← Chapters

မိုးကြိုးမီးနတ်ဘုရားဒိုင်း

Vol. 52 Ch. 723

မိုးကြိုးမီးနတ်ဘုရားဒိုင်း

Vol. 52 Ch. 723

ထိုစဉ် ကျန်းရီ၏ မျက်လုံးထဲရှိ အလင်းက တောက်ပလွန်းသောကြောင့် ကြောက်မက်ဖွယ် ကောင်းနေသည်။ သူ၏စေ့ဆော်မှုအရ ခန္ဓာကိုယ်က တုန်ယင်နေရာ ထွက်ပြေးရန် မကြိုးစားတော့ပေ။ သူရှိနေသည့် နေရာမှာပင် ထိုင်ချလိုက်ပြီး မျက်လုံးကို မှိတ်ထားလျက် လက်နှစ်ဖက်ကို ကြမ်းတမ်းစွာ လွဲယမ်းနေလေ၏။ တစ်ချိန်တည်းတွင် သူက လေအသင်္ချေနှင့် လေချည်နှောင်ခြင်းကို ထုတ်လိုက်တော့၏။ တာအိုပုံသဏ္ဌာန်နှစ်မျိုးကို ပေါင်းစည်းခိုင်းပြီးနောက် ပုရွတ်ဆိတ်လူသားအခွံပေါ်ရှိ လမ်းကြောင်းမြေပုံအတိုင်း ရွေ့လျားရန် မိုးကြိုးမီးကို ထိန်းချုပ်လိုက်တော့၏။

“ဟမ်.. ဒီကောင်က တကယ် မပြေးဘူးလား။ သူ့ဒဏ်ရာ ပြင်းထန်လွန်းတာကြောင့် ထပ်မပြေးနိုင်တော့ဘူးလား။ ကိစ္စမရှိဘူး သတ်”

သူ့နောက်သို့ တောက်လျှောက်လိုက်နေသည့် ကောင်းကင်ဧကရာဇ်သိုင်းပညာရှင်များ မျက်လုံးထဲ၌ သံသယအရိပ်အယောင် တစ်ခု ပေါ်လာ၏။ သို့သော် မည်သူကမှ တွေဝေမနေဘဲ သူတို့ထဲမှ အချို့က တိုက်ကွက်တစ်ကွက်ကို ထုတ်ဖော်လျက် ကျန်သည့်သူများက လေကို စုတ်ဖြဲကာ အလျင်အမြန်ပင် ကျန်းရီကို ဝိုင်းထားလိုက်၏။ သူတို့က ဤနေရာ၌ သူ့ကို တစ်သက်လုံး အနားယူရောင် လုပ်ပေရန် အသင့်ဖြစ်နေပြီဖြစ်သည်။

ချီး ချီး..

တိုက်ကွက်တစ်ဒါဇင်က လေကို ခွင်းသွားလေရာ ပတ်ဝန်းကျင်ရှိ ရွှံ့များ ကျောက်စကျောက်နများကို တက်လာစေ၏။ လူပေါင်းများစွာက ကျန်းရီ၏ တည်နေရာကို အတိအကျ မမှတ်သားနိုင်သော်ငြား သူတို့က အကြမ်းဖျင်းတော့ သိပေ၏။ ဆိုရလျှင် ကျန်းရီက အပူချိန်အမြင့်ဆုံးနေရာ၌ ရှိနေတာပဲ ဖြစ်သည်။

တိုက်ကွက်ခြောက်ဆယ်ကျော်၌ ကျန်းရီကို ထိသွားသည်က အနည်းဆုံး ၃၀ရှိ၏။ သုံးဆယ်ထဲ၌ ထိုတိုက်ကွက်များထဲမှ နှစ်ခုသည် အင်မတန် ရက်စက်၏။ အသန်မာဆုံး သိုင်းပညာရှင်သုံးဦးထံမှ လာသည့် တိုက်ကွက်များဖြစ်သည်။

ကျန်းရီ၏ မိုးကြိုးမီးက အင်မတန် ကြောက်မက်ဖွယ် ကောင်း၏။ အတွင်း၌ လျှပ်စီးလှိုင်းများ ဖြာထွက်နေပြီး ရန်သူများ၏ တိုက်ခိုက်မှုစွမ်းအားကို အားလျော့စေသော်ငြား ဤနေရာရှိ ပြဿနာက ထိခိုက်မှု များလွန်းသောကြောင့် ဖြစ်သည်။ ကျန်းရီ မဆိုထားနှင့် အဆင့်မြင့်ကောင်းကင်ဧကရာဇ်တစ်ဦးကတောင် အသတ်ခံရလိမ့်မည်။ သို့သော် ကျန်းရီက ဂရုမစိုက်သည့်ပမာ ပြုမူနေပြီး လေအသင်္ချေနှင့် လေချည်နှောင်ခြင်းတာအိုပုံစံတို့ကို ဆက်လက် ထုတ်ဖော်နေပြီး မိုးကြိုးမီး၏ လှုပ်ရှားမှုကို ထိန်းချုပ်နေလေ၏။

မိုင်၂၀၊ ၁၀မိုင်၊ ၅မိုင်..၊ ၃မိုင်..။

သူတို့နှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းဆောင်ရည်ကို သယ်လာသည့် တိုက်ကွက်တစ်ဒါဇင်သည် ကျန်းရီကို အပြည့်အဝ ဝိုင်းထားလေ၏။ သို့သော် ကျန်းရီက တစ်လက်မမျှ မလှုပ်ခဲ့ပေ။ ကျန်းရီသည် နောက်ဆုံးမိနစ်၌ မလွတ်မြောက်ခဲ့လျှင်မူ သူ့ခန္ဓာကိုယ်ဝန်းကျင်ရှိ မိုးကြိုးမီးက သေချာပေါက် ပြိုကွဲသွားလိမ့်မည်။ သက်ရောက်မှုကြောင့် သူ သေသွားမှာပဲ ဖြစ်၏။

၂မိုင်၊ ၁မိုင်..၊ မိုင်ဝက်..။

ထိုအခိုက်အတန့်တွင် ကျန်းရီက ထွက်ပြေးချင်လျှင်တောင် ထွက်မပြေးနိုင်တော့ပေ။ တိုက်ခိုက်မှုအရှိန်က ရောက်လာတာ မြန်ဆန်လွန်းနေ၏။ နောက်တစ်က္ကန့်တွင် သူ့ခန္ဓာကိုယ်ဝန်းကျင်ရှိ မိုးကြိုးမီးနှင့် ဝင်တိုက်မိမည်။

ထိုစဉ် သူ၏လက်က အကြောဆွဲနေသည့်ပမာ လေထဲ၌ စတင်လူးလွန့်နေလေ၏။ သူ့ခန္ဓာကိုယ်ဝန်းကျင်ရှိ မိုးကြိုးမီးကလည်း ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်ဖြင့် စတင်လှည်ပတ်လာသည်။ ယင်းက လှုပ်ရှားတာ မြန်ဆန်သည်ထက် ပိုမြန်ဆန်လာပြီး လူတိုင်း၏ အမြင်အာရုံကို ဝေဝါးသွားစေ၏။ မြန်မြန်ဆန်ဆန်ပင် မြင်းများက ပေါ်လာပြီး သွေးကြောများ ပေါ်လာပုံရသည်။ မြင်းများ များလွန်းသောကြောင့် အင်မတန် ရှုပ်ထွေးနေပြီး ဆန်းကြယ်နေလေ၏။ မိုးကြိုးမီးရာချီသည် လှည့်လှည်သွားလာနေသည့် မီးရာချီအဖြစ် ပြောင်းလဲသွားတော့သည်။

ယခုအချိန်တွင် ဆန်းကြယ်သည့် ဖြစ်ရပ်က နေရာယူထားသည်။

မိုးကြိုးမီး၏ အင်မတန် သွက်လက်သော လှုပ်ရှားမှုနှင့်အတူ သူတို့က အတူတကွ စတင်ပေါင်းစည်းနေပြီဖြစ်သည်။ မိုးကြိုးမီး ခုနှစ်စု ရှစ်စုက သုံးရာလေးရာ ဖြစ်လာပြီး အရေအတွက်က ဆက်လက်လျှော့ကျသွားသည်။ ပြီးနောက် တစ်ရာမှနှစ်ရာ ပြီးနောက် တစ်ဒါဇင် ဖြစ်သွားလေ၏။

သူ၏ခန္ဓာကိုယ်သည် အစက မိုးကြိုးမီး၏ ဆယ်မီတာဖြင့် လွှမ်းခြုံခံထားရတာပဲ ဖြစ်သည်။ ရုတ်တရက် ၎င်းတို့က အင်မတန် မြန်ဆန်သည့် အရှိန်ဖြင့် စတင်ကျုံ့လာတော့၏။ မီတာ ၃၀၊ ၁၅မီတာ၊ တစ်မီတာ။

နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်နားတစ်ဝိုက် ဒိုင်းတစ်ခု ဖွဲ့တည်လိုက်ပုံပေါ်ပြီး နတ်ဘုရားဒိုင်းတစ်ခုနှင့် အင်မတန်ဆင်တူပုံပေါ်၏။ သို့သော် တစ်ဖက်လူ၏ နတ်ဘုရားဒိုင်းက ရွှေရောင်ဖြစ်နေစဉ် သူက မိုးပြာရောင်၏ အရိပ်ဖြစ်နေလေ၏။ မိုးပြာဒိုင်းသည် ခန္ဓာကိုယ်နားတစ်ဝိုက် ပေါ်လာပြီးနောက် ထိုဒိုင်းနှင့် နတ်ဘုရားဒိုင်းကြား ကြီးမားသည့် ကွာဟချက်တစ်ခု ဖြစ်စေသည်။ ကျန်းရီ၏ ဒိုင်းနားတစ်ဝိုက်၌ မရေမတွက်နိုင်သည့် မျဉ်းကြောင်းများစွာက လှည့်ပတ်နေ၏။ သူတို့က အလွန်ထူးဆန်းသော ပုံသဏ္ဌာန်ဖြင့် ရွေ့လျားနေကြတာပဲ ဖြစ်သည်။ တစ်ချက် ကြည့်ရုံဖြင့် လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပြီး ယင်းက နောက်ကွယ်၌ အစွမ်းထက်သည့် တာအိုတည်ရှိမှုတစ်မျိုး ရှိနေသကဲ့သို့ ခံစားရစေသည်။

ဘီး..

ထိုစဉ် ကျန်းရီ၏ မျက်လုံးက ပွင့်လာပြီး လျှပ်စီးကြောင်းများက ဖျတ်ခနဲ လက်လာတော့၏။ ချွန်ထက်သည့်ဓား ဖြစ်သည်နှင့်အညီ သူ၏ အကြည့်များက သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ မိုးပြာဒိုင်းကို ထိုးဖောက်သွားလျက် ခပ်ဝေးဝေးဆီ ရောက်သွားသည်။ သူသည် သူ့ကို ချိန်ရွယ်လာသည့် အစွမ်းထက်သော တိုက်ကွက်များစွာ ရှိနေတာကို မြင်တွေ့ပြီး ၎င်းတို့က သူ့ကို ထိတော့မှာပဲ ဖြစ်၏။ မနှိုင်းယှဉ်နိုင်သည့် လေးနက်သော အမူအရာက မျက်နှာထက်တွင် ပေါ်လာ၏။ သူက ခန္ဓာကိုယ်နားတစ်ဝိုက်ရှိ ဒိုင်းကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။

“ငါ သေမလားရှင်မလားဆိုတာ မင်းအပေါ် မူတည်နေတယ်။ မိုးကြိုးမီးနတ်ဘုရားဒိုင်း..”

ဖုန်း ဖုန်း ဖုန်း..

လေကို ဖြတ်ကျော်လျက် တိုက်ကွက်နှစ်ကွက်သည် ဦးစွာ ရောက်ရှိလာပြီးနောက် သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ ဒိုင်းနှင့် ရက်စက်စွာ ရိုက်မိသွားသည်။ ဆန်းကြယ်သော ဖြစ်ရပ်တစ်ခုက ထပ်မံ ဖြစ်ပေါ်လာပြန်၏။ ဒိုင်းကို အလွယ်တကူ ဖြိုခွင်းနိုင်သင့်သော ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်သည့် တိုက်ကွက်များက ဒိုင်းကို အနည်းငယ်သာ ယိမ်းခါစေပြီး အပြင်လွှာကိုသာ တိတစ်လွှာ ပံ့ပိုးပေး၏။ တိုက်ခိုက်မှု လျော့သွားသည်နှင့် သူတို့က ရှေ့သို့ ဆက်လက်ပျံသန်းသွား၏။ (ဒီနားသိပ်မရှင်းဘူး)

“ငါ အောင်မြင်သွားပြီ”

သူ၏ခန္ဓာနှင့် စိတ်ဝိညာဉ်က စတင်လှုပ်ရှားလာပြီးနောက် ဝှီခနဲ မြည်လာသည့် သန်မာသော တိုက်ကွက်များကို ကြည့်လိုက်သည်။ သူတို့က သူ့ဘက်ခြမ်း၌ အသေးငယ်ဆုံးသော အားစိုက်ထုတ်မှု မရှိဘဲနှင့် သူ၏နတ်ဘုရားဒိုင်းကို သူ့ဆီသို့ ယိမ်းယိုင်သွားစေ၏။ သူတို့အတွက် သူ့ကို နာကျင်စေဖို့ လုံးဝ မဖြစ်နိုင်ကြောင်း သိနေသည်။ သူက ကောင်းကင်ကို ကျေးဇူးတင်လွန်းသောကြောင့် ဒူးထောက်မိလု နီးပါး ဖြစ်သွား၏။

ချီး ချီး..

တိုက်ကွက် ၁၀ကွက်က သူရှိရာဆီသို ဆက်လက်တိုးဝင်လာပြီး အများစုက ကျန်းရီကို ရှာတွေ့နေပြီဖြစ်သည်။ သို့သော် ခြွင်းချက်မရှိဘဲ တိုက်ခိုက်မှုများအားလုံး ချော်သွား၏။ ကျန်းရီသည် ငါးရှဉ့်တစ်ကောင်ပမာ သူ့ကို ဖမ်းရန်ကြိုးစားနေသည့် လူပေါင်းများစွာ လက်ထဲကနေ အလွယ်လေး ထွက်သွားနိုင်သည်။

“ပစ္စည်းကောင်းပဲ ငါ့အပေါ် ကျရောက်လာတဲ့ တိုက်ခိုက်မှုရဲ့ တစ်စိတ်တစ်ပိုင်းက တန်ပြန်တယ်။ မိုးကြိုးမီးကို ပေါင်းစည်းလိုက်တဲ့ အချိန်မှာ သူ့ရဲ့ခုခံမှု ခွန်အားက အခုဆို အဆပေါင်းများစွာ ပိုမာသွားပြီ ဟား ဟား ဟား..”

ကျန်းရီက ကျယ်လောင်စွာ ရယ်မောလိုက်၏။ တိုက်ကွက်များ သူ့နား ရောက်လာသည့် အချိန်တွင် သူက ခန္ဓာကိုယ်ကို လွဲနေသည့် ဒိုင်းကို တစ်ချက် ကြည့်ရန်အတွက် ကောင်းကင်စိတ်အာရုံကို အသုံးပြုလိုက်သည်။ စွမ်းအင်ပမာဏများစွာကို ဒိုင်းပေါ်တွင် လှည့်ပတ်နေသည့် မြင်းများက ဦးဆောင်သွားကြောင်း တွေ့လိုက်ရ၏။ သူ၏ဒိုင်းသည် သူ့ထံမှ တိုက်ခိုက်မှုစွမ်းအားအားလုံးကို အလွယ်တကူ ပြန်လည်ညွှန်နိုင်သည့် လှည်ပတ်နေသော ဂျင်တစ်ခုနှင့် တူသည်။

တိုက်ကွက်များအားလုံး သူ့အပေါ် ကျရောက်ချိန်၌ မိုးကြိုးမီးက သုံးစွဲလိုက်ရသော စွမ်းအင်ပမာဏသည် လျစ်လျူရှုထားနိုင်၏။ တိုက်ကွက်၁၀ကွက် ခံရပြီးသည့်တိုင် မိုးကြိုးမီး၏ ၁ရာခိုင်နှုန်းသာလျှင် အသုံးပြုရသေးသည်။ ယခုအချိန်၌ ကျန်းရီက သတ်ဖြတ်၍ မရသော ပိုးဟပ်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသည်ဟု ခံစားမိနေသည်။ ထိုနေရာတွင် ရပ်နေပြီး သူတို့ဆန္ဒအတိုင်း တိုက်ခိုက်ခွင့် ပေးထားလျှင်တောင် သူ့အဖို့ သေသွားရန် အင်မတန်ခက်ခဲပေလိမ့်မည်။

“တစ်ခုခုတော့မဟုတ်ဘူး”

သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သီအိုရီထဲတွင် သူက လေအသင်္ချေနှင့် လေချည်နှောင်ခြင်းကို ပေါင်းစည်းပြီးသည့်တိုင် ယင်းက အလယ်အဆင့် တာအိုပုံစံထက် အနည်းငယ် ပိုသန်မာရုံသာ ရှိသည်။ သူ၏ခုခံမှု ထိုမျှ တိုးသွားစရာ အကြောင်းမရှိပေ။

“လမ်းကြောင်းမြေပုံ။ လမ်းကြောင်းမြေပုံက အကြောင်းပြချက် ဖြစ်ရမယ်။ လေအသင်္ချေနဲ့ လေချည်နှောင်ခြင်းက ဒီလောက် များများစားစား ခွန်အားတွေကို တိုးပေးနိုင်မှာ မဟုတ်ဘူး။ ဒါအတွက် တစ်ခုတည်းသော ရှင်းပြချက်က လမ်းကြောင်းမြေပုံက သိပ်ကို ဆန်းကြယ်လွန်းနေတာပဲ။ ပုရွတ်ဆိတ်လူသားတွေက အံ့ဩဖို့ ကောင်းလွန်းတယ်။ ဟား ဟား ဟား.. အခုဆို ငါက လူသားသဏ္ဌာန်ပုရွတ်ဆိတ်လူသားအဖြစ် ပြောင်းလဲတော့မယ်”

သူ၏အတွေးများက ခေါင်းထဲ အကြိမ်ရေအနည်းငယ် လည်ပတ်သွားပြီးနောက် ကျန်းရီသည် များများစားစား တွေးမနေတော့ပေ။ ယခု သူ ပြုလုပ်ရန် အရေးအကြီးဆုံးအရာက ထွက်ပြေးရန်သာ ဖြစ်၏။ ဤနတ်ဘုရားဒိုင်း သူ့နားတွင် ရှိနေမှုဖြင့် သူ့မိုးကြိုးမီး၏ ကုန်ဆုံးမှုက သိသိသာသာ ဖြည်းဖြည်းချင်း လျော့သွားပေလိမ့်မည်။ ၎င်းက သူ့အတွက် ရက်ပေါင်းများစွာ ထိန်းထားနိုင်ရန် လုံလောက်မည် ဖြစ်ကာ သူသည် ကျားဖြူကျွန်းကနေ သေချာပေါက် ထွက်ပြေးနိုင်လိမ့်မည်။

ဝှစ်..

သူ့လက်ထဲရှိ မီးနဂါးဓားက အပြင်ဘက်သို့ ပိုင်းဖြတ်လိုက်ပြီး သူ့လမ်းကြောင်းရှိ ရွှံ့နှင့် ကျောက်တုံးကို ဖျက်ဆီးလိုက်၏။ သူ့နားတစ်ဝိုက်၌ ဖွဲ့တည်ထားသော ဒိုင်းသည် သူ၏လှုပ်ရှားမှုကို မထိခိုက်စေကြောင်း သူခံစားမိပြီး သူ စိတ်တိုင်းကျ လှုပ်ရှားပြီး တိုက်ခိုက်နိုင်၏။ သူ၏ဒိုင်းက အသွင်သဏ္ဌာန်ပေါ်သွားသည့် အချိန်တွင် သတိထားထိန်းချုပ်ရန် မလိုအပ်တော့ချေ။ ၎င်းက ခန္ဓာကိုယ်နားတစ်ဝိုက် အလိုအလျောက် သိပ်သည်းနေမှာပဲ ဖြစ်သည်။ သူ လှုပ်ရှားလိုက်လျှင် ဒိုင်းက လှုပ်ရှားပြီး နတ်ဘုရားဒိုင်းတစ်ခုနှင့် မခြားပေ။ ပြဿနာက နတ်ဘုရားဒိုင်းသည် ၎င်းထဲသို့ အတွင်းအားများ အဆက်မပြတ် သွင်းပေးနေသောကြောင့် ပြိုကွဲသွားမှာ မဟုတ်ပေ။ ကျန်းရီ၏ ခန္ဓာကိုယ်ထဲရှိ မိုးကြိုးမီးဒိုင်းသည် အလိုအလျှောက် ပြိုကွဲသွားမှာ ဖြစ်ပြီး မိုးကြိုးမီးများ မသုံးစွဲလျှင် အလိုအလျှောက် ပြိုကွဲသွားလိမ့်မည်။ သူသည် ဒိုင်းကို မိုးကြိုးမီးများ ထပ်မံ ထုတ်လွှင့်ပေးရမည်။ ယင်းက ပြဿနာတစ်ရပ် မဟုတ်ပေ။ သူ့၌ မိုးကြိုးမီးရှိနေသရွေ့ သူသည် သူ့ခန္ဓာကိုယ်နားရှိ ဒိုင်းကို ချက်ချင်း သိပ်သည်းပေးနိုင်သည်။

သူ ထွက်ပြေးနေစဉ် တိုက်ခိုက်မှုများက သူ့နောက်ကွယ်ကနေ ချက်ချင်း ရောက်လာ၏။ ကျန်းရီက တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် စိတ်ထဲမထားပေ။ ထို့ကြောင့်သူက ဘေးသို့ ရှောင်လိုက်ပြီး ဆက်သွားလိုက်၏။ သူ၏ခန္ဓာကိုယ်နားတစ်ဝိုက်ရှိ ဒိုင်းနှင့် ထိတွေ့သွားကာ စွမ်းအင်ပမာဏကြီးက ပြန်လည် သက်ရောက်လာသည်။ သူ့နားတစ်ဝိုက်ရှိ ရွံ့နှင့် ကျောက်တုံးများက ဖုန်များဖြစ်သွားပြီး ကျန်းရီကလည်း အေးအေးလူလူ ပျံသွားလေ၏။ အင်မတန် သက်တောင့်သက်သာ ဖြစ်နေသည့် အကြည့်က သူ၏မျက်နှာထက်တွင် ရှိနေပြီး ယင်းက သူ့နားတစ်ဝိုက်ရှိ ကြောက်မက်ဖွယ် ကောင်းသော တိုက်ကွက်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။ ရှိနေသည့် လူတိုင်း၏ မှတ်ဉာဏ်ထဲတွင် ထွင်းထုထားမည် ဖြစ်သော မြင်ကွင်းတစ်ခု အဖြစ် ပြောင်းလဲသွားမည်။

၁၅မိနစ်ကြာ ပြေးပြီးနောက် ကျန်းရီက မျက်ခုံးပင့်လိုက်တော့သည်။ သူ နှာခေါင်းကို ပွတ်ကာ ရေရွတ်ပြောလိုက်၏။

“တစ်ခုခု မဟုတ်သေးဘူး။ ငါ ဘာကြောင့် ထွက်ပြေးဖို့ လိုမှာလဲ။ သူတို့တွေက ငါ့ကို အခု သတ်တောင် မသတ်နိုင်သေးတာ ဒါပေမဲ့ ငါ သူတို့ကို မသတ်နိုင်ဘူးလို့ ဘယ်သူပြောလဲ ငါ နေရာရွေ့ပြောင်းဖို့သုံးနိုင်တာပဲ။ ပြီးတော့ ငါ ဘယ်နေရာသွားလဲဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ဘူး၊ ငါတို့ကြား အကွာအဝေးကို နီးဖို့ နည်းလမ်းတွေ စဉ်းစားရမယ်။ ပြီးတော့ သူတို့ ကို သေတဲ့အထိ မီးရှို့ပစ်ဖို့ မိုးကြိုးမီးရဲ့ ပြင်းထန်တဲ့ အပူချိန် စွမ်းအားကို ငှားဖို့ပေါ့”

အနည်းဆုံးတော့ သူ၏ မိုးကြိုးမီးဒိုင်းက တိုက်ကွက်ထောင်ချီကို ခုခံနိုင်စွမ်းရှိလိမ့်မည်။ သူ၏ မိုးကြိုးမီး ကုန်ဆုံးသွားမှာကို ဂရုမစိုက်ပေ။ သူ ရပ်နေလျှင်တောင် သူ့နောက်ရှိ လူတိုင်းက သူ့ကို သတ်နိုင်မှာ မဟုတ်ပေ။ မိုးကြိုးမီးဒိုင်း ပြိုကွဲသွားလျှင်တောင် သူက နောက်တစ်ခု ချက်ချင်းဖွဲ့တည်နိုင်၏။ အဘယ်ကြောင့် ပျော်ဖို့ ကောင်းတော့မည်နည်း။

...

All Chapters