← Chapters

တာအိုသဏ္ဌာန်ပေါင်းစပ်ခြင်း

Vol. 52 Ch. 722

တာအိုသဏ္ဌာန်ပေါင်းစပ်ခြင်း

Vol. 52 Ch. 722

ချီး.. ချီး..

မိုးကြိုးမီးက ကျန်းရီနား ရစ်ဝဲလာသည်နှင့် ၎င်းသည် မရေမတွက်နိုင်သည့် အလင်းစီးကြောင်းများကြောင့် ချက်ချင်း ချေမွခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် အတွင်းအားဖြင့် သိပ်သည်းထားသော ထူးဆန်းသည့် သားရဲဦးခေါင်းခွံ့ကြောင့် လွှင့်ထွက်သွားလေ၏။ မိုးကြိုးမီးက ထူးဆန်းသော သားရဲဦးခေါင်းခွံ၏ စွမ်းအားကို အားလျော့အောင် မလုပ်ထားခဲ့လျှင် သူသည် မီးတိမ်သံချပ်ကာ ရှိနေလျှင်တောင် သက်ရောက်အားကြောင့် သေနေလောက်ပြီဖြစ်သည်။

မိုးကြိုးမီးထဲရှိ မိုးကြိုးသွားက ရန်သူ၏ တိုက်ခိုက်ရေးအားကို အားလျော့စေစဉ် မီးတိမ်သံချပ်ကာက တိုက်ခိုက်မှုစွမ်းအားကို ထပ်မံလျော့ချပေးပြီး ကျန်းရီ၏ ရုပ်ခန္ဓာကလည်း လုံလောက်အောင် မာကျောနေသည်။ ထိုအချက် သုံးချက်ကြောင့်သာ မဟုတ်လျှင် သူသည် အကြိမ်တစ်ရာကျော် သေနေလောက်ပြီဖြစ်သည်။

မီးတိမ်သံချပ်ကာကဲ့သို့သော အတုအယောင် နတ်ဘုရားအသုံးအဆောင်ကို ဤအဆင့်ရှိ တိုက်ကွက်များဖြင့် ဖျက်ဆီး၍ မရ။ သို့သော် မိုးကြိုးမီးက အကန့်အသတ်မဲ့တာ မဟုတ်ပေ။ ကျန်းရီက ပြိုင်ဘက်မကင်းနိုင်ပေ။ သက်ရောက်မှုကြောင့် သူ၏ အတွင်းကလီစာများ ဒဏ်ရာရချိန်တိုင်း သူ၏အရှိန်က လျော့ကျသွားမှာ မလွဲမသွေပဲ ဖြစ်သည်။ ဤတိုင်း ဆက်ဖြစ်နေလျှင် သူ၏ဒဏ်ရာများ ပိုဆိုးလာပြီး သူ ပျောက်ကွယ်သွားပေလိမ့်မည်။

အလင်းစီးကြောင်းများစွာက မြေပြင်ကို ထိုးဖောက်လျက် ပြိုလဲသွားစေ၏။ မြေကြီး၏ မျက်နှာပြင်က တုန်ယင်လာပြီး ပေါက်ကွဲသံများက နားထဲ ဘယ်တော့မှ မရပ်တန့်သွားပေ။ ကျန်းရီက မိုးနှင့်မြေတစ်သားတည်း အခြေအနေတွင် ရှိနေ၏။ သူသည် အပေါ်ယံမျက်နှာပြင်မှ လှိုင်းကယက်ကို အာရုံခံမိကာ အမြန်ဆုံးအရှိန်ဖြင့် သူ့ကို အရပ်မျက်နှာ ရွေးနိုင်အောင် ကူညီပေး၏။

သူသည် မြေအောက်သို့ သွားရန် ပြုလုပ်ခဲ့ကာ အလွန်ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်သည်။ ရန်သူများက သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် မထောက်လှမ်းရဲတော့သောကြောင့် ဖြစ်သည်။ သူတို့က သူရှိနေသည့် နေရာကို တိတိကျကျ မဆုံးဖြတ်နိုင်ချေ။ လိုက်နေသည့်သူများက တိုက်ကွက်များက အလွန်ကြမ်းကြုတ်လာစဉ် မြေကြီး၏ ရွှံ့စေးများက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။ သို့သော် တိုက်ခိုက်ရေးစွမ်းအားက အနည်းနှင့်အများ လျော့ကျသွားပြီး ကျန်းရီကို အချိန်အတော်ကြာ ခံနိုင်ရည်ရှိစေသည်။

ထိုအချိန်ကာလကတောင် သနားဖွယ်ကောင်းလောက်အောင် တိုတောင်းနေပေ၏။ ရန်သူများအားလုံး၏ အရှိန်က သူ့ထက် ပိုမြန်ဆန်နေသည်က ပြဿနာကြီးတစ်ရပ် ဖြစ်နေသည်။ သူ အဝိုင်းခံလိုက်ရသည်နှင့် အရပ်မျက်နှာ အနှံ့မှ တိုက်ခိုက်မှုများအားလုံး ရောက်လာပြီး သူ သေနေအုံးမှာပဲ ဖြစ်သည်။

“ငါတို့ ဘာလုပ်သင့်လဲ”

သူက ကြိုးစားပမ်းစား ထွက်ပြေးနေစဉ် တစ်ပြိုင်နက်တည်း အပတ်တကုပ် ရှောင်ရှားရင်း သူ့စိတ်က ဖြေရှင်းနည်းတစ်ခုကို ဖော်ထုတ်ရန် လျင်မြန်စွာ တွေးနေလေ၏။ နောက်ကွယ်ကနေ ပဲ့တင်သံ ထွက်လာသည့် ဗုံသံ ရှိနေပြီး ယင်းက ကွေ့ရင်၏ အစွမ်းထက်သော စိတ်ဝိညာဉ်တိုက်ကွက်ဖြစ်သည်။ ကျန်းရီ၏ ဝိညာဉ်ဓား၃၆လက်က သူ၏စိတ်ဝိညာဉ်ပင်လယ်များ၌ ပျံဝဲနေပြီး ထူးဆန်းသော စွမ်းအင်များ ဝင်ရောက်လာတာကို ဖျက်ဆီးပစ်၏။ ကံကောင်းသည်မှာ ကျန်းရီ၌ ဝိညာဉ်ဓားများ ရှိနေသည်။ မဟုတ်လျှင် ကွေ့ရင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုက သူ့အသက်ကို အဆုံးသတ်သွားစေရန် လုံလောက်နေပြီးသား ဖြစ်သည်။

သူသည် မထွက်ပြေးနိုင်။ ရန်တုံနှင့် ကျန်သည့်သူများကိုလည်း အားမကိုးနိုင်ချေ။ ကွေ့ရင် အနားတွင် ရှိနေသရွေ့ ရန်တုံနှင့်ကျန်သည့်သူများသည် ထွက်လာသည့်အခါ သူတို့အသက်ကို ပစ်ထုတ်လိုက်ရုံသာ ရှိမည်။ ရှောင်နူ၏ တိုက်ခိုက်မှုက အလွန်ကြမ်းတမ်းသော်ငြား တစ်ဖက်က အလယ်အဆင့် ကောင်းကင်ဧကရာဇ် ငါးယောက် ဖြစ်ပြီး ကျန်းရီသည် မစွန့်စားချင်ပေ။ ရှောင်နူသည် အနီးကပ် တိုက်ခိုက်ရေးသမား ဖြစ်ပြီး သူမက အနီးကပ်ပြီးသည့်‌နောက် ရန်သူကို မသတ်နိုင်ခဲ့လျှင် သူမ သေချာပေါက် ပျောက်ကွယ်သွားလိမ့်မည်။ ဖုန်းလန်လည်း မဖြစ်နိုင်ပေ။ သူမ၏ အမှောင်ထုတာအိုပုံစံက ချက်ချင်း ပျက်သွားလိမ့်မည်။ ထိုသို့ဆိုလျှင် သူက ပြန်တိုက်ခိုက်ပြီး ရန်သူများကိုသတ်ရန် နည်းလမ်းတစ်ခု တွေးရတော့မည်။

သူ၏ ကျင့်ကြံဆင့် အားနည်းလွန်းနေတာ နှမြောစရာ ကောင်းလှပေ၏။ သူ၏ အသန်မာဆုံး တိုက်ခိုက်မှုက မိုးကြိုးမီးဖြစ်သည်။ သို့သော် တစ်ဖက်က သူ့ကို အနားကပ်ခွင့် မပေးသောကြောင့် သူသည် မည်သူ့ကိုမှ မသတ်နိုင်ချေ။ ထိုတိုက်ခိုက်မှု၏ ကျန်သည့် အရာများကလည်း တခြားသူများကို တိုက်ခိုက်ရန် လုံလုံလောက်လောက် အစွမ်းမထက်ချေ။ ဝိညာဉ်ဓားက လူအချို့ကို သတ်ဖြတ်နိုင်၏။ သို့သော် ချုံခိုတိုက်ခိုက်ရန်အတွက် အနီးသို့ သွားရန် လိုအပ်သည်။

တာအိုပုံစံကို ဆင်ခြင်တာက သူ့ခွန်အားကို တိုးလာစေတာလား။

ယင်းက မေးခွန်းအပြင်ဘက် ထွက်နေလေ၏။ သူသည် မိုးကြိုးတောင်တန်းထဲ၌ အဆင့်မြင့်တာအိုပုံစံကို နားလည်သဘောပေါက်ခဲ့လျှင် စွမ်းအားက သေချာပေါက် အထင်ကြီးစရာ ကောင်းပေလိမ့်မည်။ သူသည် အဆင့်နိမ့်တာအိုပုံစံ၏ ပုံသဏ္ဌာန်ကိုးမျိုးကို အပြည့်အဝ နားလည်သဘောပေါက်ခြင်းမ ရှိသေးတာက နှမြောစရာ ကောင်းလှ၏။ သူတို့ကို ပေါင်းစည်းဖို့က ပိုတောင် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် တာအိုပုံစံ တစ်မျိုးနှစ်မျိုးကို ချက်ချင်း နားလည်သဘောပေါက်လျှင် မည်သို့ ဖြစ်သွားမည်နည်း။ အဆင့်နိမ့်တာအိုပုံစံက မည်သူ့ကိုမှ သတ်နိုင်မှာတော့မဟုတ်ပေ။

အရှိန်လား။ အချိန်တိုအတွင်း သူ၏ အရှိန်ကို မတိုးမြင့်နိုင်ပေ။ တိုးမြင့်နိုင်လျှင်တောင် ယင်းက သူ ထွက်ပြေးနိုင်အောင် ကူညီပေးနိုင်မှာ မဟုတ်ပေ။

ခုခံဖို့လား။ သူ၏ခုခံမှုကို တိုးမြင့်နိုင်ခဲ့လျှင် ပိုကြာကြာ အသက်ရှင်နိုင်ပြီး မြို့ကို ရောက်ရန် အခွင့်အရေးတစ်ခု ရှိလောက်သည်။ တစ်ဖန် သူက ယခုအခေါက်၌ အစွမ်းထက်သည့်ပုံစံ ခုခံမှုတာအိုပုံသဏ္ဌာန်ကို နားလည်သဘောပေါက်ထားခြင်း မရှိတာက နှမြောစရာ ကောင်းလှပေ၏။

တခြားနည်းလမ်း မရှိတော့ဘူးလား”

ကျန်းရီ၏ စိတ်က အဆတစ်ရာ ပိုမြန်ဆန်စွာ တွေးနေလေ၏။ သူသည် သူပိုင်ဆိုင်ထားသည့် စွမ်းရည်များအားလုံးနှင့် အသုံးအဆောင် လက်နက်များအားလုံးကို တွေးလိုက်၏။ သို့သော် နောက်ဆုံးတွင် သူ အကြံကုန်နေပြီမှန်း သိလိုက်၏။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာက အသတ်မခံရခင် မိုးကြိုးမီး အပြည့်အဝ ကုန်ခမ်းသွားမှာကို စောင့်ဆိုင်းဖို့သာ ဖြစ်သည်။

ဖုန်း ဖုန်း ဖုန်း..

မရေမတွက်နိုင်သည့် တိုက်ခိုက်မှုများက အင်မတန် မြန်ဆန်သည့် အရှိန်ဖြင့် နေရာအနှံ့ကနေ ရောက်ချလာ၏။ ကျန်းရီက ၎င်းတို့ကို မှန်းဆနိုင်လျှင်တောင် အရေအတွက်များပြားလွန်းသည့် တိုက်ကွက်များကို ရှောင်တိမ်းဖို့က ဖြစ်နိုင်မှာ မဟုတ်ချေ။

သူသည် ရွေးချယ်စရာ မရှိဘဲ အကြိမ်ပေါင်းများစွာ ပိုင်းဖြတ်ရန် ပြုလုပ်လိုက်ရပြီး တိုက်ခိုက်မှုများအားလုံးကို အားလျော့သွားစေရန် မိုးကြိုးမီးထဲရှိ မိုးကြိုးသွားကို အသုံးပြု၏။ ပြီးနောက် ခန္ဓာကိုယ်အပေါ်ယံ၌ မိုးကြိုးမီးကို သုံးလျက် တိုက်ခိုက်မှုကို အားနည်းစေကာ လွင့်ထွက်သွားတော့၏။

သူ ချေမှုန်းခံလိုက်ရတိုင်း၌ တွယ်တက်လာပြီး ဆက်လက်ထွက်ပြေး၏။ မီးဝိညာဉ်ပုလဲထဲ၌ မိုးကြိုးမီးတစ်ဝက်အောက်သာ ကျန်တော့ကာ အတွင်းဒဏ်ရာများက ပိုဆိုးလာ၏။ သူ့နှုတ်ခမ်းထောင့်ကလည်း သွေးများ ဆက်တိုက် အန်နေပြီး မြေကြီးပေါ် သွေးများ လွင့်စဉ်ကျနေ၏။

“တိုက်ခိုက်ဖို့လား၊ အရှိန် မဖြစ်နိုင်ဘူး။ ခုခံဖို့မရှိဘူး။ ခုခံမှုလား မဟုတ်ဘူး။ ငါ့ခုခံမှုကို တိုးမြင့်ဖို့ နည်းလမ်းတချို့ ရှိတဲ့ပုံပဲ”

ကျန်းရီ၏စိတ်က အတွေးတစ်ချက် လက်သွားပြီး တစ်စုံတစ်ခုကို ဝေဝါးဝါး တွေးမိသွား၏။ သို့သော် ထိုအကြောင်းကို စဉ်းစားသည့် အချိန်၌ သူ ထပ်မေ့သွားပြန်သည်။ သူ၏စိတ်က ချာချာလည်နေပြီးနောက် သူ၏ခုခံမှုကို မြင့်တင်ပေးနိုင်သည့် အရာအားလုံး အကြောင်းတွေးနေလေသည်။ အသက်ဆယ်ရှိုက်စာခန့် ကြာပြီးနောက် သူ နဖူးကို လက်ဖြင့် ရိုက်ချကာ အော်ပြောလိုက်၏။

“ဟုတ်သားပဲ ခုခံမှု ငါ့ရဲ့ခုခံမှုကို မြင့်တင်ဖို့ နည်းလမ်းတစ်ခု ရှိတယ်”

“ပုရွတ်ဆိတ်လူသားရဲ့ အခွံထဲက လမ်းကြောင်းမြေပုံ.. လမ်းကြောင်းမြေပုံကို မိုးကြိုးမီးထဲ ပေါင်းစပ်နိုင်မယ် ဆိုရင် ငါ့ခုခံမှုက သေချာပေါက် အဆပေါင်းများစွာ တိုးသွားမှာပဲ”

သူသည် သားရဲလူသားနယ်မြေသို့ ရောက်စဉ်က အလွန်ထူးဆန်းသည့် သားရဲလူသား ပုရွတ်ဆိတ်လူသားများနှင့် တွေ့ကြုံခဲ့သည်။

အားလုံး၏ တိုက်ခိုက်မှုသည် ပုရွတ်ဆိတ်လူသား၏ အခွံကို သိထားသော်ငြား ရေမျက်နှာပြင်ပေါ် ကျောက်စကျောက်နများ ထိသွားသည့်ပမာ ဘေးသို့သာ ရောက်သွား၏။ ထိုစဉ်က ကျန်းရီသည် ပုရွတ်ဆိတ်လူသားအခွံပေါ်ရှိ လမ်းကြောင်းမြေပုံကို မှတ်သားခဲ့၏။ သို့သော် ဘာမှမတွေးခဲ့မိချေ။ ထို့ကြောင့် အသေးစိတ် လေ့လာခဲ့ခြင်း မရှိ။ ယွင်ဖေးကို အစီအရင်များ၏ ခုခံခြင်းစွမ်းအားတိုးစေရန် သူမလေ့လာဖို့သာ ပေးလိုက်သည်။

ခဏအကြာ၌ သူသည် ပိုင်ဆိုင်ထားသည့် ပစ္စည်းများအားလုံးကို တွေးမိသောအခါ လမ်းကြောင်းမြေပုံကို မိုးကြိုးမီးထဲ ပေါင်းစည်းရန် ရုတ်တရက် တွေးမိလာ၏။

တစ်နည်းဆိုရလျှင် ပုရွတ်ဆိတ်လူသား အခွံပေါ်ရှိ လမ်းကြောင်းမြေပုံအလိုက် မိုးကြိုးမီးကို ထိန်းချုပ်ခြင်း ဖြစ်သည်။ အောင်မြင်သွားခဲ့လျှင် သူ့ခန္ဓာကိုယ် အပြင်ဘက်ရှိ မိုးကြိုးမီးခုခံမှုက သေချာပေါက် တိုးလာမည် ဖြစ်ကာ သူ လုံလောက်အောင် အသက်ရှင်ပြီး မြို့အနီးအနားသို့ ရောက်ရှိနိုင်မှာပဲ ဖြစ်သည်။

အကြံဉာဏ်က ကောင်း၏။ သီအိုရီကလည်း ဖြစ်နိုင်ပေသည်။ သို့သော် ဆယ့်ငါးမိနစ်သာ ကျန်တော့သည့် အချိန်၌ ပေါင်းစပ်နိုင်မည်လော။ ၎င်းကို အောင်မြင်စွာ ပေါင်းစပ်ပြီးနောက် သူ မှန်းဆသကဲ့သို့ အမှန်တကယ် အစွမ်းထက်ပါမည်လော။

သူ မသိပေ။

သို့သော်ငြား သူ၌ အခြားနည်းလမ်း မရှိချေ။ ရှောင်တိမ်းရန်အတွက် အားစိုက်ထုတ်မှုအားလုံး သုံးမည်ထက် သူက ပေါင်းစည်းခြင်းကိုသာ အာရုံစိုက်မည်။

“တစ်ခုခု မဟုတ်သေးဘူး။ မိုးကြိုးမီးက အတွင်းအား မဟုတ်သေးဘူးလေ။ သူ့လှုပ်ရှားမှုကို ငါ ဘယ်လို ထိန်းချုပ်ရမလဲ”

ကျန်းရီက ပေါင်းစည်းချင်နေစဉ် သူက ပြဿနာကြီးတစ်ရပ်ကို သဘောပေါက်သွား၏။ မိုးကြိုးမီး၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် နည်းလမ်းတစ်ခု မရှိခဲ့ပေ။ ထိုမတိုင်ခင်က သူ၏မိုးကြိုးမီးတိုက်ခိုက်မှုသည် တာအိုပုံစံကနေ လာသည့် မမြင်ရသော လေချည်နှောင်ခြင်းက ထိန်းချုပ်ထားတာပဲ ဖြစ်သည်။ မိုးကြိုးမီးကို လမ်းညွှန်နေသည်က လေနဂါးဖြစ်ပြီး အတွင်းအားမဟုတ်ပေ။ ခန္ဓာကိုယ်မျက်နှာပြင်၌ လှုပ်ရှားရန် ၎င်းတို့ကို သူ မည်ကဲ့သို့ ထိန်းချုပ်ရမည်နည်း။

ထိုအကြောင်းကို တွေးမိပြီးနောက် ကျန်းရီက သူ့ခေါင်းကို ရိုက်လိုက်ကာ အော်ပြောလိုက်တော့၏။

“မှားတယ်။ လေချည်နှောင်ခြင်းက မိုးကြိုးမီးတိုက်ခိုက်မှုကို လမ်းညွှန်နိုင်တယ် ဆိုမှတော့ မိုးကြိုးမီးကို နေရာရွေ့ပြောင်းဖို့အတွက် လေချည်နှောင်ခြင်းကို နှိုင်းယှဉ်ခိုင်းဖို့ ငါ ဘာကြောင့် မသုံးမိတာလဲ”

သူက အေးအေးလူလူပင် ပိုင်းဖြတ်လိုက်ပြီး သူ့ဆီသို့ လေများစုဝေးရန် လေချည်နှောင်ခြင်းကို ထုတ်ဖော်လိုက်ကာ မိုးကြိုးမီးကို ရှေ့သို့ ဆက်လက်ပျံသန်းသွားစေရန် လမ်းညွှန်လိုက်၏။ ကျန်းရီက ပတ်ဝန်းကျင်လေကို ထိန်းချုပ်ရန် သွက်သွက်လေး ကြိုးစားလိုက်ပြီး မိုးကြိုးမီး ၁၂ပုံကိုလည်း လမ်းပြကာ မိုးကြိုးမီးများကို သူ၏ခန္ဓာကိုယ်ကနေ စတင်ထွက်ပေါ်လာစေ၏။

“ဒါ တစ်ခုခု မဟုတ်သေးဘူး။ လေချည်နှောင်ခြင်းက မိုးကြိုးမီး အနည်းငယ်ကိုပဲ ထိန်းချုပ်နိုင်မှာ ငါက မိုးကြိုးမီးထဲ လမ်းကြောင်းမြေပုံကို ပေါင်းစည်းပြီး ငါ့ခုခံမှုကို မြင့်တင်ချင်တယ် ဆိုရင် ခန္ဓာကိုယ်အပြင်ဘက်က မိုးကြိုးမီးအားလုံးက ထူးခြားတဲ့ အာနိသင်ကို ရရှိဖို့အတွက် လမ်းကြောင်းမြေပုံအလိုက် ရွေ့လျားရလိမ့်မယ်။ မိုးကြိုးမီး တစ်ဒါဇင်လောက် ရွေ့နေရုံနဲ့ ဘာအကျိုးအမြတ် ရှိမှာလဲ”

ကျန်းရီက မျက်မှောင်ထပ်ကြုတ်လိုက်ပြန်၏။ သူ၏စိတ်က လက်ရှိတွင် ခါတိုင်းထက် တွေးတာ ပိုမြန်ဆန်နေပြီး အဆတစ်ရာ ပိုမြန်၏။ သူက လူတစ်ယောက်သည် အရေးကြီးသည့် အခြေအနေထဲ ကျရောက်လေ အလားအလာကို ဆွဲထုတ်နိုင်ချေက ပိုမြင့်မားလေ ဖြစ်သည်။ ထို အကြောင်းအရင်းကြောင့် သိုင်းပညာရှင်များစွာသည် တိုက်ပွဲအတောအတွင်း အဆင့်တက်သွားကြတာပဲ ဖြစ်သည်။ လူတစ်ယောက်သည် သူတို့ဘဝ၌ အန္တရာယ်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်တွေ့ရလျှင် သူတို့ မွေးရာပါ အလားအလာက နိုးဆွခံလိုက်ရပြီး အဆင့်ချိုးဖျက် တက်နိုင်ပေသည်။

ဖုန်း..

ညာဘက်ကနေ ထွက်ပေါ်လာသည့် တိုက်ကွက်တစ်ကွက် ရှိပြီး ကျန်းရီက ၎င်းကို ရှောင်ရန် နည်းလမ်းမရှိပေ။ သူ့ခန္ဓာကိုယ်က ထပ်မံ လွှင့်ထွက်သွားပြီးနောက် ပြိုလဲနေသော ဥမင်နှင့် တိုက်မိကာ အရှင်လတ်လတ် အမြှုပ်ခံလိုက်ရတော့သည်။

ယခုအခေါက်တွင် ထွက်ပြေးရန်အတွက် တွားမသွားခဲ့ဘဲ ထိုနေရာတွင် ငြိမ်နေ၏။ သူ၏မျက်လုံးက ပြူးကျယ်နေကာ စိတ်လှုပ်ရှားမှုများ ပြည့်နေလျက် အော်ပြောလိုက်တော့သည်။

“လေချည်နှောင်ခြင်းက မိုးကြိုးမီးရဲ့ အစိတ်အပိုင်းတစ်ခုကိုပဲ ထိန်းချုပ်နိုင်တာ ဒါပေမဲ့ မီးနဂါးလေးတစ်ကောင်ကို မီးနဂါး အကောင်ရေတစ်သောင်းအဖြစ် ခွဲပေးနိုင်တဲ့ လေအသင်္ချေတာအိုပုံစံကိုလည်း ငါ ဆင်ခြင်နေတာ ဆိုလိုတာက လေနဂါးတစ်ကောင်ကို အကောင်ရေ ထောင်သောင်းချီအဖြစ် ပြောင်းနိုင်တယ်။ ငါသာ လေအသင်္ချေနဲ့ လေချည်နှောင်ခြင်းကို ပေါင်းစည်းလိုက်မယ် ဆိုရင် မိုးကြိုးမီးအားလုံးကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလား။ အမှန်ပဲ လုံးဝ မှန်တယ်”

...

All Chapters