အပိုင်း (၃၃၁) – အချိန်မရွေးပေါက်ကွဲနိုင်သော အန္တရာယ်
Vol. 004 Ch. 331
အနက်ရောင် မြူခိုးလုံးသည် ဂူထဲတွင် ဖောင်းပွနေသော်လည်း နေရာတွင်ပင် ရှိနေကာ အန္တရာယ် မပြုပေ။
ရှီမာယူယူ ပြောသည်ကို ကြားသည်အခါတွင် ထိုမြူခိုးလုံးသည်ပင် တင်းမာသွားသည်။
“ငါ ဘယ်သူလဲ ဟုတ်လား” ထိုအသံသည် ပဟေဋ္ဌိများဖြင့် ပြည့်နှက်နေကာ ခဏအကြာမှပင် ပြောလေ သည် “ဒီမေးခွန်းကို ငါစဉ်းစားနေတာ ကြာပြီ၊ ပြန်မှတ်မိဖို့ ခက်တယ်”
“ခင်ဗျား ဒီမှာ ချိပ်ပိတ်ခံထားရတာ ဘယ်လောက်ကြာပြီလဲ” ရှီမာယူယူသည် အနက်ရောင် မြူခိုးလုံးအား ကြည့်ပြီး ကြောက်စိတ်အနည်းငယ်ဖြင့် ပြောလိုက်သည်။
“ဘယ်လောက်ကြာပြီလဲ ဟုတ်လား ငါမမှတ်မိတော့ဘူး” အနက်ရောင် မြူခိုးလုံး ပြောလိုက်သည် “ငါ နေဝင်တာရော နေထွက်တာရော မမြင်နိုင်ဘူး၊ ငါ ဒီမှာဘယ်လောက်ကြာနေ ပြီလဲဆိုတာ မသိတာ ဖြစ်သင့်ပါ တယ်၊ နှစ်တစ်ထောင်လည်းဖြစ်နိုင်သလို နှစ်တစ်သောင်းလည်း ဖြစ်နိုင်တယ်”
ရှီမာယူယူ အံ့သြသွားသည်။ သူက ဘယ်လောက်ကြာအောင် ပိတ်မိနေလဲ ဆိုတာကို မပြော နိုင်လောက်အောင် ကြာသွားပြီလား။ ဘယ်နနှစ်လောက် ရှိပြီလဲ။
“ငါ ဘယ်သူလဲ၊ ဒီမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ”
ထိုအနက်ရောင် မြူခိုးလုံးသည် ထိုစကားကို ထပ်ကာ ထပ်ကာ ပြောကာ ရုတ်တရက် အရိုင်းစိတ်ဝင် သွားသလိုပင် လှိုင်းကဲ့သို့ လှိမ့်နေလေသည်။ ကြမ်းတမ်းသော လေသည် ဂူကို ဖြတ်သွားရာ ရှီမာယူယူပင် လွင့် သွားလေသည်။
အနက်ရောင် မြူခိုးလုံးအရှေ့ရှိ အရိုးစုများသည် လေဖြင့် လွင့်သွားကာ နံရံများသို့ ရိုက်ခတ်သဖြင့် ကြေမွသွားလေသည်။
ရှီမာယူယူ၏ မျက်နှာမှာ ဖြူဖျော့သွားလေသည်။ သူမသာ နံရံကို ရိုက်မိပါက ချက်ချင်းပင် သေသွားမှာ လား။
သူမ လက်နှစ်ဖက်ဖြင့် မျက်နှာကိုကွယ်ကာ ကျယ်လောင်စွာ အော်လိုက်သည် “စီနီယာကြီး အရှင်က အရှင်ပါပဲ၊ ခင်ဗျားရဲ့ နာမည်ရော သရုပ်မှန်ရောဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ အဲဒါကအရေးမကြီးပါဘူး၊ အရေး ကြီးဆုံးက ခင်ဗျားက ဘယ်သူလဲဆိုတာပါပဲ”
“ငါက ဘယ်သူလဲ” အသံများ တိတ်ဆိတ်သွားကာ လေလည်း ငြိမ်သွားသည် “ငါ ဘယ်သူလဲ… ငါ ဘယ်သူလဲ… မင်း ပြောတာ ဟုတ်တယ်၊ ငါ ဘယ်သူပါလိမ့်”
အနက်ရောင် မြူခိုးလုံး ငြိမ်သွားသည်ကို ရှီမာယူယူ မြင်လိုက်သောအခါ ဂရုတစိုက်ဖြင့် လက်ကို ပိုက် လိုက်သည်။
ထိုအရာသည် ဘာကြောင့် ဒီမှာ အပိတ်ခံထားရသည်ကို သူမ မေးချင်သော်လည်း သူမ စကား တစ်ခွန်း နှစ်ခွန်း ပြောပြီးနောက်တွင် ရူးသွပ်သွားမည်ဟု ထင်မထားပေ။ သူမ ထပ်မမေးရဲတော့ပါ။
“မင်းရဲ့ မီးတောက် အလင်းကို ထပ်ပြီး တိုးလိုက်ဦး” အနက်ရောင် မြူခိုး ပြောလိုက်သည်။
သူ ဘာဖြစ်ချင်သည်ကို ရှီမာယူယူသိသည်၊ သို့သော် သူမ မငြင်းနိုင်သည်ကိုလည်း သူမ သိသည်။ သူမ ချက်ချင်းပင် နောက်မီးလုံးထုတ်ကာ ထိုအနက်ရောင် မြူခိုးလုံးရှေ့သို့ ပို့လိုက်သည်။
“မီး…” အနက်ရောင် မြူခိုးလုံးသည် မီးလုံးအား ကြည့်ရင်း မိန်းမောသွားသည်ကို ကြည့်ရင်း ထိုလူသည် လုံးဝရူးသွပ်သွားပြီဟု ရှီမာယူယူ ထင်မိသည်။
သို့သော် သူမ ကြားဖြတ်မပြောရဲပေ။ မဟုတ်လျှင် သူ နောက်ထပ် လေတစ်ချက်ထပ် မှုတ်လိုက်ပါက သူမ သေသွားနိုင်သည်။
အချိန်ကြာပြီးသောအခါ ထိုအနက်ရောင် မြူခိုးလုံးသည် လုံလောက်စွာ ကြည့်ပြီးလေသည်။ ထိုအချိန် မှပင် သူသည် မီးတောက်များကို အလုံးသေးများအဖြစ် ခွဲလိုက်ပြီး ထောင့်လေးထောင့်ကို ပစ်လွှတ်လိုက်သည်။
ထိုအခါမှပင် ရှီမာယူယူသည် ပုံမှန်အခြေအနေကို ခံစားမိတော့သည်။
“စီနီယာ ကျွန်တော့်ကို ဒီကို ခေါ်လိုက်တာလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်တယ်” အနက်ရောင် မြူခိုးလုံး ပြန်ဖြေလိုက်သည် “မင်းရဲ့ ကိုယ်ရောင်ကိုယ်ဝါက ငါနဲ့ တူတယ်၊ ငါခံစားလို့ရတယ်”
ရှီမာယူယူလည်း ထိုကဲ့သို့ ခံစားမိသည်။ သူမ ခန္ဓာကိုယ်ထဲမှ အမှောင်ကိုယ်ရောင်သည် အနက်ရောင် မြူခိုးလုံး၏ ကိုယ်ရောင်နှင့် တူသည်။
“ဒါနဲ့ ငါ ဘာလို့ မင်းကို ဒီကိုခေါ်ချင်ရတာလဲ” အနက်ရောင် မြူခိုးလုံးသည် ထပ်မံရှုပ်ထွေးသွားလေ သည်။
“ကျွန်တော့်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ကျေးဇူးတင်စွာ ပြောလေ သည်။
“ဟုတ်တယ် မင်း ငါ့ကို ကျေးဇူးတင်သင့်တယ်၊ မဟုတ်ရင် မင်းတို့အားလုံး သေနေလောက်ပြီ” အနက်ရောင် မြူခိုးလုံး ပြောလိုက်သည်။
“ကျွန်တော်တို့ အားလုံး ဟုတ်လား”
“အရင်က သားရဲအသေးလေး တစ်ကောင် ဒီကိုရောက်လာဖူးတယ်၊ ငါ သူ့ကိုယ်ရောင်ကို မှတ်မိသေး တယ်” အနက်ရောင် မြူခိုးလုံး ပြောလိုက်သည်။
သူ ပြောသော သားရဲအသေးလေးဆိုသည်မှာ ဟာစွန်ကို ပြောသည်မှန်း ရှီမာယူယူ သဘောပေါက်သည်။ အထွတ်အထိပ်သားရဲကို သားရဲအသေးလေးဟု ပြောလိုက်သောကြောင့် ရှီမာယူယူ တိတ်တဆိတ် မဲ့ပြုံးပြုံးမိသည်။
“ကျေးဇူးတင်ပါတယ် စီနီယာ” ရှီမာယူယူ ထပ်ပြီးကျေးဇူးတင်လေသည်။
“မင်း ငါ့ကို မြင်ချင်လား” အနက်ရောင် မြူခိုးလုံး ပြောလိုက်သည်။
“ဟင်” ရှီမာယူယူ မှင်တက်သွားသည်။ ထိုလူသည် လျင်မြန်စွာ စကားလမ်းကြောင်း လွှဲလိုက်သည်။
“ငါ ခံစားလို့ရတယ်၊ မင်း ငါ့ကို တွေ့ချင်တယ် ပြီးတော့ မင်းမှာ ငါနဲ့ တူတဲ့ ကိုယ်ရောင် ရှိနေတယ်၊ အဲဒါကြောင့် ငါမင်းကို လာခိုင်းလိုက်တာပဲ” အနက်ရောင် မြူခိုးလုံး ပြောလိုက်သည်။
“ကျွန်တော့်ကို လာခိုင်းတာ စီနီယာလား” ရှီမာယူယူသည် အံ့သြစွာ အော်လိုက်လေသည်။
“မဟုတ်ရင် မင်း ဒီလောက်ထိ လာနိုင်မယ်ထင်လား” အနက်ရောင် မြူခိုးလုံးသည် အေးစက်စွာ နှာမှုတ် လိုက်သည်။
ထိုနေရာသည် ရှုပ်ထွေးကာ အန္တရာယ်များသည်ဟု အဘိုးနတ်ဆိုးနှင့် ဟာစွန်တို့ ပြောခဲ့သည်ကို ရှီမာယူယူ တွေးလိုက်မိသည်။ သို့သော် သူတို့လာသည့်အချိန်တွင် မည်သည့် အန္တရာယ်နှင့်မှ မကြုံခံရပေ။ အကြောင်းမှာ သူမ ကိုယ်ရောင်သည် သူနှင့် ဆင်တူသည်ဟု ခံစားမိပြီး သူသည် ထိုအန္တရာယ်ကို ကန့်သတ် လိုက်ခြင်းကြောင့်ပင်ဖြစ်သည်။
သို့သော် ထိုကဲ့သို့ ကန့်သတ်ခဲ့သည်တောင်မှ သူမ ခန္ဓာကိုယ်မှာ ဒဏ်ရာများစွာနှင့်။ သူ ကြောင့်သာ မဟုတ်လျှင် သူမသည် ထိုဖိအားကို တောင့်ခံနိုင်မည် မဟုတ်ပေ။
“ဒါပေမဲ့ မင်းက မဆိုးပါဘူး” အနက်ရောင် မြူခိုးလုံး ပြောလိုက်သည် “မင်းက အဲဖိအားကို ဖြတ်ပြီး လမ်း တစ်ဝက်ကျော်လောက် လျှောက်နိုင်သေးတာပဲ၊ မင်း စောဒကလည်း မတက်ဘူး”
“ကျွန်တော့်ကို ချီးကျူးတဲ့အတွက်ရော ကူညီပေးတဲ့အတွက်ရော ကျေးဇူးပါ” ရှီမာယူယူ ပြောလိုက် သည်။
“မင်း ငါ့ကို ကျေးဇူးတင်ရမှာမဟုတ်ဘူး၊ မင်းရဲ့ ကိုယ်ရောင်ကို ကျေးဇူးတင်ရမှာ၊ မဟုတ်ရင် မင်းကို ငါ ဒီကို ခေါ်လာရင်တောင် မင်း အဲအရိုးတွေလိုပဲ ဖြစ်သွားမှာပဲ” အနက်ရောင် မြူခိုးလုံးသည် တည့်တိုးပင် ပြော လိုက်လေသည်။
ရှီမာယူယူသည် အရိုးပုံကို ကြည့်ကာ ပြောလိုက်သည် “ဒီလူတွေက ကျွန်တော့်လိုပဲ ဒီနေရာကို ဝင်ခဲ့တဲ့ လူတွေလား”
“တချို့က ဟုတ်တယ် တချို့က မဟုတ်ဘူး” အနက်ရောင် မြူခိုးလုံး ပြောလိုက်သည် “သူတို့ထဲက အများစုက ငါ့ကို ဆန့်ကျင်ဖို့ရောက်လာကြတယ်၊ တချို့ကတော့ ဒီတိုင်းပြည်ကပဲ၊ ဒါပေမဲ့ ငါ့ကို ဆန့်ကျင်ဖို့က အဲလောက် လွယ်လား၊ သူတို့ရောက်လာမှတော့ နေပြီး ငါနဲ့ အတူရှိနေရမှာပေါ့ ဟားဟားဟား”
သူရယ်လိုက်သောအခါ ရှီမာယူယူ ဆံပင်မွှေးများ ထောင်သွားတော့သည်။ သူမသာ ထို အရိုးစုများနှင့် တစ်လှေတည်း စီးရတော့မှာလား။
သူမသည် အရိုးစုများကို ထပ်ကြည့်လိုက်သည်။ ထိုလူများသည် ဒီနေရာသို့ မတော်တဆ ရောက်ခဲ့ခြင်း မဟုတ်ပဲ တာဝန်အပေးခံရခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူတို့အသက်ဆုံးရှုံးရသည်မှာတော့ နှမြောဖို့ ကောင်း သည်။
သူ ထုတ်လွှတ်လိုက်သော ဖိအားသည် အားကောင်းလိမ့်မည်ဟု ထိုလူများ ထင်မထားခဲ့ပေ။
“ပြောပါ မင်း ငါ့ကို ဘာလို့တွေ့ချင်တာလဲ” အနက်ရောင် မြူခိုးလုံးသည် အနည်းငယ် ထိန်းမနိုင် သိမ်းမရဖြစ်ကာ အနက်ရောင်မြူခိုးလုံး အနည်းငယ်သည် မူလခန္ဓာကိုယ်မှ ခွဲထွက်ကာ ဂူအတွင်း လှည့်ပတ် သွားလေသည်။ ထိုမြူခိုးသည် သူတို့အရင်ကတွေ့ဖူးသည့်အရာနှင့် တူသည်။
ထိုခွဲထွက်လာသော အနက်ရောင်မြူခိုးလုံး တိမ်တိုက်သည် သူမ ခန္ဓာကိုယ်အား ဖြတ်သွားရာ ရှီမာယူယူသည် ကြောက်သဖြင့် အသက်ပင် ရဲရဲမရှုရဲပေ။ သူမ မတော်တဆ ထိုအနက်ရောင် မြူခိုးလုံးကို ထိမိသွားသဖြင့် ကွဲသွားမည်ကို ကြောက်နေမိသည်။
“ခင်ဗျားကို ကျွန်တော် ဘာလို့ရှာမိလဲ ကျွန်တော်လည်း မသိဘူး” ရှီမာယူယူသည် အမှန်အတိုင်း ပင်ပြောလိုက်သည်။
ကြက်သွေးရောင်မီးတောက်ကသာ သူမကို သူနှင့် တွေ့စေလိုခြင်းဖြစ်သည်။ သူမကို ဘာလုပ်ခိုင်းမည် ဘာပြောခိုင်းသည်ကို သူ မပြောလိုက်ပေ။
“ဟင် ဒါဆို မင်း ငါ့ကို ဘာလို့တွေ့ချင်တာလဲ” အနက်ရောင် မြူခိုးလုံးသည် အံ့သြစွာ မေးလိုက်သည်။ အနက်ရောင် မြူခိုးမှ ခွဲထွက်သော တိမ်တိုက်များသည် သူရယ်လျှင် လိုက်ရယ်ကြသည်။
“ကျွန်တော်တို့် ကိုယ်ရောင်က တူနေလို့ ကျွန်တော် လာခဲ့တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ကိုယ်ရောင် တူတယ်… ကိုယ်ရောင်တူတယ်..” အနက်ရောင် မြူခိုးလ့ုးသည် ထို စကားကို ထပ်ခါ ထပ်ခါ ပြောပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည်။ သူသည် တက်ကြွစွာ ပြောလိုက်သည် “တူညီတဲ့ ကိုယ်ရောင်၊ ငါ့ မျိုးနွယ်ကလူတွေပဲ ကိုယ်ရောင်တူကြတာပါ”
ပြောပြီးနောက်တွင် ရှီမာယူယူ တုန့်ပြန်သည်ကို မစောင့်တော့ပဲ အနက်ရောင် မြူခိုးလုံး တိမ်တိုက်သည် သူမ ခန္ဓာကိုယ်ထဲဝင်သွားလေသည်။
ရှီမာယူယူသည် အေးခဲသွားသည်ကို ခံစားရပြီး သူမခန္ဓာကိုယ်သည် သူမ အမိန့်ကို မနာခံတော့ပေ။ သူမ ကိုယ်အတွင်းတွင် အေးစက်သော ကိုယ်ရောင်ကိုယ်ဝါများ စီးဆင်းနေသည်။
“ထူးဆန်းတယ် ထူးဆန်းတယ်” အနက်ရောင် မြူခိုးလုံးသည် သူမကိုယ်အတွင်းကို စီးဆင်းနေကာ အံ့သြစွာ အော်နေလေသည်။
“စီ..နီယာ ဘာက ထူးဆန်းတာလဲ” ရှီမာယူယူသည် အေးလွန်းသဖြင့် သွားများရိုက်ကာ စကားပင် သေချာ မပြောနိုင်တော့ပေ။
အနက်ရောင် မြူခိုးလုံးသည် စကား မပြောပေ။ သူသည် သူမ ခန္ဓာကိုယ်အား ဆက်လက် မွှေနှောက် နေသည်။ အချိန်ကြသောအခါ သူ စကားတစ်ခွန်းပြောလိုက်သည် “အဲဒါကြောင့်ကိုး”
“ရွှတ်”
အနက်ရောင် မြူခိုးလုံးသည် သူမ ခန္ဓာကိုယ်မှထွက်ခွာရာ ချက်ချင်းပင် သူမ ခန္ဓာကိုယ် မူလအတိုင်း ပြန်ဖြစ်သွားသည်။
“အလင်းနတ်ဆိုး ခန္ဓာကိုယ်၊ ဒီလိုခန္ဓာကိုယ်မျိုး ရှိတဲ့သူ ရှိလိမ့်မယ်လို့ ငါ ထင်တောင် မထားဘူး” အနက်ရောင် မြူခိုးလုံးသည် ရှီမာယူယူအား လှည့်ပတ်ကာ ပြောလိုက်သည် “မင်းခန္ဓာကိုယ်က အန္တရာယ်ကျ နေတာတော့ နှမြောစရာပဲ၊ မင်း င့ါကိုယ်ရောင်နဲ့ ထိလိုက်လို့ မင်း ခန္ဓာကိုယ်က အချိန်မရွေး ပေါက် ကွဲနိုင်တယ်”