ကယ်တင်ရှင်နှင့် အဖျက်သမား
Vol. 30 Ch. 413
အခန်း (၄၁၃) : ကယ်တင်ရှင်နှင့် အဖျက်သမား
ချူးမိုက ထိုတာဝန်ကို မြင်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
“ စနစ် ဒါက ဘာကိုပြောတာလဲ” သူက ခန့်မှန်းမိသော်လည်း မသေချာပေ။
“ ကံကြမ္မာသားတော်က ဒီကမ္ဘာရဲ့ဇာတ်လိုက်ပါ။ သူ ဘယ်နေရာသွားသွား ရတနာတွေ၊ အထွတ်အထိပ် ကျင့်စဉ်တွေ သူ့ကို ချစ်မြတ်နိုးတဲ့ အလှပဂေးတွေနဲ့ တွေ့ဆုံပါလိမ့်မယ်” စနစ်က အေးစက်စက် ပြန်ဖြေလိုက်သည်။
“ ပြီးတော့ အန္တရာယ်ကျရောက်တဲ့အချိန်တိုင်း သူတို့ရဲ့ ကံကောင်းမှုက အလိုလို အသက်ဝင်လာပြီးတော့ အသက်ရှင်နိုင်မဲ့ နည်းလမ်းကို တွေ့သွားပါလိမ့်မယ်။ ပြီးတော့ အဲဒါကြောင့်ပဲ ပိုပြီးတော့ အားကောင်းလာပါလိမ့်မယ်”
ချူးမိုက ထိုအရာကို ကြားပြီးနောက် အကြည့်များက လင်းလက်တောက်ပသွားသည်။ အကယ်၍ သူသာ ကံကြမ္မာသားတော် ဖြစ်ခဲ့ပါက သူ့ကျင့်ကြံရေးက ပိုမိုချောမွေ့မည် မဟုတ်ပါလော။ ထိုအခါ မဟာဧကရာဇ် ဖြစ်လာဖို့လည်း သေချာသွားလိမ့်မည်။
“ စနစ် ပြောတာသာ အမှန်ဆိုရင် ကံကြမ္မာသားတော်ကို ဘယ်လိုသတ်ရမှာလဲ”
ကမ္ဘာကူးလာသူအနေနှင့် ချူးမိုသည် ဇာတ်လိုက်များ၏ အသက်ရှင်နိုင်စွမ်းသည် ပိုးဟပ်များလို သတ်ရခက်ကြောင်း သိထားသည်။ သူတို့ထက် ၁၀ ဆင့် မြင့်သည့် ကျင့်ကြံသူက လာသတ်လျှင်ပင် ဇာတ်လိုက်က တစ်ခါက သူတောင်းစားဟု ထင်ကာ အစားအစာ ပေးကမ်းဖူးသည့် အဘိုးကြီးတစ်ဦးက ကြောက်မက်ဖွယ် အင်အားကြီး ပုဂ္ဂိုလ်ဖြစ်နေပြီး သူ့အား လာရောက်ကယ်တင်လိမ့်မည် ဖြစ်၏။
ဤသည်က ဇာတ်လိုက်များ၏ အကျိုးအကြောင်းမသင့်ပုံဖြစ်ပေသည်။
“ ဇာတ်လိုက်တွေကို အနိုင်ယူနိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ သူတို့ကို ထပ်ခါထပ်ခါ အနိုင်ယူနေဖို့ပါပဲ” စနစ်က ပြန်ဖြေလိုက်သည်။
“ အဲဒါက ဘယ်လိုလုပ်ဖြစ်မှာလဲ”
“ ကျရှုံးမှု တစ်ခုချင်းစီတိုင်းမှာ စနစ်က ကံကြမ္မာသားတော်ရဲ့ ကံကောင်းမှုအချို့ကို ဝါးမျိုပြီးတော့ ပိုင်ရှင်ဆီကို လွှဲပြောင်းပေးပါမယ်။ သေချာတဲ့ ပမာဏကို ရပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ ကံကြမ္မာသားတော် အဆင့်အတန်းက ပြုတ်ကျသွားပြီးတော့ အသတ်ခံရပါလိမ့်မယ်”
ချူးမိုက ထိုအရာကိုကြားပြီး ခေါင်းညိတ်လိုက်သည်။ ထိုနည်းလမ်းသည် သူ ဝတ္ထုများထဲတွင် ဖတ်ရှုထားသည့် နည်းလမ်းများနှင့် တူညီလေသည် “ အဲဒါဆိုတော့ ကံကြမ္မာသားတော်က ဘယ်မှာလဲ”
“ အတိအကျ နေရာကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ စနစ် အာရုံခံမိသလောက် မဟူရာကြေးမုံစီရင်စုထဲမှာ ရှိတယ်ဆိုတာ သိလိုက်ရပါတယ်”
“ သမာသမတ်ဂိုဏ်းရဲ့ နယ်မြေလား” ချူးမိုက ရေရွတ်လိုက်သည် “ ငါ့လက်ရှိအင်အားနဲ့ သူ့ကို အနိုင်ယူနိုင်ပါ့မလား”
“ ပိုင်ရှင်အနေနဲ့ တတ်နိုင်သမျှ နက်နဲနတ်ဘုရားအဆင့်ကို တက်လှမ်းတာ အကောင်းဆုံးပါပဲ။ ပြီးတော့ ပိုင်ရှင်က နယ်ရှင်နက်နဲခန္ဓာကိုယ်ကိုလည်း သေချာတဲ့အဆင့် တစ်ခုရောက်အောင် ကျင့်ကြံထားသင့်ပါတယ်”
ချူးမိုက ခေတ္တမျှ စဉ်းစားလိုက်သည်။ သူက နက်နဲအုပ်ချုပ်သူအဆင့်မှ နက်နဲသူတော်စင်အဆင့်သို့ တက်လှမ်းလာခါစဖြစ်ပြီး အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ကာ ဝိညာဉ်အာရုံကို ထိန်းချုပ်နိုင်မှု ရထားသည်။
ထို့ကြောင့် သူက နောက်ဆုံးကျင့်ကြံဆင့် ဖြစ်သည့် နက်နဲနတ်ဘုရားအဆင့်သို့ ရောက်ဖို့ အချိန်အနည်းငယ်မျှသာ လိုအပ်တော့သည်။ နယ်ရှင်နက်နဲခန္ဓာကိုယ်အတွက်မူ သူက အဆင့် ၈ နတ်ဆိုးဂိုဏ်းတချို့ကို ဖျက်ဆီးပြီးသည့်နောက်တွင် အဆင့်သုံးဆင့်အထိ ကျင့်ကြံထားနိုင်သည်။
အကယ်၍ သူသာ အဆင့်မြင့်မြင့် တက်လှမ်းလိုလျှင် အဆင့် ၉ ဂိုဏ်းများအား ဖျက်ဆီးပစ်ရမည် ဖြစ်၏။ သို့သော် သူတို့တွင် နက်နဲနတ်ဘုရား ကျင့်ကြံသူများ ရှိနေကြပြီး အများစုကို အလွယ်တကူ သတ်နိုင်သည့် စွမ်းအားရှိသည့် နတ်ဆိုးအုပ်ချုပ်သူများပင် ရှိနေကြသည်။
ထို့ကြောင့် ယခုအတွက် သူ့အကောင်းဆုံး အပြုအမူက အဆင့် ၈ ဂိုဏ်းများအား ပိုသတ်ဖို့ ဖြစ်ပြီး နက်နဲသူတော်စင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနိုင်ရန် ဝါးမျိုပစ်ဖို့ ဖြစ်သည်။ ထိုအခါ သူ့အတွက် နယ်ရှင်နက်နဲခန္ဓာကိုယ်ကို ကျင့်ကြံဖို့ အရင်းအဖြစ် ရရှိလာလိမ့်မည်။
ချူးမိုက ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် တစ်နေရာသို့ ဦးတည်လိုက်သည်။
……………
နေမင်းအပေါ်တွင် ဝမ်ဝေ့က ချူးမိုအား ကြည့်ကာ ရေရွတ်လိုက်၏ “ အဖျက်သမားကိုတော့ ပြင်ဆင်ပြီးပြီ။ ကယ်တင်ရှင်ကိုရော ဘယ်လိုလုပ်ရမလဲ”
သူက ကျိုးရှုအပေါ် အာရုံစိုက်ထားလိုက်သည်။
လွန်ခဲ့သည့်ရက်ပိုင်းခန့်က ကျိုးရှုသည် ဇာတ်လိုက်တစ်ယောက် ဖြစ်လာမည့်အကြောင်း ပါဝင်သည့် စာအုပ်အား ဖတ်ရှုခဲ့သည်။
“ ကံကြမ္မာဆိုတာက အကုန်လုံးကို ခြုံငုံထားတဲ့အရာပဲ။ တည်ရှိမှုတွေထဲက အရာအားလုံးကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်းတစ်ခုက ကံကောင်းမှုကနေ ဖြစ်တယ်။ ကျင့်ကြံသူအများစုက ကံကောင်းမှုလား ဒါမှမဟုတ် ဖြစ်နိုင်ချေတစ်ခုလားဆိုတာကို မယုံကြည်ကြဘူး။ ဒါပေမဲ့ ဒါက အမှန် မဟုတ်ဘူး။
ကံကောင်းမှုဆိုတာက လက်တွေ့ကို အုပ်စိုးနေတဲ့ အခြေခံကျတဲ့ သဘောတရားထဲက တစ်ခုပဲ။ အဲဒါက မိုးမြေရဲ့ လုပ်ဆောင်ချက်ကို လမ်းညွှန်ပေးတယ်။ အဲဒါကြောင့် သူတို့ကအမှန်တကယ် ဖြစ်ရုံတင်မကဘူး။ စည်းမျဉ်းတွေ၊ စည်းကမ်းတွေလည်း ပါဝင်တယ်။
ကံကောင်းမှု သုံးမျိုး ရှိတယ်။ လူသား၊ မြေကမ္ဘာနဲ့ ကောင်းကင်အဆင့်တို့ပဲ။ လူသားကံကောင်းမှုကို မွေးဖွားလာကတည်းက သတ်မှတ်ပြီးတော့ အဆင့်အတန်းအမျိုးမျိုး ရှိကြတယ်။
မြေကမ္ဘာကံကောင်းမှုကိုတော့ ဂိုဏ်း ဒါမှမဟုတ် ကံကြမ္မာတိုင်းပြည် ပုံစံနဲ့ လူအုပ်စု စုဝေးရာကနေ ဖြစ်ပေါ်လာတဲ့ ကံကောင်းမှုပဲ။
ကောင်းကင် ကံကောင်းမှုဆိုတာက ကောင်းကင်တာအိုက သီးသန့်ပေးအပ်ထားတဲ့ ဆုလာဘ်တစ်ခု။ အဲဒီအရာကို ရရှိတဲ့သူတွေကို ကံကြမ္မာသားတော်လို့ ခေါ်တယ်။ ကံကောင်းမှု အမျိုးမျိုးက ကွဲပြားနေပေမဲ့ သူတို့ကြားမှာ ဆက်နွယ်မှု ရှိနေသေးတယ်”
ကျိုးရှုက ထိုစာအုပ်ကို စိတ်ဝင်စားသွားသည်။ ကံကြမ္မာတိုင်းပြည်များနှင့် ပတ်သက်သည့် ကံကောင်းမှု သဘောတရားက သူ့အတွက် အစိမ်းသက်သက် ဖြစ်နေသည်။ ဤကမ္ဘာတွင် ကမ္ဘာကို ဂိုဏ်းများက အုပ်ချုပ်သည့်အတွက် စာအုပ်ထဲတွင် ဖော်ညွှန်းထားသလိုမျိုး အားကောင်းသည့် တိုင်းပြည်မျိုး မရှိပေ။ အားလုံးက သေမျိုးတိုင်းပြည်များသာ ဖြစ်ကြ၏။
သူ့အား စိတ်ဝင်စားသွားစေသည့် အချက်မှာ ကံကြမ္မာသားတော် ဖြစ်လာစေနိုင်မည့် နည်းလမ်း ဖြစ်၏။ ထိုနည်းလမ်းက သူ့အား တခြားသူများ၏ ချီကံကောင်းမှု သို့မဟုတ် ဂိုဏ်းတစ်ခု၏ ချီကံကောင်းမှုကို စုပ်ယူရမည့်နည်းလမ်းအား သင်ပြပေးထားသည်။ ထိုကံကောင်းမှုနှစ်မျိုးက စံနှုန်းတစ်ခုသို့ ရောက်ရှိသွားသည်နှင့် ကောင်းကင်တာအိုနှင့် ကံကြမ္မာသားတော် အဆင့်အတန်းအတွက် အပေးအယူ လုပ်နိုင်လိမ့်မည်။
ကျိုးရှုက ချက်ချင်းဆိုသလို ထိုကျင့်စဉ်ကို စတင်ကျင့်ကြံလိုက်သည်။ ပထမပိုင်းက ကံကောင်းမှုကို မြင်နိုင်သည့် အစစ်အမှန် အမြင်စွမ်းရည်ကို ကျင့်ကြံခြင်း ဖြစ်၏။ ထိုအခါ လူများ၏ ကံကောင်းမှုကို တန်ပြန်သက်ရောက်ခြင်း မခံရဘဲ စုပ်ယူနိုင်လိမ့်မည်။
သူ ပြီးဆုံးသွားသည်နှင့် တခြားသာမန် သေမျိုးများ၏ ကံကောင်းမှုကို စုပ်ယူပြီး စမ်းသပ်ကြည့်လိုက်သည်။ စာအုပ်အရ လူတစ်ယောက်၏ ကံကောင်းမှုအားလုံးကို စုပ်ယူခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းက အကောင်းဆုံး ဖြစ်၏။
ကျိုးရှုက ထိုသို့အမှားမျိုးကို ပြုလုပ်မည် မဟုတ်ပေ။ သူက သူ့မှတ်ဉာဏ်များမှတဆင့် ထိုကျမ်းကို ရရှိသည့်သူသည် ဆွဲဆောင်မှုကို ခံနိုင်ရည် မရှိဘဲ သူ ကံကောင်းမှု ခိုးယူထားသည့်သူများအား သတ်ဖြတ်ခဲ့သည်။ ထိုအဖြစ်အပျက်က ကောင်းကင်နက်နဲကုန်းမြေအား ဂယက်ရိုက်သွားစေပြီး နက်နဲနတ်ဘုရားအများစုကလည်း ထိုကျင့်စဉ်ကို ရရှိဖို့အတွက် တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် နတ်ဆိုးဂိုဏ်းမှ လူတစ်ယောက်က ထိုစာအုပ်ကို ယူသွားသည်ဟု ကောလဟာလများ ထွက်ခဲ့၏။
နောက်ပိုင်းတွင် တွေ့ရမည့် ကပ်ဘေးအပေါ် မူတည်၍ ကျိုးရှုက ထိုအရာသည် အမှန်ဖြစ်ကြောင်း ယုံကြည်ထားသည်။
ထိုကျင့်စဉ်ကို စမ်းသပ်ပြီးသည့်နောက်တွင် သူ တည်ဆောက်ထားသည့် လျှို့ဝှက်အခြေစိုက်စခန်းသို့ ပြန်သွားလိုက်သည်။ အထဲတွင် နတ်ဆိုးဂိုဏ်းများ၏ ပါရမီရှင်များစွာ ရှိနေ၏။ ထိုကျင့်စဉ်ကို ကျင့်ကြံဖို့ ပြင်ဆင်ရန်အတွက် သူက သူတို့၏ စီရင်စုထဲ ခိုးဝင်ကာ တချို့ကို ဖမ်းဆီးထားခဲ့သည်။
ထိုဖြစ်စဉ်က လွယ်ကူသော်လည်း နတ်ဆိုးဘက်၌မှု ပြဿနာအချို့ရှိဟန်ပေါ်သည်။ ဂိုဏ်းမြောက်များစွာက လပိုင်းအတွင်း အသတ်ခံလိုက်ရပြီး ဖျက်ဆီးခံလိုက်ရ၏။
ကျိုးရှုက သူ့အမြင်စွမ်းရည်ကို အသုံးပြုကာ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ထိုလူများ၏ ခေါင်းအထက်တွင် ချီကံကောင်းမှု နဂါးကို မြင်လိုက်ရသည်။ ထို့နောက် သူက သူတို့၏ ချီကံကောင်းမှုအများစုကို ဝါးမျိုပြီးနောက် ထွက်သွားလိုက်သည်။
ကျိုးရှုက သူ့ဆရာနှင့် တွေ့ဆုံဖို့ လွတ်လပ်နှလုံးသားဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။ ယခင်က သူ့ဂိုဏ်းသည် နက်နဲအုပ်ချုပ်သူအချို့သာ ရှိထားသည့် အဆင့် ၇ ဂိုဏ်း ဖြစ်၏။ ထိုဂိုဏ်း၏ ပါရမီအရှိဆုံး တပည့်တစ်ယောက်အနေနှင့် ဂိုဏ်းက အဆင့် ၈ သို့မဟုတ် အဆင့် ၉ ဖြစ်လာဖို့အတွက် သူ့အပေါ် မျှော်လင့်ချက်များစွာ ထားခဲ့ကြသည်။
သူ့ဆရာနှင့် စကားပြောဆိုပြီးသည့်နောက်တွင် ကျိုးရှုက နောင်တက်မည့် ဂိုဏ်းချုပ် ဖြစ်ကြောင်း ကြေညာခဲ့၏။ သူ့နက်နဲအုပ်ချုပ်သူ ကျင့်ကြံဆင့်အပြင် ငယ်ရွယ်သည့်အတွက် ရာထူးလွှဲခြင်းဖြစ်စဉ်က ချောမွေ့နေခဲ့သည်။
လူတချို့က အလျင်လိုမှု အကြောင်းကို သိချင်ကြသော်လည်း ယေဘုယျအခြေအနေအပေါ် သက်ရောက်မှု မရှိပေ။ ကျိုးရှုက ထိုရာထူးကို ရရှိပြီးသည့်နောက်တွင် ကံအပြောင်းအလဲ အခွင့်အရေးတချို့အား အသုံးပြုကာ ဂိုဏ်းတစ်ခုလုံး၏ ချီကံကောင်းမှုကို စုစည်းနိုင်မည့် ချီကံကောင်းမှု အသုံးအဆောင်ပစ္စည်းကို ဖန်တီးခဲ့ပြီး သူနှင့် သူ့ဂိုဏ်းသားများအပေါ် ကောင်းချီးပေးခဲ့သည်။
သုံးလကြာမြင့်ပြီးသည့်နောက်တွင် တစ်ဂိုဏ်းလုံး၏ ကံကောင်းမှုက သူ့အား ထောက်ပံ့ပေးနေသည့်အတွက် ကျိုးရှုက နက်နဲသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို သူက ဂိုဏ်းသေးများအား ဝါးမျိုကာ ဂိုဏ်းအား စတင်ချဲ့ထွင်ခဲ့သည်။ သူက သူ့အဆင့်ကို ပြောင်းလဲဖို့အတွက် မဟာမိတ်ဌာနဆီပင် မသွားခဲ့ပေ။
နေမင်းပေါ်တွင် ဝမ်ဝေ့က ကံအပေါ် နားလည်နိုင်စွမ်းကို ကူညီပေးနိုင်သည့် ရုပ်ထုများကို ဆက်လက် ရေးထွင်းနေသည်။ ခဏအကြာတွင် သူက ရုပ်ထုအပေါ် အာရုံစိုက်ထားလိုက်၏။
သူက ချက်ချင်းဆိုသလို တစ်စုံတစ်ခုကို ခံစားမိကာ လက်ဝှေ့လိုက်သည်။ ထို့နောက် သူ့ရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထုံဟွားက အထွတ်အထိပ် အကြီးအကဲနှင့် အစည်းအဝေးတစ်ခု ကျင်းပနေသည်။ ထိုလူများအား သတိထားဖို့အတွက် ဝမ်ဝေ့က ပုရွက်ဆိတ်အရွယ် မှတ်တမ်းတင် အသုံးအဆောင်ပစ္စည်းများကို စေလွှတ်ထားခဲ့သည်။
“ အထွတ်အထိပ်အကြီးအကဲ တစ်ခုခုတော့ မှားယွင်းနေပြီ။ နတ်ဆိုးကျင့်ကြံသူအသစ်က လူအများကြီးကို သတ်ပြီးတော့ သူတို့ဘက်ကို အားနည်းအောင် လုပ်နေတယ်”
လူအိုကြီးက ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည် “ ဒီလိုဆိုရင် ငါတို့လည်း သမာသမတ်ဂိုဏ်းဘက်ကို အားနည်းအောင် လုပ်ရမယ်”
ထုံဟွားက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်ကာ ထွက်သွားလေသည်။
ထိုအရာကို ကြည့်ရှုနေပြီးနောက် ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး စကားမဲ့ဂိုဏ်း၏ တည်ထောင်သူသည် အမှန်တကယ် ထူးခြားသည့်သူ ဖြစ်ကြောင်း သိလိုက်သည်။ မျိုးဆက်များစွာကြာသည့်တိုင် သူက တစ်ကမ္ဘာလုံးအား အကြောင်းအရင်း တစ်ခုကြောင့် စစ်တုရင်ခုံအဖြစ် သတ်မှတ်ဖို့ စီစဉ်ထားခဲ့သည်။ ထိုရည်မှန်းချက်က လောကအရှင် သို့မဟုတ် တာအိုဘိုးဘေးကို ဖန်တီးယူဖို့ဖြစ်၏။
သူက ဘယ်လိုလုပ်ကြံစည်နိုင်တာလဲ ….
ကမ္ဘာကို ဖျက်စီးပစ်နိုင်လောက်အောင် ခြိမ်းခြောက်နိုင်သည့် ကပ်ဘေးကို ဖန်တီးဖို့အတွက် …
ဤနည်းဖြင့် ကောင်းကင်တာအိုက ကမ္ဘာကို ကယ်တင်ဖို့အတွက် လောကအရှင်ကို ဖန်တီးရလိမ့်မည်။
မျိုးဆက်များစွာကြာသည့်တိုင် ထိုဂိုဏ်းက နတ်ဆိုးဂိုဏ်းများအား ပို၍အားကောင်းလာအောင် လုပ်ခဲ့စဉ် သမာသမတ်ဂိုဏ်းများကို အားနည်းအောင် ပြုလုပ်ထားခဲ့သည်။ ဤသည်က သူတို့သည် သမာသမတ်ဂိုဏ်း မဟာမိတ်၏ အထက်ပိုင်းလူများကို သတ်လိုက်ရသည့် အကြောင်းအရင်းလည်း ဖြစ်၏။
ထိုအချက်ကြောင့် ဝမ်ဝေ့က ချူးမိုအား နတ်ဆိုးဂိုဏ်းများကို တတ်နိုင်သမျှဖျက်စီးပြီး အားနည်းအောင် လုပ်ဖို့ တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။ အနည်းဆုံးတော့ လောကအရှင် မဖန်တီးခင် သူ့ဂိုဏ်းမှ သူ့ကို လာရှာနိုင်အောင် အချိန်လုံလောက်အောင် နှောင့်နှေးထားဖို့ ဖြစ်၏။
သို့သော်လည်း ယခုတွင် သူက သူတို့သည် ဤကမ္ဘာနှင့် မဝေးတော့ကြောင်း ခံစားမိနေသည်။ ထို့ကြောင့် သူက ဤကမ္ဘာမှ ကမ္ဘာအရင်းအမြစ်တချို့ကို ခိုးယူရင်း သူ့ရည်မှန်းချက် အောင်မြင်ဖို့ ကိစ္စများအား အရှိန်တင်ဖို့ ဆုံးဖြတ်လိုက်သည်။