← Chapters

နယ်ပယ်ပြောင်းလဲခြင်း

Vol. 49 Ch. 679

နယ်ပယ်ပြောင်းလဲခြင်း

Vol. 49 Ch. 679

အန်လင်းမှာ မိုးကြိုးကပ်ဘေး ခံယူနေသူ နှစ်ဦးအားကြည့်ရင်း မျက်ရည်များ ဝိုင်းလာရသည်။

ဒီနှစ်ကောင်က မိုးကြိုးကပ်ဘေး ခံယူတာကို အာရုံမစိုက်ပဲ ဘာတွေလုပ်နေကြတာလဲ.....

လေးဆယ့်ရှစ်ချက်မြောက် အနက်ရောင် မိုးကြိုးကပ်ဘေးမှာ စတင်ရုပ်လုံးပေါ်လာသည်။

ကြောက်မက်ဖွယ် အမှောင်ထုများနှင့်အတူ အနက်ရောင် မိုးကြိုးကပ်ဘေးမှာ အာဒမ်၏ခေါင်းပေါ် ကျဆင်းလာတော့သည်။

လျှပ်စီးများမှာ အာဒမ်ထံမှတဆင့် ဧဝကိုပါ စီးဆင်းသွားသောကြောင့် နှုတ်ခမ်းချင်း အနမ်းပေးနေရင်း ဓာတ်လိုက်သလို ဖြစ်နေကြလေသည်။

အန်လင်းမှာ မျက်နှာတစ်ခုလုံး မည်းမှောင်လာရသည်။

မိုးကြိုးကပ်ဘေး ခံယူရတာ တော်တော်ပျော်နေပုံပဲ....

ကံဆိုးစွာဖြင့် အနက်ရောင် မိုးကြိုးကပ်ဘေးမှာ အာဒမ်နှင့်ဧဝတို့၏ အသက်အား မနှုတ်ယူနိုင်ခဲ့ပေ။ ထိုအစား ၎င်းတို့၏ အရှိန်အဝါများမှာ ပိုမိုအားကောင်းလာပြီး ပေါင်းစည်းနေသော နယ်ပယ်နှစ်ခုမှာလည်း ဖြည်းညင်းစွာဖြင့် မဟူရာအရောင် ပြောင်းလဲလာသည်။

အာဒမ်နှင့်ဧဝသည် သေဆုံးရတော့မည့် ချစ်သူနှစ်ဦးအလား နှုတ်ခမ်းချင်း ထိကပ်ကာ မျက်ဝန်းများ မှိတ်ထားကြဆဲ ဖြစ်သည်။

၎င်းတို့သည် မိုးကြိုးကပ်ဘေး အပါအဝင် အရာအားလုံးကို လျစ်လျူရှုထားသည်။

မိုးကြိုးကပ်ဘေးနှင့် သေခြင်းတရားသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနေပါစေ ၎င်းတို့၏ ချစ်ခြင်းမေတ္တာအား မနှောင့်ယှက်နိုင်ပေ။

၎င်းတို့သည် ချစ်ခင်ကြင်နာနေရင်းနှင့်ပင် သေဆုံးသွားကြရန် ဆုံးဖြတ်ထားသည်။

ဝုန်း....

အဖြူရောင် လျှပ်စီးမိုးကြိုးမှာ ဒေါသထွက်နေသော နဂါးတစ်ကောင်အလား ဧဝပေါ် သက်ဆင်းလာသည်။

အဖျက်စွမ်းအင်မှာ အာဒမ်နှင့်ဧဝအား လွှမ်းမိုးသွားပါသော်လည်း ၎င်းတို့နှစ်ဦးမှာ တင်းကြပ်စွာ ပွေ့ဖက်ထားဆဲ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့မသေကြသေးပေ။

သို့သော် နှစ်ဦးလုံးသည် အကန့်အသတ်သို့ ရောက်ရှိနေပြီး သေလုသေခင် ဖြစ်နေပြီဖြစ်ကြောင်း အန်လင်း ခံစားမိသည်။ ၎င်းတို့သည် အနမ်းပေးရန်ပင် အားမရှိတော့ပါသော်လည်း တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ထားကြဆဲပင်။

လေးဆယ့်ကိုးချက်မြောက် မိုးကြိုးကပ်ဘေးသည် အပြင်းထန်ဆုံး ဖြစ်သောကြောင့် ၎င်းတို့ခံနိုင်ရည်ရှိရန်ပင် မသေချာပေ။

ဝုန်း....

ကြည့်မိရုံနှင့်ပင် လောင်ကျွမ်းပြာကျသွားစေနိုင်သော အနက်ရောင် မိုးကြိုးကပ်ဘေးမှာ ကောင်းကင်ထက်တွင် စုဝေးလာသည်။ ထိုလျှပ်စီးမိုးကြိုးသည် ချက်ချင်းဆင်းသက်မလာပဲ အဖြူရောင် မိုးကြိုးကပ်ဘေးနှင့် ဖြည်းညင်းစွာ ပေါင်းစည်းသွားသည်။

ခရက်....ဇစ်....ဇက်.....

မိုးကြိုးကပ်ဘေးမှာ ယင်းယန်မိုးကြိုးအဖြစ် ပြောင်းလဲကာ ကြမ်းတမ်းလှသော အဖျက်စွမ်းအင်များ ဖြာထွက်လာသောကြောင့် မိုးကြိုးတိမ်တိုက်များပင် လွင့်ပြယ်သွားရသည်။

အရပ်မျက်နှာအစုံတွင်လည်း လေဆင်နှာမောင်းများ ဖြစ်ပေါ်လာကာ ရာသီဥတု အခြေအနေ ဆိုးရွားလာသည်။

အန်လင်းမှာ မိုးကြိုးကပ်ဘေးအား လေးနက်သော အမူအရာဖြင့်ကြည့်ကာ ဖြေရှင်းရန် နည်းလမ်းကို စဉ်းစားနေမိသည်။

ထိုမိုးကြိုးကပ်ဘေးသည် အလွန်အားကောင်းလွန်းသောကြောင့် အာဒမ်နှင့်ဧဝသည်ပင် သေဆုံးသွားနိုင်သည်။

"နာလေး....သူတို့ကို ဒဏ်ရာတွေ ပြန်ကောင်းသွားအောင် ကောင်းချီးပေးလိုက်လို့ရလား။ အဲ့ဒါမှ မိုးကြိုးကပ်ဘေးကို ခံနိုင်မှာ။"

အန်လင်း မေးမြန်းလိုက်သည်။

"ငါလုပ်ပေးလို့ မရဘူး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဝင်ရှုပ်လိုက်ရင် မိုးကြိုးကပ်ဘေးက ပိုဆိုးသွားလိမ့်မယ်။ သူတို့ကို လွှတ်ပေးထားတာပဲ ကောင်းလိမ့်မယ်။"

"ဒါပေမယ့် သူတို့သေတော့မယ်။"

အန်လင်း စိတ်မသက်မသာ ဖြစ်နေသည်။

သူသည် လျှပ်စီးခြယ်လှယ်နည်းစနစ်အားသုံးကာ မိုးကြိုးကပ်ဘေးအား သူ့ထံလွှဲလိုက်ရန်သာ တွေးတောနိုင်တော့သည်။ ထိုသည်မှာ အဖြေမဟုတ်ပါသော်လည်း အချိန်အချို့ ရနိုင်ပေလိမ့်မည်။

"အရမ်းလည်း စိတ်မလောပါနဲ့။"

တီနာ စကားဆိုလိုက်သည်။

"သူတို့ရဲ့ နယ်ပယ်တွေကို ကြည့်လိုက်ပါဦး။ အပြောင်းအလဲတွေ သတိမထားမိဘူးလား။"

အန်လင်း လှမ်းကြည့်လိုက်သောအခါ ၎င်းတို့၏ ပေါင်းစည်းနေသော နယ်ပယ်နှစ်ခုသည် ပို၍ပင် နက်မှောင်လာသည်ကို တွေ့လိုက်ရသည်။

ထို့နောက် အဖြူရောင်အလင်းတန်းတစ်ခု ဖူးပွင့်လာကာ အဖြူနှင့်အမည်း နယ်ပယ်အဖြစ် ပြောင်းလဲလာလေသည်။

ယင်းယန်မိုးကြိုးမှာလည်း မျှခြေအနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံး တုန်ခါလာပြီး ခရမ်းရောင် မြူခိုးများမှာ အာဒမ်နှင့်ဧဝအား လွှမ်းခြုံသွားတော့သည်။

၎င်းတို့၏ နယ်ပယ်မှာလည်း ယင်းယန်သင်္ကေတအဖြစ် ပြောင်းလဲကာ ကောင်းကင်ပေါ် ထိုးတက်သွားသည်။

ကောင်းကင်ထက်တွင် ရှိနေသော မိုးကြိုးကပ်ဘေးမှာလည်း နတ်ဘုရား၏ အပြစ်ဒဏ်အလား ကြမ်းတမ်းစွာ သက်ဆင်းလာသည်။

အာဒမ်နှင့်ဧဝမှာ တစ်ဦးကိုတစ်ဦး မလွှတ်တမ်း ဖက်တွယ်ထားကြလေသည်။

ဝုန်း....

မိုးကြိုးပေါက်ကွဲသံနှင့်အတူ ကမ္ဘာတစ်ခုလုံး လင်းထိန်သွားသည်။

ဆယ်ကီလိုမီတာပတ်လည်ရှိ ပတ်ဝန်းကျင် တစ်ခုလုံးလည်း တုန်ခါသွားရသည်။

အန်လင်းမှာလည်း မျက်လုံးအပြူးသား ဖြစ်နေရလေပြီ။

အဆုံးတွင်မူ မိုးကြိုးကပ်ဘေးအား ယင်းယန်သင်္ကေတမှ တားထားနိုင်ခဲ့သည်။

ထိုသည်သာမက ယင်းယန်သင်္ကတသည် မိုးကြိုးကပ်ဘေး၏ အစွမ်းများကို တဖြည်းဖြည်းချင်း စုပ်ယူကာ အရောင်အဝါများ ပိုမိုတောက်ပလာသည်။

ဘယ်လိုနယ်ပယ်ကြီးလဲ....သောက်ကျိုးနည်း ကြမ်းလိုက်တာ....

ဝုန်း.....

မိုးကြိုးကပ်ဘေးမှာ ကမ္ဘာကြီးထံမှ ပျောက်ကွယ်မသွားချင်သည့်အလား မြည်ဟည်းနေသည်။

သို့သော် ရွေးချယ်စရာ မရှိတော့ပဲ ယင်းယန်သင်္ကေတ၏ စုပ်ယူခြင်းကိုသာ ခံလိုက်ရလေသည်။

အာဒမ်နှင့်ဧဝမှာလည်း မျက်ရည်အဝဲသားနှင့် မြေပြင်ပေါ် လဲကျသွားတော့သည်။

အန်လင်းသည် ၎င်းတို့ထံ လျင်မြန်စွာသွားကာ ကုသရေးမန္တာန်များ ရွတ်ဆိုပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် တမာန်တော် အန်လင်း..."

ဧဝမှာ ကျေးဇူးတင်စကားဆိုကာ သတိလစ်သွားလေသည်။

အာဒမ်မှာမူ မည်သည့်စကားမှပင် မပြောလိုက်နိုင်ပေ။

အန်လင်းမှာ သက်ပြင်းချကာ ခေါင်းခါလိုက်မိသည်။

အာဒမ်နှင့်ဧဝသည် သူ့အားအမြင်ကပ်စရာ ကောင်းလောက်အောင် ခွေးစာကျွေးခဲ့ပါသော်လည်း သူ၏မျက်စိရှေ့တွင်ပင် အရွယ်ရောက်လာသူများ ဖြစ်သောကြောင့် လျစ်လျူရှု၍ မနေနိုင်ပေ။

အန်လင်းမှာ ၎င်းတို့နှစ်ဦးအား နန်းတော်ထံ ပြန်လည်ပို့ဆောင်ကာ ကလေးများကိုလည်း သေသေချာချာ စောင့်ရှောက်ပေးရန် မှာကြားခဲ့သည်။

နန်းတော်မှအပြန်တွင် တီနာသည် ပျော်ရွှင်နေဟန်ဖြင့် အန်လင်းဘေးသို့ ရောက်ရှိလာသည်။

"ဘီလူးအန်လင်း....အာဒမ်နဲ့ဧဝ အဆင့်တက်သွားလို့ ငါလည်းလုပ်နိုင်စွမ်းတစ်ခု ထပ်ရလာတယ်။"

"ဘယ်လိုအစွမ်းလဲ။"

အန်လင်း စိတ်လှုပ်ရှားသွားသည်။

တီနာသည် အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာ၏ ဖန်ဆင်းရှင် နတ်ဘုရားမ ဖြစ်ပါသော်လည်း အကြောင်းအမျိုးမျိုးကြောင့် စိတ်ရှိတိုင်း လုပ်မရနိုင်ပေ။

လူသားနှစ်ဦး၏ အဆင့်တက်ခြင်းသည် ကြီးကျယ်ခမ်းနားလှသော အပြောင်းအလဲတစ်ခု ဖြစ်သောကြောင့် တီနာမှာ အစွမ်းသစ်တစ်ခု ရရှိခဲ့ပုံ ရသည်။

"ဗလာနတ္ထိကနေ ဉာဏ်ရည်မြင့် သတ္တဝါတွေ ဖန်ဆင်းနိုင်ပြီ။"

တီနာ၏ မျက်ဝန်းလေးများမှာ တလက်လက် တောက်ပနေသည်။

"ဗလာနတ္ထိကနေ ဉာဏ်ရည်မြင့် သတ္တဝါ ဖန်ဆင်းနိုင်ပြီ...."

အန်လင်းမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။

All Chapters