← Chapters

အပိုင်း (၃၃၃) – တရားမျှတစွာ ကြည့်ခြင်း

Vol. 004 Ch. 333

အပိုင်း (၃၃၃) – တရားမျှတစွာ ကြည့်ခြင်း

Vol. 004 Ch. 333

ရှီမာယူယူသည် မိုရှားအား ကြည့်လိုက်သည်။ သူက အဲလူရဲ့ သရုပ်မှန်ကို သိနေတာလား။

“ငါ့ကို အဲလိုမကြည့်နဲ့ သူဘယ်သူလဲဆိုတာ ငါလည်းမသိဘူး” မိုရှား ပြောလိုက်သည်။

“ဒါဆိုရင် ငါတို့ဆက်ဆံရေးက ရှုပ်ထွေးတယ်ဆိုတာ ဘယ်လိုသိလဲ” ရှီမာယူယူ နားမလည်နိုင်ပေ။

“ငါမှန်းကြည့်တာ” မိုရှား တည်ငြိမ်စွာ ပခုံးတွန့်လိုက်သည်။

ဟင်… အဲလို ရယ်စရာမကောင်းတဲ့ ဟာသကို သူ ဘယ်တုန်းက သင်လိုက်တာလဲ။

“မင်း သူ့သရုပ်မှန်ကို မသိတာ ပိုကောင်းမယ်၊ ဒါပေမဲံ သူ ပြောသလိုပဲ မင်းတို့နှစ်ယောက်က သေချာ ပေါက် သွေးသားတူတယ်၊ ဒါပေမဲ့ ဘယ်လောက်သွေးနီးလဲကိုတော့ ငါလည်း မသေချာဘူး” မိုရှား ပြောလိုက် သည် “ဒါပေမဲ့ အဲဒါအဓိက အချက်မဟုတ်ဘူး၊ မင်း တခြားဟာတွေလည်း တွေးရမယ်”

“အဲဒါက အဓိကအချက်မဟုတ်ရင် ဘာလဲ” ရှီမာယူယူ မေးလိုက်သည်။

“မင်းကိုယ်ထဲက အမှောင်စွမ်အးအင်က လွှတ်သွားတော့ ဘာဖြစ်လာမလဲ ကြည့်ရမယ်” မိုရှား ပြော လိုက်သည်။ “အခု သူတို့အားလုံးက မင်းထဲမှာဆိုတော့ သူတို့အေးအေးချမ်းချမ်း ဖြစ်ချင်ရင်တော့ သူတို့ အချင်းချင်း တိုက်တဲ့စွမ်းအင်တွေကို မင်းထိန်းချုပ်ရမယ်”

“အဲဒါလည်း ပြောတယ်၊ ငါက အလင်းကိုရော အမှောင်ကိုပါ ထိန်းရမှာလား” ရှီမာယူယူ ဆွံ့အသွား သည်။ အဲဒါဆိုရင် သူမ ကိုယ်ထဲမှာ စွမ်းအင် ဘယ်နှမျိုးတောင် ရှိနေတာလဲ။

“ဟုတ်တယ်” မိုရှား ခေါင်းညိတ်လိုက်သည် “အဲဒါတင် မဟုတ်ဘူး မင်းရဲ့ ခန္ဓာကိုယ်ကိုလည်း လေ့ကျင့် ပေးရမယ်”

“ငါ့ ခန္ဓာကိုယ်ကိုလည်း လေ့ကျင့်ရမယ် ဟုတ်လား” ရှီမာယူယူ မျက်တောင်ခတ်လိုက်သည်။ ထို စကားများတွင် သူမ ဘာကြောင့် စိတ်လှုပ်ရှားမိတာလဲ။

“မင်းကိုယ်ထဲက အဲမတူညီတဲ့ရောင်ဝါနှစ်ခုက အခုချိန်မှာ ငြိမ်းချမ်းနေပေမယ့် သူတို့နှစ်ခုလုံးကို တောင့် ခံနိုင်ဖို့ ပိုပြီး သန်မာဖို့လိုတယ်၊ မင်းရဲ့ ခန္ဓာကိုယ်က အားနည်းသေးတယ်၊ အဲစွမ်းအင်နှစ်ခု တိုက်ပွဲဖြစ်ရင် မင်း ကိုယ်ကတော့ သေချာပေါက် ပေါက်ကွဲမှာပဲ” မိုရှားပြောလိုက်သည်။

ရှီမာယူယူ ဘာမှမပြောပေ။ ဒါက သူမ ခန္ဓာကိုယ်ရဲ့ ပေါင်းစပ်ခြင်း ဖြစ်စဉ်ပဲ။

မိုရှားသည် သူမ တုန့်ပြန်ချက်ကို လျစ်လျူရှုပြီး သူမနှင့် နဖူးချင်း ထိလိုက်သည်။ သူမ နဖူး အေးသွားခြင်း ကို ရှီမာယူယူခံစားမိကာ သူမ စိတ်ထဲ တစ်စုံတစ်ခု ဝင်သွားသည်ကို ခံစားလိုက်ရသည်။

“ဒါက လေ့ကျင့်ဖို့နည်းလမ်းပဲ လေ့ကျင့်ဖို့ ပစ္စည်းကိုတော့ ကိုယ့်ဘာသာရွေးပြီး ယူသွားလိုက်တော့” မိုရှားသည် သူမအား ကြည့်ပြီးပြောလေသည် “မင်းရဲ့ ခန္ဓာကိုယ်ကို ကြည့်လို့ရမယ်လို့ ငါ ထင်မထားဘူး”

ရှီမာယူယူ မတုန့်ပြန်ခင်မှာပင် သူ လျင်မြန်စွာ နတ်ဆိုးညွှတ် လက်ကောက်အတွင်းသို့ ပြန်ဝင်သွား သည်။ ရှီမာယူယူ အောက်ကို ငုံ့ကြည့်လိုက်ရာ သူမ ထင်ယောင်ထင်မှား လက်စွမ်မှာ ကျွတ်သွားပြီး သူမသည် မိန်းကလေး အသွင်ဖြစ်နေသည်။ သူမ ရင်ဘတ်အား လက်ဖြင့်ကွယ်ကာ ထလိုက်သည်နှင့် သူမ တစ်ကိုယ်လုံး သည် မြင်ရလေသည်။ သူ အကုန်မြင်သွားပြီပေ့ါ။

“သေလိုက်တော့” သူမ အော်ကာ နတ်ဆိုးညွှတ်လက်ကောက်ကို ရေထဲသို့ ပစ်လိုက်ပြီး နှစ်သွားစေရန် မျှော်လင့်လိုက်သည်။

“အား ဆိုးဝါးလိုက်တာ” သူမ ရေဇလုံအားမှီကာ သူမ ခန္ဓာကိုယ်တွင် ရှုပ်ထွေးမှုများဖြစ်သွားသည်ကို  တွေးကာ ခါးသက်စွာ ပြုံးလိုက်မိသည်။

သူမ သားရဲတစ်သောင်းတောင်တွင် ဖြစ်ခဲ့သော အကြောင်းအရာများကို တွေးလိုက်သည်နှင့် သူမ မျက်ရည်များ စီးကျလာပြန်သည်။ “ဖန်လေး မောင်လေး….” သူမ လက်များသည် မျက်နှာအား ကွယ်ကာ သူမ မျက်ရည်များကို ဖုံးကွယ်စေရန် ရေကို အသုံးပြုနိုင်ရန် ကြိုးစားလိုက်သည်။

“မမ မမ ကျွန်တော့်ကို လာရှာမှာကို စောင့်နေတယ်” ရှီမန်ဖန်၏ အသံသည် သူမ နားထဲတွင် ကြား ယောင်နေဆဲဖြစ်သည်။

“မောင်လေး မမကို စောင့်ပေး ဘယ်ရောက်နေနေ မမလာရှာမယ် စောင့်ပေး…”

သူမ ဝိညာဉ်ပြန်ကောင်းလာသည်နှင့် သူမသည် ပြီးခဲ့သည့် မှတ်ဉာဏ်များကို ပြန်မှတ်မိလေသည်။ သူမ အားလုံးကို မမှတ်မိသော်လည်း ထူးခြားသော ဖြစ်စဉ်နှင့် လူကိုမှတ်မိကာ ထိုအရာများနှင့်တွဲနေသော မှတ်ဉာဏ် များကို မှတ်မိသည်။ သူမသည် ထိုမှတ်ဉာဏ်များ ပြန်မှတ်မိမည်ဟု မထင်ထားသော်လည်း နောက်ထပ် သရုပ်မှန် ဖြစ်သော သူမသည် ရှီမန်ယူယူဖြစ်သည်ကိုတော့ မမေ့ခဲ့ပေ။ အကြောင်းမှာ ဟိန်းသံလေးသည် သူမ ဘယ်တော့မှ ဖယ်ရှားလို့မရသည့် အနာရွတ်အတိုင်း ရှိနေခြင်းကြောင့်ပင်။

သူမသည် အသတ်ခံရပြီးနောက် ချက်ချင်း ယခုခန္ဓာကိုယ်ထဲသို့ မဝင်နိုင်သေးပဲ အထက်လောက တွင် နေထိုင်သော အလှနတ်သမီး ရှီမန်ယူယူ ဖြစ်လာခဲ့သည်။ သူမတွင် သူမချစ်သော အမေနှင့် ချစ်စရာကောင်းသော မောင်လေး ရှိသည်။ သို့သော် နောက်တွင် ရှီမန်မိသားစုတစ်ခုလုံး ဖျက်ဆီးခံရပြီးနောက် သူမ မှတ်ဉာဏ်များ ပျောက်ကွယ်သွားခဲ့သည်။ ထိုသို့ ဖြစ်ရခြင်းမှာလည်း သူမ ကြောင့်ဖြစ်ခဲ့သည်ကို သူမ သိသည်။

ထို့နောက်တွင် သူမ သေဆုံးကာ သူမ ဝိညာဉ်သည် ဒဏ်ရာရာပြီး ယခု ခန္ဓာကိုယ်ထဲသို့ ဝင်လာခဲ့သည်။ သူမသည် ရှီမန်ယူယူဖြစ်ကြောင်းကို မေ့နေခဲ့သည်။ အခု သူမ ဝိညာဉ်ပြန်ကောင်းလာသောအခါ အရင်ဘဝကို ပြန်မှတ်မိကာ အရင်က ချစ်ခဲ့ရသော သူများကို ပြန်မှတ်မိလာသည်။

သူမ ရေချိုးသည်မှာ အချိန်ကြာနေပြီဖြစ်၍ အပြင်မှ လူများသည် စိုးရိမ်စ ပြုလာသောကြောင့် အိမ်ထဲမှ ထွက်ခဲ့ရတော့သည်။

“အစ်ကို” တုလေးသည် အိမ်တံခါးပွင့်လာသည်ကို မြင်သည်နှင့် အလောတကြီး ပြေးလာကာ မေးလိုက် သည် “အစ်ကို ဒဏ်ရာရလာတယ် ကြားတယ် အဆင်ပြေရဲ့လား”

“တုလေး မင်းအောင်မြင်သွားပြီလား” ရှီမာယူယူသည် တုလေး၏ ခေါင်းအား ပွတ်ရင်း မေးလေသည်။

“အင်း ကျွန်တော် ဖြတ်ကျော်နိုင်ခဲ့တာ ကြာလှပြီ ဒါပေမဲ့ ကျွန်တော် ပိုပြီးသန်မာချင်သေးတယ်၊ အဲဒါ ကြောင့် အချိန်ယူနေတာ” တုလေး ပြောလိုက်သည် “အစ်ကို အဆင်ပြေတယ်မလား”

“အဆင်ပြေပါတယ်” ရှီမာယူယူ ပြောလိုက်သည် “မင်း ထွက်မလာတာ ဘယ်လောက်ကြာပြီလဲ”

“နှစ်တစ်ဝက် ရှိပြီ” တုလေး ပြောလိုက်သည်။

“မင်းကို ငါ နည်းနည်းတိုးတက်အောင်လို့ ခေါ်သွားမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပါပြီ” တုလေးသည် ပျော်ရွှင်စွာ ပြုံးလေသည်။ အခု သူမသည် သူ့အား ခေါ်ထုတ်သွားမည် ဟု ပြောသဖြင့် သူမအား ဝိညာဉ်စေတီထဲတွင် စောင့်ရန် မလိုတော့ပေ။

ရှီမာယူလင်း လျှောက်လာကာ မေးလိုက်သည် “အခုကစပြီး မင်းဘာလုပ်ဖို့ အစီအစဉ်ရှိလဲ”

ရှီမာယူယူ၏ မျက်လုံးများသည် မှေးမှိန်သွားကာ ပြောလိုက်သည် “ငါပြောခဲ့သလိုပဲ ငါ အသက်ရှင်ပြီး ပြန်လာရင် လီမူသေရမယ်၊ အခု ငါပြန်လာပြီ ငါ ကိုယ့်စကားကိုယ် တည်ရမှာပေါ့”

“တခြားသူတွေရော ဘယ်လိုလုပ်မှာလဲ”

“အဲဒီ အဂ္ဂိရတ်ပညာရှင်ကတော့ သေရမယ်၊ ပြီးတော့….နာလန်လန်” ရှီမာယူယူသည် လေးနက်စွာ ပြောလိုက်သည်။

“နာလန်လန်ဟုတ်လား”

“အင်း ဒါက လီမူကြောင့်ဖြစ်တယ်ဆိုပေမယ့် နာလန်လန်ရဲ့ စနက်လည်းပါတယ်” ရှီမာယူယူ ပြောလိုက် သည် “သူမကို ငါက နှောင့်ယှက်တယ်ဆိုပြီး လီမူကို သွားပြောလို့ ငါ့ကို ဖယ်ထုတ်ချင်နေတာ၊ သူမ ကိုယ့်ဘာသာ ပေါ်မလာရင်လည်း ငါကတော့ သတ်မှာပဲ”

“သူမက ဘာလို့ မင်းကို ဒဏ်ရာရအောင်လုပ်တာလဲ” ရှီမာယူလင်းသည် သူတို့၏ အရင်ကအကြောင်း များကို မသိသေးသောကြောင့် နာလန်လန်က ဘာကြောင့် သူမကို ထိခိုက်အောင် လုပ်တာလဲဆိုသည်ကို နား မလည်ပေ။

ရှီမာယူယူသည် ရှီမာယူလင်းအား ခြံထဲရှိ ကျောက်စားပွဲ တစ်ခုသို့ ခေါ်သွားကာ ရှင်းပြလေသည် “ငါတို့က ရန်သူဟောင်းတွေပဲ”

“ရန်သူဟောင်းတွေ ဟုတ်လား”

“အင်း သူမက ဒုံချန်းတိုင်းပြည်က သူမ အဲမှာရှိတုန်းက ရှီမာမိသားစုနဲ့ နာလန်မိသားစုက ရန်သူတွေပဲ၊  လွန်ခဲ့တဲ့ ၆နှစ်က သူမက ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ ငါ ကံကောင်းပြီး မသေခဲ့ပဲနဲ့ ကြက်သွေးရောင် မီးတောက်ကိုပါ ရလာခဲ့တယ်၊ ပြီးတာနဲ့ ငါ ဒုံချန်းတိုင်းပြည်ကနေ ထွက်ခဲ့တယ်၊ သူမလည်း အဲဒီကနေထွက် ခဲ့မယ်လို့ ငါထင်မထားဘူး”

“မင်းတို့ ဒီနှစ်တွေမှာ မတွေ့ခဲ့လို့ သူမက မင်းကို ထိခိုက်အောင် လုပ်ဦးမှာပဲ” ရှီမာယူလင်း၏ မျက်လုံးများသည် လူသတ်မည့် အကြည့်များဖြစ်နေသည်။

“သူမဘာသာ လှုပ်ရှားတာလို့တော့ ငါမထင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါက အဂ္ဂိရတ်ပညာမှာ ထူးချွန်ပြီး သားရဲတွေကိုလည်း ထိုးနိုင်တယ်ဆိုတာ သူမ သိနေတယ်၊ အဲအချိန်ကတည်းက ငါ သားရဲတွေ ထိန်းကျောင်းနိုင်ခဲ့တယ်၊ ဒီတစ်ခေါက်ပြိုင်ပွဲမှာ ရှီမာမိသားစုက သားရဲတွေအများကြီး ထုတ်လာတယ်ဆိုတာ့ ငါ့ လက်ချက်ဆိုတာ သူမ သေချာပေါက်သိမှာပဲ၊ သူမက အဲအကြောင်းကို နာလန်မိသားစုကို ပြောပြလိုက်ရင် အဲရှေးအဘိုးကြီးတွေက ငါ့ကို ရှင်းပစ်ဖို့ ကြိုးစားမှာပဲ၊ ပြီးတော့ ငါက လီမူနဲ့ မတည့်တော့ သူက သူတို့အသုံးပြု တဲ့ လက်နက်ဖြစ်လာတာပဲ”

သူမ ခန့်မှန်းချက်များသည် အပိုအလိုမရှိသည်မှာ ပြောစရာပင် မလိုပေ။

“နာလန်မိသားစု…” စားပွဲအောက်တွင် ရှီမာယူလင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား လေသည်။ “ပဋ္ဌိပက္ခတွေဖြစ်လာတာကြာပြီ၊ ငါ စဉ်းစားတာတော့ နာလန်မိသားစုကတော့ ရှိကို မရှိသင့်တော့ ဘူး”

“မရဘူး” ရှီမာယူလင်းသည် လူသတ်ချင်စိတ်များ ဖြစ်နေသည်ကို ရှီမာယူယူသိသောကြောင့် သူ့အား တားလိုက်လေသည်။

All Chapters