← Chapters

အပိုင်း(၃၁၈)

Vol. 22 Ch. 318

အပိုင်း(၃၁၈)

Vol. 22 Ch. 318

ကြမ်းကြုတ်ခက်ထန်စွာဟိန်းဟောက်၍ ၎င်း၏အစွယ်များနှင့်လက်သည်း

များအား  လှစ်ဟာပြထားသောဧရာမ

ရွှေရောင်နဂါးရိပ်ကြီးအားကြည့်ပြီး သူတို့အနေဖြင့် ကောင်းကင်

နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်စွမ်းရှိသော အလွန်ပြင်းထန်သည့် ဖိအားအား ခံစားမိကြသည်။လူများစွာတို့မှာ သူတို့ဟာသူတို့ပင် တွေးလိုက်မိကြသည်။

“ကြယ်သုံးပွင့်သူတော်စင်နယ်

ပယ်တစ်ယောက်ရဲ့စွမ်းအားအောက်မှာ အရူးနတ်ဆိုးရှစ်ဖုန့်တော့ သေချာပေါက်သေတော့မယ်”

ထျန်းမြောင်အင်ပါယာ၏ ဧကရာဇ်ဖြစ်သူ ကျင်းရွှယ်ပင်လျှင်  ဧရာမရွှေရောင်နဂါးကြီးနှင့်

အောက်တွင်ရှိသော ရှစ်ဖုန့်ကိုကြည့်၍  လှောင်ပြုံးပြုံးလိုက်သည်။အရူးနတ်ဆိုးသေဆုံးသွားသည့်နောက်တွင် နောက်ဆုံး၌ သူ့အနေဖြင့် သေချာပေါက်အနားယူနိုင်မည်ဖြစ်သည်။

ရှစ်ဖုန့်က သူ့ထံသို့ ဦးတည်လာနေသော  ဧရာမရွှေရောင်နဂါးကြီးအားကြည့်၍  အေးစက်စွာပြုံးလိုက်သည်။ အကယ်၍သူသာယွင်လိုင်

အင်ပါယာအတွင်း၌ ရှိနေခဲ့သေးလျှင် သူ့အနေဖြင့်  ကြယ်သုံးပွင့်သူတော်စင်နယ်

ပယ်တစ်ယောက်၏ စွမ်းအားအောက်တွင် သတ်ဖြတ်ခံရလိမ့်မည်ဖြစ်သည်။

သို့သော်သူသည် ယခင်ကကဲ့သို့ တူညီသော ရှစ်ဖုန့်ထပ်ပြီးဟုတ်မနေတော့ပေ။

ရှစ်ဖုန့်၏  ဘယ်လက်ဖဝါးက  အပေါ်သို့မျက်နှာမူလိုက်ပြီး  မျက်စိကျိန်းလောက်စရာကောင်းသော သွေးနီရောင်အလင်းတစ်ခုက  သူ၏လက်ဖဝါးအတွင်းမှ လှစ်ခနဲထွက်လာသည်။ ရှစ်ဖုန့်၏ လက်ဖဝါးအတွင်းမှ လက်ချောင်းအရွယ်အစားရှိသော သွေးကျောက်ပြားလေးပေါ်လာ၏။ မကြာခင်တွင် သွေးနီရောင်ကျောက်ပြားမှာ ရှစ်ဖုန့်၏လက်အတွင်း အရှိန်အဟုန်ဖြင့် ပြန့်ကားလာသည်။ မျက်စိတ်တစ်မှိတ်အတွင်း၎င်း တောင်အသေးလေးတစ်လုံးစာ

အရွယ်အစားဖြစ်လာ၏။ ရုတ်တရက်၎င်းက အောက်သို့ အရှိန်အဟုန်ဖြင့်ထိုးဆင်းလာသော  ရွှေရောင် နဂါး အရိပ်နှင့် ပစ်ဆောင့်တွေ့ဆုံသွားသည်။

“ဒါ..ဒါက….ဒီစွမ်းအားက”

ရှစ်ဖုန့်၏ သွေးကျောက်ပြားပေါ်လာပြီးပြီးခြင်းတွင် ရွှေနဂါးကျိုင်းတုတ်အား

ကိုင်ဆောင်ထားသည့် ထျန်းတန့်အဘိုးအိုမှာ  သွေးကျောက်ပြားအားဗလာ

နတ္ထိစိုက်ကြည့်နေမိသည်။  သွေးနီရောင်ကျောက်ပြားမှလာသော ကြောက်မက်ဖွယ်စွမ်းအားက  ကျယ်ပြောလှသောပင်လယ်ပြင်ကြီး

တစ်ခုကဲ့သို့ဖြစ်ပြီး  ၎င်း၏အခြေအားသူဖောက်ထွင်း

၍ မမြင်နိုင်ပေ။ ၎င်းက မည်သည့်နယ်ပယ်နှင့်ဆက်နွယ်

နေသည်ကိုပင် သူပြောနိုင်ခြင်းမရှိပေ။

“ဒီစွမ်းအား…ဒါက  အရမ်းကိုစွမ်းအားကြီးတာပဲ…”

ကျင်းရွှယ်ပင်လျှင် သွေးကျောက်ပြားမှလာသော စွမ်းအားအား အာရုံခံမိသော အခါတွင်   မည်သို့မျှမတက်နိုင်ပဲ ထိတ်လန့်တုန်ယင်သွားရသည်။  သူက သူ့ဘေးတွင်ရှိနေသော ထျန်းတန့်အဘိုးအိုအား

ကြည့်လိုက်သောအခါတွင် ကြယ်သုံးပွင့်သူတော်စင်နယ်

ပယ်တစ်ယောက်ဖြစ်သည့် သူ၏ ဘကြီးတော်မှာလည်းသူ့ထက်ကောင်းမွန်သောအခြေအနေရှိမနေသည်ကိုတွေ့လိုက်ရသည်။

“ရွှယ်အာ..ပြေးတော့”

ထျန်းတန့်အဘိုးအိုမှာရုတ်တရက် အသိပြန်ဝင်လာပြီး  ကျင်းရွှယ်အားအော်ပြောလိုက်သည်။ ထို့နောက်တွင်သူတို့နှစ်ဦးသား အလျှင်အမြန်လူခွဲ၍ အဝေးသို့ထွက်ပြေးလိုက်ကြသည်။

“အုန်း”

မိုးချုန်းသံတစ်ခုက လေထဲတွင်ထစ်ချုန်းထွက်ပေါ်လာသည်။ လူအုပ်ကြီး၏ တုန်လှုပ်အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများအောက်တွင်  တောင်ငယ်လေးတစ်လုံးအရွှယ်အစားရှိသော သွေးနီရောင်ကျောက်ပြား၏

တိုက်ခိုက်မှုအောက်၌ ကမ္ဘာကြီးအားဖျက်ဆီးပစ်နိုင်

သည့်စွမ်းအားကိုပိုင်ဆိုင်ထားပုံရသော လက်သည်းနှင့်အစွယ်များကို လှစ်ဟာ ပြထားသည့် ရွှေနဂါးကြီးမှာ ချက်ချင်းပဲ ရွှေရောင်အလင်းတန်းများ

အဖြစ်ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။

“ဒါက..ကြယ်သုံးပွင့်သူတော်စင်

နယ်ပယ်တစ်ယောက်ဖြစ်တဲ့ ထျန်းတန့်ဘိုးဘိုးရဲ့ တိုက်ခိုက်မှုက …ကျိုးပျက်သွားတယ်”

ရှစ်ဖုန့်က သွေးကျောက်ပြားအား

အထက်သို့ မြင့်တက်စေလိုက်ပြီး ကောင်းကင်ထဲသို့ ပျံသန်းတက်လိုက်သည်။ ရွှေနဂါး အရိပ်အား ဖျက်ဆီးပြီး

သည့်နောက်တွင်   အဝေးသို့

ထွက်ပြေးနေသည့် ကျင်းရွှယ်နှင့် ထျန်းတန့်အဘိုးအိုတို့အား

ကြည့်၍သရော်လိုက်သည်။

“မင်းတို့က ဘယ်ကိုများပြေးဖို့ စဉ်းစားနေကြတာတုံး”

ဤအချိန်တွင်သွေးကျောက်ပြားမှာ တောင်တစ်လုံးစာအရွယ်သို့ကြီး

မားနေခဲ့ပြီဖြစ်သည်။ရှစ်ဖုန့်က သူ့လက်ထဲရှိသွေးကျောက်ပြားအား ထျန်းတန့်အဘိုးအိုထံသို့တွန်းထုတ်လိုက်သည်။

ဧရာမ သွေးကျောက်ပြားကြီးက လွန်စွာမြင့်မားသောအမြန်နှုန်းဖြင့် ထျန်းတန့်အဘိုးအိုထံသို့

ပျံသန်းသွားပြီး ၎င်း၏ လမ်းကြောင်းတစ်လျှောက်ရှိ

အာကာသဟင်းလင်းပြင်ကိုပင်  ပြင်းထန်စွာတုန်ခါသွားစေသည်။

“ထျန်း….ထျန်းတန့်ဘိုးဘိုးက ထွက်ပြေးသွားတယ်ဟ”

“ဒါ..ဒါက ဘယ်လိုလုပ်ပြီး  ဖြစ်နိုင်မှာလဲ….  ထျန်းတန့်ဘိုးဘိုးက အရူးနတ်ဆိုးကြောင့် အင်တိုက်တားတိုက်ကို ထွက်ပြေးနေရတယ်..ဒါကအ

စစ်မှန်မဖြစ်နိုင်ဘူး. …ဒါတကယ်မဖြစ်နိုင်ဘူး… ငါအိမ်မက်မက်နေတာပဲဖြစ်ရမယ်…”

“မဟုတ်ဖူး …မဟုတ်ဖူး.. ထျန်းတန့်ဘိုးဘိုး…ထျန်းတန့်ဘိုးဘိုး ထွက်မပြေးပါနဲ့..ပြန်လာခဲ့ပါ…

စီနီယာသာထွက်ပြေးရင် အရူးနတ်ဆိုးရှစ်ဖုန့်ရှိတစ်ခုခုလုပ်တဲ့အခါ ကျွန်တော်တို့က ဘာလုပ်ရမှာလဲ”

ထျန်းမြောင်အင်ပါယာမှလူများမှာ မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများ ပြူးကျယ်နေကြသည်။ ဒဏ္ဍာရီကဲ့သို့ တည်ရှိမှုတစ်ခုဖြစ်သော ထျန်းတန့်အဘိုးအိုကဲ့သို့လူမျိုးက  အရူးနတ်ဆိုး၏ စွမ်းအားအောက်တွင် အဝေးသို့ထွက်ပြေးနေရခြင်းကို

သူတို့အနေဖြင့် မယုံကြည်ချင်ကြပေ။

“မကောင်းမှုက ကောင်းမှုကိုမလွှမ်းမိုးနိုင်ပဲ ကောင်းမှုကသာ မကောင်းမှုကို

လွှမ်းမိုးတယ်လို့ ပြောနေကျရှိတာမဟုတ်ဖူးလား.

.ဘာလို့ဒီလိုမျိုးဖြစ်နေရတာလဲ..

ဘာလို့ဒီလိုမျိုးဖြစ်နေရတာလဲကွာ…

ထျန်းတန့်ဘိုးဘိုး အရူးနတ်ဆိုးကိုသတ်ဖို့အတွက်

ရောက်လာခဲ့တာ…သူ့အနေနဲ့ အရူးနတ်ဆိုးကိုသတ်ပြီး တော့ ကောင်းကင်နဲ့မြေကြီးရဲ့ ငြိမ်းချမ်းမှုကို ပြန်လည်ဆောင်ကြဉ်းပေးသင့်တာ..

အဆုံးသတ်မှာ ငါတို့ကပဲ အောက်ပွဲခံသင့်တာကိုကွာ”

ထို့နောက်တွင် လူများ၏  မျက်လုံးမှာ ပို၍ ပြူးကျယ်လာကြသည်။

ထျန်းတန့်အဘိုးအိုနောက်သို့ သွေးကျောက်ပြားကလိုက်လံ

ဖမ်းဆီးနေသည်ကို သူတို့မြင်တွေ့လိုက်ကြရသည်။  သွေးကျောက်ပြားက ၎င်းအား လျှင်မြန်စွာလိုက်မီသွား၏။

သူ၏နောက်ကျောဘက်ရှိ  သွေးကျောက်ပြားအားအာ

ရုံခံမိသောအခါတွင်  ထျန်းတန့်အဘိုးအိုက သူ့ခေါင်းအားလှည့်လိုက်သည်။ သူ၏မျက်နှာထက်တွင်  ကြောက်လန့်မှု၊ကူကယ်ရာမဲ့မှု၊

လက်သင့်မခံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ထျန်းတန့်အဘိုးအိုတွင်ထပ်မံ၍

အေးဆေးမှုနှင့် အင်ပါယာမြို့တော်၏ကောင်းကင်ထဲ၌ ပေါ်လာစဉ်ကကဲ့သို့ စိတ်တည်ငြိမ်မှုများရှိမနေတော့ပေ။

ထို့နောက်တွင် ထျန်းတန့်အဘိုးအိုမှာ လက်သင့်မခံနိုင်ခြင်းများစွာဖြင့်  ဟစ်အော်လိုက်သည်။

“မဟုတ်ဖူး”

ထျန်းတန့်အဘိုးအို၏ အော်ဟစ်သံက သူ၏ကံကြမ္မာအား ပြောင်းလဲမပေးနိုင်ပေ။  ဧရာမသွေးကျောက်ပြားကြီး က သူ့ပေါ်သို့ထုနှက်သကဲ့သို့ကျဆင်းလာသည်။ လူများစွာ၏ တုန်လှုပ်အံ့အားသင့်နေသော အကြည့်များအောက်တွင်

ထျန်းတန့်အဘိုးအို၏ ကိုယ်အား ဧရာမသွေးကျောက်ပြားကြီးက ပိတ်ကာသွားသည်။

ထျန်းတန့်အဘိုးအို၏ အဆုံးသတ်အား သူတို့မမြင်တွေ့ရသော်လည်း

သူတို့အနေဖြင့် ၎င်း၏ ဝမ်းနည်းစရာအဆုံးသတ်အား

စိတ်ထဲတွင် ပုံဖော်မြင်နိုင်ကြသည်။

ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်ကျွမ်း

ကျင်သူတစ်ယောက်ဖြစ်သူ  ထျန်းတန့်အဘိုးအိုတစ်ယောက် ကျဆုံးသွားခဲ့ပြီဖြစ်သည်။

သွေးကျောက်ပြားအားလိုက်ဖမ်းရန်ပစ်လွှတ်လိုက်သောရှစ်ဖုန့်မှာ

သွေးကျောက်ပြားကြောင့်

ထျန်းတန့်အဘိုးအို အသတ်ခံလိုက်ရသော နေရာသို့ ချက်ချင်းပဲ လှစ်ခနဲရောက်ရှိလာသည်။ ကြယ်တစ်ပွင့် ဧကရာဇ်နယ်

ပယ်တစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှု

တစ်ခုနှင့်ညီမျှသော သွေးကျောက်ပြားကြောင့် ထျန်းတန့်အဘိုးအိုမှာ

အသားပြားတင်သာမက အပိုင်းပိုင်းပါ ခြေမွခြင်းခံလိုက်ရသည်ကို  ရှစ်ဖုန့်တွေ့လိုက်ရသည်။

သွေး၊အသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများအားလုံးမှာ ညှက်စိနေအောင်ခြေမွခံလိုက်ရသည်။ အောက်ဘက်ရှိမြေပြင်တွင် သွေးများက ပြန့်ကျဲနေသည်။

ရှစ်ဖုန့်ကသူ၏စိတ်ကိုလျှင်

မြန်စွာအသုံးပြုလိုက်ပြီး မြေပြင်ပေါ်ရှိပြန့်ကျဲနေသော

သွေးများကိုဆွဲယူ လိုက်သည်။ မြေပြင်ပေါ်သို့ပန်းထွက်ပြန့်

ကျဲနေသောသွေးများအားလုံးက

ရှစ်ဖုန့်ထံသို့ ဦးတည်စီးဆင်းလာသည်။

ရှစ်ဖုန့်ကသူ၏လက်အားဆန့်

ထုတ်လိုက်ပြီး ရွှေနဂါး ကျိုင်းတုတ်နှင့် ထျန်းတန့်အဘိုးအို၏ သိုလှောင်လက်စွပ်အား ဆုပ်ကိုင်လိုက်သည်။ ထို့နောက်သူက ၎င်းတို့အား သူ၏သိုလှောင်

လက်စွပ်အတွင်းသို့ ပစ်ထည့်လိုက်သည်။

သွေးနှင့်သေခြင်းစွမ်းအင်တို့အား ဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်သူ၏ ဝိညာဉ်စွမ်းအားကိုအသုံးပြု၍  ထျန်းတန့်အဘိုးအို၏ ဝိညာဉ်အားဖမ်းဆီးလိုက်ပြီး  ၎င်းကိုပါဝါးမျိုလိုက်သည်။ ရုတ်တရက် အဖြူရောင်အလင်းသုံးခုက

သူ၏ကိုယ်မှလင်းလက်လာသည်။ သူကကြယ်သုံးပွင့်အဆင့်ချိုး

ဖျက်တက်သွားပြီး ကြယ်ရှစ်ပွင့် ဘိုးဘေးနယ်ပယ်သို့ ဝင်ရောက်သွားသည်။

ရှစ်ဖုန့်ကသူ၏ဘယ်လက်အား ဆန့်ထုတ်လိုက်ပြီး  ဟင်းလင်းပြင်ထဲတွင်ရှိနေသော ဧရာမသွေးကျောက်ပြားကြီးမှာ  ရှစ်ဖုန့်၏ စိတ်ဖြင့်ထိန်းချုပ်မှုအောက်တွင်လျှင်မြန်စွာကျုံ့ဝင်လာကာ လက်ချောင်းတစ်ချောင်းစာ အရွယ်အစားဖြစ်လာသည်။  သွေးရောင်အလင်းတစ်ချက်

ဖျက်ခနဲလက်သွားပြီး  ၎င်းက ရှစ်ဖုန့်၏ လက်ဖဝါးအတွင်းသို့ပြန်လည်၍ ဝင်ရောက်လာကာ သွေးနီရောင်သွေးကျောက်ပြား

အမှတ်အသားအဖြစ်ပြောင်းလဲသွားသည်။

သွေးကျောက်ပြားကပျောက်

ကွယ်သွားသည်။ပြိုင်ဘက်ကင်း ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်ကျွမ်းကျင်သူဖြစ်သူ  ထျန်းတန့်အဘိုးအိုမှာလည်း  ပျောက်ကွယ်သွားခဲ့သည်။ လူများမှာကောင်းကင်ထဲသို့ ဗလာနတ္ထိစိုက်ကြည့်နေမိကြသည်။

သူတို့က အရူးနတ်ဆိုးဖြစ်သော ရှစ်ဖုန့်အားစိုက်ကြည့်နေမိကြသည်။ အင်ပါမြို့တော်တစ်လျှောက်  ဝမ်းနည်းဖွယ်ခံစားချက်များက ပြန့်နှံ့ဖြစ်ပေါ်လာသည်။

ထျန်းတန့်အဘိုးအိုမှာလည်း

သေဆုံးသွားခဲ့သလို ဧကရာဇ်မင်း  ကျင်းရွှယ်ကလည်း အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ယခုအခါ၌ မြို့တစ်ခုလုံးအား အစုလိုက်အပြုံလိုက်သတ်မည့် အရူးနတ်ဆိုးအား မည်သူကများ ရပ်တန့်နိုင်ပါမည်နည်း။

ရှစ်ဖုန့်က အောက်တွင်ရှိနေသော

လူများ၏ စိတ်ခံစားချက်များအား လျစ်လျူရှုထားပြီးသူ့ဘယ်လက်အတွင်းရှိ သွေးကျောက်ပြားအားကြည့်လိုက်သည်။ သူကခေါင်းကိုခါယမ်းပြီး သက်ပြင်းချလိုက်သည်။ သူကတီးတိုးရေရွတ်လိုက်သည်။

“ငါ ဒါကို နှစ်ကြိမ်အသုံးပြုပြီးပြီ…

နောက်ဆုံးအသုံးပြုဖို့

တစ်ကြိမ်ပဲကျန်တော့တယ်”

သွေးနတ်ဆိုးကသူ့အား

သွေးကျောက်ပြားက ပျက်ဆီးနေသော အံ့ဖွယ်လက်နက်တစ်ခုဖြစ်သည်ဟုပြောခဲ့သည်။၎င်းအားသုံးချိန်သာအသုံးပြုနိုင်သည်ဖြစ်သည်။အကယ်၍ နောက်တစ်ကြိမ်အသုံးပြုလိုက်လျှင် ၎င်းသည်လုံးဝပျက်ဆီး

သွားလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့်သွေးကျောက်ပြား၏ ဧကရာဇ်နယ်ပယ်စွမ်းအားနှင့်ပက်သက်ပြီး  ဂရုမစိုက်ပေ။သူဂရုစိုက်သည်ကား သွေးကျောက်ပြားအတွင်းရှိ ကမ္ဘာငယ်လေးကိုသာဖြစ်သည်။

“ပိုပြီး သန်မာတဲ့စွမ်းအား

ကိုစုဆောင်းတာကပဲ နောက်ဆုံးအကြိမ်ဒါကိုလွယ်လွယ်နဲ့ အသုံးမပြုဖို့ဖြစ်စေလိမ့်မယ်”

ရှစ်ဖုန့်ကထိုသို့ပြောလိုက်ပြီးနောက်  အင်ပါယာမြို့လည်တွင်ထီး

ထီးကြီးတည်ရှိနေသော အင်ပါယာနန်းတော်အား ကြည့်လိုက်သည်။အစောပိုင်းက

ကျင်းရွှယ်မှာ  အင်ပါယာတော်ဝင်နန်းတော်အတွင်းသို့ ပြန်လည်၍ ထွက်ပြေးသွားခြင်းဖြစ်သည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters