← Chapters

လေနက်တပ်မဟာ

Vol. 52 Ch. 716

လေနက်တပ်မဟာ

Vol. 52 Ch. 716

ချမ်ဝမ်ကွမ်းက ကျန်းရီ၏ ညီအစ်ကိုဖြစ်သည်။ သူနှင့် ကျန့်ဝူရွှမ်းနှစ်ယောက်လုံးက ကျန်းရီနှင့် သွေးသောက်ညီနောင်ဖွဲ့ထားတာပဲ ဖြစ်သည်။ အထူးသဖြင့် ချမ်ဝမ်ကွမ်းအတွက် မှန်ကန်ပေ၏။ သူသည် ကျန်းရီအတွက် အရာအားလုံးကို စွန့်ပစ်ပြီး စိတ်ပါလက်ပါ လိုက်လာခဲ့တာပဲ ဖြစ်သည်။

ကျန်းရီသည် ရန်သူများအပေါ် အလွန်သွေးအေးပြီး ရက်စက်သူ ဖြစ်သော်ငြား သူ့လူများကိုမူ အင်မတန်သစ္စာရှိ၏။ ချမ်ဝမ်ကွမ်းနှင့် ကျန့်ဝူရွှမ်းအတွက် အသက်စွန့်ရန် ဆန္ဒရှိသည်။ ချမ်ဝမ်ကွမ်း တစ်စုံတစ်ခု ဖြစ်တာကို ကြားသည့် အချိန်၌ သူ မည်မျှ ဒေါသထွက်ကြောင်း မှန်းဆနိုင်ပေ၏။

ဝှစ်..

သူက မြို့အရှင်အိမ်တော်ထဲသို့ နိုင်လိုမင်းထက် ဝင်သွားပြီးနောက် ဒုတိယအလွှာဆီသို့ တန်းတက်သွားသည်။ သူ့ကို တံခါးဝ၌ နှုတ်ဆက်နေသည့် လုမျိုးနွယ်စု အစောင့်များကိုတောင် လျစ်လျူရှုလိုက်၏။ သူက လုဖင်း၏ ပင်မခန်းဆောင်ဆီသို့ လျှောက်သွားပြီး အော်ပြောလိုက်သည်။

“မြို့အရှင် တစ်ကိုယ်တော်ဝံပုလွေက တွေ့ခွင့်တောင်းပါတယ်”

ဘီး..

တံခါးဝရှိ အရံအတားက လင်းထိန်လာပြီးနောက် တဖြည်းဖြည်းချင်း ပွင့်သွားတော့သည်။ ကျန်းရီက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလျက် နှုတ်ဆက်ရမှာကို မေ့သွားကာ ကမန်းကတမ်း ပြောလိုက်၏။

“အရှင် ဝမ်ကွမ်းတစ်ခုခု ဖြစ်သွးတယ်”

“ငါ သိတယ်”

လုဖင်းက လက်ဝှေ့ယမ်းပြကာ ကျန်းရီကို စိတ်အေးအေး ထားခိုင်းလိုက်၏။ ပြီးနောက် သူမက ဆက်ပြောသည်။

“တကယ်တော့ ဒီသတင်းကို မနေ့ကရတယ်။ ဒီကိစ္စကို စစ်ဆေးဖို့ လူလည်း ချက်ချင်း လွှတ်ခဲ့ပြီး အချက်အလက်တချို့ ရလာတယ်”

ကျန်းရီက အသက်ရှုသွင်းလိုက်ပြီးနောက် ပြန်ပြောလိုက်၏။

“ကျေးဇူးပြုပြီး ဆက်ပြောပါ ကျုပ်နားထောင်နေပါတယ်”

လုဖင်းက ခေါင်းညိတ်လိုက်၏။

“ဒီတာဝန်ကို ယူတဲ့သူက လေနက်တပ်မဟာလို့ ခေါ်တဲ့ တောင်ပေါ်ဓားပြအဖွဲ့ပဲ။ သူတို့တွေက ကျားဖြူကျွန်းရဲ့အင်အားစုတွေ အားလုံးထဲမှာ အဆင့်၁၀ဝင်တယ်။ ကျားဖြူကျွန်းမှာ သူတို့ လှုပ်ရှားတဲ့နေရာဖြစ်ပြီး အဖွဲ့မှုးချမ်က အရောင်းအဝယ် ပြီးမြောက်တဲ့အချိန် မြို့ကို ပြန်လာတဲ့အခါ တိုက်ခိုက်ခံလိုက်ရတာပဲ။ သူတို့ ပစ်မှတ်က ဘယ်သူမှန်း ရှင်းရှင်းလင်းလင်း သိနေပြီး အဖွဲ့မှုးချမ်ရဲ့ အထောက်အထားကိုလည်း ရှင်းရှင်းလင်းလင်း နားလည်တယ်။ မဟုတ်ရင် အဖွဲ့မှုးချမ် သေလောက်ရောပေါ့။ တစ်နည်းပြောရရင် တစ်စုံတစ်ယောက်က ငါတို့ အစီအစဉ်တွေကို သိပြီး အဖွဲ့မှုးချမ်ကို တမင်တကာ ပြန်ပေးဆွဲတာ”

“အမ်း..”

အစောတုန်းက ကျန်းရီ၏ စိတ်အာရုံတို့သည့် ဒေါသကြောင့် တမ်ဖုံးနေခဲ့၏။ သူ၏စိတ်ထဲ၌ ဒေါသများ သတ်ဖြတ်လိုစိတ်များ ပြည့်နေခဲ့သည်။ ထိုစဉ်က သူသည် မစဉ်းစား မဆင်ခြင်ခဲ့ပေ။ ယခုအချိန်၌ သူအံ့ဩသွားပြီးနောက် ပြန်ပြောစဉ် မျက်လုံးများ လက်ခနဲ ဖြစ်သွားတော့၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့ကြားမှာ သစ္စာဖောက် ရှိနေတာများလား။ မဖြစ်နိုင်တာ။ ဝမ်ကွမ်းက အလုပ်လုပ်တဲ့နေရာမှာ အမြဲတမ်း သတိထားတယ်။ ဒါ့အပြင် ဒီကိစ္စအသေးစိတ်ကို ဝိညာဉ်ကျွန်တွေပဲ သိတာ။ ကျွန်တော်တို့ဘက်မှာ သစ္စာဖောက် မရှိနိုင်ဘူး”

“အဖွဲ့မှုးချမ် သူ့တာဝန်ဘယ်လို ကျေပွန်လဲ ဆိုတာ ငါ ယုံကြည်တယ်”

လုဖင်းက ခေါင်းညိတ်လိုက်၏။

“မင်းတို့ဘက်ခြမ်းမှာ သစ္စာဖောက် ရှိလောက်မယ်လို့ သံသယမရှိဘူး။ ဒါ့အပြင် ငါ့ဘက်ခြမ်းမှာလည်း သစ္စာဖောက် မရှိဘူးဆိုတာလည်း အာမခံတယ်”

ကျန်းရီက မျက်ဝန်းများ မှေးကျဉ်းလိုက်ပြီးနောက် သတိထားပြောလိုက်၏။

“အထက်ကလူတွေက ကျွန်တော်တို့ကို အာရုံစိုက်လာပြီလို့ မပြောနဲ့နော်။ ဒါ မဖြစ်နိုင်ဘူး။ သူတို့ ကျွန်တော်တို့ကို သတိထားမိတယ် ဆိုရင်တောင် တောင်ပေါ်ဓားပြအဖွဲ့က လှုပ်ရှားမှာ မဟုတ်ဘူး။ အဲဒီအစား စည်းကမ်းအဖွဲ့ပဲ ဖြစ်လောက်မယ်”

“ဟုတ်တယ်”

လုဖင်းကလည်း ကျန်းရီ၏ တွက်ဆချက်ကို ထောက်ခံသည်။ သူမက နက်နဲစွာ ပြောလိုက်၏။

“ဒါက အထက်ပိုင်းက ပြဿနာ မဟုတ်လောက်ဘူး။ သတင်းရခဲ့မယ် ဆိုရင် ချက်ချင်းပေးမယ်။ ဒီကိစ္စကို တစ်ညလုံး စဉ်းစားပြီး တစ်ယောက်ယောက်ကတော့ တိတ်တဆိတ် ရှုပ်နေတယ်လို့ သံသယဝင်မိတယ်။ ငါတို့ လုပ်ဖို့ ကြိုးစားနေတဲ့အကြောင်း သူ ရှင်းရှင်းလင်းလင်း သိမှာ ဒါ့အပြင် သူက ချမ်ဝမ်ကွမ်းနဲ့ သူ့အဖွဲ့ ရှိတဲ့နေရာကို တိတ်တဆိတ် စစ်ဆေးထားတာ။ ပြီးတော့ သူက ဒီသတင်းကို လေနက်တပ်မဟာကို ရောင်းခဲ့တာ။ ဒါကြောင့် ချုံခိုတိုက်ခိုက်ခံလိုက်ရတာပဲ”

ကျန်းရီ၏ မျက်လုံးထဲ၌ အေးစက်စက် ရောင်ခြည်များ ပေါ်ထွက်လာကာ တင်းမာသည့်လေသံဖြင့် ပြောလိုက်၏။

“ဘယ်သူလဲ”

လုဖင်းက ပြတင်းပေါက်ကို ကြည့်လိုက်ပြီး စကားနှစ်ခွန်းကို မနှေးမမြန် ပြောလိုက်၏။

“လုတိ..”

“သူလား..”

ကျန်းရီ၏ မျက်လုံးထဲ၌ အေးစက်သည့် ရောင်ခြည်များ ပေါ်ထွက်လာသည်။ ထိုအကြောင်းကို တွေးပြီးနောက် ၎င်းက ဖြစ်နိုင်ချေမြင့်သည်ဟု ခံစားမိသည်။ အစက လုတိသည် မိုးကြိုးကျောက်တုံးများ ရောင်းရန်အတွက် အဖွဲ့မှုးလန်နှင့် ပူးပေါင်းခဲ့ပြီး သူက ကောင်းကင်ကျောက်တုံးများစွာ ရရှိခဲ့၏။ ယခုသူ၏ အသက်ရှင်ရန် အရင်းအမြစ်သည် လုဖင်းက သူ့ကို ရွေ့ပြောင်းရန် လုဖင်း၏အမိန့်ကြောင့် ဖြတ်တောက်ခံလိုက်ရသောကြောင့် သူတို့ကို အငြှိုးအတေးထားပေလိမ့်မည်။ သူက နောက်ကွယ်ရှိ လုဖင်း၏ လွှမ်းမိုးမှုကို ကြောက်တာဖြစ်နိုင်သည်။ ပြောင်ပြောင်တင်းတင်း ရန်မစရဲချေ။ ထို့ကြောင့် အားလုံးရှိနေသည့်နေရာကို တိတ်တဆိတ် စုံစမ်းပြီးနောက် ကျန်းရီကို ဖယ်ရန် တောင်ပေါ်ဓားပြအဖွဲ့နှင့် ပူးပေါင်းတာပဲ ဖြစ်ရမည်။

“လုတိ.. လေနက်တပ်မဟာ..”

ကျန်းရီက အံကြိတ်လျက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“လေနက်တပ်မဟာရဲ့အချက်အလက်တွေ ရှိတယ် မဟုတ်လား။ သူတို့လူ ဘယ်နှစ်ယောက်ရှိလဲ။ သူတို့ခွန်အားကရော..”

“ရှိတယ်”

လုဖင်းက မျက်နှာသေဖြင့် ပြန်ပြောလိုက်၏။

“မင်း သူတို့ကို ဖယ်ရှားလို့ မရဘူး။ သူတို့မှာ ကောင်းကင်ဧကရာဇ်တစ်ရာထက် မနည်း ရှိတယ်။ သူတို့ထဲက ငါးယောက်က အလယ်အဆင့်ကောင်းကင်ဧကရာဇ်နယ်ပယ် ဖြစ်ပြီး သုံးယောက်က အဖွဲ့မှုးလန်နဲ့ ယှဉ်နိုင်တယ်။ အဖွဲ့မှုးလန်ကို မင်း မသတ်နိုင်လောက်ဘူး မဟုတ်လား။ အဖွဲ့မှုးကျန်း.. ဒီကိစ္စမှာ ငါ မင်းကို မကူညီနိုင်ဘူး။ ကျားဖြူမြို့ရဲ့မြို့အရှင်က ငါနဲ့ သက်တူရွယ်တူ မဟုတ်ဘူး။ ငါနဲ့ မျိုးနွယ်မတူဘူး။ တူခဲ့တယ် ဆိုရင်တောင် ငါ အကူအညီ သွားမတောင်းနိုင်ဘူး။ ဒီအဖြစ်အပျက်ကို တစ်ယောက်က သတိပြုမိတယ် ဆိုရင် ငါတို့ ပြဿနာကြီး တက်လိမ့်မယ်။ ဒါကြောင့် ဒီကိစ္စကို မင်းဘာသာမင်း ဖြေရှင်းရုံပဲ ရှိတယ်”

အတော်ကြာရပ်တန့်ပြီးနောက် ကျန်းရီ ပြောမှာကို မစောင့်ဘဲ သူမက ဆက်ပြောလိုက်သည်။

“တစ်ဖက်နဲ့ အရောင်းအဝယ် လုပ်ဖို့ကို ယာယီ ပယ်ဖျက်ထားရအောင်။ စုံစမ်းဖို့အတွက် ကျားဖြူမြို့ဆီကို လူလွှတ်လိုက်မယ်။ ဆက်ပြီး အရောင်းအဝယ် လုပ်ချင်တယ် ဆိုရင်တောင် နေရာကို ပြောင်းဖို့ လိုသေးတယ်။ ဒါပေမဲ့ ငါတို့ ပေါ်သွားနိုင်ချေက အလွန်နိမ့်တယ်။ အဖွဲ့မှုးချမ်က ကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ အင်မတန်တွေးထားတာ။ ဘာသက်သေမှ ချန်မထားခဲ့ဘူး။ ဒါကြောင့် လုမျိုးနွယ် ဘက်ခြမ်းကို စိတ်ချထားလို့ရတယ်။ အဲဒီလူကို အသက်ရှင်လျက် ပြန်မခေါ်လာနိုင်ရင် မလှုပ်ရှားတာ အကောင်းဆုံးပဲ မဟုတ်ရင် နင်ပျောက်ကွယ်သွားတဲ့အခါ ပူးပေါင်းဖို့အတွက် နောက်ထပ် လူတစ်ယောက် ရှာနေရမယ်”

ကျန်းရီက ခေါင်းညိတ်လိုက်၏။ သူ့ရင်ထဲရှိ ဒေါသက ကောင်းကင်ကို‌ လောင်ကျွမ်းစေနိုင်သော်ငြား ၎င်းကို ဖိနှိပ်ထားရအုံးမည်။ ချမ်ဝမ်ကွမ်း၏ ဘေးကင်းရေးက သူ၏ဦးစားပေး ဖြစ်နေ၏။ ကောင်းကင်ကျောက်တုံးသန်းတစ်ရာက များသော်ငြား ကျန်းရီစိတ်ထဲ မထားပေ။ ချမ်ဝမ်ကွမ်း အသက်ရှင်လျက် ပြန်လာနိုင်သရွေ့ ကောင်းကင်ကျောက်တုံးတစ်ဘီလီယံကို ပေးရန် ဆန္ဒရှိသည်။ သူက လုဖင်းနှင့် နောက်ထပ် ဆွေးနွေးခဲ့၏။ လေနက်တပ်မဟာ၏ နယ်မြေအကြောင်း စုံစမ်းပြီး ထိုပတ်ဝန်းကျင်ရှိ တောင်ပေါ်ဓားပြအဖွဲ့များ၏ အခြေအနေကို စုံစမ်းပြီးနောက် ကျန်းရီသည် မြေပုံတစ်ချပ် ရလာခဲ့ကာ မြို့အရှင်အိမ်တော်မှ ထွက်လာခဲ့၏။

“နျိုတုန် မြို့ထဲက ကောင်းကင်ဧကရာဇ်အားလုံးကို စုဝေးပြီး ရင်ပြင်ပေါ်မှာ စောင့်နေ..”

မြို့အရှင်အိမ်တော်မှ ထွက်လာပြီးနောက် ကျန်းရီသည် အပြင်ဘက်တွင် ရပ်နေသော နျိုတုန်ကို အော်လိုက်၏။ ပြီးနောက် သူက သူ့ခြံဝန်းလေးသို့ သွားကာ ဖုန်းလန်နှင့် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့သည်။ သူက အားလုံးကို ဧကရီနန်းတော်ထဲ ထည့်ပြီးနောက် ရင်ပြင်ထဲသို့ တစ်ယောက်တည်း သွားလိုက်၏။

ရင်ပြင်၌ ကောင်းကင်ဧကရာဇ်တစ်ရာကျော် စောင့်ဆိုင်းနေလေသည်။ ကျန်းရီက သတ်ဖြတ်လိုသည့် အကြည့်ဖြင့် ကြည့်ပြီး လေးလံစွာ ပြောလိုက်၏။

“တာဝန်ထမ်းဆောင်ဖို့ အချိန်မပြီးသေးတဲ့ ကောင်းကင်ဧကရာဇ်တွေက ပြန်သွား ကျန်တဲ့သူတွေက ငါနဲ့ မြို့ပြင် လိုက်ခဲ့”

သူက နျိုတုန်ကို ကြည့်ပြီး အသံပို့လိုက်၏။

“နျိုတုန် မင်းဒီမှာနေခဲ့။ ငါ မရှိတဲ့ ကာလအတွင်း မင်းက မြို့ထဲမှာ တပ်မှုးတစ်ယောက် ဖြစ်မယ်။ တစ်ခုခု ဖြစ်လာခဲ့ရင် ငါ ပြန်လာမှာ စောင့်နေ။ အဆင်အခြင်မဲ့ မလှုပ်ရှားနဲ့.. မဟုတ်ရင်လည်း မြို့အရှင်ဆီ သွားပြီး ဆုံးဖြတ်ခိုင်း”

မြို့ထဲ၌ ကောင်းကင်ဧကရာဇ် ၁၆၀ကျော်သာ ရှိ၏။ သူတို့ထဲတွင် တာဝန်ထမ်းဆောင်သည့် အချိန်မပြီးသေးသည့်သူက ၅၀ကျော် ရှိ၏။ ကျန်းရီနှင့် ကျန်သည့်သူများသည် လွန်ခဲ့သည့် တစ်နှစ်တည်းက သူတို့တာဝန်ပြီးမြောက်သွားပြီဖြစ်သည်။ ယခင်က တပ်မှူးတစ်ယောက်နှင့်သူတို့ သွားတွေ့သည့်အခါ သူတို့ခေါင်းပေါ်ရှိ ကျွန်ဟူသော စကားလုံးကလည်း ဖယ်ရှားလိုက်ပြီဖြစ်သည်။ သူနှင့်အတူ ကောင်းကင်ဧကရာဇ်အားလုံးကို မခေါ်သွားရသည့် အကြောင်းအရင်းမှာ သူ့နောက်ကွယ်၌ တစ်စုံတစ်ယောက် အကောက်ကြံမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။ လုမျိုးနွယ်၏ အထက်အရာရှိများက အရေးကြီးသည့် အခိုက်အတန့်၌ ကြီးကြပ်ရန် လူလွတ်ခဲ့ပြီး တာဝန်မပြီးသေးသည့် သိုင်းပညာရှင်များ ကောင်းကင်မိုးကြိုးမြို့ထဲက အမှန်တကယ် ထွက်သွားတာကို မြင်လျှင် လုဖင်းက ထိုအတွက် သေချာပေါက် တာဝန်ယူရလိမ့်မည်။ အခြေအနေက ပိုဆိုးသွားရုံသာ ရှိမည်။

ဝှစ် ဝှစ် ဝှစ်..

ကျန်းရီ၏ ဦးဆောက်မှုအောက်၌ ၁၁၃ယောက်သည် မြို့အနောက်ဘက်ဆီသို့ ဦးတည်သွားလိုက်၏။ မရေမတွက်နိုင်သည့် လူပေါင်းများစွာက ထိုအကြောင်းကို ဆွေးနွေးရန် စုဝေးနေကြသောကြောင့် မြို့ ရုတ်ရုတ်သဲသဲ ဖြစ်နေလေသည်။ သူတို့က ဘာပွဲဖြစ်သလဲဟု ခန့်မှန်းနေကြ၏။

နျိုတုန်သည် ကျန်ရှိသည့် ကောင်းကင်ဧကရာဇ်များကို စုဝေးလျက် ကျန်းရီ၏ အမိန့်ကို ပြောလိုက်၏။ သူက ကျန်ရှိသည့် ကောင်းကင်ဧကရာဇ်များကို သူတို့တာဝန် ဆက်လက်ဆောင်ရွက်ခိုင်းပြီး ကောင်းကင်မိုးကြိုးမြို့၏ တည်ငြိမ်မှုကို ထိန်းထား၏။ မည်သူမျှ ကောင်းကင်မိုးကြိုးမြို့ကနေ ထွက်ခွာခွင့်မရှိပေ။ အမိန့်ကို ဆန့်ကျင်ရဲသည့်သူ မည်သူမဆို သက်ညှာမှုမရှိ အသတ်ခံရမည်။

“အားလုံး နားထောင်ကြ..”

ကျန်းရီက မြို့ထဲမှ ထွက်သွားပြီးနောက် သူသည် ပြုန်းတီးမြေတစ်ခု၌ ရပ်တန့်လိုက်သည်။ သူက အားလုံးကို ဓားသွားပမာ အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သုန်မှုန်စွာ ပြောလိုက်၏။

“ငါတို့တွေက တစ်စုံတစ်ယောက်ကို ကယ်ဖို့ သွားမှာ။ အဖွဲ့မှုးချမ်က တောင်ပေါ်ဓားပြအဖွဲ့ ပြန်ပေးဆွဲတာ ခံလိုက်ရတယ်။ အဲဒီတောင်ပေါ်ဓားပြအဖွဲ့က အတော်လေး ခွန်အားကောင်းပြီး ငါတို့ထက် အားမနည်းဘူး။ ဒါကြောင့် စစ်ဖြစ်ခဲ့မယ် ဆိုရင် မင်းတို့ထဲက တချို့ သေနိုင်တယ်။ မင်းတို့ကို လိုက်ဖို့ ဖိအားပေးမှာ မဟုတ်ဘူး။ လိုက်ဖို့ ဆန္ဒမရှိတဲ့သူ ရှိရင် အခု ထွက်သွားလို့ ရတယ်။ ဒါပေါ့ မြို့ကိုတော့ ပြန်လို့ မရဘူး။ လိုက်မယ် ဆိုရင် အနည်းဆုံးတော့ မင်းတို့ အသက်ရှင်လျက် ပြန်လာတဲ့အခါ အနည်းဆုံး ကောင်းကင်ကျောက်တုံးတစ်သိန်းရမယ်။ လိုက်မလား နေမလား”

ချမ်ဝမ်ကွမ်းနှင့်အတူ ထွက်သွားသည့် ကောင်းကင်ဧကရာဇ် အယောက်၂၀ကျော်က အသက်ရှင်လျက် ပြန်လာသည့် သတင်းမပြန့်သေးပေ။ ထို့အကြောင့် ထိုလူအများစုသည် အတွင်းဇာတ်ကြောင်းကို နားမလည်ပေ။ ကျန်းရီ၏ ဂုဏ်သတင်းကြောင့်သာ သူတို့ ပါလာပြီး သူ့အမိန့်ကို မဆန့်ကျင်ရဲချေ။

ကျန်းရီ ပြောတာကို ကြားသောအခါ လူများစွာက မျက်တောင်များ ခတ်မိသွားပြီး သူတို့ဘာသာ ရေရွတ်ပြောလိုက်၏။

ကျန်းရီ ပြောတာ ရှင်းနေသည်။ သူတို့ ထွက်သွားရန် ရွေးချယ်သည်နှင့် ကောင်းကင်မိုးကြိုးမြို့ထဲ၌ သူတို့အတွက် နေရာမရှိတော့ချေ။ သူတို့ သူ့နောက် လိုက်မည် ဆိုလျှင် သေနိုင်၏။ သို့သော် အသက်ရှင်လျက် ပြန်လာခဲ့လျှင် နောင်ကျ ဆင်းဆင်းရဲရဲ နေထိုင်ရမှာကို စိုးရိမ်စရာ မလိုတော့ချေ။

“အဖွဲ့မှုးကျန်း မင်းနောက် လိုက်မယ်”

“ဒီကာလအတွင်း အဖွဲ့မှုးချမ်က ကျုပ်တို့ကို ကြွယ်ဝလာအောင် ကူညီပေးခဲ့တာ အဖွဲ့မှုးချမ်ကို ဘယ်လိုလုပ် စွန့်ပစ်နိုင်မှာလဲ”

“ကျွန်တော် သွားမယ်”

လူများစွာက မြန်မြန်ဆန်ဆန် ဆုံးဖြတ်လိုက်၏။ ဆိုရလျှင် သူတို့ ကောင်းကင်မိုးကြိုးမြို့မှ ထွက်သွားသည်နှင့် မည်သည့်နေရာတွင် နေထိုင်ရမည်နည်း။ ထိုကာလအတွင်း အားလုံးက ချမ်ဝမ်ကွမ်းနောက် လိုက်ပြီး အတော်အတန် ရိတ်သိမ်းခဲ့ကြကာ တောင်ပေါ်ဓားပြအဖွဲ့များစွာကို ရှင်းထုတ်ခဲ့၏။ သူတို့က ကျန်းရီနှင့် အလုပ်ဆက်လုပ်ချင်တာ သဘာဝကျသည်။

အံကြိတ်လျက် ခုနှစ်ယောက် ရှစ်ယောက်ခန့်က ကျန်းရီကို လက်သီးဆုပ်မိုးလျက် နှုတ်ဆက်လိုက်၏။ သူတို့အားလုံးက ကောင်းကင်မိုးကြိုးမြို့ထဲကနေ ထွက်သွားပြီး ကျန်းရီက သူတို့နောက် မလိုက်ခဲ့ပေ။ လူတိုင်း၌ ကိုယ်ပိုင်ရည်မှန်းချက် ရှိ၏။ သူက သူတို့ကို ဖိအားပေးချင်စိတ် မရှိပေ။

“သွားကြမယ်”

သူက အားလုံးကို ကြည့်ပြီးနောက် လက်ဝေ့ယမ်းလျက် အနောက်မြောက်အရပ်ဆီသို့ ဦးတည် ပျံသန်းသွားသည်။ သူ၏အသံသည် အားလုံး၏ နားစည်ထဲ ပဲ့တင်သံ ထွက်လာ၏။

“အသက်ရှင်လျက် ပြန်လာနိုင်တဲ့သူ ရှိရင် ငွေကြေး၊ ဂုဏ်သရေ၊ ဥစ္စာဓန၊ အဆင့်အတန်း ထည်ဝါမှု အားလုံးကို ကတိပေးတယ်။ ဒါက မင်းတို့အပေါ် ငါ့ရဲ့ကတိပဲ”

...

All Chapters