← Chapters

အပိုင်း (၃၃၅) – ဝူလင်းယူ ရှုပ်ထွေးလာခြင်း

Vol. 004 Ch. 335

အပိုင်း (၃၃၅) – ဝူလင်းယူ ရှုပ်ထွေးလာခြင်း

Vol. 004 Ch. 335

ရှီမာမိသားစုမှ အားလုံးသည် သူတို့ဆီသို့လာနေသော ဝိညာဉ်သားရဲပေါ်မှ လူများကို အံ့သြစွာဖြင့် မျက်လုံး ပြူးများဖြင့် ကြည့်လေသည်။ ထို့နောက်တွင် အားလုံး တက်ကြွလာသည်။

“ယူယူ ယူလင်း မင်းတို့ အသက်ရှိသေးတယ်”

“ကောင်းလိုက်တာ”

“သူတို့ မသေဘူးလို့ ငါပြောပါတယ်”

ရှီမာယူလီနှင့် တခြားသူများ ပြေးလာကာ ရှီမာယူယူသည် ရာဟွောင်၏ ကျောမှဆင်းလိုက်သည်။ သူမ အစ်ကိုလေးယောက်၏ ပင်ပန်းသော်လည်း စိတ်လှုပ်ရှားနေသော မျက်နှာများကို ကြည့်ရင်းနှင့် သူမ ပြုံးကာ ကြေညာလိုက်သည် “အစ်ကိုတို့ ကျွန်တော် ပြန်လာပြီ”

ရှီမာယူမင်သည် သူမ ပခုံးအား ပုတ်ကာ စူးရှသော အသံဖြင့် ပြောလေသည် “မင်း ပြန်လာတာ ကောင်း တယ်”  ရှီမာယူရွှီနှင့် တခြားသူများသည် သူတို့အား ဝိုင်းထားကာ မထိမခိုက်ပဲပြန်လာသော သူတို့အား ကြည့် ကာ မျက်နှာများတွင် အပြုံးများ ပေါ်လာလေသည်။

“အားလုံးကို စိတ်ပူစေတဲ့အတွက် တောင်းပန်ပါတယ်” ရှီမာယူယူသည် အားလုံးအား ကြည့်ကာ ပြော လိုက်သည်။

“မင်း ပြန်လာတာကို ဝမ်းသာနေပြီ” ရှီမာယူယန်သည် သူတို့နှစ်ယောက် ပခုံးကို ပုတ်ကာ ပြောလိုက် သည် “မင်းတို့ ပြန်လာပြီဆိုတော့ အရင်ဝင်ရအောင်”

“အင်း” ရှီမာယူယူသည် သူမ ပတ်လည်တွင် စုအုံနေသော လူများကို ကြည့်ကာ အားလုံးနောက်သို့ လိုက်လာခဲ့သည်။

“ငါတို့ အိမ်မှာ ရှင်းစရာတွေအများကြီးဖြစ် နေခဲ့တာ၊ သခင်တွေအားလုံးနဲ့ သက်ကြီးပိုင်းပုဂ္ဂိုလ်တွေက အိမ်ကိုပြန်ကြတယ်၊ ငါ့အဖေနဲ့ သူတို့မျိုးဆက်တွေနဲ့ ငါတို့လို အငယ်တွေက မင်းတို့ကို ရှာဖို့ နေခဲ့တယ်” ရှီမာယူ ယန်သည် လမ်းလျှောက်ရင်း ရှင်းပြလေသည် “ဒါပေမဲ့ အဘိုးလင်းနဲ့ အဘိုးလိုင်တို့လည်း နေခဲ့တယ်”

သူတို့ သိပ်မလျှောက်ရသေးခင်ပင် သူတို့နှစ်ယောက်အား ကြည့်နေသော ရှီမာလင်းနှင့် တွေ့ရာ ရိုးရှင်း စွာပင် ပြောလေသည် “မင်းတို့ ပြန်လာတာ ကောင်းတယ်”

ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် ရှီမာလင်းအား အရိုအသေပေးပြီး ပြောလေသည် “အဘိုး ကျွန်တော် တို့ နှစ်ယောက်လုံး ပြန်လာပါပြီ”

“အဘိုးလင်း”

“ခန်းမဆောင်ထဲ သွားပြောကြတာပေါ့” ရှီမာလင်း ပြောလိုက်သည်။

ထိုအချိန်တွင် ရှီမာလိုင်အသံထွက်ပေါ်လာသည် “ယူယူ ပြန်လာပြီလား” ထို့နောက်တွင် သူ အလင်း၏ အရှိန်နှုန်းဖြင့် ပြေးလာကာ ရှီမာယူယူအား ကြည့်ပြီး ကျယ်လောင်စွာ အော်လေသည် “ဘယ်တွေ သွားဆော့နေ တာလဲ ဒီကောင်လေးကတော့”

“ကျွန်တော် မဆော့ပါဘူး” ရှီမာယူယူ စိတ်ကောက်လေသည်။

“မဟုတ်ဘူးဘား” ရှီမာလိုင်သည် သူမ နောက်ကျောအား ရိုက်ကာ ပြောလိုက်သည် “မင်းမှာ မိခင် ကျောက်တုံးရှိနေတာကို ငါတို့ကို ဘာလို့မဆက်သွယ်လဲ”

သူမတွင် အသက်စောင့် ပစ္စည်းများစွာရှိသည်ကို အားလုံးသိသည်။ သူမ၏ မိခင်ကျောက်တုံးမှာ အဆက်အသွယ်မရသဖြင့် အားလုံးသည် စိတ်ပူ၍ သေတော့မည်။

“ကျွန်တော် သတိမရလိုက်လို့ပါ” ရှီမာယူယူ ပြောလိုက်သည်။

“လိုင် စိတ်အေးအေးထားဦး၊ သူတို့နှစ်ယောက် ဖြစ်ခဲ့တာတွေကို အရင်နားထောင်ဦး” ရှီမာလင်း ပြောလေသည်။

“ဟုတ်တယ် အဘိုး ဒီလိုလုပ်နေရင် ညီလေး ၅က ဘာဖြစ်ခဲ့တယ်ဆိုတာ ပြောဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး” ရှီမာယူရန် ပြောလိုက်သည် “ညီလေး ၅က သူကိုယ်တိုင် ထွက်လို့မရတဲ့ မတော်တဆတွေ့ခဲ့လို့ ကျွန်တော်တို့ကို မဆက်သွယ်နိုင်တာနေမှာပါ” ရှီမာယူယူသည် ခေါင်းညိတ်လိုက်သည်။ သူမ အစ်ကိုလတ်က တော့ သူမကို နားအလည်ဆုံးပင်။

“သွားရအောင်” ရှီမာလိုင်သည် သူ စိုးရိမ်နေသမျှကို ရှီမာယူယူ ပြန်လာသည်ကို မြင်သည်နှင့် မထိန်းချုပ် နိုင်တော့ပေ။

ခန်းမတွင် လူစုကာ တခြားသော သူများသည် သူတို့တာဝန်ကျရာနေရာမှ ပြန်လာလေသည်။ ရှီမာလိုင် နှင့် ရှီမာလင်းတို့သည် ကျန်ရှိခဲ့သော သက်ကြီးပိုင်းများဖြစ်ကာ အလယ်တွင် ထိုင်ကာ ကျန်သောနေရာများတွင် ရှီမာယူမင်နှင့် ညီအစ်ကိုလေးယောက် ဖြစ်သော ရှီမာယူယန်၊ ရှီမာယူယူနှင့် ရှီမာယူလင်းတို့သည် ညာဘက် တွင်ထိုင်ကြလေသည်။

“အစ်ကိုလတ် ကျွန်တော်တို့ကို ရှာဖို့ ဘာလို့ သားရဲတစ်သောင်းတောင်ကို သွားမှာလဲ” ရှီမာယူယူသည် ခန်းမသို့ ဝင်လာသည်နှင့် မေးလိုက်သည်။

“မင်းက အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ အစည်းအဝေးကို ကိုးရိုးကားရားသွားလုပ်ပြီး သားရဲ တစ်သောင်း တောင်ကိုသွားမယ့် လှည်းထဲဝင်လိုက်လို့ပြောတယ်” ရှီမာယူရန် ပြောလေသည် “မင်းတို့ ဒီရက်ပိုင်းတွေမှာ ဘယ်တွေရောက်နေတာလဲ”

ရှီမာယူယူ အေးစက်စွာ ရယ်မောကာ ပြောလိုက်သည် “ကျွန်တော်တို့ အပို့လိုက်ခံရတာပဲ၊ ဒါပေမဲ့ သားရဲ တစ်သောင်းတောင် တောင်ခြေတော မဟုတ်ဘူး၊ နဂါးတန်ပြန်တောင်ရဲ့ အတွင်းပိုင်းထဲကို”

“နဂါးတန်ပြန်တောင်ရဲ့ အတွင်းပိုင်း ဟုတ်လား အဲဒါက…” ရှီမာယူယန်သည် အော်လိုက်မိသည်။

“ဟုတ်တယ် ကျွန်တော်တို့် အဲဒီဖိအားပေးနေတဲ့ သားရဲဆီကို အပို့ခံလိုက်ရတယ်” ရှီမာယူယူ ပြောလိုက် သည်။

“ဟာစွန် ဒဏ်ရာရလာတဲ့နေရာလား” ရှီမာလိုင် ရင်ပူသွားသည်။ ဟာစွန်တောင် ပြန်လာချိန်တွင် အသက်လုရသည်။ သူတို့ ထိုနေရာသို့အပို့ခံလိုက်ရသော အချက်သည် ကြီးမားသော ကိစ္စပင်ဖြစ်သည်။ ဒါကြောင့်ပင် သူမ အချိန်အတော်ကြာ ဆက်သွယ်၍မရခြင်းပင်။ ထိုနေရာသည် အလွန်အန္တရာယ်များကာ အာရုံ မစိုက်မိလျှင် အသက်ဆုံးရှုံးနိုင်သည့် နေရာဖြစ်သည်။

“ဘာတွေဖြစ်ခဲ့လဲ မင်းတို့ ငါ့ကို သေချာရှင်းပြပေးဦး” ရှီမာလိုင် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

လီမူသည် ကျောက်စိမ်း၏ အစေခံကို အသုံးချကာ သူမအား ထောင်ချောက်ဆင်ပုံနှင့် နဂါးတန်ပြန် တောင်သို့ အပို့ခံလိုက်ရသည်များကို ရှီမာယူယူ ရှင်းပြလေသည်။ နာလန်လန် ပါဝင်သည့် အကြောင်းကိုလည်း ပြောပြလေသည်။

“အဲအိမ်နှစ်အိမ်ကို ကျွန်တော်ကိုယ်တိုင် တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိပါတ်ယ၊ ဒါပေမဲ့ လီမူနဲ့ အဂ္ဂိရတ်ပညာရှင်တွေနဲ့ လီမိသားစုနဲ့ နာလန်လန်လိုမျိုး ဒီကိစ္စမှာ တိုက်ရိုက်ပါနေတဲ့သူတွေကိုတော့ အလွှတ် မပေးဘူး၊ ကျောက်စိမ်းနဲ့ အစေခံမိန်းကလေးတောင် သေစေရမယ်” ရှီမာယူယူသည် ရှင်းပြခြင်း ပြီးံဆုံးလေ သည်။

သူတို့ ကြုံတွေ့ခဲ့ရသမျှကို နားထောင်ပြီးနောက် ရှီမာမိသားစုဝင်များသည် ဒေါသထွက်ကြသည်။ သို့သော် သူမ နောက်ဆုံးပြောလိုက်သောစကားကြောင့် အားလုံး၏ အမူအရာများသည် တုန်လှုပ်ခြင်းသို့ ပြောင်း လဲသွားကြသည်။

“ဘာလဲ အဲလူနည်းနည်းလောက်ကို မထိရဘူးလို့ပြောမလို့လား” ရှီမာယူယူသည် အားလုံး၏ အမူအရာ များကို ကြည့်ကာ မျက်နှာရိပ် မျက်နှာကဲ ကြည့်နေလေသည်။

“မဟုတ်ဘူး” ရှီမာလင်း ပြောလိုက်သည် “သူတို့က ရှီမာမိသားစုဝင်ကို ထိဖို့ လုပ်မှတော့ သူတို့လည်း ထိုက်တန်တာကို ခံရမှာပဲ ဒါပေမဲ့…”

“ဘာကိုလဲ” ရှီမာယူယူ မေးလိုက်သည်။

“မင်းတို့နှစ်ယောက် ပျောက်သွားတဲ့နောက်မှာပဲ ကျောက်စိမ်းရဲ့ အစေခံက ထောင်ထဲမှာ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်၊ ပြီးတော့ နာလန်လန်ကလည်း ပညာရှိစံအိမ်တော်က လူတွေနဲ့ ကမ္ဘာဦးနယ်မြေကို လိုက် သွားပြီ” ရှီမာယူရန် ပြောလိုက်သည်။

“ကမ္ဘာဦးနယ်မြေ ဟုတ်လား၊ သူမက ဘာလို့ ပညာရှိစံအိမ်တော်က လူတွေနဲ့ အဲဒီကို သွားရတာလဲ”

“အဲတုန်းက ပညာရှိစံအိမ်တော်က လူတွေဆင်းလာပြီး သူမ ကိုတွေ့တော့ သူမ အရည်အချင်းနဲ့ ခန္ဓာ ကိုယ် တည်ဆောက်ပုံက အဆင့်မြင့်တယ်လို့ တွေးပြီး စံအိမ်တော်ကို မြင့်မြတ်တဲ့ သမီးတော် အနေနဲ့ ခေါ်သွား မယ်လို့ ကြားတယ်၊ သူမ လက်ရှိအရည်အချင်းက လိုသေးတယ်လို့လဲ ပြောတယ်၊ သူအဲဒီကို သွားရင်တောင် နတ်ဘုရားအဆင့် အရည်အချင်းကို ဖြတ်ရမယ်တဲ့၊ အဲသတင်း ထွက်ပြီး နှစ်ရက်ကြာတော့ သူ ထွက်သွားတာပဲ” ရှီမာယူရန် ရှင်းပြလေသည်။

“အဲတော့ နာလန်လန်က ယိလင်းတိုင်းပြည်မှာ မရှိတော့ဘူးပေါ့” ရှီမာယူယူ ပြောလိုက်သည်။ သူမတွင် လက်စားချေရန် လေးယောက်ရှိရာ တစ်ယောက်သည် ကိုယ့်ကိုယ်ကို သတ်သေသွားကာ တစ်ယောက်သည် ထွက်သွားခဲ့သည်။ ထို့ကြောင့် သူတို့မျက်နှာများ ထူးဆန်းသည့် အမူအရာဖြစ်နေခြင်းဖြစ်သည်။

“အဲတော့ နာလန်လန်က ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်တဲ့ သမီးတော်ဖြစ်လာတာပေါ့၊ ကြုံရင် သူတို့ မြင့်မြတ်တဲ့ သမီးတော်ကို ဘယ်လိုရွေးတာလဲဆိုတာ စီနီယာအစ်ကိုကို မေးရမယ်” ရှီမာယူယူ မကျေနပ်စွာ ပြော လေသည်။

“သူမရဲ့ ကြာပန်းခန္ဓာကိုယ်တည်ဆောက်ပုံက ပညာရှိစံအိမ်တော်က ရှာနေတဲ့ပုံမျိုးပဲ” ဝူလင်းယူ၏ အသံ ရုတ်တရက်ထွက်လာသောကြောင့် အိမ်ထဲရှိ လူများ လန့်သွားလေသည်။ သူ အိမ်ထဲသို့ ဝင်ကာ ဖြတ်လျှောက်သွားချိန်တွင် ပင်လယ်အနံ့များ ပျံနှံ့သွားသည်။

“ခင်ဗျားပြန်လာပြီလား” ရှီမာယူယူသည် ဝူလင်းယူအား ကြည့်ပြီး ပြောလိုက်သည် “ကျွန်တော့်ကို ပြော ဦး ခင်ဗျားက နာလန်လန်ကို မြင့်မြတ်တဲ့ သမီးတော်ဖြစ်အောင် ရွေးလိုက်တာလား”

“စံအိမ်တော် ဦးစီးမှူးမူက ငါနဲ့အတူလာပြီးနော့ နာလန်လန်ကို အခွင့်အရေးပေးပြီး သူမကို ခေါ်သွားတာ ပဲ၊ ဒါပေမဲ့ ငါ ဘာမှတောင် မသိလိုက်ဘူး” ဝူလင်းယူသည် ရှီမာယူယူဘေးတွင် ဝင်ထိုင်လိုက်သည်။

“စံအိမ်တော် ဦးစီးမှူးက ဘယ်လိုလုပ် ဒီလိုနေရာမျိုးကို လာရတာလဲ” ရှီမာယူယူ ပြောလိုက်သည် “ခင်ဗျားက နာလန်လန်ရဲ့ ကြာပန်း ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောလိုက်လို့နေမှာပေါ့”

ဘာတွေဖြစ်နေသလဲဆိုသည်ကို ဝူလင်းယူ မသိသော်လည်း ရှီမာယူယူ ဒေါသထွက်နေသည်ကို သိသဖြင့် သူလည်းပဲ ဒေါသဖြင့် ပြောလေသည် “ငါ သူမကို အရင်ကမမြင်ဖူးပါဘူး၊ သူမ ဝိညာဉ်တည်ဆောက်ပုံ ကို ငါဘယ်လိုသိမှာလဲ၊ စံအိမ်တော်ဦးစီးမှူးမူက ပြဿနာဖြေရှင်းဖို့ ဆင်းလာပြီး ငါက ပြဿနာတွေ အချိန်မှီဖြေရှင်းဖို့ သမုဒ္ဒရာနယ်နိမိတ် ကိုသွားနေတာ၊ အဲဒါကြောင့် ငါနဲ့ အတူလိုက်လာတာပဲ၊ ပြီးတော့ နာလန်လန်က မင်းကို ဘာလုပ်ခဲ့တာလဲ”

All Chapters