အပိုင်း (၃၃၆) – အခုငါ ပြန်လာပြီ၊ အပြစ်ဒဏ်ကိုရင်ဆိုင်ဖို့ အဆင့်ပဲလား
Vol. 004 Ch. 336
“ဟင်” ရှီမာယူယူသည် ဒေါသဖြစ်စွာ သူ့ကို မျက်စောင်းထိုးလိုက်သည်။ အခုဆိုလျှင် နာလန်လန်သည် ပညာရှိစံအိမ်တော်၏ အဖွဲ့ဝင်ဖြစ်သွားသည်မှာ သူမသည် ဝူလင်းယူနှင့် တစ်ဖွဲ့တည်းဖြစ်သွားပြီလို့ ပြောတာပဲ မလား။
“ဒီအတိုင်းပဲ…” ရှီမာယူယူသည် ဝူလင်းယူအား လျစ်လျူရှုရဲသော်လည်း ကျန်သောသူများသည် လျစ်လျူ မရှုရဲကြပေ။ သူတို့သည် ဖြစ်ကြောင့်ကုန်စင်ကို ပြောပြကြလေသည်။
“အဲတော့ မင်းအဲနေရာကို သွားခဲ့တာပေါ့” ဝူလင်းယူသည် ဖြစ်ပျက်ခဲ့သမျှကို ကြားသောအခါ ဒေါသ ထွက်သွားသည်။ သူ မရှိစဉ်တွင် သူမ လုပ်ကြံခံရသည်။ သူမသာ ကံမကောင်း၍ အသက်ရှင်လျက် ပြန်မထွက် လာနိုင်ပါက ကျန်တဲ့သူ့ဘဝ တစ်လျှောက်လုံး ပူဆွေးနေရတော့မှာလား။
“သူမက တော်ဝင် မျိုးနွယ် ဖြစ်လာရင်တောင် ပညာရှိစံအိမ်တော်က မြင့်မြတ်တဲ့သမီးတော်ဆိုတာကို လျစ်လျူရှုပြီး ခါတိုင်းလိုပဲ သတ်ချင်သတ်နိုင်တယ်” ဝူလင်းယူ ပြောလိုက်သည်။
“တကယ်လား” ရှီမာယူယူ သူ့အား ကြည့်ပြီး ပြောလိုက်သည် “သူမ ဘာပဲဖြစ်နေနေ ကျွန်တော် ဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ သူမ ထွက်သွားတော့ သတ်လို့မရတော့ဘူး၊ တစ်နေ့တော့ ဖြစ်လာမှာပါ၊ အဲအချိန်ကျရင် ကျွန်တော် ပညာရှိစံအိမ်တော်က လူကို သတ်တယ်ဆိုပြီး ကျွန်တော့်ကို အပြစ်မတင်နဲ့”
“မင်းလုပ်ချင်တာ လုပ်နိုင်ပါတယ်” ဝူလင်းယူ ပြောလိုက်သည် “မင်း အလိုရှိရင် ငါပါ ကူညီပေးမယ်”
ရှီမာယူယူသည် သူ့အား မျက်စောင်းထိုးလိုက်သည်။ “ထားလိုက်ပါ ကျွန်တော် ကိုယ့်ဘာသာ လက်စား ချေမှာပါ၊ ဒီတစ်ခါပါ ထည့်တွက်ရင် ကျွန်တော့်ကို သတ်ဖို့လုပ်တာ ၂ခါရှိပြီ၊ ကျွန်တော့်ဘာသာ လက်စာချေရမယ်”
“အဲဒါဆိုလည်း ကောင်းပြီလေ” သူမ ကိုယ်တိုင် လက်စားချေမည်ဟု ပြောလာသဖြင့် ဝူလင်းယူ ဘာမှ မပြောတော့ပေ။ သူမ တောင်းဆိုလျှင်လည်း သူ ငြင်းမည်မဟုတ်ပေ၊ သို့သော် သူမ၏ မမှီခိုတတ်သော အကျင့် ကြောင့်ပင် သူ ပို၍ နှစ်သက်ရသည် မဟုတ်ပါလား။
“ညီလေး ၅၊ လီမိသားစုဝင်တွေ အကုန်လုံးတောင် မနေ့ကထွက်သွားကြပြီ” ရှီမာယူလီ ပြောလိုက်သည်။
“လီမူရော” ရှီမာယူယူ မေးလိုက်သည်။
“သူကတော့ သူတော်စင်မြို့တော်မှာပဲရှိသေးတယ်၊ အဂ္ဂိရတ်ပညာရှင်အသင်းမှာ ရှိလောက်တယ်၊ သူ့လိုလူတွေက မိသားစုကို လွယ်လွယ်နဲ့ မပြန်ဘူး” ရှီမာယူယန် ပြောလိုက်သည်။
“ကောင်းတယ်၊ သူ့ကို သွားရှာပြီး ရှင်းရမယ်” ရှီမာယူယူ ထကာ ပြောလိုက်သည် “အစ်ကိုတို့ မလိုက်ခဲ့ ကြနဲ့ ကျွန်တော်ဘာသာသွားမယ်၊ ကျွန်တော် အစ်ကိုတို့ကို ဝင်ပါခိုင်းလိုက်ရင် အဂ္ဂိရတ်ပညာရှင် သခင်တွေက ရှီမာမိသားစုကို ပြဿနာလာရှာမှာ စိုးတယ်”
“ငါ မင်းနဲ့လိုက်ခဲ့မယ်” ရှီမာယူလင်း ပြောလိုက်သည်။ သူသည်လည်း ထိုကိစ္စတွင် နစ်နာသူဖြစ်ကာ သူ့တွင် ကိုယ်ပိုင်ထင်မြင်ချက်ရှိသည်။
“အတူတူသွားရအောင်” ရှီမာယူရန် ပြောလေသည် “သခင်တွေ ထွက်သွားတော့ ပြောသွားတယ်၊ ငါတို့က အနိုင်ကျင့်ခံရပြီး တိုက်ခိုက်ခံရရင် တခြားဟာ ဘာမှမစဉ်းစားပဲ မျှတမှုကိုသာ ယူပါတဲ့”
ရှီမာယူယူ မျက်ခုံးပင့်လိုက်သည်။ ထိုမြေခွေးအိုကြီးသည် သူမ လုပ်ကြံခံရသည်ကို သိပြီး သူမ အဆင် ပြေမည်ကိုလည်း ကြိုသိထားခဲ့သည်။ ထို့အပြင် လီမူကို လက်စားချေရန် လုပ်ပိုင်ခွင့်ပေးထား ခဲ့သည်။
“အဲဒါဆိုလည်း အတူတူသွားကြမယ်” ရှီမာယူယူ ပြောလိုက်သည်။ သူတို့သည် ခမ်းနားစွာ အဂ္ဂိရတ် ပညာရှင်အသင်းကို သွားကြလေသည်။ သူတို့လမ်းကို ဖြတ်သွားသည်ကို မြင်သောသူများသည် အထူးသဖြင့် ရှီမာယူယူနှင့် ရှီမာယူလင်းတို့ အဖွဲ့ကို ဦးဆောင်လာသည်ကို မြင်သောအခါ အဂ္ဂိရတ်ပညာရှင်အသင်း ပြော သလို သူတို့ကို မှားယွင်းစွာ ပို့လိုက်ခြင်း မဟုတ်သည်ကို သိလိုက်ရသည်။
“သူတို့ရဲ့ လေးနက်နေတဲ့ အမူအရာတွေကြည့်ရတာ သူတို့ အဂ္ဂိရတ်ပညာရှင်အသင်းကို သွား ပြဿနာ ရှာမလို့ထင်တယ်”
“လာ သွားကြည့်ရအောင်” သူတို့အား ဝိုင်းလာသော လူများတိုးများလာကာ သူတို့နောက်မှ အမြီး သဖွယ် တန်းဆီလိုက်လာကြလေသည်။
“ယူယူ” သူတို့်သည် အဂ္ဂိရတ်ပညာရှင်အသင်း၏ တံခါးဝသို့ရောက်သောအခါ ရင်းနှီးသော အသံကို ကြားလိုက်သည်။
ရှီမာယူယူသည် အဆောက်အဦးအတွင်းမှ ထွက်လာသော လုမင်အား ကြည့်ကာ မေးလိုက်သည် “လုမင် ခင်ဗျားက ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
“ငါ အဂ္ဂိရတ်ပညာရှင်အသင်းကို ပြန်လာတာ” လုမင် ပြောလေသည် “ယူယူ ဘယ်တုန်းက ပြန်ရောက် တာလဲ၊ မင်း မကောင်းတာ တစ်ခုခုနဲ့ တွေ့တယ်လို့ ပြောကြလို့ ညီမလေး ၄က အဲတွက်ကြောင့် ငိုနေသေးတယ်”
“ကျွန်တော် ပြန်ရောက်တာ မကြာသေးပါဘူး” ရှီမာယူယူ ပြောလိုက်သည် “လုယင်နဲ့ ကျန်တဲ့သူတွေ ရော အဆင်ပြောလား”
“အင်း အဆင်ပြေပါတယ်၊ မင်း အသက်ရှင်လျက်ပြန်လာတယ်ဆိုတာ ကြားရင် သူတို့ဝမ်းသာကြမှာ” လုမင် ပြုံးပြီး ပြောလိုက်သည်။ “မင်း လီမူကို လာရှာတာမလား၊ သူ အခုလေးတင် ပြန်ရောက်တာ”
ရှီမာယူယူနှင့် ရှီမာယူလင်းတို့ ပျောက်သွားချိန်တွင် လုမင်သည်လည်း လီမူကို သံသယဝင်ခဲ့သည်။ သို့သော် သက်သေမရှိသောကြောင့် သူ ဘာမှ မပြောခဲ့ပေ။ အခု ရှီမာယူယူ ရောက်လာသောအခါ သူထင်ထားသလိုပင် လီမူကြောင့် ဖြစ်ခဲ့သည်မှာ သေချာသွားသည်။
“ကျွန်တော်တို့က လီမူကို လာရှာပေမယ့် ကျွန်တော်တို့က လူကြီးလူကောင်းပြီသပါတယ်၊ အဲလိုမျိုး မရိုင်းတတ်ဘူး၊ အခု ကျွန်တော်တို့က ခင်ဗျားတို့ရဲ့ အသင်း ဥက္ကဌကို လာရှာတာပါ” ရှီမာယူယူ ပြုံးပြီး ပြောလိုက် သည်။
“ငါတို့ရဲ့ ဥက္ကဌဟုတ်လား” လုမင် မျက်မှောင်ကြုတ်သွားကာ ပြောလိုက်သည် “ဥက္ကဌက ကိစ္စတွေကို သိပ်ဝင်မပါတော့ဘူး၊ အစည်းအဝေးတွေတောင် မတက်တော့ဘူး၊ အဲတော့ သူ အသင်းမှာရှိနေမှာ မဟုတ်ဘူး”
“အဲဒါဆိုရင် နောက် လူကြီးရော” ရှီမာယူယူ ပြောလိုက်သည်။
“ဒုတိယ လူကြီးမင်းနဲ့ လီမူရဲ့ ဆရာနဲ့က ရင်းနှီးတယ်၊ သူက လီမူကို အများကြီးမျှော်လင့်ထားတာ၊ မင်း သူ့ကို လက်စားချေချင်လို့ ရှာတာဆိုရင် ဒုတိယ လူကြီးမင်းကို ရှာတာက အကြံကောင်းတော့မဟုတ်ဘူး၊ မင်း ပြဿနာတက်လိမ့်မယ်” လုမင်သည် အနည်းငယ်စိုးရိမ်စွာ ပြောလေသည်။
“အဲဒါ ပြဿနာမဟုတ်ပါဘူး၊ အားလုံးကို ပြဿနာမတက်အောင် ကိစ္စကို ကောင်းကောင်း ဖြေရှင်းမှာပါ” ရှီမာယူယူ အေးစက်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူမသည် လမ်းဆက်လျှောက်လေသည်။
“ရပ်လိုက်” တံခါးမှ အစောင့်များသည် ရှီမာယူယူနှင့် ကျန်သောသူများကို မြင်လိုက်သည်နှင့် အော် လိုက်သည်။
ရှီမာယူယူသည် အဂ္ဂိရတ်ပညာရှင်အသင်း၏ တံခါးတွင်ရပ်ကာ ပြောလိုက်သည် “ရှီမာမိသားစုက ရှီမာယူယူက ခင်ဗျားတို့ရဲ့ ဥက္ကဌကို တွေ့ချင်ပါတယ်”
“ငါတို့ ဥက္ကဌကို တွေ့ချင်တာလား” တံခါးအစောင့်များသည် လီမူ၏ လူများဖြစ်ကာ သူတို့်သည် ရှီမာယူယူနှင့် ကျန်သောသူများကို ဝင်ခွင့်မပြုပဲ ပြောလေသည် “ဒီက ခေါင်းဆောင်လူကြီးမင်းမရှိဘူး၊ ကိစ္စရှိရင် နောက်တစ်ခါမှ ပြန်လာခဲ့”
ရှီမာယူယူ ပြုံးပြီးပြောလိုက်သည် “ဒါဆို သူ့ကို မတွေ့ဘူး လီမူ့ကိုပဲ တွေ့မယ်”
“စီနီယာအစ်ကိုလီက အဂ္ဂိရတ်ပညာလေ့ကျင့်နေတယ်၊ မင်းအတွက် အချိန်မရှိဘူး” အစောင့်သည် သူတို့အား ဆက်ပြောလေသည်။
ရှီမာယူယူသည် သူတို့အား အေးစက်စွာကြည့်ပြီး ပြောလေသည် “ငါက ယဉ်ကျေးတဲ့လူပါ ဒါပေမဲ့စိတ်တော့ မရှည်တတ်ဘူး၊ ငါရောက်နေတာကို သွားမပြောရင် ဒီမှာပဲ ဆက်လုပ်ရတာပေါ့” ထို့နောက် တွင် သူမသည် အနည်းငယ်လှုပ်ရှားလိုက်ပြီး အသံနှစ်ချက်ထုတ်လိုက်သည်နှင့် အစောင့်နှစ်ယောက်သည် မြေ သို့ကျသွားလေသည်။
“မင်းရဲလိုက်တာ” အစောင့်သည် သူ့ရင်ဘတ်ကို ဆုပ်ကိုင်ပြီး ပြောလေသည်။ ရှီမာယူယူသည် သူတို့အား ဂရုမစိုက်ပဲ အသင်းသို့ ဆက်လျှောက်သွားလေသည်။
“ရှီမာယူယူလား” သိလိုစိတ်ပြင်းပြနေသော အသံသည် ခြံဝန်းထဲမှ သူတို့ဆီ ပျံ့နှံ့လာသည်။
ရှီမာယူယူသည် အသံလာရာကို ကြည့်ရာ သူတို့အား ကြည့်နေသော ဟန်မိုကို တွေ့လိုက်ရသည်။ ဟန်မိုသည် လျှောက်လာကာ ရှီမာယူယူ အစစ်အမှန်ဖြစ်နေသည်ကို တွေ့သည်နှင့် ပြောလိုက်သည် “မင်း တွေ့ဆုံပွဲကို မလာခဲ့ဘူးနော်”
“ငါက အဲနေရာမှာမှ မရှိတာ ဘယ်လိုလုပ်တွေ့ဆုံပွဲကို တက်ရမှာလဲ” ရှီမာယူယူ ရယ်မောလိုက်သည် “လီမူက မင်းရဲ့ ဂျူနီယာညီလို့ ကြားတယ်၊ သူ့ကို ခေါ်ထုတ်ပေးပါ”
“သူနဲ့ ဘာကိစ္စရှိလို့လဲ” ဟန်မိုမေးလိုက်သည်။
“သေချာပေါက် လက်စားချေဖို့ပေါ့” ရှီမာယူယူ ပြောလိုက်သည် “သူ့ကို ခေါ်ပေးမှာလား၊ အဂ္ဂိရတ်ပညာ ရှင်အသင်းက ဘယ်သူမှ မကူညီရင် ကိုယ့်ဘာသာပဲ ရှာတော့မယ်”
ရှီမာယူယူ၏ ခြိမ်းခြောက်မှုကို ကြားသောအခါ ဟန်မိုသည် အစောင့်တစ်ယောက်ကို လက်ယက်ခေါ် ကာ ပြောလိုက်သည် “လီမူကို ဒီကိုခေါ်ခဲ့”
“မဆိုးဘူး အဲအစောင့်နှစ်ယောက်ထက် သာတယ်” ရှီမာယူယူ ပြောလိုက်သည်။
“လီမူက မင်းကိုလုပ်ကြံတယ် ထင်တာလား” ဟန်မိုသည် သူမအား ကြည့်ပြီးပြောလိုက်သည်။
“အဲလိုမထင်ပါဘူး သိနေတာ” ရှီမာယူယူ ပြောလိုက်သည်။
ဟန်မိုသည် ဘာမှမပြောတော့ပဲ သူတို့အား စောင့်ရန် ဧည့်ခန်းသို့ ခေါ်သွားလေသည်။
ခဏအကြာတွင် လီမူသည် ခန်းမသို့ ရောက်လာကာ သူနှင့်အတူ လူကြီးမင်း ရွှမ်းပါ လိုက်လာသည်။
“စီနီယာအစ်ကို ဘာတွေ အရေးကြီးကိစ္စရှိလို့ အဂ္ဂိရတ်ပညာရှင်အသင်းထိလာပြီး ကျွန်တော့်ကို ရှာတာလဲ” လီမူသည် ခန်းမသို့ ရောက်လာလာချင်း မေးလိုက်သည်။ သူသည် ရှီမာယူယူအား မြင်သည်နှင့် အလွန်အမင်း တုန်လှုပ်သွားသည်။
ရှီမာယူယူ သူ့အား ပြုံးပြီး ပြောလိုက်သည် “ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော် အသက်ရှင်လျက် ပြန်လာရင် ခင်ဗျားသေရမယ်လို့၊ အခု ကျွန်တော် ပြန်လာပြီ အပြစ်ကို ရင်ဆိုင်ဖို့ အသင့်ပဲလား”