← Chapters

အပိုင်း(၃၂၉)

Vol. 22 Ch. 329

အပိုင်း(၃၂၉)

Vol. 22 Ch. 329

ယင်ကွေဂိုဏ်းမှာ  သရဲတစ္ဆေတို့အားထိန်းချုပ်သော ပညာရပ်များကိုလေ့ကျင့်သည့် အောက်လမ်းဂိုဏ်းတစ်ခုဖြစ်ပြီး  ထျန်းမြောအင်ပါယာအတွင်း အခြေချနေထိုင်ခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာကြာမြင့်

နေခဲ့ပြီဖြစ်သည်။ ထိုနေ့ရက်များတုံးက ၎င်းမှာ အရှေ့ပိုင်းဒေသကြီးအတွင်းချမ်းသာဝပြောစည်ပင်ခဲ့သည်။ သို့သော် ၎င်းတို့အား မိစ္ဆာအတတ်ပညာတို့အား လေ့ကျင့်သည့် အောက်လမ်းဂိုဏ်းတစ်ခုအဖြစ်

သာသိကြသည်ဖြစ်သည်။၎င်းက ဖျောင်ရှဂိုဏ်း၊ ထျန်းကျန့်မဟာမိတ်အဖွဲ့၊လင်ရွှယ်ဂိုဏ်း၊ ဟို့ယွင်ဂိုဏ်း အပြင် အခြားသော

အထက်လမ်း ဂိုဏ်းများဖြင့် အကြိမ်များစွာထိပ်တိုက်ရင်ဆိုင်

မှုများဖြစ်ပွားခဲ့သည်။အချိန်ကာလများစွာဖြတ်ကျော်ပြီးသည့်နောက်တွင် ယင်ကွေဂိုဏ်းမှာ ဖြည်းဖြည်းချင်းကျဆင်းလာသည်။

ယနေ့အခါတွင် ၎င်းမှာ ဒုတိယတန်းစားဂိုဏ်းတစ်ခုအဖြစ်သို့ လျော့ကျနိမ့်ပါးသွားခဲ့ပြီဖြစ်သည်။

သို့သော် လွန်ခဲ့သောနှစ်ပေါင်းသုံးရာအတွင်း အခြားသော အောက်လမ်းဂိုဏ်း

တစ်ခုဖြစ်သော  ထျန်းရှဲ့ ဂိုဏ်းက မြင့်တက်လာသည်။၎င်းတို့က  ၎င်းတို့၏ စွမ်းအားကြီးနည်းလမ်းများနှင့်အင်အားတို့ကို ချခင်းပြသပြီး ယင်ကွေဂိုဏ်း ၊အရိုးဖြူဂိုဏ်း၊ရှဲ့မိန်ဂိုဏ်းနှင့် အခြားသောအောက်လမ်းဂိုဏ်းများအား သူတို့လက်အောက်သို့ သွပ်သွင်းခဲ့သည်။ ၎င်းတို့က ထျန်းမြောင်အင်ပါယာအတွင်း အင်အားအကြီးဆုံးသော အောက်လမ်းဂိုဏ်းတစ်ခုဖြစ်လာသည်။ ဂိုဏ်းအားလုံးမှာ ထျန်းရှဲ့ဂိုဏ်း၏ အမိန့်များအား နာခံကြရသည်ဖြစ်သည်။၎င်းတို့အား

နာခံခြင်းမရှိပါက ဂိုဏ်းတစ်ခုလုံး ဖျက်ဆီခံရလိမ့်မည်ဖြစ်သည်။

ထျန်းရှဲ့ဂိုဏ်းကြီးထွားလာပြီးသည့်နောက်ပိုင်းတွင် ဖျောင်ရှဂိုဏ်းကဦးဆောင်ပြီး အခြားသောဂိုဏ်းများနှင့်အတူ ၎င်းတို့နှင့် အကြိမ်များစွာတိုက်ခိုက်ခဲ့သည်။ သို့သော်တိုက်ခိုက်မှုတိုင်းက အချည်းနှီးအကျိုးမဲ့ပင်ဖြစ်သည်။ ထျန်းမြောင်အင်ပါယာ၌ တစ်ချိန်က အကောင်းဆုံးဖြစ်ခဲ့ကြသော

ထိုဂိုဏ်းများမှာ   ဝမ်းနည်းစရာ ထိခိုက်သေကြေမှုများအားကြုံ

တွေ့ခဲ့ကြရသည်ဖြစ်သည်။

ထျန်းမြောင်အင်ပါယာအတွင်း

ရှိလူများစွာတို့မှာ ဤအကြောင်းအားသိရှိခြင်းမရှိကြချေ။

ထိုထက်ပိုသည်က ရှုံးနိမ့်သည့်ဘက်ခြမ်းမှာ

အထက်လမ်းလောကသားများဘက်မှဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် ထိုသတင်းများအားဖုံးဖိပိတ်ပင်

တားမြစ်ထားကြသည်။သို့သော် ဟုန်ယွဲ့နှင့်စံပယ်လေးတို့ကတော့ အောက်လမ်းဂိုဏ်းမှဖြစ်သည်။ထို့ကြောင့် ဤအကြောင်းများအားသူမတို့အနေဖြင့် ပင်ကိုယ်အားဖြင့် သိထားသည်ဖြစ်သည်။

ထျန်းရှဲ့ဂိုဏ်း၏အင်အားအ

ကြောင်းအားတွေးမိသောအခါတွင် ဟုန်ယွဲ့တစ်ယောက်မှာ  မနေနိုင်ဘဲ စိုးရိပ်ပူပန်မိသည်။ သူမယင်ကွေဂိုဏ်းတွင်ရှိနေစဉ်အချိန်တုံးက  ထျန်းရှဲ့ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူက  ဒဏ္ဍရီလာ ကြယ်ကိုးပွင့်ဘိုးဘေး

နယ်ပယ်သို့မဟုတ် သူတော်စင်နယ်ပယ်သို့တောင်

ခြေချဝင်ရောက်နေပြီဟု သူမကြားခဲ့ဖူးသည်။

ဟုန်ယွဲ့နှင့်စံပယ်လေးတို့မှာသွေးရောင်ကမ္ဘာအတွင်းမှထွက်လာပြီးကတည်းက ရှစ်ဖုန့်၏ သွေးကျောက်ပြားအတွင်း၌ ကျင့်ကြံနေကြခြင်းဖြစ်သည်။

ထို့ကြောင့် ပြင်ပကမ္ဘာ၏ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့

သောအဖြစ်အပျက်များအား သူမတို့သိရှိကြခြင်းမရှိချေ။

ရှစ်ဖုန့်က တစ်ယောက်တည်းနှင့်ဖျောင်ရှဂိုဏ်းအပါအဝင် ထျန်းမြောင်အင်ပါယာအတွင်းရှိ

ဂိုဏ်းများအား ဖြိုခွင်းခဲ့သည်ကို သူမတို့ သိရှိခြင်းမရှိကြချေ။ ရှစ်ဖုန့်က တစ်ယောက်တည်းနှင့်

ထျန်းမြောင်အင်ပါယာအား သိမ်းပိုက်ခဲ့ပြီး  သမိုင်း၏ တိုက်စားမှုအောက်၌ ပျောက်ကွယ်သွားစေသည်ကို သူမတို့သိရှိကြခြင်းမရှိကြချေ။

“စိတ်မပူပါနဲ့”

ဟုန်ယွဲ့နှင့်စံပယ်လေးတို့က စိုးရိမ်ပူပန်မှုများဖြစ်နေသည်ကို တွေ့ရသောအခါတွင်  ရှစ်ဖုန့်က သူ၏လက်ကိုဝေ့ယမ်း၍ အမျိုးသမီးနှစ်ယောက်အားပြောလိုက်သည်။

“ဒီသခင်လေးက မင်းတို့ကို ကတိပေးထားတာကြောင့် ငါမင်းတို့အတွက်ဒါကိုလုပ်ကို

လုပ်ပေးမှာပဲ…ထျန်းရှဲ့ဂိုဏ်းက သူတို့ကိုယ်ကိုသူတို့ အမြစ်ကနေ ဆွဲလှန်ခံချင်တယ်ဆိုရင်လည်း  ဒီသခင်လေးကသူတို့ရဲ့ဆန္ဒကို ဖြည်းဆည်းပေးရလိမ့်မယ်”

ထို့နောက်မကြာခင်သူတို့သုံး

ယောက်စလုံးသွေးနီရောင်ကမ္ဘာအတွင်းမှ ထွက်ခွာလာခဲ့ပြီး တော်ဝင်နန်းတော်အတွင်းသို့ သွေးနီရောင်အလင်းတစ်ချက် ဖျက်ခနဲလင်းလက်မှုနဲ့တူ ရောက်ရှိလာသည်။

အမျိုးသမီးနှစ်ယောက်မှာခမ်းနားထည်ဝါပြီး ကျယ်ဝန်းသောခန်းမကြီးအား ကြည့်လိုက်ကြသည်။အထူးသဖြင့် ခမ်းနားထည်ဝါသော  ခန်းမအလည်ရှိ ရွှေရောင်တိုင်လုံးကြီများပင်ဖြစ်သည်။ တိုင်လုံးတစ်လုံးစီတွင် အစွမ်းများနှင့်လက်သည်းတို့အား ဝင့်ထားပြီးမြူခိုးတိမ်တိုက်

တို့ကအသက်ရှူစဉ်ထွက်ပေါ်

နေသည့် ရွှေရောင် လက်သည်းကိုးခု နဂါးတစ်ကောင်စီကိုထွင်းထုထားသည်။

ခန်းမတစ်ခုလုံးမှာရွှေရောင်များဖြစ်ပြီး တစ်ခုလုံးအား ရွှေများဖြင့်သာ ပြုလုပ်ထားသကဲ့သို့ပင်ဖြစ်သည်။

“ကျွန်မတို့ဘယ်ရောက်နေတာလဲ”

အမျိုးသမီးနှစ်ယောက်မှာ ခမ်းနားထည်ဝါသော ခန်းမကြီးအားကြည့်ရင်းစံပယ်လေးက မေးမြန်းလိုက်သည်။

“ဒါက အရင်ကတော့ထျန်းမြောင်

အင်ပါယာရဲ့နန်းတော်ဖြစ်ခဲ့တာလေ”

ရှစ်ဖုန့်ကပြောလိုက်သည်။

ဤအချိန်တွင်သူ့တို့ရှေ့ရှိ ရာဇပလ္လင်ခန်းမထက်တွင်ရှိ

နေသောမှူးမတ်အရာရှိများက ပြိုင်တူအော်ဟစ်လိုက်ကြသည်။

“ဧကရာဇ်မင်း သက်တော်ရှည်လျားပါစေသော်…

ဧကရာဇ်မင်း သက်တော်ရှည်လျားပါစေသော်”

“အာ…”

ချီးမွန်းထောပနာပြုသော

အသံများအားကြားလိုက်ရသောအခါတွင် စံပယ်လေးမှာ  “အာ”ဟုသာ အသံထွက်နိုင်သည်။

သို့သော်ဟုန်ယွဲ့ကတော့ ရှစ်ဖုန့်၏စကားအားတုံ့ပြန်၍မေးလိုက်သည်။

“ထျန်းမြောင်အင်ပါယာရဲ့အရင်နန်းတော်လား…ဒါဆိုရင်အခုကရော…”

“ထျန်းမြောင်အင်ပါယာရဲ့  ဧကရာဇ်က ဒီသခင်လေးသတ်တာကိုခံလိုက်ရပြီ… ဒီနန်တော်က အခု ဒီသခင်လေးရဲ့ယွင်လိုင်အင်ပါယာ အုပ်ချုပ်မှုအောက်မှာရှိတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အာ..”

ဟုန်ယွဲ့မှာလည်းစံပယ်လေးကဲ့သို့ “အာ”ဟုသာအသံထွက်နိုင်သည်။

ထျန်းမြောင်အင်ပါယာ၏ ဧကရာဇ်က တကယ်ကြီးသူ၏သတ်ဖြတ်ခြင်း

ကိုခံလိုက်ရသည်။ ဘိုးဘေးနယ်ပယ်ကျွမ်းကျင်

သူတစ်ယောက်ပင်မရှိသော သေးငယ်သည့်ယွင်လိုင်အင်ပါယာ

ကဲ့သို့သောနိုင်ငံငယ်လေးက  တကယ်ကြီးထျန်းမြောင်အင်ပါယာ၏ ယခင်နန်းတော်ကို သိမ်းပိုက်ထားသည်။ ယင်းမှာ ထျန်းမြော်အင်ပါယာအတွင်း နေထိုင်သော မည်သူ့ကိုမဆို အတော်လေးကိုတုန်လှုပ်သွားစေနိုင်သော ကိစ္စတစ်ခုဖြစ်လေသည်။

မကြာခင်တွင်ရှစ်ဖုန့်က အလှလေးနှစ်ဦးအား လက်တစ်ဖက်စီဖြင့်ပွေ့ဖက်ပြီး  အပေါ်သို့ထိုးတက်လိုက်သည်။

“ဘန်း”ဆိုသောအသံနှင့်အတူ  ရှစ်ဖုန့်၏လမ်းကြောင်းတွင်ခံနေသည့် ရွှေရောင်မျက်နှာကြက် မှာ

ရှစ်ဖုန့်ခန္ဓာကိုယ်၏ တိုက်ရိုက်ထိုးခွင်းဖျက်ဆီးမှုကိုခံလိုက်ရသည်။ သူ၏ပုံရိပ်က ကောင်းကင်ထဲသို့ထိုးတက်သွားသည်။

“ကိုကြီးရှစ်ဖုန့် ကိုကြီးထပ်ပြီးတော့ဖျက်ဆီးပစ်ပြန်ပြီ…

ဒါနဲ့ဆိုရင်သုံးဆယ့်လေးကြိမ်တောင်ရှိနေပြီ…ညီမလေးတို့တော့ လက်မှုပညာသည်ကိုရှာပြီး

ထပ်ပြင်ရတော့မယ်…”

ရုတ်တရက် လုံမုန့်၏ စွဲဆောင်မှုရှိလှစွာသောအသံလေးက အောက်ဘက်မှထွက်ပေါ်လာသည်။

“ကိုကြီးဘယ်သွားမလို့လဲ..

ညီလေးကိုပါခေါ်သွားလေ”

“မင်းကတော်ဝင်နန်းတော်မှာပဲနေခဲ့ပါ..

ငါ့ကိစ္စတွေပြီးသွားတဲ့အခါကြရင် ငါမင်းကိုလာပြီးတော့ရှာမယ်”

ရှစ်ဖုန့်က သူ၏ အသံအား လုံမုန့်ထံသို့ပို့ဆောင်လိုက်သည်။

“ဟွန့်”

လုံမုန့်က မပျော်ရွှင်စွာဖြင့် နှာမှုတ်လိုက်သည်။

“ဒါကတကယ့်ကိုအင်ပါယာမြို့တော်ပဲ…

ညီမလေးတို့အောက်မှာရှိနေတာက တကယ့်ကိုထျန်းမြောင်အင်ပါယာ

ရဲ့တော်ဝင်နန်းတော်ပဲ…”

စံပယ်လေးမှာကောင်းကင်ထဲတွင် ရှစ်ဖုန့်၏ သယ်ဆောင်မှုအားခံထားရင်းမှာ အံ့အားသင့်စွာပြောလိုက်သည်။

သူမကရင်းနှီးသောမြို့၊ ရင်းနီးသော လမ်းမများနှင့် ရင်းနှီးသော အဆောက်အဦးများအားငုံ့ကြည့်နေသည်။

ဤနှစ်အတွင်းသူမက အင်ပါယာမြို့တော်သို့ တစ်ကြိမ်ရောက်ဖူးသည်ဖြစ်သည်။

ထို့ကြောင့်သူမအနေဖြင့် ၎င်းနှင့်အရမ်းကို ရင်းနှီးမှုရှိလေသည်။

“ရှင်က အရမ်းကို အစွမ်းထက်တာပဲ…

ကျွန်မရဲ့ စိုးရိမ်မှုတွေက မလိုအပ်တာဖြစ်နိုင်လောက်တယ်”

ဟုန်ယွဲ့က လည်းကျွမ်းဝင်မှုရှိသောမြင်ကွင်း

များကိုကြည့်၍ ရှစ်ဖုန့်ကိုပြောလိုက်သည်။

“မင်းတို့ယင်ကွေဂိုဏ်းကို တို့တွေဘယ်လိုသွားကြမလဲ”

ရှစ်ဖုန့်က သူမတို့အားတိုက်ရိုက်ပင်မေးလိုက်သည်။

“အကယ်၍ ကျွန်မတို့သာ အင်ပါယာမြို့တော်ရဲ့ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ကို သုံးမယ်ဆိုရင် လောချင်မြို့ကို မရောက်ခင် မြို့ဆယ့်သုံးမြို့ကို အရင်ဆုံးဖြတ်ကျော်ရလိမ့်မယ်…အဲ့မှာ ကျွန်မတို့ကို ယင်ကွေဂိုဏ်းဆီကို ခေါ်သွားပေးနိုင်တဲ့လျှို့ဝှက်လမ်း

ကြောင်းတစ်ခုရှိတယ်”

ဟုန်ယွဲ့ကပြောလိုက်သည်။

“ကောင်းပြီ”

ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။ထို့နောက်သူက အလှလေးနှစ်ဦးအားသယ်ဆောင်ပြီး  အင်ပါယာမြို့တော်၏ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်

ဆီသို့ထိုးဆင်းလိုက်သည်။သူတို့သုံးဦး၏ ရှေ့တွင် ပို့ဆောင်ဆက်သွယ်ရေးအစီအရင် ပလ္လင်က လျှင်မြန်စွာပေါ်လာသည်။

ရှစ်ဖုန့်က အရှိန်လျှော့ချခြင်းမရှိချေ။ “ဘန်း” ဆိုသောအသံနှင့်အတူ သူက ပလ္လင်ပေါ်သို့ ဆင်းသက်လိုက်သည်။ကြီးမား‌သောဆူညံပွက်လောရိုက်မှုက ပတ်ဝန်းကျင်တွင်ရှိနေသော ရွှေရောင်ချပ်ဝတ်စစ်သည်များနှင့် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်အား အသုံးပြုရန်စီဆင်ထားသော

လူများအားလုံးမှာ တုန်လှုပ်အံ့အားသင့်သွားကြသည်။

“ဘယ်သူတွေလဲကွ”

“ဘယ်သူကများ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ထဲကို  ဇွတ်တိုးဝင်လာတာလဲကွ..”

ဦးတည်ချက်အနှံ့ရှိ ရွှေရောင်ချပ်ဝတ်စစ်သည်များထံမှ အော်သံများက ဒီရေလှိုင်းကဲ့သို့တန်းစီထွက်ပေါ်လာသည်။

အင်ပါယာမြို့တော်မှာ အင်ပါယာအတွင်း အရေးအကြီးဆုံးသောနေရာတစ်ခုဖြစ်သည်။ တော်ဝင်မိသားစုနှင့် မှူးမတ်အရာရရှိများအားလုံးက ဤနေရာတွင်နေထိုင်ကြသည်ဖြစ်သည်။ ထို့ကြောင့်လည်း  အင်ပါယာမြို့တော်အတွင်းရှိ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်၌ အစောင့်အကြပ်များအားထူထပ်စွာချထားသည်။ အင်ပါယာမြို့တော်အတွင်း လုံချန်လှုပ်ရှားမည်ဆိုလျှင်ပင် ယင်းကချွင်းချက်ရှိလိမ့်မည်မဟုတ်ပေ။

သို့သော် ရွှေရောင်ချပ်ဝတ်အစောင့်အကြပ်

ခေါင်းဆောင်ဖြစ်သူက ပို့ဆောင်ဆက်သွယ်ရေးအစီအရင် ပလ္လင်ပေါ်တွင်ရပ်နေသည့် ရှစ်ဖုန့်အား မြင်တွေ့လိုက်ရသောအခါတွင် ချက်ချင်းပဲဒူးထောက်ချလိုက်ပြီး  အော်ပြောလိုက်သည်။

“စစ်ပွဲနတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”

တစ်ရှိန်ထိုးတက်လာသော ရွှေရောင်ချပ်ဝတ်စစ်သည်များက  ရွှေရောင်ချပ်ဝတ် အစောင့်အကြပ်ခေါင်းဆောင်ဖြစ်သူ၏ အော်သံအားကြားလိုက်ရသော

အခါတွင်ပြိုင်တူ တုံ့ပြန်လိုက်ကြသည်။

သူတို့က ပလ္လင်ထံသို့ ဒူးထောက်လိုက်ကြပြီးအော်ပြောလိုက်သည်။

“စစ်ပွဲနတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”

“စစ်ပွဲနတ်ဘုရား”

ပို့ဆောင်ဆက်သွယ်ရေးအစီအရင် ပလ္လင်ထက်တွင်ရှိနေသော အခြားသောသူများ သို့မဟုတ် တန်းစီ၍ စောင့်ဆိုင်းနေကြသောသူများမှာ   ရွှေရောင်ချပ်ဝတ်အစောင့်၏ အော်သံကိုကြားလိုက်ရပြီးသည့်နောက် မည်သူဆိုသည်အားနားလည်သွားကြသည်။ စစ်ပွဲနတ်ဘုရားဆိုသည်မှာ ကောလဟာလများအရ စစ်ပွဲနတ်ဘုရား ရှစ်ဖုန့်ပင်ဖြစ်သည်။

ဤပုဂ္ဂိုလ်မှာ ယွင်လိုင်အင်ပါယာအတွင်းတွင် စွမ်းအားအကြီးမားဆုံးသောပုဂ္ဂိုလ်ဖြစ်သည်။ ယွင်လိုင်အင်ပါယာ၏ ဧကရာဇ်ဖြစ်သူကိုယ်တိုင်ပင်လျှင် သူ့အား အနည်းငယ်ဦးညွှတ်၍ လေးစားမှုအပြည့်ဖြင့် နှုတ်ဆက်ရသည်ဖြစ်သည်။

“စစ်ပွဲနတ်ဘုရား”

“စစ်ပွဲနတ်ဘုရားကို နှုတ်ခွန်းဆက်သပါတယ်”

ရွှေရောင်ချပ်ဝတ်အစောင့်အကြပ်များအပြင် ကျန်သောသူများအားလုံးက

လည်းဒူးထောက်လိုက်ကြပြီး  ပြိုင်တူအော်ဟစ်လိုက်ကြသည်။ စစ်ပွဲနတ်ဘုရားရှစ်ဖုန့်မှာ ယခုအခါ၌ ကောင်းကင်ထက်မှထွန်းလင်းနေသော နေမင်းကြီးကဲ့သို့ပင်ဖြစ်သည်။ ရှစ်ဖုန့်၏ နမည်နှင့်ရှစ်ဖုန့်၏ နမည်ဆိုးဖြင့်ကျော်ကြားမှုတို့အား အားလုံးကသိကြသည်ဖြစ်သည်။ ကောလဟာများအရ ဤအရူးနတ်ဆိုးအားဒေါသထွက်အောင်

လုပ်ဆောင်သောမည်သူမဆို ၎င်းတို့၏မိသားစုတစ်ခုလုံးပင် ရှင်းလင်းခြင်းခံရသည်ဟုဆို၏။

အကယ်၍သူတို့တစ်ယောက်

တည်းသာသေသွားရလျှင်က ကိစ္စမရှိပေ။ သို့သော် အကယ်၍သူတို့ကများ ၎င်းအား မလေးမစားပြုမူခဲ့မိပြီး ဒေါသထွက်စေခဲ့လျှင် ကောလဟာလအတိုင်းသာဆိုပါက သူတို့၏ မိသားစုတစ်ခုလုံးပင်သက်ရောက်မှုများကို ခံရလိမ့်မည်ဖြစ်သည်။

တစ်စုံတစ်ယောက်က စစ်ပွဲနတ်

ဘုရားရှစ်ဖုန့်၏  အိမ်တော်ရှေ့တွင် ဗျစ်တောက်ဗျစ်တောက်လုပ်မိခဲ့ပြီး

နောက်တစ်နေ့၌  ထိုသူ၏ မိသားစုဝင်အယောက်နှစ်ဆယ်လုံးမှာ ကိုယ်လက်အင်္ဂါများဖြတ်

တောက်ခံလိုက်ရပြီးအေးစက်

သောအလောင်းများအဖြစ် ဘဝပြောင်းသွားကြသည်ဟူသည့် အတင်းအဖျင်းစကားတစ်ခုရှိလေသည်။

၎င်းတို့၏ ကြက်များနှင့်‌ခွေးများပင် ချွင်းချက်အနေဖြင့် ချမ်းသာရာမရခဲ့ဟုဆို၏။

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters