← Chapters

အပိုင်း(၃၂၂)

Vol. 22 Ch. 322

အပိုင်း(၃၂၂)

Vol. 22 Ch. 322

“ဒီသခင်လေးက ရှစ်ဖုန့်ပဲ”

ရှစ်ဖုန့်ကတုန်းဖန်းမိသားစု၏ ဖမ်းဆီးထားသောသူများအား

ကြည့်၍  အေးစက်စွာပြောလိုက်သည်။

“ဖုန့်…သခင်လေးဖုန့် ..

ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ရဲ့ အသက်တွေကိုချမ်းသာပေးပါ..”

“သခင်လေးဖုန့်  ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ရဲ့အသက်တွေကိုချမ်းသာပေးပါ.

.မလိုမုန်းထားအာဃာတတရားတွေကို ပယ်ချပြီးတော့ အာဃာတရားတွေကို ဆက်လက်လက်စွဲကိုင်ထားတာ

ထက်ပိုပြီးတော့ကောင်းပါတယ်….တုန်းဖန်းပါနဲ့ တုန်းဖန်းကျွင်းတို့က  သခင်လေးကိုဖုန့်ကို မလိုမုန်းတီးအာဃာတတွေထားခဲ့ကြတာဖြစ်ပြီး သူတို့ကလည်း သေဆုံးသွားကြပါပြီ… သခင်လေးဖုန့်ကျေးဇူးပြုပြီးတော့ ကရုဏာစိတ်ရှေ့ထား

သက်ညှာပေးပြီးတော့ ကျွန်တော်တို့ရဲ့ အသက်တွေကိုချမ်းသာပေးပါ”

“သခင်လေးဖုန့် ကျွန်တော်မျိုးက တုန်းဖန်းမိသားစုကနေထွက်ခွာပြီးတော့ အခုကစပြီး သခင်လေး ဖုန့်နောက်ကိုလိုက်ဖို့အတွက်  ဆန္ဒရှိပါတယ်.. သခင်လေးဖုန့်အတွက်ဘာမ

ဆိုလုပ်ဆောင်ပေးပြီးတော့ သခင်လေးဖုန့်ရဲ ဦးဆောင်မှုနောက်ကိုပဲလိုက်ပါ့မယ်”

“သခင်လေးဖုန့် ကျွန်တော်မျိုးကလည်း တုန်းဖန်းမိသားစုကနေ ထွက်ခွာဖို့ဆန္ဒရှိပြီးတော့ သခင်လေးဖုန့်ကို ကျွန်တော်မျိုးရဲ့ သခင်လေးအဖြစ် အသိအမှတ်ပြုပါတယ် သခင်”

တုန်းဖန်းမိသားစုမှ အကျဉ်းသား

များအားလုံးမှာ စကားပြောဆိုနေရင်း  သနားစရာပုံစံများသို့တည်းမဟုတ် စိတ်ပိုင်းဖြတ်ထားသောပုံစံများ

ဖြစ်နေကြသည်။ သို့သော် ထိုသေခြင်းတရားကိုကြောက်ရွံ့

နေကြသောသူများအား ပြစ်တင်ကြိမ်းမောင်းနေသော

သူအချို့လည်းရှိလေသည်။ ထို့အပြင် သူတို့ကရှစ်ဖုန့်အားသတ်ဖြတ်ခြင်းသို့မဟုတ်နှိပ်စက်မှုတို့ပြုလုပ်လိမ့်မည်ဖြစ်ပြီး သရဲတစ္ဆေဖြစ်သွားလျှင်တောင် အလွတ်ပေးမည်မဟုတ်ဟု ‌ပြောနေကြသောသူအချို့လည်းရှိ၏။

ရှစ်ဖုန့်က အေးစက်သော အပြုံးအား သူ၏မျက်နှာထက်တွင် ဆက်လက်၍ဆင်မြန်းထားသည်။ သူကတုန်းဖန်းမိသားစုမှ အကျဉ်းသားများကိုကြည့်၍  အေးအေးဆေးဆေးပင်ပြောလိုက်သည်။

“ဒီနေ့မှာ  မင်းတို့တွေရဲ့ကံတရားကို အဆုံးအဖြတ်ပေးမဲ့သူက ဒီသခင်လေးမဟုတ်ဖူး”

“အဲ့တာက သခင်လေးဖုန့်မဟုတ်ဖူးလား…အဲ့တာကဘယ်သူလဲ”

ရှစ်ဖုန့်၏ စကားတို့အားကြားရသောအခါတွင်  တုန်းဖန်းမိသားစု၏ အကျဉ်းသားများစွာတို့မှာ  ချီလင်ဘုရင်ရှိရာသို့လှည့်လိုက်ကြပြီး   ချီလင်ဘုရင်အားတောင်းပန်လိုက်သည်။

“ချီလင်ဘုရင် သင်က ကျွန်တော့်ရဲ့ အမြဲတမ်းအသည်းကျော်(အိုင်ဒေါ)တစ်ယောက်ပါ..သင်ကသာ ကျွန်တော်ရဲ့တစ်ဘဝလုံး သင့်ကိုပဲ လေးစားအားကျလာရတာပါ”

“ချီလင်ဘုရင် ကျွန်တော်ရောပါပဲ.. သင့်အပေါ်မှာထားတဲ့ ကျွန်တော်မျိုးရဲ့ လေးစားမှုက တစ်ဟုန်ထိုးစီးဆင်းနေတဲ့ မြစ်တစ်စင်းလိုပါပဲ အကန့်အသတ်ဆိုတာလည်းမရှိသလို အဆုံးသတ်ဆိုတာလည်းမရှိပါဘူး.

.ပြည့်လျှံနေတဲ့  မြစ်ဝါမြစ်လိုမျိုး  တစ်ကြိမ်စတင်ပြီးတာနဲ့ ရပ်တန့်နိုင်စွမ်းဆိုတာမရှိတော့ပါဘူး”

“ချီလင်ဘုရင် အခုကစတင်ပြီးတော့ ကျွန်တော်မျိုး ချီလင်ဘုရင်ရဲ့အိမ်တော်မှာ   အစေခံတစ်ယောက်ဖြစ်လိုပါတယ်..

အခုကစပြီးတော့ ကျွန်ုပ်တုန်းဖန်းကျင်းဟာ  ကျွန်တော်ရဲ့မိသားစုနမည်ကို ကျိအဖြစ်ပြောင်းလဲဖို့ဆန္ဒရှိပြီးတော့ ကျိကျင်းအဖြစ်ကျွန်တော့်ရဲ့နမည်က ဖြစ်လာပါလိမ့်မယ်..ကျွန်တော်မျိုးက ချီလင်ဘုရင်အိမ်တော်ရဲ့ အစေခံတစ်ယောက်ဖြစ်လာပြီးတော့ အမြဲတမ်းသင့်အတွက်ဆို အဆင့်သင့်ဖြစ်နေပါ့မယ်..”

ရှစ်ဖုန့်၏ စကားတို့အား ကြားပြီးသည့်နောက်တွင်

ချီလင်ဘုရင်က စိတ်ရှုပ်ထွေးသွားပြီး ရှစ်ဖုန့်အားစိတ်ရှုပ်ထွေးသော

အမူအယာဖြင့်ကြည့်လိုက်သည်။

ရှစ်ဖုန့်ပြောသည့် တုန်းဖန်းမိသားစု၏ ကံတရားအား အဆုံးအဖြတ်ပေးမည့်သူက ပင်ကိုယ်အားဖြင့်ချီလင်ဘုရင်ဟုတ်မနေပေ။ အတွေးတစ်ချက်ဖြင့်သွေးနီရောင်အလင်းတစ်ခုက ရှစ်ဖုန့်၏ရှေ့တွင်လင်းလက်လာပြီး အနက်ရောင်ပုံရိပ်တစ်ခုက ရှစ်ဖုန့်၏ ရှေ့တွင်ပေါ်လာသည်။

ဝူရှောင်းယွင်က အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး မြေပြင်ပေါ်တွင်တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေခဲ့သည်။ရုတ်တရက်

သူ့ပတ်ဝန်းကျင်တွင်ရှိနေသော ယွမ်ချီတို့က ပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်သည်။

သူမျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်လုံးအား ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

ဝူရှောင်းယွင်ကမျက်လုံးဖွင့်လိုက်ပြီး  သူ၏ရှေ့တွင်ရပ်နေသောသူအား မြင်တွေ့လိုက်ရသောအခါတွင်  သူကအလျှင်အမြန်လေးစား

စွာခေါ်လိုက်သည်။

“သခင်”

ရှစ်ဖုန့်က ဝူရှောင်းယွင်အား ခေါင်းညိမ့်ပြလိုက်ပြီးနောက် သူ၏နောက်ဖက်အားထိုးညွှန်ပြလိုက်ပြီး ပြောလိုက်သည်။

“ဒီလူတွေကို တစ်ချက်ကြည့်လိုက်”

“ဟမ်”

ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် ဝူရှောင်းယွင်ကစိတ်ရှုပ်ထွေးသွားသည်။

သို့သော် ရှစ်ဖုန့်က တစ်ချက်ကြည့်ရန်ပြောသည်ဖြစ်သောကြောင့် သူ့အနေဖြင့် ရှစ်ဖုန့်၏ ဆန္ဒအားဆန့်ကျင်လိမ့်မည်မဟုတ်ပေ။ သူကခေါင်းကိုဖြည်းညှင်းစွာ

လှည့်လိုက်ပြီးသူ၏နောက်ဘက်သို့ ကြည့်လိုက်သည်။

ဝူရှောင်းယွင်၏မြင်ကွင်းအတွင်း၌  သံမဏိချိန်းကြိုးများထိုးစိုက်ထားသော  ရင်းနှီးသောမျက်နှာတို့နှင့် မရင်းနှီးသောမျက်နှာတို့အား မြင်တွေ့လိုက်ရသောအခါတွင်

ဝူရှောင်းယွင်၏ တုတ်ခိုင်သောခန္ဓာကိုယ်မှာ ရုတ်တရက်တုန်ယင်သွားသည်။

“သခင်”

ဝူရှောင်းယွင်က ခေါင်းကိုပြန်လှည့်လိုက်ပြီးရှစ်ဖုန့်ကိုကြည့်လိုက်သည်။ သူ၏မျက်နှာထက်တွင်  ကျေးဇူးတင်ရှိခြင်းများ၊စိတ်လှုပ်ရှား

ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေပြီး သူ၏ကိုယ်မှာ မထိန်းထားနိုင်ဘဲတုန်ယင်နေသည်။

“သခင် ဒီဘဝမှာရှောင်းယွင်ရဲ့အသက်ဟာ သခင်ပိုင်ပါတယ်..သခင့်ရဲ့ ရှောင်းယွင်အပေါ်  ကြင်နာမှုအတွက်  သခင့်ကိုပြန်ပေးဆပ်ရဖို့ ရှောင်းယွင် ဘာမဆိုလုပ်ဆောင်ဖို့ဆန္ဒရှိပါတယ်”

ဝူရှောင်းယွင်က စကားပြောနေရင်းသူ၏ခြေထောက်

တို့အားလွှတ်ချလိုက်ကာ ရှစ်ဖုန့်၏ရှေ့တွင်ဒူးထောက်လိုက်သည်။ သူ၏ခေါင်းအားမြေပြင်နှင့် ပြင်းထန်စွာဦးတိုက်လိုက်၏။

“ဘန်း..ဘန်း..ဘန်း..”

ဝူရှောင်းယွင်က ရှစ်ဖုန့်အားတစ်ဆက်တည်း

သုံးကြိမ်ဦးတိုက်ဂါရဝပြုလိုက်သည်။

“ကောင်းပြီ မင်းအခုသွားလို့ရပြီ”

ရှစ်ဖုန့်က ဝူရှောင်းယွင်ကိုပြောလိုက်သည်။

“ကောင်းပါပြီ”

ဝူရှောင်းယွင်က ရှစ်ဖုန့်အား

ကြည့်လိုက်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန်ပင်ညိမ့်ပြလိုက်သည်။ ထို့နောက်သူက ရုတ်တရကက်ထရပ်လိုက်ပြီး နောက်သို့လှည့်လိုက်သည်။

ဝူရှောင်းယွင်ပေါ်လာပြီးသည့်နောက်တွင်  ရှစ်ဖုန့်ပြောသောတုန်းဖန်းမိသားစု၏ ကံတရားအား အဆုံးအဖြတ်ပေးမည့်သူက  ချီလင်ဘုရင်မဟုတ်ပဲ ဤဘယ်နေရာကမှန်းမသိပေါ်

လာသောသက်လတ်ပိုင်းအရွယ် လူဖြစ်နေသည်ကို တုန်းဖန်းမိသားစုဝင်များသ

ဘောပေါက်လိုက်ကြသည်။

“ဆရာ..ဆရာ ကျုပ် တုန်းဖန်းကုံး ဆရာ့နောက်ကိုလိုက်ပြီးတော့ ဆရာ့အတွက်ဘာမဆိုလုပ်ပေးဖို့ဆန္ဒရှိပါတယ်”

ဝူရှောင်းယွင်က  တုန်းဖန်းမိသားစု၏ ကံတရားအား ဆုံးဖြတ်ပေးမည့်သူဟုသိပြီးသည့်နောက်တွင် တုန်းဖန်းမိသားစုဝင်လူအုပ်လိုက်ကြီးမှာ ဝူရှောင်းယွင်အားသနားညှာတာပေးရန်စတင်၍ တောင်းပန်ကြသည်။

ဝူရှောင်းယွင်က သူတို့၏အသနားခံမှုများအားဂရုစိုက်ခြင်းမရှိပေ။ သူကရှေ့သို့ဆက်လျှောက်သွားသည်။ သူ၏အေးစက်ပြီးတည်ကြည်သောမျက်နှာကရှေ့သို့ဆက်လျှောက်နေရင်း  ဖြည်းဖြည်းချင်းခက်ထန်လာပြီး ရက်စက်သည့်အသွင်ကိုဆောင်လာသည်။

“ဆရာ..ဆရာ အခုကစပြီး ကျုပ်တုန်းဖန်းလီ ဆရာ့ရဲ့ခွေးတစ်ကောင်ဖြစ်လာဖို့်ဆန္ဒရှိပါတယ်”

အပွင့်အခက်များနှင့်ဝတ်ရုံအား

ဝတ်ဆင်ထားသော ချောမောသောမျက်နှာကိုပိုင်ဆိုင်ထားသည့် တုန်းဖန်းမိသားစု၏  လူငယ်တစ်ယောက်မှာ ဝူရှောင်းယွင်၏ တစ်လှမ်းချင်းချဉ်းကပ်လာ

နေမှုကိုမြင်တွေ့လိုက်ရသည်။ သူကဒူးထောက်လိုက်ပြီး ကြိိမ်ဖန်များစွာဦးခိုက်လိုက်၏။

“ဆရာ  ကျုပ်တုန်းဖန်းလီ အခုကစပြီးတော့ ဆရာ့ကိုသစ္စာစောင့်သိပါ့မယ်..

အခုကစပြီးတော့ကျုပ်တုန်းဖန်းလီက ဆရာ့ရဲ့ နာခံတတ်တဲ့ခွေးတစ်ကောင်ဖြစ်လာပါ့မယ်”

သူ့အားဦးခိုက်နေသောလူငယ်

အားကြည့်ရင်းဝူရှောင်းယွင်၏ မျက်နှာမှာပို၍ကြမ်းကြုတ်ခက်ထန်သည်ထက် ခက်ထန်လာသည်။ သူက ဒေါသထွက်နေသောသားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်သည်။

“တန်းဖန်းလီ..မင်းကခွေးဖြစ်ဖို့တောင်မှ မထိုက်တန်ဘူး”

ပေါက်ကွဲထွက်လာသောအသံက မြေကွပ်လပ်အတွင်းမိုးချုန်းသံ

တစ်ခုကဲ့သို့ပင်ဖြစ်သည်။

“အား..ဆရာ”

သူ့အားအရှင်လတ်လတ်စား

တော့မည်သကဲ့သို့  ကြမ်းကြုတ်ခက်ထန်ပြီး  သတ်ဖြတ်ချင်စိတ်များဖြင့် ဝူရှောင်းယွင်၏ မျက်နှာကိုကြည့်၍  တုန်းဖန်းလီတစ်ယောက် ကြက်သေသေသွားရသည်။ သူ၏တောင်းပန်ခယမှုက ဒေါသတကြီးအော်ဟစ်စေမှု

အဖြစ်သို့ပြောင်းသွားခဲ့သည်။ ဝူရှောင်းယွင်၏ အသွင်အပြင်ကိုကြည့်၍  သူတို့ကြားထဲတွင်ကြီးမားသောအမုန်း

တရားအာဃာတများရှိနေသကဲ့သို့ပင်ဖြစ်သည်။

ဝူရှောင်းယွင်က ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပြီး  သူ၏ညာလက်ဖြင့် တုန်းဖန်းလီ၏ဆံပင်အားဆွဲကိုင်လိုက်သည်။သူကပြင်းထန်ခက်ထန်စွာပြောလိုက်သည်။

“သူတောင်းစား ငါ့ကိုအနီးကပ်ကြည့်စမ်း ငါဘယ်သူလဲဆိုတာ…”

ထို့နောက်တွင် ဝူရှောင်းယွင်က ဆံပင်ကဆွဲကိုင်၍ ၎င်း၏မျက်နှာအား သူ၏မျက်နှာရှေ့တွင်ထားလိုက်သည်။ သူ့ရှေ့တွင်ရှိနေသော ကြမ်းကြုတ်ခက်ထန်သည့်မျက်

နှာအားကြည့်ရင်းတုန်းဖန်းလီ

တစ်ယောက်ဘယ်သူလဲဆိုသည်အား မှတ်မိသွားသကဲ့သို့  သူ၏နှလုံးတို့တဒိတ်ဒိတ်ခုန်သွားပြီး ခန္ဓာကိုယ်မှာလည်းတုန်ယင်သွားသည်။ တုန်းဖန်းလီ၏မျက်လုံးတို့က ပြူးကျယ်စွာပွင့်နေသည်။ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ၊အလွန်

အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေ၏။

သူ၏ဆံပင်အားဆုပ်ကိုင်ထားပြီး တုန်းဖန်းမိသားစု၏ကံတရားအား အဆုံးအဖြတ်ပေးမည့်ပုဂ္ဂိုလ်က တကယ်တမ်းတွင် ထိုအချိန်ကသူ၏ဇနီးမယား

ဖြစ်သူနှင့်ကစားခဲ့သော ရွာသားပင်ဖြစ်နေသည်။

သူ့အနေဖြင့်အကယ်၍များ စိတ်အာရုံချောက်ချားခြင်းများဖြစ်၍

မှားယွင်းစွာမြင်နေမိသည်လား

ဟုပင်သိချင်နေမိသည်။ကလန်ကြီးလေးခုမှ တစ်ခုဖြစ်သောတုန်းဖန်းမိသားစု၏

ကံတရားအားဆုံးဖြတ်မည့်သူကမည်ကဲ့သို့ ပုရွက်ကဲ့သို့သောလူတစ်

ယောက်ဖြစ်နေရပါသနည်း။

“ဒါက အမှန်မဖြစ်နိုင်ဘူး..ဒါအမှန်မဟုတ်ဖူး..

ငါအိမ်မက်မက်နေတာ..ဟုတ်တယ်…

ငါအိမ်မက်မက်နေတာပဲဖြစ်ရမယ်”

တုန်းဖန်းလီတစ်ယောက်

ကမ္ဘာကြီးတစ်ခုလုံးက အစစ်အမှန်မဟုတ်တော့သ

ကဲ့သို့ခံစားလိုက်ရသည်။

ထို့နောက်တွင် ဝူရှောင်းယွင်က သူ၏ဘယ်လက်ကိုမြှောက်၍  တုန်းဖန်းလီ၏မျက်နှာအား

ဖြတ်ရိုက်လိုက်သည်။

“ဖြန်း”

ကြွပ်ဆပ်ဆပ်အသံတစ်ခုက ကောင်းကင်နှင့်မြေကြီးကြား

ထဲတွင်ပဲ့တင်ထွက်ပေါ်လာသည်။

ဝူရှောင်းယွင်၏ပါးရိုက်မှုအားခံရပြီးသည့်နောက်တွင် တုန်းဖန်းလီ၏  ညာဘက်ပါးမှာနီရဲလာပြီး ယောင်ကိုင်းမို့မောက်လာသည်။

သူ၏မျက်နှာထက်တွင်

နက်ရှိုင်းသောလက်ငါးချောင်းယာကြီးပင် ကျန်ရစ်နေခဲ့သည်။

ဝူရှောင်းယွင်၏ပါးရိုက်ချက်က တုန်းဖန်းလီအားချက်ချင်းပင် နိုးထလာစေသည်။ နာကျင်မှု။ သူ့မျက်နှာထက်ရှိအလွန်ပြင်း

ထန်သောနာကျင်မှုက တုန်းဖန်းလီအား သူအိမ်မက်မက်နေခြင်း

မဟုတ်ကြောင်းကိုသဘောပေါက်သွားစေ၏။

အရာအားလုံးကအစစ်အမှန်ပင်ဖြစ်သည်။

သူ၏တုန်းဖန်းမိသားစုကံတရားနှင့် သူ တုန်းဖန်းလီ၏ သေခြင်းရှင်းခြင်းတို့က တစ်ချိန်က လက်လေးတစ်ချောင်းတည်းဖြင့်ပင် ခြေမွပစ်၍ရနိုင်သည်ဟု တွေးထင်ခဲ့သော  ဤပုဂ္ဂိုလ်၏လက်ထဲတွင်ရှိနေလေသည်။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters