← Chapters

ထာဝရဧကရာဇ်များ

Vol. 30 Ch. 411

ထာဝရဧကရာဇ်များ

Vol. 30 Ch. 411

အခန်း (၄၁၁) : ထာဝရဧကရာဇ်များ

“ တုယီနယ်ပယ်လား။ ဒါက ထာဝရဧကရာဇ် တာအိုဆန္ဒရဲ့ ရှေးပြေးပုံစံပဲ။ အဲဒီအဆင့်ကိုဝင်တဲ့ ပါရမီရှင်တွေကို အဆုံးမဲ့ပါရမီ ရှိတယ်ဆိုပြီးတော့ ရည်ညွှန်းကြတယ်။ ဆိုလိုတာက သူတို့တွေက ထာဝရဧကရာဇ်ဖြစ်လာနိုင်ချေများတယ်ပေါ့” ဝူဟုန်က ပြောလိုက်သည်။

သို့သော်လည်း သူမက ဝမ်ဝေ့၏ မျက်နှာအထက်မှ ရှုပ်ထွေးသည့် အမူအရာကို မြင်လိုက်သည့်အခါ ထပ်မံရှင်းပြလိုက်သည်။

“ မဟာဧကရာဇ်တွေရဲ့ အဆင့်ခွဲထားတာကိုရော သိတယ်မလား”

“ သိတယ်။ တတိယတန်းစား၊ ဒုတိယတန်းစား၊ ပထမတန်းစားနဲ့ ထာဝရအဆင့် ”

သူမက ခေါင်းညိတ်ပြလိုက်သည်။

“ ကောင်းကင်အလိုဆန္ဒကို စုပ်ယူပြီးတဲ့နောက်မှာ ကျင့်ကြံသူတွေက မဟာတာအိုရဲ့ အရင်းအမြစ်ကို ရရှိဖို့ ချီးမြှင့်ခံရတယ်။ ဒါပေမဲ့ နားလည်နိုင်စွမ်းတွေက ကွဲပြားတယ်။ လူတစ်ယောက်က ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်အလိုဆန္ဒကို စုပ်ယူလိုက်တာနဲ့ သူတို့ ကျင့်ကြံတဲ့ မဟာတာအိုရဲ့ အရင်းအမြစ်အပေါ် နားလည်နိုင်စွမ်း ၅ရာခိုင်နှုန်း ရမယ်ဆိုတာတော့ သေချာတယ်။

အဲဒါက မဟာဧကရာဇ်ဖြစ်လာဖို့အတွက် အနည်းဆုံး လိုအပ်ချက်ပဲ။ ဒါပေမဲ့ ပါရမီ၊ ထိုးထွင်းဉာဏ်၊ အခြေခံအုတ်မြစ်နဲ့ ကံအပေါ် မူတည်ပြီးတော့ တချို့ကျင့်ကြံသူတွေက ပိုနားလည်နိုင်တယ်။ ပြောရရင် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းကို တတိယတန်းစားဧကရာဇ်လို့ သတ်မှတ်ပြီးတော့ ၁၁ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိကို ဒုတိယတန်းစားလို့ သတ်မှတ်တယ်။

၁၆ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကိုတော့ ပထမတန်းစားလို့ သတ်မှတ်တယ်။”

“ အဲဒါဆို ထာဝရဧကရာဇ်က ရာခိုင်နှုန်း ပိုများတယ်လို့ ပြောတာလား” ဝမ်ဝေ့က ပြောလိုက်သည်။

“ မဟုတ်ဘူး။ ၂၀ ရာခိုင်နှုန်းက ကောင်းကင်အလိုဆန္ဒ ထောက်ပံ့ပေးနိုင်တဲ့ ကန့်သတ်ချက်ပဲ။ ပြီးတော့ ကျင့်ကြံသူတွေက အကူအညီ မရှိဘဲ သူတို့ကိုယ်သူတို့ အမှီသဟဲပြုပြီးတော့ လေ့ကျင့်ဖို့ လိုအပ်တယ်။

ပြောရရင် ထာဝရဧကရာဇ် ဖြစ်လာဖို့အတွက် မဟာတာအို အရင်းအမြစ် ၂၀ရာခိုင်နှုန်းကို နားလည်ထားရပြီးတော့ နောက်ထပ် နှစ်ခုကိုလည်း ထပ်နားလည်ရမယ်။ ပထမတစ်ခုက တည်ရှိမှုသဘောတရားကို နားလည်ရမယ်။ ပြောရမယ်ဆိုရင်တော့ နေရာတိုင်းမှာတည်ရှိတဲ့ သဘောတရားကို ပြောတာပေါ့။

အဲဒီနားလည်နိုင်စွမ်းက ထာဝရဧကရာဇ်တွေ သတ်ဖို့ ခက်နေတဲ့ အကြောင်းအရင်းပဲ။ သူတို့ရဲ့ နာမည်ကို စာရွက်တစ်ရွက်ပေါ်မှာ ရေးထားနိုင်သရွေ့ သူတို့တွေက ခန္ဓာကိုယ်၊ ဝိညာဉ်နဲ့ တာအိုက ပျက်သုဉ်းသွားရင်တောင် ပြန်လည်အသက်ရှင်နိုင်တယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ထာဝရဧကရာဇ်များသည်  မည်ကဲ့သို့ မသတ်နိုင်ကြောင်း စဉ်းစားနေမိသည်။

“သူတို့လိုအပ်တဲ့ ဒုတိယအရာက သူတို့ရဲ့ တာအိုဆန္ဒကို ထားရှိဖို့ပဲ”

ထိုသို့ပြောပြီးသည့်နောက်တွင် ဝူဟုန်က ခေတ္တရပ်တန့်လိုက်သည်။

“ မဟာဧကရာဇ်တွေကို မသတ်နိုင်လုနီးပါးဆိုတာ သိထားတယ်မလား” သူမက မေးလိုက်သည်။

“ ဘာကိုပြောချင်တာလဲ”

“ အဆင့်မြင့် သက်ရှိအနေနဲ့ သူတို့ရဲ့ သေခြင်းတရားက တခြားလူတွေနဲ့ ဘယ်လိုလုပ်တူပါ့မလဲ။ မဟာတာအိုအရင်းအမြစ်နဲ့ ဆက်နွယ်ထားပြီးတဲ့နောက်မှာ သူတို့တွေက အမှတ်အသား ချန်ထားနိုင်လို့ မသတ်နိုင်လုနီးပါး ဖြစ်ပြီးတော့ မသေမျိုး ဖြစ်လာကြတာပဲ။

အဲဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ပျက်သုဉ်းသွားပြီး ဘာမှမကျန်ရှိရင်တောင် အဲဒီအမှတ်အသား ရှိနေသရွေ့ ပြန်လည်အသက်ရှင်နိုင်တယ်။ အဲဒီဖြစ်စဉ်ကတော့ ယွမ်ခေတ်ကာလအများကြီး ကြာမြင့်နိုင်တာပေါ့။

အဲဒီအချက်ကြောင့် မဟာဧကရာဇ်တွေကို သတ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သူတို့ရဲ့ အမှတ်အသားကို ရှာပြီးတော့ ဖြည်းဖြည်းချင်း ဖယ်ရှားပစ်ဖို့ပဲ။ အဲဒီဖြစ်စဉ်က ယွမ်ခေတ်ကာလများစွာ ကြာမြင့်သွားနိုင်တယ်။ အဲဒါကြောင့် မဟာဧကရာဇ်တွေက ထာဝရဧကရာဇ်တွေလောက် မသတ်နိုင်တာမျိုးတော့ မဟုတ်ပေမဲ့ သူတို့တွေကလည်း သာမန်ကျင့်ကြံသူတွေတော့ မဟုတ်ဘူးလေ”

(တစ်ယွမ်ခေတ်ကာလ - ၁.၂၆၉ ထရီလီယံနှစ် )

ဝမ်ဝေ့က လူများစွာသည် ထာဝရဧကရာဇ် ဖြစ်လာလိုသည့်အချက်ကို နားလည်သွားကာ အကြည့်များက လင်းလက်တောက်ပသွားသည်။ ထိုအရာက အသက်ရှည်မှုကြောင့်သာ မဟုတ်ဘဲ အသက်ရှင်သန်မှုကြောင့်လည်း ပါဝင်၏။

“ ထာဝရဧကရာဇ်တွေ အတွက်ကရော အတူတူပဲလား။”

“ ဟုတ်တာပေါ့။”

“ မင်းက အဲလောက် အားကောင်းမှန်း မသိခဲ့ဘူး။”

“ အဲဒါကြောင့် ဒီဧကရီကို လေးစားဖို့ အမြဲပြောနေရတာပေါ့”

“အရှင်မရဲ့ အလိုတော်အတိုင်းပါ”  ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည်။

“ ထာဝရဧကရာဇ်ကို သတ်ဖို့အတွက် သူတို့ရဲ့ ခန္ဓာကိုယ်၊ ဝိညာဉ်၊ တာအိုအမှတ်အသားနဲ့ လူတွေရဲ့ မှတ်ဉာဏ်ကိုလည်း ဖျက်ဆီးပစ်ရမယ်။ ပြီးတော့ သမိုင်းကြောင်းတစ်လျှောက်မှာ သူတို့ရဲ့ အောင်မြင်မှုတွေကိုလည်း ဖြတ်တောက်ပစ်ရမယ်။ ပြီးတော့ သူတို့ရဲ့ တည်ရှိမှု မှတ်တမ်းတွေကိုလည်း ဖယ်ရှားပစ်ရမယ်။”

ဝမ်ဝေ့၏ အကြည့်ထဲ တောင့်တသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာကာ မေးလိုက်သည်။

“ အဲဒါဆိုရင် တာအိုစိတ်ဆန္ဒကရော ဘာကိုပြောတာလဲ”

“ တာအိုစိတ်ဆန္ဒရဲ့ အဓိကစွမ်းရည်တစ်ခုက မဟာဧကရာဇ်တွေရဲ့ အမှတ်အသားတွေကို အရင်းအမြစ်ကနေ ဖယ်ရှားနိုင်ပြီးတော့ သူတို့ရဲ့ သားကောင်အဖြစ် သတ်မှတ်လိုက်တာပဲ”

“ သူတို့ကို သတ်ဖို့ တခြားနည်းလမ်းရော ရှိသေးလား”

“ နည်းနည်းတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီဟာက လက်တစ်ဖက်တည်းနဲ့ ရေတွက်လို့ရတယ်” ဝူဟုန်က ခေတ္တမျှ ရပ်တန့်သွားပြီး သူ့အား နားလည်ဖို့ အချိန်ပေးလိုက်သည်။

“ အဲဒါဆို တုယီနယ်ပယ်က တာအိုဆန္ဒကို ဖွဲ့စည်းဖို့ လွယ်ကူစေပြီးတော့ ထာဝရဧကရာဇ် ဖြစ်လာနိုင်ချေ တိုးမြှင့်ပေးတာပေါ့”

“ အခြေခံအားဖြင့်တော့ ဟုတ်တယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် စတင်စဉ်းစားလိုက်သည်။

“ ရှင့်အဖေက ရှင့်ရဲ့ နိဗာနကိုးပါးသွေးချီကို အသုံးပြုပြီးတော့ တုယီနယ်ပယ်ကို ဝင်ရောက်နိုင်မလားလို့ စဉ်းစားနေတာမလား”

“ ဟုတ်တယ်။ သူ့ ပါရမီနဲ့ဆိုရင် အခွင့်အရေးသာရလာရင် ထာဝရဧကရာဇ်ဖြစ်လာဖို့ ပြဿနာ မရှိလောက်ဘူး”

“ ကံဆိုးတာက အဲဒါက အလုပ်မဖြစ်ဘူး” ဝူဟုန်က ပြောလိုက်သည် “ တုယီနယ်ပယ်ထဲဝင်ဖို့ နည်းလမ်းနှစ်ခု ရှိတယ်။ ပထမနဲ့ သမာသမတ်ကျတဲ့ နည်းလမ်းက ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ဖန်တီးဖို့ပဲ”

“ အဲဒါက လွယ်မဲ့ပုံပဲ”

“ အဲလိုလည်း မဟုတ်ဘူး” ဝူဟုန်က ပြန်ဖြေလိုက်သည် “ အဆင့်မြင့် ကျင့်ကြံသူတွေက ကျင့်စဉ်တွေကို ဖန်တီးနိုင်တာ ဟုတ်တယ်။ ဒါပေမဲ့ သူတို့အတွက်ပဲ အသုံးဝင်တာ။ ကျင့်ကြံရေး နည်းစနစ်တစ်ခုကျတော့ လူအားလုံးအတွက် အသုံးဝင်တာမျိုးပေါ့။ ပြီးတော့ အဲဒီနည်းစနစ်က တုယီနယ်ပယ်အဆင့် ရောက်ဖို့အတွက် သေချာတဲ့ စံနှုန်းတစ်ခု  ရှိဖို့ လိုတယ်”

“ အဲဒါဆို သမာသမတ် မကျတဲ့ နည်းလမ်းကရော ဘယ်လိုလဲ”

“ ရှင် အသုံးပြုလိုက်တဲ့ နည်းလမ်းပေါ့။ ရှင်က တည်ရှိပြီးသား ကျင့်ကြံရေးနည်းစနစ်ကို အသုံးပြုပြီးတော့ သူ့ရဲ့ နယ်ပယ်ကို ထပ်မံ ချဲ့လိုက်တာမျိုးပေါ့။ ပြောရမယ်ဆိုရင် စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေကို ကျော်လွန်လိုက်ပြီးတော့ ထူးခြားအောင် ပြုလုပ်လိုက်တာမျိုး… ရှင်က သွေးချီနယ်ပယ်မှာ ၁၃လွှာမြောက်ကို ချိုးဖောက်လိုက်တာက အတိအကျပြောရရင် ရှင်က အဲဒီအလွှာကို ဖန်တီးလိုက်တာမျိုးပဲ”

“ အဲဒါက ဝင်ရောက်နိုင်တဲ့ နည်းလမ်းတစ်ခုတည်းတော့ မဟုတ်ဘူးမလား” သူက ထူးခြားသည့် ကျင့်ကြံရေး နည်းစနစ်တစ်ခုကို စဉ်းစားမိသည့်အချိန်တိုင်း တုယီနယ်ပယ်၏ အင်အားကလည်း တိုးမြင့်လာလေသည်။

“ ရှင် ခန့်မှန်းတဲ့အတိုင်းပဲ။ နမူနာအနေနဲ့ဆိုရင် တိထျန်းက တုယီနယ်ပယ်ကို ဝင်ရောက်တာက သူ့ဆီမှာ အံ့ဖွယ်ပင်လယ် ၉ခု၊ အံ့ဖွယ်ပလ္လင် ၉ခု၊ ရှေးဟောင်းမီးအိမ်နဲ့ ကံကြမ္မာကောင်းမီးအိမ် ကိုးခုနဲ့ ကမ္ဘာဦးစိတ်ဝိညာဉ် ၉ခု ရှိလို့ပဲ။ ကျွန်မအတွက်ကျတော့ ကျွန်မက တခြားကောင်းကင်ရွေးချယ်ခံတွေရဲ့ အံ့ဖွယ်ပင်လယ်ကို ခန္ဓာကိုယ်အတွင်းမှာ စည်းပိတ်ထားတယ်။ ကျွန်မ အထွတ်အထိပ် အခြေအနေမှာ ရှိတုန်းက အံ့ဖွယ်ပင်လယ်နဲ့ အံ့ဖွယ်ပလ္လင် သုံးထောင် ရှိတယ်။ အဲဒါက ကန့်သတ်ချက်ပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ အံ့ဖွယ်ပင်လယ်အများစု ရှိခြင်းက အင်အားတိုးမြှင့်လာသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အကြောင်းမှာ ထိုအထဲမှ တစ်ခုက သုံးထောင်နှင့် ညီမျှအောင် ကျယ်ပြန့်နိုင်လေသည်။

သို့သော်လည်း သူမ၏ မူလအဆီအနှစ် ပမာဏကမူ တခြားသူများနှင့် တူမည်မဟုတ်ပေ။

ထို့အပြင် အံ့ဖွယ်ပလ္လင်က လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တွင် အရေးပါသည့်အတွက် သူမအား အရေးသာချက် ဖြစ်လာစေလိမ့်မည်။ ဝမ်ဝေ့က သူမသည် တိထျန်းနှင့် ပြန်လည်ဝင်စားခြင်း ၆ ဘဝပြီးသည့်နောက်တွင် အဘယ်ကြောင့် လက်ရည်ညီနေလဲဟု နားလည်သွားလေသည်။

“ အဲဒါဆိုတော့ ကိုယ့်ရဲ့နိဗာနကိုးပါး သွေးချီက အဖေကို တုယီနယ်ပယ်ထဲ ဝင်ရောက်စေနိုင်မှာ မဟုတ်ဘူးပေါ့”

“ တုယီထဲ ဝင်မဲ့ နည်းလမ်းက ထူးခြားရမယ်။ တကယ်လို့ ယောက္ခမကြီးက တုယီနယ်ပယ်အဆင့်ထဲ ဝင်ရောက်ချင်ရင် သူက ပြန်လည်ကျင့်ကြံပြီးတော့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၁၃ လွှာမြောက်ကို ဝင်ရမယ်။ ဒါပေမဲ့ သူ့ဘာသာသူ နည်းလမ်းဖန်တီးဖို့ လိုတယ်။ ရှင့်ဟာကို အသုံးပြုဖို့ မရဘူး။ မဟုတ်ရင် အောင်မြင်မှာ မဟုတ်ဘူး”

ဝမ်ဝေ့က သူမ၏ ဆိုလိုရင်းကို နားလည်သွားသည်။ နမူနာအနေဖြင့် သူမနှင့် တိထျန်းတို့သည် အံ့ဖွယ်ပင်လယ်မြောက်များစွာရှိပြီး ထိုနယ်ပယ်အဆင့် ဝင်ရောက်သွားကြခြင်း ဖြစ်သော်လည်း သူတို့က မတူညီသည့် နည်းလမ်းဖြင့် ပြုလုပ်ခဲ့ကြသည်။

တိထျန်းက ပြန်လည်ဝင်စားခြင်း တာအိုဖြင့် လုပ်ဆောင်ခဲ့စဉ် ဝူဟုန်ကမူ စည်းပိတ်ခြင်း တာအိုဖြင့် လုပ်ဆောင်ခဲ့သည်။

“ အဲဒါဆိုတော့ သမာသမတ်ကျတဲ့ နည်းလမ်းနဲ့ သမာသမတ် မကျတဲ့နည်းလမ်းက ကွာခြားချက်က ဘာလဲ”

“ အဲဒီမှာ ကွဲပြားမှုနှစ်မျိုး ရှိတယ်။ ပထမတစ်ခုက သမာသမတ်နည်းလမ်းက အချိန်ကြာတယ်။ ကျင့်ကြံရေး နည်းစနစ်တစ်ခုကို ဖန်တီးတာက တုယီနယ်ပယ်အဆင့် မဝင်ခင် လူအရေအတွက်တစ်ခုစီကို ဖြန့်ဝေပြီးသား ဖြစ်ရမယ်။

ဒုတိယတစ်ခုက သမာသမတ် မကျတဲ့နည်းလမ်းကို အသုံးပြုတဲ့လူတွေအနေနဲ့က နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးမှာ အသက်ရှင်ဖို့ လိုတယ်။ အဲဒါကြောင့် အဆင့်အတန်းမြင့်ပြီး ကံကောင်းတဲ့သူတွေပဲ အဲဒီအဆင့်ကို ရောက်နိုင်ကြတာ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ဆိုလိုရင်းကို နားလည်သွားသည့်အတွက် ခေါင်းညိတ်လိုက်သည်။ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးတွင် အသက်ရှင်သန်ဖို့အတွက် ဧကရာဇ်အဆင့် အစီအရင် သို့မဟုတ် အသုံးအဆောင်ပစ္စည်းများစွာ လိုအပ်ပေသည်။ ထို့ကြောင့် ဧကရာဇ်မျိုးနွယ်မှ လူများသာ အောင်မြင်နိုင်ချေ ရှိ၏။

နောက်ခံနိမ့်ကျသည့် ကျင့်ကြံသူများအတွက်မူ ဧကရာဇ်အသုံးအဆောင် တစ်ခုကို ကံအပြောင်းအလဲအခွင့်အရေးမှ ရယူနိုင်သည်ကပင် ကံကောင်းလွန်းနေပြီ ဖြစ်၏။ မဟုတ်ပါက သူတို့သည် ကောင်းကင်ဘုံ၏ သုတ်သင်ခြင်းကို ခံရလိမ့်မည်။

ထိုခြားနားချက်က လူတစ်ယောက်၏ ကံကြမ္မာ ဖြစ်၏။ ကံကောင်းမှု၊ ကံကြမ္မာ သို့မဟုတ် ကံကြောင့် လူတချို့က တုယီနယ်ပယ်အဆင့် ဝင်ရောက်နိုင်ချေ မြင့်မားကြပြီး တခြားလူများထက် ထာဝရဧကရာဇ်ဖြစ်လာနိုင်ချေ မြင့်ကြသည်။

“ ကံကြမ္မာက တကယ်ကို မမျှတဘူးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ ဟုတ်တာပေါ့။ တချို့ကိစ္စတွေက ကံကြမ္မာဖန်လာပြီးသားပဲ” ဝူဟုန်က တခြားအချိန်စက်ဝန်း တစ်ခုကို အမှတ်ရသွားကာ တီးတိုး ပြောလိုက်သည်။

ထိုနေရာတွင် ဝမ်ဝေ့က သူ့ရွှေအမြုတေ နယ်ပယ်အဆင့်အတွင်း အမြုတေကို ၉ ကြိမ်အစား ၈၁ ကြိမ် သန့်စင်ခဲ့သောကြောင့် တုယီနယ်ပယ်အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။ အဆုံးသတ်တွင် သူက အသက်ရှည်လမ်းစဉ်ကမ္ဘာ၏ တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ အပြစ်ဒဏ်မှ အသက်ရှင်ဖို့ ကြိုးပမ်းခဲ့ရသည်။ သို့သော်လည်း ထို့နောက်တွင် သူက အန္တရာယ်များစွာ ကျရောက်ခဲ့ပြီး အသက်ရှင်ဖို့အတွက် ရုန်းကန်နေခဲ့ရသည်။

ယခုအချိန်စက်ဝန်းတွင် သူက အစကတည်းက မှန်မှန်ကန်ကန် လုပ်ဆောင်လာခဲ့၏။ သမိုင်းကြောင်းတစ်လျှောက်တွင် ကျင့်ကြံသူများစွာက ထိုနယ်ပယ်တည်ရှိမှု အကြောင်းပင် မသိကြသလို ထိုအဆင့်သို့ ဝင်ရောက်နိုင်ချေ သို့မဟုတ် အတွေးပင် မရှိကြပေ။

ဝင်ရောက်နိုင်သည့်သူ တချို့အတွက်မူ အများစုက အပြစ်ဒဏ်အောက်တွင် သေဆုံးသွားကြလေသည်။ တချို့လူများကမူ မည်သို့သော အခြေအနေဖြစ်စေကာမူ ထိုနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့ကြသည်။

ဝမ်ဝေ့က အတွေးနက်နေ၏။ သူက သူ့အဖေအား တုယီနယ်ပယ်အဆင့်သို့ ဝင်ရောက်လိုလေသည်။ သူက သူ့အဖေ၏ လုပ်ဆောင်နိုင်သည့်အပေါ် မူတည်၍ အကြံအစည် တချို့ပေးဖို့ ပြင်ဆင်ထားသည်။ သို့သော်လည်း လုပ်ဆောင်ရမည့် နည်းလမ်းက သူ့အဖေကိုသာ စဉ်းစားခိုင်းလိုက်မည်။

အခွင့်အရေးသာပေးပါက ဝမ်ထျန်းသည် ထာဝရဧကရာဇ် ဖြစ်လာမည်ဟု ယုံကြည်ထားသည်။ သူ့အမေအတွက်မူ သူမ၏ ပါရမီက ပထမတန်းစား ဧကရာဇ်နှင့် လက်ရည်တူဖြစ်ကြောင်း လက်ခံထားသည်။

ထို့ကြောင့် သူက သူမအတွက် နောက်ထပ် လမ်းကြောင်းတစ်ခုကို စီစဉ်ထား၏။

All Chapters