← Chapters

အပိုင်း(၃၂၆)

Vol. 22 Ch. 326

အပိုင်း(၃၂၆)

Vol. 22 Ch. 326

ရှစ်ဖုန့်တစ်ယောက် ကူကယ်ရာမဲ့ပြုံးလိုက်မိသည်။ အတွေးတစ်ချက်ဖြင့်သွေးနီ

ရောင်အလင်းတစ်ချက်က ရှစ်ဖုန့်နှင့်လုံမုန့်တို့၏ကိုယ်ပေါ်တွင် လင်းလက်လာသည်။ သူတို့နှစ်ဦးက နေရာလွတ်အတွင်းမှထွက်ခွာလာပြီး  ထျန်းမြောင်အင်ပါယာနန်းတော်၏ မြေကွပ်လပ်အတွင်းသို့ ပြန်လည်၍ရောက်ရှိလာသည်။

“အာ..ဒါကဘယ်နေရာလဲ”

လုံမုန့်က မြေကွပ်လပ်၏အ

လယ်တွင်ရပ်နေပြီး   ဘေးပတ်ဝန်းကျင်အားကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင်သူမ၏ မျက်လုံးတို့က  ဧရာမရွှေရောင်ရုပ်ထုကြီး

အပေါ်သို့ကျရောက်သွားသည်။

သူမ၏ မျက်လုံးရွှဲကြီးတို့အားပုတ်ခတ်

ပုတ်ခတ်လုပ်နေပြီးသူမ၏  ပုံစံကချစ်ဖို့ကောင်းလွန်းနေသည်။

ရှစ်ဖုန့်ကလေထဲတွင်လွင့်မျောနေသောသွေးကျောက်ပြားအားသူ၏ ဘယ်လက်ဖြင့်ထိလိုက်သည်။  သွေးကျောက်ပြားကရှစ်ဖုန့်၏ လက်အတွင်းသို့ပြန်လည်၍ ရောက်ရှိလာပြီး  သွေးကျောက်ပြားအမှတ်အသား

အဖြစ်သို့ပြောင်းလဲသွားသည်။ ထို့နောက်သူကလုံမုန့်ကိုပြောလိုက်သည်။

“ထျန်းမြောင်အင်ပါယာနန်းတော်လေ…

အခုကစပြီးတော့ ဒါက ယွင်လိုင်အင်ပါယာရဲ့နန်းတော်ဖြစ်သွားပြီ”

“ထျန်းမြောင်အင်ပါယာရဲ့နန်းတော်….

ယွင်လိုင်အင်ပါယာနန်းတော်ဟုတ်လား”

လုံမုန့်၏ မျက်လုံးတို့ကပြူး

ကျယ်နေပြီးသူမက ရှစ်ဖုန့်အားဖြည်းဖြည်းချင်း

လှည့်ကြည့်လိုက်သည်။ သူမကသွေးကျောက်ပြား ၏နေရာလွတ်အတွင်းတွင်

သာကျင့်ကြံနေခဲ့ပြီး ပြင်ပကမ္ဘာ၏ပြင်းပြင်းထန်ထန်

ပြောင်းလဲမှုတို့အား သိရှိခြင်းမရှိပေ။

ရှစ်ဖုန့်၏ အမူအယာကပြောင်းလဲခြင်းမရှိပေ။

သူကလုံမုန့်အား ကြည့်လိုက်ပြီး ထူမခြားနားသောဟန်ပန်ဖြင့်ပြောလိုက်သည်။

“ထျန်းမြောင်အင်ပါယာရဲ့ ဧကရာဇ်ဖြစ်တဲ့ ကျင်းရွှယ်က ငါသတ်လို့သေသွားပြီ.. မင်းကိုလက်ထပ်ချင်နေတဲ့ အိမ်ရှေ့စံကျင်းလွေဆိုတာလည်းသေပြီ…မင်းရဲစတုတ္ထအကိုဖြစ်သူက မကြာခင်မှာလာပြီးတော့ အင်ပါယာကိုသိမ်းယူလိမ့်မယ်လို့ ငါယုံကြည်တယ်”

