← Chapters

တိုက်ပွဲကို တစ်ကိုယ်တည်း တိုက်ခိုက်ခြင်း

Vol. 52 Ch. 721

တိုက်ပွဲကို တစ်ကိုယ်တည်း တိုက်ခိုက်ခြင်း

Vol. 52 Ch. 721

ဖုန်း ဖုန်း ဖုန်း..

မရေမတွက်နိုင်သည့် အလင်းစီးကြောင်းများသည် စကြဝဠာထဲမှ ကျဆင်းလာသည့်ပမာ ဆင်းသက်လာလေ၏။ သူတို့အားလုံးက တောင်ကြား၏အောက်ခြေ၌ ဥက္ကာခဲများပမာ ဝင်တိုးလာပြီး အထူးသဖြင့် ကျန်းရီနှင့် လေနက်တပ်မဟာ၏ အဖွဲ့ချုပ်ကြားနေရာကို ဖြစ်ကာ အမျိုးမျိုးသော တိုက်ခိုက်မှုများကြောင့် အပြည့်အဝ လွှမ်းခြုံခံလိုက်ရ၏။ တိုက်ခိုက်မှုများစွာသည် အဆောက်အဦးများအပေါ် ကျရောက်သွားမည်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ အဆင့်နိမ့်ဗာဂျရာနယ်ပယ် သိုင်းပညာရှင်အချို့က အပိုင်းပိုင်းအစစ ဖြစ်ကုန်ပြီး ဖရိုဖရဲ ဖြစ်ပြီး ကပ်ဘေးသာ ကျန်ရစ်ခဲ့၏။

“သေစမ်း..”

ကျန်းရီက ရင်ထဲတွင် ကျိန်ဆဲလိုက်၏။ တစ်ဖက်လူက သူ့ကို သတ်ချင်လွန်းသောကြောင့် သူ့လူများကိုတောင် သတ်ခဲ့သည်။ ထို့အတွက် ဝင်တိုးတာက အဓိပ္ပာယ်မရှိတော့ပေ။ ထိုကဲ့သို့ တိုက်ခိုက်သည့် အရေအတွက်အောက်၌ အဓမ္မဝင်တိုးခြင်းက သေရုံသာ ရှိမည်။

“မြေအောက်..”

ကျန်းရီ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူ့၌ နောက်ထပ်အကြံပေါ်လာလေ၏။ သူသည် ရန်သူ၏ တိုက်ခိုက်မှုများကို မျက်နှာပြင်၌ ပိတ်ဆို့နိုင်မည် ဆိုလျှင် သူက မြေအောက် ကီလိုမီတာ သုံးထောင်ထဲ သွားရန် လိုအပ်၏။ ယင်းက သူ့အတွက် ဖိအားများစွာ လျော့ချပေးနိုင်သည်။

ချီး ချီး..

ကျန်းရီက သူ၏မီးနဂါးဓားကို ဝေ့ယမ်းလိုက်စဉ် သူက မြေကြီးထဲသို့ ကြမ်းတမ်းသော နဂါးတစ်ကောင်ပမာ ဆင်းသက်သွား၏။ မြေအောက်ထဲသို့ ရောက်သွားပြီးနောက် မရေမတွက်နိုင်သည့် ပုံရိပ်များက ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ကွေ့ရင်ကလည်း အော်ပြောလိုက်၏။

“လိုက်ကြ.. အဲဒီကောင်က ကောင်းကင်ကျောက်တုံး ဆယ်သန်းလောက် ထုတ်ပေးနိုင်တာ ဆိုတော့ သူ့မှာ ကောင်းကင်ကျောက်တုံးတွေနဲ့ ရတနာတွေ ပိုတောင်ရှိနေမှာပဲ သူ့ကို သတ်နိုင်တဲ့သူ ဘယ်သူမဆို ဆုရရှိမယ်”

တိုက်ပွဲက ဤအခြေအနေအထိ ရောက်နေပြီးသား ဖြစ်သည်။ ကွေ့ရင်က ဘာမှမပြောလျှင်တောင် ကောင်းကင်ဧကရာဇ်များက ကျန်းရီကို ဖယ်ရှားရန် အကောင်းဆုံး ကြိုးစားအုံးမှာပဲ ဖြစ်သည်။ ဆိုရလျှင် သူတို့၏လူများစွာ ပျောက်ကွယ်သွားပြီး သူတို့အဖွဲ့ချုပ်၏ အဆောက်အဦးများစွာက ဖျက်ဆီးခံခဲ့ရ၏။ သူတို့က ကျန်းရီကို မသတ်လျှင် သူတို့ရင်ထဲရှိ မုန်းတီးမှုကို ဖောက်ခွဲပစ်ရန် ခက်ခဲလိမ့်မည်။ မရေမတွက်နိုင်သည့် ကောင်းကင်ဧကရာဇ်များသည် မြေအောက်ထဲသို့ ဦးတည်သွားကာ သူတို့၏လက်နက်များ ချွန်ထက်သော လက်သည်းများကို သုံးလျက် ရွှံ့များကို အမှုန်များဖြစ်အောင် ပြောင်းစေပြီး ကျန်းရီနောက်သို့ တစ်ဟုန်ထိုး လိုက်ကြ၏။

“အား..”

မြေထဲသို့ ဝင်ခါစ ကောင်းကင်ဧကရာဇ်အချို့က သူတို့ခေါင်းကို ရုတ်တရက် ကိုင်ပြီး လှိမ့်ကုန်၏။ သူတို့ခန္ဓာကိုယ်သည် ပြင်းပြသည့် နာကျင်မှုကြောင့် တုန်ယင်နေတော့သည်။

ကွေ့ရင်၏ ကောင်းကင်စိတ်အာရုံက ထိုနေရာသို့ ရောက်သွားပြီး သူက ခဏတာ တုန်ရင်နေကာ သူက ခဏတာ အမြန်တုံ့ပြန်လိုက်၏။ သူက အော်ဟစ်ပြောဆိုလိုက်တော့သည်။

“တစ်ကိုယ်တော်ဝံပုလွေကို ရှာဖို့အတွက် မင်းတို့ရဲ့ ကောင်းကင်စိတ်အာရုံကို မသုံးနဲ့။ သူ့ခန္ဓာကိုယ်ရဲ့ မိုးကြိုးမီးက မိုးကြိုးသွားရှိတယ်။ ဒါက ကောင်းကင်စိတ်အာရုံကို ဖယ်ရှားပစ်နိုင်တာ”

ကျန်းရီသည် အစောတုန်းက လေထဲတွင် ရှိစဉ် အဖြူရောင်မြူများဖြင့် လွှမ်းမိုးခံထားရသောကြောင့် ဖြစ်ဟန်တူသည်။ ထိုအဖြူရောင်မြူများက လေနက်တပ်မဟာ၏ အဖွဲ့ဝင်များအပေါ် မည်သည့်သက်ရောက်မှုမှ မရှိစေပေ။ ထို့ကြောင့် လူတိုင်းက သူတို့ ကောင်းကင်စိတ်အာရုံကို အသုံးမပြုဘဲ ကျန်းရီကို အလွယ်တကူ ရှာနိုင်၏။ ယခုမူ မတူတော့ပေ။ ကျန်းရီက မြေကြီးထဲတွင် ရှိနေပြီး လူတိုင်းက သူ့ကို မမြင်နိုင်ချေ။ သူတို့ထဲမှ အချို့က ထောက်လှမ်းရန်အတွက် ကောင်းကင်စိတ်အာရုံကို အလိုလို အသုံးမိကြပြီး ကံဆိုးမိုးမှောင်ကျမှုဖြင့် အဆုံးသတ်သွားလေ၏။

ချီး ချီး..

ကံကောင်းသည်မှာ အများစုက ကျွမ်းကျင်သူများ ဖြစ်ကြပြီး စစ်ဆေးရန်အတွက် ကောင်းကင်စိတ်အာရုံကို အသုံးပြုရန် မလိုအပ်ချေ။ သူတို့က ကျန်းရီ ရှိနေသည့် နေရာကို အလွယ်တကူ ရှာတွေ့နိုင်ရန် မြေဆီလွှာများဆီမှ တုန်နှုန်း သို့မဟုတ် မြင့်မားသော အပူချိန်ကို အာရုံခံနိုင်ပေ၏။ လူများစွာက မြေကြီးထဲသို့ တစ်ဟုန်ထိုး တိုးသွားကြပြီး ကျန်းရီနောက်သို့  ချွန်ထက်သော ဓားများပမာ လိုက်နေ၏။ ကျန်းရီ၏ အရှိန်က နှေးလွန်းနေသည်။ ထို့အပြင် လူတိုင်းက သူ့ကို လိုက်မီနိုင်မည် ဖြစ်ကာ သူတို့က သူ့ကို ထပ်မံဝိုင်းနိုင်ပြီး သူတို့ တိုက်ခိုက်မှုများဖြင့် သူ့ကို နွမ်းနယ်အောင် လုပ်နိုင်ပေလိမ့်မည်။

အသက်ရှုစာ အနည်းငယ်အတွင်း အများစုက ကျန်းရီကို ဖမ်းမိသွားပြီဖြစ်သည်။ အင်မတန် သေစေနိုင်လောက်သည့် တိုက်ခိုက်မှုတစ်ဒါဇင်ဖြင့် ကျန်းရီကို အရပ်မျက်နှာ အနှံ့ကနေ တိုက်ခိုက်ကြကာ ဧရာမဥမင်ဖုန်လုံးကြီးများကို ချန်ထားရစ်ခဲ့၏။

“သူတို့ ဒီမှာပဲ”

တစ်ဖက်က ထောက်လှမ်းရန်အတွက် ကောင်းကင်စိတ်အာရုံကို အသုံးမပြုရဲချေ။ သို့သော် ကျန်းရီကမူ ကြောက်လန့်မှုမရှိ။ ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်ကာ တိုက်ခိုက်မှု လားရာကို အလွယ်တကူ ဆုံးဖြတ်နိုင်၏။ မြေအောက်ထဲသို့ ရောက်သည့် အချိန်၌ သူက ဖိအားတွေ့ကြုံရတာ နည်းသွားသော်ငြား ယင်းက ယာယီသာ ဖြစ်သည်။ ရန်သူ များက မြန်ဆန်လွန်းနေ၏။ ထပ်မံ အဝိုင်းခံရဖို့က များသည်။

“ဟူး.. ဒီအတိုင်း ဆက်ဖြစ်နေမယ် ဆိုရင် ငါ သေမှာ သေချာတယ်။ ရန်တုံနဲ့ တခြားသူတွေကို ထုတ်ဖို့အပြင် ရွေးချယ်စရာ မရှိဘူး”

တိုက်ခိုက်မှုများစွာကို တောင့်ခံပြီးနောက် ကျန်းရီသည် ပိုကောင်းသည့် နည်းလမ်းကို ရှာမတွေ့နိုင်ခဲ့ချေ။ အဝိုင်းခံရမည် ဆိုလျှင် သူက တိုက်ခိုက်ဖို့ အားလုံးကို ခေါ်ထုတ်ရမည်။ သူ သေသွားမည် ဆိုလျှင် ရန်တုံနှင့် ကျန်သည့်သူများက ဧကရီနန်းတော်ထဲ ပိတ်သွားမည် ဖြစ်သည်။ ဧကရီနန်းတော်က ကွေ့ရင်၏ လက်ထဲ ကျရောက်သွားသည့် အချိန် ၎င်းကို သူ ပြန်လည်သန့်စင်ပြီးနောက် သူ့အဖို့ ရန်တုံတို့ကို ပရွတ်ဆိတ်ပမာ ချေမှုန်းဖို့က မဖြစ်နိုင်တာ မဟုတ်ချေ။

သူ၏ မီးနဂါးဓားကို ကြမ်းတမ်းစွာ လွဲယမ်းလိုက်ရာ မရေမတွက်နိုင်သည့် ဓားက ပေါင်းစည်းစွမ်းရည်နှယ် လိုက်ပါလာပြီး ပတ်ဝန်းကျင် အပူချိန်ကို အဆပေါင်းများစွာ မြင့်စေလျက် ကောင်းကင်ဧကရာဇ်များကို နောင်ဆုတ်အောင် ဖိအားပေးနိုင်သည်။ ထို့နောက် ကျန်းရီက ဆက်လက်ပြေးဝင်သွားပြီး သူ၏လက်ထဲ၌ ဧကရီနန်းတော်က ပေါ်လာ၏။ အဖြူရောင်ရောင်ခြည် ဖြာထွက်လာပြီး ကောင်းကင်ဧကရီတစ်ရာ့ငါးယောက်က ထွက်လာသည်။ သို့သော် ဖုန်းလန်၊ ကျန်းရှောင်နူနှင့် ကျန်သည့်သူများက အထဲတွင် ရှိနေသေး၏။

“အရပ်မျက်နှာအနှံ့ တိုက်ခိုက်ကြ..”

ကျန်းရီက ချက်ချင်း အော်ပြောလိုက်၏။ ရန်တုံနှင့် ကျန်သည့်သူများက အမိန့်စောင့်နေတာ ဖြစ်သည်။ သူတို့ ထွက်လာသည်နှင့် စောင့်မနေဘဲ အရပ်မျက်နှာအနှံ့ သူတို့ အသန်မာဆုံးတိုက်ခိုက်မှုများကို ချက်ချင်း ထုတ်ဖော်တော့သည်။

ဖုန်း ဖုန်း ဖုန်း..

မြေကြီးထဲ မရေမတွက်နိုင်အောင် နက်ရှိုင်းသည့် ပိန်းပိတ်အောင် နက်မှောင်သော အမှောင်ထုထဲတွင် ရေတွက်မရသော တိုက်ခိုက်မှုများ တိုက်ကွက်များစွာက ပေါ်ထွက်လာပြီး ရွှံ့မြေကို ဖုန်အဖြစ် ပြောင်းလဲပစ်ကာ ဧရာမဥမင်များကို ဖန်တီးပြီး ပတ်ဝန်းကျင်မြေပြင်ကို တုန်လှုပ်သွားစေသည့် မြေငလျင်ကြီး လှုပ်သကဲ့သို့ ဖြစ်နေပြီး ဥမင်များ ဖွဲ့တည်လာသည်နှင့် ယင်းက ပြိုလဲမှု ဖြစ်စေလိမ့်မည်။ တိုက်ပွဲတွင်း၌ ရှိနေသူများက ကောင်းကင်ဧကရာဇ်များ မဟုတ်ခဲ့လျှင် ပိပြီး သေမည့်သူက များလောက်သည်။

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက အလွန်သန်မာပြီး မိုင်ရှစ်ဆယ်ကျော်ကို ထောက်လှမ်းနိုင်သေး၏။ သူသည် တိုက်ခိုက်နေသော ကောင်းကင်ဧကရာဇ်များသည် ရုတ်တရက် တိုက်ခိုက်မှုကြောင့် စိတ်လွှတ်နေကြောင်း မြင်ရ၏။ သူတို့က ပုန်းရန် နောက်ဆုတ်သွားကြသည်။ အားနည်းသည့် ကောင်းကင်ဧကရာဇ်များစွာသည် ရန်တုံနှင့် ကျန်သည့်သူများ၏ တိုက်ခိုက်မှုကြောင့် ချက်ချင်း သေသွား၏။

“အရှေ့ဘက်ကို ဖောက်ထွက် နျိုဝမ် ငါ့ကို သယ်ပြီးပြေး”

သူတို့ကို ဦးဆောင်တာ ရပ်တန့်လိုက်ပြီး ကျန်းရီက ဤနေရာ၌ ကြာကြာ မနေရဲချေ။ ဆိုရလျှင် တစ်ဖက်၌ သူတို့ထက် လူဒါဇင်ချီ ပိုများ၏။ ပိုအရေးအကြီးဆုံးက တစ်ဖက်၌ အလယ်အဆင့် ကောင်းကင်ဧကရာဇ်ငါးယောက် ရှိပြီး သူတို့၌ ရန်တုံတစ်ယောက်သာ ရှိသည်။

အရှေ့ဘက်၌ ဝိုင်းဖွဲ့မှုက ဖွဲ့တည်ပြီးသား ဖြစ်သည်။ ကောင်းကင်ဧကရာဇ်တစ်ဒါဇင်နှင့် အလယ်အဆင့် ကောင်းကင်ဧကရာဇ် တစ်ယောက် ရှိ၏။ သို့သော် သူက အဖွဲ့မှုးလန်လောက် အားကောင်းမှာ မဟုတ်ပေ။ ကျန်းရီထံမှ အမိန့်ဖြင့် တစ်ရာ့ငါးယောက်သည် အရှေ့အရပ်ဆီသို့ တစ်ဟုန်ထိုး သွားကြပြီး ရှေ့သို့ တိုက်ကွက် ၁၀၅ကွက်ကို ထုတ်ဖော်လိုက်သည်။

“ပြန်ဆုတ်..”

အလယ်အဆင့် ကောင်းကင်ဧကရာဇ်သည် အလင်းစီးကြောင်းတစ်ရာကျော် ပျံသန်းလာတာကို မြင်ရချိန် ကြောက်လန့်မှုကြောင့် တုန်ယင်သွားလေ၏။ သူက တင်းမာစွာ အော်ပြောပြီး ချက်ချင်းနောက်ဆုတ်လိုက်လေသည်။ သူ့အပြင် ကျန်သည့်သူများက တုံ့ပြန်တာ အနည်းငယ် ပိုနှေးသည့် အဆင့်နိမ့်ကောင်းကင်ဧကရာဇ်များ ဖြစ်နေတာ ဆိုးရွားလှပေ၏။ ရန်တုံ၏ ရွှေရောင်လက်သည်း ထိသွားသည့် အဆင့်နိမ့်ကောင်းကင်ဧကရာဇ်နှစ်ယောက် သုံးယောက်က သူတို့၏နတ်ဘုရားဒိုင်းများ အဖျက်ဆီး ခံလိုက်ရသည်။ နောက်ထပ် တိုက်ကွက်များ လိုက်ပါလာသည့် အချိန်တွင် သူတို့ချက်ချင်းပင် နုတ်နုတ်စင်း ခံလိုက်ရတော့သည်။

ချီး ချီး..

သူတို့ ဟိုဘက်ကို တိုက်ခိုက်နေစဉ် လေနက်တပ်မဟာက အရူးများမဟုတ်ပေ။ ကျန်သည့်သုံးဘက်ကနေလည်း တိုက်ခိုက်ကြ၏။ ကျန်းရီတို့အဖွဲ့က အုပ်စုဖွဲ့ထားပြီး ရက်စက်သော တိုက်ခိုက်မှု စွမ်းအားတစ်ခု ရှိသော်ငြား သူတို့က လွယ်ကူသည့် ပစ်မှတ်များ ဖြစ်နေသည်ဟု ဆိုလိုတာပဲ ဖြစ်သည်။ လေနက်တပ်မဟာက ရည်မှန်းကို ဖော်ဆောင်ရန် ရွည်ရွယ်ထားတာတောင် မရှိဘဲ ပစ်မှတ်များကို ထိခိုက်အောင် လုပ်ပေလိမ့်မည်။

“အား.. အား”

နောက်ရှိ မရေမတွက်နိုင်သည့် ကောင်းကင်ဧကရာဇ်များသည် တိုက်ကွက်များ ထိမှန်ကုန်ပြီး သူတို့ နတ်ဘုရားဒိုင်းများ ပြိုကွဲကုန်၏။ ထိုပရမ်းပတာ အခြေအနေတွင် နတ်ဘုရားဒိုင်း ပြိုကွဲသွားသည်နှင့် သေခြင်းတရားသာ စောင့်ကြိုနေလိမ့်မည်။

“မြန်မြန်.. မြန်မြန်.. မြန်မြန်လေး..”

ကျန်းရီ၏ မျက်လုံးက ပြူးကျယ်လွန်းနေ၏။ သူတို့က ရန်သူ ကောင်းကင်ဧကရာဇ် ၁၁ယောက် ၁၂ယောက်ခန့် သတ်နိုင်သော်ငြား သူတို့ဘက်တွင်လည်း ၇ယောက် ၈ယောက်ကလည်း သေနေပြီဖြစ်သည်။ သည်အတိုင်း ဆက်သွားမည် ဆိုပါက မိုင်ဒါဇင်ချီအကွာကို မထွက်ပြေးနိုင်ခင် သူတို့ အပြည့်အဝ ရှင်းထုတ်ခံရလိမ့်မည်။

ဖုန်း ဖုန်း ဖုန်း..

သူတို့ ထွက်ပြေးနေစဉ် ကျန်းရီနှင့် သူ့အဖွဲ့က အလိုက်ခံရခြင်းမှ ကာကွယ်ရန် ဆက်တိုက် ပြန်တိုက်ခိုက်တော့၏။ ရှေ့၌ အဟန့်အတား တစ်ခု ရှိခဲ့လျှင် သူတို့က ရန်သူကို ဆုတ်ဖြဲရန် သူတို့ တိုက်ခိုက်မှုကိုသာ အာရုံစိုက်ပေလိမ့်မည်။

အလှည့်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် သူတို့သည် လေနက်တပ်မဟာ ဘက်ခြမ်းရှိ ကောင်းကင်ဧကရာဇ်၄၀ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဖြစ်ကာ သူတို့ဘက်တွင်လည်း ၄၀ကျော် ဆုံးရှုံးသွား၏။ နှစ်ဖက်လုံးက ပရမ်းပတာ တိုက်ပွဲထဲ ကျရောက်နေစဉ် ယင်းက စစ်မြေပြင် ဖြစ်နေတော့၏။ အဆင့်နိမ့်ကောင်းကင်ဧကရာဇ်များ၏ နတ်ဘုရားဒိုင်းများသည် အချက်ရေအနည်းငယ် အရိုက်ခံရပြီးနောက် ပြိုကွဲကုန်ကာ သူတို့ နတ်ဘုရားဒိုင်းများ ပြိုကွဲသည်နှင့် သူတို့ ပျောက်ကွယ်သွားမှာ သေချာသည်။

ထောက် ထောက် ထောက်..

ရုတ်တရက် အနောက်ဘက်ကနေ ဗုံတီးသံ ကြားလိုက်ရသည်။ လူတိုင်းက ဗုံသံကို ကြားသောအခါ ရန်တုံနှင့် အစွမ်းထက်သည့် သိုင်းပညာရှင်များမှအပ ကျန်သည့်သူများက နေရာတွင်ပင် ရပ်နေလျက် သူတို့ခေါင်းများက လှည့်မိသွားတော့သည်။ တစ်ချိန်တည်းတွင် မရေမတွက်နိုင်သည့် အလင်းစီးကြောင်းများ ပေါ်ထွက်လာ၏။

“လခွမ်း.. ဒါက ကွေ့ရင်ရဲ့ ဝိညာဉ်စွမ်းအင် တိုက်ကွက်ပဲ မင်းတို့အားလုံး မလှုပ်နဲ့.. အားလုံးကို ဧကရီနန်းတော်ထဲ ထည့်ပေးမယ်”

ကျန်းရီ၏ အမူအရာက ပြောင်းလဲသွား၏။ ဧကရီနန်းတော်က အားလုံးကို ချက်ချင်း သိမ်းလိုက်ပြီး သာမန်ကောင်းကင်ဧကရာဇ်က ကွေ့ရင်၏ ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမှာမဟုတ်ပေ။ သူတို့ ထိသွားသည်နှင့် ကျန်သည့် ကောင်းကင်ဧကရာဇ်များထံမှ တိုက်ခိုက်မှုကြောင့် အသတ်ခံရလောက်သည်။ စစ်ကူများကို သုံးနိုင်သော်ငြား နောက်ဆုတ်ဖို့ ဖိအားပေးခံရလိမ့်မည်။ ကျန်းရီက ရွေးချယ်စရာမရှိဘဲ တိုက်ပွဲကို တစ်ကိုယ်တည်း ထပ်တိုက်ခိုက်ရတော့မှာပဲ ဖြစ်သည်။

...

All Chapters