← Chapters

အပိုင်း(၃၂၀)

Vol. 22 Ch. 320

အပိုင်း(၃၂၀)

Vol. 22 Ch. 320

ကျယ်ပြန့်သော ကွပ်လပ်ပေါ်တွင်

ဧရာမ ရွှေရောင်ရုပ်ထုကြီးတစ်ခုက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ထီးထီးကြီးရပ်တည်နေသည်။

ရွှေရုပ်ထုကြီးက ၎င်း၏ ဦးခေါင်းထက်တွင် ရွှေသရဖူကို ရွှေရောင် ဆင်မြန်းထားပြီးလက်သည်းကိုးခု နဂါးဝတ်ရုံကိုဆင်မြန်းထားသည်။  ၎င်းကဒေါသတရားတို့ကင်းစင်၍ ခံ့ညားသည့်အသွင်ကိုဆောင်နေသည်။ ၎င်း၏မျက်နှာအားနည်းငယ်ငုံ့ထားပြီး  ကောင်းကင်ပြင်အော်ရှိ အင်ပါယာမြို့တော်က သူ၏ မျက်စိအောက်တွင်ရှိနေသကဲ့သို့ဖြစ်သည်။

ဤရွှေရောင်ရုပ်ထုမှာ ထျန်းမြောင်အင်ပါယာအား

တည်ထောင်ခဲ့သူ ကျင်းဝေ့၏ရုပ်ထုဖြစ်သည်။ ၎င်းက ဤနေရာ၌ ရပ်တည်တည်ရှိနေခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာ တည်ရှိနေခဲ့ပြီဖြစ်သည်။

ရွှေရောင်ရုပ်ထုကြီး၏အောက်တွင် ဧရာမရုပ်ထုကြီးနှင့်နှိုင်းယှဉ်လိုက်ပါက ပုရွတ်ဆိတ်လေးများကဲ့သို့ ဖြစ်နေသော

ဒါဇင်နှင့် ချီသည့်ပုံရိပ်များရှိနေသည်။ ဒါဇင်ထက်ပိုသော ပုံရိပ်များ၏ကြားထဲတွင်  အလယ်၌ ဒူးထောက်နေသောသူမှာ စောပိုင်းကရှစ်ဖုန့်၏ကောက်ကောက်ပါအောင်လိုက်ဖမ်းမှုအောက်၌ဤနေရာသို့ ထွက်ပြေးလာခဲ့သော ထျန်းမြောင်အင်ပါယာ၏  ဧကရာဇ်ဖြစ်သူ ကျင်းရွှယ်ပင်ဖြစ်သည်။

လူအုပ်ထဲရှိဒါဇင်ထက်ပိုသော လူများထံမှနေ၌  ငိုကြွေးသံများအား ဝိုးတိုးဝါးတားကြားနေရသည်။

ရှစ်ဖုန့်က ထိုလူများထံသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်း၍လာသည်။

ယခုသူဤနေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သောကြောင့်  ကျင်းရွှယ်အပါအဝင် ဤလူများအားလုံးမှာ သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေပြီဖြစ်သည်။၎င်းတို့အနေဖြင့်

သူ့အပေါ်၌ ဘာပြဿနာမှာဖြစ်ထွန်း

စေလိမ့်မည်မဟုတ်ပေ။

“ဝါး..ဝါး.ဝါး… ခမည်းတော် ပြေး  အခုအဲ့အရူးနတ်ဆိုးရှစ်ဖုန့်လာနေပြီ ခမည်းတော် မပြေးရင်  ကျွန်တော်တို ကျင်းကလန် အဆုံးသတ်သွားလိမ့်မယ်”

“ဟုတ်တယ် ခမည်းတော် ..ခမည်းတော်ပြေးသင့်တယ်…

ကျွန်တော်တို့သားတွေက ဒီနေရာကို စောင့်ကြပ်ပေးပါ့မယ်… ခမည်းတော်သာ အသက်ရှင်ပြီး  မြေနဂါးမီးတောက် ကတည်ရှိသေးတာနဲ့  ကျွန်တော်တို့ ကျင်းကလန်က ပြန်လည်ထူထောင်လာနိုင်သေးပြီး  အရူးနတ်ဆိုးကိုသတ်ပြီးတဲ့အခါကြရင်   ကမ္ဘာကြီးကို ပြန်လည်ထိန်းချုပ်နိုင်လိမ့်မယ်”

“ခမည်းတော်ကျွန်တော်က

အိမ်ရှေ့စံမင်းသားပါ ကျွန်တော်တို့

မသေတာနဲ့ အနာဂတ်မှာ ဒီကမ္ဘာကြီးက ကျွန်တော်တို့ကျင်းမိသားစုနဲ့  သက်ဆိုင်နေဆဲဖြစ်အုံးမှာပဲ”

ရွှေရောင်သရဖူနှင့်ရွှေရောင်ဝတ်

ရုံကိုဝတ်ဆင်ထားသည့် နောက်ဆုံးလူငယ်က လည်းပြောလိုက်သည်။ သူသည်  ယွင်လိုင်အင်ပါယာတွင် ရှစ်ဖုန့်တွေ့ဆုံခဲ့သော   အိမ်ရှေ့စံမင်းသားကျင်းလွေပင်ဖြစ်သည်။

ဤဆယ့်လေးယောက်သောလူအုပ်စုတွင် ကျင်းရွှယ်မှလွဲ၍ အခြားသောလူငယ်များအားလုံးမှာ  ကျင်းရွှယ်၏  မင်းသားများဖြစ်ကြသည်။

“ကျင်းလေွ မင်းက အရမ်း သူရဲဘောကြောင်တာပဲ ..မင်းကအိမ်ရှေ့စံမင်းသားနော်”

ဤအချိန်တွင် ကျင်းလွေနှင့်အသက်အတူတူခန့်ရှိသော လူငယ်တစ်ယောက်က  သူ့အားဒေါတကြီးအော်ပြောလိုက်သည်။

“မင်းဘယ်လိုတောင်ပြောရဲတာလဲ…

ကျင်းယို ဒါကဘယ်လိုမျိုး  သဘောထားမျိုးလဲကွ..မင်းကမင်းရဲ့  အရှင်သခင်ဖြစ်သူကို  တကယ်လေးစားမှုမရှိတာပဲ…

မင်းထက်ကြီးပြီးတော့ ဒီအိမ်ရှေ့စံကို မင်းဘယ်လိုတောင်စော်ကားရဲတာလဲ”

“ဟမ့် အိမ်ရှေ့စံမင်းသားတဲ့ ..

ကျင်းလွေမင်းက  မင်းရဲ့အိမ်ရှေ့စံဆိုတဲ့ အဆင့်အတန်းကိုတော့  မှတ်မိနေသေးသားပဲ”

“ကျင်းယို မင်းဘာကိုဆိုလိုတာလဲကွ”

ဧကရာဇ်ကျင်းရွှယ်မှာ သူ၏ခေါင်းအား ငုံ့ထားပြီး သူ၏သားဖြစ်သူများ၏

ငြင်းခုံမှုနှင့်  အယူဝါဒကွဲလွဲမှုတို့အား စိတ်ဝင်စားမှုမရှိသကဲသို့ပြုမူနေသည်။

သူကသူ့ဖာသာသူ  တီးတိုးရေရွှတ်နေသည်။

“ပြီးသွားပြီ..ပြီးသွားပြီ..

အားလုံးကပြီးသွားပြီ”

“ကျင်းမိသားစုရဲ့  နှစ်ထောင်ပေါင်းများစွာသော

သမိုင်းကြောင်းက  ငါကျင်းရွှယ်ရဲ့လက်ထက်မှာ   ဖျက်ဆီးခံရလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး”

“ငါ့ရဲ့ကျင်းကလန်က ဘိုးဘေးတွေက ကမ္ဘာကြီးကိုသိမ်းပိုက်အုပ်စိုးခဲ့ပြီး ကမ္ဘာကြီးကိုသူတိုကို အညံ့ခံလာအောင်လုပ်ဆောင်ခဲ့တယ်….

သူတို့က ဒီကျယ်ပြောလှတဲ့

ပိုင်နက်နယ်မြေကို ဖန်တီးခဲ့တယ်..ဘယ်လောက်တောင် ဂုဏ်ဝင့်ဖွယ်ဖြစ်ခဲ့လဲ…ဒါပေမဲ့ ငါကျင်းရွှယ်ကတော့ ကျရှုံးတဲ့

နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်သူသာဖြစ်လာခဲ့တယ်…. ငါကျင်းရွှယ် ဘိုးဘေးတွေကို မျက်နှာပြရမှာတောင်ရှက်တယ်.. ငါကျင်းရွှယ်က

သေဖို့ပဲထိုက်တန်တော့တယ်… “

ကျင်းရွှယ်တစ်ယောက်ပိုပြီးစကားပြောဆိုလေ ပို၍ စိတ်တုန်လှုပ်မှုတို့ဖြစ်လာရလေဖြစ်သည်။ သူ၏မျက်နှာက ဖြူဖျော့နေပြီး သူ၏ခံညားသောဧကရာဇ်မင်းတစ်ပါး၏ သွင်ပြင်မှာ ဆယ်နှစ်စာလောက် အိုစာသွားပုံရသည်။

“ခမည်းတော်”

မင်းသားများက ကျင်းရွှယ်၏ စကားအားကြားရသောအခါတွင်  ငြင်းခုန်စကားများနေကြသော  ကျင်းလွေနှင့်ကျင်းယိုတို့မှာလည်း

ချက်ချင်းပင်ရပ်တန့်သွားပြီး  ကျင်းရွှယ်အားကြည့်လိုက်ကြသည်။ မင်းသားဆယ့်သုံးပါးက ပြိုင်တူအော်ပြောလိုက်ကြသည်။

“ထပ်..ထပ်…ထပ်..ထပ်…ထပ်..ထပ်..”

ရုတ်တရကက်ကွပ်လပ်အတွင်း လေးလံသောခြေလှမ်းသံများက  တစ်ချက်ချင်းထွက်ပေါ်လာပြီး ယင်းက  သူတို့၏နှလုံးသားများအတွင်း

နင်းလျှောက်နေသကဲ့သို့ပင်ဖြစ်လေသည်။

ကျင်းရွှယ်မှလွဲ၍ မင်းသား

ဆယ့်သုံးပါးတို့မှာ ထရပ်လိုက်ကြပြီး   လှည့်လိုက်ကာ သူတို့ထံသို့တစ်လှမ်းချင်း

လျှောက်လှမ်းလာနေသော  အနက်ရောင်ပုံရိပ်အား  ကြည့်လိုက်ကြသည်။

“ရှစ်ဖုန့်..ငါပါ..မင်းငါ့ကိုမှတ်မိသေးလား..

ငါကကျင်းလွေ…ငါတို့ယွင်လိုင်

အင်ပါယာမှာရှိတုံးက လုံရှင်းက ငါတို့ကိုမိတ်ဆတ်ပေးဖူးတယ်.. ငါတို့တွေတစ်ကြိမ်တွေ့ဖူးကြတယ်လေ..”

ရှစ်ဖုန့်အား တွေိ့လိုက်သောအခါ ကျင်းလွေကအလျှင်အမြန်ပြောလိုက်သည်။

ထိုအချိန်က ကျင်းလွေမှာ မြင့်မားအရှိန်အဝါကြီးမားသောသူဖြစ်ပြီး  အရာအားလုံးအားနှိမ့်ချရှုမြင်ခဲ့သည်။ သူကရှစ်ဖုန့်ကို ပင်ဂရုစိုက်ခဲ့ခြင်းမရှိပေ။ ယခုအခါ၌ ရှစ်ဖုန့်အားသူမြင်တွေ့

ရသောအခါတွင်တော့ စိတ်အားတက်ကြွမှုများဖြင့်ပြည့်နှက်နေသည်။သူက  အထစ်ထစ်ငေါ့ငေါ့လေသံဖြင့်ပင် ပြောလိုက်မိသည်။

ကျင်းလွေ၏စကားအားကြား

လိုက်ရသောအခါတွင် အခြားသောမင်းသားဆယ့်နှစ်ပါးက ကျင်းလွေအားကြည့်လိုက်ကြသည်။

ကျင်းလေွက လွန်ခဲ့သော အချိန်တစ်ချို့က ယွင်လိုင်အင်ပါယာဆီသို့သွားခဲ့သည်ကို သူတို့ မှတ်မိဆဲဖြစ်သည်။

“ကျင်းလွေကဒီလူနဲ့သိနေတာလား.

.ဒီလိုသာဆိုရင်..”

မင်းသားများမှာ တစ်ယောက်ပြီး

တစ်ယောက် အနက်ရောက်ပုံရိပ်အား မျှော်လင့်ချက်မျက်လုံးများဖြင့်  ကြည့်လိုက်ကြသည်။ရေခဲတစ်မျှ

အေးစက်သောလူငယ်၏ မျက်နှာထပ်မှ မျှော်လင့်ချက်ခပ်ရေးရေးလေးများတွေ့မြင်နိုင်မလားဟုသူတို့မျှော်လင့်တောင့်တမိနေကြသည်။

သို့သော်ကျင်းလွေ၏ စကားတို့အားကြားပြီးသည့်နောက်တွင် လူငယ်၏နှုတ်ခမ်းတို့ကတွန့်ကွေးသွားပြီး အေးစက်သောအပြုံးတစ်ခုကို

သာမြင်တွေ့လိုက်ရသည်။ ၎င်းက လှောင်ပြောင်သရော်သော အပြုံးဖြစ်သည်။ သူကအထင်သေးစွာဖြင့်ပြောလိုက်သည်။

“ကျင်းလွေဟုတ်လား.မင်းကဘယ်သူတုံး”

“ရှစ်ဖုန့် မင်း…”

ရှစ်ဖုန့်၏ လှောင်ပြုံးနှင့် အထင်သေးသောစကားလုံးများက ကျင်းလွေ၏မျက်နှာအား ထူပူထွက်သွားစေသည်။

ယင်းမှာသူကရှစ်ဖုန့်အား မျက်နှာကိုထိုးခံပေးသော်လည်း

တစ်ဖက်လူကသူ့အား ပြင်းထန်သောပါးရိုက်ချက်

တစ်ခုကိုသာပြန်ပေးလိုက်သည်နှင့်တူသည်။

ကျင်းလွေမှာ တစ်ခြားသောမင်းသားများအားလုံးရှေ့တွင် အရှက်ကွဲသွားရသည်။

“ရှစ်ဖုန့် မင်း…”

ကျင်းလွေကဆက်လက်၍ စကားပြောချင်သော်လည်း

ထိုအချိန်တွင်  ကျင်းယိုက အထင်သေးသောပုံစံဖြင့်ကြည့်ပြီးသူ့အား ကြားဖြတ်ဟန့်တားလိုက်သည်။ သူကကျင်းလွေကိုပြောလိုက်သည်။

“တော်လောက်ပြီ..ဘာမှ အရှက်ရစရာတွေကိုလုပ်မနေနဲ့တော့”

“ကျင်းယိုမင်း….”

ကျင်းလွေက ကျင်းယိုအား ဒေါသတကြီးလက်ညိုးထိုး၍ အော်ဟစ်လိုက်သည်။ လွန်ခဲ့သောတစ်ရက်ကပင်

ကျင်းလွေမှာ မြင့်မားပြီးအရှိန်အဝါကြီးမား

သောသူဖြစ်နေခဲ့သေးသည်။ သူကလူသန်းပေါင်းများစွာ၏ အထက်တွင်ရှိနေသည့် တစ်ယောက်တည်းသောသူဖြစ်ခဲ့သည်။

ဘယ်အချိန်ကများ သူအနေဖြင့် ဤကဲ့သို့အရှက်ခွဲခံရမှုကို အမြဲကြုံတွေ့ခဲ့ရပါသနည်း။

“တော်လောက်ပြီ….မင်းတို့အားလုံး တိတ်ထားကြစမ်း…”

ဤအချိန်တွင် ရွှေရောင်ရုပ်ထုကြီး၏

ရှေ့၌ ဒူးထောက်နေသောကျင်းရွှယ်မှာ နက်ရှိုင်းထည်ဝါသောအသံဖြင့်

အော်ပြောလိုက်သည်။ ကျင်းရွှယ်၏နဂါးစွမ်းအားကရှိနေဆဲဖြစ်သည်။ ဤအော်သံ၏ အောက်တွင်ငြင်းခုံကခိုက်ရန်ဖြစ်

နေသည့်မင်းသားနှစ်ယောက်မှာချက်ချင်းပဲ ရပ်တန့်သွားသည်။

ကျင်းရွှယ်ကဒူးထောက်နေသော

အနေအထားမှ ဖြည်းဖြည်းချင်းထရပ်လိုက်သည်။ သူကလှည့်လိုက်ပြီးဖြည်းဖြည်း

ချင်းချဉ်းကပ်လာနေသော   အနက်ရောင်နှင့်လူငယ်အား  ကြည့်လိုက်သည်။ သူကအံကိုတင်းတင်းကြိိတ်၍ တစ်လုံးချင်းပြောလိုက်သည်။

“ရှစ်…ဖုန့်..”

ရှစ်ဖုန့်က  ကျင်းရွှယ်၏  အော်သံကိုကြားသော်လည်း ရှေိ့သို့တစ်လှမ်းချင်း ဆက်လက်၍လျှောက်လှမ်းလာသည်။ ဤအချိန်တွင် ကျင်းမိသားစု၏ မင်းသားများမှာရပ်ကြည့်မနေနိုင်ကြဘဲ ကျင်းရွှယ်အား ကာကွယ်ရင် သူ၏ရှေ့၌ ရပ်လိုက်ကြသည်။

“မင်းတို့အားလုံး ..ငါ့ရှေ့ကဖယ်စမ်း..”

သူ၏သားများကသူ့ရှေ့တွင်ရပ်နေသည်ကိုမြင်တွေ့ရသောအခါ ကျင်းရွှယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါ့ရှေ့မှာရပ်လိုက်တာနဲ့ပဲ..မင်းတို့တွေက ငါ့ကိုကာကွယ်နိုင်မယ်လို့ ထင်နေကြတာလား..မင်းတို့တွေက

ငါမသေတော့ဘူများထင်နေကြတာလား…မင်းတို့ကရော မသေတော့ဘူးလို့ထင်နေကြတာလား…

မင်းတို့အားလုံးက အမှိုက်တွေပဲ..အသုံမကျတဲ့ကောင်တွေ..

ဒီလိုအမှိုက်တွေကို ငါဘယ်လိုများမွေးထုတ်ထားမိတာလဲ”

“မင်းတို့အားလုံးက

တစ်ယောက်နဲ့တစ်ယောက် အကြံအစည်တွေ့နဲ့ဆန့်ကျင်နေကြပြီး နေ့ပတ်လည် ငါ့ပလ္လင်ကိုပဲ မျက်စောင်းထိုးနေကြတယ်…ဒါပေမဲ့ အဲ့တာကဘာအသုံးဝင်လဲ..

အကယ်၍ငါမသေခဲ့ဘူးဆိုရင်

တောင်ငါ့ဘိုးဘေးတွေရဲ့နိုင်ငံက  တစ်နေ့မင်းတို့လက်ထဲမှာ ကျဆုံးရမှာပဲ”

“ခမည်းတော်..”

“ခမည်းတော်”

“ခမည်းတော်..”

ကျင်းရွှယ်၏ စကားလုံးများအား ကြားလိုက်ရသောအခါတွင် မင်းသားများမှာ ဝမ်းနည်းစွာအော်ဟစ်လိုက်ကြသည်။

“ကောင်းပြီ..မင်းတို့အချိန်စေ့ပြီ…ငါမင်းတို့ရဲ့ ညီအကိုတွေနဲ့ သားအဖတွေကို မင်းတို့သွားရမဲ့လမ်းကို ငါပို့ပေးတော့မယ်”

ထိုနေရာရှိ ဝမ်းနည်းဖွယ်လေထုအငွေ့

အသက်အားခံစားရင်း  ရှစ်ဖုန့်က  ထိုခံစားချက်များက သူ့အပေါ် သက်ရောက်ခြင်းမရှိသကဲ့သို့ အေးအေးဆေးဆေးပင်ပြောလိုက်သည်။

ဤကျင်းရွှယ်မှာသူ့ထံသို့လာ

တုံးကသတ်ဖြတ်လိုစိတ်များဖြင့်လာခြင်းပြီး ထိုကိုယ့်သေတွင်းကိုယ်လာ

တူးကြသောသူများအနေဖြင့်  သူကဆက်လက်၍အသက်ရှင်

ခွင့်ပြုမည်မဟုတ်ပေ။ ဤလူများအားလုံးက ကျင်းရွှယ်၏ သားများဖြစ်ကြပြီး  သူတို့အားလုံးအတူတကွ သေကြရမည်သာဖြစ်သည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters