မင်းတို့တွေ တစ်ယောက်မှတောင် မလွတ်သင့်။
Vol. 52 Ch. 724
“ငါ အရင်ဆုံး နေရာရွေ့ပြောင်းတာကို ကြိုးစားကြည့်သင့်တယ် မိုးကြိုးမီးနတ်ဘုရားဒိုင်း ပြိုကွဲသွားမှာလား”
သူက မျက်တောင်ခတ်လိုက်လေ၏။ သူသည် တိုက်ကွက်တစ်လှည့်ကို ခုခံပြီးနောက် သူ့ခန္ဓာကိုယ်သည် နေရာကနေ ပျောက်ကွယ်သွားပြီး သူ့နောက်ရှိ လမ်းကြောင်းအတွင်း၌ ပေါ်လာတော့၏။ သူ့ကို အံ့ဩသွားစေသည်က မိုးကြိုးမီးနတ်ဘုရားဒိုင်း မပြိုကွဲသွားတာပဲ ဖြစ်သည်။ ထိုနတ်ဘုရားဒိုင်းသည် မမြင်ရသည့် ပိုးအိမ်ပမာ သူ့ခန္ဓာကိုယ် အပြင်ဘက်၌ ရှိနေပြီး သူ၏ခန္ဓာကိုယ်ကို တင်းကျပ်စွာ ရစ်ပတ်ထားလေ၏။
ဘီး..
သူက ထပ်မံ နေရာရွေ့ပြောင်းပြန်၏။ သူ၏ခန္ဓာကိုယ်သည် ရွှံ့မြေအပိုင်းအခြားထဲမှ ထွက်လာပြီး မီးနဂါးဓားက လွင့်လူးနေလျက် သူ့နားရှိ ရွှံ့များအားလုံးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေ၏။ သူက ကောင်းကင်စိတ်အာရုံဖြင့် ဧရိယာကို စစ်ဆေးကြည့်လိုက်သည်။ မြန်မြန်ဆန်ဆန်ပင် သူက ထိုနေရာ၌ ကောင်းကင်ဧကရာဇ်တစ်ဒါဇင်ကျော် ရှိနေကြောင်း အတည်ပြုလိုက်၏။ ပြီးနောက် သူသည် မှင်စာတစ်ကောင်ပမာ နေရာကနေ ပျောက်ကွယ်သွားပြီး ထို၁၂ယောက်ဆီ နေရာရွေ့ပြောင်းသွားလေ၏။
“အမ်..”
လက်ရှိတွင် ကောင်းကင်ဧကရာဇ်တစ်ဒါဇင်ခန့်သည့် ပူလောင်သည့်လေကို အမှီပြုပြီး မြေပြင်ကြိမ်နှုန်းများကို အားကိုးကာ ကျန်းရီရှိနေသည့် နေရာကို ရှာနေကြတာပဲ ဖြစ်သည်။ သို့သော် ကျန်းရီက နေရာရွေ့ပြောင်းသွား၏။ ထို့ကြောင့် မြေပြင်ပေါ်ရှိ ကြိမ်နှုန်းများကို ဆက်လိုက်၍ မရတော့ပေ။ ထို့အပြင် မြင့်မားသော အပူချိန်က ရုတ်တရက် ကွယ်ပျောက်သွားပြီး ရုတ်တရက်ကြီး ထပ်မံ ပူလောင်လာပြန်၏။ ယင်းက ယာယီ အကဲဖြတ်ရန် မတတ်နိုင် ဖြစ်စေသည်။
သူတို့က တွေဝေနေကြစဉ် သူတို့နှင့် တစ်မိုင်အကွာ မြေပြင်က အနည်းငယ် တုန်ယင်သွား၏။ ပြီးနောက် အပူလှိုင်းက ပေါ်ထွက်လာသည်။ ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်မားသည့် အပူချိန်သည် သူတို့အားလုံးကို ခြိမ်းခြောက်နိုင်ပြီး သူတို့ အသားအရောင်ကို ပြောင်းလဲသွားစေ၏။ သူတို့ စိတ်ဝိညာဉ်ကလည်း ပြိုကွဲလုနီးပါး ဖြစ်သွားသည်။ ဟုတ်ပေသည်။ မကြာမီ၌ သူတို့ဝိညာဉ် ပြိုကွဲတော့မည်။
မြင့်မားသော အပူချိန်က ချက်ချင်း လွှမ်းမိုးလာတော့သည်။ ထိုကောင်းကင်ဧကရာဇ်များ၏ နတ်ဘုရားဒိုင်းများက ခဏကြာယိုင်နဲ့သွားပြီးနောက် အတော်လေး နိမ့်ပါးလာကာ ကျန်သည့်သူများက ကြောက်လန့်လာကြပြီး ထွက်ပြေးချင်လာသည်။ သို့သော်ငြား ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြင့်မားသည့် အပူချိန်က သူတို့၏ နတ်ဘုရားဒိုင်းများကို ဖြတ်ကျော်လျက် သူတို့အရိုးများဆီ ထိုးဖောက်သွား၏။ သူတို့ခန္ဓာကိုယ်ထဲရှိ သွေးများကို ဆူပွက်စေကာ သူတို့၏ခန္ဓာကိုယ်က မြင့်မားသော အပူချိန်ကြောင့် ပြင်းပြသည့် နာကျင်မှုကို ခံစားနေရသည်။ သူတို့၏ အရှိန်ကလည်း ဖြည်းဖြည်းချင်း လျော့သွားပြီး ကျန်းရီက ထပ်မံနေရာရွေ့ပြောင်းတော့၏။
ဘီး..
ယခုအခေါက်တွင် ကျန်းရီသည် သူတို့ရှေ့ရှိ ဥမင်ဆီသို့ တိုက်ရိုက်နေရာရွေ့ပြောင်းလိုက်ပြီး သူက သူတို့နှင့် မီတာအနည်းငယ်သာ ကွာဝေးတော့သည်။ ကောင်းကင်ဧကရာဇ်လေးငါးယောက်ခန့်က သူတို့၏ နတ်ဘုရားဒိုင်းများ ပြိုကွဲတော့မှာကို သဘောပေါက်သွားချိန်၌ သူတို့၏ မျက်လုံးထဲ၌ ရူးသွပ်မှုက ပေါ်လာတော့၏။ သူတို့က တတ်စွမ်းသမျှ နောက်ဆုံးတိုက်ကွက်ကို ထုတ်ဖော်ပြီး ကျန်းရီနှင့်အတူ ပျောက်ကွယ်သွားရန် ပြင်လိုက်သည်။
ဖုန်း ဖုန်း ဖုန်း..
မတူညီသည့် အလင်းစီးကြောင်း ခုနှစ်မျိုး ရှစ်မျိုးခန့်က ပေါ်ထွက်လာပြီး ကျန်းရီကို အလွယ်တကူ ချေမှုန်းသွားသည်။ သူတို့အားလုံးကို မကျေမချမ်းဖြစ်ကာ သေသွားစေသည်က တိုက်ကွက်များအားလုံးက ကျန်းရီ၏ ခန္ဓာကိုယ်ပေါ် ထိမှန်သွားသည့် အချိန်တွင် တိုက်ကွက်များအားလုံးက တစ်ဖက်သို့ ချော်ထွက်သွားတာပဲ ဖြစ်သည်။ အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ဦး၏ နတ်ဘုရားဒိုင်းကတောင် ထိုမျှများပြားသည့် တိုက်ကွက်များကို ရင်ဆိုင်ရမည် ဆိုလျှင် ပြိုကွဲသွားမှာပဲ ဖြစ်သည်။ သို့သော် ကျန်းရီကို ကာကွယ်ပေးထားသည့် မိုးပြာဒိုင်းက ထိခိုက်မှု မရှိပုံပေါ်ကာ ထိုအခိုက်အတန့်တွင် တုန်လှုပ်ခြင်းတောင် မရှိပေ။
“အား..”
စူးစူးဝါးဝါး အော်သံများ ပေါ်ထွက်လာလေ၏။ ကောင်းကင်ဧကရာဇ်တစ်ဒါဇင်ခန့်က ပြာဖြစ်သည်အထိ မီးမြှိုက်ခံလိုက်ရသည်။ သူတို့၏ သူတော်စင်အသုံးအဆောင်များတောင် အရည်ပျော်ကုန်ပြီး သာလွန်သူတော်စင် အသုံးအဆောင်နှင့် ရှေးဟောင်းနတ်ဘုရားလက်စွပ်ဆယ်ကွင်းကျော်သာ ကျန်ရစ်ခဲ့၏။
ဝှစ်..
ကျန်းရီက ရောက်လာပြီး မပျက်စီးသေးသော ရတနာများအားလုံးကို သိမ်းဆည်းလိုက်၏။ သူ၏ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို ထပ်မံစစ်ဆေးပြီးနောက် သူနှင့် ဆယ်မိုင်အကွာတွင် ကောင်းကင်ဧကရာဇ် အယောက်၄၀ ရှိနေကြောင်း အတည်ပြုမိလိုက်၏။ သူ၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားကာ သတ်ဖြတ်ခြင်း အရှိန်အဝါကလည်း အေးစက်သွားလေ၏။
“ဒါက လျိုရှန်းရဲ့အသံပဲ”
“ရပ်..”
“ဘာတွေ ဖြစ်ကုန်တာလဲ။ လျိုရှန်းနဲ့ တခြားသူတွေ ဘယ်လိုလုပ် အသတ်ခံလိုက်ရတာလဲ”
“သူတို့ကို ဘယ်သူ သတ်သွားတာလဲ။ တစ်ကိုယ်တော်ဝံပုလွေများ ဖြစ်နိုင်မလား။ ဟုတ်သားပဲ အဲဒီက အပူချိန်က မူမမှန်လောက်အောင် မြင့်နေတာ တစ်ကိုယ်တော်ဝံပုလွေ အဲမှာ ရှိလောက်တယ်”
“တိုက်ကြ တိုက်ခိုက်ကြ..”
သနားစဖွယ် အော်သံများက သူတို့ အယောက်လေးဆယ်ကို ခေါင်းမွေးများ ထောင်ထသွားစေ၏။ အစောတုန်းက ကျန်းရီက အလိုက်ခံရသည့်သူဖြစ်ပြီး သူက တန်ပြန်တိုက်ခိုက်ရန် ခွန်အားမရှိခဲ့ချေ။ ယခုအချိန်တွင် သူ အဘယ်ကြောင့် တန်ပြန်တိုက်ခိုက်နေသနည်း။ ထို့အပြင် သူက အချိန်တိုအတွင်း အယောက်တစ်ဒါဇင်ခန့်ကို သတ်ဖြတ်ခဲ့သည်လော။
ဝှစ် ဝှစ်..
မည်သို့ပင် ဆိုစေကာမူ လူတိုင်းက ကျန်းရီ၏ တည်နေရာအကြောင်း အကြမ်းဖျင်းသိရှိကြသည်။ ထိုဘက်ခြမ်းဆီသို့ တိုက်ကွက်များကို ချက်ချင်း ထုတ်လွှင့်လိုက်တော့သည်။ ကြမ်းတမ်းသည့် တိုက်ကွက်၄၀ကျော်က ဝှီခနဲ ပေါ်ထွက်လာပြီး ဧရိယာနားတစ်ဝိုက်ရှိ ရွံ့မြေများအားလုံးကို ထိုးဖောက်သွား၏။ မြေပြင်က တုန်လှုပ်သွားကာ မြေပြိုမှုများစွာကို ဖြစ်စေ၏။
အယောက်၄၀၌ အလယ်အဆင့် ကောင်းကင်ဧကရာဇ်တစ်ယောက် ရှိနေသည်။ ထို့အပြင် သူက လေနက်တပ်မဟာအတွင်း အသန်မာဆုံး သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။ ထိုလူ၏တိုက်ကွက်က အကြမ်းတမ်းဆုံး ဖြစ်ပြီး သူ၏ခွန်အားက အဖွဲ့မှုးလန်နှင့် ယှဉ်နိုင်သည်။ သူက မူမမှန်သည့် စုအန်းနီသားရဲဦးခေါင်းခွံတစ်ခုကို အတွင်းအားဖြင့် သိပ်သည်းလိုက်လေ၏။ ဦးခေါင်းခွံ ဖြတ်သန်းသွားသည့်ေ နရာတိုင်း၌ ရွှံ့မြေက ဖုန်အဖြစ် ပြောင်းလဲသွား၏။ ၎င်းက ကြီးမားသည့် ဥမင်တစ်ခုကို ထိုးဖောက်သွားလျက် မီတာပေါင်းများစွာ ကျယ်ဝန်းသွားစေ၏။ မူမမှန် စုအန်းနီသားရဲ ဦးခေါင်းခွံ လွှင့်ပျံလာသည့် အချိန်၌ ဥမင်က ပြိုလဲလာပုံပေါ်၏။ အကြောင်းမှာ အနားရှိ ရွှံ့မြေများက မြေငလျင်ပြီး ဖြစ်သည့်ပမာ ထပ်ခါတလဲလဲ တုန်နေသောကြောင့် ဖြစ်သည်။ ယင်းက အင်မတန် ကြောက်မက်ဖွယ် ကောင်းပေ၏။
“ဟွား ဟွား..”
ကျန်းရီသည် လူတိုင်း၏ တိုက်ခိုက်မှုကို အမှုမထားပေ။ ကြီးမားသည့် စုအန်းနီသားရဲဦးခေါင်းခွံက သူ၏ခန္ဓာကိုယ်ကို တိုက်မိသွားလျှင်တောင် ချော်ထွက်သွားအုံးမှာပဲ ဖြစ်သည်။ သို့သော် မိုးကြိုးမီးပမာဏများစွာကိုမူ ကုန်ဆုံးစေလိမ့်မည်။ ယင်းက မိုးကြိုးမီးစုစုပေါင်း ပမာဏ၏ ၁၀ပုံလောက် ကုန်ဆုံးသွားစေနိုင်၏။
“မိုးကြိုးမီးနတ်ဘုရားဒိုင်းက ပြိုကွဲလောက်မှာ မဟုတ်ဘူး သတ်..”
ကျန်းရီသည် မှင်စာတစ်ကောင်ပမာ ချက်ချင်း နေရာရွေ့ပြောင်းလိုက်၏။ ယခုအခေါက်တွင် သူက တန်းတန်းမတ်မတ် နေရာရွေ့ပြောင်းရန် အကြောက်တရား ကင်းမဲ့နေ၏။ ထိုအစား သူက အရှေ့ဘက်ဆီသို့ နေရာရွေ့ပြောင်းလိုက်ပြီး အနောက်ဘက်ဆီသို့ နေရာရွေ့ပြောင်းကာ ရန်သူကို သူရှိနေသည့် နေရာကို ဖမ်း၍မရ ဖြစ်စေကာ အကဲဖြတ်မှု၌ အမှားများ ပိုတိုးစေ၏။
“ပြန်ဆုတ်..”
ထိုနေရာရှိ ကျွမ်းကျင်သူများသည် နောက်ဆုံးတော့ တစ်စုံတစ်ခု လွဲချော်နေတာကို သဘောပေါက်သွား၏။ ထိုစဉ် ကျန်းရီက ဆက်လက်နီးကပ်လာနေသောကြောင့် ဖြစ်သည်။ အပူချိန်က မြင့်မားလှပြီး သူတို့ ထုတ်ဖော်လိုက်သည့် တိုက်ကွက်တိုင်းက ကျန်းရီကို ထိမှန်စေဖို့ ခက်ခဲလှသည်။ သူက သူတို့နား ကပ်သည့် အချိန်၌ သေမှာ မလွဲမသွေပဲ ဖြစ်သည်။
ဘီး..
မည်သူက သိမည်နည်း။ ကျန်းရီက နေရာရွေ့ပြောင်းပြန်၏။ အတိတ်တုန်းက သူ နေရာရွေ့ပြောင်းမှုသည် မီတာရာချီကို လွှမ်းခြုံနိုင်ခဲ့သည်။ ယခုအခေါက်တွင်မူ နေရာရွေ့ပြောင်းမှုသည် မီတာထောင်ချီကို ရောက်နိုင်၏။ ချက်ချင်းပင် သူက သူတို့အကြားရှိ အကွာအဝေးကို မီတာအနည်းငယ် ကျဉ်းမြောင်းသွားစေပြီး ကြောက်မက်ဖွယ်ကောင်းသည့် အပူရှိန်က သူတို့အရှိန်များကို သိသိသာသာ လျော့သွားစေ၏။ သူတို့၏ နတ်ဘုရားဒိုင်းက မပြိုကွဲသွားသော်ငြား သူတို့ထဲမှ တချို့က သေခြင်းတရား အငွေ့အသက်ကို ရနေပြီဖြစ်သည်။
“မျိုးမစစ်ကောင် သေပေတော့”
အစွမ်းထက်သည့် အလယ်အဆင့် ကောင်းကင်ဧကရာဇ်သည် လူများစွာ၏ အရှိန်နှေးသွားတာကို မြင်လိုက်ပြီး သူ မလွှတ်မြောက်နိုင်တော့ကြောင်း အပြည့်အဝ သတိပြုမိသွားသည်။ သူ၏ မျက်လုံးထဲ၌ ရူးသွပ်သည့် အရိပ်အယောင် ပေါ်လာပြီး ဆက်မပြေးတော့ပေ။ သူ၏လက်ဖဝါးထဲကနေ မီးခိုးရောင် အတွင်းအားများ ဆက်တိုက် ပေါ်ထွက်လာပြီးနောက် သုံးမီတာခန့် ကြီးမားသည့် မူမမှန်စုအန်းနီသားရဲဦးခေါင်းခွံ ပုံရိပ်ကို သိပ်သည်းလိုက်၏။ ရုတ်တရက် သူနှင့် မီတာ များစွာ အကွာတွင် ရှိနေသော ကျန်းရီဆီသို့ တိုးဝင်သွားသည်။
ချီး ချီး..
ဦးခေါင်းခွံ ပေါ်ပေါက်လာသည်နှင့် ၎င်းအနားတစ်ဝိုက်ရှိ လေဟာနယ် အပိုင်းအခြားက အတက်အကျ ဖြစ်လာပြီး ရွှံ့မြေများက ဖုန်မှုန့်ဖြစ်သည်အထိ ချေမှုန်းခံလိုက်ရသည်။ ပြီးနောက် ပြိုလဲသွား၏။ စုအန်းနီ သားရဲဦးခေါင်းခွံက ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်း၊ အမြစ်ပြတ်သုတ်သင်ခြင်း တာအိုပုံစံတစ်ခု ဆိုတာ သိသာသည်။ ယင်းက အနက်ရောင် အလင်းစီးကြောင်းအသွင် ပြောင်းလဲသွားပြီးနောက် ကျန်းရီဆီသို့ တိုးဝင်သွား၏။ အရှိန်အက အလင်းကဲ့သို့ မြန်ဆန်ကာ အရိပ်များ ဖြတ်ကျော်သွားသည်။ ကျန်းရီက နေရာရွေ့ပြောင်းမှုကို ထပ်တောင် မသုံးရသေးခင် ထိမှန်သွား၏။
ဖုန်း ဖုန်း..
စုအန်းနီသားရဲက ကျန်းရီနှင့် တိုက်မိသွားသည့် အချိန်တွင် ယခင်ကကဲ့သို့ပင် ချော်ထွက်သွား၏။
သို့သော် သူသည် မီတာများစွာ အကွာအထိ နောက်ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်။ ရုတ်တရက် သူ့ခန္ဓာကိုယ်အပေါ်ယံရှိ မိုးကြိုးမီး နတ်ဘုရားဒိုင်းသည် မူလက နက်ပြာရောင် ဖြစ်နေရာမှ အပြာရောင်ဖျော့ဖျော့ ပြောင်းသွားလေ၏။ အတွင်းရှိ မိုးကြိုးမီးတစ်ဝက်က သုံးစွဲ ခံလိုက်ရသည်။
“သိပ်ကြောက်ဖို့ ကောင်းတာပဲ။ ကံကောင်းလို့ မိုးကြိုးမီးနတ်ဘုရားဒိုင်း မပြိုကွဲသွားတာ၊ ငါ သေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ မသေဘူးဆိုမှတော့ မင်းတို့အားလုံး သေဖို့ အလှည့်ပဲ”
သူ၏ခန္ဓာကိုယ်က အဖြူရောင်အလင်းနှယ် ဖျတ်ခနဲ လှုပ်သွားပြီးနောက် နေရာကနေ ပျောက်ကွယ်သွားသည်။ နောက်တစ်က္ကန့်၌ သူသည် ထွက်ပြေးနေသည့်သူများနှင့် သုံးမီတာအကွာတွင် ပေါ်လာ၏။ သူ၏ နေရာရွေ့ပြောင်းသည့် အကွာအဝေးက အလွန်ကျယ်ဝန်းသည် လူတိုင်း၏ အရှိန်သည် ယခုအချိန်၌ လျော့ချခံထားရသောကြောင့် သူတို့နောက်ကို သူ လိုက်နိုင်သည်။
“အား..”
ချက်ချင်းပင် လူတစ်ဒါဇင်ခန့်က သူတို့၏ နတ်ဘုရားဒိုင်းများ ပြိုကွဲကုန်ပြီး သနားစဖွယ် အော်သံများသာ ကျန်ရစ်လျက် လွင့်နေသော ပြာများဖြစ်ကုန်၏။ သူတို့ထဲမှ ကျန်ရှိသောသူများကလည်း နတ်ဘုရားဒိုင်းများ ပြိုကွဲကုန်၏။ အလယ်အဆင့် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားဒိုင်းသာလျှင် တစ်စက္ကန့်ကြာ တောင့်ခံနိုင်တာပဲ ဖြစ်သည်။
“ခွေးကောင် အတူသေကြရအောင်”
အလယ်အဆင့် ကောင်းကင်ဧကရာဇ်၏ မျက်နှာ၌ ရက်စက်မှုများ ပြည့်နေလေသည်။ ရုတ်တရက် သူက မူမမှန် စုအန်းနီသားရဲဦးခေါင်းခွံ ပုံရိပ်ကို သိပ်သည်းလိုက်ပြီး ကျန်းရီကို သူနှင့်အတူ ပျောက်ကွယ်သွားအောင် ဆွဲခေါ်ချင်၏။
သို့သော် သူ့တိုက်ခိုက်မှုကို မထုတ်ဖော်ခင် ကျန်းရီ၏လက်ထဲရှိ မီးဝိညာဉ်ပုလဲက ချက်ချင်း လင်းထိန်လာသည်။ အဆုံးမရှိ မိုးကြိုးမီးများက ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်အပူချိန်ကို ကြောက်မက်ဖွယ် ကောင်းသည်အထိ မြင့်တက်စေ၏။
အလယ်အဆင့် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားဒိုင်းသည် ခဏတာအတွက် တောင့်ခံနိုင်လောက်သော်ငြား သူ့ခန္ဓာကိုယ်က မတောင့်ခံနိုင်ပေ။ နတ်ဘုရားဒိုင်းက မြင့်မားသည့် အပူချိန်အများစုကို ချထားပေး၏။ သို့သော်ငြား ယခုအချိန်၌ သူတို့အကွာအဝေးက နီးကပ်လွန်းနေပြီး အပူချိန်က မြင့်မားလွန်းသည်။ သူ၏နတ်ဘုရားဒိုင်းများကို မီးမြှိုက်သွားမှာ မလွဲမသွေပဲ ဖြစ်သည်။ ခန္ဓာကိုယ်တွင်းရှိ သွေးများကလည်း လောင်ကျွမ်းမှုကြောင့် စတင်ဆူပွက်လာ၏။ သူ၏ခန္ဓာကိုယ်လည်း ပြင်းပြသည့် နာကျင်မှုကို ခံစားနေရကာ တိုက်ကွက်ကို သိပ်သည်းနေသော လက်က မထုတ်နိုင်တော့ချေ။
ဖောက်..
