← Chapters

သူ့ကို ဆွဲထုတ်

Vol. 52 Ch. 719

သူ့ကို ဆွဲထုတ်

Vol. 52 Ch. 719

လေနက်တောင်တန်းဒေသက အလွန်ကြီးမားပြီး မိုင်တစ်သိန်းခန့် ကျယ်ဝန်းပေ၏။ ဤနေရာ၌ ချောက်ကမ်းပါး များစွာ ရှိနေပြီး မြေမျက်နှာသွင်ပြင်က ထူးဆန်း၏။ ထို့အပြင် ဤနေရာ၌ အလွန်ထူးခြားသော ကျောက်တုံး တိမ်နက်ကျောက်တုံး ရှိသည်။

တိမ်နက်ကျောက်တုံးက တန်ဖိုးရှိသော ကျောက်တုံးမဟုတ်ပေ။ သို့သော်ငြား အသုံးအဆောင်လက်နက်များ ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းများထဲမှ တစ်ခု ဖြစ်သည်။ ထို့ကြောင့် လေနက်တောင်တန်းဒေသကို သိမ်းပိုက်ထားခြင်းဖြင့် ကောင်းကင်ကျောက်တုံးများကို ရရန် တိမ်နက်ကျောက်တုံးများကို အသုံးပြုနိုင်သည်။ လေနက်တပ်မဟာက ဤတောင်တန်းဒေသကို သိမ်းပိုက်ထားခဲ့သည် ဆိုသောကြောင့် ယင်းက ခွန်အား၏ တင်္ကေသ ဖြစ်နေပြီးသားပင်။

“အင်.. ဒီမှာ မြူတွေလား”

ကျန်းရီသည် လေနက်တောင်တန်းဒေသသို့ ဝင်ရောက်ပြီးနောက် သူက ကောင်းကင်ထဲ မပျံသန်းသွားဘဲ တောင်တန်းဒေသဆီသို့ နီးအောင် ပြေးသွားလေသည်။ သို့သော်ငြား တောင်တန်းဒေသထဲသို့ မိုင်ရာချီခန့် ဝင်ပြီးနောက် ရှေ့၌ မြူတစ်လွှာ ရှေ့၌ ပေါ်လာလေ၏။ သူသည် အစောတုန်းက နေရာကို စစ်ဆေးရန် ကောင်းကင်သိမြင်နားလည်ခြင်းကို ထုတ်ဖော်ခဲ့စဉ်က မည်သည့်မြူဖြူမျှ မတွေ့ခဲ့ပေ။ ယင်းက သူ့ကို အတော်လေး အံ့ဩသွားစေ၏။

“အဆင့်မြင့်ထင်ယောင်ထင်မှား အစီအရင်ကို အသက်သွင်းထားတာလား။ ကြည့်ရတာ လေနက်တပ်မဟာက ငါ ဒီမှာ ရှိနေတာကို သိတဲ့ပုံပဲ”

ကျန်းရီက ၎င်းကို စဉ်းစားလိုက်၏။ ခိုးကြောင်ခိုးဝှက် မသွားရန် ဆုံးဖြတ်လိုက်ပြီး ကောင်းကင်ထဲသို့ ပျံတက်သွားသည်။ ကောင်းကင်ထဲ၌ သူ၏ခန္ဓာကိုယ်ပေါ်တွင် မီးတိမ်သံချပ်ကာ‌ ပေါ်လာပြီး သူက ပတ်ဝန်းကျင်ကို စစ်ဆေးရန် မိုးနှင့်မြေ တစ်သားတည်း အခြေအနေကို အသုံးပြုခဲ့၏။ ပြီးနောက် သူ၏အရှိန်ကို အဆပေါင်းများစွာ မြင့်တင်ကာ တောင်တန်းဒေသထဲသို့ မြင့်တင်သွားတော့၏။

ဝှစ်..

သူ၏အရှိန်ကို မြင့်တင်ပြီးနောက် သူသည် မြူဖြူကို ဖြတ်ကျော်ပြီး အနီရောင်လျှပ်စီးလုံးကို ဆွဲလိုက်သည်။ တောင်တန်းဒေသ၏ နက်ရှိုင်းသည့် အပိုင်းထဲသို့ သွားရန် ဆယ်မိနစ် အချိန်မယူလိုက်ရပေ။

သူက အတွင်းသို့ ရောက်လေ မြူများက သိပ်သည်းလာလေ ဖြစ်ပြီး ကျန်းရီက လေထဲတွင် ရပ်တန့်လိုက်၏။ သူသည် လေနက်တပ်မဟာ၏ တည်နေရာကို သတိမပြုမိလိုက်ပေ။ သို့သော် သတ်ဖြတ်ခြင်း အရှိန်အဝါသဲ့သဲ့ကို ခံစားမိ၏။ သူက မိုးနှင့်မြေတစ်သားတည်း အခြေအနေတွင် ရှိမနေခဲ့လျှင် ၎င်းကို ဘယ်တော့မှ ခံစားမိမှာ မဟုတ်ပေ။ ဤအခြေအနေ၌ သူ၏အာရုံခံမှုသည် ဆယ်ဆသို့မဟုတ် အဆတစ်ရာပိုတောင် သိလွယ်နေပြီး အနီးအနားပတ်ဝန်းကျင်ထဲ၌ သူ၏ရှာဖွေမှုမှ မည်သည့်အရာကမှ လွတ်မြောက်နိုင်မှာ မဟုတ်ပေ။

“ကျုပ်က ကောင်းကင်မိုးကြိုးမြို့ရဲ့ တစ်ကိုယ်တော် ဝံပုလွေပဲ မင်းတို့ရဲ့ တောင်းဆိုချက်အတိုင်း ကျုပ် ဒီကို ရောက်လာပြီ”

သူက မိုးနှင့်မြေ တစ်သားတည်း အခြေအနေမှ ထွက်လာပြီးနောက် လျှပ်ပြတ်သော အရှိန်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ ပြီးနောက် လေးလံသောအသံဖြင့် အော်ပြောလိုက်သည်။

“လေနက်တပ်မဟာ ခေါင်းဆောင်.. ကျေးဇူးပြုပြီး ကျုပ်ကို တွေ့ဖို့ ထွက်လာခဲ့ပါ..”

သူ၏အသံက မကျယ်ပေ။ ညင်သာ၏။ သို့သော် ပတ်ဝန်းကျင်၌ တိတ်ဆိတ်မှုမှအပ အခြားသောအရာမရှိသောကြောင့် သူ၏အသံသည် အလွန်ဝေးဝေးထိ ရောက်သွားပြီး မြင့်မားသော တောင်တန်းများဆီမှ ပဲ့တင်သံ ရိုက်ခတ်လာလေ၏။

ချီး ချီး..

အောက်ကနေ အဖြူရောင်အလင်းတစ်ခု လင်းထိန်လာပြီးနောက် အဖြူရောင်မြူများက ရုတ်တရက် သိသိသာသာ လျော့သွား၏။ သူက ပတ်ဝန်းကျင်ကနေ လေခွင်းသည့်အသံများကို ကြားရပြီး ကျန်းရီ၏ မျက်လုံးက ကျောစိမ့်ဖွယ် အလင်းများ ပေါ်ထွက်လာပြီးနောက် သူ၏ နှုတ်ခမ်းထောင့်၌ အေးစက်သည့် အရိပ်အယောင် ထုတ်ပြလာ၏။ သူက ပတ်ဝန်းကျင်ကို ကြည့်စရာတောင် မလိုပေ။ အနည်းဆုံးတော့ အဖြူရောင်မြူထဲကနေ သိုင်းပညာရှင်ထောင်ချီ ထွက်ပေါ်လာပြီး သူ အဝိုင်းခံထားရပြီဖြစ်ကြောင်း သူ သိနေ၏။

“ဟား ဟား ဟား”

အောက်ကနေ ရယ်သံကို ကြားလိုက်ရ၏။ သိုင်းပညာရှင်ရာချီက ရှေ့သို့ တက်လာသည်။ လူရာချီနှင့်အတူ ပျံသန်းလာသည့် အနက်ရောင်သံချပ်ကာကို ဝတ်ထားသော ကောင်းကင်ဧကရာဇ်တစ်ဦး ဖြစ်၏။

အဖြူရောင်မြူများကို ကြည့်လျက် ကျန်းရီက ရယ်မောနေသည့် အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ဦးကို ကြည့်လိုက်သည်။ သူ၏တစ်ကိုယ်လုံးက အနက်ရောင်သံချပ်ကာဖြင့် ကာထားပြီး သူ၏ခေါင်းကတောင် မျက်ဝန်းတစ်စုံသာ မြင်နိုင်သည့် ခေါင်းဆောင်းဆောင်းထား၏။ ထိုမျက်ဝန်းများက ကြမ်းတမ်းပြီး ဆန်းကြယ်ကာ တစ်စုံတစ်ယောက်၏ အမြင်အာရုံကို ဆွဲဆောင်နိုင်ပြီး သူ၏မျက်လုံးအတွင်း ၎င်းတို့ကို ချုပ်နှောင်ထားနိုင်စွမ်း ရှိပေ၏။

“အမ်.. သူက တကယ်ကြီး စိတ်ဝိညာဉ်ကျင့်ကြံသူလား”

ကျန်းရီက သတိအနေအထား ဖြစ်သွား၏။ ထိုသူ၏ စိတ်ဝိညာဉ်အလွန်အစွမ်းထက်ပြီး သူ၏မျက်လုံးက သင့်ကို ထင်ယောင်ထင်မှား အပိုင်းအခြားအချို့ထဲ ကျရောက်သွားစေနိုင်၏။ ကံကောင်းသည်မှာ ကျန်းရီ၏စိတ်ဝိညာဉ်က အားမနည်းပေ။ မဟုတ်လျှင် မည်ကဲ့သို့ သေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် သူက ချက်ချင်း သတိဝင်ပုံမပြပေ။ အခြေအနေကို ထိန်းသိမ်းထား၏။ အကြောင်းမှာ သူ၏အမြင်အာရုံလည်း ဆွဲဆောင်ခံရသေးသောကြောင့် ဖြစ်၏။ သူက အသက်ဆယ်ရှိုက်စာခန့် အချိန်စောင့်ပြီးမှ ထိတ်လန့်နေရာမှ နိုးထလာချင်ယောင်ဆောင်ပြီး တုန်လှုပ်ခြောက်ခြားသည့် အမူအရာ ထုတ်ပြလိုက်သည်။

“ဟား ဟား ဟား”

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်ကျွမ်းကျင်သူက ပိုတောင် ကျယ်လောင်စွာ ရယ်မောလျက် သူ၏မျက်ဝန်းတစ်စုံက ကျန်းရီကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“ကျုပ်က လေနက်တပ်မဟာရဲ့ခေါင်းဆောင် ကွေ့ရင်ပဲ။ တစ်ကိုယ်တော် ဝံပုလွေ မင်းရောက်လာတာ အတော်မြန်သားပဲ ဟမ် မင်းနဲ့အတူ ကောင်းကင်ကျောက်တုံး သန်းတစ်ရာကို ယူလာခဲ့လား”

ကျန်းရီ၏ အမူအရာက သူ၏ သတိအနေအထားကို ပြန်ထိန်းလိုက်သည့်ပုံပေါ်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်လေ၏။

“ကွေ့ရင် ကျုပ်က ကောင်းကင်မိုးကြိုးမြို့ထဲမှာ နေထိုင်ဖို့အတွက် ကြိုးစားနေတဲ့ အသေးအမွှားလူလေးတစ်ယောက်ပဲ။ နှစ်တိုင်းနှစ်တိုင်း ကောင်းကင်ကျောက်တုံးသန်းချီရတယ်။ ခင်ဗျားကျုပ်ကို အပိုင်းပိုင်း စုတ်ဖြဲလိုက်မယ် ဆိုရင်တောင် ကောင်းကင်ကျောက်တုံးသန်းတစ်ရာ ပေးနိုင်မှာ မဟုတ်ဘူး”

“ဟား ဟား..”

ကွေ့ရင်က နှာခေါင်းရှုံ့ပြီး ပြောလိုက်လေ၏။

“တစ်ကိုယ်တော်ဝံပုလွေ လူမွဲတစ်ယောက်လို ယောင်ဆောင်မနေနဲ့ မင်း ဘာတွေ လုပ်နေလဲ ဆိုတာ ငါမသိဘူးလို့ မင်းထင်နေတာလား။ အဲဒီဖက်တီးကို ငါ ပြန်ပေးဆွဲတယ် ဆိုမှတော့ မင်းအကြောင်း အသေးစိတ် အချက်အလက်တိုင်းကို စုံစမ်းပြီးပြီပေါ့။ အဓိပ္ပာယ်မရှိတာတွေလျော့။ မင်းမှာ ကောင်းကင်ကျောက်တုံးမရှိရင် ငါဓားစာခံကို သတ်ရမှာပဲ။ အင်း.. တကယ်တော့ မင်းကိုယ်ပေါ်က သံချပ်ကာက ကြည့်ကောင်းသားပဲ။ ငါ့အတွက် ချွတ်ပေးလေ။ မင်းကို ကောင်းကင်ကျောက်တုံးဆယ်သန်း လျော့ပေးနိုင်တယ်”

မျက်စိကန်းနေသူ မဟုတ်သရွေ့ မီးတိမ်သံချပ်ကာက ထူးကဲကြောင်း သူတို့ မြင်နိုင်ပေမည်။ ကွေ့ရင်က ကျန်းရီ၏ အတုအယောင် နတ်ဘုရားအသုံးအဆောင်ကို ရလိုလျက် အကောက်ကြံနေတာ သေချာ၏။ သို့သော် သူက အားသုံးပြီး လုယူရန် မကြိုးစားခဲ့ပေ။ သူက ကောင်းကင်ကျောက်တုံး သန်းတစ်ရာကို ရရှိပြီးမှ ၎င်းကို တွေးမှာ ဖြစ်နိုင်သည်။ ဆိုရလျှင် ကျန်းရီသည် ကောင်းကင်မိုးကြိုးမြို့ကို တစ်သားတည်း ဖြစ်အောင် ပေါင်းစည်းနိုင်ခဲ့ပြီး သူ့ခွန်အားကို သွင်ပြင်ကနေ မဆုံးဖြတ်နိုင်။ သူနှင့်အတူ ခေါ်လာသည့် ကောင်းကင်ဧကရာဇ် ၁၀၅ယောက်ကိုလည်း မထုတ်ဖော်ရသေးပေ။

ကျန်းရီက ဘာမှဆက်မပြောတော့ဘဲ ထောက်လှမ်းရန်အတွက် မျက်လုံးမှိတ်လိုက်တော့၏။ သူ၏ပြိုင်ဘက်က ချက်ချင်း မတိုက်ခိုက်ချင်သေးသောကြောင့် သူကလည်း အလျင်မလိုဘဲ အခြေအနေကို ရှင်းလင်းအောင် ဦးစွာ ကြည့်ရပေမည်။

တကယ်ကြီး ကောင်းကင်ဧကရာဇ်တစ်ရာကျော်တာပဲ အနည်းဆုံး ၁၅၀ ရှိတယ်။ အမ် ငါးယောက်က အလယ်အဆင့် ကောင်းကင်ဧကရာဇ်တွေ၊ ဘယ်ဘက်ခြမ်းက တစ်ယောက် ပြီးတော့ ဒီကွေ့ရင်က အဖွဲ့မှုးလန်ထက် အားမနည်းတဲ့ အရှိန်အဝါ ရှိတယ်။ လုဖင်းရဲ့ အချက်အလက်က မှန်ကန်နေတဲ့ပုံပဲ။

အရာအားလုံးကို ဂရုတစိုက် အာရုံခံပြီးနောက် ကျန်းရီသည် အနီးအနားအဖြူရောင်မြူထဲ၌ ချုံခိုတိုက်ခိုက်ရန် စောင့်နေသည့်လူ တစ်သောင်းကျော် ရှိကြောင်း သဘောပေါက်သွား၏။ အားလုံးကို ကောင်းကင်ဧကရာဇ်များက ဦးဆောင်ပြီး လေထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေကာ သူတို့လက်နက်များကို အသင့်ပြင်ထားပြီး တင်းမာသော အမူအရာ ရှိနေလေ၏။ သူတို့က အချိန်မရွေး ရှေ့တိုးလာပြီး တိုက်ခိုက်ရန် အသင့်ပြင်ကာ သူ့ကို စုတ်ဖြဲပစ်ကြမှာပဲ ဖြစ်သည်။

“ကွေ့ရင်..”

သူက မျက်လုံးဖွင့်ပြီးနောက် အော်ပြောလိုက်၏။

“ဓားစာခံ ဘယ်မှာလဲ”

ကွေ့ရင်က ဘာမှမလုပ်ဘဲ သူ့ကို ပြန်မေးလိုက်သည်။

“ငါ့ရဲ့ကောင်းကင်ကျောက်တုံးတွေ ဘယ်မှာလဲ”

“ဓားစာခံကို တွေ့တဲ့အချိန် ကောင်းကင်ကျောက်တုံး မြင်ရမှာပေါ့”

ကျန်းရီသည် အပိုစကား မပြောချင်တော့ပေ။ ကွေ့ရင်က သူ့ကို ကောင်းကောင်းသိနေသည် ဆိုသောကြောင့် ညှိနှိုင်းရန်အတွက်တောင် မလိုပေ။ သူက ချမ်ဝမ်ကွမ်း ဘေးကင်းစွာ ပြန်ရောက်လာရန်အတွက် ကောင်းကင်ကျောက်တုံး သန်းတစ်ရာကို အသုံးပြုနိုင်ပါက တွေဝေနေမှာတောင် မဟုတ်ချေ။

“ဓားစာခံကို ဒီခေါ်လာခဲ့”

ကွေ့ရင်က လက်ဝှေ့ယမ်းပြလိုက်ရာ သိုင်းပညာရှင် ရာချီက ပျံသန်းလာပြီး သူ့အရှေ့သို့ ချမ်ဝမ်ကွမ်းကို ခေါ်လာလေ၏။ ဖက်တီးက အနိုင်ကျင့်မခံထားရပေ။ သူ့ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာလည်း မတွေ့ရ။ သူက မလှုပ်ရှားနိုင်ရုံသာ ဖြစ်ပြီး ကောင်းကင်ဧကရာဇ်နှစ်ယောက် ထိန်းချုပ်တာ ခံနေရ၏။

“ခေါင်းဆောင်..”

ချမ်ဝမ်ကွမ်းသည် ခပ်ဝေးဝေးကနေ အော်လိုက်၏။ သူ၏ခံစားချက်များက စိတ်ခံစားချက်များဖြင့် ဆို့နစ်နေပုံပေါ်သည်။ သို့သော် သူက အမြန်စိတ်တည်ငြိမ်သွားပြီးနောက် အသံပို့လိုက်သည်။

“ခေါင်းဆောင် ကျွန်တော့်အကြောင်း ဂရုမစိုက်နဲ့ ဒီကိစ္စက သိပ်ထူးဆန်းတယ်။ ကောင်းကင်ကျောက်တုံးတွေက ဒီဆာလောင်နေတဲ့ ဝံပုလွေတစ်အုပ်အတွက် လုံလောက်မှာ မဟုတ်ဘူး။ သူတို့နောက်ကွယ်က ကြိုးကိုင်တဲ့သူက လုတိပဲ။ အခု ထွက်မပြေးရင် ဒီနေရာကို လဲကျသွားလိမ့်မယ်။ မြန်မြန်သွားတော့..”

ကျန်းရီက မျက်ခုံးပင့်ပြီး အေးစက်စက် အသံဖြင့် အသံပို့လိုက်လေ၏။

“ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ မင်းကို ငါ ဂရုမစိုက်ရင် ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ”

သူက ချမ်ဝမ်ကွမ်းကို လျစ်လျူရှုထားလျက် ကွေ့ရင်ကို ကြည့်ကာ ပြောလိုက်သည်။

“ကွေ့ရင် ဓားစာခံကို အရင်ဆုံး လွှတ်လိုက် ငါ ကောင်းကင်ကျောက်တုံးတွေ ရှိပြီးသား။ မင်းတို့လူတွေ ဒီနားမှာ အဲလောက်များနေတာ။ ငါလည်း မလွှတ်မြောက်နိုင်ဘူး”

“ဟား ဟား ဟား”

ကွေ့ရင်က လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်တော့၏။

“တစ်ကိုယ်တော်ဝံပုလွေ ငါ့ကို သုံးနှစ်သားများ အောက်မေ့နေလား။ ကောင်းကင်ကျောက်တုံးတစ်တုံးလျော့တာနဲ့ ငါ ဓားစားခံကို လွှတ်ပေးမှာ မဟုတ်ဘူး။ အဓိပ္ပာယ်မရှိတာတွေ တော်လောက်ပြီ။ မင်း ကောင်းကင်ကျောက်တုံးတွေ လွဲမပေးဘူးဆိုရင် မင်းရဲ့ညီအစ်ကိုလေးက မင်းအရှေ့မှာပဲ သေရမယ်”

ကျန်းရီက ပြန်မေးလိုက်၏။

“ကွေ့ရင် ငါကလည်း သုံးနှစ်သား မဟုတ်ဘူး။ ကောင်းကင်ကျောက်တုံး မင်းဆီ လွဲပေးပြီးတဲ့နောက် ဓားစာခံကို မင်း မလွတ်ပေးပဲ ငါ့ကို သတ်တောင်သတ်နိုင်တယ် မဟုတ်လား။ ငါမင်းကို ဘယ်လိုလုပ် ယုံရမှာလဲ”

ကွေ့ရင်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး နှာခေါင်းရှုံ့လိုက်လေ၏။

“အဲဒါကို မင်း ဘာမှမလုပ်နိုင်ဘူးလေ။ မင်း ငါ့ကို ယုံရုံပဲ ရှိတယ်။ ရွေးချယ်စရာ မရှိဘူး”

ကျန်းရီက တိတ်ဆိတ်နေလျက် ခဏတာ စဉ်းစားကာ အံကြိတ်ပြီး ပြောလိုက်တော့၏။

“ဒီလိုလုပ်ရအောင် အရင်ဆုံးမင်းကို ကောင်းကင်ကျောက်တုံးသန်းငါးဆယ်ပေးမယ် ဓားစာခံကို လွှတ်ပေးပြီးတာနဲ့ ကျန်တာတွေ ပေးမယ်”

“သန်း၈၀ တစ်တုံးတောင် မလျော့စေရဘူး”

ကွေ့ရင်က တန်ကြေးကို တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ညှိနှိုင်းလိုက်ပြီးနောက် သူ၏မျက်လုံးက အေးစက်သွား၏။ သူက ကျန်းရီနှင့် စကားဆက်မများချင်တော့ပေ။

“ဟုတ်ပြီလေ..”

ကျန်းရီ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်က ဖျတ်ခနဲ လင်းလာပြီးနောက် သူက ရှေးဟောင်းသိုလှောင်လက်စွပ်ရှစ်ကွင်းကို ထုတ်ကာ ကွေ့ရင်အား လက်ဝှေ့ယမ်းလျက် ပစ်ပေးလိုက်၏။

“ရှေးဟောင်းသိုလှောင်လက်စွပ်တိုင်းမှာ ကောင်းကင်ကျောက်တုံး ဆယ်သန်းစီ ရှိကြတယ်။ စုစုပေါင်း သန်းရှစ်ဆယ်ပဲ”

ကွေ့ရင်က ၎င်းတို့ကို လက်တစ်ဖက်ဖြင့် ဖမ်းပြီး အတွင်းကို သူ၏ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ ကောင်းကင်ကျောက်တုံးအရေအတွက် မှန်ကန်ကြောင်း အတည်ပြုပြီးနောက် သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်တော့သည်။

“ကောင်းပြီ သူ့ကို လွှတ်လိုက်”

ကောင်းကင်ဧကရာဇ်နှစ်ယောက်က သူတို့ ဆုပ်ကိုင်ထားမှုကို လျော့ပေးလိုက်သည်။ ချမ်ဝမ်ကွမ်းက လွှတ်လပ်သွားသည်နှင့် ကျန်းရီဆီသို့ အမြန်ဆုံး အရှိန်ဖြင့် ပြေးသွားသည်။ ကျန်းရီ၏ မျက်လုံးက လက်သွားပြီး စိတ်အေးလက်အေး ရှိနေလေ၏။ ချမ်ဝမ်ကွမ်း ဘေးကင်းစွာ ပြန်လာနိုင်သရွေ့ ကောင်းကင်ကျောက်တုံး သန်းတစ်ရာက များသည်ဟု သတ်မှတ်၍ မရပေ။ သူတို့က မိုးကြိုးကျောက်တုံးများ ပိုမိုရောင်းချခြင်းဖြင့် ၎င်းတို့ကို ရရှိရန် နည်းလမ်းတစ်ခု စဉ်းစားရုံသာ ရှိသည်။

သို့သော် ချမ်ဝမ်ကွမ်း ပျံသန်းသွားစဉ် ကွေ့ရင်၏ မျက်လုံး၌ အလင်းရောင်ကြီးနှစ်ခု ဖျတ်ခနဲ ပေါ်လာပြီး ချမ်ဝမ်ကွမ်းကို ပစ်လိုက်၏။ ပြီးနောက် သူက တစ်ပြိုင်နက်တည်း အော်ဟစ်ပြောဆိုလိုက်သည်။

“ညီအစ်ကိုတို့ သူ့ကို ဆွဲထုတ်သွား..”

...

All Chapters