အပိုင်း(၃၂၇)
Vol. 22 Ch. 327
ရှစ်ဖုန့်၊ရှစ်လင်နှင့်လုံမုန့်တို့က လုံချန်၏ ရွှေနဂါးရထားလုံးရှေ့တွင်ပေါ်လာသည်။
ရှစ်ဖုန့်က သူ၏လက်တို့အား ဖြေလျော့ပေးလိုက်ပြီး ရှစ်လင်၏ဦးခေါင်းအားညှင်
သာစွာပွတ်သပ်ပေး၍ပြောလိုက်သည်။
“အမေ့ကိုသွားတွေ့ချေ”
“အင်း”
“လင်အာ..အမေ့သမီးလိမ္မာလေး
လင်အာ…အမေနောက်ဆုံး
တော့သမီးကိုတွေ့ရပြီ..လင်အာ…
ဝိတ်တွေကျသွား ပါလားကွယ်”
“သခင်လေးဖုန့်…သခင်လေးကို ဘယ်လိုတွေပြန်ပေးဆပ်ရမလဲဆိုတာကို ကျုပ်တကယ်မသိတော့ပါဘူး.. သခင်လေးကျုပ်ကိုပေးတဲ့လက်ဆောင်က အရမ်းကိုကြီးမားလွန်းတယ်.
.ကြီးမားလွန်းတာကြောင့် ဒါက အိမ်မက်တစ်ခုမက်နေသလိုမျိုး ကျုပ်ခံစားရတယ်…”
သူ၏ရှေ့တွင်ရှိနေသော ခမ်းနားသည့် နန်းတော်ကြီးကိုကြည့်၍ လုံချန်က စိတ်ခံစားချက်များဖြင့်သက်ပြင်းချလိုက်သည်။ထို့နောက်သူကသူ၏နှလုံးသားအတွင်းမှ သက်ပြင်းချမှုနှင့်အတူ ပြောလိုက်သည်။
“ဟူး…ကျုပ်ရဲ့ခမည်းတော်
သာဒါကိုသိနိုင်ခဲ့ရင်…..သူဒါကတမလွန်ကနေသိနေမှာပါလေ”
သူ၏ဖခင်ဖြစ်သူလုံအောင်၏ ရည်းမှန်းချက်ပန်းတိုင်မှာ လက်ရှိယွင်လိုင်အင်ပါယာ၏ စွမ်းအားအင်အားကိုပင်ဖြစ်သည်။ သူ့ဖခင်ဖြစ်သူ၏ လမ်းကြောင်းက မှားယွင်းခဲ့သည်ဖြစ်သည်။
“မင်းနဲ့ငါကြားထဲမှာ ဒီလိုမျိုးကျေးဇူးတင်စရာတွေမလိုပါဘူး.
.နန်းတော်ကိုသွားကြစို့…”
ရှစ်ဖုန့်က လုံချန်အားပြောလိုက်သည်။ထို့နောက် လုံမုန့်နှင့်အတူတကွ လုံချန်၏ ရွှေနဂါးရထားလုံးအတွင်းသို့ လှမ်းဝင်လိုက်သည်။
ယွင်လိုင်အင်ပါယာ၏ စစ်သည်သိန်းဂဏန်းပေါင်းများစွာက နန်းတော်အတွင်းသို့ဝင်ရောက်လာကြသည်။
ရွှေနဂါးရထားလုံးအတွင်းတွင် ရှစ်ဖုန့်က လုံချန်အား ပြောလိုက်သည်။
“လွန်ခဲ့တဲ့ရက်အချို့က အရိပ်ကိုးက ဒီသခင်လေးကိုပြောခဲ့တယ် မင်းအဖေရဲ့ အုပ်ဂူကို လွန်ခဲ့တဲ့
အချိန်တစ်ခုကာလတုံးက တူးဖော်ခံခဲ့ရတယ်ဆို”
ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါတွင် လုံချန်က ဖြည်းညှင်းစွာသက်ပြင်းချလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။
“အဲ့နေ့ကတုံးက ကျုပ်ရဲ့ လုံမိသားစု သင်္ချိိုင်းမှာ နတ်ဆိုးချီတွေနဲ့ပြည့်နှက်နေခဲ့တယ်… အဲ့တာက ကျုပ်ရဲ့ခမည်းတော် အသက်ရှင်တုံးကအတိုင်းပဲ.. အဲ့အချိန်တုံးက ကျုပ်ခမည်းတော်ဟာ လျှို့ဝှက်ပညာရပ်အမျိုးအစားတစ်ခုကို အသုံးပြုပြီးတော့ ပြန်လည်ရှင်သန်လာတယ်လို့ထင်ခဲ့တာ.. ကျုပ်ဆရာနလန်ယွမ်ရဲ့ အကာအကွယ်ပေးမှုအောက်မှာနေပြီးတော့ သင်္ချိုင်းဆီကို ကျုပ်သွားခဲ့တယ်….အဲ့မှာ များပြားလှတဲ့ ရွှေရောင်ချပ်ဝတ်တော်ဝင်အ
စောင့်အကြပ်တွေရဲ့ အလောင်းတွေက လဲလျောင်းနေတယ်…အဲ့တာက သွေးပျက်ဖွယ်မြင်ကွင်းတစ်ခုပါပဲ…
ကျုပ်ခမည်းတော်ရဲ့ သင်္ချိုင်းဂူဟာဆိုရင် တစ်ယောက်ယောက်ရဲ့တူးဖော်ခြင်းကိုခံထားခဲ့ရတယ်.. ကျုပ်ခမည်းတော်ရဲ့ ခန္ဓာကိုယ်ဟာလည်း အလောင်းပုံတွေထဲမှာ အဲ့မိစ္ဆာရဲ့ လွှတ်ပစ်ခြင်းကိုခံထားရတယ်”
“အစတုံးက ကျုပ်ခမည်းတော်ရဲ့ ကိုယ်ပေါ်မှာရှိနေခဲ့တဲ့ နတ်ဆိုးချီတွေကလည်းပျောက်ကွယ်သွားခဲ့တယ်..ကျုပ်ခမည်းတော်ကို မြေမြှုပ်တုံးက သူ့ရဲ့ ဦးခေါင်းထက်မှာရှိနေခဲ့တဲ့ အနက်ရောင်နတ်ဆိုးဦးချိုဟာလည်း ပျောက်ကွယ်သွားခဲ့တယ်”
လုံချန်၏ စကားတို့အားကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်က အာဏာရှင်အိုကြီး လုံအောင်အား အမှတ်ရလိုက်သည်။ သူနတ်ဆိုးကဲ့သို့ဖြစ်သွားချိန်တုံးက သူ၏ခေါင်းထက်၌ နတ်ဆိုးဦးချိုတစ်ချောင်းနှင့်သူ၏ကိုယ်ပေါ်၌ အနက်ရောင်နတ်ဆိုးချီတို့ရှိနေခဲ့သည်ဖြစ်သည်။ထိုပုဂ္ဂိုလ်က ထိုနေရာအားနတ်ဆိုးဦးချိုအ
တွက်သွားခဲ့ခြင်းဖြစ်ပုံရသည်။
ထိုနတ်ဆိုးဦးချိုကလည်းရှစ်ဖုန့်ရရှိထားခဲ့သော နတ်ဆိုနတ်ဘုရားလက်ချောင်းကဲ့သို့ တစ်စုံတစ်ခုဖြစ်ရမည်ဖြစ်သည်။
ယခုရှစ်ဖုန့်က နတ်ဆိုးချီအားအသုံးပြုနိုင်ခြင်းမှာ နတ်ဆိုးနတ်ဘုရားလက်ချောင်း
ကြောင့်ဖြစ်သည်။ ထိုနေ့က လုံအောင်မှာ နတ်ဆိုးဦးချိုနှင့်ပေါင်းစပ်ခဲ့ခြင်း
ဖြစ်ရမည်ဖြစ်သည်။
“နတ်ဆိုးဦးချိုက မင်းအဖေ ဘယ်ကရခဲ့လဲဆိုတာကိုသိလား”
ရှစ်ဖုန့်ကမေးလိုက်သည်။
“ကျုပ်မသိဘူး”
လုံချန်က သူ၏ခေါင်းအားခါယမ်းပြီးပြောလိုက်သည်။
နတ်ဆိုးနှလုံးသား၊ နတ်ဆိုးလက်ချောင်း၊နတ်ဆိုးဦးချို ရှစ်ဖုန့်အနေဖြင့် နတ်ဆိုးနှင်ပက်သက်သော
ပစ္စည်းသုံးခုအားတွေ့မြင်ခဲ့ပြီးဖြစ်သည်။ လီရူနှင့်လီလျိုရှင်းတို့လည်းရှိနေသေးသည်ဖြစ်သည်။ သူတိုတွင်လည်းနတ်ဆိုးနှင့်
ပက်သက်သောတစ်စုံတစ်ခုရှိ
နေခြင်းများဖြစ်နိုင်မည်လော။
လီလျိုရှင်းနှင့် လီရူတို့ကတော့ကွဲပြားသည်ဖြစ်သည်။ လီလျိုရှင်းကရှစ်ဖုန့်ကဲ့သို့နတ်ဆိုး
ပစ္စည်းအားထိန်းချုပ်နိုင်ခြင်းဖြစ်လောက်သည်။အခြားတစ်ဖက်တွင် လီရူကတော့နတ်ဆိုး၏ထိန်းချုပ်
ခံအရာတစ်ခုဖြစ်နေသည်။ ထို့အပြင် သွေးနီရောင်ကမ္ဘာအတွင်း၌ နတ်ဆိုးနှလုံးသား၏ထိန်းချုပ်ခြင်း
ကိုခံထားရသော အဖြူရောင်ဝတ်စုံနှင့်လူငယ်
လည်းရှိနေသေးသည်ဖြစ်သည်။
နေ့တစ်ဝက်ခန့်ကြာမြင့်ပြီး
သည့်နောက်တွင်လုံချန်က ရွှေရောင်တော်ဝင်နန်းမြင့်ထက်၌ထိုင်နေသည်။ သူ၏မျက်နှာက ခံ့ညားထည်ဝါပြီး တည်ကြည်လေးနက်ကာ ကြီးမြတ်သောဧကရာဇ်တစ်ပါး၏ ခံ့ညားထည်ဝါသောအသွင်အပြင်ကိုပြသနေ၏။
လုံချန်၏ စီရင်ပိုင်ခွင့်အတွင်းတွင်ရှိနေသော
နိုင်ငံအားလုံးက သူ့အားတွေ့ဆုံရန် သံတမန်များကိုစေလွှတ်ကြသည်။ ပထမဆုံးသူလုပ်ဆောင်ခဲ့သောအရာက လူများအားအေးဆေးတည်ငြိမ်
မှုရစေရန်အတွက် အင်ပါယာတစ်ခုလုံးအား အခွန်အတုတ်များကို သုံးနှစ် ထိလျော့ချပေးခဲ့သည်။
ဒုတိယမြောက်သူပြုလုပ်သောအရာက ယွင်လိုင်အင်ပါယာ၏ မြို့တိုင်းနှင့် ၎င်း၏လက်အောက်ခံနိုင်ငံတိုင်းတွင် စစ်ပွဲနတ်ဘုရား၏ ရုပ်ထုအား တည်ဆောက်စေခြင်းဖြစ်သည်။
လူသန်းပေါင်းများစွာတို့အား
၎င်းတို့ကိုရှိခိုးအရိုအသေပြုစေသည်။
“အရှင်မင်းကြီးသက်တော်ရှည်လျားပါစေသော်”
“အရှင်မင်းကြီးသက်တော်ရှည်လျားပါစေသော်”
“အရှင်မင်းကြီးသက်တော်ရှည်လျားပါစေသော်”
……………………………………………………………………………………..
“စွမ်းအားကြီးထျန်းမြောင်အင်ပါယာကတော့ ဒီလိုမျိုးနဲ့ အဆုံးသတ်သွားခဲ့ပြီ..ဒါက အိမ်မက်တစ်ခုလိုပဲခံစားရတယ်”
ယွင်လိုင်အင်ပါယာအတွင်း
လူပေါင်းများစွာတော့မှာ စိတ်ခံစားချက်ပေါင်းများစွာ
တို့ဖြင့်သက်ပြင်းချလိုက်ကြသည်။ သူတို့က ထျန်းမြောင်အင်ပါယာ၏ တိုင်းသူပြည်သားများဖြစ်ခဲ့ကြသည်ဖြစ်သည်။ ရက်အနည်းငယ်အတွင်းသူတို့၏ ဇာတိသရုပ်များအား ပြောင်းလဲခဲ့ကြရပြီး ယွင်လိုင်အင်ပါယာ၏ တိုင်းသူပြည်သားများဖြစ်လာကြသည်။
“အဲ့ အရူးနတ်ဆိုးရှစ်ဖုန့်က တကယ့်ကိုမွန်းစတားပဲ …သူတစ်ယောက်တည်းခွန်အားနဲ့ အားကောင်းတဲ့ကျွမ်းကျင်သူများစွာကို သတ်ပစ်ခဲ့ပြီးတော့ မင်းဆက်ကိုပါပြောင်းလဲခဲ့တယ်….
ထျန်းမြောင်အင်ပါယာကိုထည့်
ပြောဖို့အသာထားလိုက်အုံး အင်ပါယာအတွင်းမှာနှစ်ထောင်
ပေါင်းများစွာရပ်တည်ခဲ့တဲ့ ဖျောင်ရှဂိုဏ်းတောင်ဖျက်ဆီးခံလိုက်ရတာ…
ဒါတွေဟာသမိုင်းကြောင်းတွေဖြစ်လာပြီ”
“ရှူး…မင်းအသံကိုတိုးတိုးပြောစမ်းဟ..မင်းကသူ့နမည်ကို အရူးနတ်ဆိုးရှစ်ဖုန့်ဆိုပြီး ခေါ်ရဲသေးတယ်လား..တစ်ယောက်ယောက်ကသာမင်းစစ်ပွဲနတ်ဘုရားကို အရမ်းမလေးမစားလုပ်နေတာကို ကြားသွားခဲ့ရင် အဲ့တာကမင်းရဲ့ကလန်တစ်ခုလုံး
ကိုတောင်သုတ်သင်ပစ်နိုင်လောက်တဲ့အထိ ရာဇဝတ်မှုမြောက်သွားမယ်…အခုကစပြီးတော့ မင်းစကားကို ဂရုတစိုက်နဲ့ပြောဆိုရမယ်”
“အိုး..အိုး..ဟုတ်တယ်…စစ်ပွဲနတ်ဘုရား”
“အဲ့တိုက်ပွဲအတွင်းမှာ စစ်ပွဲနတ်ဘုရားရှစ်ဖုန့်က ကောင်းကင်ထဲကို သာမန်ကာလျှံကာလက်ညှိုးထိုးညွှန်လိုက်တယ်… ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်ဖြစ်တဲ့ ထျန်းတန့်ဘိုးဘိုးတောင်မှ တုန်လှုပ်အံ့အားသင့်သွားရတယ်…
သူတို့တွေဟာ စစ်ပွဲနတ်ဘုရားရဲ့လက်ချောင်းအောက်မှာ တုန်ယင်သွားကြတယ်”
စစ်ပွဲနတ်ဘုရား၏ ဒဏ္ဍာရီများက သေရည်ဆိုင်များနှင့်စား
သောက်ဆိုင်များအတွင်းတွင်တင်၍ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။
“မြန်မြန်လေးပြောစမ်းပါ..
အဲ့နောက်ဘာတွေဖြစ်ပျက်သွားခဲ့လဲ”
ဇတ်ကြောင်းပြောသူက ရုတ်တရက်ရပ်တန့်သွားသည်ကို တွေ့လိုက်ရသောအခါတွင် နားထောင်နေကြသောသူများက ရိုးတိုးရွတဖြစ်သွားရပြီး အလျှင်အမြန်ပြောဆိုရန်အ
တွက်တိုက်တွန်းလိုက်သည်။
ဇတ်ကြောင်းပြောသူက လက်ဖက်ရည်တစ်ငုံကိုသောက်သုံးလိုက်ပြီး သူ၏လက်ထဲမှာစက္ကူယပ်တောင်အားဖွင့်လိုက်သည်။သူကဆက်လက်၍ပြောလိုက်သည်။
“ထျန်းတန့်အဘိုးအိုရဲ့ညာလက်က လှုပ်ခါသွားပြီးတော့ ရွှေနဂါးကျိုင်းတုတ်ကပေါ်လာတယ် ….ဝေ့ယမ်းချက်တစ်ချက်နဲ့အတူ အဲ့တာက ရွှေရောင်နဂါးတစ်ကောင်
အဖြစ်ပြောင်းလဲသွားပြီး တော့ ဟင်းလင်းပြင်ထဲမှာပစ်ဆောင့်ရော…အဲ့နောက်မှာတော့နဂါးကြီးက စစ်နတ်ဘုရားရှစ်ဖုန့်ဆီကို အပြင်းအထန်ကိုဦးတည်သွားခဲ့တာပေါ့”
“ရှစ်ဖုန့်”
သေရည်ဆိုင်၏ထောင့်စွန်းတစ်နေရာတွင် လူငယ်တစ်ယောက်က နမည်အားကြားလိုက်ရသောအခါ လက်သီးကိုတင်းတင်းကျပ်
ကျပ်ဆုပ်ထားလိုက်သည်။
“ရှစ်ဖုန့်..ရှစ်ဖုန့်…ထပ်ပြီးတော့ရှစ်ဖုန့်ပဲ..ငါယန်ကျုံးတစ်နေ့မှာ မင်းကိုသတ်ပစ်မယ်…ဘယ်သူက တကယ့်ပါရမီရှင်အစစ်လဲဆိုတာကို ကြည့်ကြသေးတာပေါ့”
“ရှစ်ဖုန့်”
အခြားသောမြို့တစ်မြို့တွင် အနက်ရောင်သံမဏိဓားအား သယ်ဆောင်ထားသောလူငယ်တစ်ယောက်က လမ်းမထက်တွင်လျှောက်လှမ်းနေသည်။
လူမပေါ်ရှိလူများ၏ ဆွေးနွေးပြောဆိုမှုများအား ကြားရသောအခါတွင် သူကသူ၏ဘာမှမရှိသော ဘယ်လက်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာကရှုံ့မဲ့နေပြီး ကြမ်းကြုတ်ခက်ထန်လာသည်။ သူကအံကိုတင်းတင်းကြိတ်၍ ရှစ်ဖုန့်နမည်ကို အော်ခေါ်လိုက်သည်။
“ရှစ်ဖုန့်..မိစ္ဆာကောင်ရှစ်ဖုန့်”
ငွေရောင်ချပ်ဝတ်ကိုဆင်မြန်းထားသောလူငယ်တစ်ယောက်က တောင်ထိပ်ပေါ်တွင်ရပ်၍ ဒေါသတကြီးအော်ဟစ်နေသည်။
“ငါရှစ်ရွှယ် မင်းကိုသတ်ပစ်မယ်လို့ကျိန်ဆိုတယ်…
ငါ့အဖေအတွက်လက်စားချေပစ်မယ်…အား….”
သူ၏အော်ဟစ်မှုအောက်တွင်
နေရာတစ်ခုလုံးလှုပ်ခါသွားသည်။
“ရှစ်ဖုန့်”
သဲကန္တာရကျတ်တီးမြေထဲတွင် ကျောက်တုံများဖြင့်တည်ဆောက်
ထားသောမြို့တစ်ခုရှိသည်။ယင်းမှာသဲကန္တရ မြွေလူသားမျိုးနွယ်စုမှ ပိုင်ဆိုင်သောနယ်မြေတစ်ခုဖြစ်သည်။
ကျောက်စိုင်ကျောက်သားတို့ဖြင့်တည်ဆောက်ထားသော မြင့်မားသည့်ကျောက်တုံးအိမ်တစ်ခု၏ အမိုးထက်တွင် ခရမ်းရောင်ကိုဝတ်ဆင်ထားသည့်
ငယ်ရွယ်သော မြွေလူသား အမျိုးသမီးငယ်တစ်ဦးက ခေါင်မိုးစွန်းတွင်ထိုင်၍ တွေဝေငေးမောနေသည်။ သူမ၏ လက်မောင်းအတွင်းခရမ်းရောင်
ဓားတစ်လက်ကိုပိုက်ထားပြီး လက်တို့အတွင်း ကျောက်စိမ်းပြားတစ်ခုကိုကိုင်
ဆောင်ထားသည်။ သူမ၏ခရမ်းရောင်အမြှီးအား
တံစက်မြိတ်အောက်၌လွှဲယမ်းနေပြီး ကောင်းကင်ထက်သို့မော့ကြည့်၍ ထိုအမည်နာမအားတီးတိုးရေရွတ်နေသည်။
“အရူးမလေး မင်းချစ်သူအကြောင်းကို မင်းထပ်ပြီးတော့တွေးနေပြန်ပြီ … မင်းသူ့နမည်ကိုတောင်ခေါ်မိနေပြီ…”
ဤအချိန်တွင် ချိုသာပြီး ကျီစယ်သကဲ့သို့လေသံမျိုးဖြင့်
အသံတစ်ခုက မြွေလူသားမိန်းကလေးငယ်၏ နောက်ကျောဘက်ဆီမှထွက်ပေါ်လာသည်။
“အမကြီးကလည်း”
မြွေလူသားမိန်းကလေးငယ်က နောက်လှည့်ကြည့်လိုက်ကြီး နှင်းဆီဖူးနှုတ်ခမ်းလေးအားစူထားလိုက်သည်။သူမက လှပသော အခြားမြွေလူသားအမျိုးသမီးအား ထက်တွန့်တက်သော အမူအယာမျိုးဖြင့်စိုက်ကြည့်လိုက်သည်။
“အမကြီးက ညီမလေးကိုထပ်ပြီးတော့
ကျီစယ်နေပြန်ပါပြီ..အစောပိုင်းက ဦးလေး မော်လီဆီကနေ ရှစ်ဖုန့်လို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းကို ကြားခဲ့လို့ပါနော်..ဒါကြောင့်လည်း သူတို့က တစ်ယောက်တည်းများဖြစ်နေမလားဆိုပြီး ညီမလေးက ဒီနမည်ကို ခေါ်မိတာပါ”
လူသားမျိုးနွယ်မှ လက်တလောတွင်ပေါ်လာခဲ့သော ထျန်းမြောင်အင်ပါယာအတွင်းရှိ ကြယ်သုံးပွင့် သူတော်စင်နယ်ပယ်ကိုပင်သတ်ဖြတ်ခဲ့သည့် မွန်းစတားရှစ်ဖုန့်၏နမည်က မြွေလူသားမျိုးနွယ်ဆီသို့လည်း
ပျံ့နှံ့ရောက်ရှိနေပြီးဖြစ်သည်။ထိုသူက လူသားမျိုးနွယ်၏ အင်ပါယာကြီးတစ်ခုအား
ပေါင်းစည်းမှုပြုခဲ့သည်။
ဆက်ရန်…
ဘာသာပြန်သူ-ARISE