← Chapters

စည်းပိတ်ခြင်း

Vol. 30 Ch. 409

စည်းပိတ်ခြင်း

Vol. 30 Ch. 409

အခန်း (၄၀၉) : စည်းပိတ်ခြင်း

အသင်္ချေအင်ပါယာကမ္ဘာ၊ အနောက်ပိုင်း ကျားဖြူကုန်းမြေ

ဝူဟုန်က နေရာတစ်ခုတွင် ပေါ်လာကာ ဦးတည်ရာတစ်ခုသို့ ကြည့်ရင်း စောင့်ဆိုင်းနေသည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဆံပင် အဖြူရောင်နှင့် အနက်ရောင် ရှိပြီး ရုပ်ချောသည့် လူငယ်လေးတစ်ဦး ပေါ်ထွက်လာ၏။ သူက သူမအား မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

“ ဝမ်ဝေ့က သူ့ရှုံးနိမ့်မှုကို လက်မခံနိုင်လို့ သူ့မိန်းမကို လွှတ်ပြီး လက်စားချေခိုင်းတာလား။ သူက တော်တော် အားပျော့တာပဲ” တိထျန်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

“ သူ လွှတ်လိုက်တာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင် သူ့အပေါ် ဆက်ဆံတာကို ကျွန်မ သဘောမကျဘူး။ အဲဒါကြောင့် ရောက်လာတာပဲ” ဝူဟုန်က အေးအေးဆေးဆေး ပြောလိုက်သည်။

“ မင်းရဲ့ သူငယ်လေး ခံစားရတာနဲ့ ငါ့ကို သတ်တော့မလို့လား”

သူငယ်လေး နာမည်ကောင်းပဲ။ ငါ အခုကစပြီး အသုံးပြုရမယ်

သူမက ပြောလိုက်သည် “ရှင့်ကို သတ်ဖို့ မဟုတ်ဘူး။ ဒါပေမဲ့ စည်းပိတ်မလို့”

သူမက ဝမ်ဝေ့သည် ဧကရာဇ်လမ်းစဉ်အတွင်း စိန်ခေါ်မှု အစစ်အမှန် လိုအပ်ကြောင်း နားလည်ထားပြီး တိထျန်းကလည်း ထိုအတွက် သင့်တော်လှသည်။ သို့သော်လည်း လက်ရှိ ဝမ်ဝေ့အတွက် ထိုလူက အရမ်းအားကောင်းလွန်းကာ ဉာဏ်များနေသည်။

ထို့ကြောင့် သူ့အနေနှင့် ကြီးထွားရမည့်အချိန် လိုအပ်သောကြောင့် ဝူဟုန်က သူ့အား အချိန်ရဖို့ လာ၍ လုပ်ဆောင်ပေးခြင်း ဖြစ်၏။

တိထျန်းက ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ အသိဉာဏ်ဖြင့် သူ့ကို ဝမ်ဝေ့၏ ခြေနင်းကျောက်တုံးလို သဘောထားနေမှန်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက သရော်လိုက်ပြီးနောက် အေးအေးဆေးဆေး ပြန်ဖြစ်သွားသည်။

သူက အကယ်၍ သူ့အပေါ် ထင်မြင်ချက် တချို့ထားနိုင်သည့် နောက်ထပ် အမျိုးသမီးကို ပြောပါဆိုလျှင် ဓားဧကရီနှင့် ဧကရီဝူသာ ဖြစ်လိမ့်မည်။ သူ့ဘဝတစ်လျှောက် ကြုံတွေ့ဖူးသည့် တိုက်ပွဲများအကြား သူတို့နှစ်ဦးက အမှတ်မိဆုံး ဖြစ်၏။

“ မင်းလို တည်ရှိမှုမျိုးက ဝမ်ဝေ့နဲ့ ဘာလုပ်နေတာလဲ သိချင်မိသား။ ကစားနေတာလား ဒါမှမဟုတ် သူ့ကို နယ်ရုပ်လို ဆက်ဆံနေတာလား… သူ့ အကျင့်စရိုက်နဲ့ဆိုရင် သူသာ အမှန်တရားကို ရှာဖွေတွေ့ရှိသွားရင် တော်တော်လေး စိတ်ပျက်သွားလောက်တယ်”

ဝူဟုန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည် “ ဒါမှမဟုတ် သူက နောက်ထပ် ကစားသမား ဖြစ်နေနိုင်တာပဲ”

တိထျန်းက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ ဝမ်ဝေ့သာ ကစားသမားတစ်ဦး ဖြစ်နေခဲ့လျှင် သူက နယ်ရုပ်မှအပ ဘာမှမဟုတ်ပေ။ သူ့အတွက် ထိုကစားပွဲကို ဝင်ရောက်စွက်ဖက်နိုင်မည့် အခွင့်အရေးပင် မရှိပေ။

သူက ထိုတည်ရှိမှုမျိုးကို သတိပင်ထားမိမည် မဟုတ်ပေ။ တိထျန်းက ထိုအရာမျိုးကို တွေးမကြည့်ဖို့ စိတ်ကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။ သူတို့က သူ့အတွက် အသုံးမဝင်ပေ။ သူ ဂရုစိုက်သည်က သူ့ဇနီးကို အသက်ပြန်သွင်းဖို့ ဖြစ်၏။ တခြားသော ကိစ္စများကိုမူ နောက်ပိုင်းမှ ဖြေရှင်းနိုင်သည်။

“ ငါတို့ရဲ့ ဒုတိယတိုက်ပွဲအတွက် ပထမတစ်ကြိမ်လိုမျိုး လွယ်မှာ မဟုတ်ဘူးလို့တော့ ပြောလိုက်မယ်” သူ့ခန္ဓာကိုယ်မှ အားကောင်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ဤတစ်ကြိမ် သူက အားကုန်သုံးဖို့ ပြင်ဆင်ထားသည်။

“ ဒုတိယအကြိမ်လား” ဝူဟုန်က သူ့ကို အာရုံစိုက်ထားလိုက်သည် “ အိုး ဒါက မိစ္ဆာမင်းသားလေးကိုး”

ပြန်လည်ဝင်စားခြင်း အများစုတွင် တိထျန်းက သူ့လက်ရှိ ပုံသဏ္ဌာန်နှင့် အတူတူသာ ဖြစ်၏။ သူ ဗုဒ္ဓဘုန်းကြီး၊ မိစ္ဆာမျိုးနွယ်နှင့် နတ်ဆိုးကျင့်ကြံသူအဖြစ် ရှိခဲ့စဉ်သာ ကွဲပြားခဲ့ခြင်း ဖြစ်၏။

ထိုသို့ပြောပြီးသည့်နောက်တွင် ဝူဟုန်က အတိတ်အား ပြန်လည်တွေးတောလိုက်သည်။ မျက်လုံးသုံးလုံး မင်းသားက သူမ၏ တည်ရှိမှုအတွက် အတားအဆီးလို ဖြစ်နေသည်။ ပြောရလျှင် ထိုသူကြောင့် သူမ၏ ဘဝက ဆိုးဆိုးရွားရွား ဖြစ်လာခြင်း ဖြစ်၏။

လူသား ဆွေကြီးမျိုးကြီးများက သူမအား သူ့ထံ ဆက်သဖို့ ဆုံးဖြတ်လိုက်ကြစဉ် သူမက ၁၄နှစ်အရွယ် ကလေးမလေးသာ ဖြစ်၏။ သူမက ကျင့်ကြံဆင့် မရှိသလို မှီခိုစရာလူလည်း မရှိပေ။ သူမက အစောပိုင်းတွင် ကံကောင်းနိုင်ခဲ့သည်မှာ သူမ၏ ကံကောင်းမှုကြောင့်သာ ဖြစ်၏။

ဝူဟုန်က သူမတစ်ယောက်တည်း မည်မျှငိုကြွေးခဲ့ရသည်ကို အမှတ်မရချင်တော့ပေ။ သူမ၏ ခန္ဓာကိုယ်ငယ်လေးက ဆာလောင်မှုကြောင့် တုန်ယင်ကာ သူမ ဒီလိုဆက်ဆံမှုမျိုး ရရှိဖို့အတွက် ဘာများ အမှားလုပ်မိခဲ့လို့လဲဟုသာ စဉ်းစားနေမိသည်။

ထိုအရာက သူမကို ရှေ့ဆက်သွားစေပြီး အားတင်းထားနိုင်သည့် အကြောင်းအရင်းတစ်ချက်မှာ သူမ၏ ရွာရှိ မွေးစားအမေက သူမအား မည်သည့်အခြေအနေတွင် ဖြစ်ဖြစ် အသက်ရှင်သန်ဖို့ ပြောခဲ့၍ ဖြစ်သည်။

သူမ၏ ကျင့်ကြံရေးဘဝတွင် ထိုစကားများကို စိတ်ထဲတွင် မှတ်သားထားခဲ့၏။

သူမ၏ ဆိုးရွားမှုက ကံအပြောင်းအလဲ အခွင့်အရေးတွေ့ပြီး စတင်ကျင့်ကြံပြီးသည့်နောက်တွင်ပင် အဆုံးသတ် မသွားပေ။ သူမ၏ အစောပိုင်း ပါရမီက အလယ်အလတ်မျှသာ ဖြစ်၏။ ထို့အပြင် ကျင့်ကြံသူများစွာက သူမအား လိုက်လံရှာဖွေနေကြသည်။

သူမ သွားသည့်နေရာတိုင်း လူများက သူမသည် မင်းသား၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ရုံမျှဖြစ်ပြီး မျက်နှာသာပေးခြင်းခံရသည်က သူမအတွက် ကံထူးလွန်းကြောင်း ပြောဆိုနေသည်ကို ကြားခဲ့ရသည်။

ထို့အပြင် သူမက သူမ၏ အပြုအမူများသည် လူသားမျိုးနွယ်အပေါ် ကျရောက်လာမည့် ကပ်ဘေးကို တိုးမြှင့်သွားစေသည်ဟု အပြစ်ရှိစိတ်ကိုပါ ခံစားမိလာ၏။ သို့သော်လည်း သူမက အံကြိတ်ကာ ဆက်လက် ပြေးခဲ့ပြီး ဆက်လက် အသက်ရှင်ခဲ့သည်။ ထိုစဉ် တစ်ကမ္ဘာလုံးက သူမ၏ ရန်သူသာ ဖြစ်၏။

သူမက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ဝင်ရောက်သည့်အခါ သူမ၏ ပါရမီကို စတင်ထုတ်ဖော်ပြသနိုင်စဉ် ဒေါသတကြီးဖြင့် ပြုမူခဲ့သည်။

ကံဆိုးစွာဖြင့် သူမက ရပ်တန့်လိုက်သည်မှာ မိစ္ဆာမျိုးနွယ်က သူမအား လူသားမျိုးနွယ် သေမျိုးများအပေါ် ခြိမ်းခြောက်လာသည့် အပြုအမူများကြောင့် ဖြစ်၏။ သို့သော်လည်း ဝူဟုန်က ထိုလူများသည် အပြစ်ကင်းကာ သူတို့၏ အပြုအမူအများစုက အင်အားမဲ့သည့် ရလဒ်ဖြစ်ကြောင်း သိလေသည်။

ထိုအဖြစ်အပျက်အပြီးတွင် သူမက ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင်အထိ ပုန်းအောင်းဖို့ ဆုံးဖြတ်လိုက်သည်။ သူမက အသင်္ချေအင်ပါယာကမ္ဘာမှ တခြားကမ္ဘာဆီ ထွက်သွားခဲ့သည်။ ထိုအကြောင်းအရင်းက သူမ၏ ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုတွင် တွေ့ရှိခဲ့သည့် ပျက်စီးနေသော မသေမျိုး အသုံးအဆောင်ပစ္စည်းကြောင့် ဖြစ်၏။

ထိုလက်နက်ကြောင့် သူမက ဆိုးဆိုးရွားရွား အခြေအနေ အများစုတွင် ရှင်ကျန်ခဲ့ပြီး ဧကရာဇ်တစ်ပိုင်းအဆင့်များဆီမှ ပုန်းအောင်းနိုင်မည့် အာကာပြင်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။

ဝူဟုန်က သူမ၏ ဆိုးဆိုးရွားရွား ကံတရားကို ပြောင်းလဲနိုင်သည့် တစ်ခုတည်းသော အချက်မှာ တာအိုကို သက်သေပြခြင်း ဖြစ်ကြောင်း သိလိုက်သည်။ ဤနည်းဖြင့် သူမအနေနှင့် ဤကမ္ဘာအား သူမသည် အရာအားလုံးနှင့် ထိုက်တန်ကြောင်း သက်သေပြပြီးသား ဖြစ်သွားလိမ့်မည်။

ဤကမ္ဘာတွင် သူမ ဘာလုပ်နိုင်ပြီး ဘာမလုပ်နိုင်သည်ကို မည်သူကမှ ဆုံးဖြတ်ပေးခွင့် မရှိပေ။ မည်သူကမှ သူမ၏ အဆင့်အတန်းအား မသတ်မှတ်ပေးနိုင်ကြတော့ပေ။ မည်သူကမှ သူမ၏ နေရာက ဘာလဲဟု မပြောနိုင်ကြတော့ပေ။

အဆုံးမဲ့ လေဟာနယ်အတွင်း သူမ၏ ခရီးစဉ်က စွမ်းအားရရှိလာဖို့သာ မဟုတ်ဘဲ သူမဘာသာ သိရှိလာဖို့ရာလည်း ပါဝင်ပေသည်။ သူမက မိစ္ဆာမျိုးနွယ်အများစု သိမ်းယူထားသည့် ကမ္ဘာအများစုကို တွေ့ရှိခဲ့သည်။

သူမက သူတို့၏ ခံစားမှု၊ ကူကယ်ရာမဲ့မှု၊ ရုန်းကန်မှုနှင့် ခုခံမှုများကို မြင်တွေ့ခဲ့ရသည်။ ထိုကမ္ဘာအများစုက လူသားများ နေထိုင်ကြခြင်းဖြစ်၏။ ထိုအတွေ့အကြုံများနှင့် ကြုံတွေ့ပြီးသည့်နောက်တွင် သူမ၏ မျိုးနွယ် သူမအပေါ် လုပ်ဆောင်ခဲ့သည့် အမုန်းတရားကို လက်လွှတ်ချလိုက်တော့သည်။ သူမက ကူကယ်ရာမဲ့မှုအတွက် လုပ်ဆောင်ခဲ့ကြောင်း သိလေသည်။

မိစ္ဆာမင်းသားနှင့် နောက်ဆုံးတိုက်ပွဲအတွင်း သူမက သူ့အကျင့်စရိုက်အကြောင်း သင်ယူခဲ့ပြီး ယခင်အဖြစ်အပျက်များမှ ရှုထောင့်အသစ်ဖြင့် မြင်တွေ့ခဲ့သည်။ သူမက သူ့အပြုအမူများသည် အဓိပ္ပါယ်လွဲမှားနေကြောင်း နားလည်သွားသည်။

ကံဆိုးစွာဖြင့် ထိုအရာက အရေးမကြီးတော့ပေ။ ထိခိုက်ပြီးသွားပြီ ဖြစ်၍ အမှန်ဖြစ်နေလျှင်ပင် မင်းသားက ကျုးကျော်သူဖြစ်နေသည့်အတွက် သူတို့သည် ရန်သူဖြစ်ရမည့်အချက်ကို မရှောင်လွှဲနိုင်ပေ။

ဝူဟုန်က အတိတ်ကို ပြန်လည်တွေးတောပြီးသည့်နောက်တွင် သံသရာစွမ်းအား ပါဝင်သည့် အနက်ရောင် လက်သီးချက်ကို မြင်လိုက်ရသည်။ ထိုအရာက သူမအား အနည်းငယ် အံ့အားသင့်သွားစေ၏။

သူက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ပဲ ရှိသေးတာတောင် သူ့တိုက်ကွက်က ထာဝရအရှင်လောက် ဖြစ်နေပြီလား။ ကြည့်ရတာ ဝမ်ဝေ့က ကြိုးစားရတော့မှာပဲ။

သူမက လက်ဝှေ့လိုက်သည့်အချိန် ကောင်းကင်မှ ဧရာမတောင်တစ်လုံး ပြုတ်ကျလာသည်။ ထိုအရာက တိထျန်း၏ တိုက်ကွက်အား ချက်ချင်း ချေဖျက်သွားပြီး သူ့ဆီ ဦးတည်သွားလေ၏။

တိထျန်းက နောက်မဆုတ်ဘဲ သူ့ရှေ့တွင် ဧကရာဇ်အသုံးအဆောင်ပစ္စည်း ၈ခုက လင်းလက်လာသည်။

ထို့နောက် အဖြူရောင် တိမ်တိုက်များနှင့် ပြည့်နှက်နေသည့် ကမ္ဘာ၏ အရိပ်က သူ့ရှေ့မှောက်တွင် ပေါ်ထွက်လာသည်။ ထိုအရာက တိထျန်းသည် ဖန်းလီဆီမှ ယင်ဝိညာဉ်ကျမ်းကို ရယူပြီးသည့်နောက်တွင် ဖန်တီးထားသည့် တိုက်ကွက်တစ်ခု ဖြစ်၏။ သူက ဝိညာဉ်များနှင့် ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုအား ဖန်တီးကာ ဧကရာဇ်အသုံးအဆောင်ပစ္စည်း၏ စွမ်းအားများကို ပိုမိုအသုံးပြုနိုင်အောင် လုပ်ထားသည်။

ဝူဟုန်က ထိုအရာကို မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

 ကြည့်ရတာ ငါ အဲဒီအင်အားအစစ်ကို ထုတ်သုံးရတော့မဲ့ပုံပဲ

တောင်ပေါ်တွင် သင်္ကေတမြောက်များစွာ ပေါ်ထွက်လာပြီး သူတို့၏ အရှိန်အဝါများက ချက်ချင်းဆိုသလို တိုးမြှင့်သွားသည်။ ထို့နောက် သူတို့က အတားအဆီးမရှိ ကျဆင်းလာလေ၏။

တိထျန်းကို အားစိုက်ထုတ်မှု အနည်းငယ်ဖြင့် စည်းပိတ်နိုင်လိုက်သည်။

သို့သော်လည်း သိပ်မကြာခင် ဝူဟုန်အနားတွင် မမြင်ရသည့် သံကြိုးများစွာ ပေါ်ထွက်လာ၏။ သူမက သူတို့အား ကြည့်ကာ သက်ပြင်းချလိုက်ပြီး ပုံရိပ်ယောင်ကို ချေဖျက်လိုက်သည်။

ထိုစဉ် ဧကရာဇ်အဆင့်ရှိသည့် အစီအရင်မြောက်များစွာ ဝန်းရံနေသည့် ကမ္ဘာတစ်ခုအတွင်း ခေါင်းတလားတစ်ခု ရှိနေသည်။ တိထျန်း  စည်းပိတ်ခံလိုက်ရသည်နှင့် လက်တစ်ခုက ခေါင်းတလားအား ဖွင့်ကာ ထွက်လာသည်။

“ ပင်မခန္ဓာကိုယ် စည်းပိတ်ခံလိုက်ရတာလား” သူက ရေရွတ်လိုက်ပြီးနောက် မှတ်ဉာဏ်များအား ပြန်လည်သုံးသပ်လိုက်သည် “ အနည်းဆုံးတော့ သူမဆီမှာ အသတ်ခံရတာထက်စာရင်တော့ ကောင်းပါသေးတယ်”

တိထျန်းက ဝူဟုန်၏ လက်စားချေမှုကို တွက်ဆထားပြီးသား ဖြစ်၏။ သို့သော်လည်း ထိုကိုယ်ပွားက သူမကြောင့် ဖန်တီးထားခြင်း မဟုတ်ပေ။ ပြောရလျှင် တည်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီ ဖြစ်၏။

ပထမ ပြန်လည်ဝင်စားခြင်းဘဝတွင် သူက မဟာဧကရာဇ်များအား ဂမ္ဘီရအစွမ်းသုံးကာ တွက်ချက်ခဲ့ပြီး ကြိုတင်ပြင်ဆင်ထားခဲ့သည်။ တချို့က ကိစ္စများသည် သူ့အတွက် မချောမွေ့ကြောင်းသိကာ ကမ္ဘာတစ်ခု ပြင်ဆင်ပေးထားခဲ့၏။

ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအတွင်း တတိယအကြိမ် ကျရှုံးပြီးသည့်နောက်တွင် တိထျန်းက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သံသယဝင်လာခဲ့သည်။ ထို့ကြောင့် သူက ကိုယ်ပွားအား ထိုကမ္ဘာသို့ စေလွှတ်ကာ အရင်းအမြစ်များအား အသုံးပြုပြီး နောက်ထပ် ကောင်းကင်အလိုဆန္ဒကမ္ဘာသို့ သွားရောက်ကာ ပြန်လည်ဝင်စားဖို့ နည်းလမ်းရှာလိုက်သည်။

ကံဆိုးစွာဖြင့် သူ့အစီအစဉ်က ကောင်းကင်တာအိုကြောင့် ပျက်သုဉ်းသွားလေသည်။ သူက အသင်္ချေအင်ပါယာကမ္ဘာတွင်သာ ပြန်လည်ဝင်စားလာလေ၏။ သို့သော်လည်း အချိန်တိုင်းဆိုသလို သူက ထိုကမ္ဘာမှ ကိုယ်ပွားအား အရင်းအမြစ်များနှင့် ဗဟုသုတများကို စုစည်းဖို့ ပြောထားသည်။

ထိုကိုယ်ပွားက ခေါင်းတလားထဲမှ ထွက်လာပြီးသည့်နောက်တွင် တည်နေရာတစ်ခုအား ကြည့်ရင်း အတွေးနက်နေသည်။

ဧကရီဝူက ဘာလို့ဒီကမ္ဘာကို ပြန်လာတာလဲဆိုတာကို မသိဘူး။ ဒါပေမဲ့ သူမသာ ကောင်းကင်အလိုဆန္ဒကို ဒုတိယအကြိမ် ယှဉ်ပြိုင်နိုင်မဲ့ နည်းလမ်းကို တွေ့သွားရင် ငါ့အနိုင်ရနိုင်ချေက ပိုပြီး နည်းပါးသွားလိမ့်မယ်။ အဲဒါကြောင့် အခု ငါတို့ရဲ့ အခြေခံအုတ်မြစ်ကို ပြန်လည်ဝင်စားခြင်း ၉ ဘဝကျော်အောင် တွန်းပို့ရမဲ့အချိန်ပဲ …

ထိုအရာကို စဉ်းစားပြီးသည့်နောက်တွင် ကိုယ်ပွားက တခြားကမ္ဘာအသိုင်းအဝိုင်းရှိ အိပ်စက်သူများအား အသက်သွင်းကာ လှုပ်ရှားလိုက်သည်။

All Chapters