← Chapters

အပိုင်း(၃၂၈)

Vol. 22 Ch. 328

အပိုင်း(၃၂၈)

Vol. 22 Ch. 328

“အရူးမလေး..ဘယ်လိုလုပ်ပြီးတော့ သူဖြစ်နိုင်မှာလဲ..”

အောက်ပိုင်းဝမ်းဗိုက်ကြွက်သားတို့အား လှစ်ဟာပြသထားပြီး ရမ္မက်ထန်စေသောပုံရိပ်နှင့် အနီရောင်ကိုဝတ်ဆင်ထားသော မြွေလူသားအမျိုးသမီးက သူမ၏ခရမ်းရောင်မြွေမြှီးအား တွန့်လိမ်လှုပ်ရှားပြီး  ဇီယာ အနားသို့ ဖြည်းဖြည်းချင်းချဉ်းကပ်လာသည်။

“ဟုတ်တယ်နော် ..အဲ့လူကအရမ်းအစွမ်းထက်တဲ့ဟာ ဘယ်လိုလုပ်ပြီးတော့သူဖြစ်နိုင်မှာလဲ”

ဇီယာက ခေါင်းလေးကို ခါယမ်း၍ တိုးဖျော့သောအသံဖြင့်တီးတိုး

ရေရွတ်လိုက်သည်။

သူမအနေဖြင့် ဆန်းကြယ်သောနေရာလွတ်

ကမ္ဘာအတွင်းသူမနှင့်အတူ သောင်တင်နေခဲ့သောရှစ်ဖုန့်အား မှတ်မိနေဆဲဖြစ်သည်။ သူက အင်ပါယာနယ်ပယ်တစ်ယောက်အား စိန်ခေါ်နိုင်စွမ်းရှိသည်အထိ စွမ်းအားကြီးမားသော်လည်း သူ၏ သိုင်းနယ်ပယ်က အင်ပါယာနယ်ပယ်သို့ပင် မရောက်ရှိသေးပေ။ အချိန်တိုလေးအတွင်း

သူက မည်ကဲ့သို့ သူတော်စင်နယ်ပယ်တစ်ယောက်အား သတ်ဖြတ်နိုင်စွမ်းတို့ရှိလာနိုင်ပါမည်နည်း။

အကယ်၍ ၎င်းကသူသာဆိုလျှင် ယင်းမှာအတော်ကြီးကို အံ့အားသင့်စရာကောင်းလွန်းနေပြီဖြစ်သည်။

သို့သော်မည်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း။

အစောပိုင်းကသူမ၏ရုတ်တရက်

အတွေးများအတွက်  ဇီယာက ပြုံးလိုက်ပြီးသူမခေါင်းလေး

အားခါယမ်းလိုက်သည်။

အနီရောင်ဝတ်မြွေလူသားအမျိုးသမီးက ဇီယာ၏ဘေးနားသို့လာပြီး  ခေါင်မိုးစွန်းနားတွင်သူမနှင့်အတူ ထိုင်ချလိုက်သည်။သူမ၏ညီမငယ်

လေးအားစိုးရိမ်ပူပန်မှုအပြည့်ဖြစ်

နေသောမျက်နှာဖြင့်  ကြည့်လိုက်ပြီးပြောလိုက်သည်။

“အရူးမလေး ..မင်းအနေနဲ့ လက်ရှိ အခြေအနေအကြောင်းကို တွေးတာက ပိုပြီး‌တော့ကောင်းလိမ့်မယ်…မင်းတကယ်ပဲ ထွက်မသွားတော့ဘူးလား”

အမကြီးဖြစ်သူ၏စကားအားကြား

လိုက်ရသောအခါတွင် ဇီယာ၏မျက်နှာထက်ရှိ အပြုံးပွင့်လေးက အေးခဲသွားရသည်။ သူမကခေါင်းလေးကိုငုံ့ပြီး အောက်တွင်ရှိနေသာမြွေလူသား

