← Chapters

ရေနှင့်မြေများ မပြောင်းလဲပါသော်လည်း လူများမှာ ပြောင်းလဲသွားချေပြီ

Vol. 2 Ch. 28

ရေနှင့်မြေများ မပြောင်းလဲပါသော်လည်း လူများမှာ ပြောင်းလဲသွားချေပြီ

Vol. 2 Ch. 28

“ကောင်းပါပြီ”

ဟန်မူယဲ့က တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူသည်။

အကယ်၍ မော့ယွမ်သည် သူ့အား တန်ဖိုးကြီးလှသော အသက်ရှည်ဆေးလုံးကို ပေးလိုပါက သူ၏တပည့်အဖြစ် ဟန်ဆောင်ပေးခြင်းက ဘာမှ မဟုတ်ပါ။

“ဟန်မူယဲ့က ဆရာကို နှုတ်ဆက်ပါတယ်”

ကြာပွတ်တစ်ချက်ရိုက်ကာ ဟန်မူယဲ့ ကျယ်လောင်စွာ ပြောလိုက်သည်။

“ဟဟ… ကောင်းတယ်… ကောင်းတယ်…”

မော့ယွမ်က ရထားလုံးထဲမှ ရယ်မောသည်။

“လာပါ… ငါတို့ စကားပြောကြတာပေါ့။ ငါက အပြင်စည်းဂိုဏ်းမှာပဲနေတာဆိုပေမဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်ပြီးတော့ ဗဟုသုတစုံတယ်”

မော့ယွမ်၏စကားက ဟန်မူယဲ့အား စိတ်လှုပ်ရှားစေသည်။

ဓားစံအိမ်တွင်သာ အမြဲနေသော ဟွမ်လောင်လျှိုနှင့်စာပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် နှစ် ၂၀၀ နေထိုင်ခဲ့သော မော့ယွမ်မှာ ပို၍ ဗဟုသုတ ကြွယ်ဝပေသည်။

ကျင့်ကြံခြင်းနှင့်ပတ်သက်သော နည်းလမ်းများ၊ ကျင့်ကြံခြင်းလောကမှ စည်းမျဉ်းများနှင့် ဂိုဏ်းကြီးဂိုဏ်းငယ်များ၏လျှို့ဝှက်ချက်များ စသည်တို့အားလုံးကို မော့ယွမ် သိသည်။

သုံးရက်တိတိ ဟန်မူယဲ့သည် ကျင့်ကြံခြင်းနှင့်ပတ်သက်သော ဗဟုသုတများအား သင်ယူခဲ့သည်။

ထိုအခါမှ သူ၏နဝမတန်းစား ဒန်ထျန်နှင့်ပတ်သက်၍ ဟန်မူယဲ့ နားလည်သွားသည်။

နဝမတန်းစား ဒန်ထျန်မှာ အမှန်တကယ် အသုံးမဝင်သည်တော့ မဟုတ်ပါ။ ၎င်းသည် ပိုမိုများပြားသော သဘာဝစွမ်းအားများဖြင့် သန့်စင်ရန်သာ လိုအပ်ခြင်း ဖြစ်သည်။

သာမန်တန်ခိုးရှင်များအတွက် ဝိညာဉ်ကျောက်တုံး အများအပြားမရှိရာ ၎င်းသည် အမှန်တကယ် အသုံးမကျသော ဒန်ထျန် ဖြစ်သည်။

သို့သော် တိမ်မြူချီဆေးလုံးဖော်စပ်နိုင်သော ဟန်မူယဲ့အတွက် ပြဿနာမရှိပါ။

ကျင့်ကြံခြင်းနှင့်ပတ်သက်၍ မော့ယွမ်က ဟန်မူယဲ့အား ချိုမြန်သော အံ့အားသင့်စရာတစ်ခု ပြောခဲ့သည်။

သာမန်ကျင့်ကြံသူတစ်ဦးက သူ၏ဒန်ထျန်ကို ဖွင့်လှစ်နိုင်သောအခါ ၎င်းမှာ လက်ဖဝါးအရွယ်ခန့်သာ ရှိသည်။

တစ်ပေခန့် ပမာဏဒန်ထျန်ကို ဖွင့်လှစ်နိုင်ခြင်းမှာ ပါရမီရှင်များအတွက်ပင် ရှားပါးသောဖြစ်စဉ်ပင်။

ဆယ်ပေခန့် ကျယ်သော သူ၏ဒန်ထျန်မှာ မည်သည့်အဆင့်တွင်ရှိကြောင်း ဟန်မူယဲ့က မေးလျှင် မော့ယွမ်က စကားလုံးတချို့ဖြင့် ရည်ညွန်း၏။

မိစ္ဆာအဆင့်… (ရူးသွပ်ဖွယ်ကောင်းလောက်သောအဆင့်ဟု ဆိုလိုသည်)

ထိုစကားလုံးက သိပ်နားထောင်၍တော့ မကောင်းပါ။

သို့သော်လည်း ပါရမီရှင်တစ်ဦးကို ဖော်ညွန်းသောအခါ ၎င်းစကားလုံးမှာ အမြင့်ဆုံးသော သတ်မှတ်ချက် ဖြစ်သည်။

ဆိုလိုသည်က ဟန်မူယဲ့၏ဒန်ထျန်မှာ မိစ္ဆာအဆင့် ဖြစ်သည်။

ထိုအဖြစ်က ဟန်မူယဲ့၏အပြုံးများအား လမ်းတစ်လျှောက်လုံး မရပ်တန့်စေခဲ့ပါ။

ဒန်ထျန်နှင့်ပတ်သက်သည်များကို မေ့ထားလျှင်ပင် ချီပင်လယ်ကို ဖွင့်လှစ်နိုင်ခြင်းက ဟန်မူယဲ့အား ဒွိလမ်းစဉ်ကျင့်ကြံခြင်းအား ခွင့်ပြုပေးခဲ့သည်။

မော့ယွမ်၏အဆိုအရ ဓားသမားတစ်ဦးအဖြစ် လေ့ကျင့်ရန် အကောင်းဆုံးနည်းလမ်းမှာ ချီဖြင့် ဓားကို ထိန်းချုပ်သည့်နည်းစနစ်ကို ကျင့်ကြံခြင်းအပြင် ဓားကို ခန္ဓာကိုယ်၏ကာယခွန်အားသီးသန့်ဖြင့် ထိန်းချုပ်ရန်လည်း ယှဉ်တွဲ၍ လေ့ကျင့်သင့်သည်။

“ကံမကောင်းတာက ငါဟာ နောက်ကျပြီးမှ သိခဲ့ရတယ်”

မော့ယွမ်က ရထားလုံးထဲမှ သက်ပြင်းချသည်။

သူက အရာအားလုံးကို သိမြင်ခဲ့သော်လည်း အခွင့်အလမ်း မရှိတော့ပါ။

သူ၏ကျင့်ကြံဆင့်ကို တိုးတက်ရန်ပင် အလွန်ခက်ခဲနေပြီ ဖြစ်သည်။ သူ၏ဓားတာအိုမှာ သီအိုရီအားဖြင့်သာ ကျန်တော့ကာ ခန္ဓာကိုယ်က ပြီးမြောက်အောင် မစွမ်းဆောင်နိုင်တော့ပါ။

သူက လမ်းတွင် ဟန်မူယဲ့အား သူသိသည်၊ တတ်သည်များအားလုံးကို သင်ကြားပေးခဲ့သည်။

သူကိုယ်တိုင်က ထိုအိပ်မက်အား အထမမြောက်နိုင်ပါက နောက်တစ်ယောက် ကြိုးစားပိုင်ခွင့်ရှိသေးသည်။