“အဲ့လိုသာဆိုရင် ထျန်းမြောင်အင်ပါယာက ကိုကြီးရဲ့ဖျက်ဆီးတာကိုခံလိုက်ရတာပေါ့ ဟုတ်လား ကိုကြီးရှစ်ဖုန့်”

လုံမုန့်က မယုံကြည်နိုင်စွာဖြင့်ပြောသည်။

ဤသည်ကားအရမ်းကို တုန်လှုပ်အံ့အားသင့်ဖို့ကောင်းလေသည်။

ထျန်းမြောင်အင်ပါယာ၌ ဘိုးဘေးနယ်ပယ်ကျွမ်းကျင်သူများ များစွာရှိသည်ဟု သူမ ကြားဖူးခဲ့သည်မှာကြာခဲ့ပြီဖြစ်သည်။

သူမတို့၏ ယွင်လိုင်အင်ပါယာမှာသူတို့

နှင့်နှိုင်းယှဉ်၍မရနိုင်ပေ။

ထိုထက်ပိုသည်ကား ဤတုန်လှုပ်ဖွယ်အရာအား လှုပ်ဆောင်ခဲ့သောသူမှာသူမတစ်ချိန်လုံးနောက်မှလိုက်ပါလာခဲ့သော သူမရှေ့ရှိဤလူ၏လက်ချက်

ဖြစ်နေခြင်းပင်ဖြစ်သည်။ သူမကသူ၏နောက်သို့တစ်ချိန်

လုံးလိုက်ပါလာခဲ့ပြီး  သူကသူမအား ထျန်းမြောင်အင်ပါယာ၏  ပြောင်းပြန်လှန်မှုတို့အားသူမကို

သိရှိစေခြင်းမရှိဘဲခေါ်ဆောင်လာခဲ့သည်။

လုံမုန့်၏ ဖော်ပြပြောဆိုချက်အားကြားရသောအခါတွင် ရှစ်ဖုန့်အနည်းငယ်ရယ်ချင်သလိုဖြစ်သွားသည်။ သို့သော်သူကခေါင်းညိမ့်လိုက်ပြီး

ပြောလိုက်သည်။

“မင်းအဲ့လိုပြောလို့ရပါတယ်”

“ဘုရားရေ  ..ကိုကြီးရှစ်ဖုန့် ကိုကြီးကအရမ်းကိုမှရူးသွပ်ဖွယ်ပါလား…

ယွင်လိုင်အင်ပါယာမှာကိုကြီးကို မွန်းစတားတစ်ကောင်လို့ခေါ်ကြတယ်…

အခုကိုကြီးက မွန်းစတားတွေထဲကမှ မွန်းစတားဆိုတဲ့သူဖြစ်နေတဲ့ပုံပဲ…

အကိုကြီးကအရမ်းကိုမွန်းစတားဆန်တဲ့သူပဲ..ညီမလေး ကိုကြီးအတွက် ကလေးတောင်မွေးပေးချင်လာပြီ”

လုံမုန့်၏နောက်ဆုံးစကားက ရှစ်ဖုန့်အားကူကယ်ရာမဲ့သွားစေသည်။

“ဟီးဟီး ညီမလေးက ဟာသပြောတာပါ”

ရှစ်ဖုန့်ကကူကယ်ရာမဲ့သော

အခြေအနေသို့ကျရောကနေသည်

ကိုတွေ့ရသောအခါတွင် လုံမုန့်က ပြေတည်တည်မျက်နှာထား

ဖြင့်ပြောလိုက်သည်။ ထို့နောက်တွင်သူမက အားနည်းသောအမူအယာလေး

ကိုလှစ်ဟာပြ၍ သူမ၏ဝမ်းဗိုက်အားငုံ့ကြည့်

ကာပြောလိုက်သည်။

“အဲ့တာထက်ပိုတာက ညီမလေးကငယ်သေးတယ်လေ..

အဲ့အကြောင်းတွေကို  ညီမလေးကြီးလာမှပဲပြောကြတောပေါ့နော်”

“အရူးမလေး…ဘာတွေကိုစဉ်းစားနေတာလဲ…လာခဲ့ ငါမင်းကို နန်းတော်ဝန်းကျင်ကိုလိုက်ပြမယ်”

“ဟီး..”

………………………………………………………….

သုံးရက်ကြာမြင့်ပြီးသည့်နောက်တွင်  ရှစ်ဖုန့် ၊လုံမုန့်၊ ရှစ်လင်၊ဝူရှောင်းယွင်နှင့် ယဲ့ဝူရှင်တို့မှာ အင်ပါယာတော်ဝင်နန်းတော်၏ ထိပ်ဆုံး၌ရပ်နေကြပြီး  အင်ပါ ယာမြို့တော်ရှိ လမ်းမများထက်ကိုကြည့်နေကြသည်။ များပြားလှသော လူပေါင်းသောင်းဂဏန်းသိန်းဂဏန်းရှိသည့် အုပ်စုကြီးတစ်ခုက တော်ဝင်နန်းတော်ဆီသို့ ဦးတည်ရွှေ့လျားလာကြသည်။

ရှစ်ဖုန့်၏နမည်က တောမီးတစ်ခုကဲ့သို့ပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။

ယွင်လိုင်အင်ပါယာက ထျန်းမြောင်အင်ပါယာသို့အစား

ထိုးနေရာယူရန်အတွက်လာ

နေခြင်းဖြစ်သည်။ သတင်းများက တောမီးကဲ့သို့ထျန်းမြောင်အင်ပါယာနှင့် အခြားသော နိုင်ငံများအနှံ့သို့ ဖြတ်သန်းပျံ့နှံ့သွားသည်။

စစ်တပ်တပ်မများ၏ ရှေ့တွင် အနက်ရောင်တောင်ပံကျားတစ်ကောင်၏ အပေါ်၌  ရင်းနှီးသောပုံရိပ်တစ်ခုက ထိုင်လျက်လိုက်ပါလာသည်။

ရှစ်ဖုန့်နှင့်အခြားသောသူများ

ကသူ့အားမြင်တွေ့ကြသည်။ သူသည်အနောက်မြောက်သဲကန္တရ

ဘုရင်ဖြစ်သူ အနောက်မြောက်မင်းသား ကျန်းကျွင်းချင်ပင်ဖြစ်လေသည်။

ကျန်းကျွင်းချင်အားကြည့်၍ ဝူရှောင်းယွင်နှင့် ယဲ့ဝူရှင်းတို့မှာ အတိတ်ကိုပြန်လည်၍ ရောက်ရှိသွားသလိုခံစားရသည်။

ထိုတိုက်ပွဲအတွင်းတွင်  သူတို့သုံးယောက် အတူတကွပူပေါင်း၍   ငရဲဘုံးကိုးခု ကြယ်သုံးပွင့် ချိုးဖျက်ခြင်းအစီအရင်ကို အသက်သွင်းပြီး တိုက်ခိုက်ခဲ့ကြသည်။

သူတို့က ကြယ်ရှစ်ပွင့် အင်ပါယာနယ်ပယ်များဖြစ်ကြသော ရွှယ်ထူ၊လဲ့ကန်းနှင့် ကြယ်ခြောက်ပွင့်အင်ပါယာနယ်ပယ် ရွှယ်ရီမုံ့တို့အား ရှုံးနိမ့်ခြင်းမရှိ ဆန့်ကျင်ရင်ဆိုင်နိုင်ခဲ့ကြသည်ဖြစ်သည်။

မကြာခင်တွင် ရွှေရောင်နဂါးပုံရိပ်များဖြင့်ရထား

လုံးနှစ်လုံးက သူတို့၏ မြင်ကွင်းအတွင်းသို့ဝင်ရောက်လာသည်။ ထိုရထားလုံးနှစ်ခုစလုံးအား ရွှေနဂါးမြင်းရှစ်ကောင်စီက ဆွဲထားသည်။

ရွှေနဂါးမြင်းများမှာ အဆင့်သုံးနတ်ဆိုးသားရဲများဖြစ်ကြသည်။ ၎င်းတို့က အဆင့်အရမ်းမမြင့်ဘူး

ဆိုလျှင်တောင် တော်တော်လေးကိုလှပပြီး ခံ့ညားထည်ဝါမှုရှိသည်ဖြစ်သည်။၎င်းတို့၌ နဂါးဦးခေါင်းများနှင့် မြင်းခန္ဓာကိုယ်များရှိကြသည်။

၎င်းတို့အားလုံးကလုံးဝရွှေရောင်ဖြစ်သည်။ ရွှေနဂါးမြင်းများက ရှေးဟောင်းရွှေနဂါးများနှင့်မြင်းများ၏ သားသမီးများဖြစ်ကြသည်ဟုပြောကြသည်။

သို့သော် ရွှေနဂါးမြင်းများ၏ မျိုးဆက်သွေးကတော့ပါး

လျသည်ဖြစ်သည်။

“လင်အာ..ညီမလေးမကြာခင်

အမေနဲ့တွေ့ရတော့မယ်”

ရှစ်ဖုန့်ကသူ့ဘေးတွင်ရှိနေသော

လင်အာအား တီးတိုးပြောလိုက်သည်။ သူတို့၏မိခင်ဖြစ်သူ ပုယွဲ့က

သူနှင့်ရှစ်လင်တို့၏ သတင်းအားကြားကြားချင်း ထျန်းမြောင်အင်ပါယာသို့လာ

ရောက်မည်ဖြစ်ကြောင်းကို  လုံချန်က အရိပ်ကိုးကိုစေလွှတ်၍ သတင်းပို့ပြီးဖြစ်သည်။

ရှစ်လင်အား သူမအမေဖြစ်သူ၏ အကြောင်းကို လွန်ခဲ့သောရက်အချို့ကတည်းက ပြောပြထားပြီးဖြစ်သည်။ သူမကသူ့မိခင်အား လွမ်းဆွတ်နေခဲ့သည်ဖြစ်၏။

“ရပ်”

ကျန်းကျွင်းချင်က အော်ပြောလိုက်သည်။ စစ်တပ်ကြီးက တော်ဝင်နန်းတော်ဝင်ပေါက်သို့

ရောက်ရှိသောအခါတွင် သူကသူ၏ မိုးပြာရောင် နဂါးဓားအားကောင်းကင်ထဲသို့

ထိုးညွှန်လိုက်သည်။ရုတ်ခြည်းဧရာမမိုး

ပြာရောင်နဂါးကြီးက  ကောင်းကင်ထဲတွင်ပေါ်လာပြီး  စက်ဝိုင်းသဏ္ဍန်လှည့်ပတ်နေသည်။

သိန်းဂဏန်းရှိသောစစ်သည်များက ပြိုင်တူရပ်တန့်လိုက်ကြသည်။

“စစ်ပွဲနတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”

ကျန်းကျွင်းချင်က လက်သီးနှစ်ဖက်ကိုဆုပ်၍  တော်ဝင်နန်းတော်၏ ထိပ်ဆုံးတွင်ရပ်တန့်နေသော

ရှစ်ဖုန့်အား လေးလေးနက်နက် ဦးညွှတ်ဂါရဝပြုလိုက်သည်။

“စစ်ပွဲနတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”

သိန်းဂဏန်းရှိသောရွှေရောင်

ချပ်ဝတ်စစ်သည်များကလည်း   ပြိုင်တူအော်ဟစ်လိုက်ကြသည်။

သူတို့၏ ကျယ်လောင်ပြီးရှင်းလင်းသော အသံများက မြို့တစ်ခုလုံးအားဖြတ်သန်း

ပဲ့တင်ထပ်သွားပြီး  တိမ်တိုက်များအား ဖြတ်သန်းထိုးခွင်းသွားသည်။ သိန်းဂဏန်းရှိသော ရွှေရောင်ချပ်ဝတ်စစ်သည်များက  မြေပြင်ပေါ်တွင် ဒူးထောက်၍ ရှစ်ဖုန့်အား ဂါရဝပြုလိုက်ကြသည်။

ရှစ်ဖုန့်က  တော်ဝတ်နန်းတော်၏ထိပ်တွင် ဝင့်ကြွားစွာရပ်နေပြီး သိန်းဂဏန်းရှိသောစစ်သည်များ၏ ဂါရဝပြုမှုကိုခံယူနေသည်။ သူ၏အသံကမကျယ်သော်လည်း  အင်ပါယာမြို့တော်အတွင်းပဲ့တင်ထပ်သွားပြီး အားလုံးနားထဲသို့ဝင်ရောက်သွားသည်။

“မော်ဖူးစေ”

“ကျေးဇူးတင်ပါတယ်..စစ်ပွဲနတ်ဘုရား..”

“စစ်ပွဲနတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”

“ဖုန့်အာ..လင်အာ”

ဤအချိန်တွင် ရွှေနဂါးအမှတ်အသားနှင့် ရထားလုံးနှစ်လုံးအားလွှမ်းခြုံထားသည့် ရွှေရောင်ခန်းစီးလိုက်ကာများကို မတင်လိုက်သည်။ ရှေ့ဆုံးရထားလုံးစီမှ လက်သည်းကိုးခုရွှေနဂါးဝတ်ရုံနှင့်

ရွှေသရဖူတစ်ခုအားဆင်မြန်းထားသော လူငယ်တစ်ယောက်လျှောက်

လှမ်းထွက်လာသည်။ သူ့၌ ခံ့ညားထည်ဝါသောအသွင်အပြင်ရှိသည်။ ၎င်းမှာလုံချန်ဖြစ်လေသည်။

လုံချန်ထွက်လာလာချင်းပဲ သူ၏လက်သီးနှစ်ဖက်အားဆုပ်၍

ရှစ်ဖုန့်အား နည်းငယ် ဦးညွှတ်လိုက်သည်။ လုံချန်ကယွင်လိုင်အင်ပါယာ၏ ဧကရာဇ်တစ်ပါးဖြစ်ခဲ့သော်လည်း

ယခုအခါ၌ ယွင်လိုင်အင်ပါယာက အင်အားကြီးအင်ပါယာဖြစ်သည့် ထျန်းမြောင်အင်ပါယာအား ဝါးမျိုလိုက်ပြီး တစ်ချိန်ကထျန်းမြောင်အင်ပါယာ၏ ပေါင်းစည်းမှုအောက်၌ရှိနေခဲ့သည့်

ဒါဇင်နှင့်ချီသောနိုင်ငံများက ယခုအခါ ၌ ယွင်လိုင်အင်ပါယာ၏ပေါင်း

စည်းမှုအောက်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လက်ရှိယွင်လိုင်အင်ပါယာနှင့်လုံချန်၌ မြင့်မားသောအဆင့်အတန်း

နှင့်ကြီးမားသောအာဏာစွမ်း

အားတို့ရှိနေပြီဟု ပြောနိုင်သည်ဖြစ်သည်။ သူကအစစ်အမှန်အင်ပါယာတစ်ခု၏ ဧကရာဇ်တစ်ပါးဖြစ်လာခဲ့သည်။

သို့သော်ဤအရာအားလုံးက ဤပုဂ္ဂိုလ်ကသာလျှင် သူ့အားပေးထားခဲ့ခြင်းဖြစ်သည်ကို လုံချန်ကောင်းစွာသိသည်ဖြစ်လေသည်။

သူတို့နောက်တွင်ရှိနေသောရထား

လုံးအတွင်းတွင်ပုယွဲ့က ဖီးနစ်သရဖူတစ်ခုနှင့် ရွှေရောင်ဖီးနစ်ဝတ်ရုံတစ်ခုကိုဆင်မြန်းဝတ်ဆင်ထားသည်။ သူမ၏တစ်ကိုယ်လုံးက ခမ်းနားထည်ဝါသောအရှိန်အ

ဝါတို့ကိုထုတ်လွှတ်နေသည်။ သူမ၏အသွင်အပြင်ကလှပလွန်းပြီး အခြားသူများ၏ရှေ့မှောက်၌

သူမထွက်ပေါ်လာချိန်တွင် သူမ၌ နိုင်ငံမိခင်တစ်ယောက်၏ ခမ်းနားထည်ဝါမှုတို့ရှိနေသည်ဖြစ်သည်။ အတိတ်တုံးက နာမကျန်းဖြစ်နေခဲ့သောအမျိုး

သမီးနှင့်နှိုင်းယှဉ်လိုက်လျှင်  သူမသည်လုံးဝကိုကွဲပြားခြား

နားသွားခဲ့ပြီဖြစ်သည်။

“ကိုကြီး”

လုံချန်တစ်ယောက်ရထားလုံးအတွင်းမှ ထွက်လာသည်ကိုတွေ့လိုက်ရသောအခါတွင် လုံမုန့်က အော်ခေါ်လိုက်သည်။

ဤကောင်မလေးက သူမ၏လက်တို့အားပါးစပ်ရှေ့တွင်ထားပြီး များပြားလှသောအခြားသူများ၏ရှေ့၌ ကျယ်လောင်စွာရယ်မောနေသည်ကို တွေ့လိုက်ရသောအခါတွင် လုံချန်ခါးသက်စွာပြုံးလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။

ဤမိန်းကလေးမှာရွှေပင်နားသောရွှေကျေးကဲ့သို့မင်းသမီးလေးတစ်ပါးဖြစ်နေသော်လည်း

သူမ၌ မင်းသမီးတစ်ပါးနှင့်တူညီသော

ဟန်ပန်အမူအယာမျိုးအား

တစ်စက်ကလေးမှ မြင်တွေ့ရခြင်းမရှိချေ။

ပုယွဲ့နှင့်လုံချန်ပေါ်လာသည်

ကိုကြည့်နေရင်းရှစ်ဖုန့်က အနည်းငယ်ဆောင့်ကြောင့်ထိုင်လိုက်ကာ သူ၏ဘယ်လက်ကိုလှုပ်ရှား၍ ရှစ်လင်အားသိုင်းဖက်လိုက်သည်။ တည့်မက်စွာပြန်ထပြီးသည့်

နောက်တွင်သူက လုံမုန့်၏ ခါးလေးအားညာလက်ဖြင့်ပွေ့ဖက်လိုက်ပြီး ချက်ချင်းပဲ အောက်တွင်ရှိနေသောလူအုပ်ထံသို့ ထိုးဆင်းလိုက်သည်။အဖြူရောင်အလင်းတစ်ခုကသူတို့၏ကိုယ်ပေါ်တွင်

ဖျက်ခနဲလင်းလက်သွားပြီး  သိန်းပေါင်းများစွာသော မျက်လုံးများ၏ပကတိမျက်စိအောက်တွင် သူတို့သုံးယောက်သားမှာ

ပျောက်ကွယ်သွားသည်။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters