← Chapters

အပိုင်း(၃၁၉)

Vol. 22 Ch. 319

အပိုင်း(၃၁၉)

Vol. 22 Ch. 319

ထျန်းတန့်အဘိုးအိုမြင့် မြင့်မားအရှိန်အဝါကြီးမား

သော ပုံရိဖြင့် ရောက်ရှိပေါ်လာခဲခြင်းဖြစ်သည်။ သူကနတ်ဆိုးအား ရှင်းလင်း

သုတ်သင်ပစ်ရန် ရည်ရွယ်ခဲ့သော်လည်း  ရှစ်ဖုန့်၏ သတ်ဖြတ်ခြင်းကိုခံလိုက်ရသည်။ ဤကဲ့သို့သော ဆန့်ကျင်ဘက်ခြားနားချက်မျိုးက သူသေသွားပြီးတော်တော်ကြာမြင့်

သည့်တိုင်အောင် လက်သင့်ခံနိုင်ရန်အတွက် ခက်ခဲလေသည်။

ယခု ထျန်းတန့်အဘိုးအိုမှာလည်း

သေသွားပြီဖြစ်သောကြောင့်

အရူးနတ်ဆိုးအား လူများအားအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းမှ မည်သူကများတားဆီးနိုင်ပါမည်နည်း။

ဤအရူးနတ်ဆိုး၏ ဗီဇအရ  ယနေ့ပြီးသည့်နောက်တွင် အင်ပါယာမြို့တော်သည်လည်း ဖျောင်ရှဂိုဏ်းကဲ့သို့ သမိုင်း၏တိုက်စားမှုများအောက်တွင် ပျောက်ကွယ်သွားဖို့ပို၍ဖြစ်နိုင်လေသည်။

လူအများအပြားမှာ သူတို့၏ အသိများပြန်လည်ဝင်လာကြပြီး စတင်၍ အင်ပါယာမြို့တော်အားစွန့်ခွာ

ထွက်ပြေးကြသည်။အရူးနတ်ဆိုးက

သူတို့အား ပစ်မှတ်မထားခင် အချိန်လုပ်ဆောင်နိုင်ရန်သာ သူတို့မျှော်လင့်မိကြသည်။အရူးနတ်ဆိုး၏ အကြင်နာမဲ့သတ်ဖြတ်မှုမှ လွတ်မြောက်နိုင်ရန်သာ သူတို့မျှော်လင့်တောင့်တမိကြသည်။

လူများစွာမှာထွက်ပြေးနေကြရင်း ရံဖန်ရံခါ ဟင်းလင်းပြင်ထဲသို့ တစ်ချက်တစ်ချက်ကြည့်မိကြသည်။

ယင်းမှာ အကယ်၍သူတို့ကသာ ဟင်းလင်းပြင်ထဲတွင်ရပ်နေသော အရူးနတ်ဆိုးအားကြည့်မနေမိခဲ့လျှင် ၎င်းကရုတ်တရက်ပျောက်သွား

ကာသူတို့၏နောက်၌ပြန်ပေါ်လာပြီး  ကြမ်းကြုတ်ခက်ထန်သော မျက်နှာကိုလှစ်ဟာပြ၍ သူတို့အား

လူမဆန်စွာ အကြင်နာမဲ့သတ်ဖြတ်မည်စိုး

သောကြောင့်ဖြစ်သည်။

သူတို့ထိုအကြောင်းအားပိုတွေးမိလေ

ထိုကဲ့သို့ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်း

သောအရာအား ဖြစ်ပျက်ရန်အလိုမရှိလေလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ လူများက ကောင်းကင်ထဲသို့ထပ်မံ၍ ကြည့်လိုက်ကြသောအခါတွင် ဟင်းလင်းပြင်ထဲတွင်ဝင့်ကြွားစွာရပ်နေသော အနက်ရောင်ပုံရိပ်က ရုတ်တရက်ပျောက်ကွယ်သွားသည်ကိုသူတို့ တွေ့လိုက်ရသည်။

အရူးနတ်ဆိုးရှစ်ဖုန့် ရုတ်တရက်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသောအခါတွင်  အားလုံးမှာ တုန်လှုပ်သွားပြီး ပို၍ပင် ထိတ်လန့်ကြောက်ရွံ့လာကြသည်။ အရူးနတ်ဆိုးက ဘေးပတ်ဝန်းကျင်တွင်ရှိနေခြင်းက ပို၍ကောင်းလေသည်။ ယခုသူကရုတ်တရက်ပျောက်ကွယ်သွားပြီး နောက်ပေါ်လာမည့်နေရာက သူတို့၏နောက်ဘက်တွင်ဖြစ်ပြီးသူတို့အား အကြင်နာမဲ့သတ်ဖြတ်ဖို့ပို၍ဖြစ်နိုင်လေသည်။

သို့သော် အချိန်များ ကုန်လွန်သွားပြီးသည့်နောက်

အရူးနတ်ဆိုးက ပျောက်ကွယ်သွားသည်

နောက်ပိုင်းလုံးဝထပ်မံ၍ ပေါ်မလာတော့ပေ။ယင်းမှာ

သူကရုတ်ခြည်းပျောက်ကွယ်

သွားသကဲ့သို့ပင်ဖြစ်သည်။

သို့သော်အရူးနတ်ဆိုးက အင်ပါယာမြို့အတွင်း  ဗြောင်းဆန်အောင် အကြီးအကျယ်ထိခိုက်ပျက်စီး

စေမှုများကိုမပြုလုပ်ခဲ့ပေ။သူကအရမ်းမဲ့လက်လွတ်စပယ်သတ်ခြင်းသို့မဟုတ်လူများအား အစုလိုက်အပြုံလိုက်သတ်ခြင်းတို့ကို မပြုလုပ်ခဲ့ပေ။ယင်းကအရူးနတ်ဆိုး၏ ပုံစံဟုတ်ပုံမပေါ်ပေ။

စွမ်းအားကြီးသောပုဂ္ဂိုလ်တစ်ယောက်ကများ  ဤနေရာမှဖြတ်သန်းသွားချိန် အရူးနတ်ဆိုး၏ ပြဿနာပေးမှုများကိုမြင်တွေ့သွားပြီး ၎င်းအား နှိမ်နင်းရန်လုပ်ဆောင်သွားခြင်းလော။

သို့တည်းမဟုတ် အရူးနတ်ဆိုးက ရုတ်တရက် အသိတရားများ ဝင်သွားခြင်းပေလော။

လူများစွာမှာသူတို့၏ နှလုံးသားအတွင်း၌ တွေးတောနေကြသည်။

သို့သော်အရူးနတ်ဆိုးရှစ်ဖုန့်က အလွန်မြင့်မားသော အမြန်နှုန်းဖြင့်ဝေဟင်၌ ထိုးခွင်းပျံသန်းနေသည်ကို မြင်တွေ့လိုက်ကြသော ကျင့်ကြ့သူအချို့လည်းရှိသည်။

အချိန်တိုလေးအတွင်း သူက အင်ပါယာမြို့တော်ထဲရှိ အမြင့်မားဆုံးနှင့် အခမ်းနားဆုံးသော အဆောက်အဦးဖြစ်သော အင်ပါယာနန်းတော်ထံသို့ တစ်ဟုန်ထိုးဝင်ရောက်သွားသည်။

“အင်ပါယာနန်းတော်ကိုကြည့်လိုက်”

“မီး..မီးလောင်နေပြီ”

“အင်ပါယာနန်းတော်က မီးလောင်နေပြီ..အဲ့မီးက အရူးနတ်ဆိုးရဲ့ နမည်ကျော်  သွေးမီးတောက်ပဲ…အရူးနတ်ဆိုးက သူ့လမ်းစဉ်အတိုင်းပဲ အင်ပါယာနန်းတော်မှာသတ်ဖြတ်နေပြီ.သူ အင်ပါယာနန်းတော်ကို ဖျောင်ရှတောင်လိုမျိုး မီးလောင်တိုက်သွင်းချင်နေတာ”

…………………………………………………

ပြင်းထန်သော မီးတောက်များက နန်းတော်တစ်လျှောက်ဖြတ်

သန်းပျံ့နှံ့သွားပြီး  သူတို့လမ်းလျှောက်ရှိ အရာအားလုံးအား လောင်ကျွမ်းသွားသည်။

ရှစ်ဖုန့်က အင်ပါယာနန်းတော်၏ တော်ဝင်ဥယျဉ်အလယ်တွင် ရပ်နေသည်။မူလက အရောင်အသွေးစုံလင်သောပန်းများဖြင့် တင့်တယ်လှပမြဲဖြစ်သော

ဥယျဉ်မှာ ယခုအခါ၌ သွေးနီရောင်မီးတောက်များ လွှမ်းခြုံနေသည်။အင်ပါယာနန်းတော်၏ ရွှေရောင်ချပ်ဝတ်များဖြင့် တော်ဝင်အစောင့်အကြပ်များ

မှာသွေးရောင်မီးတောက်အတွင်း

နာကျင်မှုအပြည့်ဖြင့်  ငယ်သံပါအောင်ဟစ်ကြွေးနေကြသည်။ ရာသီပတ်လည် ရာပေါင်းများစွာသောပန်းပင်များဖြင့် ငွားငွားစွင့်စွင့်ဖူးပွင့်ဝေဆာနေသော တော်ဝင်ဥယျဉ်တော်မှာ ယခုအခါ၌ ကမ္ဘာမြေပြင်ထက်က ငရဲတစ်ခုဖြစ်လာပြီး အသက်ဝင်မှုများက တစ်ဖြုတ်ဖြုတ်ကြွေကျနေသည်။

သွေးနီရောင်မီးတောက်တို့က ပြင်းထန်စွာသိမ်းကျုံးပြန့်နှံ့နေပြီး

ထိမိလိုက်သည့် သက်ရှိတိုင်းသေဆုံးကြရသည်။

ရှစ်ဖုန့်က သွေးနီရောင်မီးတောက်တို့အလယ်တွင်ရှိနေပြီး  သူ၏ မျက်နှာက‌ ‌အေးစက်နေကာ  နာကျင်သောဟစ်အော်သံများ

ကိုကြားရသော်လည်း ပြောင်းလဲခြင်းမရှိပေ။ ထို့နောက်တွင် သူ၏ပုံရိပ်က သွေးနီရောင်မီးတောက်များအတွင်း

ရှေ့သို့ တလှမ်းခြင်းဖြင်းညှင်းစွာလှမ်း၍ လျှောက်လှမ်းသွားသည်။

“ဒီနေ့ပြီးတဲ့နောက်မှာတော့ တော်ဝင်အာဏာစွမ်းအားကို

နှစ်ထောင်ပေါင်းများစာ ဦးဆောင်ဆုပ်ကိုင်ထားတဲ့ကျင်း

မိသားစုဟာလည်းဖျက်ဆီးခံရမဲ့ပုံပဲ..

ဒီမိစ္ဆာကြယ်က သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ပဲ ထျန်းမြောင်အင်ပါယာကိုသိမ်းပိုက်ပြီးတော့ ထျန်းမြောင်အင်ပါယာရဲ့ နိုင်ငံကံတရားကို လုံးဝပြောင်းလဲပစ်လိုက်တယ်..”

အကွာအဝေးတစ်ခုအတွင်းမှ ရွှေရောင်ယူနီကွန်းဝတ်ရုံကို

ဝင်ဆင်ထားသော ချီလင်ဘုရင်က ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာရပ်နေပြီး သွေးရောင်မီးတောက်များ

ကောင်းကင်ထဲသို့ ထိုးတက်လောင်ကျွမ်းနေသည့် နေရာအားကြည့်နေသည်။

“ကံကောင်းတာက အဖေအနေနဲ့ ကျင်းရွှယ်ရဲ့စကားကို နားမထောင်ခဲ့တာပဲ ..အဲ့လိုသာ မဟုတ်ခဲ့ရင် အကျိုးဆက်က စိတ်ကူးလို့တောင်ရမှာမဟုတ်ဖူး”

ချီလင်ဘုရင်၏ ဘေးတွင်ရှိနေသော မင်းသမီးကျိယွင်က အင်ပါယာနန်းတော်ရှိရာဦး

တည်ချက်ကိုကြည့်၍ သက်ပြင်းချလိုက်သည်။

“ဒီနတ်ဆိုးက ကံကြမ္မာရဲ့ဒဏ္ဍရီလာ လူသားများလား…ထျန်းတန့်

အဘိုးအိုကသူကိုဖိနှိပ်နိုင်မှာလို့  ငါတွေးနေခဲ့တာ..ကြယ်သုံးပွင့်

ဘိုးဘေးနယ်ပယ်ဖြစ်တဲ့ ထျန်းတန့်အဘိုးအိုကသူ့ရဲကျောက်ပြားအောက်မှာ ဘာခုခံမှုမပြုလုပ်နိုင်ပဲ သေဆုံးသွားမယ်လို့ ဘယ်သူကများထင်မှာလဲ..အဲ့စွမ်းအားက အရမ်းကိုအားကောင်းတယ်..အဲ့အတာက သူတော်စင်နယ်ပယ်တစ်ယောက်ရဲ့စွမ်းအားထက်ကိုလုံးဝသာလွန်တယ်… ကျင်းမိသားစုရဲ့ အခြေအနေက ထပ်ပြီးတော့ ဆန့်ကျင်ဘက်ဖြစ်လာဖို့လမ်းမမြင်တော့ဘူး”

ချီလင်ဘုရင်က ပြောလိုက်သည်။

…………………..

“ဧကရာဇ်မင်းကို ကာကွယ်ကြ … ဧကရာဇ်မင်းကို ကာကွယ်ကြ … ဧကရာဇ်မင်းကို ကာကွယ်ကြ …နတ်ဆိုးကိုသုတ်သင်ကြ”

သွေးနီရောင်မီးတောက်များ၏

ရှေ့တွင် သစ္စာရှိ ရွှေရောင်ချပ်ဝတ်စစ်သည်တစ်ယောက်က အော်ဟစ်လိုက်သည်။ သူကသွေးနီရောင်မီးတောက်

တို့ရှေ့တွင်ရပ်နေသည့် တော်ဝင်အစောင့်အကြပ်

ရာဂဏန်းအချို့ကို  အမိန့်ပေးလိုက်သည်။

ပြင်းထန်သောတိုက်ခိုက်များက

အတွဲလိုက်  သွေးနီရောင်မီးတောက်ပင်လယ်အတွင်းသို့ တရစပ်ရောက်ရှိလာခဲ့သော်လည်း ချစ်ချစ်တောက်အော်လောင်

ကျွမ်းနေသောသွေးနီရောင်မီးပင်လယ်၏ အောက်တွင်   တိုက်ခိုက်မှုအားလုံးက ဘာမှကျန်ရစ်ခြင်းမရှိတော့သည့်အဖြစ်သို့  ပြောင်းလဲသွားကြသည်။

ထို့နောက်တွင် အားလုံးက သွေးနီရောင်မီးတောက်တို့အတွင်းမှ အနက်ရောင်ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ အေးစက်သော အသံတစ်ခုက ထွက်ပေါ်လာသည်။

“မင်းတို့မသေချင်ကြဘူးဆိုရင်

ဒီသခင်လေးရဲ့ လမ်းကနေဖယ်လိုက်ကြ ….မဟုတ်ရင်တော့ မင်းတို့အသတ်ခံရမယ်”

ရှစ်ဖုန့်စကားပြောနေစဉ် ရွှေရောင်ချပ်ဝတ်စစ်သည်တစ်ယောက်က  သူ၏ရွှေရောင်ဓားအား ကောင်းကင်ထဲသို့ထိုးညွှန်၍ အော်ပြောလိုက်သည်။

“ဧကရာဇ်ကိုကာကွယ်က ..ဧကရာဇ်မင်းကိုကာကွယ်ကြစမ်း ..ဆုတ်ခွာထွက်ပြေးတဲ့ဘယ်သူမဆို အသတ်ခံရမယ်”

နောက်ဆက်တွဲအနေဖြင့်  သွေးနီရောင်မီးတောက်အစုအဝေးတစ်ခုက သွေးမီးတောက်ပင်လယ်အတွင်း

မှထွက်လာပြီး  ရွှေရောင်ချပ်ဝတ်စစ်သည်၏ အပေါ်သို့မကျရောက်ခင်လေထဲ၌ လှပသော  အကွေးအဝိုက်တစ်ခုအား ရေးဆွဲလိုက်သည်။

“အား”

နာကျင်သော စူးစူးဝါးဝါးအော်ငယ်သံပါအောင်

အော်ဟစ်သောအသံတစ်ခုက နေရာလွတ်လေးတစ်ခုတွင် ပဲ့တင်ထွက်ပေါ်လာသည်။ ရွှေရောင်ချပ်ဝတ်စစ်သည် ၏ ပုံစံမှာကြမ်းကြုတ်ခက်ထန်နေသည်။

သူသည် အလွန်အမင်းကို နာကျင်နေ၏။ထို့နောက်တွင် သူ၏တစ်ကိုယ်လုံးအား သွေးနီရောင်မီးတောက်များ လောင်ကျွမ်းကုန်၏။ ရုတ်ခြည်း သူသည်သွေးနီရောင်မီးတောက် လူသားတစ်ယောက်အဖြစ်ပြောင်းလဲသွားသည်။

အချိန်ခဏမျှကြာမြင့်ပြီးသည့်နောက်တွင်  ရွှေရောင်ချပ်ဝတ်တော်ဝင်စစ်တပ်၏ မျက်လုံးများအောက်၌ပင်  သွေးနီရောင်မီးတောက်နှင့်လူမှာ  ပျောက်ကွယ်သွားသည်။ ရွှေရောင်ဆေဘာဓားအား ကိုင်ဆောင်ထားသည့် ထိုရွှေရောင်ချပ်ဝတ်စစ်သည်မှာ  ဘာမှကျန်ရစ်ခြင်းမရှိတော့သည်

အထိပြောင်းလဲသွားပြီး ဤကမ္ဘာအတွင်း၌ ၎င်းနှင့်ပက်သက်သော မြူမှုန်စတစ်စပင်ကျန်ရစ်ခြင်းမရှိပေ။

“ဗိုလ်မှူးလီ.သေပြီ..”

“ဗိုလ်မှူးလီ.သေပြီ..”

“ဗိုလ်မှူးလီ.သေပြီ..”

ရွှေရောင်ချပ်ဝတ်နှင့် စစ်သည်မှာသူ၏လက်ဖျောက်တစ်ချက်ဖြင့်ပင့် အသက်ခံလိုက်ရခြင်းဖြစ်သည်။အင်ပါယာ အစောင့်အကြပ်များမှာ  သူတို့၏ အရိုးများ အတွင်းထိပင် အေးစိမ့်တက်သွားမှုကိုခံစားလိုက်ရသည်။

“ဒါက ဒဏ္ဍာရီလာ ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိအောင် သတ်ဖြတ်ခြင်းလား”

ထို့နောက်တွင် ရွှေရောင်ချပ်ဝတ်စစ်သည်၏ သေဆုံးသွားမှုနှင့်အတူ  နဂိုကတည်းက ဆုတ်ခွာချင်နေကြသော စစ်သည်များမှာ စတင်၍ ဆုတ်ခွာပြီးထွက်ပြေးကြတော့သည်။

ပြင်းထန်စွာတောက်လောင်နေသော  သွေးနီရောင်မီးတောက်ပင်လယ်က

ရှေ့သို့ တလိပ်လိပ်တက်သွားသည်။ မကြာခင်တွင် ရှစ်ဖုန့်က သွေးနီရောင်မီးတောက်အတွင်းမှ လျှောက်လှမ်း၍ ထွက်လာပြီး သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်၏ ကိုယ်အတွင်းသို့

ပြန်လည်၍လှိိမ့်ဝင်လာသည်။

အချိန်တိုလေးအတွင်း

ဤနေရာရှိရှစ်ဖုန့်အား ပိတ်ကာဆီးထားကြသော လူများအားလုံးဆုတ်ခွာ

ထွက်ပြေးသွားကြသည်။

ရှစ်ဖုန့် နန်းတော်အတွင်းသို့ဝင်ရောက်

လာသောအခါတွင်  လူစုလူဝေးနှင့် သတ်ဖြတ်ခြင်းလှုပ်ရှားမှုများက  ကောင်းကင်နှင့်မြေပြင်တစ်ခွင်တွင် လွှမ်းခြုံးနေခဲ့ပြီးဖြစ်သည်။

သို့သော် သူ့အား တိုက်ခိုက်လာသည့်လူများအားလုံးမှာ ရှစ်ဖုန့်သွေးနီရောင်မီးတောက်၏ သိမ်းကျုံးလွှမ်းခြုံမှုကိုခံလိုက်ကြရသည်။ သူတို့ကအော်ဟစ်ငိုကြွေးကြပြီး  ဘာမှကျန်ရစ်ခြင်းမရှိတော့

သည်အဖြစ်ပြောင်းလဲသွားကာ

ရှစ်ဖုန့်အတွက် စွမ်းအင်များ ဖြစ်လာကြသည်။ဤနန်းတော်အ

တွင်းသို့ဝင်ရောက်လာခဲ့ပြီးကတည်းက  လူမည်မျှအထိသတ်ဖြတ်ခဲ့သည်ကို သူမမှတ်မိတော့ပေ။

ဤအချိန်၌ အသက်များအား ငဲ့ညှာသနားခြင်းမရှိသော အေးစက်အကြင်နာမဲ့သည့် သတ်ဖြတ်ခြင်းအရူး၏ရှေ့မှောက်တွင် ထျန်းတန့်အဘိုးအိုကိုပင် သတ်ဖြတ်ခဲ့သည့်လူမဆန်သော

အရူး၏ရှေ့မှောက်တွင်  မည်သူကမျှ သူ့အား ရပ်တန့်ရဲခြင်းမရှိပေ။

ကောင်းကင်မီးတောက်၏ ကျင်းရွှယ်၏ကိုယ်ပေါ်တွင်ရှိနေသော မြေမီးတောက်အပေါ်တုံ့ပြန်မှု

နောက်လိုက်ပါပြီး  ရှစ်ဖုန့်၏ပုံရိပ်က ဟင်းလင်းပြင်အတွင်းသို့ပျံသန်း

လိုက်ပြီးနောက် အောက်သို့

ထိုးဆင်းလိုက်ကာ  ကျယ်ပြေသော ကွပ်လပ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။

ကွပ်လပ်၏ အလယ်တွင်  ဧရာမ ရွှေရောင်ရုပ်ထုကြီးတစ်ခုက ကောင်းကင်နှင့်မြေကြီးကြားထဲ၌ ထီးထီးကြီးရပ်တည်နေသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters