← Chapters

အပိုင်း (၃၃၄) – တုလေး၏ ခန္ခာကိုယ် မူမှန်ခြင်း

Vol. 004 Ch. 334

အပိုင်း (၃၃၄) – တုလေး၏ ခန္ခာကိုယ် မူမှန်ခြင်း

Vol. 004 Ch. 334

ရှီမာယူယူ သူ့အား တားလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူထင်ထားသည်မှာ သူမ လက်စား ချေမည်ဟူ၍။ သူမ ဘာလို့ နာလန်မိသားစုကို လွှတ်ပေးမှာလဲ။

“မင်း လက်စားမချေချင်ဘ့ူးလား” သူ မေးလိုက်သည်။

“ချေချင်တာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အခုက အချိန်ကောင်းမဟုတ်သေးဘူး”

“သမုဒ္ဒရာနယ်နိမိတ်ကြောင့် မို့လို့လား” ရှီမာယူလင်း ပြောလိုက်သည်။

“သမုဒ္ဒရာနယ်နိမိတ်မှာ အေးအေးချမ်းချမ်းမရှိတာလည်း မင်းကောင်းကောင်းသိတာပဲ၊ ပြီးတော့ နာလန် မိသားစုနဲ့ လီမိသားစုက လက်တွဲနေကြပြီ၊ ငါတို့ အဲမိသားစုတွေနဲ့ အပေးအယူမလုပ်ရင်တောင် တခြားမိသားစု တွေက ကူညီနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ စုပေါင်းအားက အဲမိသားစု နှစ်ခုကို မနိုင်လို့မဟုတ်ဘူး၊ ငါတို့နိုင်ရင်တောင် အဲမိသားစုနှစ်ခုလုံးကို ရှင်းပစ်တာက မြို့တော်တစ်ခုလုံးကို ပွက်လော ရိုက်သွားလိမ့်မယ်၊ သမုဒ္ဒရာနယ်နိမိန် ပေါက်သွားလို့ ပြဿနာဖြစ်လာရင်တော့ ဖြေရှင်းဖို့အတွက် ခေါင်းကိုက် ရမှာပဲ၊ အဲဒါဖြစ်တဲ့အချိန်ထိစောင့်ပြီး သူတို့ကို အပြစ်ပေးတာ ပိုကောင်းမယ်”

ရှီမာယူယူ ပြောသည်များကို သဘောပေါက်သောအခါ ရှီမာယူလင်း သဘောတူလိုက်သည်။ သူမသည် ပြည့်စုံစွာ တွေးထားသဖြင့် သူ ဘာမှပြောရန် မရှိတော့ပေ။

“ကောင်းပြီ ငါတို့ ဘာမှမဆုံးဖြတ်ရသေးခင်ကို သူတော်စင်မြို့တော်ကို သွားကြမယ်” ရှီမာယူလင်း ပြော လိုက်သည် “ငါတို့ ပျောက်နေတာကြာပြီဆိုတာ့ သူတို့ စိတ်ပူနေကြလိမ့်မယ်”

“ကောင်းပြီ” ရှီမာယူယူ သဘောတူလိုက်သည်။ “သွားရအောင်၊ ဒါပေမဲ့ တုလေး အဆင့်တက်အောင် ငါ အရင်ခေါ်သွားလိုက်ဦးမယ်”

သူမသည် နှစ်ယောက်လုံးကို ခေါ်ထုတ်ကာ တုလေးသည် သူ့စွမ်းအင်များ ထုတ်ရန် နေရာကို ရှာတွေ့ လေသည်။ လျင်မြန်စွာပင် အလင်းရောင်သည် သူနှင့် နီးကပ်လာသည်။ သူ အဆင့်သုံးဆင့်တက်ကာ အဆင့် ၁ ဝိညာဉ်ဧကရာဇ် ဖြစ်လာသည်။

“မဆိုးဘူးပဲ ၂နှစ်အတွင်းကို ဝိညာဉ်စစ်သည်ကနေ ဝိညာဉ်ဧကရာဇ်ဖြစ်လာတယ်၊ ဒီလက်ဆောင်ကို  မြို့တော်ကတော့ အံ့သြနေမှာပဲ” ရှီမာယူယူသည် လက်ခံကာ ပြောလိုက်သည်။

လွန်ခဲ့သည့် ၂နှစ်က တုလေးသည် ကျင့်ကြံ၍မရပေ။ သို့သော် ဒီနေ့တွင် သူသည် အဆင့် သုံးဆင့် ဖြစ်သော ဝိညာဉ်စစ်သည်၊ ဝိညာဉ်နယ်ရှင်နှင့် အဆင့်မြင့် ဝိညာဉ်သခင်တို့ကို ဖြတ်ကျောက်ကာ ဝိညာဉ်ဧကရာဇ် ဖြစ်လာသည်။ ဝိညာဉ်အဆောင်ကို လိမ်လည်လျှင်တောင်မှ သူ့တွင် အရည်အချင်းရှိသည် ကိုတော့ ငြင်းမရပေ။

ရှီမာယူလင်းသည် တုလေးအကြောင်းသိသောအခါ အလွန်အံ့သြလေသည်။ သူမနှင့် နီးစပ်သော ဝိညာဉ်သက်ရှိများသည် ပြောင်းလဲမှုများသည်ကို သူ နားလည်လိုက်သည်။

ထို့နောက်တွင် သူတို့သည် ငှက်လေးပေါ်တက်ကာ သူတော်စင်မြို့တော်ဆီသို့ ပျံသန်းကြလေသည်။ သူတို့ ပျံသန်းစဉ်တွင် တုလေးသည် အပြင်လောကကို စိတ်လှုပ်ရှားစွာ ကြည့်နေလေသည်။ ၂နှစ် တာ လေ့ကျင့်ရေး ကာလတွင် သူ ဝိညာဉ်စေတီတွင်ပင် နေထိုင်ခဲ့သည်။ သူသည် အဆင့်တက်မှ ထွက်လာနိုင် သဖြင့် ဝိညာဉ်စေတီတွင် တခြားသားရဲများနှင့် နေထိုင်ရင်း ကျင့်ကြံရသည်။

“တုလေး ငါ တစ်ခုခုသတိထားမိတယ်” ရှီမာယူယူသည် တုလေးအား လေးနက်စွာ ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ အစ်ကို” တုလေးသည် ကြောက်သွားကာ ရှီမာယူယူ အပြုအမူကို ကြည့်နေသည်။

“ဘာဖြစ်လို့လဲ” ရှီမာယူလင်းသည် လေ့ကျင့်ရာတွင် ဘာပြဿနာရှိသည်ကို သိချင်နေသော တုလေး အား ကြည့်လိုက်သည်။

ရှီမာယူယူသည် တုလေး၏ မျက်နှာအား ဆွဲဆိတ်ကာ ပြောလိုက်သည် “မင်းကတော့ ဒီ၂နှစ်အတွင်ကို ထွားမလာဘူး၊ ဘယ်လိုလုပ်များ မင်းကို စတွေ့တုန်းကအတိုင်းပဲ ဖြစ်နေရတာလဲ”

ဟင်….

ရှီမာယူလင်းသည် ရှီမာယူယူအား ကြည့်လိုက် တုလေးအား ကြည့်လိုက်နှင့် ပြောမည့်စကားကို မြိုသိပ် ထားရန် ဆုံးဖြတ်လိုက်သည်။ သူမ အတွေးများသည် အမြဲတမ်းပင် တခြားသူများ တွေးထင်ထားသလို မဟုတ်ပေ။

ရှီမာယူယူ စကားများကြောင့် တုလေး၏ ခန္ဓာကိုယ်လေးသည် တောင့်သွားကာ သူမအား သေချာကြည့် ပြီးပြောလေသည် “ကျွန်တော်… ဝိညာဉ်သားရဲဖြစ်လာပြီးတော့ မထွားတော့တာပဲ”

ရှီမာယူယူသည် နောက်ပြန်ဆုတ်ကာ သူ့အား ကြည့်လိုက်သည်။ ထိုကောင်လေးသည် ၈နှစ် ၉နှစ်လောက် ရှိသည်။ သူ ပြောသည်ကို ကြားရခြင်းမှာ ထိုကဲ့သို့ မဖြစ်နိုင်ပေ။

“ငါ့ကို မှန်မှန်ပြော၊ မင်းအသက်ဘယ်လောက်လဲ၊ မင်းက နှစ်တစ်ထောင်သားရဲလား”

တုလေးသည် သူမ မေးခွန်းကို မဲ့ပြုံးပြုံးကာ ပြောလိုက်သည် “ကျွန်တော်က အဲလောက် အသက်မကြီး သေးပါဘူး၊ ကျွန်တော်က မြင်ရတာထက် ၈နှစ် ၉နှစ်လောက်ပဲ ကြီးတာပါ”

“မင်းက ငါတို့နှစ်ယောက်ထက် အသက်ကြီးနေတာလား” ရှီမာယူယူသည် ရှက်သွားသော တုလေး၏ မျက်နှာအားကြည့်ကာ မျက်လုံးပြူးဖြင့် မေးလေသည်။

“မဟုတ်ဘူး မဟုတ်ဘူး” တုလေး လျင်မြန်စွာ ငြင်းဆန်လေသည်။ “ကျွန်တော်က ဒီနှစ်ကို ၁၆နှစ်ပြည့်ပြီ ကျွန်တော်က အစ်ကိုတို့ နှစ်ယောက်လုံးထက် ငယ်သေးတယ်”

“၁၆နှစ်ပဲလား” ရှီမာယူယူ ထပ်မေးလေသည်။

“ဟုတ်တယ် ဟုတ်တယ်” တုလေးသည် ခေါင်းခါကာ “ဘာလို့လဲတော့ ကျွန်တော်လည်း မသိဘူး၊ ဒါပေမဲ့ ဝိညာဉ်သားရဲဖြစ်လာပြီးတော့ ကျွန်တော့် ခန္ဓာကိုယ်က မပြောင်းလဲတော့ဘူး၊ ကျွန်တော် ထပ်ပြီး ထွားလာ မယ်လို့ ထင်လား အစ်ကို”

“အင်း ငါလည်း အဲဒါကို မသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ယူလင်း၊ ယူလန်ကလည်း ဝိညာဉ်သားရဲ သွေးသားပဲ သူမတုန်းက ဘယ်လိုကြီးလာတာလဲ”

“သူတို့က ဝိညာဉ်သားရဲ သွေးသားဖြစ်တာနဲ့ မဆိုင်ဘူးထင်တယ်” ရှီမာယူလင်း ပြောလိုက်သည် “ယူလန်က ဒီလိုတော့မဟုတ်ပေမယ့် သူမက သာမာန်လူတွေထက် ထွားတာနောက်ကျတယ်၊ တုလေးကကျ ယူလန်နဲ့ ယှဉ်ရင် ဝိညာဉ်သားရဲသွေးသားက ပိုသန်မာလို့ထင်တယ်၊ အဲဒါကြောင့်လားဆိုတာတော့ ငါလည်း မသေ ချာဘူးနော်”

“အင်း…ငါတို့ ဆရာလာတာကို စောင့်ပြီးမှ မေးရမယ်ထင်တယ်၊ သူက အဲအကြောင်းတွေနဲ့ ပတ်သတ်ပြီး သိတော့ အကြောင်းအရင်းကိုတော့ ပြောနိုင်မှာပါ” ရှီမာယူယူ ပြောလိုက်သည်။

“အစ်ကို ကျွန်တော့် ခန္ဓာကိုယ်မှာ ပြဿနာရှိနေတာတော့ မဟုတ်လောက်ပါဘူးနော်” တုလေးသည် ရှီမာယူယူအား စိုးရိမ်စွာ မေးလေသည်။

ရှီမာယူယူ သူ့ခေါင်းအား ပုတ်ကာ ပြောလိုက်သည် “မင်း မှန်တယ်ထင်ပါတယ်၊ တခြားတော့ မရှိ လောက်ပါဘူး ဟီးဟီး ယောကျ်ားလေးတွေရဲ့ ကြီးထွားနှုန်းက မိန်းကလေးတွေထက် ပိုနှေးတတ်တာပဲလေ”

ဘာ…

ရှီမာယူလင်း အေးခဲသွားကာ တုလေး၏ မျက်နှာသည် ကျောက်ပုစွန်ကဲ့သို့ နီရဲသွားကာ သူမ ပြောသည် ကို သူတို့နှစ်ယောက်လုံး တုန့်ဆိုင်းသွားကြသည်။ ကောင်လေးကနေ ယောက်ျားလေးအဖြစ် ကြီးထွားတယ် ဟုတ်လား။ ရုတ်တရက် ဘာလို့အဲလို တွေးမိတာလဲ။

ရှီမာယူယူသည် သူမ ပြောစကားကို သိပ်အာရုံမထားပဲ တုလေး၏ မျက်နှာသေးသေးလေးအား ဆွဲကာ ပြောလိုက်သည် “တကယ်တော့ မင်း ဒီလိုပုံက ပိုချစ်စရာကောင်းတယ် ထင်တာပဲ၊ မင်း ကြီးလာရင် ငါ့ကို အကပ်ခံမှာတောင် မဟုတ်ဘူး ဟားဟား”

တုလေးသည် ရှီမာယူယူ၏ လက်အား ဖယ်ကာ သူ့မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး အော်လေသည် “အစ်ကိုကတော့ တကယ်ပဲ” ထို့နောက် သူမအား လျစ်လျူရှုလေသည်။ ရှီမာယူယူသည် တုလေး၏ အပြုအမူကို ကြည့်ပြီး သူမဘာသာ ကျေနပ်ကာ ရယ်နေလေသည်။ ရှီမာယူလင်းသည် ငှက်လေး၏ ကျောတွင်မှီကာ သူမအား ကြည့်ပြီး တစ်ချိန်တည်းမှာပင် ပြုံးလိုက်မိသည်။

ငှက်လေးသည် သူတို့အား မနက်နေမထွက်ခင် သူတော်စင်မြို့တော်သို့ ရောက်အောင် ခေါ်သွားကာ သူတို့ရောက်သွားချိန်တွင် မြို့တံခါးပင် မဖွင့်သေးပေ။ အချိန်ကျ၍ အစောင့်များသည် တံခါးဖွင့်ရာ တံခါးအပြင် တွင်စောင့်နေကြသော လူများကို တွေ့သောအခါ အံ့သြသွားပြီး စာရင်းမှတ်ကြလေသည်။ ရှီမာယူယူနှင့် တခြား သူများသည် အံ့သြနေသော အစောင့်များကို အာရုံစိုက်ရန် အချိန်မရှိပေ။ သူမသည် သံမဏီလက်သည်းကျား ကို ခေါ်ပြီး ရှီမာမိသားစုအိမ်သို့ ပို့ခိုင်းလိုက်သည်။

သူတို့ မြင်ကွင်းမှ ပျောက်သွားသည်နှင့် အစောင့်သည် မေးလိုက်သည် “အဲဒါ ရှီမာမိသားစုက နှစ်ယောက် မလား”

“တကယ်ပဲ သူတို့လား”

“သူတို့ အသက်ရှင်လျက်ပြန်လာတယ်၊ မယုံနိုင်စရာပဲ”

“သူတို့က တောင်က အဲဒီ သားရဲအရှင်သခင်ကို ဖျက်ဆီးလိုက်တာတော့ မဟုတ်လောက်ပါဘူးနော်၊ သူတို့ ဘယ်လိုလုပ် ဒီရောက်လာတာလဲ”

“ဟီး ဟီး စိတ်ဝင်စားစရာတော့ ကောင်းနေပြီ”

“လီမိသားစု ဆန်းမိသားစု၊ ဟူမိသားစုနဲ့ နာလန်မိသားစုတို့က သူတော်စင်မြို့တော်ကနေ ထွက်သွား ကြပြီမလား၊ ရှီမာမိသားစုပဲ ရှိတော့တာ”

“အဂ္ဂိရတ်ပညာရှင်အသင်းက ရှီမာမိသားစုကို ဘယ်လိုအရေးယူမလဲကြည့်ကြတာပေါ့”

“ဖြစ်လာမှာတွေကို ကြည့်ရရင်ကောင်းမယ်”

“စိတ်ကူးယဉ်တာတွေ တော်တော့ ဂိတ်ကိုသာ ပြန်စောင့်လိုက်”

ရှီမာယူယူနှင့် တခြားသူများသည် ပြေးသွားရာ သူတော်စင်မြို့တော်သည် ပြီးခဲ့သည့် တစ်ခေါက် သူတို့ မှတ်မိသည့် မြို့နှင့် ယှဉ်လျှင် ရှင်းလင်းနေသည်။

ရှီမာမိသားစုအိမ်တွင် ရှီမာမိသားစုဝင်များသည် အိမ်ပေါက်ဝတွင် စိတ်ပျက်စွာ ရပ်နေကြသည်။ ရှီမာယူယန်သည် အားလုံးရှေ့တွင်ရပ်ကာ “အားလုံးက လက်လျော့ပေမယ့် ငါတို့ ရှီမာမိသားစုက ဘယ်တော့မှ လက်မလျော့ဘူး၊ ဒီနေ့ ငါတို့ သားရဲတစ်သောင်းတောင်ကို သူတို့ကို သွားပြန်ှရှာမယ်၊ ကောလဟလတွေ မှန်မှန် မမှန်မှန် သူတို့ အသက်ရှင်တာကို ငါကိုယ်တိုင် မြင်ရမှဖြစ်မယ်၊ သူတို့ သေသွားရင်တောင် အလောင်းတော့ တွေ့မှဖြစ်မယ်”

“အခု အစ်ကိုတို့က ဘယ်သူ့ကို သွားရှာမလို့လဲ”

လူအုပ်နောက်မှ ရယ်သံတစ်ခုထွက်ပေါ်လာကာ လူတစ်စုသည် လှည့်ကြည့်ရာ အံ့သြသွားလေသည်။

All Chapters