ပိုင်နက်နယ်မြေအား ကြည့်နေသည်။ အလုပ်များ များပြားနေကြသော မြွေလူသားများကိုကြည့်၍ ဇီယာက ခေါင်းလေးကိုခါယမ်းပြီးပြောလိုက်သည်။

“အမကြီး..ညီမလေးထွက်မသွားနိုင်ဘူး…

ညီမလေးသာထွက်သွားရင် ညီမလေးတို့မြွေလူသားမျိုးနွယ် ဘယ်လိုတွေဖြစ်သွားမလဲ…

အကယ်၍ ညီမလေးတို့ မြွေလူသားမျိုးနွယ်ရဲ့အတွင်း

ပိုင်းငြိမ်းချမ်းရေးအတွက်  ညီမလေးကိုယ်ညီမစတေးရမယ်ဆိုရင်.

ဒါက…ဒါက ထိုက်တန်ပါတယ်”

“ငတုံးမလေး”

သူမကိုယ်သူမ  မြွေလူသားမျိုးနွယ်စုငြိမ်းချမ်းရေးအတွက်   စွန့်လွှတ်အနစ်နာခံဖို့စဉ်းစားနေသည့်

ဇီယာ၏  အခြေအနေအား တွေးမိပြီးဤကလေးက ဆယ့်လေးနှစ်အရွယ်သာရှိသေးသည်ကို စဉ်းစားမိသောအခါတွင်  အနီရောင်ဝတ်စုံဝတ်အမျိုးသမီးမှာ  ထိန်းထားနိုင်ခြင်းမရှိဘဲ မျက်ရည်ကျလာမိသည်။ သူမကသူမ၏ ညီမလေးအားတင်းကျပ်စွာ

ပွေ့ဖက်ထားလိုက်သည်။

ဤကဲ့သို့ကြင်နာသနားတတ်

သေားမိန်းကလေးအားအဘယ့်ကြောင့်

ဤကဲ့သို့သော ကံတရားကိုကျရောက်စေရပါသနည်း။

လျှို့ဝှက် ဆန်းကြယ် အမှောင်နတ်သူငယ်များမှာ အခြားသောမျိုးနွယ်စုများကြား

၌ထွက်ပေါ်လာသည်က ရှားပါးသော်လည်း သဲကန္တာရအတွင်းရှိနေသော အခြားသောမျိုးနွယ်စုတိုင်းက

ဤမျိုးနွယ်စုက စွမ်းအားကြီးမားသည်ကိုသိကြ

သည်ဖြစ်သည်။ ၎င်းတို့မည်မျှအထိစွမ်းအား

ကြီးမားသည်ကိုမူ မည်သူမျှသိရှိကြခြင်းမရှိကြချေ။

ဤလျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်စုအားစော်ကားပြီး ၎င်းတို့၏ အမိန့်များအားနာခံခြင်းမရှိသည့် မည်သည့်မျိုးနွယ်စုမဆို ရှေ့ခေတ်ကာလအချိန်ကတည်းက သုတ်သင်ရှင်းလင်းခံကြရသည်သာဖြစ်သည်။

မြွေလူသားမျိုးနွယ်စုမှ ကြင်နာသနားတတ်သော

နှလုံးသားကိုပိုင်ဆိုင်ထားသည့် ဇီယာကလွန်ခဲ့သောရက်အချို့က သဲကန္တရာအတွင်းသေကာနီး

ဆဲဆဲဖြစ်နေသော အမှောင်နတ်သူငယ်ငယ်ရွှယ်

သူတစ်ယောက်ကို ကယ်တင်ခဲ့သည်။ ထိုငယ်ရွှယ်သော အမှောင်နတ်သူငယ်က နတ်သူငယ်မျိုးနွယ်စုခေါင်းဆောင်၏  သားဖြစ်သူဖြစ်နေလိမ့်မည်ဟုတော့သူမ မမျှော်လင့်ထားခဲ့ပေ။ ဇီယာ၏ကြင်နာမှုနှင့်အလှတရားတို့က ငယ်ရွှယ်သူ အမှောင်နတ်သူငယ်အား နက်ရှိုင်းစွာဆွဲဆောင်သွားခဲ့သည်။

ဒဏ်ရာများပြန်လည်၍သက်

သာသွားပြီးသည့်နောက်တွင် ငယ်ရွှယ်သူအမှောင်နတ်သူငယ်က  သူ၏နယ်မြေဆီသို့ပြန်သွားခဲ့သည်။ ရက်အနည်းငယ်ကြာပြီးသည့်

နောက်တွင်သူက  နတ်သူငယ်မျိုးနွယ်စုမှ တမာန်တော်ကိုစေလွှတ်၍ ဇီယာအားတစ်လအတွင်းလက်ထပ်မည်ဟု သတင်းပို့ခဲ့သည်။

အမှောင်နတ်သူငယ်မျိုးနွယ်စု၏ အမိန့်ကဘာကိုဆိုလိုသည်အား မြွေလူသားမျိုးနွယ်အနေဖြင့် သိရှိသည်ဖြစ်သည်။ အကယ်၍သူတို့သာ မနာခံပဲနေခဲ့လျှင် ဘာတွေဖြစ်ပျက်လာမည်လဲ

ဆိုသည်အားလည်းသိရှိသည်ဖြစ်သည်။

ဇီယာအနေဖြင့် ထိုပုဂ္ဂိုလ်အားကြိုက်နှစ်သက်ခြင်း

မရှိသော်လည်း ဇီယာ၏ နှလုံးသားအတွင်း၌ အခြားသူတစ်ယောက်ရှိနေခဲ့ပြီးဖြစ်သော်လည်း  အမှောင်နတ်သူငယ်မျိုးနွယ်စု အရမ်းကိုစွမ်းအားကြီးသောကြောင့် သူမတွင်ရွေးချယ်စရာရှိမနေပေ။

“ဘာ…ငါဘာလုပ်သင့်လဲ….ငါတကယ်ပဲ ဒီလိုမျိုးလုပ်ချင်တာလား”

ဇီယာက သူမ၏ မျိုးနွယ်တစ်လုံးငြိမ်းချမ်းရေးနှင့်

အလဲအလှယ်ပြုလုပ်ရန်အတွက်

သူမကိုယ်သူမစတေးရန် ဆုံးဖြတ်ထားခဲ့ပြီးသော်လည်း  သူမအနေဖြင့်စိတ်ရှုပ်ထွေးနေဆဲဖြစ်သည်။

…………………………………………………….

ထျန်းမြောင်အင်ပါယာ၏ လက်ရှိယွင်လိုင်အင်ပါယာနန်း

တော်အတွင်းတွင်  သေးငယ်သောသွေးနီရောင်

ကျောက်ပြားလေးက လေထဲတွင်လွင့်မျောနေသည်။

ရှစ်လင်က သွေးကျောက်ပြားအလယ်တွင်

တင်ပျဉ်ခွေထိုင်နေပြီး သူမ၏စိတ်ဝိညာဉ်သိုင်းကျင့်ကြံနည်းစနစ်ကို အဆက်မပြတ်လှည့်ပတ်ထား၏။ သူမ၏ခန္ဓာကိုယ်အားဗဟိုပြု၍  ဦးတည်ချက်အနှံမှ တလိပ်လိပ်တက်လာသောမူလချီတို့ က ရှစ်လင်ဆီသို့တစ်ဟုန်ထိုးဦးတည်လာသည်။ ရှစ်လင်မှာရေစုပ်ဝဲကြီးတစ်ခုကဲ့သို့ပင်ဖြစ်သည်။ သူမ၏သေးငယ်သောကိုယ်လေးက ဦးတည်ချက်အနှံမှ မူလချီတို့အား ကိုယ်အတွင်းသို့စုပ်ယူနေပြီး  မူလစွမ်းအင်များအဖြစ်သို့ပြောင်း

လဲပစ်နေသည်။

“မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်က တကယ့်ကိုထူးခြားတာပဲ”

ရှစ်လင်၏ဘေးတွင် ရှစ်ဖုန့်ကတိတ်တဆိတ်

စောင့်ကြပ်ပေးနေသည်။ ရှစ်လင်၏ကိုယ်အတွင်းမှပြောင်း

လဲမှုများအား သူခံစားနိုင်သည်ဖြစ်သည်။ ဤအချိန်အတောအတွင်းရှစ်လင်က  များပြားလှသသောယွမ်ချီများအား ဝဲလ်တစ်ခုကဲ့သို့စုပ်ယူနေသည်။ ဤအသေးလေးအနေဖြင့်သိုင်း

လက်သင်နယ်ပယ်သို့ဝင်ရောက်

ကာနီးပြီဖြစ်သည်။

စိတ်ဝိညာဉ်ကျင့်ကြံခြင်းပညာရပ်၏ ယွမ်ချီများအား စုပ်ယူဝါးမျိုသည့်

အမြန်နှုန်းက  သာမန်ပညာရပ်များနှိုင်းယှဉ်၍

ရနိုင်သောအရာမျိုးမဟုတ်ပေ။ ရှစ်လင်က အကန့်သတ်မဲ့ယွမ်ချီတို့အားဝါးမျိုထားပြီး  သူမ၏ကိုယ်အတွင်းစုဆောင်းမိနေသော ယွမ်ချီတို့က သာမန်လူတစ်ယောက်အတွက် ဆရာသခင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန်လုံ

လောက်သည်ဖြစ်သည်။

သိပ်မဝေးသောနေရာမှာ ဟုန်ယွဲ့နှင့် စံပယ်လေးတို့၏ မူလချီကိုစုပ်ယူသောအမြန်နှုန်းက တော်တော်လေးကိုသာမန်

ဆန်သည်ဖြစ်သည်။ သူမတို့ကရှစ်လင်ကဲ့သို့ ပုံမှန်မဟုတ်သောသူများမဟုတ်ကြချေ။

သို့သော်သူမတို့နှစ်ယောက်က သန့်စင်သည့်မူလချီများ

ပေါကြွယ်ဝသောဤနေရာ

လွတ်အတွင်းတွင်ကျင့်ကြံ

နေကြခြင်းဖြစ်သည်။ ပြင်ပကမ္ဘာက ဤနေရာနှင့်နှိုင်းယှဉ်၍မရနိုင်ပေ။ ဤနေရာတွင်ကျင့်ကြံခြင်းက တစ်ချိန်လုံး ကမ္ဘာဦးကျောက်တုံးများအား အသုံးပြုနေသည်နှင့်ညီမျှသည်ဖြစ်သည်။

မူလချီတို့အား စုပ်ယူခြင်းကဒုတိယဦးစားပေးသာဖြစ်သည်။အရေးကြီးဆုံးသောအရာက သူမတို့ကရှစ်ဖုန့်ချန်ရစ်ထား

ခဲ့သောဓားအမှတ်အသားအား နားလည်သဘောပေါက်ရန်

ဆင်ခြင်ခဲ့ကြခြင်းဖြစ်သည်။ သူမတို့က ဓားအမှတ်အသားအတွင်းရှိဓားစိတ်ဆန္ဒကို ဆင်ခြင်ခဲ့ကြသည်။ သူမတို့၏ကိုယ်အတွင်း၌ လုံလောသောမူလစွမ်းအင်

ပမာဏတို့ကိုရရှိသည်နှင့် သူမတို့အဆင့်ချိုးဖျက်နိုင်လိမ့်မည်ဖြစ်သည်။ ယခင်ကကဲ့သို့နှစ်ပေါင်းများ

စွာတစ်ဆို့ကြန့်ကြမှုမျိုးသူမ

တို့ဖြစ်လိမ့်မည်မဟုတ်ချေ။

ဤကျင့်ကြံမှုအချိန်အတောအတွင်း မူလကကြယ်သုံးပွင့်ဘုရင်

နယ်ပယ်ဖြစ်သောစံပယ်လေးက  ကြယ်လေးပွင့်ဘုရင်နယ်ပယ်

သို့ချိုးဖျက်ဝင်ရောက်လုနီးဖြစ်သည်ကိုရှစ်ဖုန့်တွေ့ရှိပြီးဖြစ်သည်။ကြယ်လေးပွင့်ဘုရင် နယ်ပယ်သို့သူမချိုးဖျက်ဝင်

ရောက်ရန်အတွက် အချိန်သိပ်ကြာလိမ့်မည်မဟုတ်ပေ။

ဟုန်ယွဲ့အတွက်မူ ကြယ်ခုနှစ်ပွင့်ဘုရင်နယ်ပယ်

သို့ဝင်ရောက်ရန်အတွက် အချိန်တစ်ချို့လိုအပ်နေဆဲဖြစ်သည်။

သွေးနီရောင်အလင်းတစ်ချက်

လင်းလက်သွားမှုနှင့်အတူ ရှစ်ဖုန့်ပျောက်ကွယ်သွားသည်။ ထို့နောက်ချက်ချင်းသွေးနီရောင်

အလင်းတစ်ခုက  ဟုန်ယွဲ့နှင့်စံပယ်လေးတို့၏

ရှေ့တွင်လင်းလက်လာသည်။ ရှစ်ဖုန်ကသူမတို့၏ရှေ့တွင်ပေါ်လာ၏။

“ထတော့”

ရှစ်ဖုန့်ကသူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ သူ၏အသံအား မိန်းကလေးနှစ်ယောက်ထံသို့

ပို့ဆောင်လိုက်သည်။ယခုအခါ၌

ထျန်းမြောင်အင်ပါယာအတွင်းရှိ အခြားသောကိစ္စများက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး  ကျန်ရှိနေသည်ဆို၍ ဤမိန်းကလေးနှစ်ဦးအား ပေးထားသည့်ကတိအားဖြည့်

ဆည်းပေးရန်သာဖြစ်သည်။

သူ့အနေဖြင့် သွေးနီရောင်ကမ္ဘာအတွင်း၌ အပြင်းအထန်ဒဏ်ရာရရှိပြီး  တောအုပ်အတွင်းသို့ကျရောက်

သွားသည့်အချိန်ကို ပြန်လည်၍ အမှတ်ရမိသည်။ဤကြင်နာသနားတတ်သော နှလုံးသားရှိသည့် အမျိုးသမီးနှစ်ယောက်က သူ့အား ကယ်တင်ခဲ့ပြီး ဖျောင်ရှဂိုဏ်း၏ ပါရမီရှင် တပည့်ဖြစ်သောလင်ဟောင်ထံမှာ ဖုံးကွယ်ပေးခဲ့ကြသည်။ ထို့နောက်တွင်သူမတို့က သူ့အားကျောထက်တွင်သယ်ဆောင်ပြီး  တောအုပ်အတွင်းထွက်ပြေးခဲ့သည်။ ထို့နောက်ပိုင်းမှသာ သူမတို့နေဖြင့် လင်ဟောင်၏ ကောက်ကောက်ပါအောင်ရှာဖွေမှုမှ လွတ်မြောက်အောင်လုပ်ဆောင်နိုင်ခဲ့သည်။

ဤမိန်းကလေးနှစ်ယောက်

ကြောင့်သာမဟုတ်ခဲ့လျှင်

တောအုပ်အတွင်းသို့ ပြင်းထန်သောဒဏ်ရာများဖြင့်

ကျရောက်နေချိန်၌ သူ့အား ဖျောင်ရှဂိုဏ်းမှတပည့်များက ရှာတွေ့သွားနိုင်သည်ဟု

ပြောနိုင်သည်ဖြစ်သည်။

ထို့နောက်တွင်သူ့အနေဖြင့် ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ် လင်ဟောင်၏သတ်ဖြတ်ခြင်း

