အပိုင်း(၃၃၀)
Vol. 22 Ch. 330
အင်ပါယာမြို့တော်အတွင်းတွင် လူပေါင်းများစွာတို့က ဝင်ထွက်သွားလာနေကြသည်ဖြစ်သည်။ ရွှေရောင်ချပ်ဝတ်အစောင့်အကြပ်များ
အပါအဝင် လူထောင်ပေါင်းများစွာတို့က ပို့ဆောင်ဆက်သွယ်ရေးအစီအရင်
အတွင်းတွင် စုစည်းနေကြသည်။
ဦးညွှတ်ဂါရဝပြုနေကြသော လူထောင်ပေါင်းများစွာအားကြည့်ရင်း ဟုန်ယွဲ့နှင့်စံပယ်လေးတို့၏ မျက်နှာထက်တွင် အလွန်အမင်းအံ့အားသင့်မှုများ
ဖြင့်ပြည့်နှက်နေသည်။သူတို့ဘယ်
နေရာသို့သွားသည်ဖြစ်စေ အားလုံးက သူတို့အား ဒူးထောက်ကာ ဦးညွှတ်ဂါရဝပြုကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဧကရာဇ်မင်းတစ်ပါးနှင့်ပင် ဆင်တူသည့် မြင်ကွင်းဖြစ်သည်။
သို့သော် ဂရုတစိုက်တွေးကြည့်မည်ဆိုလျှင် ဤလူက ထျန်းမြောင်အင်ပါယာ၏ ဧကရာဇ်မင်းကိုပင်သတ်ပစ်ခဲ့သောသူဖြစ်သည်။ သူ့အား ဧကရာဇ်မင်းတစ်ပါးကဲ့သို့ ဆက်ဆံသည်က အထူးအဆန်းတော့မဟုတ်ပေ။
“အားလုံးထကြ”
ရှစ်ဖုန့်က မြေပြင်ပေါ်တွင်ဒူးထောက်နေကြသော များပြားထူထပ်သည့်လူအုပ်ကြီးအား ထူးမခြားနားသည့် ပုံစံဖြင့်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် စစ်ပွဲနတ်ဘုရား”
ရှစ်ဖုန့်၏နမည်ဆိုးဖြင့်ကျော်ကြားမှုများအား ကြောက်ရွံ့၍ ဖြစ်စေ သို့မဟုတ် သူတို့၏ နှလုံးသား အောက်ခြေမှနေ၍ လာ၍ဖြစ်စေ အားလုံးက ရှစ်ဖုန့်အား ပြိုင်တူအော်ပြောလိုက်ကြသည်။
“စစ်ပွဲနတ်ဘုရားခင်ဗျား..
ဘယ်ကိုများသွားမလိုပါလဲ”
ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ရှိ ရွှေရောင်ချပ်ဝတ်အစောင့်အကြပ်စစ်သည်က ထရပ်လိုက်ပြီး ရှစ်ဖုန့်အားလေးစားစွာမေးမြန်းလိုက်သည်။
ဤရွှေရောင်ချပ်ဝတ်အစောင့်မှာ ယွင်လိုင်အင်ပါယာမှ လုံချန်နှင့်အတူ လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ယွင်လိုင်အင်ပါယာမှာရှိစဉ်တုံးက ရှစ်ဖုန့်၏မွန်းစတားဆန်သောနမည်က မိုးချုန်းသံကဲ့သို့နားများအတွင်း
သို့ဝင်ရောက်လာသည်ဖြစ်သည်။ယခုအခါ၌ စစ်ပွွဲနတ်ဘုရားရှစ်ဖုန့်ဟူသောနမည်က သူတို့၏ဝိညာဉ်များအထိပင် စွဲထင်အောင်ဝင်ရောက်နေခဲ့ပြီးဖြစ်သည်။
သူကယွင်လိုင်အင်ပါယာရှိ လူများ စိတ်ပင်ကူးရဲခြင်းမရှိသော ကိစ္စကို
ပြုလုပ်ခဲ့ပြီး ထိုအရာအားလုံးအား သူတစ်ယောက်တည်းကိုယ်တိုင်ပြု
လုပ်ခဲ့ခြင်းဖြစ်သည်။
ရွှေရောင်ချပ်ဝတ်စစ်သည်၏ မေးခွန်းအားကြားလိုက်ရသောအခါတွင်
ရှစ်ဖုန့်က ဟုန်ယွဲ့အားလှည့်၍ ကြည့်လိုက်သည်။ဟုန်ယွဲ့ကသူတို့
အနေဖြင့်မြို့ဆယ့်ခုနှစ်ခုအားဖြတ်ကျော်ရမည်ဟု ပြောခဲ့သော်လည်း မည်သည့်မြို့များအား ဖြတ်ကျော်ရမည်ကိုတော့ သူသိရှိြခင်းမရှိချေ။
“ပိုင်ယောင်မြို့ကိုသွားမှာ”
ဟုန်ယွဲ့ကပြောလိုက်သည်။
“ဟုတ်ကဲ့”
ရွှေရောင်ချပ်ဝတ်စစ်သည်က လက်သီးနှစ်ဖက်ကိုဆုပ်၍ လေးစားစွာဖြင့် ဟုန်ယွဲ့အားအော်ပြောလိုက်သည်။ ဤလှပသော အမျိုးသမီးကမည်သူ
ဆိုသည်အား သူမသိသော်လည်း စစ်နတ်ဘုရားနှင့် အတူတစ်ရှိနိုင်သောကြောင့်သူမအနေဖြင့် အရေးပါသောတစ်စုံတစ်
ယောက်ဖြစ်ရမည်ဖြစ်သည်။ ထိုလှပဂေးလေးနှစ်ဦးက စစ်နတ်ဘုရား ၏ အမျိုးသမီးများလည်းဖြစ်
ကောင်းဖြစ်နေနိုင်သည်။
“ခင်ဗျားတို့တွေအရင်ဆုံး အောက်ကိုဆင်းလိုက်ကြပါ..စစ်နတ်ဘုရားက ဒီပို့ဆောင်ဆက်သွယ်ရေးအစီအရင်ကို အသက်သွင်းတော့မှာ”
ရွှေရောင်ချပ်ဝတ် အစောင့်က ပို့ဆောင်ဆက်သွယ်ရေးအစီအရင်
ပလ္လင်ထက်၌ ရပ်နေကြသောသူများအား
အော်ပြောလိုက်သည်။ပင်ကိုယ်အားဖြင့် ရှစ်ဖုန့်နှင့်အခြားသောနှစ်ယောက်မှလွဲ၍ အားလုံးက နာခံစွာဖြင့် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ထံမှ ဆင်းလိုက်ကြသည်။
ရွှေရောင်ချပ်ဝတ်အစောင့်မှာ တည်နေရာ ပြအမှတ်အသားများကို ထည့်သွင်းခြင်းနှင့် လိုအင်သောကမ္ဘာဦးကျောက်တုံး
များအားဖြည့်တင်းခြင်းတို့၌ သာမန်ထက်ပို၍ ဂရုတစိုက်လုပ်ဆောင်သည်။တစ်စုံတစ်ခုအမှားအယွင်းဖြစ်သွားမည်ကိုသူတို့ ကြောက်ရွံ့မိကြသည်။ အချို့သော ရွှေရောင်ချပ်ဝတ်အစောင့်များဆိုလျှင် စစ်နတ်ဘုရားရှစ်ဖုန့်ကပို့ဆောင်ဆက်သွယ်ရေး အစီအရင်ပေါ်၌ ဝင်ကြွားစွာရပ်နေခြင်းကြောင့် အသက်ကိုခက်ခဲစွာရှူသွင်းနေကြပြီး သူတို့၏ လက်များပင် တုန်ယင်နေကြသည်။
တည်နေရာညွှန်းကိန်းများအား
သတ်မှတ်ပြီး ကမ္ဘာဦးကျောက်တုံးများမှာ ပို့ဆောင်ဆက်သွယ်ရေးအစီအရင် ၏ စုပ်ယူမှုကိုခံလိုက်ရသည်။ ထို့နောက်တွင် အဖြူရောင်အလင်းတစ်ခုက ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ပေါ်၌ လင်းလက်သွားပြီး ရှစ်ဖုန့်နှင့် အခြားနှစ်ယောက်တို့မှာ
ပျောက်ကွယ်သွားသည်။
“ဟူး.ဟူး..ဟူး..ဟူး..”
စစ်နတ်ဘုရားရှစ်ဖုန့်ပျောက်ကွယ်သွားသည်ကို မြင်တွေ့ရသောအခါမှသာ ရွှေရောင်ချပ်ဝတ်အစောင့်များမှာ သက်ပြင်းကိုခပ်ပြင်းပြင်းချမိလိုက်ကြပြီး စိတ်သက်သာရာရစွာဖြင့် သူတို့၏တောင့်တင်းနေသော
ခန္ဓာကိုယ်များအားဖြေလျော့လိုက်ကြသည်။
“စစ်နတ်ဘုရားဒီကို ကိုယ်တိုင်ရောက်လာတဲ့ဖိအားက ကြီးမားလိုက်တာ”
ရွှေရောင်ချပ်ဝတ်အစောင့်တစ်ဦးက သူ့ဘေးရှိအဖော်အားပြောလိုက်သည်။
“ဟုတ်တယ်….အခုက ငါ့နှလုံးကခုန်ထွက်တော့မလိုကိုခုန်နေတယ်…
စစ်နတ်ဘုရားရဲ့ မမြင်နိုင်တဲ့ဖိအားအောက်မှာ အသက်ရှူရတာတောင်ခက်ခဲလွန်းတယ်”
“သူကစစ်နတ်ဘုရားဆိုတာကို မအံ့ဩတော့ပါဘူး…သူ့ဘေးနှားမှာရှိတဲ့ မိန်းကလေးတွေကလည်း အရမ်းချောတယ်..ဟူး..
ငါသာအဲ့လိုလူတစ်ယောက်ဖြစ်လာခဲ့ရင် ဘယ်လောက်တောင်မှ ကြီးကျယ်ခမ်းနားလိုက်မလဲကွာ”
“ကျွတ်…အိမ်မက်မက်နေတာကို ရပ်လိုက်စမ်းပါ”
………………………………
ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့ ပိုင်ယောင်မြို့သို့ရောက်ပြီးသည့်
နောက်တွင်ထိုနေရာရှိ ရွှေရောင်ချပ်ဝတ်အစောင့်တို့ကလည်းသူ့အား မှတ်မိကြသည်။ ထို့နောက်တွင် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်နားရှိ များပြားလှသောလူအုပ်ကြီးက
ဒူးထောက်ကာ ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်
အားဦးညွှတ်ဂါရဝပြုကြပြီး စစ်နတ်ဘုရားဟုခေါ်ကြသည်။
ပိုင်ယောင်မြို့၏ မြို့တော်ဝန်ပင်လျှင် အလန့်တကြားဖြစ်သွားရသည်။သူက ချက်ချင်းပဲ ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ဆီသို့သွား၍ ရှစ်ဖုန့်အား အဝေးမှ ဦးညွှတ်ဂါရဝပြုသည်။
လူတစ်ဦး၏ နမည်ဂုဏ်သတင်းက သစ်ပင်တစ်ခုက အရိပ်ကဲ့သို့ပင်ဖြစ်သည်။
လက်ရှိရှစ်ဖုန့်အနေဖြင့် သူလုပ်ချင်သည်ဆိုလျှင်တောင်မှာ သိုသိုသိပ်သိပ်နေ၍မဖြစ်နိုင်ချေ။
ယင်းမှာ မရေတွက်နိုင်သော
ဒဏ္ဍရီအမျိုးမျိုးက လူများအပြားကြားထဲတွင်
ပျံ့နှံ့နေသည်ဖြစ်သောကြောင့်ဖြစ်သည်။ စစ်နတ်ဘုရားအား မည်သူမှန်းမသိဘဲ စော်ကားခဲ့ကြသော များပြားလှသည့်လူများမှာ ရလဒ်အနေဖြင့်သူတို့၏ မိသားစုများသုတ်သင်ခံရခြင်း သို့မဟုတ် သူတို့၏ မြို့များဖျက်ဆီးခံရခြင်းတို့ကာ ရရှိကြဟုဆိုသည်။ အချို့သော မူကွဲများဆိုလျှင်ပို၍ပင် ဝမ်းနည်းဖွယ်ကောင်းလေသည်။
မြို့တစ်ခုလုံးတွင်အလောင်းများဖြင့် ပြည့်နှက်နေပြီးသွေးများက မြစ်ကဲ့သို့စီးဆင်းနေသည်။ စစ်နတ်ဘုရားရှစ်ဖုန့်က အလောင်းများ၏ အလယ်တွင်ရပ်နေပြီး ကျယ်လောင်စွာရယ်မောနေသည်။
ထို့နောက် သူကခွေးရူးထောင်ပေါင်းများ
စွာအားလွှတ်ပေးလိုက်ပြီး မြို့အတွင်းရှိအလောင်းများအားဝါးမျိုစေသည်ဟုဆိုသည်။
လူများအား ခိုက်ခိုက်တုန်စေသော ကောလဟာအချို့လည်းရှိသေးသည်ဖြစ်သည်။ ယခုဆိုလျှင် အဓိကအင်အားစုကြီးအားလုံးနှင့်မြို့အရှင်သခင်များအားလုံးက စစ်နတ်ဘုရား၏ ပုံတူအား ဆွဲထားကြပြီးဖြစ်သည်။သူတို့အနေဖြင့်သူတို့၏ လက်အောက်ခံငယ်သားများနှင့် မိသားစုအဖွဲ့ဝင်များအား စစ်နတ်ဘုရားအား မှတ်မိနေစေရန်အမိန့်ပေးထားသည်။ သူတို့အနေဖြင့် ၎င်းအားလေးစားမှုအပြည့်ဖြင့် ဆက်ဆံကြရမည်ဖြစ်သည်။ သူတို့အနေဖြင့် ၎င်းအားစော်ကားခြင်းမပြုလုပ်နိုင်ကြပေ။
အကယ်၍ မတော်တဆများ စော်ကားမိခဲ့လျှင် သူတို့အနေဖြင့် တောင်းပန်သည့်အနေဖြင် ကိုယ့်ကိုယ်ကိုယ်သာသတ်သေ
ရလိမ့်မည်ဖြစ်သည်။ သူတို့၏
မိသားစုများအား ပါဝင်ပက်သက်မငြိစွန်းစေသင့်ပေ။
ရှစ်ဖုန့်နှင့် အခြားသောသူနှစ်ယောက်တို့မှာ
နောက်ဆုံးတွင်စံပယ်လေး၏ အကြံပေးမှုဖြင့် ရုပ်ဖျက်လိုက်ကြသည်။ သူတို့အားရှစ်ဖုန့်ကသာမန်
လူငယ်များအဖြစ်သို့ပြောင်းလဲပေးခဲ့သည်။
ထို့နောက်တွင်သူတို့သည် ပို့ဆောင်ဆက်သွယ်ရေးအစီအရင်
အားအသုံးပြု၍ လောချင်မြို့ဆီသို့ သာမန်အရပ်သူအရပ်သားပုံစံဖြင့်သူတို့ရောက်ရှိလာကြသည်။
လောချင်မြို့မှာသေးငယ်ပြီးယွင်လိုင်အင်ပါယာ၏ အစွန်အဖျားကျသောမြို့လေးဟုပြော၍ ရသည်ဖြစ်သည်။ သို့သော်ထိုသို့ဆိုလျှင်တောင် ၎င်းကမြို့ကြီးများနှင့် နှိုင်းယှဉ်၍ ရနိုင်သည်ဖြစ်၏။ ကိန်းဂဏန်းအချက်အလက်များအရ လောချင်မြို့၌ စုစုပေါင်းလူဦးရေ နှစ်သိန်းခန့်ရှိသည်ဟုဆိုသည်။
ပို့ဆောင်ဆက်သွယ်ရေးအစီအရင်မှသူတို့ ထွက်လာလာခြင်း လောချင်မြို့အလယ်ရှိ ပျားပန်းခက်လှုပ်ရှားနေသော
လမ်းမတစ်ခုကိုမြင်တွေ့ရသည်။ အဆုံးမဲ့သောလူစီးချောင်းကြီး
တစ်ခုဖြင့်ရှေ့နောက်လွန်းထိုးနေသည်။
ရထားလုံးများကလည်းမြို့
အတွင်းပြေးလွှားနေကြသည်။
နတ်ဆိုးသားရဲများအား စီးနင်းထားကြသော ကျင့်ကြသူများလည်းရှိသေးသည်ဖြစ်သည်။
“ယင်ကွေဂိုဏ်းက ဒီမြို့အပြင်မှာရှိတာလား”
ရှစ်ဖုန့်က မြို့ငယ်လေးအားကြည့်နေရင်း ဟုန်ယွဲ့အားမေးလိုက်သည်။
“ဝင်ပေါက်က ဒီမြို့ထဲမှာ ..ကျွန်မနဲ့လိုက်ခဲ့ပါ”
ဟုန်ယွဲ့ကပြောလိုက်သည်။ ထို့နောက် ဟုန်ယွဲ့နှင့်စံပယ်လေးတို့၏ လမ်းညွှန်မှုဖြင့် ရှစ်ဖုန့်က ဝင်ပေါက်ဟုခေါ်သောနေရာ
ဆီသို့လျှောက်လှမ်းသွားလိုက်သည်။ လမ်းတစ်လျှောက်တွင် ဟုန်ယွဲ့ကရှစ်ဖုန့်အား ဆက်လက်၍ပြောသည်။
“ယင်ကွေဂိုဏ်းက ထျန်းရှှဲ့ဂိုဏ်းရဲ့အစိတ်အပိုင်း
တစ်ခုဖြစ်လာကတည်းက ပင်မဂိုဏ်းအားလုံးဟာ သူတို့ရဲ့ဂိုဏ်းတွေကို ဒီနေရာကို ပြောင်းရွှေ့လာကြတယ်….
သူတို့က သူတို့ရဲ့ကိုယ်ပိုင် တောင်တန်းဝင်ပေါက်တွေ
ကိုစောင့်ကြပ်ကြပြီးတော့ အထက်လမ်းဂိုဏ်းတွေရဲ့
တိုက်ခိုက်မှုတွေကိုဆန့်ကျင်ရင်ဆိုင်ကြတယ်”
“ဒါ့ကြောင့်ကျွန်မတို့အနေနဲ့ဒီတစ်ကြိမ်မှာ ယင်ကွေဂိုဏ်းတစ်ခုတည်းကို ရင်ဆိုရမှာမဟုတ်ဖူး….
ဒါဇင်ပေါင်းများစွာသော
အခြားဂိုဏ်းတွေလည်းရှိသေးတယ်….
ကျွန်မရှင့်ကိုအပြည့်အဝယုံကြည်ပါတယ်.. ရှင့်အနေနဲ့အခြားသောဂိုဏ်းတွေက ကျွမ်းကျင်သူတွေကိုရင်ဆိုင်ဖို့အတွက် ပြဿနာရှိမှာမဟုတ်ဖူးဆိုတာကိုကျွန်မယုံတယ်..ကျွန်မစိုးရိမ်မိဆုံး ဖြစ်နေတာကတော့ ထျန်းရှဲ့ဂိုဏ်းရှိနေသေးတာကိုပဲ…
ဒါကြောင့် ကျွန်မတို့ ယင်ကွေဂိုဏ်းကိုဝင်ရောက်ပြီးတဲ့နောက်ပိုင်း ထျန်းရှဲ့ဂိုဏ်းကိုသတိပေးသလိုဖြစ်စေမဲ့ ဆူညံပွက်လောရိုက်မှုတော်တော်များများကို ရှောင်ကြဉ်တာကအကောင်းဆုံးပဲ..အကယ်၍ ကျွန်မတို့သာ ထျန်းရှဲ့ဂိုဏ်းရဲ့ခေါင်းဆောင်နဲ့ မတွေ့အောင်ရှောင်နိုင်ခဲ့ရင် သူနဲ့ကျွန်မတို့မတွေ့ခဲ့ရင်အကောင်းဆုံးပဲ”
ဟုန်ယွဲ့၏စကားတို့အားကြား
ပြီးသည့်နောက်တွင်ရှစ်ဖုန့်က ရှစ်ဖုန့်ကသူ၏ခေါင်းအားခါယမ်းလိုက်ပြိီး ထူးမခြားနားပုံစံဖြင့်ပြုံးလိုက်သည်။
ဖျောင်ရှဂိုဏ်းအားသူဖျက်ဆီး
လိုက်စဉ်အချိန်ကတည်းက
ယင်ကွေဂိုဏ်းသို့သူ အလည်အပတ်လာမည်ဟုပြောခဲ့ပြီးဖြစ်သည်။ လက်ရှိသူ၏ကျော်ကြားနေ
သောနမည်ဆိုးနှင့်အတူ ယင်ကွေဂိုဏ်းအနေဖြင့် ထျန်းရှဲ့ဂိုဏ်း၏ ကာကွယ်မှုအားရရှိရန်အ
တွက်သေချာပေါက်ကြိုး
ပမ်းလိမ့်မည်သာဖြစ်သည်။
ယင်ကွေဂိုဏ်းဆီသို့ သူဝင်ဝင်ချင်းပင် ထျန်းရှဲ့ဂိုဏ်းနှင့် ရင်ဆိုင်ရသည်ဖြစ်ကောင်းဖြစ်နိုင်သည်။
သို့သော်ရှစ်ဖုန့်အနေဖြင့် ထျန်းရှဲ့ဂိုဏ်း၏ခေါင်း
ဆောင်ဖြစ်သူအားဂရုမစိုက်ပေ။ သွေးကျောက်ပြားအား
တစ်ကြိမ်အသက်သွင်းနိုင်
သေးသည်ဖြစ်သည်။ အကယ်၍ ထျန်းရှဲ့ဂိုဏ်းခေါင်းဆောင်ဖြစ်သူက ထျန်းတန့်အဘိုးအိုထက်ပိုမို၍ သန်မာနေခဲ့သည်ဆိုလျှင်တောင် အကယ်၍ ထျန်းရှဲ့ဂိုဏ်းခေါင်းဆောင်ဖြစ်
သူကမဟာသူတော်စင်အ
ဆင့်ဖြစ်နေခဲ့သည်ဆိုလျှင်တောင် ဘာအရေးနည်း။
သွေးကျောက်ပြားအား
တစ်ကြိမ်အသက်သွင်းလိုက်သည်နှင့်၎င်းအား မည်သူကများ ရင်ဆိုင်တိုက်ခိုက်ရဲပါသနည်း။
မကြာခင်တွင် ရှစ်ဖုန့်အား ဟုန်ယွဲ့နှင့်စံပယ်လေးတို့က လူအုပ်နှင့်ဝေးရာသို့ခေါ်ဆောင်လာပြီး တစပြင်နေရာတစ်ခုဆီသို့ရောက်ရှိလာသည်။ ဤနေရာရှိအိမ်များမှာ ယိုယွင်းပျက်စီးနေပြီး လူသူလေးပါးနေထိုင်သောလက္ခဏာများရှိမနေပေ။ဤအဆောက်အဦး များ၏ အပြင်ပိုင်းမှနေ၍ ၎င်းက ဆင်းရဲသားရပ်ကွပ်တစ်ခုဖြစ်
သည်ဟုပြောနိုင်လေသည်။
“ဒီဝင်ပေါက်က ယင်ကွေဂိုဏ်းနဲ့အခြား
သောထျန်းရှဲ့ဂိုဏ်းတွေဆီကို သွားတဲ့ဟာပဲ”
ဟုန်ယွဲ့နှင့်စံပယ်လေးတို့ကရှစ်ဖုန့်အား အရမ်းကိုသာမန်ဆန်ပြီးယိုယွင်းနေသောအိမ်တစ်လုံးဆီသို့ခေါ်ဆောင်လာသည်။
သူတို့က၎င်း၏ ရှေ့တွင်ရပ်လိုက်ကြပြီး လက်ညှိုးထိုးညွှန်ပြ၍ ပြောလိုက်သည်။
ဤအိမ်မှာ နှစ်ပေါင်းများစွာသက်တမ်း
ကြာမြင့်နေသည့်ပုံပေါ်သည်။
နောက်ထပ်မှုန်တိုင်းလေဒဏ်
သာအနည်းငယ်လောက်ခံရသည်နှင့် ပြိလဲတော့မည့်ပုံစံပင်ဖြစ်သည်။
“ဒါက တော်တော်လေးကို သိုသိပ်တာပဲ”
သူ၏ရှေ့ရှိ ယိုယွင်းပျက်စီးနေသော အိမ်များကိုကြည့်၍ ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။
ဆက်ရန်…..
ဘာသာပြန်သူ-ARISE