အကောင်အထည်ဖော်ခြင်း
Vol. 30 Ch. 414
အခန်း (၄၁၄) : အကောင်အထည်ဖော်ခြင်း
ဝမ်ဝေ့က သူ့ရှေ့မှ သစ်သားပန်းပုအား ကြည့်လိုက်သည်။ ထိုအရာက ကောင်းကင်ဘုံဗိမာန်ကမ္ဘာတွင် သူ့ကို ကိုးကွယ်သော သေမျိုးများထဲမှ တစ်ယောက် ဖြစ်၏။ သူက သူ့မူလအဆီအနှစ်အား ထိုပန်းပုထဲ ထည့်သွင်းလိုက်စဉ် ရုတ်ချည်း အသက်ဝင်လာသည်။
ထိုအရာမှ လေဟာနယ်ဖြိုခွင်းခြင်း သို့မဟုတ် နက်နဲအုပ်ချုပ်သူအဆင့်နှင့် တူညီသည့် စွမ်းအားကြီး အငွေ့အသက် တစ်ခု ထွက်ပေါ်လာ၏။ သူက တစ်ချက်ကြည့်ရုံဖြင့် သူ့ပန်းပုသည် ထုတ်လွှင့်ထားသည့် အရှိန်အဝါနှင့် တိုက်ကွက်တူ ထုတ်လွှတ်နိုင်ကြောင်း သိလိုက်၏။
သို့သော်လည်း ထိုအရာက တိုက်ကွက် သုံးခုမျှသာ ထိန်းသိမ်းထားနိုင်လေသည်။ အကြောင်းမှာ ပန်းပုရေးထွင်းထားသော အသုံးပြုသည့်ပစ္စည်းက သာမန်ဖြစ်နေ၍ ဖြစ်သည်။ ပန်းပု၏ စွမ်းအားက ဝမ်ဝေ့၏ စွမ်းရည်မှ ဖြည်းဖြည်းချင်း ဖြစ်တည်လာပြီး သူ ရေးထွင်းလိုက်သည့်လူများ၏ အဆီအနှစ်ကို ဖမ်းဆုပ်မိသည့်အချက်မှ ဖြစ်သည်။
“ ငါ နောက်ထပ် ရုပ်သေးရုပ် စနစ်အသစ်ကိုများ လုပ်လိုက်မိတာလား” သူက ရေရွတ်လိုက်သည်။
ဝမ်ဝေ့က တစ်စိတ်တစ်ပိုင်း မှန်ကန်လေ၏။ ဝိညာဉ်စွမ်းအားအပေါ် မှီခိုသည့် ထိုသို့သော ပန်းပုမျိုးက အသင်္ချေအင်ပါယာကမ္ဘာတွင် နာမည်ကြီးခဲ့သည်။ သို့သော်လည်း ခေတ်ကာလ ပြောင်းလဲပြီး ကပ်ဘေးများအပြီးတွင် တာအိုက သိသိသာသာ အားနည်းသွားသည့်အတွက် ရုပ်သေးဆရာများ၏ နည်းစနစ်များက ပျောက်ကွယ်သွားရသည်။
ဝမ်ဝေ့က သူ့စိတ်ထဲမှ အတွေးများကို ဖယ်ရှားကာ စီရင်စုတစ်ခုမှ တောင်တစ်လုံးလောက် အရွယ်ရှိသည့် ကျောက်တုံးကြီးကို ထုတ်ယူလိုက်သည်။ ထိုအရာဖြင့် သူက ဖြည်းဖြည်းချင်း ရေးထွင်းဖို့ ပြင်လိုက်၏။
ယခင်က သူက သိထားသည့်လူများနှင့် မြင်ထားသည့် အရာများကိုသာ ရေးထွင်းခဲ့ပြီး သူတို့၏ စည်းမျဉ်းများကို ပေါင်းစပ်ပေးလိုက်ခြင်း ဖြစ်သည်။
သို့သော် ယခုတွင် သူက ပုံရိပ်တစ်ခု အပြည့်အဝ ဖော်ဆောင်နိုင်ရန် အရာအားလုံးကို ပေါင်းစပ်မည် ဖြစ်၏။ သူက လူတစ်ယောက်ချင်းစီ၊ ကွဲပြားသည့် ရှုခင်းများ၊ တည်နေရာများ သို့မဟုတ် အခြေအနေများအပေါ် ရေးထွင်းရင်း သူ့အကြည့်က ထိုအရာများကြားမှ ကံဆက်နွယ်မှုကို ခွဲခြားလိုက်သည်။
သူက ပိုမိုရေးထွင်းလေလေ ကံအပေါ် နားလည်နိုင်စွမ်းက ပိုမိုနက်နဲလာလေလေ ဖြစ်၏။ ထို့ကြောင့် သူက သတိမထားမိသည့် အခြေအနေသို့ ဝင်ရောက်သွားသည်။
ကမ္ဘာကြီးရှိ အခြားအရာအားလုံးက သူ့အတွက် အရေးမပါတော့ပဲ သူ့ရေးထွင်းမှုကသာ အရေးပါလေသည်။
ဝမ်ဝေ့က နက်နက်နဲနဲ အာရုံစိုက်ထားစဉ် သူ ရေးထွင်းသည့် အရည်အချင်းက သိသိသာသာ တိုးတက်လာ၏။ ထိုလူများနှင့် ပစ္စည်းများအပေါ် နားလည်နိုင်စွမ်းကလည်း နက်နဲလာကာ ကံအပေါ် နားလည်နိုင်စွမ်းကလည်း တိုးမြင့်လာသည်။
ဝမ်ဝေ့က သူ မည်မျှကြာမြင့်သွားသည်ကို မသိတော့ပေ။ သူ ကျောက်တုံးမည်မျှ ထုတ်ယူလိုက်သည်ကိုလည်း သတိမထားမိတော့ပေ။ သူ အသိပြန်ဝင်လာသည့်အခါ ကံကမ္ဘာဟုခေါ်သည့် သူ့ရေးထွင်းမှုက တစ်စိတ်တစ်ပိုင်းမျှသာ ပြီးမြောက်သေးသည်။
ထို့နောက် သူ့အရှိန်အဝါက ချက်ချင်းဆိုသလို ပြောင်းလဲသွား၏။ မြင်တွေ့ရသည့် အနီရောင် အငွေ့အသက်များနှင့် ဆိုးဆိုးရွားရွား အနံ့အသက်များကလည်း ပျောက်ကွယ်သွားသည်။ ထိုအရာက သူ ဖယ်ရှားလိုက်ခြင်း မဟုတ်ဘဲ သူ့လက်ရှိနားလည်နိုင်စွမ်းဖြင့် သူ့ဘဝအပေါ် သက်ရောက်မှု မရှိအောင် ကောင်းကောင်း ဖုံးကွယ်ထားလိုက်ခြင်း ဖြစ်၏။
ဝမ်ဝေ့က အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက သူ့ပုခုံးပေါ်မှ ဝန်ထုပ်ကြီးကို လွှတ်ချဖို့ နီးလေပြီ။
ထို့နောက် သူက အောက်မှလူများကို အာရုံစိုက်ထားလိုက်ပြီး ဉာဏ်အလင်းပွင့်မှုမှ နိုးထလာသည့် အဓိကအကြောင်းအရင်းမှာ သူ့စိတ်ဝိညာဉ်အမှုန်က သူ အာရုံစိုက်ဖို့လိုသည့် တစ်စုံတစ်ခုဖြစ်ပွားတော့မည်ဖြစ်ကြောင်း သတိပေးနေ၍ ဖြစ်သည်။
ကျိုးရှုက ကြမ်းပြင်တွင် သင်္ကေတများ ရေးထွင်းထားသည့် အခန်းကျယ်တစ်ခုအတွင်း ထိုင်နေလေသည်။ သူ့ခန္ဓာကိုယ်မှ နက်နဲနတ်ဘုရားအဆင့် အငွေ့အသက်များ ထွက်ပေါ်နေ၏။
ငါးနှစ်တာအတွင်း သူက ဤကမ္ဘာ၏ အမြင့်ဆုံး ကျင့်ကြံဆင့်သို့ ရောက်ရှိလာခဲ့ပြီး ကံကြမ္မာသားတော်ဖြစ်ဖို့ ကံကောင်းမှု အလုံအလောက်ကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်၏။
ယခင်နှစ်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သည့်အရာများကို စဉ်းစားကာ ကျိုးရှုက သက်ပြင်းချလိုက်သည်။ နတ်ဆိုးဂိုဏ်းများက စတင်အုပ်စိုးလာသည့်အတွက် ကမ္ဘာတစ်ခုလုံးက အုတ်အော်သောင်းနင်း ဖြစ်လာနေလေသည်။ ပါရမီရှင်အသစ် တစ်ယောက် ရုတ်ချည်းပေါ်ထွက်လာပြီး နတ်ဆိုးအုပ်ချုပ်သူများကို သတ်ဖြတ်ခဲ့ပြီး တခြားလူများကို အုပ်စိုးခဲ့သည်။
ထို့နောက် သူက စီရင်စုများကို တစ်ခုပြီးတစ်ခု အုပ်စိုးလာလေ၏။ သူ့လက်ရှိအင်အားဖြင့် ကျိုးရှုက သမာသမတ်ဂိုဏ်းဘက်မှ ဦးဆောင်မည့်သူအနက် တစ်ယောက် ဖြစ်လေသည်။
ကံဆိုးစွာဖြင့် သူက နတ်ဆိုးအရှင်အတွက် ပြိုင်ဘက် မဟုတ်ပေ။ ထိုလူကို လူများစွာက ဝိုင်းဝန်းသတ်ဖြတ်ခဲ့သော်လည်း လူများစွာက အသတ်ခံလိုက်ရပြီး သူ အပါအဝင် ကျန်လူများကမူ ဒဏ်ရာများ အပြင်းအထန်ရလျက် ထွက်ပြေးသွားခဲ့ကြသည်။
ငါ ကံကြမ္မာသားတော် ဖြစ်လာတာနဲ့ အရာအားလုံး ပြောင်းလဲသွားလိမ့်မယ်…
သူက အစီအရင်ကို အသက်သွင်းပြီးသည့်နောက်တွင် အခန်းအတွင်း ၇ ရောင်ရှိသည့် ချီကံကောင်းမှုနဂါးပေါ်ထွက်လာသည်။ သို့သော်လည်း ထိုအရောင် ၇ ရောင်အနက် တစ်ခုသာ အသက်ဝင်နေပြီး ကျန်အရာများက မှေးမှိန်နေသည်။
ကျိုးရှု၏ ကံကောင်းမှုက သက်တံအရောင် ချီကံကောင်းမှု၏ တစ်ရောင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် နောက်ထပ် ချီနဂါးတစ်ကောင် ပေါ်ထွက်လာသည်။ ထိုတစ်ခုတွင် အရောင်နှစ်ခု ရှိပြီး ကျိုးရှုက လွန်ခဲ့သည့်နှစ်ပိုင်းအတွင်း စုဆောင်းထားသည့် မြေကမ္ဘာကံကောင်းမှု ဖြစ်၏။ ပြင်ဆင်မှု အားလုံးပြီးဆုံးသွားသည့်အခါ ကျိုးရှုက နောက်ဆုံးစမ်းသပ်မှုအတွက် ပြင်လိုက်သည်။
သိပ်မကြာခင် သူက ကြယ်တာရာလိုမျိုး အလင်းများပြန့်ကျဲနေသည့် အမှောင်ထုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုအရာက အဆုံးမဲ့ကျယ်ပြောလှဟန်ပေါ်သည်။ သို့သော် ကျိုးရှုက သူ့ရှေ့တွင် ရှိနေသည့် အရာကြောင့် ထိုအရာကို ဂရုမစိုက်ပေ။
အဆုံးမဲ့အာကာပြင်အတွင်း အပြည့် ဖြစ်နေဟန်ပေါ်သည့် ဧရာမမျက်လုံးကြီး တစ်လုံးရှိနေသည်။ ထိုမျက်လုံး၏ တည်ရှိမှုက အဆုံးမဲ့နယ်မြေကိုပင် သေးငယ်သွားသလို လုပ်ထားဟန်ပေါ်သည်။
ကျိုးရှုက ထိုမျက်ဝန်းသည် သူ့အား ဖတ်ရှုကာ သူ့လျှို့ဝှက်ချက်အားလုံးကို သင်ယူနေကြောင်း သိလိုက်၏။
သူ့ခန္ဓာကိုယ်၊ ဝိညာဉ် သို့မဟုတ် သမိုင်းကြောင်းဖြစ်စေကာမူ ထိုအရာက အားလုံးကို ဖောက်ထွင်းမြင်နေသည်ဟု ခံစားမိနေသည်။ ခဏအကြာတွင် သူက စိုးရိမ်မိသွား၏။ မျက်လုံးက အေးစက်ကာ ခံစားချက် မပြသော်လည်း ကျိုးရှုကမူ အကြိမ်အနည်းငယ် စစ်ဆေးပြီးသည့်နောက်တွင် ရပ်တန့်သွားကြောင်း ခံစားမိလိုက်သည်။
ထာဝရကြာမြင့်သည်ဟု ခံစားရပြီးသည့်နောက်တွင် နဂါးနှစ်ကောင်က ထိုလေဟာနယ်အတွင်း ပေါ်ထွက်လာပြီး သုံးရောင်အဖြစ် ပေါင်းစပ်သွားသည်။ ထို့နောက်တွင် ကောင်းကင်ဟူသော စာလုံးက ရုတ်ချည်း ပေါ်ထွက်လာ၏။
နောက်ဆုံးတွင် ဧရာမမျက်လုံးကြီးက ပျောက်ကွယ်သွားသည်။ ကျိုးရှုကမူ သူ့ယခင်အခန်းသို့ ပြန်ရောက်နေပြီ ဖြစ်၏။ သူ သတိမထားမိလိုက်သည့် အချက်နှစ်ခုမှာ ကျိုးရှု၏ ခန္ဓာကိုယ်မှ တစ်စုံတစ်ခု ထွက်ကျသွားပြီး အဆုံးမဲ့အာကာပြင်အတွင်း ပျောက်ကွယ်သွားခြင်း ဖြစ်၏။
“ နောက်ဆုံးတော့ အောင်မြင်ပြီ” ကျိုးရှုက ရေရွတ်လိုက်သည်။
နေပေါ်တွင် ဝမ်ဝေ့ကလည်း တူညီသော စကားကို ပြောလိုက်သည်။ ကြည့်ရသည်မှာ ဤကမ္ဘာ၏ ကောင်းကင်တာအိုက တစ်စုံတစ်ခု သံသယ ဖြစ်ဟန်ပေါ်သော်လည်း ထိုအရာကို ရှာမတွေ့ခဲ့ပေ။ ဝမ်ဝေ့က ဤကမ္ဘာသည် မဟာကမ္ဘာအဆင့် ဖြစ်၍သာ မသိကြောင်း ခံစားမိလိုက်သည်။
သူ့ယခင် ကမ္ဘာတွင်ဖြစ်ပါက ဤသို့ မဆင်မခြင် ပြုမူရဲမည်မဟုတ်ပေ။
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာ၏။ သူက အနက်ရောင် ချီကံကောင်းမှုကို ကြည့်လိုက်သည်။ ပထမပိုင်းတွင် သူက ဤသည်က တုယီနယ်ပယ်အဆင့်သို့ ဝင်ရောက်လိုက်သည့် ရလဒ် ဖြစ်ကြောင်း တွေးလိုက်မိသည်။
သို့သော်လည်း သူ ဝူဟုန်နှင့် စကားဝိုင်းမှ တုယီနယ်ပယ်အဆင့် ဝင်ရောက်သူများသည် ပုံမှန် ချီကံကောင်းမှုသာရှိကြောင်း သိလိုက်ရ၏။
ဒါဆို ဒီမူမမှန်မှုက ဘယ်ကနေ ရောက်လာတာလဲ …
ထိုအရာကို တွေးမိပြီးသည့်နောက်တွင် သူ့ဘဝတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စတချို့က ပုံမှန် မဟုတ်ခဲ့ပေ။ နမူနာအားဖြင့် သူ့ဘဝတွင် နှလုံးသားနတ်ဆိုး၏ တိုက်ခိုက်မှုကို အကြိမ်များစွာ ခံခဲ့ရစဉ် တခြားသော ကျင့်ကြံသူများအတွက်မူ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်မှသာ ကြုံတွေ့ရခြင်း ဖြစ်၏။ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်ပျက်လာသည့်အခါက သူသည် ကျင့်ကြံဆင့် မရှိသေးသည့် သေမျိုးတစ်ယောက်မျှသာ ဖြစ်၏။
ထို့နောက် သူက ကောင်းကင်ဘုံ အမျက်ဒေါသနှင့် တိုက်ခိုက်သည့်အခါ ထိုတိုက်ပွဲအတွင်း မူမမှန်မှုကို ကြုံတွေ့ခဲ့ရသည်။ ထိုတိုက်ပွဲသည် သူ့အတွက် သူ့ကို လေ့ကျင့်ပေးဖို့ ရိုးရှင်းသည့် စစ်ဆေးမှုဟုသာ ခံစားခဲ့ရသည်။
“ ဟူး… ငါ့နားလည်နိုင်စွမ်းနဲ့ အင်အားထက် လွန်နေတဲ့အရာတွေကို မစဉ်းစားဘဲ နေကြစို့” သူက ရေရွတ်လိုက်ပြီးနောက် ကောင်းကင်နက်နဲကုန်းမြေအား အာရုံစိုက်ထားလိုက်သည်။
သူ့အစီအစဉ်၏ ပထမအဆင့်မှာ ကျိုးရှုနှင့် အကောင်အထည်ဖော်ခြင်း ဖြစ်၏။ ယခုအခါ သူက အချိန်ကောင်းကို စောင့်ဖို့ရာသာ လိုအပ်ပေသည်။ ထို့နောက် သူက ချူးမိုအပေါ် အာရုံစိုက်ထားလိုက်သည်။ ထိုအခါ သူက မျက်မှောင်ကြုတ်မိသွား၏။
“ ချူးမိုရဲ့ အင်အားက ကျိုးရှုထက် အရမ်းကို မြင့်လွန်းနေတယ်။ ငါ့အစီအစဉ် အလုပ်ဖြစ်ဖို့ဆိုရင် သူတို့က တစ်ယောက်နဲ့တစ်ယောက်နဲ့ မတိမ်းမယိမ်း ဖြစ်ဖို့လိုတယ်။ ငါ သူ့အင်အားကို တိုးပေးလိုက်ရမလား”
ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူက တခြားနည်းလမ်းကို စဉ်းစားလိုက်သည်။ ကံကြမ္မာသားတော် အသစ်အနေနှင့် ကျိုးရှုသည် ယခုမှစ၍ ကံအပြောင်းအလဲများစွာကို တွေ့ကြုံကာ အင်အားတိုးမြင့်လာမည်မှန်း သိလေသည်။ ဝမ်ဝေ့က စောင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်၏။
သူက ကျိုးရှုဆီမှ ပစ္စည်းကောင်းလေးများပင် ရရှိနိုင်သည်။ ထို့နောက်တွင် သူက စကားမဲ့ဂိုဏ်းမှ လူများအပေါ် အာရုံစိုက်ထားလိုက်သည်။ သူတို့၏ အစီအစဉ်က လမ်းကြောင်းပေါ် ရောက်နေဟန်ပေါ်သော်လည်း ချူးမို၏ နတ်ဆိုးအရှင် အဖြစ် မြင့်တက်လာမှုက အပြောင်းအလဲများစွာ ဖြစ်လာပြီး သူတို့အား မသေချာမှုများစွာ ဖြစ်သွားစေသည်။
“ ကံကြမ္မာသားတော်အနေနဲ့ ကျိုးရှုက လောကအရှင် ဖြစ်လာဖို့ အခွင့်အရေး အရှိဆုံးသူပဲ။ အဲဒါဆိုတော့ တာအိုအရင်းအမြစ် မျိုးစေ့ကို ယူဖို့ အခွင့်အရေးကို အသုံးချလိုက်ရမလား။ တကယ်လို့ ငါသာ မှန်မှန်ကန်ကန် ကစားနိုင်ရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
ဝမ်ဝေ့က သူ့ရည်မှန်းချက်ကို ရရှိဖို့အတွက် ဖြစ်နိုင်သည့် နည်းလမ်းများကို စတင် တွက်ချက်ကြည့်လိုက်သည်။ ကောင်းကင်တာအိုက ကျိုးရှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ခုကို သတိထားမိဟန်ပေါ်သည့်အတွက် သူ့အနေနှင့် ပိုမိုဂရုစိုက်ရမည်။
ဝမ်ဝေ့က ဆုံးဖြတ်ချက်တချို့ ချပြီးသည့်နောက်တွင် ကျိုးရှု၏ လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်လိုက်သည်။ သူက ကံကြမ္မာသားတော်၏ အချက်အလက်များကို ပိုမိုစုဆောင်းလိုပြီး ချီကံကောင်းမှုအပေါ် နားလည်နိုင်စွမ်းကို တိုးမြှင့်လိုသည်။
သူ့စွမ်းရည်က ကံကြမ္မာသားတော် ဖြစ်လာဖို့ရာသာမက ဉာဏ်ကွန့်မြူးမှုလည်း ရှိလာ၍ ဖြစ်သည်။ အကယ်၍ ကိစ္စများသာ ချောမွေ့နေလျှင် သူ့အနေနှင့် ကံကြမ္မာ ရုပ်သဏ္ဌာန်ဖန်တီးသည့်အခါ အကူအညီအကြီးကြီး ဖြစ်လိမ့်မည်။