← Chapters

အပိုင်း(၃၂၃)

Vol. 22 Ch. 323

အပိုင်း(၃၂၃)

Vol. 22 Ch. 323

“အ…အရှင် …ကျွန်တော်မှားခဲ့ပါတယ်.. ကျွန်တော်သေဖို့ထိုက်တန်ပါတယ်..ကျွန်တော်က တိရစ္ဆာန်လိုကောင်ပါ..

ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ… “

တုန်းဖန်းလီက  ဝူရှောင်းယွင်အား သနားညှာတာပေးပါရန်တောင်းပန်သည်။  သူ၏မျက်နှာက သူ၏သေခြင်းရှင်ခြင်းတရားအား ထိန်းချုပ်ထားသော  ထိုလူအားကြည့်ရင်းနောင်တရမှုတို့ဖြင့်  ပြည့်နှက်နေသည်။

“မင်းကိုခွင့်လွှတ်ပေးရမှာလား”

ဝူရှောင်းယွင်က အေးစက်စွာအော်ပြောလိုက်သည်။ သူ၏ခက်ထန်သောမျက်နှာထက်တွင်  သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ

ဖြင့်ပြည့်နှက်နေသည်။

“အရှင် ..ကျေးဇူးပြုပြီးအဲ့တုံးက ကိစ္စကို လျစ်လျူရှုပြီးတော့ ခွင့်လွှတ်ပေးပါ.. ကျွန်တော့်အရှင့်ကို အဲ့တုံးက မသတ်ခဲ့ပါဘူး..အမျိုးသမီး..ကျွန်တော် အရှင့်ကိုအမျိုးသမီးတွေ ပြန်ပြီးတော့ ပေးပါ့မယ်…ဆယ်ယောက်..

တစ်ထောင်…အရှင်ကျွန်တော့်

ကိုယ်ကျွန်တော် ပြန်လည်ပြီး ရွေးယူနိုင်ဖို့အတွက်  အဲ့အချိန်တုံးက ကျွန်တော့်ရဲ့ပြုမူခဲ့တဲ့ တိရစ္ဆာန်လို အပြုအမူတွေအတွက်  ကျွန်တော်အရှင့်ကို အမျိုးသမီးတစ်ထောင် အလျော်ပေးပါ့မယ်…အရှင်နဲ့ကျွန်တော် သခင်နဲ့အစေခံစာချုပ်ကို ချုပ်ဆိုပါ့မယ်… အခုကစတင်ပြီး  ကျွန်တော်တုန်းဖန်းလီဟာ  သခင်ရဲ့သစ္စာအရှိဆုံးအ

စေခံဖြစ်လာပါလိမ့်မယ်”

(စာရေးသူမှတ်ချက်- အရင်အပိုင်းတွင် ဆရာဟု ခေါ်ခဲ့ပြီး အခုအပိုင်းတွင် အရှင်ဟု သုံးခဲ့သည်။ဝူရှောင်းယွင်အားဘယ်သူဆိုတာသိသွားပြီသည့်နောက် အခေါ်အဝေါ်ပြောင်းလိုက်သည်ဟု မှတ်ယူပေးပါရန်)

“အမျိုးသမီးတစ်ထောင်လား”

တုန်းဖန်းလီ၏ စကားတို့အား ကြားပြီးသည့်နောက်တွင် ဝူရှောင်းယွင်၏  မျက်နှာမှာပို၍  အေးစက်လာခဲ့သည်။

တုန်းဖန်းလီက ခေါင်းညိမ့်ပြီး ဆက်လက်၍ပြောဆိုတောင်းပန်သည်။

“ဟုတ်ပါတယ် အရှင်  ..ဘာမဆို ညှိနှိုင်းလို့ရပါတယ်…အရှင်သာကျွန်တော့်ကိုမသတ်သ၍ ကျွန်တော်အရှင်လိုချင်တာ ဘာမဆို လုပ်ဆောင်ပေးပါ့မယ်”

“ဟားဟား…ငါမင်းကိုမသတ်ပါဘူး”

ခက်ထန်သောအပြုံးတစ်ခုက ဝူရှောင်းယွင်၏ မျက်နှာထက်တွင်ပေါ်လာသည်။ထို့နောက် “ဟုန်း”ဆိုသော အသံနှင့်အတူ မီးလုံးတစ်လုံးက ဝူရှောင်းယွင်၏လက်တွင်ထွက်ပေါ်လာသည်။ မီးတောက်က ရုတ်ခြည်း တုန်းဖန်းလီ၏  ဦးခေါင်းထံသို့တောက်လောင်သွားပြီး  ၎င်း၏ တစ်ခေါင်းလုံးအားဝါးမျိုသွားသည်။

“အား..”

အနီရောင်မီးတောက်အတွင်းမှ

တုန်းဖန်းလီ၏ စိတ်မချမ်းမြေ့ဖွယ် နာကျင်စွာအော်ဟစ်သံအားကြားရနိုင်သည်။

မီးတောက်အတွင်းမှ နာကျင်စွာဖြင့်ငယ်သံပါအောင်

အော်သံအားကြားရပြီးဝူရှောင်းယွင်က  တုန်းဖန်းလီ၏ ခေါင်းအားဆက်လက်၍ ဆုပ်ကိုင်ထားသည်။ တောက်လောင်နေသောမီးတောက်၏အောက်တွင် ဝူရှောင်းယွင်၏ ခက်ထန်သောအပြုံးကပို၍ပင် ပီပြင်လာသည်။ နောက်ဆုံးတွင်ဤနေ့ရက်ကိုရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤအခိုက်အတန့်အား သူ့အနေဖြင့် မရေတွက်နိုင်သော ညပေါင်းများစွာအချိန်ကုန် အိမ်မက်မက်ခဲ့ရသည်။

“ချင်အာ…မင်းရဲ့ယောက်ျား နောက်ဆုံးတော့ မင်းအတွက်လက်စားချေနိုင်ခဲ့ပြီ… မင်းအခု ငြိမ်းချမ်းစွာအနားယူနိုင်ပါပြီ”

“ဟားဟားဟားဟားဟား”

ဝူရှောင်းယွင်က ဟက်ဟက်ပက်ပက်ကိုရယ်မောလိုက်သည်။

“တုန်းဖန်းမိသားစုက အားလုံးသေရမယ်…ဒီနေ့မှာတုန်းဖန်းမိသားစုက လူအားလုံး ဒီတိရစ္ဆာန်နဲ့အတူ သင်္ဂြိုလ်ခံရမယ်….ဟားဟားဟားဟားဟား”

ဝူရှောင်းယွင်၏စကားတို့က တန်းဖန်းမိသားစုမှရာပေါင်းများ

စွာသောလူများအား သေခြင်းပြစ်ဒဏ်ကိုချမှတ်

လိုက်ခြင်းပင်ဖြစ်သည်။

“အား..မဟုတ်ဖူး..အရှင်   ကျေးဇူးပြုပြီးတော့ကျွန်တော်မျိုးတို့ရဲ့ အသက်ကိုချမ်းသာပေးပါ”

“အရှင် …အရှင့်ကိုစော်ကားတဲ့သူက တုန်းဖန်းလီပါ…တုန်းဖန်းလီနဲ့

ကျွန်တော်တို့နှစ်ယောက်လုံးက တုန်းဖန်းမိသားစုတစ်ခုတည်းကဆိုပေမဲ့ လုံးဝကိုယှဉ်တွဲရှိနေခဲ့ကြတာမဟုတ်ပါဘူး”

ဝူရှောင်းယွင်၏စကားတို့အားကြားရသောအခါတွင် တုန်းဖန်းမိသားစုမှလူများမှာ ချက်ချင်းပဲ သနားညှာတာပေးရန်တောင်းပန်ကြသည်။

ဝူရှောင်းယွင်အတွက်မူ သူ့အနေဖြင့်တုန်းဖန်းမိသားစုမှလူများ၏ အသနားခံမှုတို့အား မကြားသကဲ့သို့ပင်ဖြစ်သည်။

သူက၎င်းတို့အား ရိုးရှင်းစွာပင် ဥပေက္ခာပြုထားပြီး  သူ၏ဘယ်လက်အားထပ်မံ၍

ဆန့်ထုတ်လိုက်သည်။

“ဘန်း..ဘန်း..ဘန်း..ဘန်း..ဘန်း..”

လက်ဝါးများက တုန်းဖန်းလီ၏ကိုယ်ပေါ်သို့ တစ်ခုပြီးတစ်ခု ပြင်းထန်စွာကျရောက်သွားသည်။ လက်ဖဝါးချက်ကျရောက်သော

နေရာတိုင်းမှာ ချက်ချင်းပဲ ရေခဲအဖြစ်ပြောင်းလဲသွားသည်။

ထို့နောက်တွင် ရေခဲအပိုင်းအစလေးများက စတင်၍ တုန်းဖန်းလီ၏တစ်ကိုယ်လုံးအား အေးခဲသွားစေသည်။

“အား….”

ပြင်းထန်စွာလောင်ကျွမ်းနေသေ

အနီရောင်မီးတောက်အဖြစ်ပြောင်းလဲနေသည့် တုန်းဖန်းလီ၏ဦးခေါင်းပိုင်းထံမှ ဝက်တစ်ကောင်အားသတ်ဖြတ်

လျှင်ထွက်လာသောအသံကဲ့သို့ စိတ်မချမ်းမြေ့ဖွယ်  အော်ဟစ်မြည်တမ်းသံများပဲ့

တင်ထွက်ပေါ်နေသည်။

“သူတောင်းစား…သောက်သူတောင်းစား..

ဒီလိုနေ့ရက်မျိုး ရောက်လာမယ်လို့တွေးဖူးလား…

မင်းအတွက်ဒီလိုရက်မျိုးရောက်လာမယ်လို့ မင်းအမြဲစဉ်းစားခဲ့ဖူးလားကွ”

…………………………………..

အကွာအဝေးတစ်ခုအတွင်းရှိနေသော

ရှစ်ဖုန့်က ဝူရှောင်းယွင်၏ နှလုံးသားအတွင်းမှ အထုံးအားပေါက်ကွဲဖွင့်ထုတ်ဖြည်ချနေသည်ကို ဆိတ်ငြိမ်စွာစောင့်ကြည့်နေသည်။ ယနေ့ပြီးသည့်နောက်တွင်  ဝူရှောင်းယွင်က ဝူရှောင်းယွင်အသစ်ဖြစ်လာလိမ့်မည်ဖြစ်သည်။ ဝူရှောင်းယွင်၏ သိုင်းပညာပါရမီက အဆိုးကြီးမဟုတ်ပေ။ ယနေ့ပြီးသည့်နောက် သူကရှစ်ဖုန့်၏သိုင်းပညာ

လမ်းစဉ်နောက်သို့လိုက်ပါနိုင်ပြီး အနာဂတ်တွင်ပို၍ဝေးဝေး

သွားနိုင်လိမ့်မည်ဖြစ်သည်။

ထို့နောက်တွင်ရှစ်ဖုန့်ကသူ၏ဘေးတွင်ရှိနေသောချီလင်ဘုရင်ကို ကြည့်၍ပြောလိုက်သည်။

“ဒီသခင်လေးက ခင်ဗျားကိုတစ်ခုခုလုပ်ခိုင်းချင်တယ်..

ခင်ဗျားလုပ်ဖို့ဆန္ဒရှိလား”

“ကျေးဇူးပြုပြီးတော့ပြောပါ သခင်လေးဖုန့်…”

ရှစ်ဖုန့်၏စကားအားကြား

လိုက်ရသောအခါတွင် ချီလင်ဘုရင်က အလျှင်အမြန်လေးစားမှု

အပြည့်ဖြင့်ပြောလိုက်သည်။

ရှစ်ဖုန့်ကပြောသည်။

“အခုထျန်းမြောင်အင်ပါယာ

ဆိုတာကဖျက်ဆီးခံလိုက်ရပြီ…

တစ်ယောက်ယောက်ကိုစေလွှတ်ပြီးတော့ ယွင်လိုင်အင်ပါယာက ဧကရာဇ်လုံချန်ဆီ  ဒီအင်ပါယာကို လာရောက်သိမ်းပိုက်ဖို့သတင်းပို့ပါ….ခင်ဗျားအနေနဲ့ ယခင်ထျန်းမြောင်အင်ပါယာရဲ့ လက်အောက်ခံစီရင်စုတွေကိုလည်းတစ်ယောက်ယောက်ကိုစေလွှတ်ပြီးတော့

အနာဂတ်မှာ သူတို့က ယွင်လိုင်အင်ပါယာရဲ့လက်

အောက်ခံတွေဖြစ်လာလိမ့်မယ်လို့ ပြောစေချင်တယ်..ခင်ဗျားလုပ်နိုင်မလား”

“ပြဿနာမရှိပါဘူး”

ချီလင်ဘုရင်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဘယ်အင်ပါယာကမဆို သခင်လေးဖုန့်ရဲ့အမိန့်တွေကို

မနာခံပဲနေရဲရင် ကျုပ်ကိုယ်တိုင်ကိုယ်ကျ သူတို့ရဲ့အင်ပါယာဆီကိုခရီးထွက်လိုက်ပါ့မယ်”

“အရမ်းကောင်းတယ်”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“အခုကစပြီးတော့ ခင်ဗျားချီလင်ဘုရင်ပဲ ဆက်ဖြစ်နေလိမ့်မယ်..ဒါပေမဲ့ခင်ဗျားက ယွင်လိုင်အင်ပါယာရဲ့ ချီလင်ဘုရင်ဖြစ်လိမ့်မယ်…

လူသန်းပေါ်များစွာရဲ့အထက်မှာရပ်တည်နိုင်တဲ့ ဒုတိယမြောက်တစ်ဦးတည်း

သောသူဖြစ်လိမ့်မယ်…

ခင်ဗျားရဲ့ဘွဲ့ကို သားစဉ်မြေးဆက် အမွေဆက်ခံခွင့်ရလိမ့်မယ်”

“ကျေးဇူးအများကြီးတင်ပါတယ်..

သခင်လေးဖုန့်..”

ချီလင်ဘုရင်ကပြုံးလိုက်သည်။ ပြောရလျှင်ချီလင်ဘုရင်ဆိုသောဘွဲ့နာမနှင့်ပက်သက်ပြီးသူ့အနေဖြင့်ပျော်ရွှင်ခြင်း သို့တည်းမဟုတ် ဒေါသထွက်ခြင်းတို့ကိုမခံစားရပေ။

ယခုအချိန်၌ အကောင်းဆုံး

သောရလဒ်မှာ ရှစ်ဖုန့်၏ ထောက်ခံမှုကိုရရှိခြင်းနှင့်သူ၏

ရန်သူဖြစ်မလာခြင်းပင်ဖြစ်သည်။

ချီလင်ဘုရင်၏ကျေးဇူးတင်စကားအား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကသူ၏လက်ကို

ဝေ့ယမ်း၍ပြောလိုက်သည်။

“ဒီသခင်လေးကိုကျေးဇူးတင်ဖို့ဆိုတာ အရမ်းစောနေသေးတယ်..ခင်ဗျားအနေနဲ့ ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်အဆင့်မှာပဲ နှစ်ပေါင်းများစွာကြာနေခဲ့ပြီမလား”

ချီလင်ဘုရင်က ရှစ်ဖုန့်၏ဆိုလိုချက်အားနား

လည်သည့်ပုံပေါ်သည်။သူကမျက်လုံးများပြူးကျယ်စွာဖြင့်အံ့အားသင့်စွာမေးလိုက်သည်။

“သခင်လေးဖုန့် ဘာကိုဆိုလိုတာပါလဲ”

ရှစ်ဖုန့်က အနည်းငယ်ခေါင်းညိမ့်

လိုက်ပြီးပြောလိုက်သည်။

“အမှန်ပဲ…ခင်ဗျားအနေနဲ့ဒီသခင်လေးကို တော်တော်လေးကူညီခဲ့တာကြောင့် ခင်ဗျားကိုဘိုးဘေးနယ်ပယ်ကိုချိုးဖျက်ပြီးတော့  သူတော်စင်နယ်ပယ်တစ်

ယောက်ဖြစ်လာဖို့အတွက် ဒီသခင်လေးကူညီပေးမယ်”

“ဘာ”

ချီလင်ဘုရင်မှာရှစ်ဖုန့် ပြောချင်သည်အားခန့်မှန်းပြီးဖြစ်သော်လည်း ရှစ်ဖုန့်၏ကိုယ်တိုင်ကိုယ်ကျပြောဆိုမှုအား ကြားလိုက်ရသောအခါတွင် တကယ့်ကိုတုန်လှုပ်အံ့အားသင့်သွားခဲ့သည်။

“သခင်လေးဖုန့် သခင်လေးတယ်ပြောနေတာလား..

သခင်လေးတကယ်ပဲအဲ့လိုလုပ်နိုင်တာလား”

ရှစ်ဖုန့်နှင့်သူမ၏ဖခင်ဖြစ်သူ

ချီလင်ဘုရင်တို့၏ကြားထဲရှိ အပြန်အလှန်ပြောဆိုမှုတို့အား ကြားလိုက်ရသောအခါတွင်

မင်းသမီးကျိယွင်၏ မျက်နှာပင်ပြောင်းလဲမှုတို့ဖြစ်သွားရသည်။ သူတော်စင်နယ်ပယ်ဆိုသည်မှာ

ဒဏ္ဍာရီလာ သူတော်စင်နယ်ပယ်ဖြစ်သည်။

နှစ်ပေါင်းလေးရာကြာမြင့်သည့်တိုင် ထျန်းမြောင်အင်ပါယာက များပြားလှသော ပါရမီရှင်များကိုမွေးထုတ်ပေးခဲ့သော်လည်း သူတို့အားလုံးမှာသူတို့အသက်အရွယ်အိုမင်း၍ သေဆုံးသည်အထိ ဘိုးဘေးနယ်ပယ်တွင်သာပိတ်

ဆို့သောင်တင်နေခဲ့ကြပြီး ဒဏ္ဍာရီလာ သူတော်စင်နယ်ပယ်သို့ချိုးဖျက်

ဝင်ရောက်နိုင်ခဲ့ခြင်းမရှိကြချေ။

သို့သော်ဤပုဂ္ဂိုလ်ကတော့

သူမဖခင်ဖြစ်သူအား သူတော်စင်နယ်ပယ်တစ်

ယောက်ဖြစ်လာရန်အတွက် ကူညီပေးနိုင်သည်ဟုဆိုသည်။

သို့သော် သူကတော့ဘိုးဘေး

နယ်ပယ်တွင်သာ ရှိနေသေးသည်ဖြစ်သည်။ သူတကယ်ပဲသူမ၏ဖခင်ဖြစ်သူအား  သူတော်စင်နယ်ပယ်တစ်

ယောက်ဖြစ်လာရန်အတွက်  ကူညီပေးနိုင်ခြင်းပေလော။

ချီလင်ဘုရင်မှာ ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်အဆင့်တွင်  သောင်တင်နေခဲ့သည်မှာ ဆယ်နှစ်နီးပါးရှိနေခဲ့ပြီဖြစ်သည်။  ဤဆယ်နှစ်အတောအတွင်း

သူ့အနေဖြင့် သူတော်စင်နယ်ပယ်၏ အစအနကိုပင် ထိတွေ့နိုင်ခဲ့ခြင်းမရှိပေ။

“ဒီသခင်လေးက လုပ်နိုင်တယ်လို့ပြောရင် သူလုပ်နိုင်လို့ပြောတာပဲ..”

ရှစ်ဖုန့်က ဂရုမစိုက်သကဲ့သို့ပြန်ဖြေကြားလိုက်သည်။ ထို့နောက်သူကမေးလိုက်သည်။

“ဒီသခင်လေးက စကားကြီးစကားကျယ်တွေကို

ပြောတတ်တဲ့သူနဲ့များ တူနေလို့လား”

“အဲ့လိုမဟုတ်ပါဘူး”

ချီလင်ဘုရင်မှာရှစ်ဖုန့်၏ မေးခွန်းအားကြားလိုက်ရသောအခါတွင် သူတော်စင်နယ်ပယ်၏ စွဲဆောင်မှုအားခံထား

ရသည်ဖြစ်သောကြောင့် ရှစ်ဖုန့်အား အလျှင်အမြန်ပင်ပြန်ပြောလိုက်သည်။

“သခင်လေးဖုန့် သခင်လေးဖုန့်သာ ကျုပ်ကို  သူတော်စင်နယ်ပယ်တစ်

ယောက်ဖြစ်လာအောင်လုပ်ဆောင်ပေးနိုင်တယ်ဆိုရင်  ကျုပ်အနေနဲ့အဆင့်ခြောက်

ချီလင်မြေမီးတောက်ကို သခင်လေးဖုန့်ကိုလွှဲပေးဖို့ ဆန္ဒရှိပါတယ်”

အဆင့်ခြောက် မြေမီးတောက်ဖြစ်သော ချီလင်မြေမီးတောက်က   ချီလင်ဘုရင်အတွက်အရမ်း

အရေးကြီးသော်လည်း သူတောင်စင်နယ်ပယ်တစ်

ယောက်ဖြစ်လာမည်ဟူသော ဆွဲဆောင်မှုနှင့်တော့နှိုင်းယှဉ်၍မရပေ။

ဘိုးဘေးနယ်ပယ်နှင့်သူတော်

စင်နယ်ပယ်ဟူသည်ကား  တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်၍ ရနိုင်သောအရာမဟုတ်ပေ။ ချီလင်ဘုရင်၌ မြေမီးတောက်ရှိနေခဲ့လျှင်ပင် ယင်းက နှိုင်းယှဉ်၍ မရနိုင်သေးပေ။ လူတစ်ယောက်က သူတော်စင်နယ်ပယ်ဖြစ်လာသည်နှင့် သူတော်စင်နယ်ပယ်တစ်ယောက်၏ သက်တမ်းအား အနည်းဆုံး

အနှစ်နှစ်ဆယ်အထိ တိုးမြှင့်နိုင်လိမ့်မည်ဖြစ်လေသည်။

သူတော်စင်နယ်ပယ်ဆိုသည်

ကားထျန်းမြောင်အင်ပါယာအတွင်းတွင် ဒဏ္ဍာရီတစ်ခုကဲ့သို့သော တည်ရှိမှုမျိုးဖြစ်သည်။ ထျန်းမြောင်အင်ပါယာအတွင်း၌ရှိကြသောကျင့်ကြံသူ သိုင်းပညာရှင်တိုင်းက သူတော်စင်တစ်ယောက်ဖြစ်လာရန်အတွက် မျှော်လင့်လိုလားတောင့်တကြသည်ဖြစ်သည်။

“ကောင်းပြီ ..အပေးအယူဖြစ်တယ်”

ရှစ်ဖုန့်က ချီလင်ဘုရင်ပြောဆိုသည့် အဆင့်ခြောက်မြေမီးတောက်

အားလွှဲပေးမည်ဟူသည်အားကြားရသောအခါတွင်သူ့အနေဖြင့် ငြင်းဆန်စရာအကြောင်းမရှိပေ။

သူကိုယ်တိုင်သူတော်စင်နယ်

ပယ်သို့တိုက်ရိုက်မဝင်ရောက်နိုင်သေးသော်လည်း ၎င်း၏စွမ်းအင်ပမာဏက များပြားသည်ဖြစ်သောကြောင့်

ယင်းကသူ့အား သူတော်စင်နယ်ပယ်နှင့်ပို၍ ခြေတစ်လှမ်းစာနီးကပ်သွားစေသည်ဖြစ်သည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters