← Chapters

အလင်းမဲ့ အမှန်တရား

Vol. 30 Ch. 420

အလင်းမဲ့ အမှန်တရား

Vol. 30 Ch. 420

အခန်း (၄၂၀) : အလင်းမဲ့ အမှန်တရား

“ ဒါက မင်းရဲ့ အုပ်စိုးသူကို ပြောတဲ့ပုံစံလား” ထိုအရိပ်က မေးလိုက်သည်။

“ အုပ်စိုးသူတဲ့လား” ချန်းထုံက သရော်ကာ ပြန်ပြောလိုက်သည်။

“ ကပ်ပါးတွေက ထင်ယောင်ထင်မှားတွေ ဖြစ်နေတာပဲ။ ငါက အထွတ်အထိပ်အခြေအနေမှာ မင်းတို့ ၇ယောက်လုံးကို လက်တစ်ဖက်တည်းနဲ့ ချေမွပစ်နိုင်တယ်။ အခု မင်းတို့က ငါ့ရဲ့ အုပ်စိုးသူလို့ လာပြောနေတာလား။ တကယ်လို့ မင်းတို့သာ အခြေအနေကို အခွင့်ကောင်း မယူခဲ့ရင် မင်းတို့ကောင်တွေက ငါနဲ့ တခြားသူတွေကို ဒီလိုမျိုးပြောဖို့ အရည်အချင်း ပြည့်မှီမယ်များ ထင်နေလား”

ချန်းထုံက ထိုလူများအား အမှန်တကယ် ရွံရှာမိသည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသည် အားအကောင်းဆုံး ဟွင်သွမ်းကမ္ဘာထဲမှ တစ်ခု ဖြစ်၏။ သူတို့က အရင်းအမြစ်ကမ္ဘာများကြား စံပြအရေအတွက် မြောက်များစွာနှင့် အားအကောင်းဆုံးလူများကို မွေးထုတ်နိုင်ခဲ့ကြသည်။ သူတို့၏ လွှမ်းမိုးမှုက ဟွင်သွမ်းတစ်လျှောက် ပျံ့နှံ့နေ၏။

သို့သော်လည်း ထိုကပ်ပါး ခုနစ်ကောင် အာဏာသိမ်းပြီးကတည်းက သူတို့သည် ကမ္ဘာအား သည်းမခံနိုင်လောက်ဖွယ် အနေအထားအထိ အားနည်းအောင် လုပ်ခဲ့ကြသည်။

ချန်းထုံက ထိုစကားများ ပြောလိုက်သည်နှင့် အရိပ်၏ ပုံရိပ်က နာနိုစက္ကန့်ပိုင်းမျှသာ ထင်ဟပ်လာခဲ့သော်လည်း ကပ်ဘေးရလဒ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အဆုံးမဲ့လေဟာနယ်အတွင်း အက်ကြောင်းများစွာ စတင်ပေါ်ထွက်လာ၏။ ထိုစဉ် အလွှာနိမ့်တစ်ခုလုံးက ဖျက်စီးခံရတော့မည့်ပုံ ပေါက်လာသည်။ ထိုအရိပ်က သူ့အငွေ့အသက်သာ သေချာထိန်းချုပ်မထားလျှင် ထိုသို့ဖြစ်သွားလိမ့်မည်။

အကယ်၍ သူသာ အချိန်မီ မရပ်လိုက်ပါက သူတို့၏ ကမ္ဘာ့အသိုက်အဝန်းအပါအဝင် ကောင်းကင်အလိုဆန္ဒကမ္ဘာ အားလုံးသည် ချက်ချင်းဆိုသလို ပျက်သုဉ်းသွားလိမ့်မည်။ ကံကောင်းစွာဖြင့် အရိပ်က သူ့အငွေ့အသက်ကို ထိန်းချုပ်လိုက်ပြီး တည်နေရာတစ်ခုအား လှမ်းကြည့်လိုက်သည်။

သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွှာနိမ့်ရှိ အပျက်အစီးအားလုံးကို ပြင်ဆင်ပြီးသား ဖြစ်သွားပြီး အရင်းအမြစ်ကိုပင် အနည်းငယ် အားကောင်းသွားစေသည်။ ထို့နောက် သူက ချန်းထုံက ဘာမှမဖြစ်သကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။

“ ငါက မင်းနဲ့ စကားများဖို့ ရောက်လာတာ မဟုတ်ဘူး”

“ အဲဒါဆို ဘာလို့ရောက်လာတာလဲ” ချန်းထုံက ထိုလူ၏ ခွန်အားကို မအံ့ဩမိပေ။

“ အလင်းမဲ့အမှန်တရားက အလွှာနိမ့်မှာ ထွက်ပေါ်လာပြီ”

“ ဘယ်လို” ချန်းထုံက ထိုင်ရာမှ ထရပ်ကာ မေးလိုက်သည် “ ဘယ်မှာလဲ”

“ အစွန်အဖျား ပင်လယ်ထဲမှာ”

ချန်းထုံက အနောက်မြောက်ဘက်သို့ ကြည့်လိုက်ပြီးနောက် ကာလံဒေသံ သဘောတရားအား လျစ်လျူရှုကာ အဆုံးမဲ့လေဟာနယ်၏ အဆုံးသတ်ကို လှမ်းကြည့်လိုက်သည်။

သူက ထိုနေရာတွင် တည်ရှိနေသည့် မီးခိုရောင်မြူကို မြင်လိုက်ရ၏။

ချန်းထုံက ခေတ္တမျှကြည့်လိုက်ပြီးနောက်တွင် ဆက်လက် မကြည့်ရဲတော့ပေ။ သူ့မျက်ဝန်းအထက် အကြောက်တရားတစ်ခု ဖြတ်ပြေးသွား၏။

“ ဒါက မင်းတို့ရဲ့ အမှားပဲ” သူက အော်ပြောလိုက်သည် “ မင်းတို့သာ ငါတို့ကမ္ဘာကို ဒီလောက်အဆင့်အထိ အားနည်းအောင် မလုပ်ခဲ့ရင် အလင်းမဲ့အမှန်တရားက ဘယ်လိုလုပ် ဒီအထိရောက်လာမှာလဲ”

“ မင်းလည်း ကောင်းကောင်းသိပါတယ်။ အဲဒါက အမှန် မဟုတ်ဘူးဆိုတာကို” ထိုအရိပ်က ပြောလိုက်သည် “ အလင်းမဲ့အမှန်တရားက အချိန်စတင်ကတည်းက တည်ရှိနေတာ။ ဟွင်သွမ်းကမ္ဘာအများစုဆီလည်း ပျံ့နှံ့ပြီးသွားပြီ။ သူတို့တွေက ဘယ်လောက်အားကောင်းကောင်းပေါ့”

ချန်းထုံက ထိုလူသည် အမှန်အတိုင်းပြောနေကြောင်း သိလိုက်လေသည်။ အလင်းမဲ့အမှန်တရားသည် စကြဝဠာအတွင်း တားမြစ်ချက်တစ်ခုဟု ယူဆနိုင်လေသည်။ ပြောရလျှင် သက်တမ်းအရင့်ဆုံး ဖြစ်၏။ ထိုတည်ရှိမှုက ဟွင်သွမ်းစကြဝဠာ၏ စတင်မှုကို နောက်ယောင်ခံနိုင်သည်။ မိစ္ဆာနတ်ဘုရားများ အုပ်စိုးစဉ်အခါကတည်းက ယခုအထိ တည်ရှိဆဲ ဖြစ်၏။

ထိုအရာက မီးခိုးရောင်မြူအဖြစ်သာ တည်ရှိပြီး လူအများက ထိုအရာကို နာမည်များစွာ ခေါ်ခဲ့ကြပြီး အကျော်ကြားဆုံးတစ်ခုမှာ အလင်းမဲ့ အမှန်တရားဟူ၍ ဖြစ်သည်။ အကြောင်းမှာ ထိုမြူသည် စကြဝဠာ၏အဆုံး အကြွင်းမဲ့အမှန်တရားကို ဖုံးကွယ်ထားသည်ဟု ယုံကြည်နေကြသည်။ ထိုအမှန်တရားက လူများ လက်ခံနိုင်သည့်အရာ မဟုတ်ပေ။

ဟွင်သွမ်းတစ်ခုလုံး ပျံ့နှံ့ကာ တည်ရှိခြင်းက အလင်းမဲ့အမှန်တရားကို ကြောက်ရွံ့သည့် အကြောင်းအရင်း မဟုတ်ပေ။ အဓိကအကြောင်းအရင်းက မခန့်မှန်းနိုင်ဖွယ် အခြေအနေကြောင့် ဖြစ်၏။ တခြားကမ္ဘာများတွင် မီးခိုရောင်မြူက ကပ်ဘေးအဖြစ် ပြုမူကာ အားကြီးပုဂ္ဂိုလ်များနှင့် တစ်ကမ္ဘာလုံးကိုပင် ရှင်းထုတ်ပစ်ခဲ့သည်။

ထိုအရာက မိစ္ဆာနတ်ဘုရားများ၊ စံပြ၊ တာအိုအုပ်ချုပ်သူနှင့် ထာဝရဘုရင်များက ရပ်တန့်ဖို့ ကြိုးစားစေကာမူ သူတို့က ထိုမြူကြောင့် ပျက်သုဉ်းသွားလိမ့်မည်။ ခြွင်းချက်ဟူ၍ မရှိပေ။

တစ်ချိန်တည်းဆိုသလို လူတချို့က ထိုမြူထဲ ဝင်ရောက်နိုင်ကြပြီး ဘာမှမဖြစ်ကြပေ။ သူတို့က ထိုအရာအတွင်း ဝင်နိုင်ထွက်နိုင်ကြ၏။ လူတချို့ကမူ ထိုမြူဆီမှ ဆုလာဘ်များ ရရှိကြသည်။

ထိုအရာက အားကောင်းသည့် လက်နက်၊ ပါရမီ တိုးမြှင့်ခြင်း၊ ရှားပါးသည့် လက်နက်များ စသည်ဖြင့် ဖြစ်နိုင်သည်။ ဟွင်သွမ်း၏ အားကောင်းသည့် ပုဂ္ဂိုလ်များစွာက အလင်းမဲ့အမှန်တရားမှ ဆုလာဘ် ရရှိပြီးသည့်နောက်တွင် မွေးဖွားလာကြသည်။

သို့သော်လည်း ကံဆိုးသည့် အရာတစ်ခုက အဆိုး၊ ကြားနေနှင့် အကောင်းဘက် ရရှိဖို့အတွက် လိုအပ်ချက်များကို မည်သူမှ မသိကြပေ။ ထို့ကြောင့် မြူအတွင်း ဝင်ရောက်ခြင်းက အလောင်းအစားလို ဖြစ်၏။

ထိုမြူအား ပိုမိုကြောက်ဖို့ ကောင်းသည့်အချက်မှာ မဟာတာအို၏ မျက်လုံးပင် ထိုအရာကို ဖယ်ရှားဖို့ စွမ်းရည် မရှိပေ။ လူများစွာက ထိုအရာ၏ စွမ်းအားကို ငှားယူဖို့ ကြိုးစားခဲ့ကြပြီး သူတို့၏ အကောင်းဆုံးရလဒ်က ဖြန့်ကျက်မှုကို နှောင့်နှေးသွားပြီး ခေတ္တမျှ ငြိမ်သွားစေခြင်းသာ ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် မြူခိုး ပျံ့နှံ့လာသည်ဟု ကောလဟာလရှိသည်နှင့် စကြဝဠာ၏ အဆုံးသတ် ဖြစ်သွားလိမ့်မည်။ သက်ရှိအားလုံး အဆုံးသတ်သွားပြီး တာအိုကိုယ်တိုင်ပင် ခြွင်းချက်မဟုတ်ပေ။

ထိုအရာအားလုံးကို စဉ်းစားပြီးသည့်နောက်တွင် ချန်းထုံက အေးစက်စက် ပြောလိုက်သည် “ မင်း ပြောတာက အမှန်ဖြစ်ရင်တောင် ဒီမြူက ဒီအချိန်မှာ ပေါ်လာတာ တိုက်ဆိုင်မှု ဖြစ်နိုင်ပါ့မလား”

အရိပ်က ခေတ္တမျှရပ်တန့်သွားပြီးနောက် “ ငါက မင်းကို အပေးအယူ လုပ်ဖို့လာတာ။ ဒီမြူကို စုံစမ်းရင် ငါတို့အဖွဲ့ရဲ့ ၈ယောက်မြောက်က မင်းပဲ ဖြစ်လိမ့်မယ်”

ချန်းထုံက ထိုအရာကို ကြားပြီး သရော်လိုက်သည်။ ထိုလူများက အခွင့်အရေးဟု ခေါ်သည့်အရာအတွက် သူ့အသက်အား စွန့်စားခိုင်းနေသည်။ သူက ထိုမြူအတွင်း အသက်ရှင်မည်လား မသိပေ။ သူက ကိုယ့်ကိစ္စကိုယ်သာ လုပ်ဖို့ အာရုံစိုက်ထားသည်။

ထို့အပြင် ထို ၈ ယောက်မြောက်နေရာဆိုသည်မှာ ထိုကပ်ပါးများသာ သူ့လမ်းကို မပိတ်ဆီးထားပါက သူ့ကိုယ်ပိုင်ရရှိနိုင်သည့်အရာ ဖြစ်၏။

“ တခြားတစ်ယောက်ကို သွားမေးချည်” သူက ပြန်ဖြေလိုက်သည်။

“ မဖြေခင် နည်းနည်းလောက် စဉ်းစားပါဦးလား”

ချန်းထုံက အရိပ်အား ချုံငုံကြည့်လိုက်ပြီးနောက် ပြောလိုက်သည် “ မင်းက တခြားသူတွေကို အကူအညီ တောင်းတယ်။ ပြီးတော့ သူတို့ငြင်းတာကို မင်းတို့က ပြန်ငြင်းတယ်။ အရူးပဲ မင်းစကားကို ယုံလိမ့်မယ်။ လူအိုကြီးငရဲကို မေးကြည့်ပါလား။ သူ့အကျင့်စရိုက်နဲ့ဆိုရင် ဒီလိုအခွင့်အရေးမျိုးကို လိုချင်တာထက်တောင် ပိုဦးမယ်”

အရိပ်က တိတ်ဆိတ်သွားပြီးနောက် ပြန်မဖြေပေ။ ချန်းထုံက ထိုအရာကို မြင်ပြီးနောက် ထပ်မံ သရော်လိုက်သည် “ မင်းတို့ ကပ်ပါးတွေက အသင်္ချေအင်ပါယာကမ္ဘာထဲ ပုံရိပ်ယောင် မလွှတ်ရဲဘူးဆိုတာ မေ့သွားတယ်”

အရိပ်က ဒေါသထွက်ခါနီးသွားသော်လည်း သူ့ဘာသာသူ ထိန်းချုပ်လိုက်သည်။ ချန်းထုံပြောသည်က အမှန် ဖြစ်၏။ အသင်္ချေအင်ပါယာကမ္ဘာသည် အလွှာနိမ့်အတွင်း အရေးကြီးဆုံး ကောင်းကင်အလိုဆန္ဒကမ္ဘာဟု ယူဆနိုင်လေသည်။

သူတို့က ပထမတန်းစား မဟာဧကရာဇ်မြောက်များစွာကို မွေးထုတ်ပေးခဲ့ပြီး ထိုလူများက စံပြ ဖြစ်လာကြသည်။ သူတို့သည် အဆုံးမဲ့စံပြ ဖြစ်သွားသည့် ထာဝရဧကရာဇ် အများအပြားကို မွေးထုတ်ခဲ့သည့်အကြောင်း မပြောရသေးပေ။

အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ရွှေရောင်ခေတ်ကို ဖန်တီးပြီး ထိုလူများက ဦးဆောင်ခဲ့ကြသည်။ အထွတ်အထိပ် အခြေအနေတွင် ရှိနေစဉ်အခါက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသည် အရင်းအမြစ်ကမ္ဘာများအကြား အားအကောင်းဆုံး ဖြစ်ခဲ့သည်။

သို့သော်လည်း ထိုလူများကို ပျောက်ကွယ်သွားစေမည့် တစ်စုံတစ်ခု ဖြစ်ပွားသွားခဲ့ပြီး လက်ရှိအခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုလူများက ပျောက်ကွယ်သွားခြင်း သို့မဟုတ် သေဆုံးသွားလျှင်ပင် လက်ရှိအုပ်ချုပ်သူခုနစ်ယောက်က ထိုအရာသည် အပေါ်ယံမျှသာ ဖြစ်ကြောင်းသိလေသည်။ ထာဝရဧကရာဇ်များက သတ်ဖို့ ခက်လေရာ အဆုံးမဲ့စံပြများကိုမူ ထည့်ပြောဖို့ မလိုတော့ပေ။ သူတို့က မကောင်းဆိုးဝါးများထဲမှ မကောင်းဆိုးဝါးများ ဖြစ်၏။

သူတို့ထဲက တစ်ယောက်က ထိုကပ်ဘေးအတွင်း အသက်ရှင်ကျန်ခဲ့သည့် တစ်ယောက်က ဧကရီဝူ ဖြစ်ပေသည်။ သူမက အလွန်အားနည်းသည့် အခြေအနေတွင် ကျရောက်ကာ သူမဘာသာသူမ မလှုပ်ရှားနိုင်သော်လည်း သူမ၏ တည်ရှိမှုတစ်ခုတည်းကပင် သူတို့ခုနစ်ယောက်လုံးအတွက် အဟန့်အတား ဖြစ်စေသည်။

လူတချို့က ရှင်ကျန်ခဲ့သော်လည်း အကြောင်းအရင်းတချို့ကြောင့် ပုန်းအောင်းနေသည်ဟု ကောလဟာလများ ထွက်ခဲ့သည်။ သူတို့က အားမွေးရင်း ပြန်လည်ထွက်ပေါ်လာဖို့အတွက် အချိန်ကောင်းကို စောင့်ဆိုင်းနေ၏။

ထို့ကြောင့် သူတို့က အသင်္ချေအင်ပါယာကမ္ဘာအတွင်း ခြေမချဝံ့ပေ။ ပြောရလျှင် သူတို့မထိတွေ့နိုင်သည့် လျှို့ဝှက်ချက်များစွာ ရှိနေလေ၏။

“ မင်း စိတ်ပြောင်းသွားရင် ငါတို့ဆီ ဆက်သွယ်လိုက်” အရိပ်က ပြောပြီးနောက် ထွက်ခွာသွားသည်။ အရင်ခေတ်ဟောင်းက အကြွင်းအကျန်များနှင့် ပြောဆိုဖို့ရာ အမှန်တကယ် ဒေါသထွက်ဖို့ ကောင်းလှ၏။ သူတို့က အင်အားကြီးသူအပေါ် လေးစားမှု မရှိကြပေ။

ထိုလူထွက်သွားသည်နှင့် ချန်းထုံ၏ မျက်နှာအထက်မှ သရော်မှုသည် စိုးရိမ်မှုဖြင့် အစားထိုးဝင်ရောက်လာသည်။ သူက အလင်းမဲ့အမှန်တရား ထွက်ပေါ်လာမှုသည် သတင်းကောင်း မဟုတ်ကြောင်း သိလေသည်။

အကြွင်းမဲ့တားမြစ်ချက် ပေါ်ထွက်လာပြီးသည့်နောက်တွင် ဟွင်သွမ်းစကြဝဠာတစ်ခုလုံးကို သက်ရောက်မှုရှိစေမည့် တစ်စုံတစ်ခု ဖြစ်လာတော့မည့် လက္ခဏာရပ်များ ဖြစ်၏။

“ မင်းတို့လူတွေက ဘာတွေ ကြံစည်နေတာလဲ။ မင်းတို့တွေက ငါ မသိထားတဲ့ အရာတစ်ခုကို သိနေတာပဲဖြစ်ရမယ်”

ပထမအကြိမ်ဆိုသလို ချန်းထုံက သူသည် အကြွင်းမဲ့တားမြစ်ချက် ဝန်းကျင်မှ အဖြစ်အပျက်များအတွင်း မသေဆုံးခဲ့သည့်အတွက် နောင်တရမိသွားသည်။ ဤနည်းဖြင့် သူက အနာဂတ်အတွက် ပိုမိုသိနိုင်သလို ပိုမိုပြင်ဆင်ထားနိုင်သည်။

“ တစ်ခုတည်းသော သတင်းကောင်းက အဲဒီကပ်ပါး ၇ကောင်ရဲ့ အဆုံးသတ်ရောက်လာတော့မှာပဲ။ သူတို့တွေက အဲဒါကိုသိတော့ တခြားသူတွေကို သူတို့ဘက်ကို ဆွဲခေါ်ဖို့ လုပ်နေကြတာပဲ” ချန်းထုံက သရော်ကာ ပြောလိုက်သည်။

“ ဒါပေမဲ့ တခြားနှစ်ယောက်က ပြဿနာပဲ။ သူတို့က ကန့်သတ်ချက်ကို ချိုးဖောက်သွားပြီးတော့ ကန့်သတ်လွန် ရောက်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါက အကြွင်းမဲ့တားမြစ်ချက်ရဲ့ အကျိုးကျေးဇူးလား။ ဒီလိုဆိုရင် ဧကရီဝူက ဘာလို့ အကျိုးအမြတ် မရခဲ့တာလဲ”

All Chapters