← Chapters

အပိုင်း(၃၂၄)

Vol. 22 Ch. 324

အပိုင်း(၃၂၄)

Vol. 22 Ch. 324

ရှစ်ဖုန့်က သူ၏ညာလက်အားဓားပုံသဏ္ဍန်

လုပ်လိုက်ပြီး  မြေပြင်ပေါ်သို့ခုတ်ပိုင်းလိုက်သည်။ မမြင်နိုင်သောဓားချီက မြေကွပ်လပ်ပေါ်ရှိ မြေပြင်ထက်တွင် ချက်ချင်းပဲ  ဓားအမှတ်အသားတစ်ခုကိုချန်ရစ်ထားခဲ့သည်။

ရှစ်ဖုန့်က သူ၏ခေါင်းအား ထပ်မံ၍လှည့်လိုက်ပြီး ချီလင်ဘုရင်ကိုပြောလိုက်သည်။

“ခင်ဗျားအနေနဲ့ ဒီသခင်လေးရဲ့ဓားအမှတ်အသားမှာပါတဲ့  ဓားစိတ်ဆန္ဒကို စေ့စေ့စပ်စပ်နဲ့ကုန်စင်အောင် နားလည်သဘောပေါက်အောင်ဆင်ခြင်နိုင်မယ်ဆိုရင်  သူတော်စင်နယ်ပယ်ကို ခင်ဗျားချိုးဖျက်တက်လှမ်းနိုင်လိမ့်မယ်”

ချီလင်ဘုရင်အား ပြောပြီးသည့်နောက်တွင် ရှစ်ဖုန့်က မင်းသမီးကျိယွင်ဘက်သို့လှည့်၍ ပြောလိုက်သည်။

“မင်းလည်းဒီသခင်လေးရဲ့ ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်အောင်

ဆင်ခြင်သင့်တယ်.. ဒါကိုဒီသခင်လေးရဲ့ တစ်ခုဝယ်တစ်ခုအပို၍အနေနဲ့

သဘောထားလိုက်…မင်းအနေနဲ့ဒါက စေ့စေ့စပ်စပ်နဲ့ကုန်စင်အောင်နားလည်သဘောပေါက်နိုင်ခဲ့မယ်ဆိုရင်မင်းသူတော်စင်နယ်ပယ်ကိုချိးဖျက်ဝင်ရောက်တဲ့အခါမှာဘာတစ်ဆို့ကြန့်ကြာနေမှုကိုမှ ကြုံတွေ့ရမှာမဟုတ်ဖူး”

မင်းသမီးကျိယွင်ကရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင်  သူမနှင့်ချီလင်ဘုရင်တို့နှစ်ဦးစလုံးက  ရှစ်ဖုန့်မြေပြင်ပေါ်တွင်ချန်ရစ်ထားခဲ့သော ဓားအမှတ်အသားအား

ညီသောဒွိဟများဖြင့် ကြည့်လိုက်ကြသည်။

“ဒါက…”

ချီလင်ဘုရင်မှာ ရှစ်ဖုန့်၏ဓားအမှတ်အသား

အားခဏကြာအောင်ကြည့်ပြီးသည့်နောက်တွင် ရှစ်ဖုန့်၏ဓားအမှတ်အသားမှ  ဓားစိတ်ဆန္ဒကို အာရုံခံစားမိသွားသည်။ ချီလင်ဘုရင်၏မျက်နှာကရုတ်တရက် ပြောင်းလဲသွားသည်။ သူအနေဖြင့်အာစေးပင်မိနေမိသည်။

ထို့နောက်တွင် မင်းသမီးကျိယွင်သည်လည်း ချီလင်ဘုရင်ကဲ့သို့ပင် တုန်လှုပ်အံ့အားသင့်သွားရသည်။ ဓားအမှတ်အသားက အဖေနှင့်သမီးနှစ်ယောက်လုံးအား နက်ရှိုင်းစွာဆွဲဆောင်ထားသည်။

ခဏမျှကြာမြင့်ပြီးသည့်နောက်တွင် ချီလင်ဘုရင်မှာဓားစိတ်ဆန္ဒဆီမှ အသိတို့ပြန်လည်ဝင်ရောက်လာသည်။ သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေသည်။

သူရှစ်ဖုန့်အား ကြည့်လိုက်သောအခါတွင် သူ၏မျက်လုံးတို့က လုံးဝကိုကွဲပြားသွးခဲ့ပြီဖြစ်သည်။ ယင်းမှာသိုင်းပညာစီနီယာ

တစ်ဦးအပေါ်၌ထားရှိသော လေးစားမှုမျိုးပင်ဖြစ်သည်။ ချီလင်ဘုရင်က လေးစားစွာပြောလိုက်သည်။

“သခင်လေးဖုန့်ရဲ့ သိုင်းပညာပါရမီက တကယ့်ကိုမှပဲ ကျုပ်တို့လို ရေတွင်းထဲက ဖားသူငယ်လိုလူတွေနဲ့နှိုင်းယှဉ်လို့မရနိုင်ပါဘူး..သခင်လေးဖုန့်ရဲ့ ဓားစိတ်ဆန္ဒက ကျုပ်ကို သိုင်းပညာရဲ့နောက်ထပ်ကမ္ဘာတစ်ခုကို မြင်ခွင့်ရအောင်လို ခွင့်ပြုပေးလိုက်တာပါပဲ…ကျေးဇူးပြုပြီး ကျုပ်ရဲ့ဂါရဝပြုဦးညွှတ်မှုကိုလက်သင့်ခံပေးပါ”

စကားပြောပြီးသည့်နောက်တွင် ချီလင်ဘုရင်က ရှစ်ဖုန့်အား နှလုံးသားအောက်ခြေမှလာသော နက်ရှိုင်းသောလေးနက်မှုမျိုးဖြင့်ဦးညွှတ်ဂါရဝပြုလိုက်သည်။ဤဦးညွှတ်မှုမှာ အရင်ဆုံးရှစ်ဖုန့်အားလေးစားမှုကြောင့်ဖြစ်ပြီး ဒုတိယအနေဖြင့်က ရှစ်ဖုန့်၏သိုင်းပညာအမွေအား ဆက်ခံခွင့်ရသည့်အတွက်  ကျေးဇူးအထူးတင်ရှိခြင်းကြောင့်ဖြစ်သည်။

မင်းသမီးကျိယွင်သည်လည်း  သူမ၏အသိတို့ပြန်လည်ဝင်ရောက်လာပြီး  ချီလင်ဘုရင်ကဲ့သို့ ရှစ်ဖုန့်အားလေးနက်စွာ

ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်မရဲ့ ဦးညွှတ်ဂါရဝပြုမှုကိုလက်သင့်ခံပေးပါ”

သို့သော် ဤတစ်ကြိမ်၌ ရှစ်ဖုန့်မည်မျှအထိကို သာလွန်ထူးကဲကြောင်းကို

သူမမြင်တွေ့လိုက်ရသောအခါတွင်  စိတ်ပျက်လက်ပျက်ဖြစ်မှုကိုသူမထပ်မံ၍ခံစားလိုက်ရသည်။သူမနှင့်ရှစ်ဖုန့်ကြား

တွင်ရှိနေသော ကွာခြားချက်က ပို၍ကြီးမားသည်ထက်ကြီးမား

လာသည်ဟုသူမခံစားရသည်။

အဖေနှင့်သမီးတို့ကဒူးထောက်

၍ဦးညွှတ်ဂါရဝပြုသည်ကိုကြည့်ပြီး ရှစ်ဖုန့်ကပြောလိုက်သည်။

“မင်းတို့ဒီလိုလုပ်ဖို့မလိုပါဘူး.ဒါက မင်းတို့အတွက်ကြီးမားတဲ့

အခွင့်အလမ်းကြီးတစ်ခုဖြစ်နေလိမ့်မယ်ဆိုပေမဲ့ ..ဒီသခင်လေးအတွက်တော့ ငှက်ပျောသီးအခွံနွှာစားရတာ

ထက်တောင်လွယ်သေးတယ်”

ရှစ်ဖုန့်က သင့်တင့်ရုံတွေလုပ်နေခြင်း

မရှိပဲပြောလိုက်သည်။ သို့သော်ယင်းကသူ့အတွက် အမှန်တရားပင်ဖြစ်သည်။ သူတော်စင်နယ်ပယ်ကိုပြောရန်မဆိုထားဘိ သူတော်စင်နယ်ပယ်မှ မဟာသူတော်စင်နယ်ပယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်စေရန်ပင်

သူ့အတွက်ကတော့ ငှက်ပျောသီးအခွံနွှာစားရသလို

လွယ်ကူသည်ဖြစ်သည်။ ငရဲဘုံကိုးခုဧကရာဇ်၏ တပည့်များစွာထဲတွင် မဟာသူတော်စင်နယ်ပယ်အား ထည့်ပြောရန်မဆိုထားဘိ ကြီးမြတ်သာဧကရာဇ်နယ်ပယ်

အဆင့်များပင်များစွာရှိသည်ဖြစ်သည်။

(စာရေးသူမှတ်ချက်-စာစဉ်အစတွင် သူတော်စင်ကြီးဟု သုံးနှုန်းခဲ့သည့် နယ်ပယ်ရှစ်ခုမြောက်အား မဟာသူတော်စင်နယ်ပယ်ဟူ၍ ဤအပိုင်းမှစတင်ပြီးပြောင်းလဲအသုံးပြုပါမည်။)

ရှစ်ဖုန့်၏ တဲ့တိုးဆန်သောစကားအား

ကြားလိုက်ရသောအခါတွင် ချီလင်ဘုရင်က ခေါင်းညိမ့်လိုက်သည်။ ဤပုဂ္ဂိုလ်ကမောက်မာအ

ထက်စီးဆန်ကြီးစိုးသော်လည်း  သူ့တွင်ထိုသို့လုပ်ဆောင်နိုင်

စွမ်းရှိသည်ဖြစ်သည်။

“ကောင်းပြီ..ခင်ဗျားဒီဓားအမှတ်အသားကိုအိမ်ကိုယူသွားပြီးတော့ ကောင်းကောင်းလေ့လာလို့ရတယ်..

အနာဂတ်မှာဒါကို ခင်ဗျားရဲမျိုးဆက်တွေိကို လျှို့ဝှက်အရာတစ်ခုအနေနဲ့ လက်ဆင့်ကမ်းပေးနိုင်တယ်”

ရှစ်ဖုန့်ကထပ်မံ၍ ပြောလိုက်သည်။

“ကျုပ်ရဲ့ဆန္ဒတွေကို ဖြည့်

ဆည်းပေးတဲ့အတွက် သခင်လေးဖုန့်ကိုကျေးဇူးတင်ပါတယ်”

ချီလင်ဘုရင်က စကားပြောရင်းသူ၏ခြေထောက်

အားဆောင့်နင်းလိုက်သည်။ ချီလင်ဘုရင်၏ ခြေဆောင့်နင်းမှုအောက်တွင် မြေပြင်မှာအက်ကွဲလာသည်။ ထို့နောက်တွင်အက်ကွဲကြောင်းတို့က ရှစ်ဖုန့်၏ဓားအမှတ်အသား

ပတ်ပတ်လည်တွင်ပြန့်နှံ့သွားသည်။

ထို့နောက်ချီလင်ဘုရင်၏ညာလက်က  လက်သည်းပုံစံအဖြစ်သို့

ပြောင်းလဲသွားပြီးသူ့ခြေထောက်

အောက်ရှိမြေကြီးအားစုပ် ယူလိုက်သည်။ထို့နောက်ချီလင်ဘုရင်က ၎င်းအားဖမ်းယူလိုက်ပြီးသူ၏သိုလှောင်လက်စွပ်အတွင်းသို့ပစ်ထည့်လိုက်သည်။

အစောကရှစ်ဖုန့်ပြောခဲ့သလိုပင် ချီလင်ဘုရင်အနေဖြင့်ဤဓားအမှတ်အသားအားဤနေရာမှ လှီးဖြတ်ပြီး အိမ်ရှိမိသားစု ဘိုးစဉ်ဘောင်ဆက် အမွေအနှစ်တစ်ခုအဖြစ်ယူဆောင်သွားရန် စီစဉ်နေခဲ့ခြင်းဖြစ်သည်။

ဤဓားသိုင်းစိတ်ဆန္ဒပါဝင်နေသော  ဓားအမှတ်အသားက

ကျိမိသားစုတွင်ရှိနေသ၍  ကျိမိသားစု၏  သားစဉ်မြေးဆက်များ က အသုံးမကျသောသူများဖြစ်မနေသ၍  ကျွမ်းကျင်သူများစွာရှိလာလိမ့်မည်ဖြစ်သည်။ ယင်းမှာပါရမီရှိသောသူများအတွက် သူတော်စင်နယ်ပယ် အဆင့်သို့ဝင်ရောက်ရန်အတွက်အခက်အခဲရှိလိမ့်မည်မဟုတ်ပေ။

အနည်းဆုံးအနေဖြင့် ဓားအမှတ်အသားအတွင်းရှိ ဓားစိတ်ဆန္ဒအား ချီလင်ဘုရင်နားလည်သဘော

ပေါက်ရန်ဆင်ခြင်ပြီးသည့်နောက်တွင်  ဘိုးဘေးနယ်ပယ်အားချိုးဖျက်ပြီး သူတော်စင်နယ်ပယ်သို့ဝင်

ရောက်ရန်အတွက်   မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။ သူ၏သမီးဖြစ်သူ၏ပါရမီစွမ်းရည်အရ ဤဓားအမှတ်အသားနှင့်ဆိုလျှင် အနာဂတ်သူတော်စင်နယ်ပယ်သို့ဝင်ရောက်ရန်အတွက်ဘာတစ်ဆို့ကြန့်ကြာမှုမှ ရှိနေခြင်းမဖြစ်နိုင်ဟုယူဆ၍ရသည်ဖြစ်သည်။ သူတော်စင်နယ်ပယ်သို့သူမမဝင်ရောက်နိုင်ခင် အချိန်တစ်ခုသာလိုအပ်သည်ဖြစ်သည်။

ဒဏ္ဍာရီလာသူတော်စင်နယ်ပယ် ။နှစ်အနည်းငယ်အတွင်းကျိမိသားစုတွင် သူတော်စင်နယ်ပယ်ကျွမ်းကျင်သူနှစ်‌ယောက်ရှိလာလိမ့်မည်ဖြစ်သည်။ အကယ်၍ ဤလူငယ်၏တည်ရှိနေခြင်း

ကြောင့်သာမဟုတ်ခဲ့လျှင် အဖေနှင့်သမီးဖြစ်သူတို့၏နှစ်

ယောက်စွမ်းအားဖြင့် ထျန်းမြောင်အင်ပါယာတစ်ခုလုံး

နှင့်ပတ်ဝန်းကျင်ရှိနိုင်ငံများ

အားလုံးအားသိမ်းပိုက်စိုးမိုးနိုင်

လိမ့်မည်ပင်ဖြစ်သည်။

“သခင်လေးဖုန့်က ကျုပ်တို့ကို အခွင့်အလမ်းကြီးတစ်ခုကိုပေးခဲ့တာကြောင့် ကျုပ်ကလည်းကျုပ်စကားကိုပြန်မရုတ်သိမ်းပါဘူး..”

ချီလင်ဘုရင်ကစကားပြောရင်း

သူ၏ညာလက်အားဆန့်ထုတ်လိုက်သည်။ ဝုန်းဆိုသောအသံနှင့်အတူ လက်သီးဆုပ်အရွှယ် ချီလင်ပုံစံရွှေရောင်မီးတောက်တစ်ခုက ချီလင်ဘုရင်၏လက်ဖဝါး

အတွင်းထွန်းလင်းတောက်ပလာသည်။

………………………………

အခြားတစ်ဖက်တွင်  တုန်းဖန်းလီမှာ နောက်ဆုံးတွင် ဝူရှောင်းယွင်၏ မတင်မှုကိုခံလိုက်ရပြီး အပိုင်းပိုင်းစုတ်ဖြဲမှုကိုခံလိုက်ရသည်။ သွေးမိုးများက ကောင်းကင်ထက်မှကျဆင်းလာသည်။

သို့သော်သွေးမိုးများက ရှစ်ဖုန့်ရှိရာဘက်သို့ ဦးတည်ကျဆင်းလာခြင်းဖြစ်သည်။

ထို့နောက်တွင်ဝူရှောင်းယွင်က သူ၏သိုလှောင်လက်စွပ်အတွင်းမှ မိုးပြာရောင်လှံကိုထုတ်ယူလိုက်သည်။ ထို့နောက်သူက လှံအားဝေ့ယမ်းပြီး တုန်းဖန်းမိသားစုလူအုပ်အတွင်းစတင်၍  လူမဆန်စွာ အစုလိုက်အပြုံလိုက်

သတ်တော့သည်။ ရေခဲမီးလှံကိုအသုံးပြု၍ ဝူရှောင်းယွင်ကသူ၏လှံကိုဝေ့ယမ်းပြီး

မီးတောက်များအားတလိပ်

လိပ်ဖြစ်ပေါ်စေလျှက် လူအုပ်အားလွှမ်းခြုံသွားစေသည်။ နောက်ထပ်ထိုးသွင်းချက်တစ်ခုနှင့်အတူ သက်ရှိလူသားများမှာ ချက်ချင်းပဲ ရေခဲရုပ်ထုများအဖြစ်သို့

ပြောင်းလဲသွားသည်။

“အား…..”

“မင်းသေခြင်းဆိုးနဲ့သေလိမ့်မယ်…မင်းသေခြင်းဆိုးနဲ့သေလိမ့်မယ်ကွ”

ကြောက်ရွံမှု၊နာကျင်မှု၊စိတ်မချမ်း

မြေ့ဖွယ်ဟစ်အော်မှု၊ ဒေါသတကြီးအော်ဟစ်မှုနှင့်

ကျိန်ဆဲမှုများကအဆက်မပြတ် မြေကွပ်လပ်အတွင်းပဲ့တင်ထွက်ပေါ်နေသည်။ ဤအသံများကြားထဲတွင် ဝူရှောင်းယွင်က ရူးသွပ်စွာဖြင့် အထိန်းအကွပ်မဲ့ရယ်မောနေသည့်အသံကို အကြိမ်တိုင်းကြားနေရသည်။

“ဟားဟားဟား….ဟားဟားဟားဟားဟား…

သေကြစမ်း..မင်းတို့အားလုံးသေကြရမယ်…

မင်းတို့တုန်းဖန်းမိသားစုက သူတောင်းစားတွေ..

ငါမင်းတို့ကိုဒီနေ့သတ်ပစ်မှာ..ဒီနေ့ကစပြီး‌တော့ တုန်းဖန်းမိသားစုမှာ ဘာမျိုးဆက်မှ ရှိမနေစေရဘူး”

“ချင်အာ မင်းဒါကိုမြင်ရလား…

မင်းယောက်ျားမင်းအတွက် လက်စားချေပေးပြီးပြီ..သတ်ပစ်”

ပြင်းထန်သောမီးတောက်များက မီးတောက် ပင်လယ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ ပြင်းထန်သောရေခဲများကလည်းပေါ်လာပြီး  မိုးပြာရောင်လှံချက်တို့အောက်တွင်ပေါက်ကွဲကုန်၏။ငိုကြွေးအော်ဟစ်သံများနှင့်အတူ ယှဉ်တွဲလိုက်ပါ၍

ဤကမ္ဘာငယ်လးလေးက ကမ္ဘာပေါ်ရှိ ငရဲတစ်ခုဖြစ်လာသည်။ ဤကမ္ဘာငယ်လေး၏ သေမင်းစေတမာန်က ဝူရှောင်းယွင်ဖြစ်ပြီး တန်းဖန်းမိသားစုမှလူများ

၏အသက်တို့အားတစ်ယောက်ပြီး

တစ်ယောက်ရိတ်သိမ်းနေသည်။

“ဟားဟားဟား”

…………………………………………………………….

သွေးနီရောင်မီးတောက်တို့က

ရှစ်ဖုန့်၏ကိုယ်မှ ဟုန်းခနဲထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၎င်းတို့က ချီလင်ဘုရင်၏လက်အတွင်းရှိ  ချီလင်မြေမီးတောက်ထံသို့ဦးတည်သွားသည်။ သွေးနီရောင်မီးတောက် အဆင့်ခြောက်ချီလင်

မြေမီးတောက်အားဝါးမျိုသွားချိန်တွင်  သူတော်စင်နယ်ပယ်သို့တက်လှမ်းရန်အတွက်လိုအပ်သောစွမ်းအင်ပမာဏတို့ ဖြည့်တင်းလာသည်ကို ရှစ်ဖုန့်ခံစားလိုက်ရသည်။

“ငါသာနောက်ထပ်ချီလင်

မြေမီးတောက်သုံးခုကိုသာရှာတွေ့နိုင်ခဲ့ရင် သူတော်စင်နယ်ပယ်ကို

ချိုးဖြတ်ဝင်ရောက်နိုင်လိမ့်မယ်”

ရှစ်ဖုန့်ကကောင်းကင်မီးတောက်နှင့်

သူ၏ဒန်တန်အတွင်းရှိစွမ်းအင်အားခံစားမိသောကြောင့် တီးတိုးရေရွတ်လိုက်သည်။

သို့သော်မြေမီးတောက်ဆိုသည်က ဈေးထဲတွင်ပေါပေါပဲပဲတွေ့

နိုင်သောဂေါ်ဖီထုပ်များကဲ့သို့မဟုတ်ပေ။ အဆင့်ခြောက်မြေမီး

တောက်ကိုအသာထား ၎င်းအား ရှာတွေ့ရန်ပင်မလွယ်ကူပေ။

ထို့နောက် ရှစ်ဖုန့်က ချီလင်ဘုရင်အားထပ်မံ၍ကြည့်

လိုက်ပြီးမေးလိုက်သည်။

“ထျန်းမြောင်အင်ပါယာအတွင်းမှာ အခြား  ပိုင်နက်နယ်ပယ်ကိုသွားဖို့တဲ့ ကြီးမားတဲ့ ပို့ဆောင်ဆက်သွယ်ရေး အစီအရင်များရှိလား”

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters