← Chapters

ဇာတ်လိုက်

Vol. 30 Ch. 408

ဇာတ်လိုက်

Vol. 30 Ch. 408

အခန်း (၄၀၈) : ဇာတ်လိုက်

ဝမ်ဝေ့က ဒဏ်ရာကို ကုသဖို့ တရားထိုင်နေရင်း မျက်လုံးများကို မှိတ်ထားလေသည်။ သူ့အံ့ဖွယ်ပင်လယ်၊ အံ့ဖွယ်ပလ္လင်နှင့် ကမ္ဘာဦးစိတ်ဝိညာဉ်ရှိ အက်ကြောင်းများထဲ ပန်းရောင်မီးတောက်နှင့်အတူ သင်္ကေတများကို မြင်တွေ့နိုင်လေသည်။

သူက ဝူဟုန် အသုံးပြုခဲ့သော တူညီသည့် နည်းလမ်းကို အသုံးပြုကာ သူ့ဒဏ်ရာများအား စည်းပိတ်ပြီး ဖယ်ရှားပစ်နေခြင်း ဖြစ်၏။ ထို့အပြင် သူက သူ့ဒဏ်ရာများအား ဆေးလုံးအဖြစ် ပြောင်းလဲပေးနိုင်မည့် မူလဆေးလုံး မီးတောက်ကျမ်းကိုပါ အသုံးပြုနေသည်။

မီးတောက်က အရာအားလုံးကို ဆေးအာနိသင်အဖြစ် ပြောင်းလဲနိုင်သောကြောင့် ထိုကြိုးစားမှုက အလုပ်ဖြစ်လေသည်။ သူ့ဒဏ်ရာများက သိသိသာသာ ပိုမို ကောင်းမွန်လာ၏။

ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်သည့်အခါ သူ့အသက်ရှူနှုန်းက ပိုမိုချောမွေ့လာသည်ကို ခံစားမိလိုက်သည်။ မူလဆေးလုံး မီးတောက်ကျမ်းသည် သူ မြင်တွေ့ဖူးသမျှကျမ်းထဲ မူလလမ်းစဉ်ကျမ်း၊ ဝူဟုန်၏ ကျမ်းနှင့် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းတို့နှင့်အတူ ထူးကဲသည်ဟု ယူဆနိုင်ပေသည်။

ပို၍အရေးကြီးသည်က ဧကရာဇ်တန့်ယွမ်သည် ရိုးရှင်းသည့်သူ မဟုတ်ပေ။

ဝမ်ဝေ့က သူ့ကျင့်ကြံရေး ပြီးဆုံးသွားသည်နှင့် စာအုပ်တချို့ကို ထုတ်ကာ ဖတ်ရှုလိုက်သည်။ ထိုစာအုပ်များက ကောင်းကင်နက်နဲကုန်းမြေအကြောင်း ဖြစ်၏။ သူက ကမ္ဘာတိုင်းနှင့် စနစ်တိုင်းတွင် အရေးသာချက်ရှိသည့်အတွက် ထိုအရာမှ သင်ယူဖို့ဆုံးဖြတ်ထားသည်။

သူက သူ့အား စိတ်ဝင်စားစေသည့် ဝိညာဉ်ပစ္စည်းအချို့ကိုပင် ရှာတွေ့ထားသည်။ ထို့အပြင် သူက ကျိုးရှုနှင့် ချူးမိုတို့အတွက် ကံအပြောင်းအလဲ အခွင့်အရေးတချို့ကို ဖန်တီးဖို့အတွက် ဤကမ္ဘာအား နားလည်ဖို့ လိုအပ်နေသည်။

ထိုလူများ၏ ကျင့်ကြံရေး နည်းစနစ်များက ဤကမ္ဘာ၏ နက်နဲလမ်းစဉ် နည်းစနစ်အပေါ် အခြေခံကာ ဝမ်ဝေ့ ဖန်တီးထားခြင်းဖြစ်၏။

ထိုအရာအားလုံးကို ဖတ်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့၏ အာရုံကို ဖမ်းစားသွားသည့် အရာနှစ်ခု ရှိလေသည်။ ပထမတစ်ခုက နက်နဲပန်းပွင့်ပုံဖော်ခြင်းဟု ခေါ်သည့် လျှို့ဝှက်ကျင့်စဉ်တစ်ခု ဖြစ်၏။ ထိုအရာကို ဖတ်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုအရာသည် ပန်းသုံးပွင့်သရဖူ တစ်ခုအဖြစ် စုစည်းခြင်းဆိုသည့် သဘောတရားအပေါ် အခြေခံထားကြောင်း သိလိုက်သည်။ ထိုပန်းသုံးပွင့်က စိတ်ဝိညာဉ်၊ ချီနှင့် အဆီအနှစ် သို့မဟုတ် ဝိညာဉ်၊ အသက်ဓာတ် သို့မဟုတ် ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ကို ဆိုလိုခြင်း ဖြစ်၏။

နက်နဲပန်းပွင့်ပုံဖော်ခြင်း ကျင့်စဉ်က ခန္ဓာကိုယ်အတွင်း နက်နဲစွမ်းအင်ကို အသုံးပြုကာ ချီပန်းပွင့် ဖွဲ့စည်းသည့် နည်းလမ်း ဖြစ်သည်။ ထိုလျှို့ဝှက်နည်းစနစ်ကို ဖန်တီးထားသည့် လူက သမာသမတ်ဂိုဏ်းမှ နှစ်တစ်သောင်းတွင် တစ်ခါပေါ်ထွက်လာသည့် ပါရမီရှင် ဖြစ်ပေသည်။

ထိုအရာကို အသုံးပြုကာ သူက နတ်ဆိုးဂိုဏ်းများအား ချေမှုန်းခဲ့သည်။ ကံဆိုးစွာဖြင့် သူက ရုတ်ချည်း ပျောက်ကွယ်သွားပြီး နောက်ထပ် ထွက်ပေါ်မလာတော့ပေ။

သူက မဟာဧကရာဇ် ဖြစ်လာဖို့အတွက် ကုန်းမြေမှ စွန့်ခွာသွားသည်ဟူသော ကောလဟာလများပင် ရှိခဲ့ဖူးသည်။ သို့သော်လည်း ဝမ်ဝေ့က သူ့အပြုအမူများသည် စကားမဲ့ဂိုဏ်း၏ အစီအစဉ်အတွက် အနှောင့်အယှက် ဖြစ်နေသည့်အတွက် တိတ်တဆိတ် အသတ်ခံလိုက်ရသည်ဟုသာ ယူဆမိသည်။

ထိုလျှို့ဝှက်နည်းစနစ်အပေါ် အခြေခံ၍ ဝမ်ဝေ့က စိတ်ဝိညာဉ်နှင့် အဆီအနှစ် ပန်းပွင့်များကို ဖွဲ့စည်းဖို့ နည်းလမ်းရှာဖို့ စီစဉ်ထားသည်။ ထို့နောက် ထိုနည်းစနစ်အား သူ့မူလအဆီအနှစ်နှင့် သင့်တော်အောင် ပြောင်းလဲလိုက်မည်။

ထိုပန်းပွင့်များက စိတ်ဝိညာဉ်၊ ချီနှင့် အဆီအနှစ် ဖြစ်သည့် ရတနာသုံးခု၏ အထွတ်အထိပ်သို့ ရောက်ရှိဖို့အတွက် အလွန်အရေးကြီးသည်ဟု ယူဆနိုင်လေသည်။ ထိုအရာက အားကောင်းရုံသာမက စည်းမျဉ်းများကို နားမလည်ခင် အခြေခံအုတ်မြစ်ကောင်းကိုလည်း ဖန်တီးနိုင်လေသည်။

ဝမ်ဝေ့က ထိုအရာအပေါ် အခြေခံထားသည့် ကျင့်ကြံရေး နည်းစနစ်တချို့သည် အလွန်အားကောင်းကြောင်း ခန့်မှန်းမိ၏။

သူ့အာရုံကို ဖမ်းစားသွားသည့် နောက်ထပ် တစ်ခုမှာ ဤကမ္ဘာရှိ အံ့ဖွယ်သခင်ဟုခေါ်သည့် ပညာရပ်တစ်မျိုး ရှိလေသည်။ ထိုနာမည်က အတော်လေး အံ့ဩဖွယ်ကောင်းလောက်သော်လည်း အဆောင်ပြုလုပ်သူနှင့် အစီအရင်ဆရာတို့ ပေါင်းစပ်ထားသည့် နောက်ပုံစံတစ်မျိုး ဖြစ်၏။ ထိုအရာတွင် လက်နက်သန့်စင်မှုတချို့ပင် ထည့်ပေါင်းထားသည်။

ဤကမ္ဘာတွင် အဆောင်တာအိုက မဖွံ့ဖြိုးပေ။ သူတို့၏ ကျင့်ကြံရေး နည်းစနစ်အများစုက နောက်ပိုင်းအဆင့် မရောက်ရှိခင်အထိ ဝိညာဉ်နှင့် မဆက်နွယ်မိပေ။ အဆောင်များသာမက တခြားသော အတတ်ပညာပိုင်းဆိုင်ရာတွင်လည်း ထိုကဲ့သို့ ဖြစ်၏။

ထိုအခါ အံ့ဖွယ်သခင် ပေါ်ထွက်လာသည်။ သူတို့က မိုးမြေ၏ ငှားယူပြီး သင်္ကေတ အသုံးပြုသည့်သူများ ဖြစ်၏။ သူတို့၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ လေထဲတွင် သင်္ကေတရေးထွင်းပြီး မီး၊ လေ၊ မိုးကြိုးနှင့် အစရှိသဖြင့်ကို ထိန်းချုပ်နိုင်လေသည်။

ထို့အပြင် သူတို့က ထိုစွမ်းအားကို ကျောက်စိမ်း သို့မဟုတ် စိတ်ဝိညာဉ်စာရွက်ထဲတွင် ထည့်သိမ်းထားနိုင်ကြသည်။ အံ့ဖွယ်သခင်များက မြင့်မြတ်သည့် အကြောင်းအရင်းတစ်ချက်မှာ သူတို့က သိုလှောင်လက်စွပ်နှင့် ကူးပြောင်းရေး အစီအရင်များကို လုပ်ဆောင်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်နေ၍ ဖြစ်သည်။ တခြားသော အတတ်ပညာရှင်များက မလုပ်နိုင်ကြပေ။

ကံဆိုးစွာဖြင့် အံ့ဖွယ်သခင် တစ်ယောက်ဖြစ်လာဖို့အတွက် သင်္ကေတများအပေါ် နားလည်နိုင်စွမ်းနှင့် အသုံးပြုနိုင်စွမ်းအပြင် အဆင့်မြင့် ဝိညာဉ်စွမ်းအားကို လိုအပ်ပေသည်။ ဤကမ္ဘာ၏ နည်းစနစ်က စိတ်ဝိညာဉ် ကျင့်ကြံရေးအပေါ် အာရုံမစိုက်ထားသည့်အတွက် မိုးမြေ၏ စည်းမျဉ်းက ထိုအခြေအနေအပေါ် မူတည်ပြီး မျက်နှာသာမပေးပေ။

ထို့ကြောင့် ပါရမီ အံ့ဖွယ်သခင် ဖြစ်လာမည့် လုံလောက်သည့် ပါရမီရှိသူကို ရှာဖွေဖို့က အလွန်ခက်ခဲလှသည်။ ကုန်းမြေက မည်မျှကျယ်ပြောနေစေကာမူ ပါရမီရှိသူက လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ရလေသည်။

အကယ်၍ ကမ္ဘာမြေတွင်ဖြစ်ပါက လူဦးရေ ၇ ဘီလီယံကျော်တွင် တစ်ယောက်ပင် ရှာမတွေ့နိုင်ပေ။

ထိုအတတ်ပညာကို ဝမ်ဝေ့ စိတ်ဝင်စားသွားသည့်အချက်တစ်ခုမှာ သူတို့က မိုးမြေ၏ ဝိညာဉ်စွမ်းအားကို ငှားယူပြီး သင်္ကေတများကို အသုံးပြုခြင်း ဖြစ်၏။ အသင်္ချေအင်ပါယာကမ္ဘာတွင် ယေဘုယျအားဖြင့် အဆောင်ပြုလုပ်သူများသည် အသင့်အဆောင်ကို ပြုလုပ်နိုင်ဖို့အတွက် အံ့ဖွယ်ခန္ဓာကိုယ်နယ်ပယ်၏ ကောင်းကင်အဆင့်သို့ ရောက်ရှိဖို့ လိုအပ်သည်။

ထိုအခါမှ သူတို့က မိုးမြေစွမ်းအားကို အသုံးပြုနိုင်လေသည်။ အစီအရင်ဆရာများအတွက်လည်း အတူတူသာ ဖြစ်၏။ သို့သော်လည်း ဤကမ္ဘာရှိ အံ့ဖွယ်သခင်များကမူ ကျင့်ကြံဆင့် မရှိဘဲ လုပ်ဆောင်နိုင်ကြသည်။

အလုပ်သင် တစ်ယောက်က လုံလုံလောက်လောက် ပါရမီရှိသရွေ့ ချက်ချင်းဆိုသလို လေထဲတွင် သင်္ကေတကို ရေးဆွဲနိုင်ကြသည်။ သူတို့၏ အင်အားက အဆောင်ပြုလုပ်သူများနှင့် မယှဉ်နိုင်ပေ။ အကြောင်းမှာ သူတို့က မိုးမြေစွမ်းအားကို အသုံးပြုပြီး အဆောင်ပြုလုပ်သူများကမူ မိုးမြေ၏ ဝိညာဉ်စွမ်းအားကို ငှားယူခြင်းမျှသာ ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ နည်းလမ်းအပေါ် ဝမ်ဝေ့ စိတ်ဝင်စားသွားစေသည့် အကြောင်းမှာ သူ့ဂိုဏ်းတွင် အဆောင်ပြုလုပ်သူများကို လေ့ကျင့်ပေးဖို့ အကျိုးအမြတ် ရရှိနေ၍ ဖြစ်သည်။

သူ့အား နောက်ထပ် စိတ်ဝင်စားစေသည့်အချက်မှာ အံ့ဖွယ်သခင်များသည် သူတို့၏ တပည့်များကို ရေးထွင်းထားသည့် သင်္ကေတ ပန်းပုများမှတဆင့် ပြုစုပျိုးထောင်ပေးခြင်း ဖြစ်၏။

ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ သူ့လက်ထဲတွင် ပန်းပုထွင်းသည့် ဓားတစ်လက်နှင့်အတူ သစ်သားတုံးတစ်ခု ပေါ်ထွက်လာသည်။ သူက သူ့ကိုယ်သူ၊ မိဘများနှင့် ဝူဟုန်အထိ  ပုံဖော်လိုက်သည်။

သူက သူ့ရှေ့မှ သစ်သားရုပ်လေးများကို ကြည့်ကာ ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထိန်းချုပ်မှုဖြင့် ထိုပန်းပုရုပ်များသည် ကျွမ်းကျင်အဆင့်ဟု ယူဆနိုင်လေသည်။ သို့သော်လည်း သူတို့တွင် ဝိညာဉ်၊ အငွေ့အသက် မပါရှိပေ။

ဝမ်ဝေ့က ထိုအရာ လုပ်ဆောင်ပြီးသည်နှင့် သူတို့ဘဝတွင် မြင်တွေ့ဖူးသည့် လူများအား စတင် ပန်းပုရေးထွင်းလိုက်သည်။ ထိုအရာထဲတွင် လီကျွင်း၊ ယန်းလီလင်းနှင့် ဂိုဏ်းမှ အကြီးအကဲများ၊ တပည့်များအပြင် သူ တွေ့ဆုံဖူးသည့် ကောင်းကင်ရွေးချယ်ခံများလည်း ပါဝင်၏။

သူတို့သာမကဘဲ သူ့ဘဝတွင် တွေ့ခဲ့ဖူးသည့် လူအားလုံး ပါဝင်သည်။ သူ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည့် သူ့မှတ်ဉာဏ်ဖြင့် လူများစွာ ရှိလေသည်။

ဝမ်ဝေ့က ကောင်းကင်ဘုံဗိမာန်ကမ္ဘာမှ လူအားလုံးကိုပင် အလွတ်မပေးခဲ့ပေ။ ကမ္ဘာကြီးက ကျယ်ပြန့်လွန်းသည့်အတွက် သူက အားလုံးနှင့် မတွေ့ဆုံနိုင်သော်လည်း အများစုကိုမူ တွေ့ဆုံခဲ့ပြီးသား ဖြစ်၏။ ထို့အပြင် သူက တိရစ္ဆာန်များ၊ နတ်ဆိုးမျိုးနွယ်ကိုပင် မေ့မထားခဲ့ပေ။

ဝမ်ဝေ့၏ အင်အားဖြင့် ထိုလူပေါင်းသန်းချီကို ပန်းပုရေးထွင်းဖို့ သုံးရက်ကြာမြင့်ခဲ့သည်။ ထို့အပြင် ထိုရေးထွင်းမှုများက အငွေ့အသက် မပါဝင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူက ထိုပန်းပုများကို သေမျိုးများ၏ စက်ဝန်းကို ကျော်လွန်၍ ထပ်ခါထပ်ခါ လေ့ကျင့်ခဲ့သည်။

သူ ပြီးဆုံးသွားသည့်နောက်တွင် သူ မြင်တွေ့ဖူးသည့် မြင်ကွင်းများကို စတင်ပုံဖော်လိုက်၏။ ထိုအထဲတွင် တောင်တန်း၊ တောအုပ်၊ မီးတောင်များ အစရှိသဖြင့် ပါဝင်လေသည်။ ဤအချိန်တွင် သက်မဲ့အရာများအပေါ် အာရုံစိုက်ထားလိုက်၏။ သူက မြက်ပင်လေးကအစ အသေးစိတ် လိုချင်သည့်အတွက် ထိုဖြစ်စဉ်က အနည်းငယ် ကြာမြင့်သွားလေသည်။

ယခင်ကဲ့သို့ ထိုအရာများတွင်လည်း အငွေ့အသက် မပါသေးဘဲ ပုံသဏ္ဌာန်သာ ရှိ၏။

နောက်တစ်ဆင့်က သူ တွေ့ဆုံဖူးသည့် လူအားလုံးကို ပြန်လည်ပန်းပုရေးထွင်းခြင်း ဖြစ်ပြီး ဤတစ်ကြိမ်တွင် သူက သူတို့၏ အဆီအနှစ်၊ ဝိညာဉ်ကို ဖန်တီးရာ၌ အာရုံစိုက်ထားသည်။ ထိုဖြစ်စဉ်က သူ့အတွက် ဝိညာဉ်စွမ်းအား အသုံးပြုဖို့ လိုအပ်သည့်အတွက် နက်နက်နဲနဲ အာရုံစိုက်ထားဖို့ လိုအပ်ပေသည်။

ထိုလူများကို ရေးထွင်းဖို့အတွက် အချိန်ကြာမြင့်လေသည်။ ထို့အပြင် သူက ဒဏ်ရာရအခြေအနေဖြင့် ဝိညာဉ်စွမ်းအားအလွန်အကျွံမသုံးမိအောင် ဂရုစိုက်နေရသည်။ သို့သော်လည်း ဝမ်ဝေ့က လူအများကို ရေးထွင်းလေလေ သူ့အကြည့်များက ပိုမိုတောက်ပလေလေ ဖြစ်၏။ အထူးသဖြင့် သူက ကောင်းကင်ဘုံဗိမာန်ကမ္ဘာမှ လူများကို ရေးထွင်းစဉ် သူ့ အသိစိတ်ပင်လယ်အတွင်းမှ အငြိုးအတေး ဝိညာဉ်များကို ကိုးကားချက်အနေနှင့် အသုံးပြုခဲ့သည်။

ထိုစဉ် ရုပ်ထုတစ်ခု ပြီးသွားတိုင်း ကံအပေါ် နားလည်နိုင်စွမ်းက သိသိသာသာ တိုးမြှင့်လာသည်။ ထို့အပြင် သူ့အနေနှင့် အငြိုးအတေးဝိညာဉ်များ၏ ငိုကြွေးသံကို ပိတ်ဆို့ဖို့ရာအတွက် ပိုမိုလွယ်ကူလာခဲ့သည်။

တစ်ရက်တွင် သူက ပန်းပုရေးထွင်းနေတုန်း တစ်ခုခုကို ခံစားမိကာ ခေါင်းမော့ကြည့်လိုက်သည်။ ထိုစဉ် သူက လူတစ်ယောက် ရောက်နေသည်ကို မြင်လိုက်ရ၏။

“ ရုတ်တရက်ကြီး အဲလိုပေါ်လာလို့ မရဘူးလေ”

“ ကျွန်မ ပေါ်မလာခင် အရိပ်အယောင်တွေ အများကြီး ပြခဲ့ပါတယ်။ ရှင်က အာရုံစိုက်ထားလွန်းလို့ သတိမပြုမိတာပေါ့”  ဝူဟုန်က အပြုံးလေးဖြင့် ပြောလိုက်သည်။

ထို့နောက် သူမက သူ့အား ကြည့်လိုက်ကာ “ ရှင် တော်တော် အခြေအနေဆိုးနေတာပဲ”

ထိုစဉ် ကောင်းကင်နက်နဲကုန်းမြေတွင်

ကျိုးရှုက မြူခိုးများ ဝန်းရံထားသည့် ဂူတစ်ခုအတွင်း ရှိနေသည်။ မိုးမြေကြားရှိ ဝိညာဉ်စွမ်းအားများက ပေါများလေ၏။ ထိုစဉ် သူ့ခန္ဓာကိုယ်မှ အက်သံတစ်ခု ထွက်ပေါ်လာပြီးနောက် မျက်လုံးဖွင့်လာသည်။

“ နောက်ဆုံးတော့ ငါ နက်နဲဘုရင်အဆင့်ကနေ နက်နဲအုပ်ချုပ်သူအဆင့်ကို ရောက်သွားပြီ”

သူက တုံ့ဆိုင်းမနေဘဲ သိုလှောင်လက်စွပ်အတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်ကာ ခေါင်းစဉ်ကို ဖတ်ရှုလိုက်သည်။

[ဇာတ်လိုက်တစ်ယောက် ဖြစ်လာနည်း : ကံကြမ္မာသားတော်ဖြစ်လာဖို့ လမ်းညွှန်]

ခေါင်းစဉ်က ရှည်လျားကာ ထူးဆန်းသော်လည်း ကျိုးရှုအနေနှင့် ဤသည်က သူ့မှတ်ဉာဏ်ထဲတွင် အရေးပါဆုံး ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်ကြောင်း သိလေသည်။ ဤသည်က လက်ရှိအခြေအနေနှင့် မသိရှိနိုင်သော အနာဂတ်တွင် သူနှင့် သူချစ်ရသူများအတွက် ကာကွယ်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကြောင်း သိထား၏။

All Chapters