← Chapters

ဆုလာဘ်နှင့် လျှို့ဝှက်ချက် အစစ်အမှန်

Vol. 30 Ch. 415

ဆုလာဘ်နှင့် လျှို့ဝှက်ချက် အစစ်အမှန်

Vol. 30 Ch. 415

အခန်း (၄၁၅) : ဆုလာဘ်နှင့် လျှို့ဝှက်ချက် အစစ်အမှန်

ချူးမိုက မျက်နှာချင်းဆိုင်ရှိ ဖြောင့်မတ်ခြင်း သဘောတရားဖြင့် ပြည့်နှက်နေသော လူငယ်လေးအား ကြည့်လိုက်သည်။ သူ့ကို မြင်သည့်သူတိုင်းက သူသည် ကမ္ဘာကို ကယ်တင်ဖို့ ကံကြမ္မာဖန်လာသည့် သူရဲကောင်းဟုသာ ထင်ကြလိမ့်မည်။

သူက အံကြိတ်ကာ ကျိန်ဆဲလိုက်၏။

“ ကျစ်…ကျိုးရှု။ ငါ မင်းကို ဘယ်နှစ်ကြိမ်တောင် အနိုင်ယူနေရဦးမှာလဲ”

ချူးမိုက ကံကြမ္မာသားတော် အခေါ်အဝေါ်၏ နောက်ကွယ်မှ အဓိပ္ပာယ်အစစ်အမှန်ကို နားလည်သွားသည့်အတွက် ဒေါသထွက်နေမိသည်။

ယခင်လပိုင်းအတွင်း သူက နတ်ဆိုးအုပ်ချုပ်သူတချို့ကို သတ်ဖြတ်ကာ တခြားလူများအား သူ့အင်အားဖြင့် လွှမ်းမိုးခဲ့သည်။ ထို့နောက် သူက ကမ္ဘာကို အုပ်စိုးမည့် လမ်းစဉ်ကို စတင်ခဲ့၏။

ပထမဦးစွာ သူက ကျိုးရှု၏ တည်ရှိမှုအား သတိမထားမိပေ။ သူ့အဓိကရန်သူက စကားမဲ့ဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ဖြစ်လည်း အသစ်တည်ထောင်ထားသည့် သမာသမတ်ဂိုဏ်း မဟာမိတ်၏ လက်ရှိခေါင်းဆောင်လည်း ဖြစ်သည့် ထုံဟွား ဖြစ်သည်။

သူမနှင့် အတူတူ အထက်ပိုင်းများတွင် ကျိုးရှုက ပါဝင်လာခဲ့ပြီး သူတို့က နတ်ဆိုးဂိုဏ်းများ၏ တိုးတက်မှုကို အနည်းငယ်မျှသာ နှောင့်နှေးနိုင်ခဲ့သည်။

သိပ်မကြာခင် ချူးမိုက စနစ်ဆီမှ ကျိုးရှုသည် ဤကမ္ဘာ၏ ကံကြမ္မာသားတော်ဖြစ်ကြောင်း အသိပေးချက် ရရှိလိုက်သည်။ ထိုအခါ နောက်ဆုံးတွင် လူဆိုးများက ဇာတ်လိုက်များကို ရင်ဆိုင်သည့်အခါ မည်မျှ ဒေါသထွက်ဖို့ကောင်းကြောင်း နားလည်သွားလေသည်။ သူ့အင်အားက ကြီးမားကာ ကျိုးရှုအား ကိုယ်တိုင်ပစ်မှတ်ထားနေသော်လည်း ထိုလူက အမြဲတမ်း လွတ်မြောက်သွားလေ့ ရှိသည်။

တခြားလူများက သူ့အား ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစား၍ဖြစ်စေ၊ သို့မဟုတ် သူ့အား ကယ်တင်ဖို့ နက်နဲနတ်ဘုရားအဆင့် သက်ကြီးရွယ်အိုတချို့ ပေါ်လာ၍ ဖြစ်စေ ချူးမိုက သူ လိုချင်သည့်အရာကို မရရှိခဲ့ပေ။

အချုပ်အားဖြင့် ကျိုးရှုအား သတ်ဖို့ အလွန်ခက်ခဲလှသည်။ ထို့အပြင် သူ လွတ်မြောက်သွားသည့်အချိန်တိုင်း ပိုမိုအားကောင်းလာလေ၏။

ချူးမို၏ ခန္ဓာကိုယ်မှ သွေးအငွေ့အသက် ထွက်ပေါ်လာပြီးနောက် ပြင်းထန်သည့် သွေးဆာမှု လွှမ်းခြုံသွားသည်။ သူက အံ့မခန်းအရှိန်နှုန်းဖြင့် သမာသမတ်ဂိုဏ်းမှ ခေါင်းဆောင်အားလုံးကို ကျော်ကာ ကျိုးရှုဆီ တိုက်ရိုက်သွားပြီး ထိုးချလိုက်သည်။

သူ့စိတ်ထဲတွင် သူ့လမ်းကြောင်းရှိ တစ်ခုတည်းသော အနှောင့်အတားကို အဆုံးသတ်ပစ်ဖို့ အတွေးသာရှိ၏။

ဘန်း

ကျိုးရှုကို ကာကွယ်ဖို့ ဒိုင်းကာတစ်ခု ပေါ်ထွက်လာသော်လည်း ထိုကာကွယ်မှုက တိုက်ကွက်ရှေ့တွင် စာရွက်တစ်ခုလို ဖြစ်နေ၏။ ထို့ကြောင့် သူ့နံရိုးများက အက်သွားကာ လွင့်စင်သွားလေသည်။

ထို့နောက် ချက်ချင်းဆိုသလို ချူးမို၏ အမူအရာက ပျက်ယွင်းသွားသည်။ အကြောင်းမှာ ထိုသူက တောင်များစွာကို ဖြတ်သန်းကာ လွင့်စင်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွား၍ ဖြစ်သည်။

သူက ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သည်။ သူ့အနေနှင့် ကျိုးရှုသည် ဒဏ်ရာများအား ကုသပေးနိုင်ပြီး ပိုမိုအားကောင်းလာစေမည့် လျှို့ဝှက်နယ်မြေအတွင်းသို့ မတော်တဆ ဝင်ရောက်သွားကြောင်း သိလိုက်၏။

“ စနစ် လျှို့ဝှက်နယ်မြေကို ရှာပြီးတော့ ဘယ်လိုဝင်ရမလဲဆိုတာ သိလား”

“ ပိုင်ရှင် ….  စနစ်ရဲ့ လက်ရှိအဆင့်အနေနဲ့ဆိုရင် အဲဒါက မဖြစ်နိုင်ပါဘူး”

ချူးမိုက ထိုရလဒ်နှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ ဤသည်က တူညီသည့်အဖြေကို ရရှိသည့် ပထမဆုံးအကြိမ် မဟုတ်ပေ။

“ သူ့ ကံကောင်းမှုက ဘယ်လိုလဲ။ သူ့ကို သတ်ဖို့ လုံလုံလောက်လောက် စုပ်ယူနိုင်လိုက်လား”

“ တီ… တွက်ချက်နေပါတယ်။ ကျိုးရှုက အခုထိ ကံကြမ္မာသားတော်ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားဆဲပါပဲ”

ချူးမိုက သက်ပြင်းချလိုက်ပြီး ဇာတ်လိုက်ဆိုသူများက အလွယ်တကူ မသတ်နိုင်ကြောင်း သိထားသည်။

တကယ်လို့ ဝတ္ထုသာဖြစ်နေမယ်ဆိုရင် ဇာတ်လိုက်က ပိုးဟပ်လို ဇာတ်လိုက်ကြောင့် စာဖတ်သူတွေတော့ ဆဲဆိုနေလောက်ပြီ …

သူက သူ့ဘာသာသူတွေးပြီး အစီအစဉ်အား ဆက်လက် လုပ်ဆောင်လိုက်သည်။

နေမင်းပေါ်တွင် ဝမ်ဝေ့က တင်ပျဉ်ခွေလျက် ထိုင်နေပြီး သူ့ရှေ့တွင် သင်္ကေတအမျိုးမျိုးဖြင့် ပြုလုပ်ထားသည့် စာလုံးတစ်ခု ရှိနေသည်။ ထိုစာလုံးအထဲတွင် အနီရောင်မီးတောက် တစ်ခုက တောက်ပနေပြီး နေမင်းဆီမှ စွမ်းအင်ကို စုပ်ယူနေဟန်ပေါ်၏။

“ ဒီအစီအရင်နဲ့ဆိုရင် အစစ်အမှန်ယန် မီးတောက်ကို ဒီမီးတောက်မျိုးစေ့နဲ့ မွေးဖွားဖို့ သိပ်မလိုတော့ဘူး”

ထို့နောက်တွင် ဝမ်ဝေ့ရှေ့တွင် ကျိုးရှု၏ အခြေအနေကို ပြသသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူက မြေပြင်ပေါ် တွားသွားကာ သူ့နောက်တွင် သွေးစီးကြောင်းရာ ကျန်နေခဲ့၏။ သူ့မျက်နှာက ရှုံ့တွနေပြီး အံကြိတ်ကာ ခန္ဓာကိုယ်ကို ဒရွတ်ဆွဲပြီး မနီးမဝေးမှ ရေကန်သို့ ဦးတည်နေသည်။

သူ့အလိုလိုသိစိတ်မှ ဤသည်က သူ့ကို ကယ်နိုင်သော တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ပြောနေလေ၏။

“ ဒါက …” ဝမ်ဝေ့က လျှို့ဝှက်နယ်မြေမှ တစ်နေရာသို့ ကြည့်ရင်း ရေရွတ်လိုက်သည်။ သူက ထိုရေကန်သည် သူ့ဒဏ်ရာအပေါ် အနည်းငယ် သက်ရောက်မှုရှိကြောင်း ပြောနိုင်လေသည်။ သို့သော်လည်း သူက လျစ်လျူရှုထားလိုက်ပြီး တခြားဘက်မှအရာကို အာရုံစိုက်ထားလိုက်သည်။

ထို့နောက် သူ့အကြည့်များက တာအိုစည်းချက်နှင့် ပင်ကိုချီများ ထုတ်လွှတ်နေသည့် ရွှေရောင်ရထားလုံးအပေါ် ရောက်ရှိသွားသည်။

“ ပင်ကိုရတနာပဲ” ဝမ်ဝေ့က အနည်းငယ် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ယခင်လပိုင်းအတွင်း သူက ကျိုးရှုသည် ကံအပြောင်းအလဲများ များစွာ ရရှိသည်ကို ကြည့်နေခဲ့ပြီး တချို့ကသာ သူ့အာရုံကို ဖမ်းစားနိုင်လေသည်။

သူ ကံကြမ္မာသားတော်ကို ဖန်တီးခဲ့သည့် ရည်ရွယ်ချက်များအနက် တစ်ခုမှာ သူ့ဒဏ်ရာကို ကုသဖို့ သို့မဟုတ် သူ့ကံအပြစ်ကြွေးကို ဖယ်ရှားဖို့ နည်းလမ်းတစ်ခုကို တွေ့ရှိရန် ဖြစ်၏။ ကံဆိုးစွာဖြင့် သူက စိတ်ဝင်စားသည့်အရာ အနည်းငယ်သာ တွေ့ခဲ့ပြီး သူ့ဦးတည်ချက်နှင့် ကိုက်ညီမနေပေ။

တန်ဖိုးအကြီးမားဆုံးက ငရဲတစ္ဆေမီးတောက်ဟု ခေါ်သည့် ကောင်းကင်မီးတောက် ဖြစ်၏။ သူက ဒဏ်ရာပြန်ကောင်းသွားသည်နှင့် ထိုအရာကို စုပ်ယူဖို့ စီစဉ်ထားခဲ့သည်။ ထိုမီးတောက်က ယင်သဘာဝ ရှိပြီး ယင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် သူ့အခြေခံအုတ်မြစ်ကို အားဖြည့်ပေးလိမ့်မည်။

ထိုမီးတောက်ကို ရရှိပြီးသည့်နောက်တွင် ဝမ်ဝေ့က ကမ္ဘာဦးစိတ်ဝိညာဉ် နယ်ပယ်၏ ယင်ယန်ပြောင်းပြန်အဆင့်သို့ တက်လှမ်းနိုင်ရန် အစစ်အမှန်ယန် မီးတောက်ကို ပြုစုပျိုးထောင်ဖို့ အတွေးရလိုက်သည်။ ထိုအခါ ယင်ယန်နတ်ဘုရားအဆင့်တွင် သူ့ကျင့်ကြံဆင့်ကို အရှိန်တိုးမြှင့်ပေးလိမ့်မည်။

ကျိုးရှု၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်အမှုန်ကို အသုံးပြုကာ ဝမ်ဝေ့က ပင်ကိုရတနာအား စစ်ဆေးကြည့်လိုက်ပြီး လေ့လာလိုက်သည်။

“ တစ်ခုခုတော့ မှားနေပြီ” သူက တွေးလိုက်မိ၏။ ဤသည်က တခြားကမ္ဘာအသိုင်းအဝိုင်းတစ်ခုသို့ သွားနိုင်သည့် ပင်ကိုရတနာ ဖြစ်သည်။ ဤသို့သော ရတနာမျိုးက အလွန်ရှားပါးလှပြီး ဝမ်ဝေ့အနေဖြင့် နှစ်ခုကိုသာ သိဖူးသည်။ တစ်ခုက သူ့ဂိုဏ်းမှ ဖြစ်ပြီး တခြားတစ်ခုကမူ သူ့ဇနီးလက်ထဲတွင်ရှိ၏။

ထိုသို့သော ပင်ကိုရတနာအဆင့်မျိုးသည် ပင်ကိုချီပတ်ဝန်းကျင်တွင် ပေါက်ဖွားပြီး ကမ္ဘာ့အရင်းအမြစ်များစွာ လိုအပ်ပေမည်။

“ မဟာကမ္ဘာအနေနဲ့ ဒီလိုမျိုးရတနာမျိုး မွေးထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”

သူက တစ်စုံတစ်ခု မှားယွင်းနေမှန်းသိကာ လှုပ်ရှားလိုက်သည်။ သူက ချူးမိုဆီမှ ရရှိထားသော သက်တမ်းထောင်ချီအား စတေးကာ အကျိုးအကြောင်းအား တွက်ချက်လိုက်၏။

ကံစွမ်းအားက ဖြတ်သန်းသွားသည့်အခါ သူ့မျက်ဝန်းမှ သွေးများစီးကျလာသည်။ သူ့တွက်ချက်မှု သူ့ ဒဏ်ရာရအခြေအနေကို ကျော်လွန်နေလေ၏။ မည်သို့ပင်ဆိုစေကာမူ သူက မရပ်တန့်ဘဲ ဆက်လက်၍ အသက်ဓာတ်ကို စတေးလိုက်သည်။

“ ဒါက ဒီလိုကိုး”

သူက တွက်ချက်လိုက်သည့် အရာကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ ဤကမ္ဘာသည် ဤအသိုက်အဝန်း၏ စတင်ခြင်း နက်နဲကုန်းမြေဟုခေါ်ဆိုသည့် ကောင်းကင်အလိုဆန္ဒကမ္ဘာ၏ ကစားပွဲတစ်ခုသာဖြစ်ကြောင်း သိလိုက်ရသည်။ ထိုမျှတင်မကဘဲ တခြားကမ္ဘာအများစုကိုလည်း တွေ့လိုက်ရသည်။

စတင်ခြင်း နက်နဲကုန်းမြေ၏ ဧကရာဇ်မျိုးနွယ်များက ထိုမဟာကမ္ဘာများတွင် ကပ်ဘေးကို ဖန်တီးပြီး အချိန်ကျရောက်လာသည့်အခါ သူတို့၏ မျိုးနွယ်မှ တစ်စုံတစ်ယောက်အား ကယ်တင်ရှင်အဖြစ် ပေါ်လာစေပြီး ကောင်းကင်တာအို၏ အကူအညီအား ရယူကာ လောကအရှင် သို့မဟုတ် တာအိုဘိုးဘေး ဖြစ်လာကြလိမ့်မည်။

အထူးသဖြင့် ပြောရလျှင် တာအိုဘိုးဘေးကို လုပ်ယူဖန်တီးလိုက်ခြင်း ဖြစ်၏။

ထိုဖြစ်စဉ်က တစ်ကြိမ်တစ်ခါတည်း ဖြစ်ပွားခဲ့ခြင်း မဟုတ်ပေ။ ဤကမ္ဘာက ခေတ်ကာလအချို့ ခံစားခဲ့ရသည်။ ဝမ်ဝေ့ တွက်ချက်ထားမှုအရ ခေတ်ကာလတစ်ခု အဆုံးသတ်သွားသည်မှာ ထိုမျိုးနွယ်သည် ကပ်ဘေးကို ဖန်တီးပြီး တာအိုဘိုးဘေး ဖန်တီးသည့် ရလဒ် ဖြစ်၏။

ထိုဖြစ်စဉ်က လူပေါင်းသန်းချီ သေဆုံးခြင်းနှင့် အဆုံးသတ်သွားလေ့ရှိပြီး ဤကမ္ဘာ၏ လူမှုအဖွဲ့အစည်းလည်း ဖျက်ဆီးခံရလုနီးပါး ဖြစ်သွားကြသည်။ မည်သို့ပင်ဆိုစေကာမူ ထို့နောက်တွင် သူတို့က အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ထိုလူများအား ကျင့်ကြံရေး ဗဟုသုတများ ဖြန့်ဝေကာ လူမှုအဖွဲ့အစည်းကို ထပ်မံစတင်လိုက်ကြ၏။

မျိုးဆက်များစွာကြာပြီးနောက် တာအိုအရင်းအမြစ်မျိုးစေ့ကို ဖန်တီးခြင်း သို့မဟုတ် ကမ္ဘာပျက်စီးလုနီးပါး ဖြစ်သွားသည့် ဆုံးရှုံးမှုမှာ ပြန်လည်အားပြည့်လာပြီးသည့်နောက်တွင် သူတို့က ထပ်မံလုပ်ဆောင်လိုက်ကြသည်။

ဝမ်ဝေ့က ထိုအရာကို တွေ့ရှိပြီးနောက် သက်ပြင်းချလိုက်သည်။ သူက မျက်နှာမှ သွေးများကို သန့်စင်လိုက်ပြီး စကားမဲ့ဂိုဏ်းအပေါ် အာရုံစိုက်ထားလိုက်သည်။ ထိုဂိုဏ်း၏ တည်ထောင်သူ သို့မဟုတ် ဘိုးဘေးက အထက်အလွှာမှဖြစ်ပြီး နောက်ဆုံးကပ်ဘေးအပြီးတွင် အရာအားလုံးကို စီစဉ်ပြီး ရိတ်သိမ်းဖို့ ပြင်ဆင်ထားခဲ့သည်။

ထုံဟွားပင် ဤမျိုးဆက်၏ တာအိုအရင်းအမြစ် မျိုးစေ့ကို ရရှိဖို့အတွက် စေလွှတ်လိုက်သည့် အထက်အလွှာ ဖြောင့်မတ်ခြင်းဂိုဏ်းမှ ဖြစ်၏။ သို့သော်လည်း သူမ၏ မှတ်ဉာဏ်တချို့ကိုမူ ကောင်းကင်တာအိုကို ရှောင်ရှားဖို့အတွက် စည်းပိတ်ထားသည်။

ပင်ကိုရတနာ တွေ့ရှိမှုအတွက်ကိုမူ…

တစ်ကြိမ်ပြီးတစ်ကြိမ် ကြုံတွေ့ပြီးသည့်နောက်တွင် ကောင်းကင်တာအိုက မူမမှန်မှုတချို့အား သတိထားမိလာခဲ့သည်။

ဤရထားလုံးက တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ထားသည့်အရာ ဖြစ်၏။ ဝမ်ဝေ့က ကောင်းကင်တာအိုသည် တစ်ယောက်ယောက်အား ဤရထားလုံးကို အသုံးပြုကာ လူဦးရေအများစုကို ခေါ်ထုတ်သွားစေပြီး စကားမဲ့ဂိုဏ်းမှ လူများဆီ ဘာမှမရှိသည့် ကမ္ဘာကိုသာ ချန်ထားခဲ့စေလိုခြင်း ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။

ဒီကမ္ဘာရဲ့ ကောင်းကင်တာအိုက အတော်လေး ကပ်စီးနည်းတဲ့ပုံပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုအချက်နှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ ကမ္ဘာတစ်ခုချင်းစီ၏ မိုးမြေသည် ကွဲပြားပြီး ကမ္ဘာ့အသိုင်းအဝိုင်း ကွဲပြားသည့် ကမ္ဘာများကိုမူ ထည့်မပြောရသေးပေ။

ထိုအရာအတွက် ပြီးပြည့်စုံသည့် နမူနာကောင်းတစ်ခုမှာ အသင်္ချေအင်ပါယာကမ္ဘာတွင် ဖြစ်၏။ သာမန်ကျင့်ကြံသူတစ်ယောက်က နတ်ဆိုးကျင့်ကြံသူ အမြောက်အများကို သတ်ဖြတ်နိုင်သည်နှင့် သူတို့က ကုသိုလ်ကို လက်ခံရရှိလိမ့်မည်။ နည်းသော်လည်း ကုသိုလ်ရနေဆဲသာဖြ စ်၏။ သူတို့က ပိုမိုသတ်နိုင်လေလေ ကုသိုလ်များလာလေလေ ဖြစ်၏။

သို့သော် ဤကမ္ဘာတွင် တူညီသည့် အချက်က အလုပ် မဖြစ်ပေ။ နတ်ဆိုးကျင့်ကြံသူ မည်မျှအသတ်ခံရစေကာမူ ကောင်းကင်မှ ကုသိုလ်ချီးမြှင့်ခြင်း မရှိပေ။

ဝမ်ဝေ့က စိတ်အနှောင့်အယှက် ဖြစ်သည့် အတွေးများကို ဖယ်ရှားပြီးသည့်နောက်တွင် ရထားလုံးအပေါ် အာရုံစိုက်ထားလိုက်သည်။ သူက ထိုအရာကို ချက်ချင်း မသိမ်းယူလိုက်ပေ။ အကြောင်းမှာ ကောင်းကင်တာအိုက အာရုံစိုက်ကာ စောင့်ကြည့်နေမှန်း သိနေ၏။

သူက ကျိုးရှု အသုံးပြုသည့် သိုလှောင်လက်စွပ်အတွင်းမှ ယူဆောင်ရန် စီစဉ်ထားပြီးသား ဖြစ်၏။ ပြောရလျှင် ကျိုးရှုက လက်စွပ်ထဲ တစ်စုံတစ်ခု ထည့်လိုက်သည်နှင့် ဝမ်ဝေ့က ခိုးယူနိုင်လေသည်။

သူက ထိုရတနာကို သန့်စင်နိုင်လျှင်ပင် ထိုအရာကို ထိန်းချုပ်နိုင်ဖို့ စိတ်ဝိညာဉ်အမှုန်ကို ထိန်းချုပ်ရဦးမည် ဖြစ်သည်။

သူ့အပြုအမူများနှင့် ပတ်သက်ပြီး ဤကမ္ဘာ၏ လူထုအတွက်မူ…

All Chapters