နတ်ဘုရားဒိုင်းသည် ပူပေါင်းပမာ ပေါက်သွားလေ၏။ ပြီးနောက် မီးစွဲသွားပြီး အော်သံများ ဒေါသတကြီး ဟစ်ကြွေးသံများ ပေါ်ထွက်လာ၏။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်သည် ပြာဖြစ်သွားကာ ဥမင်အတွင်း၌ မျောလွင့်နေသည့် ရှေးဟောင်းနတ်ဘုရားလက်စွပ်တစ်ကွင်းသာ ကျန်ခဲ့သည်။
“ဟူး ဟူး ကပ်သီးလေးပဲ”
ကျန်းရီ၏ မျက်နှာ၌ ချွေးစေးများ ပျံလာ၏။ ထိုလူတိုက်ခိုက်ခဲ့လျှင် သူ၏မိုးကြိုးမီးနတ်ဘုရားဒိုင်းက ပြိုကွဲသွားမည် ဖြစ်၏။ ပြီးနောက် သူက သက်ရောက်မှုကြောင့် သေသွားလိမ့်မည်။ ကံကောင်းသည်မှာ သူက မိုးကြိုးမီးများကို ချက်ချင်းပင် ပိုထုတ်လွှင့်နိုင်လိုက်တာပဲ ဖြစ်သည်။
ဝှစ်..
သူ၏ ကောင်းကင်စိတ်အာရုံကို သိမ်းကြုံးကြည့်လိုက်ရာ ၃၀ကျော်က မီးလောင်ပြီး သေသွားတာကို အတည်ပြုခဲ့ရသည်။ သူက ပုံရိပ်ယောင်အသွင်ပြောင်းလဲပြီး ရှေးဟောင်းနတ်ဘုရားလက်စွပ် တစ်ဒါဇင်ကျော်ကို စုဆောင်းလိုက်၏။ တစ်ဆက်တည်းတွင် အနားပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးလိုက်ရာ သူ၏ ပတ်ဝန်းကျင်အတွင်း ကျန်သည့်သူအချို့ ရှိနေသေးတာကို တွေ့လိုက်ရသည်။ သူ၏ ကောင်းကင်စိတ်အာရုံက ကွေ့ရင်အပေါ်၌ မှတ်ထားထားသည်။ သူ၏မျက်လုံးများက သတ်ဖြတ်လိုစိတ်များ ပြည့်နေပြီး နှစ်ပေါင်းထောင်ချီကြာအောင် စုပုံလာသည့် ရေခဲမြစ်မှ အအေးဓာတ်နှင့် ဆင်တူသည့် အသံတစ်သံသည် မိုင်ပေါင်းများစွာကို ပြန့်လွှင့်လာသည်။
“ကွေ့ရင် မင်းရဲ့လေနက်တပ်မဟာကနေ ဒီနေ့ တစ်ယောက်မှတောင် လွှတ်မှာ မဟုတ်ဘူး”
...