ကိုခံရလိမ့်မည်ဖြစ်သည်။

ထို့ကြောင့်လည်းရှစ်ဖုန့်က ဤကြင်နာတတ်သာအမျိုးသမီးနှစ်ဦးအား သူ၏ဘေးတွင်ဆက်လက်၍

ထားလိုခြင်းဖြစ်သည်။ သူကသူမတို့အားသူ့နောက်

သို့လိုက်ပါစေလိုပြီး ပို၍ ဝေးသော သိုင်းလမ်းစဉ်ကိုလျှောက်လှမ်းစေလိုသည်။

ရှစ်ဖုန့်၏ ခေါ်ဆိုမှုအောက်တွင် ကျင့်ကြံနေသောအမျိုးသမီးနှစ်ဦးက ဖြည်းဖြည်းချင်းနိုးထလာသည်။ သူမတိုက မျက်လုံးများကို ဖြည်းဖြည်း

ချင်းဖွင့်လိုက်ကြပြီး သူမတို့ရှေ့တွင်ရပ်နေသော

ရှစ်ဖုန့်ကိုတွေ့လိုက်ရသည်။

ထို့နောက် ရှစ်ဖုန့်က သူမတို့ကိုပြောလိုက်သည်။

“ထျန်းမြောင်အင်ပါယာက တစ်ခြားကိစ္စတွေကိုဖြေရှင်းပြီးသွားပြီ…

အခုငါမင်းတို့နဲ့တူ ယင်ကွေဂိုဏ်းကိုပြန်ရင်လိုက်ခဲ့မယ်”

“အခုလား”

ဟုန်ယွဲ့ကမေးလိုက်သည်။

“ကောင်းလိုက်တာ”

စံပယ်လေးက ပျော်ရွှင်မှုပြည့်နှက်စွာဖြင့်ပြောလိုက်သည်။

ထို့နောက်သူမကသူမ၏

လက်သီးဆုပ်လေးကို ကျစ်နေအောင်ဆုပ်ထားပြီး ဒေါသထွက်စွာဖြင့်ပြောလိုက်သည်။

“ကွေယင်ကျိက တကယ့်ကိုမှ မကောင်းဆိုးဝါးပဲ…ရှင်ကွေယင်ကျိကိုသတ်ဖို့အတွက် ကျွန်မတို့ကိုကူညီရမယ်နော်”

“ဒါပေါ့”

ရှစ်ဖုန့်က စံပယ်လေးအား ပြုံးပြ၍ပြောလိုက်သည်။

“ငါသူ့ကို မိခင်နဲ့ကလေး  တစ္ဆေ မကျေချမ်းမှုကျိန်စာရဲ့ အရသာကို မြည်းစမ်းခိုင်းလိုက်မယ်..ဘယ်လိုလဲ”

“ကောင်းပြီ”

ရှစ်ဖုန့်၏ စကားတို့အားကြားရသောအခါတွင် စံပယ်လေးက ချက်ချင်းပဲပြုံးလိုက်ပြီးပြောလိုက်သည်။

သို့သော်ဟုန်ယွဲ့ ၏မျက်နှာထက်တွင်တော့ စိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေသည်။ သူမကပြောလိုက်သည်။

“ကွေယင်ကျိနဲ့ ယင်ကွေဂိုဏ်းက ရှင့်ရဲ့ပြိုင်ဘက်မဟုတ်ဖူးဆိုပေမဲ့…

ထျန်းရှဲ့ ဂိုဏ်းက ရှေ့ထွက်လာပြီးတော့ ဒီကိစ္စကိုကြားဝင်မှာကို ကျွန်မကြောက်မိတယ်”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters