အပိုင်း(၃၂၁)
Vol. 22 Ch. 321
ရှစ်ဖုန့်၏စိတ်ကလှစ်ခနဲလှုပ်ရှားလိုက်ပြီး ပြင်းထန်သောသွေိးမီးတောက်များက သူ၏ကိုယ်မှထွက်လာကာ ကျင်းရွှယ်နှင့် မင်းသားဆယ့်သုံးပါးဆီသို့ သိမ်းကျုံးဦးတည်သွားသည်။
ပြင်းထန်သောသွေးနီရောင်မီး
တောက်များ၏အောက်တွင် မင်းသားများမှာ မျက်လုံးများပြူးကျယ်နေကြသည်။
သူတို့၏ မျက်နှာထက်တွင် တုန်လှုပ်အံ့အားသင့်မှုများ
ဖြင့်ပြည့်နှက်နေသည်။ သွေးနီရောင်မီးတောက်များ
၏အောက်တွင် သူတို့အားလုံးထဲရှိ အစွမ်းအထက်ဆုံးသောသူမှာ ဘုရင်နယ်ပယ်ဖြစ်သည်။ သူတို့၌ ၎င်းစွမ်းအားအား ခုခံနိုင်စွမ်းမရှိကြချေ။ သူတို့အားလုံးမှာ လောင်ကျွမ်းပြာချမှုကိုခံရရန်အတွက် စောင့်ဆိုင်းနေကြသော ပုရွတ်ဆိတ်များကဲ့သို့ပင် ဖြစ်သည်။
ဧကရာဇ်ကျင်းရွှယ်ပင်လျှင် သူ၏မျက်လုံးများအား လက်သင့်မခံနိုင်ခြင်းများစွာဖြင့် မျက်လုံးများအားပိတ်ထားလိုက်သည်။ ကျင်းရွှယ်၏ သိုင်းနယ်ပယ်မှာကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်သာရှိသော်လည်း သူ့အနေဖြင့် သူ့ကိုယ်အတွင်းရှိ မြေနဂါးမီးတောက်၏ အကူအညီနှင့်အတူ ကြယ်ကိုးပွင့်ဘိုးဘေးနယ်
ပယ်တစ်ယောက်အဆင့်နှင့်နှိုင်းယှဉ်၍ ရနိုင်သည်ဖြစ်သည်။
သို့သော် သွေးနီရောင်မီးတောက်ပေါ်လာ
သောအချိန်တွင် ကျင်းရွှယ်မှာ သူ့ကိုယ်အတွင်းရှိ မြေနဂါးမီးတောက်က တုန်ယင်နေသည်ခံစားမိလိုက်သည်။ မြေနဂါးမီးတောက်က သွေးနီရောင်မီးတောက်၏ ဖိအားအားကြောက်ရွံ့နေသည်။ ယင်းမှာမီးတောက်အဆင့် ဖိအားတစ်ခုပင်ဖြစ်လေသည်။
သူ၏ စွမ်းအားအကြီးဆုံးဝှက်ဖဲဖြစ်သော မြေနဂါးမီးတောက်က ကြောက်ရွံ့နေသည်။ ကျင်းရွှယ်က ခုခံမှုအား လက်လျော့လိုက်သည်။ အကယ်၍ မြေနဂါးမီးတောက်သာ ကြောက်ရွံ့ခြင်းရှိမနေခဲ့လျှင်တောင် သူခုခံနိုင်လိမ့်မည်မဟုတ်ပေ။
အင်ပါယာ၏ ဘကြီးတော်ဖြစ်သော ထျန်းတန့်အဘိုးအိုပင်လျှင် သူ၏လက်၌သေဆုံးခဲ့သေးသည်ဖြစ်သည်။
“အား…ကယ်ပါအုံး..ခမည်းတော်…. ကယ်ပါ..အား..အား..အား..အား..အား..အား..”
သွေးနီရောင်မီးတောက်များ အောက်တွင် မင်းသားများက ကြောက်ရွံ့နာကျင်မှုများဖြင
ငယ်သံပါအောင်အော်ဟစ်နေသည်။ ကျင်းရွှယ်၏မျက်လုံးများမှာပိတ်ထားပြီး သူ၏ပုံစံက ဤအရာအားလုံး
အားဂရုစိုက်ခြင်း မရှိသကဲ့သို့ပင်ဖြစ်သည်။
“ပြီးသွားပြီ…ပြီးသွားပြီ..ကျင်းမိသားစုက အဆုံးသတ်သွားပြီး..
ငါကျင်းရွှယ်လည်းအဆုံးသတ်ပြီ.
.အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီ”
သွေးနီရောင်မီးတောက်တို့က အရူးအမူးသိမ်းကျုံးဦးတည်လာပြီး
၎င်းက မင်းသားဆယ့်သုံးယောက်အား ဝါးမျိုသွားသည်။ ထို့နောက်တွင် သွေးနီရောင်မီးတောက်တို့က ပြင်းထန်သောလှိုင်းလုံးများကဲ့သို့ အားကောင်းသောရိုက်ခက်မှုနှင့်အတူ ဧကရာဇ်မင်းကျင်းရွှယ်အား ဝါးမျိုးသွားသည်။
ဒါဇင်နှင့်ချီသောနိုင်ငံများက ၎င်း၏ထိန်းချုပ်မှုအောက်တွင်ရှိနေခဲ့သော ထျန်းမြောင်အင်ပါယာ၏ ဧကရာဇ်မင်းဖြစ်သူကျင်းရွှယ်တစ်ယောက် ကျဆုံးသွားခဲ့ပြီဖြစ်သည်။ တော်ဝင်မိသားစုတစ်ခုအဖြစ် စွမ်းအားအာဏာအကြီးမားဆုံးဖြစ်ခဲ့သော ကျင်းမိသားစု သမိုင်းကြောင်းတို့၏ ဒီရေအလားတိုက်စားမှုအောက်တွင် မြှုပ်နှံခံလိုက်ရတော့မည်ဖြစ်သည်။
စူးစူးဝါးဝါနာကျင်စွာဖြင့်ငယ်သံပါအောင် အော်ဟစ်သောအသံများက သွေးနီရောင်မီးတောက်အတွင်း
မှထွက်ပေါ်လာသော်လည်း မကြာခင်တွင် တိတ်ဆိတ်ငြိမ်ကျသွားသည်။
ကျင်းမိသားစုဝင်ဆယ့်လေးယောက်တို့မှာ သွေးနီရောင်မီးတောက်တို့၏အောက်တွင် လျှင်မြန်စွာ အသတ်ခံလိုက်ရသည်။ သွေးနီရောင်မီးတောက်တို့က ရှစ်ဖုန့်ထံသို့ပြန်လည်၍ လှိမ့်ဝင်လာသောအခါတွင် လက်သီးဆုပ်အရွယ်အစားရှိသော
သန့်စင်သည့် ရွှေရောင်နဂါးပုံသဏ္ဍန် မီးတောက်တစ်ခုက တလိပ်လိပ်ထနေသောမီး
တောက်များအတွင်း စီးမျောနေသည်။
ထို့နောက်တွင် သွေးရောင်မီးတောက်ကိုက တလိပ်လိပ်ဖြင့်
သန့်စင်သောရွှေနဂါးပုံစံ မီးတောက်အား ဝါးမျိုသွားသည်။ထို့နောက်၎င်းက
ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးပြန်လည်၍ဝင်ရောက်လာသည်။ သွေးနီရောင်မီးတောက်တို့မှာ ရှစ်ဖုန့်၏ကိုယ်အတွင်းသို့
လျှင်မြန်စွာစုပ်ယူခံလိုက်ရသည်။ ထို့နောက်တွင်ရှစ်ဖုန့်၏ကိုယ်ပေါ်မှ အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။
အဆင့်ခြောက် မြေနဂါးမီးတောက်အား ဝါးမျိုပြီးသည့်နောက်တွင် ရှစ်ဖုန့်မှာကြယ်ရှစ်ပွင့် ဘိုးဘေးနယ်ပယ်အဆင့်မှ ကြယ်ကိုးပွင့်ဘိုးဘေး
နယ်ပယ်အဆင့်သို့ အဆင့်တက်လှမ်းသွားသည်။ သူကထျန်းမြောင်အင်ပါယာ
အတွင်းဒဏ္ဍာရီကဲ့သို့သောဖြစ်
တည်မှုတစ်ခုဖြစ်သည့်
သူတော်စင်နယ်ပယ်နှင့် ခြေတစ်လှမ်းစာသာလျှင်
ကွာဝေးတော့သည်ဖြစ်သည်။
ဤအခိုက်အတန့်၌ ရှစ်ဖုန့်က သူ၏ခေါင်းအားမော့လိုက်ပြီး ဘာမှမရှိသော နေရာလွတ်အားကြည့်လိုက်သည်။
သူကအေးအေးဆေးဆေးပင်ပြောလိုက်၏။
“ဒီလောက်ဆိုလုံလောက်ပြီ..ထွက်လာခဲ့”
ရှစ်ဖုန့်စကားပြောပြီးပြီးချင်း
ရွှေရောင်နှင့်ခရမ်းရောင် ပုံရိပ်နှစ်ခုက ဘာမှရှိမနေသော နေရာလွတ်တွင်ပေါ်လာသည်။ ၎င်းမှာချီလင်ရွှေရောင်ဝတ်ရုံနှင့် ခရမ်းရောင်ချပ်ဝတ်တို့အား
ဝင်ဆင်ထားကြသည့် ချီလင်ဘုရင်နှင့် မင်းသမီးကျိယွင်တို့ဖြစ်ကြသည်။ သူတို့ကတစ်ချိန်လုံးအဖြစ်အပျက်များအား စောင့်ကြည့်နေခဲ့ကြခြင်းဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်၏အကြည့်အောက်မှာပင် ပုံရိပ်နှစ်ခုက ဖြည်းဖြည်းချင်းမြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
“နားလည်မှုမလွဲပါနဲ့ ကျွန်မတို့က ဆန့်ကျင့်ဖို့အတွက်ရောက်နေတာမဟုတ်ပါဘူး”
မင်းသမီးကျိယွင်ကျ မြေကွပ်လပ်ပေါ်သို့ဆင်းပြီးပြီးချင်းပဲ အလျှင်အမြန်ပြောဆိုလိုက်သည်။
“မင်းတို့လုပ်ရဲမယ်လို့လည်းငါမထင်ပါဘူး”
ရှစ်ဖုန့်ကပြောလိုက်သည်။ ထျန်းတန့်အဘိုးအိုအား
သတ်ပြီးသည့်နောက်တွင် သူတို့နှစ်ယောက်အနေဖြင့်
သူတို့ကိုသူတို့ သေတွင်းထဲတွန်းပို့သည်အထိ ရူးမိုက်လိမ့်မည်မဟုတ်ဟု ရှစ်ဖုန့်ခံစားရသည်။
“ထျန်းမြောင်အင်ပါယာကိုသိမ်း
ပိုက်ပြီးတော့ ပေါင်းစည်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် သခင်လေးဖုန့်….
ကျုပ်ကတော့ ကျိထျန်းပါ
ကျုပ်က ကျိယွင်ရဲ့ အဖေဖြစ်သူပါ..ကျုပ်ဒီကိုလာခဲ့တာက သခင်လေးဖုန့်ကို လက်ဆောင်တစ်ခုနဲ့အတူ ဂုဏ်ပြုပေးမို့ပါ”
ချီလင်ဘုရင်က ရှစ်ဖုန့်အား မြင်တွေ့လိုက်ရသောအခါတွင် လေးစားစွာပြောလိုက်သည်။ ချီလင်ဘုရင်၏လေးစားမှုက သူ၏နှလုံးသားအခြေမှနေ၍လာ
သောအရာဖြစ်သည်။ ကျွမ်းကျင်သူတစ်ယောက်အပေါ်၌
လေးစားသမှုထားခြင်းက ရှိသင့်သောအရာဖြစ်သည်။
“လက်ဆောင်လား”
ရှစ်ဖုန့်က ပဟေဠိဆန်စွာဖြင့်မေးလိုက်သည်။
“သခင်လေးဖုန့် ခဏလေးစောင့်ပေးပါ”
ချီလင်ဘုရင်ကစကားပြောနေရင်း
သူ၏လက်ဖျောက်အားတီးလိုက်သောအခါတွင် ရွှေရောင်မီးတောက်တစ်ခုက ချီလင်ဘုရင် ၏ ကိုယ်မှလှစ်ခနဲထွက်ပေါ်လာသည်။ ထို့နောက်တွင် မီးတောက် က ဟင်းလင်းပြင်ဆီသို့
ပစ်လွှတ်သလိုတက်သွားပြီး ပေါက်ကွဲသွားသည်။ဟင်းလင်းပြင်ထဲတွင် ရွှေရောင်မီးတောက်မှ ရွှေရောင်ချီလင်တစ်ကောင်၏ ပုံရိပ်ပေါ်လာသည်။
ခဏအကြာတွင်ရှစ်ဖုန့်ရှိနေသော မြေကွပ်လပ်အထက်ရှိ ကောင်းကင်ပြင်မှာ ရုတ်တရက် မှောင်ကျသွားသည်။ များပြားလှသော ဧရာမ ပျံသန်းနိုင်သည့်နတ်ဆိုးသားရဲများက ကောင်းကင်ထဲတွင်ပေါ်လာသည်။
၎င်းတို့၏ ဧရာမအတောင်ကြီးများက မြေပြင်ပေါ်သို့ကျဆင်းနေသော အလင်းရောင်ကို ကာဆီးထားသည်။ မကြာခင်တွင် များပြားလှသောပုံရိပ်များက ကောင်းကင်ထဲမှနေ၍ အောက်သို့ကျဆင်းလာသည်။
“ဝှစ်ရှ်…ဝှစ်ရှ်…ဝှစ်ရှ်…ဝှစ်ရှ်….ဝှစ်ရှ်”
အောက်သိုကျဆင်းလာသောသူများအား အနက်ရောင်ချိန်းကြိုးများဖြင့် ထိုးဖောက်ထားပြီး ဖက်ထုပ်များကဲ့သို့ တဘုတ်ဘုတ်ပြုတ်ကျလာသည်။
“ဖန်း..ဖန်း..ဖန်း..ဖန်း.ဖန်း…”
သူတို့က မြေပြင်နှင့်ပစ်ဆောင့်မိကြပြီး အရှိန်ပြင်းပြင်းဖြင့်ကျဆင်းသံများက ခပ်အုပ်အုပ်ထွက်ပေါ်လာသည်။
ရှစ်ဖုန့်ကမျက်မှောင်ကြုတ်လိုက်ပြီး အောက်သို့တစ်ယောက်ချင်း
ကျဆင်းလာသောလူများအားကြည့်လိုက်သည်။
၎င်းတို့ကရင်းနှီးကျွမ်းဝင်မှုမရှိသော မျက်နှာများဖြစ်ကြသည်။ ခဏလေးနှင့် လူရာပေါင်းများစွာ မှာမြေကွပ်လပ်ပေါ်သို့ပြုတ်ကျလာသည်။
၎င်းတို့မှာ အမျိုးသားနှင့်အမျိုးသမီးများ လူကြီးနှင့်လူငယ်များဖြစ်ကြသည်။
ဤအချိန်တွင်ချီလင်ဘုရင်က ၎င်းလူများအားထိုးညွှန်ပြပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“သခင်လေးဖုန့်က တုန်းဖန်းမိသားစုကိုသွား
လည်ပတ်မှာကိုကျုပ်သိခဲ့ရတယ်..
တုန်းဖန်းမိသားစုက ဒီသတင်းကိုကြားတဲ့အခါ ထွက်ပြေးကြဖို့လုပ်ကြတယ်လေ…ကျုပ်အနေနဲ့သခင်လေးဖုန့် ကရိကထအလုပ်ပိုတော်တော် များသွားမှာကိုစိုးရွံ့မိတယ်…ဒါကြောင့်ကျုပ်က ဒီလူတွေကိုဖမ်းဆီးခဲ့ပြီးတော့ သူတို့ကိုသခင်လေးဖုန့်ဆီကို လွှဲပေးတာပါ”
“သိပြီ”
တုန်းဖန်းမိသားစုမှလူများအားကြည့်၍ ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်ပြီး ချီလင်ဘုရင်ကိုပြောလိုက်သည်။
“ဒါက ဒီသခင်လေးကို ကရိကထတော်တော်များများကနေ ကယ်တင်လိုက်တာပဲ..
ဒီသခင်လေးကဒီအကူအညီကို အမှတ်ရနေမှာပါ”
“ဟား…ဟား….ဟား… တုန်းဖန်းပါ သေဆုံးသွားပြီးတဲ့နောက်မှာ ဒီလူတွေကို ဖမ်းရတယ်ဆိုတာက ထမင်းစားရေသောက်သလောက်ပဲရှိပါတယ်…”
ချီလင်ဘုရင်က ပြုံး၍ ပြောလိုက်သည်။
“ကျိထျန်း တန်းဖန်းမိသားစုနဲ့ မင်းတို့က အမြဲတမ်း ငါတို့ရဲ့ ကိုယ့်ကိစ္စအပေါ်မှာပဲကိုယ်အ
လေးအနက်ထားနေကြ…
အခုဒါကသဘောလဲကွ…”
ဤအချိန်တွင် မြေပြင်ထက်တွင်လဲလျောင်းနေသော လူအိုကြီးက ချီလင်ဘုရင်အား ဒေါသတကြီးအော်ဟစ်လိုက်သည်။
ဤလူကြီးမှာ တုန်းဖန်းမိသားစု၏ အကြီးအကဲဖြစ်ပြီး တုန်းဖန်းဖာ ဟုခေါ်သည်။ တုန်းဖန်းပါသေဆုံးသွားပြီးသည့်နောက်တွင် တုန်းဖန်းမိသားစု၏ ကျောရိုးအား ဆုံးရှုံးလိုက်ရသည်။ ထို့ကြောင့် အကြီးအကဲတုန်းဖန်းဖာက မိသားစုခေါင်းဆောင်နေရာ၏ လုပ်ပိုင်ခွင့်နှင့်နေရာအား ယာယီယူထားခြင်းဖြစ်သည်။
တုန်းဖန်းဖာမှာ ကြယ်ငါးပွင့်ဘိုးဘေးနယ်ပယ်
တစ်ယောက်ဖြစ်သောကြောင့် အနက်ရောင်သံမဏိချိန်းကြိုးများအား သူ၏ကိုယ်ပေါ်တွင်အထူထဲဆုံး ထိုးသွင်းထားပြီး အများစုက သူ၏ ခန္ဓာကိုယ်ပေါ်တွင်ဖြစ်သည်။ သူ၏ခွန်အားများလုံးအားလုံးဝကို ဆီးလ်ခတ်ခံထားရ၏။
ချီလင်ဘုရင်၏ မျက်လုံးထဲတွင် တုန်းဖန်းမိသားစုမှ ဤလူများမှာသေဆုံးကြရတော့မည့်
သူများသာဖြစ်သည်။ တုန်းဖန်းဖာအား မျက်နှာချင်းဆိုင်ရင်း ချီလင်ဘုရင်က သရော်၍ပြောလိုက်သည်။
“မင်းတို့မိသားစုက သခင်လေးဖုန့်ကို စော်ကားခဲ့တယ်..ဒီတော့ငါကသခင်လေးဖုန့် ကို လက်ဆောင်အနေနဲ့ပေးတာ..ဒီလောက်ပါပဲ”
ချီလင်ဘုရင်က စကားပြောပြီးသောအခါတွင် သူ့ဘေးတွင်ရှိနေသောရှစ်ဖုန့်အား တစ်ချက်ကြည့်လိုက်သည်။
“ရှစ်ဖုန့်..”
“ရှစ်ဖုန့်”
“သူကရှစ်ဖုန့်ပဲ”
ချီလင်ဘုရင်၏ စကားတို့အား ကြားပြီးသည့်နောက်တွင်
တုန်းဖန်းမိသားစု ၏ လူများမှာ အလန့်တကြားကျယ်လောင်စွာ
အော်ဟစ်လိုက်ကြသည်။ ရှစ်ဖုန့်မှာ တုန်းဖန်းမိသားစု၏ ခေါင်းဆောင်ဖြစ်သူ တုန်းဖန်းပါနှင့် တုန်းဖန်းမိသားစု၏ နံပါတ်တစ်ပါရမီရှင်ဖြစ်သူ တုန်းဖန်းကျွင်းအားသတ်ပစ်ခဲ့သောသူဖြစ်သည်။သူသည်တန်းဖန်းမိသားစုထံသို့ လာရောက်မည်ဟု ခြိမ်းခြောက်ခဲ့သည့်သူလည်းဖြစ်သည်။
တုန်းဖန်းမိသားစုမှာဤ သတ်ဖြတ်ခြင်းအားစွဲလန်းနေသောသူထံမှ ထွက်ပြေးလွတ်မြောက်ရန်ပြင်ဆင်နေခဲ့သည်။
ရှစ်ဖုန့်၏ နမည်က တုန်းဖန်းမိသားစုဝင်အားလုံး၏ နှလုံးသားထဲတွင် ရေးထွင်းထားသကဲသို့စွဲဝင်နေပြီးဖြစ်သည်။
သူတို့အားလုံးကရှစ်ဖုန့်ကို ကြည့်လိုက်ကြသည်။ အနက်ရောင်ဝတ်ရုံနှင့်လူငယ်တစ်ယောက်။ အမှန်ပင်ဖြစ်သည်။ ဤသည်ကား နမည်ကျော် အနက်ရောင်သေခြင်းနတ်ဘုရား သတ်ဖြတ်ခြင်းကို စွဲလန်းနေသည့် ရှစ်ဖုန့်ပင်ဖြစ်လသည်။
“ဒီသခင်လေးက ရှစ်ဖုန့်ပဲ”
ရှစ်ဖုန့်က တုန်းဖန်းမိသားစု မှ ဤလူများအားတစ်ချက်ဖျက်ခနဲကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE