တောင်တန်းများထဲ စွန့်စား သွားလာခြင်း
Vol. 52 Ch. 718
ကျားဖြူကျွန်းက ကြီးမား၏။ နဂါးဖြူကျွန်းဆွယ်၌ ဒုတိယမြောက်အကြီးဆုံးကျွန်း ဖြစ်သည်။ အဆင့်နိမ့် ကောင်းကင်ဧကရာဇ်များကတောင် ထိုကျွန်းကို ဖြတ်ကျော်ရန် အနည်းဆုံး လဝက်ခန့် အချိန်ယူရန် လိုအပ်သည်။ အမှန်တကယ်တွင် ကျွန်းက နယ်မြေအသေးစားလေးနှင့် မခြားပေ။
ကျွန်းသည် နဂါးဖြူကျွန်းဆွယ်၏ ဒုတိယမြောက် အကြီးမားဆုံး ဖြစ်သည့် ကျားဖြူမြို့လေး သုံးဆယ် ရှိသည်။ ကျွန်း၏ မြေမျက်နှာသွင်ပြင်က အလွန်ရှုပ်ထွေး၏ အများစုက မက်စောက်သော တောင်တန်းဒေသနှင့် နက်ရှိုင်းသော ချောက်များရှိသည်။ ဤကျွန်းက နဂါးဖြူကျွန်းဆွယ်၏ တောင်ဘက်အကျဆုံး အပိုင်းတွင် တည်ရှိပြီး နဂါးပြာကျွန်းဆွယ်နှင့် ဆက်နွယ်နေသောကြောင့် ထိုနေရာက အလွန်ကြီးပွားချမ်းသာသည်။ နဂါးပြာကျွန်းဆွယ်ပေါ်ရှိ လူများက နဂါးဖြူကျွန်းဆွယ်သို့ ဝင်ရောက်ရန်အတွက် ထိုလမ်းအတိုင်း သွားရပေမည်။
ထို့ကြောင့် ကျားဖြူကျွန်း၌ ဓားပြအဖွဲ့ များစွာ ရှိသည်။ အရွယ်အစား အသီးသီးဖြင့် အနည်းဆုံး အဖွဲ့ ၃၀၀ ၄၀၀ ရှိသည်။ တောင်ပေါ်ဓားပြအဖွဲ့၌ အနည်းဆုံး အဖွဲ့ဝင် ၁၀၀၀ ရှိ၏။ ထိုဓားပြအဖွဲ့သည် လူဦးရေ ၁၂ယောက် သို့မဟုတ် လူဦးရေ ရာချီသာ ရှိသည့် ဓားပြအဖွဲ့များက ရေတွက်၍တောင် မရနိုင်ပေ။
တောင်ပေါ်ဓားပြများစွာက တောင်တန်းများ၌ ပုန်းနေပြီး ကျင့်ကြံခြင်း၊ အမဲလိုက်ခြင်း သို့တည်းမဟုတ်၊ ချုံခိုတိုက်ခိုက်တာမျိုး လုပ်လေ့ရှိကြ၏။ ထို့အပြင် သာမန်သိုင်းပညာရှင်များက သူတို့ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ပေ။ သူတို့ သတိမထားမိလျှင် တိုက်ခိုက်ခံရပြီး ထိုတောင်ပေါ်ဓားပြများ သတ်ဖြတ်တာ ခံရလောက်သည်။
ရှန်းစီမျိုးနွယ်၏ မြို့တိုင်းက ပုံရိပ်ယောင် ကျောက်တုံး၏ ခေါ်သည့် ဆန်းကြယ် အသုံးအဆောင်တစ်မျိုးကို ရောင်းချ၏။ ပုံရိပ်ယောင် ကျောက်တုံးကို လူတစ်ယောက်က ပိုင်ဆိုင်သရွေ့ သူတို့သည် မည်သည့်နေရာတွင်မဆို ပုံရိပ်ယောင် အပိုင်းအခြားတစ်ခုကို တည်ဆောက်နိုင်လိမ့်မည်။ ထိုပုံရိပ်ယောင် ကျောက်တုံးသည် မျိုးနွယ်စု ၁၃စုက အထူးတလည် ဖန်တီးထားတာ ဖြစ်ပြီး မြို့ထဲ၌ နေထိုင်ရန် အရည်အချင်း မပြည့်မီသော သိုင်းပညာရှင်များအတွက် ရည်ရွယ်၏။ တောင်ပေါ်ဓားပြအဖွဲ့ အားလုံးနီးပါးက ခွန်အားအလိုက် ပုံရိပ်ယောင် ကျောက်တုံးတစ်တုံး ပိုင်ဆိုင်ထားကြ၏။ သာမန်အခြေအနေတွင် သူတို့က တောင်တန်းဒေသ သို့မဟုတ် ထူးခြားသော နယ်နိမိတ်ထဲ၌ ပုန်းနေကြမှာပဲ ဖြစ်သည်။ တစ်စုံတစ်ယောက် ဖြတ်သန်းသွားသည့် အချိန်ကျမှသာ သူတို့၏ ရက်စက်သော အစွယ်များကို ထုတ်ကြ၏။ ယခုကဲ့သို့ အခါမျိုးတွင် ဖြစ်သည်။
ကျန်းရီနှင့် ကျန်သည့်သူများက ကောင်းကင်ထဲတွင် ပျံသန်းမသွားပေ။ ယင်းက မျက်စိဖမ်းစားနိုင်စွမ်း ရှိလွန်းသောကြောင့် သေတာ ပိုတောင် မြန်နိုင်၏။ ကျွန်းပေါ်၌ နှစ်နာရီကြာ လှည့်ပတ်သွားလာပြီးနောက် လူထောင်ချီက သူတို့တောင်ကြားလေးကို ဖြတ်သည့် အချိန်၌ သူတို့ တစ်ခွန်းမှ မပြောဘဲ ရုတ်တရက် တိုက်ခိုက်လာလေ၏။ တောင်ကြားက အလွန်သေးပြီး ကျန်းရီက ထောက်လှမ်းပြီးသား ဖြစ်သောကြောင့် ဘာမှမှားတာ မတွေ့ခဲ့ပေ။ ထို့ကြောင့် သူက အာရုံမစိုက်ခဲ့မိပေ။ ထိုမျှများပြားသည့် သိုင်းပညာရှင်များ ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
“သတ်..”
ရှန်းစီမျိုးနွယ်၌ အကြောင်းပြချက်အနေဖြင့် ထိုကဲ့သို့အရာ မရှိချေ။ တစ်ဖက်က တိုက်ခိုက်သောကြောင့် ကျန်းရီက ထိန်းထားမှာ မဟုတ်ပေ။ လက်တစ်ချက် အဝေ့ဖြင့် လူ၁၀၅ယောက်သည် အရှိန်အဝါများ ထုတ်ဖော်လျက် ကောင်းကင်ထဲသို့ ပျံတက်သွားကာ နတ်ဘုရားဒိုင်းများ ဖြာထွက်နေလျက် အမျိုးမျိုးသော တိုက်ကွက်များကို ထုတ်ဖော်တော့သည်။
“သန်မာတဲ့လူတစ်စုပဲ နောက်ဆုတ်ကြ”
“ကောင်းကင်ဧကရာဇ်တွေ အများကြီးပဲ မြန်မြန် ထွက်ပြေးကြ”
“သေစမ်း ဒီကောင်းကင်ဧကရာဇ်တွေက သူတို့ အရှိန်အဝါ တည်ရှိမှုကို ထိန်းချုပ်ထားတယ်”
ကျားဖြူကျွန်းပေါ် ဝင်ရောက်ပြီးနောက် ကျန်းရီသည် သူတို့၏အရှိန်နှင့် အရောင်အဝါ တည်ရှိမှုကို လျော့ချခိုင်းထားပြီး တစ်ပါးသူများအဖို့ ကောင်းကင်စိတ်အာရုံ အသုံးပြုချိန်၌ ခပ်ဝေးဝေးကနေ သူတို့၏ အစစ်အမှန် ခွန်အားကို အကဲဖြတ်ရန် ခက်ခဲအောင် လုပ်ထား၏။
တောင်ကြားထဲရှိ ဓားပြများက သိပ်မဆိုးရွားပေ။ သူတို့က ဗာဂျာရာနယ်ပယ်သာ ရှိပြီး ကောင်းကင်ဧကရာဇ်၂၀ကျော် ရှိ၏။ သို့သော် အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ယောက်မျှ မရှိပေ။ ရန်တုံနှင့်ကျန်သည့်သူများက သူတို့၏ အရှိန်အဝါ တည်ရှိမှုကို ဖော်ပြလိုက်သည့် အချိန်၌ လူတိုင်းက ထိတ်လန့်သွားကြပြီး အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကြ၏။
ချီး ချီး..
ဟူး ဟူး..
ထန်း ထန်း..
ရန်တုံ၊ နျိုဝမ်နှင့် ကျန်သည့်သူများက စိတ်အနှောင့်အယှက် မဖြစ်ကြပေ။ ထိုတောင်ပေါ်ဓားပြများသည် သူတို့ကို ဟန့်တားရဲသောကြောင့် သူတို့ နှလုံးသား ဆန္ဒအတိုင်း ဦးစွာ သတ်ဖြတ်ရမည်။ ကောင်းကင်ဧကရာဇ်တစ်ရာကျော်က သူတို့၏ တာအိုပုံစံ တိုက်ကွက်များ၊ အထူးစွမ်းရည်များ၊ အစွမ်းထက်သည့် အသုံးအဆောင်များ ထုတ်လိုက်၏။
ခဏအတွင်း ကောင်းကင်က ရောင်ခြည်များဖြင့် ပြည့်သွားလေပြီး ပေါက်ကွဲသံများ ဆက်တိုက် ပေါ်ထွက်လာကာ ပတ်ဝန်းကျင်လေဟာနယ်ကို တုန်ခါစေလျက် မြေပြင်ပေါ်၌ တွင်းပေါင်းများစွာ ဖြစ်သွားစေ၏။ တောင်ကြားလေးဘေးရှိ တောင်ထွတ်သုံးခုက ပြားပြားဝပ်သွားပြီးနောက် ကျောက်စကျောက်နများက အရပ်မျက်နှာအနှံ့ လွင့်စဉ်သွားကာ မီးခိုးများက ကောင်းကင်ထဲ တက်သွားလေ၏။ တစ်ချက် ကြည့်မိလျှင် ကပ်ဘေးကြုံပြီးနောက် လူသူကင်းမဲ့သွားတာပဲ မြင်ရလိမ့်မည်။
“အား..”
“ကျွန်တော်တို့ အရှင်သခင်တွေ သတ်တာ ရပ်လိုက်ပါတော့ ကျွန်တော်တို့ အညံ့ခံပါတယ် အညံ့ခံပါတယ်”
“အသက်ချမ်းသာပေးပါ အရှင်တို့”
သက်ညှာရန်အတွက် မရေမတွက်နိုင်သည့် တောင်းဆိုမှုများ၊ သနားစဖွယ်အော်သံများ ဒေါသတကြီး ကြုံးဝါးသံများ ရှိနေသော်ငြား ရန်တုံနှင့်ကျန်သည့်သူများသည် သူတို့ကို အမှုမထားဘဲ လူအားလုံးကို အညှာအတာမရှိ ဆက်လက်သတ်ဖြတ်နေလေ၏။
ဓားပြ ၃၀၀၀ ၄၀၀၀ တွင် အင်မတန် ကံကောင်းပြီး ထွက်ပြေးသွားသူက ၇၀၀ ၈၀၀ ရှိသည်။ ကျန်သည့်သူများအားလုံး အသတ်ခံလိုက်ရ၏။ ဤနေရာတစ်ခုလုံး အလောင်းများ တစ်စစီ ဖြစ်နေသော လက်နက်များ သံချပ်ကာများ အသုံးအဆောင်များ ပြန့်ကျဲနေလေ၏။ မြေပြင်ပေါ် သွေးများ ချင်းချင်းရဲနေလျက် သွေးချောင်းစီးကုန်တော့သည်။
ကျန်းရီက တစ်ချိန်လုံး လေထဲတွင် ရပ်နေ၏။ သူက မလှုပ်ရှားပေ။ သူ့မျက်နှာထက်၌ မည်သည့်ခံစားချက်မှ မရှိ။ သူ့လူများကို တိုက်ခိုက်တာ ရပ်တန့်ရန်လည်း အမိန့်မပေး။ သူက သတ်ဖြတ်ရတာကို နှစ်သက်သည့် သူမျိုးမဟုတ်ပေ။ သို့သော် တောင်ပေါ်ဓားပြအဖွဲ့က သူတို့ကို ဟန့်တားရဲသောကြောင့် သူတို့ အသတ်ခံရမှာကို ပြင်ဆင်ထားရမည်။ လေနက်တောင်တန်းဒေသသို့ ယခုအခေါက် ခရီးသည် ရက်စက်သည့် တိုက်ပွဲတစ်ပွဲ ဖြစ်လိမ့်မည်။ လူတိုင်းအတွက် သွေးပူအောင် လုပ်တာက ကောင်းမွန်၏။
“လိုက်တာ ရပ်လိုက်တော့ စစ်မြေပြင်ကို ရှင်းလိုက်.. ရန်တုံ အားလုံးနဲ့ ပစ္စည်းတွေကို ခွဲဝေလိုက်”
ကောင်းကင်ဧကရာဇ်များထဲမှ တစ်ယောက်က လိုက်ရန် ကြိုးစားနေတာကို မြင်သောအခါ ကျန်းရီက လက်တစ်ချက်အဝေ့ဖြင့် အမိန့်ပေးလိုက်၏။
လူတိုင်းက ကျန်းရီ၏စကားကို ကြားသောအခါ ချက်ချင်း ပျော်သွားသည်။ သိုလှောင်လက်စွပ်များစွာ လက်နက်များ သံချပ်ကာများ၊ အသုံးအဆောင်များ ဖျက်ဆီးခံထားရသော်ငြား ထိုလူများ၏ ကြွယ်ဝချမ်းသာမှုက ကြီးမားသည်ဟု သတ်မှတ်၍ ရသည်။ လူတိုင်းက ဝေစုတစ်စု ရမည်ဆိုလျှင် များနေအုံးမှာပဲ ဖြစ်သည်။ ကျန်းရီက ဘာမှမလိုချင်သောကြောင့် သူက ရက်ရောနေရာရောက်၏။
ထင်သည့်အတိုင်းပင် အလောင်းများအားလုံးကို စုဝေးပြီး မီးရှို့ပြီးနောက် ပစ္စည်းများ သိမ်းဆည်းပြီးချိန်၌ ကောင်းကင်ကျောက်တုံးတစ်သန်းနီးပါး ရှာတွေ့လိုက်ပြီး လူတိုင်းက ဝေစု ကြီးကြီးမားမား ရလိုက်၏။
“သွားကြရအောင်”
ကျန်းရီက လက်ဝေ့ယမ်းလိုက်ကာ လူတိုင်းကို ခပ်နိမ့်နိမ့် ပျံသန်းခိုင်းလိုက်၏။ ယခုအခေါက်တွင် သူက မျက်လုံးမှိတ်ထားလျက် မိုးနှင့်မြေတစ်သားတည်း အခြေအနေထဲ ဝင်ရောက်လိုက်သည်။ သူသည် အစောတုန်းက ကောင်းကင်စိတ်အာရုံဖြင့် ရှာဖွေသည့် အချိန်၌ တောင်ကြားထဲရှိလူများကို ရှာမတွေ့ခဲ့ပေ။ သို့သော် မိုးနှင့်မြေတစ်သားတည်း အခြေအနေတွင် သူ၏ ကောင်းကင်စိတ်အာရုံက ပိုမိုတိကျလာပြီး ပတ်ဝန်းကျင်ရှိ အသေးငယ်ဆုံးသော ကြိမ်နှုန်းကိုတောင် ရှာတွေ့နိုင်၏။
“အားလုံး အာရုံစိုက်ကြ”
တစ်နာရီကြာ ပျံသန်းပြီးနောက် ကျန်းရီသည် သူ့မျက်လုံးကို ဖွင့်လိုက်ရာ ဓားသွားကဲ့သို့ မျက်ဝန်းတစ်စုံဖြင့် မှောင်မဲသည့် အသူရာချောက်ကို ကြည့်လျက် လေးနက်သည့် အသံဖြင့် ပြောလိုက်သည်။
“တောင်ကြားထဲမှာ လူ ၄၀၀ ၅၀၀ လောက် ရှိတယ်။ သူတို့ အရှိန်အဝါ တည်ရှိမှုက အစွမ်းထက်တယ်လို့ သတ်မှတ်လို့ မရဘူး။ ကောင်းကင်ဧကရာဇ် ၈ယောက် ရှိတယ်။ တိုက်ပွဲအတွက် ပြင်ဆင်ထား”
“ကောင်းပါပြီ”
ရန်တုံနှင့် ကျန်သည့်သူများ၏ မျက်နှာထက်တွင် ရက်စက်သည့် အပြုံး ပေါ်လာ၏။ သူတို့၏ အရှိန်အဝါ တည်ရှိမှုကို ရုပ်သိမ်းလျက် ဖြည်းဖြည်းချင်း ပျံသန်းသွားသည်။ ထင်သည့်အတိုင်းပင် တောင်ကြားကို ဖြတ်သည့်အချိန်၌ ကောင်းကင်ထဲ လူရာချီ ပေါ်ထွက်လာကာ တိုက်ကွက်ပေါင်းစုံက သူတို့ကို ဦးတည်လာလေ၏။
ဘီး..
လူတိုင်းက တစ်ပြိုင်နက်တည်း သူတို့၏ နတ်ဘုရားဒိုင်းများကို ထုတ်ဖော်လိုက်ရာ ကောင်းကင်၏တစ်ဝက်ကို ရွှေရောင်အလင်းများ လင်းထိန်သွားစေ၏။ လူတိုင်းက အရှိန်အပြည့်ဖြင့် ရှောင်တိမ်းလိုက်ပြီး တိုက်ကွက်အမျိုးမျိုးကို ထုတ်ဖော်လိုက်တော့သည်။ အောက်ရှိ လူများစွာက ထိုသူများ၏ အရှိန်အဝါ တည်ရှိမှုကြောင့် မှင်တက်နေကြသည်။ အစတုန်းက သန်မာသည်ဟု မထင်ရသည့် လူများသည် အဘယ်ကြောင့် ရုတ်တရက်ကြီး ကောင်းကင်ဧကရာဇ်များ ဖြစ်လာရသနည်း။
အစွမ်းထက်သည့် ခွန်အားရှိသည့် ကောင်းကင်ဧကရာဇ်တစ်ရာကျော်သည် အားနည်းသည့် သိုင်းပညာရှင်များအဖြစ် အမှန်တကယ် ဟန်ဆောင်ကာ ငါးစာချခဲ့သည်။ မည်သို့ ဖြစ်ကုန်သနည်း။
“ပြေး..”
သူတို့သည် ကောင်းကင်ဧကရာဇ်များနှင့် ရင်ဆိုင်နေရကြောင်း မြင်တွေ့ပြီးနောက် အားလုံးက စိတ်ပျက်အားငယ်သည့် အမူအရာများ ပေါ်လာ၏။ သို့သော် သူတို့က ထွက်ပြေးရန် ကြိုးစားနေကြသေးသည်။ ထိုဘက်ခြမ်း၌ ကောင်းကင်ဧကရာဇ်တစ်ရာကျော် ရှိတာ သနားစရာကောင်းလှသည်။ သူတို့၏ ရန်သူများက သူတို့ကို ထွက်ပြေးခွင့်ပေးမည် ဆိုလျှင် ကျွမ်းကျင်သူများက သတ်သေရာ ရောက်သွားလိမ့်မည်။
တိုက်ပွဲက လျင်မြန်စွာ အဆုံးသတ်သွား၏။ တစ်ဖက်ရှိ ကောင်းကင်ဧကရာဇ်များအားလုံး အသတ်ခံလိုက်ရပြီး ဗာဂျရာနယ်ပယ်များသည် သတ်ဖြတ်ခံရတော့၏။ ကျန်းရီက မျက်နှာသေဖြင့် လက်ဝေ့ယမ်းကာ ပြောလိုက်တော့သည်။
“စစ်မြေပြင်ကို ရှင်းပြီး တိုက်ပွဲအကြွင်းအကျန်တွေကို ခွဲယူလိုက်ကြ”
“ဟား ဟား..”
ကောင်းကင်ဧကရာဇ်များက ပျော်ရွှင်သွားကြပြီး မူလက လေးလံနေသော စိတ်နှလုံးသည် သာယာပျော်ရွှင်သော စိတ်အခြေအနေသို့ ရောက်ရှိသွား၏။ သူတို့လမ်းတစ်လျှောက် သတ်ဖြတ်သွားပြီး သွားလိုသည့်နေရာကို ရောက်ရှိပြီး ကောင်းကင်မိုးကြိုးမြို့သို့ ပြန်ရောက်သည့် အချိန်၌ ကြွယ်ဝချမ်းသာမှု တိုးလာမည့်ပုံရသည်။
သို့သော် ခရီးစဉ်နောက်ပိုင်း၌ ကံသိပ်မကောင်းတော့ပေ။ သူတို့က နောက်ထပ် တောင်ပေါ်ဓားပြအဖွဲ့များ မကြုံတွေ့ရတော့ချေ။ နာရီအနည်းငယ် ကြာပြီးနောက် ဧရာမတောင်တန်းဒေသဝန်းကျင်သို့ လူတိုင်းရောက်သွားကြသည်။
တောင်တန်းဒေသက ကျောက်နက်များပြည့်နေပြီး တိုင်းတာမရသည့် ချောက်နက်များ၊ ကျောအေးစိမ့်စေသည့် လေများ တိုက်ခတ်နေလေ၏။ သူတို့ အားတောင် မကပ်ရသေးခင် ခပ်ဝေးဝေးကနေ ကြည့်ရုံဖြင့် သွေးများ အေးစက်လာ၏။ ကျန်းရီက မျက်လုံးများ မှေးကျဉ်းလိုက်ကာ သူတို့ကို တောင်ထဲ မဝင်စေချင်ပေ။ ထိုအစားသူက အမိန့်ပေးလိုက်၏။
“အားလုံးပဲ သတိနဲ့နေ။ နေရာကို ထောက်လှမ်းပြီး ငါ့ကို စောင့်နေကြ”
ကျန်းရီက ကောင်းကင်သိမြင်နားလည်ခြင်းကို ထုတ်ဖော်ပြီး မိုင်တစ်သန်း အကျယ်အဝန်းကို ဖြန့်ကျက်ကြည့်ရန် နေ့တစ်ဝက်ခန့် အချိန်ယူလိုက်ရပြီး ကောင်းကင်မှောင်သွားတော့၏။ သူက ကူကယ်ရာမဲ့စွာ မျက်လုံးဖွင့်လိုက်တော့၏။ သူသည် အနီးအနားပတ်ဝန်းကျင်ရှိ လေနက်တောင်တန်းဒေသကို စစ်ဆေးခဲ့ပြီး ဖြစ်၏။ သို့သော် လူတစ်ယောက်မှ ရှာမတွေ့ခဲ့ပေ။ ယင်းက ပုံရိပ်ယောင် အပိုင်းအခြားတစ်ခု ရှိနေတာ သိသာသည်။
“ရန်တုံ..”
သူက ထရပ်ပြီးနောက် အော်ပြောလိုက်၏။
“မင်းတို့အားလုံးကို လေဟာနယ် အသုံးအဆောင်ထဲ ထည့်သွားမယ်။ အထဲကို ဝင်သွားပြီးရင် တိုက်ခိုက်ဖို့အတွက် အချိန်မရွေး အသင့်ပြင်ထား.. လိုအပ်လာရင် မင်းတို့အားလုံးကို ထုတ်ပေးမယ်။ ချက်ချင်း သတ်ကြ..”
“ဟုတ်ကဲ့ အဖွဲ့မှုးကျန်း..”
ရန်တုံက လက်နှစ်ဖက်ဖြင့် အရိုအသေပေးပြီး အမိန့်ကို နာခံလိုက်၏။ လူတိုင်း၏ အမူအရာက သုန်မှုန်သွားစဉ် ဧကရီနန်းတော် ပေါ်လာပြီး ကျန်းရီသည် အားလုံးကို ပစ်ထည့်လိုက်၏။ ဧကရီနန်းတော်က ကြီးမားကာ ထိုလူများ ဝင်သွားပြီးနောက် လူအုပ်ကြီးက ပိုတောင် များလာသည်။
ဝှစ်..
သူသည် ရန်သူကို ရှာမတွေ့နိုင်လျှင် တောင်တန်းဒေသထဲ စွန့်စားသွားလာရတော့မည်။ ကျန်းရီက မိုးနှင့်မြေတစ်သားတည်း အခြေအနေထဲသို့ ဝင်ရောက်ကာ လေနက်တောင်တန်းဒေသထဲသို့ တန်းသွားလိုက်လေ၏။
...