အဝေးကောင်းကင်ကို ကြည့်ကာ မျှော်လင့်ချက်ရောင်ခြည်ကလေးများ သူ့မျက်လုံးထဲတွင် တွေ့ရသည်။

သူက ထောင်ပေါင်းများစွာသော ဓားများ ဟန်မူယဲ့၏နောက်သို့လိုက်ပါ တိုက်ခိုက်သောမြင်ကွင်းအား မမြင်နိုင်တော့ပါ။

“ရေမြေတွေ မပြောင်းလဲပေမဲ့ လူတွေကတော့ ပြောင်းလဲသွားပြီပဲ”

မော့ယွမ်က လမ်းအဆုံးကို လက်ညိုးထိုးပြကာ ပြောသည်။

“အဲဒါ ငါ့ရဲ့မွေးရပ်မြေမြို့ ချင်းမူမြို့ပဲ”

ဟန်မူယဲ့ ခေါင်းညိတ်ကာ ပြောသည်။

“ဆရာ… ကျုပ်တို့ ဆရာရဲ့အိမ်ကိုပဲ တိုက်ရိုက်မောင်းသွားကြမလား”

“တိုက်ရိုက်…”

မော့ယွမ်က ခေါင်းယမ်းသည်။

“တည်းခိုဆောင်တစ်ခုအရင်ရှာရအောင်… ပြီးတော့မှ မေးမြန်းပြီး သွားကြတာပေါ့”

“ငါ စိတ်ပူတာက…”

သူ၏အိမ်ကို မပြန်ဘဲ နှစ် ၂၀၀ ခန့်ကြာမြင့်ပြီးနောက်တွင် သူ့မိသားစုနှင့်ပတ်သက်၍ ဘာမှ မသိတော့မည်ကို သူ စိုးရိမ်နေ၏။

ဟန်မူယဲ့ ခေါင်းညိတ်ကာ ရထားလုံးကို အနီးအနားမှ တည်းခိုဆောင်သို့ မောင်းသွားလိုက်၏။

…

ဓားစံအိမ်အဝင်ဝတွင် အပြင်စည်းဂိုဏ်းသား ကျန်းဟန်သည် နောက်လှည့်ကာ နောင်တရသော အမူအရာဖြင့် ကြည့်သည်။

သူက ဓားထိန်းအား ကျေးဇူးတင်ရန် ရောက်လာခြင်း ဖြစ်သည်။

ကံမကောင်းသည်ကား သူ့ကို ဉာဏ်အလင်းရအောင် ကူညီခဲ့သူမှာ ဓားစံအိမ်၌ မရှိပါ။

ရက်အတန်ကြာ လေ့ကျင့်ပြီးနောက်တွင် သူသည် လက်ထဲမှ ဓားနှင့် ရင်းနှီးကျွမ်းဝင်လာကာ သူ၏တိုက်ခိုက်ရေးစွမ်းအားမှာလည်း တိုးတက်လာခဲ့သည်။

သူ တံခါးပိတ်လေ့ကျင့်ခြင်း ပြီးဆုံးသွားသောအခါ သူသည် သူ့ထက်အဆင့်မြင့်သော အပြင်စည်းဂိုဏ်းဝင်တစ်ဦးနှင့် လက်ရည်စမ်းခဲ့၏။

တိုက်ပွဲက သူ့အား အံ့အားသင့်စေခဲ့သည်။

အပြင်စည်းဂိုဏ်းတွင် အဆင့် ၉၀နှင့်အထက်ရှိသော ထိုစီနီယာမှာ သူ့ဓားကွက် ဆယ်ကွက်ပြည့်အောင် မခုခံနိုင်ခဲ့ချေ။

ထိုစီနီယာ၏အလိုအရ သူ့ဓားသည် ဓားသိုင်းနှင့် လိုက်လျောညီထွေကာ မြန်ဆန်ပြီး ခုခံရန် ခက်ခဲလှသည်။

ကျန်းဟန်၏တိုက်ခိုက်ရေးစွမ်းအားမှာ အပြင်စည်းဂိုဏ်း၌ ထိပ်ဆုံး ၅၀ စာရင်းဝင် ဖြစ်နိုင်သည်ဟု ဆို၏။

ကျန်းဟန်သည် ရုတ်တရက် ဉာဏ်အလင်းရကာ ကောင်းမွန်သော အနာဂတ်ရှိသည်ဟုပင် ချီးကျူးခဲ့သည်။

၎င်းတို့အားလုံးမှာ ဓားစံအိမ်မှ ဓားထိန်းတစ်ဦး၏လမ်းညွန်မှုကြောင့်ဖြစ်သည်ကို ကျန်းဟန် သိနားလည်၏။

“ငါ မနက်ဖြန် ပြန်လာမယ်”

ကျန်းဟန်က ရေရွက်ကာ ထွက်သွာခဲ့သည်။

ဓားစံအိမ်တွင် စားပွဲရှည်၌ ထိုင်နေသော ဟွမ်လောင်လျှိုသည် ခေါင်းငုံ့ကာ ရေရွက်သည်။

“ညီလေးဟန်က အတော်လေး နာမည်ကြီးတာပဲ။ ဂိုဏ်းမှာ ရက်နည်းနည်းပဲ နေရသေးတယ်။ လူတွေ အများကြီး လာရှာနေကြပြီ”

“အတွင်းစည်းဂိုဏ်းသား ကျောက်ဖူ၊ အပြင်စည်းဂိုဏ်းသား ကျန်းဟန်၊ အစေခံလုကော… ပြီးတော့ ကောင်လေးက မိန်းကလေးတွေကြားထဲလည်း နာမည်ကြီးသေးတယ်။ ဆိုင်ရှင်ပိုင်ကလည်း နှစ်ခေါက်တောင် လာသေးတယ်”

သူက မော့ကြည့်လိုက်လျှင် မှင်တက်သွားသည်။

“အာ… ဂျူနီယာညီမလေးမူ… မင်း…”

သူ၏အတွေးများ ရှုပ်ထွေးသွားသည်။

ဟန်မူယဲ့က ဂျူနီယာညီမလေးမူနှင့် တောင်အောက်ကို ဆင်းသွားသည် မဟုတ်ဘူးလား။

သို့ဆိုလျှင် သူ မည်သည့်နေရာသို့ သွားသနည်း။

မူဝမ်၏မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ရှိနေသည်။ သူမက ဟွမ်လောင်လျှိုအား ဦးညွှတ်ကာ စာတစ်စောင်အား ကမ်းပေးသည်။

“အစ်ကိုဟွမ်… ဒီစာကို စီနီယာအစ်ကိုဟန်ဆီသို့ ပေးပေးပါ။ တကယ်လို့ သူ ဖတ်ဖြစ်ရင်…”

ထို့နောက် မူဝမ် နောက်လှည့်ကာ ထွက်သွားတော့သည်။

“ဟေး… မင်း… မင်း…”

ဟွမ်လောင်လျှို၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ ဟန်မူယဲ့၏အခန်းဆီသို့ ပြေးလွှားသွားသည်။

အတန်ကြာလျှင် မျက်လုံးများ နီမြန်းလျှက် သူ အပြင်သို့ ထွက်လာ၏။

သူ့လက်ထဲတွင် ကျောက်စိမ်းပုလင်းငယ် ၂လုံး…

“မဖြစ်နိုင်ဘူး… ညီလေးဟန် သေချာပေါက် အသက်ရှင်မှာ…”

…

ထိုအချိန်တွင် ဟန်မူယဲ့သည် မော့ယွမ်နှင့်အတူ ချင်းမူမြို့ရှိ ကြီးမားထည်ဝါသောအိမ်တော်တစ်ခုအပြင်သို့ ရောက်နေကြသည်။

“ကံကောင်းတာပဲ… ကံကောင်းတာပဲ… နှစ် ၂၀၀လောက် မော့မိသားစုသို့ မပြန်ဖြစ်ခဲ့တာ။ ငါ့မိသားစုက ဒီလောက် တိုးတက်ပြောင်းလဲနေမယ်လို့ မထင်ထားဘူး”

ကြီးမားသောဂိတ်တံခါးကို ကြည့်ကာ မော့ယွမ်က မုတ်ဆိတ်ရှည်ကြီးများအား သပ်လျှက် သက်ပြင်းချသည်။

တည်းခိုဆောင်၌ တစ်ညတည်းပြီး မော့မိသားစုနှင့်ပတ်သက်၍ စုံစမ်းသောအခါ သူ တအံ့တဩဖြစ်ရသည်။

မော့ယွမ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို စဝင်ကတည်းက မော့မိသားစုမှာလည်း သူ၏အပြင်စည်းဂိုဏ်းနှင့်ဆက်ဆံရေးကြောင့် တဖြေးဖြေး တိုးတက်ပြောင်းလဲလာခဲ့သည်။

ပြီးခဲ့သော နှစ် ၂၀၀ အတွင်း၌ မော့မိသားစုသည် သူတို့၏ဘိုးဘေး မော့ယွမ်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၌ အလွန်သန်မာနေပြီဖြစ်သည်ဟု သိထားကြသည်။

ထို့အတူ မော့မိသားစုခေါင်းဆောင်ဖြစ်သော မော့ယွင်ထန့်မှာလည်း ချီစုဆောင်းခြင်းအဆင့် ၃၌ ရှိကာ ချင်းမူမြို့၏ရှားပါးသော ပညာရှင်တစ်ဦး ဖြစ်နေလေပြီ။ မော့မိသားစုသည် မိုင်တစ်ရာအတွင်း၌ နံပါတ်၁ အင်အားစု ဖြစ်သည်။

“ခင်ဗျားတို့က မော့မိသားစုဆီကို ဂုဏ်ပြုလက်ဆောင်သွားပေးမလို့မလား။ မနက်ဖြန် မော့မိသားစုဟာ ချင်းကုမြို့က စွန်းမိသားစုနဲ့ မဟာမိတ်လက်ထပ်ပွဲ ကျင်းပဖို့ ရှိတယ်။ တည်းခိုဆောင်က ဧည့်သည်အများစုက သူတို့ကို ဂုဏ်ပြုလက်ဆောင်သွားပေးကြတာပဲ”

တည်းခိုဆောင်အစေခံက မော့ယွမ်အား ပြောပြသည်။

ဟန်မူယဲ့လည်း တိတ်ဆိတ်စွာပင် ဖိတ်ကြားလွှာတစ်ခု သွားရှာကာ နှစ်ဦးသား မော့မိသားစုထံသို့ နောက်တစ်နေ့ ရောက်လာခဲ့ကြသည်။

ဧည့်ကြိုက သူတို့အား ခန်းဆောင်တစ်ခုသို့ ခေါ်လာ၏။ မော့ယွမ်သည် ခြံဝင်းထဲ ကြည့်ကာ များစွာသော ခံစားချက်များ ရှိနေဟန်ရသည်။

ဟန်မူယဲ့သည် သူ့နောက်မှ ဖြေးဖြေးချင်း လိုက်ပါလာသည်။

သူတို့က ခန်းမကြီးဆီသို့ ရောက်လာသောအခါ ဧည့်သည်အများစုမှာ နေရာထိုင်ခင်းများ ယူထားကြပြီးဖြစ်သည်။ မော့မိသားစုဝင်များက သူတို့အား ကြိုဆိုဧည့်ခံကြသည်။

“ကျုပ်ဆရာက ခရီးသွားနေရင်း မော့မိသားစုနဲ့ စွန်းမိသားစု မဟာမိတ်လက်ထပ်ပွဲရှိတယ်ကြားတယ်။ သူက မော့မိသားစုဘိုးဘေးနဲ့ အရင်တုန်းက ရင်းနှီးဖူးတာကို သတိရတဲ့အတွက် ဂုဏ်ပြုလက်ဆောင်လာပေးတာပါ”

ဟန်မူယဲ့ ရှေ့ကို တက်သွားကာ သေတ္တာငယ်လေးတစ်လုံးပေးသည်။

မော့မိသားစုဝင်များက ဟန်မူယဲ့၏စကားကိုကြားလျှင် မှင်တက်သွားကြသည်။ သူတို့က မော့ယွမ်အား ကြည့်ကာ မေးသည်။

“စီနီယာက ကျုပ်တို့ဘိုးဘေးကို သိတာလား”

မော့ယွမ်က ခေါင်းညိတ်လျှင် ဟန်မူယဲ့က ပြန်ပြောသည်။

“လွန်ခဲ့တဲ့ နှစ် ၁၀၀က ကျုပ်ဆရာနဲ့ မော့မိသားစုဘိုးဘေးတို့ သိုင်းလောကမှာ အတူတူကျင်လည်ဖူးတယ်။ သူတို့က မိတ်ဆွေဟောင်းတွေပဲ”

ဘိုးဘေး၏မိတ်ဆွေဟောင်း…

မော့မိသားစုဝင်များက အလျင်အမြန် ဦးညွတ်ကြသည်။ သူတို့က လက်ဆောင်အား ဘေးနားမှ လူအား ကမ်းပေးလိုက်၏။

အတန်ကြာလျှင် မော့မိသားစုခေါင်းဆောင်မော့ယွင်ထန့် ထွက်လာ၏။

ဘိုးဘေး၏မိတ်ဆွေဟောင်းရောက်လာကာ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးအား လက်ဆောင်အဖြစ် ပေးခဲ့သည်။ သူက မည်သို့ မလာရဲဘဲ နေမည်နည်း။

အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးသည် မော့မိသားစုနှစ်ခုအား ထောက်ပံ့နိုင်သည်။

“ဂျူနီယာမော့ယွင်ထန့်က စီနီယာကို နှုတ်ခွန်းဆက်ပါတယ်။ စီနီယာရဲ့နာမည်ကို သိလို့ရမလား”

မော့ယွင်ထန့်က ဦးညွှတ်ကာ မော့ယွမ်အား အသံတိုးတိုးဖြင့် မေးသည်။

ပတ်ဝန်းကျင်မှ ဧည့်သည်များကလည်း မော့ယွမ်အား အာရုံစိုက်မိထားကြပြီးဖြစ်သည်။ သူတို့က မော့မိသားစုခေါင်းဆောင် မည်မျှ ယဉ်ကျေးပျူငှာသည်ကိုမြင်လျှင် ကြီးစွာ အံ့အားသင့်ကြ၏။

“အဲဒါ ဘယ်သူလဲ။ မော့မိသားစုခေါင်းဆောင်တောင်မှ သူ့ကို ကိုယ်တိုင်ကြိုဆိုရတယ်”

တစ်ယောက်က စိတ်ဝင်တစားဖြင့် တီးတိုးမေးသည်။

“ဒါက ကိုယ်တိုင်ကြိုဆိုတာထက် ပိုသေးတယ်။ မော့မိသားစုခေါင်းဆောင် ဦးညွှတ်တာ မမြင်လိုက်ဘူးလား”

ဘေးနားမှ နောက်တစ်ယောက်က ဟန်မူယဲ့နှင့် မော့ယွမ်ကို ကြည့်ကာ ပြောသည်။

“သူတို့ နောက်ကျောမှာ ဓားတွေ သယ်ပိုးထားတယ်။ သူတို့က ဓားသမားတွေပဲ”

All Chapters