← Chapters

အပိုင်း (၃၃၂) – တော်ဝင်အမှောင်မျိုးနွယ်

Vol. 004 Ch. 332

အပိုင်း (၃၃၂) – တော်ဝင်အမှောင်မျိုးနွယ်

Vol. 004 Ch. 332

ရှီမာယူယူ ခါးသီးစွာ ပြုံးလိုက်သည်။ သူမ နိုးလာချိန်တွင် သူမ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်သည် မတည်ငြိမ်သည်ကို ခံစားမိသည်။ အမှောင်စွမ်းရည် သန်မာလာသည်နှင့် တခြားသော စွမ်းရည်များသည် အသက်နှင့်ရင်းကာ တိုက်ခိုက်ကြသည်။ မိုရှားအရင်က ပြောခဲ့သလိုပင် အလင်းနှင့် အမှောင် ဝိညာဉ်များ တွေ့ဆုံ သောအခါ  ပဋိပက္ခများဖြစ်ကာ သူမ ဂရုမစိုက်မိပါက ပေါက်ကွဲကာ အန္တရာယ်ကျနိုင်သည်။

“စီနီယာ ကျွန်တော် လုပ်နိုင်တာ ဘာရှိလဲ” သူမ မေးလိုက်သည်။

“အလင်းနဲ့ အမှောင်က သေချာပေါက် ရန်သူတွေပဲ၊ မင်း သူတို့ကို တစ်နေရာတည်းမှာ အတင်း ထားထားရင် အဖြေကဘာဖြစ်မလဲ၊ မင်း တစ်ခုကို လုံးဝမဖယ်ရှားရင် လုပ်စရာမရှိဘူး” အနက်ရောင် မြူခိုးလုံး ပြောလိုက်သည်။

“တစ်ခုကို လုံးဝဖယ်ရှားရမယ် ဟုတ်လား” ရှီမာယူယူ တွေးကာ ပြောလိုက်သည် “ကျွန်တော် မလုပ်နိုင် ဘူး”

“ဒါဆို ငါတို့လုပ်လို့ရတာ မရှိဘူး” အနက်ရောင် မြူခိုးလုံး ပြောလိုက်သည် “မင်း သေမယ့်နေ့ကို စောင့်ရုံ ပဲပေါ့၊ ဟားဟား ငါ လူတွေရဲ့ သေခြင်းဖြစ်စဉ်ကို ကြည့်ရတာ ကြိုက်တယ်၊ အဲခံစားချက်က ကောင်းတယ်”

ရွှတ်

ထိုလူသည် ပုံမှန်မဟုတ်သော အကျင့်ရှိကာ သူ့အား အလွယ်တကူပင် လှုံ့ဆော်နိုင်သည်ဟု ရှီမာယူယူ ခံစားမိသည်။ သူ ရယ်ပြီးသောအခါ နောက်ထပ် စကားထပ်ပြောလေသည် “တကယ်တော့ မင်းသာ တစ်ခုကို လုံးဝဖယ်ရှားဖို့ ရွေးလိုက်မယ်ဆိုရင် အရိုးစုဖြစ်ပြီးတာ ကြာပြီ၊ အသက်ကို လောဘတက်တဲ့သူတွေနဲ့ သေခြင်းကို ကြောက်တဲ့သူတွေက ဒီမြေပေါ်မှာ အသက်ရှင်ဖို့ မထိုက်ဘူး”

ရှီမာယူယူ ထိတ်လန့်သွားသည်။ သူမ အခု သေမင်းတံခါးကို ဖြတ်လျှောက်လိုက်တာလား။

“မင်းမှာ သတ္တိရှိနေတော့ မင်းအလားအလာ ရှိနေတာကို မြင်ရတော့ ငါမင်းကို ကူညီပေးနိုင်တယ်၊ ဒီကို လာခဲ့”

ရှီမာယူယူသည် တွေဝေခြင်းမရှိပဲ အရှေ့သို့တိုး လျှောက်သော်လည်း ပုံစံမဲ့သော လှိုင်းများသည် သူမ လမ်းအား ပိတ်ထားလေသည်။ သူမသည် ထိုအနက်ရောင်မြူခိုးလုံး သူမအား သတ်မည်ကို မကြောက်တော့ပေ။ သူသာ သူမကို တကယ်သတ်ချင်ပါက သူမသည် အကြိမ်တစ်ထောင်မက သေပြီးဖြစ်လေသည်။

“ဒီကောင်စုတ်လေး” အနက်ရောင် မြူခိုးလုံးသည် ကျိန်ဆဲကာ ပြောလိုက်သည် “ဒါဆိုလည်း အဲမှာပဲ နေပြီး ထိုင်လိုက်”

ရှီမာယူယူ တင်ပြင်ခွေထိုက်လိုက်သည်။

“မင်းကိုယ်ထဲက ချိပ်က ပွင့်ပြီးသွားပြီ၊ ပြီးတော့ အမှောင်အပိုင်းတွေကလည်း ပွင့်သွားတာကြာပြီ၊ အဲဒါကြောင့် သူတို့က တက်ကြွလှုပ်ရှားနေကြတာ၊ မင်း ကောင်းကောင်းထိန်းချုပ်နိုင်ရင် အန္တရာယ် မဖြစ်နိုင်တော့ဘူး” အနက်ရောင် မြူခိုးလုံး ပြောလိုက်သည် “ငါမင်းကို တစ်ခါပဲပြမယ်၊ မင်း အဲဒါကို မသင်ယူ နိုင်ရင် ဉာဏ်မကောင်းတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်လိုက်”

သည်လိုနှင့် အနက်ရောင်တိမ်တိုက်သည် အနက်ရောင်မြူခိုးလုံးမှ ခွဲထွက်လေသည်။ ထိုတိမ်တိုက် သည် လှိုင်းနယ်နိမိတ်ကို ဖြတ်ကာ ရှီမာယူယူ၏ ဝိညာဉ်ကို ခြိမ်းခြောက်နေလေသည်။ အနက်ရောင် မီးခိုးများ သူမ ခန္ဓာကိုယ်တစ်ခုလုံးတွင် လှုပ်ရှားနေသည်ကို ရှီမာယူယူခံစားမိကာ သူမ ဝမ်းဗိုက်မှ အမှောင် ဝိညာဉ်စွမ်းအင် များကို ထိန်းချုပ်ရန် လုပ်သည်နှင့် လှုပ်ရှားမှုတိုင်းတွင် ခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေသည်။ပေါက်ကွဲမည့် စွမ်းအင် နိုးလာကာ စေတီရေကန်သို့ နာခံစွာ ပြန်ပြီးနောက် သူမ ကိုယ်ထဲရှိ တခြားသော စွမ်းရည်များကို တိုက်ခိုက်ရန် မလှုပ်ရှားတော့သည်ကို သူမ တွေ့လိုက်ရသည်။

“ဒီနေရာရဲ့ အရသာက မဆိုးဘူးပဲ၊ နှစ်အများကြီး ငြိမ်နေတာ မင်း သုံးလို့ရတယ်၊ ဒီအတိုင်းသာ စုပ်ယူ လိုက်” အနက်ရောင် မြူခိုးလုံးသည် ရှီမာယူယူ၏ ပြောင်းလဲမှုကို ခံစားရပြီး အနက်ရောင် မြူခိုးလုံး၏ လျှို့ဝှက် တပည့်များ လက်လာသည်နှင့် ပြန်မှောင်သွားလေသည်။

ရှီမာယူယူ အမှောင်စွမ်းအင်များအားလုံးကို သူမ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။ အရင်ကသာ သူမ ထိုကဲ့သို့ လုပ်ခဲ့ပါက အမှောင်ဝိညာဉ်ရေကန်သည် လက်သည်းခွံအရွယ်အစားမှ လက်သီးအရွယ်အစားသို့ ကြီး လာနိုင်သည်။ အားလုံး ဖြေရှင်းပြီးပြီဟု သူမ ထင်လိုက်ချိန်တွင် ငါးခုသော သတ္တုများသည် ထပ်မံပေါက်ကွဲလေ သည်။ ထို့နောက် အမှောင်စွမ်းအင်ကို ထပ်မံတိုက်ခိုက်လေသည်။

“ရွှတ်” ကြက်သွေးရောင်မီးတောက် အော်လိုက်သည်နှင့် တခြားသော ဝိညာဉ်စွမ်းအင်များသည် သူတို့ မူလနေရာသို့ ပြန်သွားလေသည်။ ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲသည်နှင့် ရှီမာယူယူသည် သူတို့အား ထိန်းချုပ်ရန် ကြိုးစားသော်လည်း သူမ အရည်အချင်းသည် ကြက်သွေးရောင်မီးတောက်၏ အော်သံတစ်ချက်နှင့် ယှဉ်လျှင် ပျော့နေသေးသည်။ သူမ ကိုယ်ထဲမှ အားလုံးငြိမ်သွားသောအခါမှပင် သူမ မျက်လုံးဖွင့်နိုင်သည်။

“ကျေးဇူးပါ စီနီယာ” သူမ အနက်ရောင် မြူခိုးလုံးအား အရိုအသေပေးလိုက်သည်။

“မေးခွန်းရှိရင် အဖြေရှိတယ်၊ သူတို့နှစ်ခုကို တွဲလိုက်ရင် ဒီနေ့ မေးခွန်းက မနက်ဖြန်အတွက် အဖြေ ဖြစ်လိမ့်မယ်၊ မင်း ငါ့ကို ကျေးဇူးတင် မစောပါနဲ့ဦး” အနက်ရောင် မြူခိုးလုံးက ပြောလိုက်သည် “ကောင်းပြီ ငါမင်းကို တတ်နိုင်သလောက် ကူညီပြီးသွားပြီ အခု ပြန်တော့”

“စီနီယာ ကျွန်တော် မေးရမယ့် မေးခွန်းရှိပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘာလဲ”

“ကျွန်တော့် ချိပ်တွေက ပေါက်သွားပြီလို့ပြောတယ်၊ ကျွန်တော့် ကိုယ်ထဲက စွမ်းအင်တွေက ပြောင်းလဲ ပြီး မြစ်ကို ပြန်သွားအောင် အော်နိုင်စွမ်းရှိသွားတယ်…. ဘာလို့လဲဆိုတာ ကျွန်တော် သိချင်ပါတယ်” ရှီမာယူယူ မေးလိုက်သည်။

“အဲဒီ မြေအောက် မြစ်လား” အနက်ရောင်မြူခိုးလုံးသည် ခဏမျှ တိတ်ဆိတ်သွားပြီး အကြောင်းအရင်း အား စဉ်းစားနေလေသည်။ သူ မဖြေတော့ဟု ရှီမာယူယူ ထင်ထားသော်လည်း သူ တိတ်ဆိတ်စွာ ပြောလိုက် သည် “အဲဒါ မြစ်မဟုတ်ဘူး၊ အဲဒါ အမှောင်သားရဲပဲ”

သူသည် ရှီမာယူယူအား အနက်ရောင်မြူခိုးတိမ်တိုက်ဖြင့် ရစ်ပတ်လိုက်ရာ သူမသည် သတိမေ့သွားလေ သည်။ ထို တိမ်တိုက်ဖြင့်ပင် အနက်ရောင်မြူခိုးလုံးသည် သူမအား ဂူထဲမှ ခေါ်ထုတ်သွားလေသည်။

“မင်းရဲ့ ကိုယ်က ရောင်ဝါက ငါ့အမှောင်တိုင်းပြည်က ရောင်ဝါပဲ အဲဒါကြောင့် အဲသားရဲမြစ်က မင်း အော်လိုက်တာနဲ့ နောက်ဆုတ်သွားတာ” အနက်ရောင် မြူခိုးလုံးသည် လူသားအသွင်ပြောင်းကာ သူမ အား ခေါ်ထုတ်သွားသော ဘက်အားကြည့်လိုက်သည် “အဲတော့ ငါ့တော်ဝင်မိသားစုမှာ နောက်ထပ် ဆက်ခံသူ ရှိနေတာပဲ ဟီးဟီး”

သူ နောက်ပိုင်းပြောလိုက်သော စကားများကို ရှီမာယူယူ မကြားနိုင်တော့ပဲ သူမ နိုးလာသောအခါတွင် သူမသည် နဂါးတန်ပြန်တောင်၏ မြစ်ဘေးတွင် ရောက်နေသည်။ သူမအား ရစ်ပတ်လိုက်သော အနက်ရောင် မြူခိုးသည် ကိုယ်ရောင်ကိုယ်ဝါ မကျန်ခဲ့ပဲ ပျောက်ကွယ်သွား

ခဲ့သည်။ သူမ ခန္ဓာကိုယ်သည် ရေတစ်စက်မှ စိုမထားပေ။ သူမ မြေပေါ်ရောက်သောအခါ ဒဏ်ရာများ ပြန်ကောင်းလာသည်။ သူမ အဝတ်များ ပြဲနေသည်မှလွဲ၍ ဒဏ်ရာများသည် ပျောက်သွားပြီဖြစ်သည်။ သူမ ထကာ တောင်ကြားတွင် လူမရှိ သည်ကို စစ်ဆေးပြီးနောက် ဝိညာဉ်စေတီထဲသို့ ဝင်သွားလေသည်။

“သခင် နိုးလာပြီလား” ဟိန်းသံလေးသည် ရှီမာယူယူဝင်လာသည်ကို မြင်သည်နှင့် သူမ ရင်ခွင်ထဲဝင်ပြီး စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

“ယူယူ မင်းအဆင်ပြေလား” ရှီမာယူလင်းသည် ထွက်မသွားပဲ ထိုနေရာတွင်ပင် စောင့်နေသည်။ ထို အချိန်အတွင်းတွင် ဘာဖြစ်ခဲ့သည်ကို သူ မမြင်နိုင်သောကြောင့် ဝိညာဉ်စေတီကို လှည့်ပတ်ကြည့်နိုင်သည့် ခံစားချက်မျိုးမဟုတ်ပေ။

“အဆင်ပြေပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“မင်းအဲဒီ သတ္တဝါကို တွေ့ခဲ့လား” ရှီမာယူလင်း မေးလိုက်သည်။

“ထင်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူက မြူခိုးနဲ့ ဖုံးထားတော့ သူ့ရဲ့ ပုံစံအမှန်ကို မတွေ့ခဲ့ ရဘူး”

“သူ မင်းကို ထိခိုက်အောင် မလုပ်ဘူးလား”

“မလုပ်ပါဘူး ကြက်သွေးရောင် မီးတောက် ပြောသလိုပဲ သူ ငါ့ကို အများကြီး ကူညီပေးလိုက်တယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ မြေအောက်မှာရှိတာ ဘယ်လောက်ကြာလဲ”

“လတစ်ဝက်ပဲ” ဝိညာဉ်လေး ပြောလိုက်သည်။

“ငါတို့ လတစ်ဝက်လောက် အဲမှာရှိနေတာလား” ရှီမာယူယူသည် အံ့သြသွားသည်။ သူမ ထင်ထားသည် မှာ သုံးရက်မှ ငါးရက်ကြာမည်ဟုသာ။ “အခု အကုန်အဆင်ပြေသွားပြီ ငါ ရေချိုးပြီး အင်္ကျိလဲတော့မယ်”

သူမ အဝတ်များသည် သွေးများစွန်းထင်းနေကာ သူမသည် နာကျင်ကာ သွေးများစွာ ထွက်ခဲ့သည်မှာ ရှင်းနေသည်။ သူမ အိမ်သို့ ပြန်သောအခါ ဝိညာဉ်လေးသည် သူမအတွက် ရေပြင်ထားလေသည်။ သူမ ဆေးဖက်ဝင် ပစ္စည်းတချို့ထည့်ကာ အင်္ကျိချွတ်ပြီး ရေချိုးလေသည်။ မိုရှားသည် နတ်ဆိုးညွှတ် လက်ကောက်မှ ထွက်လာသောကြောင့် ရှီမာယူယူသည် သူမ ကိုယ်အား ရေထဲသို့ အလျင်အမြန် နှစ်လိုက်ရ သည်။

“ရိုင်းလိုက်တာ” သူမသည် မိုရှားအား စိုက်ကြည့်လိုက်သည်။

မိုရှား ဘာမှမပြောသော်လည်း အနက်ရောင်မြူခိုးဖြစ်သွားပြီး သူမ ကိုယ်ထဲသို့ ဝင်သွားလေသည်။ ခဏ အကြာတွင် ပြန်ထွက်လာကာ ပြောလိုက်သည် “တော်သေးတယ် အခုငြိမ်သွားပြီ”

ရှီမာယူယူ နှုတ်ခမ်းများ တွန့်သွားကာ ပြောလိုက်သည် “အဲဒါ ဘယ်လိုချိပ်လဲ၊ အဲလူူက အမှောင်စွမ်းအင် ထွက်လာဖို့ နှစ်ကြိမ်လောက် အော်လိုက်တာနဲ့ ချိပ်ပေါက်သွားတယ်၊ တကယ်ကို စိတ်မချရတာပဲ”

“အဲဒါ မင်းအတွက် သာမာန်လူမဟုတ်ဘူး” မိုရှား ပြောလိုက်သည် “မင်းတို့ နှစ်ယောက် ဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်၊ အဲဒါကြောင့်ပဲ မင်းကိုယ်ထဲက အမှောင်စွမ်းအင်ကို နိုးထအောင် လုပ်နိုင်တာ”

“သူက ဘယ်သူလဲ”

All Chapters