏။ သို့သော် ကျန်ရှိသည်က ဗာဂျရာနယ်ပယ် သိုင်းပညာရှင် လေးထောင်အောက်သာ ဖြစ်ပြီး ကောင်းကင်ဧကရာဇ်သိုင်းပညာရှင် ၈ယောက်လည်း အသက်ဆုံးရှုံးခဲ့၏။ သို့သော်ငြား အသက်ရှင်လျက် ပြန်လာနိုင်သည့် သူများက စိတ်လှုပ်ရှားနေ၏။ ယခုအခေါက် ရိတ်သိမ်းမှုက များပြားသောကြောင့် ဖြစ်သည်။

ထင်သည့်အတိုင်းပင် စစ်ပွဲအကြွင်းအကျန်နှင့် ကောင်းကင်ဘုံကျောက်တုံးများ ခွဲဝေပြီးနောက် တစ်မြို့လုံး ထိတ်လန့်သွား၏။ ခွဲဝေမှု အနည်းဆုံးရရှိသည့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်သည် ကောင်းကင်ကျောက်တုံးတစ်သောင်းနီးပါးနှင့် သူတော်စင် အသုံးအဆောင်တစ်ခု ရရှိခဲ့၏။ ထိပ်တန်းတပ်မှုးဆယ်ယောက်က အပျော်လွန်နေ၏။ ယခုအခေါက်အတွက် ခွဲဝေမှု သူတို့ ရရှိသည်က သူတို့လက်ကျန်ဘဝ သက်တောင့်သက်သာ နေရန် လုံလောက်နေပြီဖြစ်သည်။ သူတို့သည် ထိုမျှများပြားသည့် ပိုက်ဆံကို ရယူရန်အတွက် လုမျိုးနွယ်၏ လစာဖြင့်သာ ဆိုလျှင် နှစ်တစ်ရာလောက် တပ်မှုးများအနေဖြင့် နေရန် လိုအပ်သည်။

အချိန်တချို့ ကြာပြီးနောက် ရွှေရောင်မျောလွင့်နဂါးသည် နောက်ထပ်တစ်ဖွဲ့ကို ဦးဆောင်ပြီး ကောင်းကင်ဧကရာဇ်အယောက်ငါးဆယ်သာ ခေါ်သွား၏။ ယင်းက အဆင့်နိမ့်သော ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များကို စိတ်မပျော် ဖြစ်စေ၏။ ယခုအခေါက်တွင် အဘယ်ကြောင့် ထွက်သွားသနည်း။

သူတို့က စိတ်မချမ်းမြေ့သော်ငြား မည်သူကမျှ ကျယ်လောင်စွာ မပြောရဲချေ။ ချမ်ဝမ်ကွမ်း၏ သံမဏိစည်းမျဉ်းအောက်၌ ကောင်းကင်ဧကရာဇ်များတောင် မကျေမနပ် ဖြစ်သည့် အရိပ်အယောင်ကို မပြသရဲလေရာ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များဆိုလျှင် ပြောရန် မလိုတော့ပေ။ ဤလောကထဲ၌ လူသားများသည် အာဏာကို ကိုးကွယ်၏။ ကျန်းရီ၏ အကြွင်းမဲ့ခွန်အားအောက်တွင် လူအုပ်ကြီးထဲမှ ထွက်လာရဲသည့် မည်သူမဆို သေရပေမည်။

သူတို့က မိုးကြိုးကျောက်တုံးများ ဆက်လက်ရောင်းချနေပြီး ဓားပြအဖွဲ့များကို ချုံခိုတိုက်ခိုက်နေစဉ် ကျန်းရီ၊ သူ့အဖွဲ့နှင့် မြို့အရှင်အိမ်တော်ကမူ အချိန်နှင့်အမျှ အကျိုးအမြတ်များစွာကို ရိတ်သိမ်းနေ၏။ မြို့ထဲရှိ သိုင်းပညာရှင် အရေအတွက်က တဖြည်းဖြည်းချင်း လျော့ပါးသွားသော်ငြား အသက်ရှင်ကျန်ရစ်ပြီး ဆုလာဘ်များစွာ ရသည့်သူများ ရှိနေ၏။ ကောင်းကင်ဧကရာဇ်များအတွက်လည်း တူညီပေ၏။ လူတိုင်းက သူတို့ ပိုမိုကြွယ်ဝချမ်းသာလာသောကြောင့် ကျန်းရီကို သစ္စာပိုရှိလာသည်။

နှစ်ဝက်ကြာပြီးနောက် ချမ်ဝမ်ကွမ်းက စတင် တွက်ချက်တော့သည်။ သူတို့ရှာထားသည့် ပိုက်ဆံက ကောင်းကင်ကျောက်တုံး ဘီလီယံ၃၀ နှင့် ညီမျှပြီး မှောင်ခိုဈေး၌ ကုသိုလ်မှတ် ၃ဘီလီယံဖြင့် လဲလှယ်နိုင်ပြီဖြစ်သည်။

ချမ်ဝမ်ကွမ်းက သူ့လူများကို ကုသိုလ်မှတ် တစ်ဘီလီယံ လဲလှယ်ခိုင်းပြီး နဂါးပြာကျွန်းဆွယ်ရှိ နဂါးမြို့နား၌ ကုန်သည်သင်္ဘောကို ယူရန် လူများကို တိတ်တဆိတ် အမိန့်ပေးထားပြီး ထိုနေရာ၌ အိမ်တစ်လုံး ဝယ်ထား၏။ သူက ယွင်ဖေးနှင့်ကျန့်ဝူရွှမ်းတို့ကို ထိုနေရာ၌ သွားရောက်ကျင့်ကြံခိုင်းလေ၏။

ယင်းက ချမ်ဝမ်ကွမ်း ပေါ်လာသည့် နောက်ဆုံးသော အကြံဉာဏ်မဟုတ်ပေ။ ကျန်းရီနှင့် ကျန်သည့်သူများကြားရှိ ဆွေးနွေးမှု ရလဒ်ပဲ ဖြစ်သည်။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးက လင်မယားဖြစ်သည်။ သူတို့ ကျင့်ကြံရန် တည်ငြိမ်သောဘဝ လိုအပ်၏။ လူအုပ်ကြီးနောက် လိုက်ခြင်းက အန္တရာယ်များလွန်းသည်။ မိုးကြိုးကျောက်တုံး ရောင်းချခြင်းက အချိန်မရွေး ပေါ်သွားနိုင်၏။ ပြီးနောက် ကျန်းရီသည် အပြစ်သားကျွန်းမှ လွတ်မြောက်ရန်အတွက် သူတို့အဖွဲ့ကို ခေါ်သွားရမည်ဖြစ်ကာ လောကကြီးအနှံ့ဆက်လက် ခြေဆန့်ပြီး နေထိုင်ရန် နေရာတစ်ခု ရှာရလိမ့်မည်။ ထို့အပြင် လုမျိုးနွယ်က သူတို့နောက် လိုက်ရန်အတွက် အကြွင်းမဲ့ပညာရှင်များ ပို့ပြီး သူတို့ သေသွားနိုင်သည်။

ကျန့်ဝူရွှမ်းတစ်ယောက်တည်းသာ ဆိုလျှင် ကျန်းရီက သူ့ကို အဝေးပို့ရန် စဉ်းစားမှာ မဟုတ်ပေ။ သို့သော် သူက ယခု ယွင်ဖေးနှင့် လက်ထပ်ပြီးဖြစ်ကာ မိသားစုတစ်ခု ရှိနေပြီဖြစ်၏။ ယခုအခြေကျရန် လိုအပ်သည်။ သူတို့က ကောင်းကင်မိုးကြိုးမြို့ထဲ၌ ပေါ်လာတာ ရှား၏။ ဧကရီနန်းတော်ထဲတွင် ကျင့်ကြံလျှင် ကျင့်ကြံ မဟုတ်လျှင် သူတို့ ခြံဝန်းထဲတွင်သာ နေသည်။ သူတို့ နဂါးပြာမြို့သို့ သွားလျှင် သူတို့ အတွင်းအားနှစ်ဆ တိုးသွားလိမ့်မည်။ သူတို့ အထောက်အထားကို ဖုံးကွယ်ထားနိုင်လျှင် မည်သည့်အာရုံစိုက်မှုမှ ရမှာ မဟုတ်ပေ။ သူတို့ မြို့ထဲက မထွက်သရွေ့ လုံခြုံနေလိမ့်မည်။

ကျန်းရီသည် ထိုကိစ္စအတွက် မြို့သို့ အထူးတလည် ပြန်လာပြီးနောက် ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကို လာတွေ့၏။ သူ ရှန်းစီမြို့သို့ သွားပြီး ထိုနေရာ၌ အခြေကျပြီ ဆိုလျှင် သူတို့ကို ပြန်လာခေါ်မည်ဟုလည်း သူ ကတိပေးထားသည်။

ကျန့်ဝူရွှမ်းက ဆုံးဖြတ်ချက် မပြတ်သားသည့်သူ မဟုတ်ပေ။ ထိုည၌ မိုးကြိုးကျောက်တုံးရောင်းဝယ်သည့် စစ်ဆင်ရေးတစ်ခု ရှိသည်။ သူတို့က အဖွဲ့အတွင်း၌ ပုန်းနေလေ၏။ ချမ်ဝမ်ကွမ်းက ကျွန်းဖြူသို့ သွားပြီး ကုန်သည်အဖွဲ့၏ သင်္ဘောကို ယူကာ နဂါးပြာမြို့သို့ တန်းသွားနိုင်အောင် ကူညီစီစဉ်ပေးထား၏။

ကျန်းရီသည် ကျန်းရှောင်နူနှင့် ချင်းယွီကိုလည်း သူတို့နှင့် အတူပို့ရန် စီစဉ်ထားသည်။ သို့သော် သူတို့က သူ့ကို ထားသွားမည့်အစား အသေခံမည်ဟု ပြောသောကြောင့် ကျန်းရီ လက်လျှော့လိုက်ရသည်။

နှစ်ဝက်ခန့် ကျင့်ကြံပြီးနောက် ကျန်းရီက တာအိုပုံစံ ကျင့်ကြံရာ၌ တိုးတက်မှု ရှိလာ၏။ သူက တာအိုပုံစံကိုးမျိုး၌ ၆မျိုးကို နားလည်သဘောပေါက်သွားပြီဖြစ်သည်။ ကျန်ရှိသည့် သုံးမျိုးကို ဆင်ခြင်ပြီးနောက် သူသည် ၎င်းတို့ကို အဆင့်မြင့်တာအိုပုံစံအဖြစ် ပေါင်းစည်းနိုင်မှာပဲ ဖြစ်သည်။

ကျန့်ဝူရွှမ်းနှင့် ယွင်ဖေး ထွက်သွားသည်က ကျန်းရီကို အနည်းနှင့်အများ စိတ်ထိခိုက်စေ၏။ ယင်းက သူတို့အတွက် ကောင်းဖို့ ဖြစ်သည့်တိုင် အနည်းငယ်တော့ စိတ်မချမ်းမသာ ဖြစ်စေသည်။ သူက ကျင့်ကြံရန်အတွက် မြို့ထဲက ချက်ချင်း မထွက်သွားခဲ့ဘဲ မြို့ထဲတွင် နေကာ ချမ်ဝမ်ကွမ်း ပြန်လာမှာကို စောင့်နေ၏။ ကုန်သည်လှေပေါ်၌ သူတို့ဘေးကင်းကြောင်း သိပြီးမှ သူ စိတ်အေးရမည်။

ကျန်းရီသည် ထိုရက်များအတွင်း ကျင့်ကြံတာ ရပ်တန့်ကာ သူ့အချိန်ကို ဖုန်းလန်၊ ချင်းယွီ၊ ကျန်းရှောင်နူတို့နှင့် ကုန်ဆုံးနေသည်။ ရှောင်နူက အချိန်တချို့ တံခါးပိတ် ကျင့်ကြံခဲ့ပြီး မှင်ရည်ငှက်မွေးနတ်ဘုရားသိုင်း၌ အဆင့်ချိုးဖျက်တက်မှုအချို့ ရလာခဲ့သည်။ သို့သော် ဒုတိယအဆင့် ပြီးပြည့်စုံခြင်းအဆင့် နယ်ပယ်ကို ရောက်ရန်မူ ဝေးနေသေး၏။ ထိုရက်အတွင်း သူက သုံးယောက်ကို ခေါ်ပြီး လှည့်လည်သွားလာလေ၏။ ညအချိန်တွင် သူက ဖုန်းလန်၊ ချင်းယွီတို့နှင့်အတူ အိပ်ရာထဲတွင် ပျော်ပါးသည်။ ဘဝက သက်တောင့်သက်သာ ရှိပြီး ပျော်ရွှင်ဖွယ် ကောင်းသည်။

ပဉ္စမမြောက်နေ့၌ မိုးကြိုးကျောက်တုံး ရောင်းချသည့်သူများ ပြန်လာသည်။

သို့သော်ငြား ကျန်းရီအဖို့ သတိဝင်သွားစေသည်က လူတစ်ဝက်အောက်သာ ပြန်လာပြီး ချမ်ဝမ်ကွမ်းက ပါမလာပေ။ ကျန်းရီက ဒေါသထွက်သွား၏။ ရွှေရောင်မျောလွင့်နဂါးကို အဖြစ်အပျက်မေးပြီးနောက် သူ့ခန္ဓာကိုယ်ထဲ၌ သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ သူက မိုးကြိုးမီးကို ချက်ချင်းနီးပါး ထုတ်ဖော်လိုက်ပြီး ပြန်ရောက်လာသည့် ကောင်းကင်ဧကရာဇ်အားလုံးကို သတ်ဖြတ်လိုက်သည်။

ချမ်ဝမ်ကွမ်းသည် ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကို လိုက်ပို့ပြီး ကျားဖြူကျွန်း၌ အရောင်းအဝယ် အောင်မြင်စွာ ပြုလုပ်ပြီးနောက် မြို့သို့ပြန်လာစဉ် ဓားပြတစ်ခု ချုံခိုတိုက်ခိုက်တာ ခံရ၏။ ချမ်ဝမ်ကွမ်းနှင့် ရွှေရောင်မျောလွင့်နဂါးနှစ်ယောက်လုံး အသက်ရှင်လျက် အဖမ်းခံခဲ့ရသည်။ ကောင်းကင်ဧကရာဇ် ၅၀ကျော်က အသတ်ခံခဲ့ရ၏။ ကျန်သည့်သူများက ပြန်လာနိုင်ရုံသာ ရှိသည်။ ရွှေရောင်မျောလွင့်နဂါး ပြန်လာနိုင်ရသည့် အကြောင်းအရင်းမှာ ဓားပြအဖွဲ့က ကျန်းရီကို သတင်းစကား ပါးခိုင်းသောကြောင့် ဖြစ်သည်။ သူက ချမ်ဝမ်ကွမ်းကို အသက်ရှင်လျက် လိုချင်လျှင် ကောင်းကင်ကျောက်တုံး ၁၀ဘီလီယံ ပြင်ဆင်ထားရမည်ဟု ဆိုသည်။ လဝက်အတွင်း ကောင်းကင်ကျောက်တုံးမတွေ့လျှင် ချမ်ဝမ်ကွမ်း သေလိမ့်မည်။

“ဖုန်းအာ.. ကောင်းကင်ကျောက်တုံး ၁၀ဘီလီယံ ပြင်ဆင်ထားလိုက် ငါ အခုပဲ မြို့အရှင်ကို သွားတွေ့မယ်”

ကောင်းကင်ကျောက်တုံးများအားလုံး ဖုန်းလန်နှင့်အတူ ရှိသည်။ အမိန့်ပေးပြီးနောက် ကျန်းရီက ထရပ်ကာ မြို့အရှင်အိမ်တော်ဆီသို့ တန်းသွားလိုက်၏။

“အမ်..”

မြို့ထဲရှိ လူများစွာက မြို့အရှင်အိမ်တော်ဆီသို့ ကျန်းရီသတ်ဖြတ်လိုစိတ်ဖြင့် ပျံသန်းသွားတာကို မြင်သောအခါ တစ်စုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်တော့မှာကို သူတို့ ခံစားမိနေသည့်အတွက် မျက်နှာများ ဖြူလျော်ကုန်၏။

...

All Chapters