← Chapters

ထပ်ဆင့်မိုးကြိုးကပ်ဘေး

Vol. 49 Ch. 678

ထပ်ဆင့်မိုးကြိုးကပ်ဘေး

Vol. 49 Ch. 678

မှားနိုင်စရာ မရှိဘူး.....

ယီးထဲမှ.....သူတို့က မိုးကြိုးကပ်ဘေးတောင် တူတူခံယူရမှာလား.....

အန်လင်းမှာ ရင်ဘတ်ဆင်နင်းခံရသလို ခံစားလိုက်ရသောကြောင့် အသက်ပြင်းပြင်း ရှူလိုက်ရသည်။

အာဒမ်နှင့်ဧဝမှာ ကောင်းကင်ထက်မှ မိုးကြိုးလျှပ်စီးများအားကြည့်ကာ တင်းကြပ်စွာ ပွေ့ဖက်ထားကြလေသည်။

ထိုကြောက်မက်ဖွယ် မိုးကြိုးများအား ကြည့်ရုံနှင့်ပင် ၎င်းတို့တုန်လှုပ်မိကြသည်။

"မကြောက်ကြနဲ့....မိုးကြိုးကပ်ဘေး လေးဆယ့်ကိုးခုပဲ ခံယူရမှာ။ မင်းတို့ရှိသမျှအစွမ်းနဲ့ ခုခံနိုင်ဖို့ ကြိုးစားကြ။ ပြီးရင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ကို တက်နိုင်သွားလိမ့်မယ်။"

အန်လင်း လှမ်းအော်လိုက်သည်။

"တမာန်တော်အန်လင်း... ရှင်...."

ဧဝမှာ အန်လင်းအား နားမလည်နိုင်စွာ ကြည့်ရှုလိုက်သည်။

"တမာန်တော်ကြီးက ကိုတို့ကိုသတ်ဖို့ မလုပ်ခဲ့ပါဘူး။ သူသာသတ်ချင်ရင် လက်တစ်ချက် လှုပ်လိုက်ရုံနဲ့ ဖြစ်တာပေါ့။ ဒီလောက်ထိ အလုပ်ရှုပ်စရာ လိုပါ့မလား။"

အာဒမ်မှာ ရုတ်ချည်းဆိုသလို နားလည်သွားပြီး အန်လင်းအား အရိုအသေ ပေးလိုက်သည်။

အန်လင်းမှာ အာဒမ်ကဲ့သို့ ဉာဏ်ရည်ကောင်းမွန်သူများကို သဘောကျသဖြင့် ခပ်ဖွဖွ ပြုံးလိုက်သည်။

"ငါကမင်းတို့ မိုးကြိုးကပ်ဘေး မခံယူခင် နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားစေချင်လို့ပါ။ ကျေးဇူးတင်စရာ မလိုပါဘူး။ မိုးကြိုးကပ်ဘေး ခံယူတာ ကံကောင်းပါစေ။"

သူသည် လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သန်းကာ ဆရာကြီးပုံစံ ဟန်ထုတ်နေသည်။

"သပလား....ဒီတစ်ချိန်လုံး ဟန်ဆောင်နေခဲ့တာလား.... သပဖြစ်လို့လား....သပစားလေးရဲ့။ ငါနဲ့အာဒမ်ကို မတော်တဆ သတ်မိသွားရင် ဘယ်လိုလုပ်မလဲ.... တော်တော်သောက်စိရှည်တယ်.... ငါတို့လင်မယားနှစ်ယောက် ဒုက္ခရောက်နေတာကိုကြည့်ပြီး ကျေနပ်ပီတိ ဂွမ်းဆီထိနေတာလား ဒေါင်းဇားလေး... နင့်ကို သပပဲ....သပပဲ"

ဧဝမှာ ဒေါသများ ပေါက်ကွဲလာတော့သည်။

အန်လင်း: "......."

ကြည့်ရတာ ဒီကုသနည်းက အလုပ်မဖြစ်ဘူးထင်တယ်.....

နောက်ထပ် သင်ခန်းစာ ပေးသင့်လား.....

ဧဝမှာ အန်လင်းအား ဆဲဆိုချင်သေးပါသော်လည်း အာဒမ်မှ တားဆီးထားသည်။

၎င်းတို့၏ နယ်ပယ်နှစ်ခုမှာ အချင်းချင်း တိုက်မိနေပြီးတော့ စတင်ပေါင်းစည်းလာတော့သည်။

ယင်းနှင့်ယန် စွမ်းအင်သည် ဆန့်ကျင်ဘက်နှစ်ခု ဖြစ်သည်။

သို့သော် တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီလှပေသည်။

ရွှေရောင်ယန်နယ်ပယ်နှင့် နက်ပြာရောင်ယင်းနယ်ပယ်တို့မှာ ဒိန်ချဉ်တစ်ဗူးနှင့် ဆင်တူသည်အထိ ရောယှက်ပေါင်းစည်းသွားကြသည်။

စွမ်းအင်စီးဆင်းမှုများမှာလည်း ပိုမိုအားကောင်းလာသောကြောင့် အန်လင်းသည်ပင် အံ့အားသင့်လာမိသည်။

ကောင်းကင်ထက်ရှိ မိုးကြိုးလျှပ်စီးများမှာလည်း စတင်နေရာယူလာသည်။

ဝုန်း.....

အဖြူရောင် လျှပ်စီးတစ်ခုမှာ အကန့်အသတ်မဲ့သော အလင်းရောင်များနှင့်အတူ ကောင်းကင်ထက်မှ ဆင်းသက်လာသည်။

ထိုမိုးကြိုးလျှပ်စီးထဲတွင် ကမ္ဘာပေါ်ရှိ အရာအားလုံးကို သန့်စင်စေနိုင်သော အစွမ်းများ ပါဝင်နေသည်ကို အန်လင်း အာရုံခံမိသည်။

ထိုမိုးကြိုးကပ်ဘေးသည် လွန်စွာသန့်စင်သည့်အပြင် အသင်္ချေမျှသော အခွင့်အရေးများလည်း ပါဝင်နေသည်။

ထို့နောက် မည်းနက်နေသော မိုးကြိုးလျှပ်စီးတစ်ခု ကျဆင်းလာလေသည်။

ထိုမိုးကြိုးလျှပ်စီးများသည် အလင်းများအားလုံးကို စုပ်ယူနိုင်လောက်အောင် မှေးမှိန်နေသောကြောင့် ပတ်ဝန်းကျင်ရှိ အရောင်အဝါများပင် ကျဆင်းကုန်ရသည်။

"ယီးထဲမှ....မိုးကြိုးကပ်ဘေး ပုံစံနှစ်မျိုးလား။"

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

အနက်ရောင်မိုးကြိုးထဲတွင် မရဏစွမ်းအင်များ ပါဝင်နေသည်ကို သူခံစားမိသည်။

သို့သော် မိုးကြိုးကပ်ဘေး ခံယူနေသည်မှာ လူနှစ်ဦး ဖြစ်သောကြောင့် အမျိုးအစား နှစ်ခုကွဲနေသည်မှာ မထူးဆန်းလှပေ။

၎င်းတို့သည် မွေးဖွားလာစဉ်တည်းက ကမ္ဘာကြီး၏ ကောင်းချီးများကို ရရှိထားသောကြောင့် မိုးကြိုးကပ်ဘေးမှာ အခြားသူများထက် ဆန်းကြယ်နေခြင်း ဖြစ်နေလိမ့်မည်။

အန်လင်းမှာ ထိုသည်ကို လက်ခံနိုင်ပေသည်။

သို့ပါသော်လည်း.......

မိုးကြိုးကပ်ဘေး ခံယူတာက သောက်ကျိုးနည်း လက်တွဲထားစရာ လိုလို့လား...

အာဒမ်နှင့်ဧဝမှာ လက်များအား တင်းကြပ်နေအောင် တွဲထားကြသည်။

အစကကြ သေအောင်ဖက်ထားတယ်....အခုကြ လက်ချင်းတွဲထားတယ်....သူတို့ရဲ့ နယ်ပယ်တွေကတောင် ပေါင်းစည်းသွားသေးတယ်....ယီးဖြစ်ချင်နေကြတာလား....

"မင်းတို့နှစ်ယောက် ဘာလို့လက်တွဲထားကြတာလဲ။ မိုးကြိုးကပ်ဘေး ခံယူတာကိုပဲ အာရုံစိုက်စမ်းပါ။"

အန်လင်းမှာ အထီးကျန်သော ခံစားချက်များ ဖြစ်ပေါ်လာရသည်။

အာဒမ်နှင့်ဧဝမှာလည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားလေသည်။

"အာ....တမာန်တော် အန်လင်း.....ကျွန်တော်တို့လည်း အခုလို ဖြစ်ချင်လို့ ဖြစ်နေတာ မဟုတ်ပါဘူး။ ထူးဆန်းတဲ့ အစွမ်းတစ်မျိုးကြောင့် မဖြစ်မနေ ထိကပ်နေရတာပါ။ ကျွန်တော်တို့လည်း ရွေးချယ်စရာ မရှိဘူးလေ။"

အာဒမ် သက်ပြင်းချကာ ရှင်းပြလိုက်သည်။

သူသည် သက်သေပြလိုသည့်အလား သူ၏လက်အား ဆွဲတင်လိုက်သည်နှင့် ဧဝ၏လက်မှာလည်း ကော်နှင့်ကပ်ထားသလို ကပ်ပါလာသည်။

အန်လင်း : "....."

ထားလိုက်ပါတော့လေ.....လုပ်ချင်ရာ လုပ်ကြပါစေတော့....

အဖျက်စွမ်းအင်များ ပါဝင်နေသော အနက်ရောင် မိုးကြိုးမှာ အာဒမ်ပေါ်သို့ ဆင်းသက်လာသည်။

မိုးကြိုးကပ်ဘေး စတင်ခဲ့လေပြီ။

လျှပ်စီးများကြောင့် အာဒမ်၏ ခန္ဓာကိုယ်မှာ တုန်ခါလာပြီးနောက် ဧဝထံသို့ ဆက်လက်စီးဝင်သွားသည်။

ဧဝမှာလည်း အာဒမ်နှင့်အတူ တုန်ရီနေတော့သည်။

ဝုန်း....

အဖြူရောင် မိုးကြိုးကပ်ဘေးမှာ ဧဝပေါ် ကျဆင်းလာသည်။

ဧဝမှာ တုန်ခါသွားပြီးနောက် ထုံးစံအတိုင်း လျှပ်စီးများ ဆက်လက်စီးဆင်းကာ အာဒမ်ပါ တုန်ခါလာသည်။

အန်လင်းမှာ အတူတူ ဒွန့်နေကြသော လင်မယားနှစ်ယောက်အားကြည့်ကာ မြင်ပြင်းကပ်လာရသည်။

ဧဝသည် အာဒမ်၏ မိုးကြိုးကပ်ဘေးကို ကူညီပေးနေပြီး အာဒမ်မှာလည်း ဧဝ၏ မိုးကြိုးကပ်ဘေးအား ဝေမျှခံစားပေးနေသည်။

ယီးထဲမှ....တစ်ခုဝယ် တစ်ခုလက်ဆောင် မိုးကြိုးကပ်ဘေးလား....

ထိုသည်မှာ ကြည့်ရမကောင်းပါသော်လည်း သူ့အားအမြင်ကျယ်စေသည်။

မိုးကြိုးလျှပ်စီးများမှာ အဖြူနှင့်အမည်း တစ်လှည့်စီ ဆက်လက်ကျဆင်းနေလေသည်။

အာဒမ်နှင့်ဧဝမှာ အကောင်းဆုံး ကြိုးစားကာ မိုးကြိုးကပ်ဘေးအား ခုခံနေကြသည်။

ဧဝမှာ ဒေါသတကြီး ဖြစ်မနေတော့ပဲ အာဒမ်မှာလည်း အားနည်းသောဟန်ပန်များ မရှိတော့ပေ။

၎င်းတို့နှစ်ဦး၏ အတူတကွ ကြိုးစားမှုဖြင့် မိုးကြိုးကပ်ဘေး ခံယူမှုမှာ အဆင်ပြေ ချောမွေ့နေခဲ့သည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ကူးပြောင်းလာသည်နှင့်အတူ အရှိန်အဝါများလည်း ပိုမိုအားကောင်းလာသည်။

သို့သော် မိုးကြိုးကပ်ဘေးမှာ ပို၍ပို၍ ပြင်းထန်လာသောကြောင့် အာဒမ်နှင့်ဧဝမှာ ခန္ဓာကိုယ်များ စုတ်ပြဲလာရသည်။

အချက်လေးဆယ်မြောက် အနက်ရောင် မိုးကြိုးကပ်ဘေး.....

အချက်လေးဆယ်မြောက် အဖြူရောင် မိုးကြိုးကပ်ဘေး....

လေးဆယ့်တစ်ချက်မြောက် အနက်ရောင် မိုးကြိုးကပ်ဘေး....

မိုးကြိုးကပ်ဘေး အစပိုင်းတွင် အရာအားလုံး ခါးသက်ချိုမြိန်နေခဲ့ပါသော်လည်း ယခုတွင်မူ နှစ်ဦးသားမှာ အံကြိတ်တောင့်ခံနေရလေပြီ။

လေးဆယ့်ခုနစ်ချက်မြောက် အနက်ရောင် မိုးကြိုးကပ်ဘေးမှာ အဖျက်စွမ်းအင် ကြမ်းတမ်းလွန်းသောကြောင့် ပေတစ်ရာပတ်လည်ရှိ အရာများအားလုံး အမှုန့်ဖြစ်သွားရသည်။

အာဒမ်၏မျက်နှာမှာ မည်းတူးနေပြီး သတိလစ်တော့မလို ဖြစ်နေလေပြီ။

"အာဒမ်..."

ဧဝ စိုးရိမ်စွာ အော်ဟစ်လိုက်သည်။

"ကို့ကိုလျစ်လျူရှုထား....မင်းရဲ့မိုးကြိုးကပ်ဘေးကိုပဲ အာရုံစိုက်...."

အာဒမ်မှာ ကူကယ်ရာမဲ့စွာ သွေးအန်လိုက်ရသည်။

ဝုန်း.....

လေးဆယ့်ခုနစ်ချက်မြောက် အဖြူရောင် မိုးကြိုးကပ်ဘေးနှင့်အတူ ဧဝ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ် လဲကျသွားတော့သည်။

၎င်းတို့နှစ်ဦးမှာ သေတော့မလို ဖြစ်နေသောကြောင့် အန်လင်း စိတ်ပူကာ လှမ်းအော်လိုက်သည်။

"အရှုံးမပေးနဲ့....မိုးကြိုးကပ်ဘေး နှစ်ချက်ပဲ ကျန်တော့တယ်။ အားတင်းထား...."

"သပလား...."

ဧဝ ပင်ပန်းနေလေပြီ။

"လေးခုတောင် ကျန်သေးတဲ့ဟာ...."

အာဒမ် အားယူကာ ပြောလိုက်သည်။

အန်လင်း: ".... "

သူမှန်တယ်ဟ.....

အန်လင်း အံကြိတ်ကာ စကားဆိုလိုက်သည်။

"အခုက ငြင်းနေရမယ့် အချိန်လား။ ဘာပဲဖြစ်ဖြစ် မင်းတို့အားတင်းထားရမယ်။"

"အာဒမ်....ငါသေသွားရင်တောင် နင်ကတော့ အသက်ဆက်ရှင်ရမယ်။"

"မင်းကို့ကို ဆူတာရိုက်တာတွေ စိတ်ထဲမထားပါဘူး။ ဒါပေမယ့် မင်းသာထားသွားရင် ကိုဘယ်လို အသက်ဆက်ရှင်ရမလဲ မသိတော့ဘူး။ အရင်ထွက်သွားရမယ့်သူက ကိုပဲဖြစ်ပါရစေ။"

"မဟုတ်ဘူး။ နင်အသက်ဆက်ရှင်ရမယ်။ ငါနင့်ကိုချစ်တယ်။"

"ကိုလည်းမင်းကို ချစ်ပါတယ် ဧဝရယ်။"

၎င်းတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ မျက်စိမှိတ်လိုက်ပြီးနောက် နှုတ်ခမ်းချင်း ထိကပ်ထားလိုက်ကြသည်။

အန်လင်းမှာ မျက်လုံးအပြူးသား ဖြစ်နေရလေပြီ။

နင့်မေကလွှား....မင်းတို့ကိုယ်မင်းတို့ မိုးကြိုးကပ်ဘေး ခံယူနေတယ်ဆိုတာရော သတိရသေးရဲ့လား.....

ဘာတွေလုပ်နေကြတာလဲ.....

အခုအချိန်ထိ တာအိုလက်တွဲဖော် မရသေးတဲ့ ငါ့ရဲ့ခံစားချက်ကိုရော ထည့်မတွက်ကြတော့ဘူးလား....

အန်လင်းမှာ ၎င်းတို့နှစ်ဦး မိုးကြိုးကပ်ဘေး ကျရှုံးပါစေဟု ဆုတောင်းပေးချင်လာသည်။

ကျေးဇူးပြုပြီးတော့ ဒင်းတို့နှစ်ယောက်ကို သေတဲ့ထိ မိုးကြိုးနဲ့ ဆော်ပေးလိုက်ကြပါ…

All Chapters