အပိုင်း(၃၂၅)
Vol. 22 Ch. 325
“ထျန်းမြောင်အင်ပါယာကနေပြီးတော့ အခြားဒေသကြီးတွေကိုသွားဖို့အတွက် ကြီးမားတဲ့ပို့ဆောင်ဆက်သွယ်
ရေးအစီအရင်ရှိလား”
ထျန်းဟန်တိုက်ကြီးအား အရှေ့၊အနောက်၊တောင်၊မြောက်နှင့် အလယ်ပိုင်းဒေသဟူ၍ ပိုင်းခြားထားသည်။ ရှစ်ဖုန့်ပြောသောတစ်ခြားသော ဒေသကြီးများဆိုသည်မှာ လက်ရှိရှစ်ဖုန့်ရှိနေသော အရှေ့ပိုင်းဒေသအပြင် အခြားဒေသလေးခုအားဆိုလိုခြင်းဖြစ်သည်။
“ပို့ဆောင်ဆက်သွယ်ရေးအစီအရင်တစ်ခုတော့ ထျန်းမြောင်အင်ပါယာထဲမှာ
ရှိတယ်လို့ပြောကြတယ်…ဒါပေမဲ့ အဲ့ပို့ဆောင်ဆက်သွယ်ရေးအစီအရင်က အဲ့နေရာမှာရှိသေးလားဆိုတာ
ကိုတော့ကျုပ်လည်းသေချာမသိဘူး”
ချီလင်ဘုရင်က ပြန်ဖြေလိုက်သည်။ ထို့နောက်သူကထပ်ပြောသည်။
“ဒါပေမဲ့ သခင်လေးဖုန့် သခင်လေးအဲ့ကိုမသွားတာက ပိုပြီးတော့ကောင်းလိမ့်မယ်”
“အဲ့နေရာဟုတ်လား…ဘာနေရာမို့လဲ”
ချီလင်ဘုရင်၏ စကားများနောက်ကွယ်မှ အဓိပ္ပါယ်အား ရှစ်ဖုန့်နားလည်သည်ဖြစ်သည်။
ထိုနေရာတွင် တစ်ခုခုတော့ဖြစ်ပျက်ခဲ့ရမည်သာဖြစ်သည်။
“လွန်ခဲ့တဲ့ နှစ်သုံးရာလောက်တုံးက
အဲ့နေရာမှာ ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ဘယ်သူကမှမသိခဲ့ကြဘူး..
တစ်ညမှာအဲ့နယ်မြေတစ်ဝိုက်မှာရှိတဲ့ သက်ရှိသတ္တဝါတွေအကုန်လုံး
သေဆုံးကုန်ကြတယ်… အဲ့နေကို အရှေ့ပိုင်းဒေသကြီးရဲ့ တားမြစ်ကုန်းမြေသုံးခုထဲက တစ်ခုအဖြစ်သတ်မှတ်ထားတယ်…
အဲ့တာကိုခေါ်တာက သေခြင်းတားမြစ်နယ်မြေတဲ့”
“လွန်ခဲ့တဲ့ နှစ်သုံးရာတုံးက များစွာသောလူတွေဟာ သေခြင်းတားမြစ်နယ်မြေကို ဝင်ရောက်ခဲ့ကြတယ်….သို့သော်
ဘယ်သူကမှ ပြန်ပြီးတော့ထွက်မလာခဲ့ကြဘူး…
အဲ့ထဲမှာ အရှေ့ပိုင်းဒေသကြီးရဲ့
တစ်ခြားသော နိုင်ငံတွေက သူတော်စင်နယ်ပယ်တွေတောင်
အများကြီးပါတယ်လို့ ကျုပ်ကြားခဲ့တယ်..”
ချီလင်ဘုရင်ကပြောလိုက်သည်။
“သေခြင်းတားမြစ်နယ်မြေလား”
ချီလင်ဘုရင်၏ ဖော်ပြချက်တို့အားကြားပြီး
သည့်နောက်တွင် ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။သေခြင်း
တားမြစ်နယ်မြေအားရှစ်ဖုန့်
မှတ်ထားလိုက်သည်။
အရှေ့ပိုင်းဒေသကြီးအတွင်းမှ မကြာခင်သို့မဟုတ်နောက်ပိုင်းတွင် ရှစ်ဖုန့်အနေဖြင့်ထွက်ခွာ၍ အခြားသောဒေသများသို့သွား
လိမ့်မည်ဖြစ်သည်။
“သခင်လေးဖုန့် အကယ်၍သခင်လေးက အရှေ့ပိုင်းဒေသကြီးကနေ
ထွက်ခွာသွားချင်တာဆိုရင်ဘာလို့ ဝူလန် အင်ပါယာကိုသခင်လေး
တစ်ချက်သွားမတွေ့တာလဲ..အဲ့မှာတော့ ပို့ဆောင်ဆက်သွယ်ရေးအစီ
အရင်တစ်ခုရှိလောက်မယ်”
ဤအချိန်တွင်မင်းသမီးကျိယွင်
ကပြောလိုက်သည်။
“ဟုတ်တယ် ဝူလန်အင်ပါယာမှာဆိုရင် တစ်ခုတော့ရှိလိမ့်မယ်”
မင်းသမီးကျိယွင်၏ စကားအားကြားသောအခါတွင် ချီလင်ဘုရင်ကလည်းပြောလိုက်သည်။
“ဝူလန်အင်ပါယာ၊တုန်းဖုန်းအင်ပါယာနဲ့ ထျန်းကန်းအင်ပါယာတို့က အရှေ့ပိုင်းဒေသကြီးရဲ့ အင်အားအကြီးဆုံး အင်ပါယာတွေပဲဖြစ်တယ်…နိုင်ငံရဲ့အင်အားခြင်းအရဆိုရင် ထျန်းမြောင်အင်ပါယာက
သူတို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူး…
အဲ့အင်ပါယာသုံးခုကမှာ အရှေ့ပိုင်းဒေသကြီးရဲ့တကယ့်
အရှင်သခင်တွေပဲ..တစ်ခြားနိုင်ငံ
တွေကသူတို့ကို မော်ကြည့်ရုံပဲတက်နိုင်တယ်…
ဝူလန်အင်ပါယာက ထျန်းမြောင်အင်ပါယာနဲ့နီးတယ်…သခင်လေးအနေနဲ့ အဲ့ကိုရောက်ဖို့အတွက်ဆိုရင် အင်ပါယာငါးခုလောက်ကိုပဲ ဖြတ်သန်းသွားရမှာ”
မင်းသမီးကျိယွင်နှင့် ချီလင်ဘုရင်တို့ကြားရှိ ပြောဆိုမှုများအားကြားရသောအခါတွင် ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒီသခင်လေးနားလည်ပြီ”
အင်ပါယာငါးခုအားဖြတ်သန်းသွားလာရန်က အချိန်လေးတစ်ခုသာလိုအပ်သည်ဖြစ်သည်။ အကယ်၍ ဝူလန်အင်ပါယာကြီး
တွင်သာ ကြီးမားသော ပို့ဆောင်ဆက်သွယ်ရေးအစီ
အရင်ကြီးသာရှိနေခဲ့မည်ဆိုလျှင် သေခြင်းတားမြစ်နယ်မြေသို့သွားရောက်၍ စွန့်စားရန်မလိုအပ်ပေ။
ဝူရှောင်းယွင်၏ အရူးအမူးသတ်ဖြတ်မှုအောက်၌ ရေခဲနှင့်မီးတို့ကြားထဲတွင်
တုန်းဖန်းမိသားစုဝင်များမှာ
တစ်ယောက်ပြီးတစ်ယောက်
သေဆုံးကုန်ကြသည်။ ကျိုးကြေနေသောအလောင်းများက နေရာအနှံ့ပြန့်ကျဲနေပြီး သူတို့၏မျက်နှာထက်တွင်
မချိမဆန့်နာကျင်နေရသည့်
ပုံများရှိနေဆဲဖြစ်ကာ သူတို့မသေခင်ဖြတ်သန်းခဲ့ရသောညှင်းပန်းနှိပ်စက်မှုအား ပြသနေသည်။
ဝူရှောင်းယွင်က သူ၏ လှံရှည်အားအဖြောင့်အတိုင်း
ကိုင်ထားပြီးသူ၏ ခံညားထည်ဝါသောကိုယ်က အလောင်းများ၏ အလယ်တွင်ရပ်နေသည်။ သူကခေါင်းကိုမော့လိုက်ပြီး သူ၏ကိုယ်ကလည်းသူ့ဘေး
ရှိလှံကဲ့သို့တည့်တည့်မတ်မတ်ပင်ဖြစ်နေသည်။
ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်ပေါ်ရှိသွေးနီ
ရောင်မီးတောက်တို့က အလောင်းများထံသို့တလိပ်
လိပ်ဦးတည်သွားသည်။ ချက်ချင်းပဲ ဝူရှောင်းယွင်အား ဗဟိုပြု၍ သူ၏ ဘေးပတ်ပတ်လည်မှာ သွေးနီရောင်မီးပင်လယ်တစ်
ခုအဖြစ်သို့ပြောင်းလဲသွားသည်။ သွေးနီရောင်မီးတောက်တို့၏ အောက်တွင် အလောင်းများက လျှင်မြန်စွာဖြင့် မီးရှို့ပြာချဖျက်ဆီးခံလိုက်ရသည်။ ထို့နောက်တွင် မီးတောက်တို့က အခြားတစ်ဖက်ခြမ်းတွင်ရှိနေ
သောရှစ်ဖုန့်ဆီသို့ ပြန်လည်၍ ဝင်ရောက်လာသည်။
တော်ဝင်မိသားစုဖြစ်သော
ကျင်းမိသားစုမှာလည်းသုတ်သင်ခံလိုက်ရပြီး တုန်းဖန်းမိသားစုသည်လည်း လုံးဝရှင်းလင်းခံလိုက်ရသည်။ ယခုရှစ်ဖုန့်သွားရောက်လည်
ပတ်ရန်အတွက်လိုအပ်သည့်
တစ်ခုတည်းသောနေရာမှာ
ယင်ကွေဂိုဏ်းသာရှိတော့သည် ဖြစ်သည်။
ရှစ်ဖုန့်ကဟုန်ယွဲ့နှင့်စံပယ်လေးတို့အား ယင်ကွေဂိုဏ်းသို့အလည်သွားမည်ဟု ကတိပေးထားခြင်းကြောင့် သူ့အနေဖြင့်ထိုကတိအား တည်မည်သာဖြစ်သည်။ ထျန်းမြောင်အင်ပါယာအတွင်းမှ
ထွက်ခွာမသွားခင်အရင်ဆုံး သူ့အနေဖြင့်သေချာက်ပေါက်
ယင်ကွေဂိုဏ်းသို့သွားရောက်၍ ဤမိန်းကလေးနှစ်ယောက်အားကူညီပြီး သူတို့၏ ကိုယ်အတွင်းရှိ မိခင်နှင့်ကလေး တစ္ဆေကျိန်စာအား ဖယ်ရှားပေးရမည်ဖြစ်သည်။
“တစ်ခြားကိစ္စတွေမရှိတော့ဘူးဆိုရင် ကျုပ်တို့အတွေအရင်ဆုံးထွက်ခွာသွားပါရစေ…သခင်လေးဖုန့်ကျုပ်ကို ပြုလုပ်ပေးဖို့တောင်းဆိုထား
တဲ့ကိစ္စတွေအတွက် ကျုပ်လူလွှတ်ရပါအုံးမယ်….အကယ်၍များ သခင်လေးဖုန့် ဘာမဆိုလို
အပ်တာများရှိလို့ရှိရင် ကျုပ်ကိုသာအသိပေးလိုက်ပါ”
ဤအချိန်တွင်ချီလင်ဘုရင်က ရှစ်ဖုန့်အား ထပ်မံ၍ပြောလိုက်သည်။
ရှစ်ဖုန့်သူ့အားတောင်းဆိုထားသောအရာက ထျန်းမြောင်အင်ပါယာ၏
စီရင်ပိုင်ခွင့်အောက်ရှိနိုင်ငံများအား သတင်းပို့စေလိုခြင်းဖြစ်သည်။
အနာဂတ်တွင် ထိုနိုင်ငံငယ်လေးများမှာ ယွင်လိုင်အင်ပါယာ၏ လက်အောက်ခံနိုင်ငံငယ်
များဖြစ်လာကြလိမ့်မည်ဖြစ်သည်။
“အင်း.သွားပါ”
ရှစ်ဖုန့်က ချီလင်ဘုရင်အားထပ်မံ၍
ခေါင်းညိမ့်ပြလိုက်သည်။
“နှုတ်ဆက်ပါတယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် ချီလင်ဘုရင်၏ကိုယ်က ဟင်းလင်းပြင်အားထိုးခွင်းပျံသန်းသွားသည်။
မင်းသမီးကျိယွင်က ရှစ်ဖုန့်အား စိတ်ရှုပ်ထွေးသောအမူအ
ယာဖြင့်ကြည့်လိုက်သည်။
ထို့နောက်သူမသည်လည်း ဟင်းလင်းပြင်အားထိုးခွင်းပျံသန်းသွားပြီး ချီလင်ဘုရင်နှင့်အတူ ထွက်ခွာသွားသည်။
“သခင်”
သိပ်မဝေးလှသောနေရာမှ ဝူရှောင်းယွင်၏လေးနက်သော
အသံထွက်ပေါ်လာသည်။ ဝူရှောင်းယွင်က မိုးပြာရောင်လှံတစ်ချောင်းအား သူ၏လက်ထဲတွင်ကိုင်ဆောင်ထား၏။ သူ၏မျက်နှာကတည်ကြည်လေးနက်နေပြီး ရှစ်ဖုန့်ထံသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာသည်။
ဝူရှောင်းယွင်က တစ်စုံတစ်ခုအားပြောတော့မည်ကို မြင်တွေိ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကသူ၏လက်အားဝေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“အဓိပ္ပါယ်မရှိတာတွေကို ပြောမနေနဲ့ အနာဂတ်မှာကောင်းကောင်းကျင့်ကြံပြီးတော့ ဘိုးဘေးနယ်ပယ်ကို မြန်မြန်ချိုးဖျက်နိုင်အောင်လုပ်..အနာဂတ်မှာ ငါတို့ကြုံတွေ့ရမဲ့ ကျွမ်းကျင်သူတွေက ဒီထက်ပိုပြီးတော့အစွမ်းထက်တဲ့သူတွေကြီးပဲ”
“ဟုတ်ကဲ့ပါသခင် ..ရှောင်းယွင် ကြိုးစားပါ့မယ်..”
ဝူရှောင်းယွင်က ရှစ်ဖုန့်၏ရှေ့တွင်ရပ်လိုက်သည်။ သူကသူ၏လက်နှစ်ဖက်အား
အတူတကွဆုပ်လိုက်ပြီး စိတ်ပိုင်းဖြတ်ထားသော အမူအယာနှင့်နက်ရှိုင်းသောအသံနှင့်အတူ အော်ပြောလိုက်သည်။
ထို့နောက်ရှစ်ဖုန့်က သူ၏ဘယ်လက်အား ဝူရှောင်းယွင်ထံသို့ ဆန့်ထုတ်လိုက်သည်။ ရှစ်ဖုန့်က ဝူရှောင်းယွင်အပေါ်တွင်မိုးထား
လိုက်ပြီးတစ်ချိန်တည်းတွင် ရှစ်ဖုန့်၏ ဘယ်လက်ဖဝါးကလည်း
ဖျက်ခနဲလင်းလက်သွားသည်။ ဝူရှောင်းယွင်တစ်ယောက်
ပျောက်ကွယ်သွားပြီး သွေးကျောက်ပြား၏ကမ္ဘာငယ်အတွင်းသို့ ဝင်ရောက်သွားသည်။
ထို့နောက် သွေးနီရောင်အလင်း
က ရှစ်ဖုန့်၏ ကိုယ်ပေါ်တွင်
လင်းလက်သွားပြီး သူကကမ္ဘာငယ်အတွင်းသို့
ဝင်ရောက်သွားသည်။ သေးငယ်သောသွေး
ကျောက်ပြားလေးတစ်ခုကသာ လေထဲတွင်လွင့်မျောကျန်ရစ်နေခဲ့သည်။
ဝူရှောင်းယွင်နေရာလွတ်အတွင်းသို့ နောက်တစ်ကြိမ်ပြန်ရောက်လာခဲ့ပြီး တင်ပျဉ်ခွေထိုင်ကာ စတင်၍ ကျင့်ကြံလိုက်သည်။ ရှစ်ဖုန့်ဝင်ရောက်လာ
သောအခါတွင် သူက မူလချီတို့အား နေရာလွတ်အတွင်းဖြည့်တင်းလိုက်သည်။ သိုလှောင်လက်စွပ်များကတစ်ခုပြီးတစ်ခု ပျံသန်းထွက်ပေါ်လာသည်။ ထို့နောက်တွင်များပြားလှ
သောကမ္ဘာဦးကျောက်တုံးများ
သွန်းလောင်းကျလာပြီး ရှစ်ဖုန့်၏စိတ်ဖြင့်ထိန်းချုပ်မှု
အောက်တွင်ပေါက်ကွဲကုန်သည်။
တော်ဝင်မိသားစုနှင့်တုန်းဖန်းမိသားစုတို့အား ဖျက်ဆီးပြီးသည့်နောက်တွင်
ရှစ်ဖုန့်အနေဖြင့် ကမ္ဘာဦးကျောက်တုံးတော်
တော်များများကို ရရှိခဲ့သည်။ အထူးသဖြင့်ဧကရာဇ်မင်းကျင်းရွှယ်၏ ရွှေနဂါးပုံစံ သိုလှောင်လက်စွပ်ဖြစ်ပြီး ၎င်းအတွင်း၌ မရေတွက်နိုင်သောကမ္ဘာဦး
ကျောက်တုံးများနှင့်ဆေးဝါးများပါရှိသည်။
ကမ္ဘာဦးကျောက်တုံးများအား သွန်းလောင်းလိုက်သည်နှင့် ၎င်းက လျှင်မြန်စွာအကွာအဝေးတစ်ခု
အထိပြန့်ကားသွားသော ကမ္ဘာဦးကျောက်တုံးပင်လယ်
တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
“ဘန်း..ဘန်း.ဘန်း..ဘန်း…ဘန်း..ဘန်း..”
ကမ္ဘာဦးကျောက်တုံးဆယ်
ဘီလီယံခန့်မှာစတင်၍ပေါက်ကွဲကုန်သည်။ ကမ္ဘာဦးကျောက်တုံးများက အမှုန့်များအဖြစ်သို့ပြောင်း
လဲသွားသည်။ရှစ်ဖုန့်အား ဗဟိုပြု၍ ကြွယ်ဝသော မူလချီတို့က တလိပ်လိပ်ဖြစ်ပေါ်လာပြီး နေရာတစ်ခုလုံးအား
တလိပ်လိပ်ဖြစ်လာသော
လှိုင်းလုံးတစ်ခုကဲ့သို့ သိမ်းကျုံးပြန့်နှံ့သွားသည်။
မူလချီပင်လယ်အတွင်းတွင် အဆင့်ချိုးဖျက်လုနီးပါးဖြစ်နေသော မင်းသမီးလေးလုံမုန့်အား ရှစ်ဖုန့်မြင်တွေ့လိုက်ရပြီး မူလချီပင်လယ်၏ သက်ရောက်မှုအောက်တွင် အဖြူရောင်အလင်းတစ်ခုလင်းလက်သွားပြီး ကြယ်ရှစ်ပွင့်ဘုရင်နယ်ပယ်
သို့ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။
လုံမုန့်၏ မျက်နှာထက်တွင်ပျော်ရွှင်
မှုများဖြင့်ပြည့်နှက်နေသည်။
သူမမျက်လုံးအားဖွင့်လိုက်သောအခါတွင် အေးစက်ပြီးချောမောယောက်ျားပီသသော ရှစ်ဖုန့်၏ မျက်နှာကိုမြင်တွေ့လိုက်ရသည်။
သူမကရှစ်ဖုန့်၏မျက်လုံးတို့နှင့် အကြည့်ချင်းဆုံသွားသည်။
လုံမုန့်က ဒက်ဖဒိလ် ခေါ် အဝါရောင်ပန်းကဲ့သို့ငွားငွား
စွင့်စွင့်ဖူးပွင့်နေသည့် နှယ်အပြုံးမျိုးဖြင့် ပြုံးလိုက်ပြီး ရှစ်ဖုန့်အားချိုသာစွာ အော်ခေါ်လိုက်သည်။
“ကိုကြီး ရှစ်ဖုန့်”
ရှစ်ဖုန့်ကလည်း လုံမုန့်အား ပြုံး၍ ပြောလိုက်သည်။
“အဆင့်ချိုးဖျက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”
“ဟီးဟီး..”
ရှစ်ဖုန့်၏ဂုဏ်ပြုမှုအားကြား
လိုက်ရသောအခါတွင် လုံမုန့်က ချိုသာစွာပြုံးလိုက်သည်။ ထို့နောက်တွင်သူမ၏အမူအယာက ဖြည်းဖြည်းချင်းပြောင်းလဲသွားပြီး တစ်မျိုးတစ်ဖုံသနားစဖွယ်
ဟန်ပန်လေးဖြစ်လာသည်။ သူမကရှစ်ဖုန့်အားပြောလိုက်သည်။
“ညီမလေးဒီမှာ ကျင့်ကြံနေရတာတော်တော်
ကြာနေပြီ..အခုတင် ညီမလေးအဆင့်ချိုးဖျက်ပြီးတော့ နိုးထလာတာ…ထပ်ပြီးညီမလေးကိုလှောင်ပိတ်မထားပါနဲ့တော့ အပြင်လေးထွက်ခွင့်ပေးပါ”
ရှစ်ဖုန့်က လုံမုန့်၏စကားများအား နားထောင်ပြီးသည့်နောက်သူမ၏သနားစဖွယ်အသွင်အပြင်အားကြည့်လိုက်သည်။
ဤမိန်းကလေး၏ဤကဲ့သို့အသွင်အပြင်နှင့် ဤလိုလီလေးအား ဤနေရာ၌ ပိတ်ထားမိသည့်အတွက် သူကအရမ်းများဆိုးယုတ်
နေသလားဟုပင်ရှစ်ဖုန့်ခံစားလိုက်ရသည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE