နယ်ရုပ်များ၏ ကံကြမ္မာ
Vol. 30 Ch. 418
အခန်း (၄၁၈) : နယ်ရုပ်များ၏ ကံကြမ္မာ
မဟာအကြီးအကဲယန်က ဝမ်ဝေ့ကို မြင်ပြီးသည့်နောက်တွင် အမူအရာက လေးနက်သွားသည်။ သူ့စွမ်းအင်ဖြင့် ထိုလူအိုကြီး၏ အရိုးသည် သက်တမ်းတစ်ထောင်မျှသာ ရှိသေးကြောင်း ပြောနိုင်လေ၏။ သူ ထိုပုံစံမျိုး ဖြစ်နေရသည့်အကြောင်းအရင်းမှာ သူ့သက်တမ်း သုံးစွဲမှု လွန်ကဲသွား၍ ဖြစ်သည်။
နှစ်တစ်ထောင်က ဘာမှမဟုတ်ပေ။ စတင်ခြင်းနက်နဲကုန်းမြေ၌ပင် နက်နဲစည်းမျဉ်းအဆင့် ကျင့်ကြံသူများက နှစ်တစ်သိန်းကျော် နေထိုင်နိုင်ကြသည်။ ဆိုလိုသည်မှာ ထိုလူက လူငယ်မျိုးဆက်မှ ဖြစ်နိုင်ပြီး တချို့မိသားစု၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်နေနိုင်သည်။ သူ့အား အံ့အားသင့်သွားစေသည်က ထိုလူ၏ ခွန်အား ဖြစ်၏။
“ သခင်လေး ကျုပ်တို့ ဒုက္ခရောက်ပြီ” မဟာအကြီးအကဲက အံ့ဖွယ်အသိစိတ်မှတဆင့် ပြောလိုက်သည်။
ထုံဟယ်က အမူအရာ အပြောင်းအလဲ မရှိဘဲ ပြန်ဖြေလိုက်သည် “ ဘာကိုပြောတာလဲ”
ဤကမ္ဘာ၏ လူများနှင့် မတူဘဲ စတင်ခြင်း နက်နဲခြင်းကမ္ဘာမှ ကောင်းကင်ရွေးချယ်ခံများသည် သူတို့၏ အသိစိတ်ပင်လယ်ကို နက်နဲမာစတာအဆင့် (အဆင့်၄)တွင် ဖွင့်လှစ်နိုင်ကြသည်။
“ ဒီလူရဲ့ ခွန်အားက ကျွန်တော်တို့ကို ချက်ချင်းသတ်ပစ်နိုင်တာလား။ အဲဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
“ အသက်ကယ်ဖို့ ဂိုဏ်းက ပေးထားတဲ့ ကူးသန်းရေးသင်္ကေတကို အသုံးပြုဖို့ ပြင်ထားလိုက်။ ကျုပ် အချိန်ဆွဲပေးထားမယ်။ အဲဒီမတိုင်ခင် သူနဲ့ ပဋိပက္ခ မဖြစ်ဖို့ ရှောင်ကြတာပေါ့”
“ ဒီကိုလာခဲ့တဲ့ တာဝန်ကရော ဘယ်လိုလုပ်မှာလဲ”
“ အခြေအနေကို ကြည့်လှုပ်ရှားတာပေါ့”
ထို့နောက်တွင် မဟာအကြီးအကဲယန်၏ နဖူးအထက် တစ်စုံတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက စက်ဝန်းသဏ္ဌာန်ခွေနေသည့် နဂါးတစ်ကောင် ဖြစ်၏။ ထိုစက်ဝန်းအလယ်တွင် အစင်းကြောင်း ၆ ကြောင်း ရှိနေသည်။
“ စတင်ခြင်းနက်နဲကုန်းမြေ၊ စကားမဲ့တာအိုဂိုဏ်းမှ ယန်ယီက ရောင်းရင်းကို နှုတ်ခွန်းဆက်သပါတယ်”
ထိုလူ၏ နဖူးအထက်မှ အမှတ်အသားကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုအရာကို ချက်ချင်းသတိပြုမိသွားသည်။ သူက ထိုအရာကို ဂိုဏ်း၏ လျို့ဝှက်မှတ်တမ်းခန်းထဲမှ သင်ယူခဲ့ရ၏။
သူက ထိုအရာသည် တာအိုမျိုးနွယ်အမှတ်အသား ဖြစ်ပြီး တခြားကောင်းကင်အလိုဆန္ဒ ကမ္ဘာမှ လူများအား သူတို့သည် ဧကရာဇ်မျိုးနွယ်မှ ဖြစ်ကြောင်း ပြသဖို့ရာ ဖန်တီးထားသည့် နည်းလမ်းတစ်ခု ဖြစ်၏။
ဤနည်းလမ်းနှင့်ဆိုလျှင် တခြားတစ်ယောက်၏ ဇစ်မြစ်ကို အလွယ်တကူ သိရှိနိုင်သလို သူတို့နှင့် သက်ဆိုင်ရာ ဂိုဏ်းအတွက် ရန်သူဖန်တီးခြင်းအား ရှောင်ရှားနိုင်လိမ့်မည်။ ထိုအရာက လူတစ်ယောက်၏ နောက်ခံကို ပြသဖို့ရာ နည်းလမ်း ဖြစ်၏။
“ ထုံဟယ် စကားမဲ့တာအိုဂိုဏ်း၏ နက်နဲသခင်ငယ်လေးပါ” လူငယ်လေးက သူ့အမှတ်အသားပြားကို ပြလိုက်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ထိုအမှတ်အသားကို ဖန်တီးမည့် နည်းလမ်းအား ပြန်လည်စဉ်းစားလိုက်သည်။ အသုံးအများဆုံး နည်းလမ်းက ဂိုဏ်း၏ ချီကံကောင်းမှုနှင့် ဆက်နွယ်ကာ အမှတ်အသားအား ပုံဖော်လိုက်ခြင်း ဖြစ်၏။
ထို့နောက်တွင် သူ့နဖူးအထက် နဂါးတစ်ကောင် ပေါ်ထွက်လာသည်။ သို့သော်လည်း သူက ထိုလူများလို မျဉ်းကြောင်း ၆ ခု မဟုတ်ဘဲ ကိုးခု ပါရှိ၏။
“အသင်္ချေအင်ပါယာကမ္ဘာ၊ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ အမွေခံသားတော် ဝမ်ဝေ့ပါ ”
မဟာအကြီးအကဲယန်က ထိုမျဉ်းကြောင်းကိုးခုကို မြင်လိုက်သည်နှင့် တစ်ဖက်လူ၏ နောက်ခံသည် သူတို့ထက် အားကောင်းနေကြောင်း သိလိုက်သည့်အတွက် မျက်မှောင်အနည်းငယ် ကြုတ်မိသွားသည်။
အသင်္ချေအင်ပါယာကမ္ဘာနှင့်မတူဘဲ စတင်ခြင်းနက်နဲကုန်းမြေသည် အဆုံးမဲ့လေဟာနယ်အတွင်း အလွန်တက်ကြွလှသည်။ ထို့ကြောင့် မဟာအကြီးအကဲယန်သည် သူတို့အားလုံး မဟုတ်လျှင်ပင် ကောင်းကင်အလိုဆန္ဒ အများစုသည် ကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှုကို မျှချေညီဖို့အတွက် ဧကရာဇ်ကိုးပါးကျိန်စာကို ချမှတ်ထားကြောင်း သိလေသည်။
ထို့ကြောင့် ဧကရာဇ်ကိုးပါးသည် ဂိုဏ်းတချို့ ရောက်ရှိနိုင်သည့် ကန့်သတ်ချက် ဖြစ်၏။ ထိုကျိန်စာကို ချိုးဖောက်နိုင်မည့် နည်းလမ်းနှစ်ခု ရှိပေသည်။ ပထမတစ်ခုက ကျိန်စာကို အတင်းအကြပ် ချိုးဖောက်ကာ ဂိုဏ်း၏ ဆယ်ယောက်မြောက် ဧကရာဇ်ဖြစ်လာနိုင်သည့် ကြောက်မက်ဖွယ် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ရှိခြင်း ဖြစ်၏။ ဒုတိယနည်းလမ်းမှာ တခြားဂိုဏ်းတစ်ခုက တခြားဧကရာဇ်ကိုးပါး ပြုစုပျိုးထောင်နိုင်သည်အထိ စောင့်ဆိုင်းရမည်။ ထိုအခါ ကောင်းကင်တာအိုက မျှတသည့် ယှဉ်ပြိုင်ပွဲအတွက် ကျိန်စာကို ချိုးဖောက်ပေးလိမ့်မည်။
“ သခင်လေးက အသင်္ချေအင်ပါယာကမ္ဘာကလို့ ပြောလိုက်တာလား”
“ ဟုတ်တယ်။ ပြဿနာရှိလို့လား”
အမှန်ပင် ပြဿနာ ရှိနေသည်။ အသင်္ချေအင်ပါယာကမ္ဘာသည် အဆုံးမဲ့လေဟာနယ်အတွင်း ထာဝရဧကရာဇ် တတိယအများဆုံး ဖြစ်ပြီး အားအကောင်းဆုံး ကောင်းကင်အလိုဆန္ဒကမ္ဘာထဲမှ တစ်ခုဖြစ်၏။ အတိအကျဆိုရလျှင် သူတို့က ဒုတိယနေရာနှင့် လက်ရည် ညီနေသည်။
သူတို့သည် ထပ်မံ မွေးထုတ်ပေးခဲ့သော်လည်း အများစုက သေဆုံးသွားကြသလို သူတို့၏ တည်ရှိမှုက ကမ္ဘာမှ အကြောင်းအရင်းတချို့ကြောင့် ဖျောက်ဖျက်ခံလိုက်ရသည်ဟု ကောလဟာလများ ထွက်ခဲ့ဖူးသည်။
ထို့အပြင် မဟာအကြီးအကဲယန်က ထာဝရဧကရာဇ်များဖြစ်သည့် ဓားဧကရီ၊ အကြွင်းမဲ့စတင်ခြင်းဧကရာဇ်နှင့် ဧကရီဝူတို့သည် အဆုံးမဲ့လေဟာနယ်အတွင်းရှိ ကမ္ဘာများအပေါ် သက်ရောက်နိုင်စွမ်းရှိသည့် ကိစ္စများစွာကို ပြုလုပ်ထားဖူးကြောင်း သိလေသည်။
ထိုလူများ၏ နာမည်ကို ကမ္ဘာ့အသိုင်းအဝိုင်း အသီးသီးရှိ ကောင်းကင်အလိုဆန္ဒကမ္ဘာများက အမှတ်ရနေလိမ့်မည်။ လတ်တလောနှစ်များအတွင်း အသင်္ချေအင်ပါယာကမ္ဘာက တံခါးပိတ်နည်းစနစ်ကို ကျင့်သုံးပြီး တခြားကမ္ဘာ့အသိုင်းအဝိုင်းနှင့် ကျင့်သုံးခဲ့သော်လည်း သူတို့က နာမည်ကျော်ကြားနေဆဲ ဖြစ်၏။
“ ဓားဧကရီ၊ အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်နဲ့ ဧကရီဝူအကြောင်းကို ကြားဖူးပါတယ်”
“ အော် ကျုပ်ရဲ့ တည်ထောင်ဘိုးဘေးက အဲ့လောက် နာမည်ကြီးမယ်လို့ မသိခဲ့ဘူး” ဝမ်ဝေ့က လိမ်ညာနေခြင်း မဟုတ်ပေ။ သူက အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်နှင့် ဧကရီဝူတို့သည် ဗုဒ္ဓဘာသာနှင့် မိစ္ဆာမျိုးနွယ်အပေါ် လုပ်ခဲ့သည့် အရာများကြောင့် ကျော်ကြားမှန်း ခန့်မှန်းမိလေသည်။
သို့သော်လည်း ဓားဧကရီသည် အဘယ်ကြောင့် နာမည်ကြီးနေမှန်း မသိပေ။ သူက အိမ်ပြန်ရောက်သည်နှင့် စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
“တည်ထောင်သူ ဘိုးဘေးလား”
“ ဓားဧကရီလေ”
မဟာအကြီးအကဲယန်သည် သူ့ကိုယ်သူ သေတွင်းတူးမိတော့မလို ဖြစ်သွားသည်ကို သဘောပေါက်မိသွားကာ နှုတ်ခမ်းများက တွန့်ချိုးလုမတတ် ဖြစ်သွားသည်။
“သခင်လေး ဝမ်ဝေ့ကို မယုံတာတော့ မဟုတ်ပါဘူး”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူ့နဖူးအထက်တွင် တာအိုမျိုးနွယ်အမှတ်အသား ပေါ်ထွက်လာသည်။ ဤတစ်ကြိမ်တွင် မျဉ်းကြောင်းနှစ်ခုတွင် ကြယ်များ ပါဝင်နေ၏။
မဟာအကြီးအကဲယန်နှင့် ထုံဟယ်တို့က ထိုအရာကိုမြင်သည့်အခါ မေ့လဲလုမတတ် ဖြစ်သွားကြသည်။
ဂိုဏ်းတစ်ဂိုဏ်းထဲမှာ ထာဝရဧကရာဇ် နှစ်ပါး ရှိနေတာပဲ…
သူတို့က တာအိုမျိုးဆက် အမှတ်အသားသည် အတုလုပ်လို့ မရကြောင်း သိထားသောကြောင့် ထိုသူသည် အမှန်တကယ် ထိုဂိုဏ်းမှ ဖြစ်နိုင်လေသည်။
သူတို့အတွက် သူတို့၏ လောကအမြင်အပေါ် တုန်လှုပ်သွားစေသည်။ စတင်ခြင်းနက်နဲကုန်းမြေ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပဋိပက္ခခေတ်ကာလ (ဗလာခေတ်ကာလဟုလည်း ခေါ်ဆိုသော) မတိုင်ခင် အဖြစ်အပျက်များ မပါဝင်ဘဲ သူတို့၏ ကမ္ဘာတွင် ထာဝရဧကရာဇ် တစ်ပါးသာ ထွက်ပေါ်နိုင်ခဲ့သည်။
သူတို့သည် ကောင်းကင်အလိုဆန္ဒ ကမ္ဘာတချို့တွင် ထာဝရဧကရာဇ်တစ်ပါး ပေါ်ထွက်မလာကြောင်း သိထားလေသည်။ ဆိုလိုသည်မှာ သမိုင်းကြောင်းတစ်လျှောက် နှစ်သန်းပေါင်း သန်းချီ ကြာမြင့်သည့်အချိန်တွင်ပင် မည်သူကမှ ထာဝရဧကရာဇ် ဖြစ်မလာနိုင်ကြပေ။ သို့သော် သူတို့က ထာဝရဧကရာဇ်နှစ်ပါး ရှိသည့် ဂိုဏ်းနှင့်တွေ့ဆုံနေရလေသည်။
မဟာအကြီးအကဲယန်က စိတ်ငြိမ်ငြိမ်ထားဖို့ အသက်ပြင်းပြင်းရှူလိုက်သည်။
သူ့နောက်က ဂိုဏ်းက ဒီအသိုင်းအဝိုင်းကို ဝင်စွက်ဖက်ချင်နေတာများလား…
သူက သူ့ဘာသာသူ တွေးလိုက်မိ၏။
မဟုတ်သေးဘူး။ သူ့လက်ရှိအခြေအနေနဲ့ သူက ဒီမျိုးဆက်ရဲ့ ဧကရာဇ်ဖြစ်ဖို့ ကျင့်ကြံနေတဲ့ ကောင်းကင်ရွေးချယ်ခံပဲ ဖြစ်လိမ့်မယ်။ ဒီလိုမျိုး အားကောင်းတဲ့ဂိုဏ်းက သူတို့ရဲ့ ပါရမီရှင်ကို ဒီလို ဆိုးဆိုးရွားရွား အခြေအနေမျိုး ဖြစ်ခွင့်ပေးမှာမဟုတ်ဘူး။ ကြည့်ရတာ သူက မတော်တဆ ဒီကို ရောက်လာတဲ့ပုံပဲ။ အဲဒါကြောင့် သူက ကမ္ဘာ့အရင်းအမြစ်ကို ခိုးပြီးတော့ သူ့ဒဏ်ရာတွေကို ကုသနေတာပဲ…
ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူက တည်ငြိမ်သွားသည်။ သူက ဆက်လက် တွေးတောလိုက်၏။
အသင်္ချေအင်ပါယာကမ္ဘာက အချိန်များစွာကြာသည့်တိုင် ကျဆင်းလာပြီဖြစ်ကာ အဆုံးမဲ့လေဟာနယ်အတွင်း ကမ္ဘာ့စင်မြင်ပေါ်မှ တည်ရှိမှုကိုပင် ဖယ်ရှားလုနီးပါးအထိ ကျရောက်သွားခဲ့သည်။ အကယ်၍ သူတို့က ပြန်လည်လာလိုလျှင် သူတို့အနေနှင့် အနီးဆုံးကမ္ဘာ့အသိုင်းအဝိုင်းကနေ စတင်လိုက်ခြင်းက အကောင်းဆုံး ဖြစ်၏။
ဒီကောင်လေးက သူ့ဂိုဏ်းက လာခေါ်နေတာကို စောင့်နေတာပဲ ဖြစ်လိမ့်မယ်
ပြောရမယ်ဆိုရင် ဂိုဏ်းရဲ့ တာဝန်က ပြီးမြောက်နိုင်တယ်။ တာအိုအခွင့်အလမ်းဂိုဏ်းက ဒီကမ္ဘာကို ဝင်စွက်ဖက်ရင်တောင် ငါတို့ဂိုဏ်းက အိမ်ကွင်းအရေးသာချက် ရှိသေးတော့ သူတို့ကို ရင်ဆိုင်နိုင်တယ်
ပြီးတော့ အရာအားလုံး ကျရှုံးသွားရင်တောင် ဂိုဏ်းက တခြားဂိုဏ်းတွေနဲ့ မဟာမိတ်ဖွဲ့ပြီးတော့ သူတို့ကို တိုက်ခိုက်နိုင်သေးတယ်။ ကောင်းကင်အလိုဆန္ဒကမ္ဘာက တခြားလူတွေကို သူတို့ရဲ့ ကမ္ဘာ့အသိုက်အဝန်းထဲမှာ အလွယ်တကူ နှောင့်ယှက်ခွင့်ပေးမှာ မဟုတ်ဘူး…
တကယ်လို့ ကျရှုံးသွားရင်တောင် ငါတို့က ဒီကမ္ဘာကို သူတို့ကို ပေးအပ်လိုက်ရုံပဲ။ ဒီအသိုင်းအဝန်းထဲမှာ ဒီလိုကမ္ဘာအဆင့်မျိုးက ထောင်ချီရှိနေတာဆိုတော့ ကိစ္စမရှိဘူး။
မဟာအကြီးအကဲယန်၏ စိတ်အတွင်း စက္ကန့်ပိုင်းအတွင်း ထိုအတွေးအားလုံးက ဖြတ်ပြေးသွားသည်။ ထို့နောက် သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏ “ သခင်လေးကို စော်ကားမိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကျုပ်က သတိထားဖို့ လိုလို့ပါ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် စိတ်ထဲ မထားကြောင်း ပြောလိုက်သည်။ သူက ထိုလူနှစ်ဦးသည် သူ့အား လာရောက်တွေ့ဆုံသည့် အကြောင်းအရင်းအား ခန့်မှန်းမိလေသည်။ စကားမဲ့ဂိုဏ်း၏ တခြားလူများက ကျိုးရှုနှင့် ရင်ဆိုင်နေကြစဉ် မည်သည်ကမှ သူ့အား မတားဆီးနိုင်ပေ။
သူတို့၏ အစီအစဉ် အလုပ်ဖြစ်ဖို့အတွက် ကံကြမ္မာသားတော်၏ အဆင့်အတန်းက သူတို့လက်ထဲတွင် ရှိဖို့ရာ လိုအပ်ပေသည်။ ပြောရလျှင် ကံကြမ္မာသားတော်ကသာ ကောင်းကင်တာအိုဆီမှ တာအိုအရင်းအမြစ်မျိုးစေ့ ရရှိနိုင်မည့် အခွင့်အရေးအများဆုံးလူ ဖြစ်၏။
ကံဆိုးစွာဖြင့် ထိုလူများက သူနှင့် တွေ့ဆုံပြီးသည့်နောက်တွင် သူတို့သည် သူ့ပြိုင်ဘက် မဖြစ်ကြောင်း သဘောပေါက်သွားခဲ့ကာ သူတို့၏ အဆင့်အတန်းဖြင့် ဝမ်ဝေ့အပေါ် ဖိအားပေးလိုခဲ့သည်။
သို့သော် သူက သူတို့၏ ပိုင်နက်အတွင်းရောက်နေပြီး အိမ်နှင့် ဝေးကွာနေလေသည်။
သူက ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် ကျိုးရှုအပေါ် လက်လျှော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ထိုလူနှစ်ဦးကို သတ်ဖြတ်နိုင်သလို အကျဉ်းချနိုင်သော်လည်း သူတို့နောက်ကွယ်မှ ဂိုဏ်းကိုမူ မည်သို့လုပ်ရမည်နည်း။
အကယ်၍ သူတို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သွားသည့်အခါ ကိစ္စများကို ကြိုတင်ပြင်ဆင်လာခဲ့လျှင် မည်သို့လုပ်ရမည်နည်း။
ဝမ်ဝေ့က သူ့လက်ရှိအခြေအနေဖြင့် ဧကရာဇ်မျိုးနွယ်အား တိုက်ခိုက်လောက်အောင် မတုံးအပေ။
ထို့ကြောင့် သူက အကျိုးအကြောင်း ဆင်ခြင်ကာ ကျိုးရှုကို လက်လျှော့လိုက်ပြီး သူ့အစီအစဉ်အား ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူက ချူးမိုကို လက်မလျှော့သေးဘဲ ထပ်မံ အသုံးချရဦးမည် ဖြစ်၏။
သူက အေးအေးဆေးဆေး အမူအရာဖြင့် သူ့အိမ်လေးအတွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်လိုက်သည်။ ထိုအရာက အပြင်ဘက်ကကြည့်လျှင် သေးဟန်ပေါ်သော်လည်း ဝမ်ဝေ့က အာကာပြင် ချဲ့ထွင်ရေးအစီအရင်ကို အသုံးပြုထားသောကြောင့် အထဲတွင် ပိုကျယ်လေသည်။
သူတို့နှစ်ဦးဝင်လာသည်နှင့် ထုံဟယ်က အော်လိုက်၏ “ အား”
အားလုံးက သူ့အား လှည့်ကြည့်လာသည့်အခါ သူသည် ကြမ်းပြင်ပေါ်ရှိ ပစ္စည်းတချို့အား တက်နင်းမိကာ ခြေထောက်ထဲ စူးဝင်သွားခြင်း ဖြစ်၏။
“ အော် တောင်းပန်ပါတယ်။ ဒီအခန်းထဲမှာ တစ်ခုခုပြင်နေတာဆိုတော့ ရှုပ်ယှက်ခတ်နေတယ်” ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးနောက် ပစ္စည်းများအား သိမ်းကာ ပြောလိုက်သည်။
မဟာအကြီးအကဲယန်က ထိုလူသည် သူတို့အား တုံးတုံးအအ မပြုမူဖို့ သတိပေးလိုက်ခြင်းဖြစ်မည်ဟု ခန့်မှန်းမိလိုက်သောကြောင့် မြန်မြန်ဆန်ဆန် ပြောလိုက်သည်။
“ ကျုပ်တို့ နားလည်ပါတယ်”
ထုံဟယ်အား ဒဏ်ရာအား ကုသဖို့ ဆေးလုံးပေးလိုက်သည်။ ထိုလူက ဒေါသထွက်နေသော်လည်း ဘာမှမပြောရဲပေ။
သုံးယောက်လုံးက ရှည်လျားကာ ဖော်ရွေပျူငှာသည့် စကားဝိုင်းကို စတင်လိုက်ကြသည်။ ထိုအချိန်တွင် သူက ကျိုးရှုသည် သေဆုံးသွားကာ သူ့ချီကံကောင်းမှုသည် အတင်းအကြပ် စုပ်ယူခံလိုက်ရကြောင်း ခံစားမိလိုက်၏။
သူက ဘာမှမပြောသလို အမူအရာလည်း ဘာမှမပြသပေ။ သူက ကျိုးရှု၏ သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်းအားလုံး သူ့ဆီ ရောက်ရှိလာဖို့သာ အာရုံစိုက်ထားလိုက်သည်။
ထိုအရာအားလုံး ပြီးဆုံးသွားသည့်အခါ လူနှစ်ယောက်က နေပေါ်မှ ထွက်သွားပြီး စကားမဲ့ဂိုဏ်းသို့ ပြန်ရောက်ရှိသွားကြသည်။ ထိုလူနှစ်ဦးထွက်သွားသည်နှင့် ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ သူ့ရှေ့တွင် သွေးပေနေသည့် ဝက်အူတစ်ခု ထွက်ပေါ်လာသည်။
“ ထုံဟယ်ရဲ့ သွေးနဲ့ဆိုရင် စတင်ခြင်းနက်နဲကုန်းမြေနဲ့ ဆက်နွယ်နေတဲ့ ကံကြိုးမျှင်ကို ရှာတွေ့ပြီးတော့ တည်နေရာကို ရနိုင်တယ်။ အခုနယ်ရုပ်ကို ထည့်သွင်းရမဲ့ အချိန်ပဲ”
သွေးပင်လယ် စီရင်စု
ချူးမိုက တရားထိုင်နေစဉ် သွေးအလင်းက သူ့သွေးကြောများတစ်လျှောက် စီးဆင်းနေသောကြောင့် နတ်ဆိုးတစ်ကောင်နှင့် တူညီနေသည်။ သူက သူ့စိတ်အတွင်း အသံတစ်သံကို ကြားယောင်လာ၏။
“ တီ… အန္တရာယ်ချဉ်းကပ်လာတာကို ခံစားမိပါတယ်။ ပိုင်ရှင်က ဒီအခြေအနေမှာ ဘယ်လိုလုပ်လုပ် အသက်မရှင်နိုင်ဘူးဆိုတာကို တွေ့ရှိလိုက်ရပါတယ်။ အဲဒါကြောင့် ပိုင်ရှင်ရဲ့ အသက်ရှင်သန်မှုကို သေချာဖို့အတွက် နောက်ထပ် အစီအစဉ်တစ်ခုကို အသက်သွင်းနေပါပြီ။
ဗျူဟာ ၃၆ခုထဲက ထွက်ပြေးဖို့ကို အသုံးပြုချင်ပါသလား”
“ စနစ် ဘာတွေဖြစ်နေတာလဲ”
“ ပိုင်ရှင် ရှင်းပြဖို့ အချိန်မရှိပါဘူး။ ထွက်ပြေးချင်လား။ ထွက်မပြေးချင်ဘူးလား”
“ ထွက်ပြေးချင်တယ်” ချူးမိုက အသေးစိတ်ကို မသိသော်လည်း သူ့အသက်အား ပေါ့ပေါ့တန်တန် အလေးမထားပေ။ သူက ထိုအရာကို ရွေးချယ်ပြီးသည့်နောက် အဖြူရောင် အလင်းတန်းက သူ့အား လွှမ်းခြုံသွားကာ ကျင့်ကြံရေးအခန်းမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။
ယခုမှဆိုလျှင် နာမည်ကျော် နတ်ဆိုးအရှင်က ကောင်းကင်နက်နဲကုန်းမြေမှ ထာဝရပျောက်ကွယ်သွားပြီ ဖြစ်၏။ ကောလဟာလများက သူသည် ကမ္ဘာကြီးကို အုပ်စိုးရသည်မှာ ငြီးငွေ့လာပြီး ထွက်သွားသည်ဟု ဆိုကြသည်။ တခြားလူများကမူ သူသည် ကျင့်ကြံရေး ဖောက်ပြန်ကာ တန်ပြန်သက်ရောက်မှုကြောင့် ကျင့်ကြံရင်း သေဆုံးသွားသည်ဟု ဆိုလိုကြသည်။ သူက တခြားသော နတ်ဆိုးအရှင်များ၏ ဝိုင်းဝန်းသတ်ဖြတ်ခံရမှုကို ခံရသည်ဟုလည်း ကောလဟာလများ ထွက်ခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ သူ့အကြောင်းကို ထပ်မံ မကြားရတော့ပေ။ သို့သော် သူ့ဇာတ်ကြောင်းက ထိုနေရာတွင် အဆုံးသတ် မသွားသေးပေ။