← Chapters

နှစ်ဦးနှစ်ဖက် အဆင်ပြေခြင်း

Vol. 6 Ch. 76

နှစ်ဦးနှစ်ဖက် အဆင်ပြေခြင်း

Vol. 6 Ch. 76

အခန်း(၇၆) - နှစ်ဦးနှစ်ဖက် အဆင်ပြေခြင်း

ချန်းရှု၏ အကြံကို ကြားပြီးသွားသောအခါ ယဲ့ရှောင်ချန်း ခေတ္တစဥ်းစားလိုက်ပြီး မေးလိုက်သည်။

"အစ်ကိုကြီးချန်း ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေကို အခမဲ့ ချပေးမှာလား ရောင်းမှာလားဆိုတာ ကျွန်တော် သိလို့ရမလား။"

ဒါက အလွန်အရေးကြီးသည်။

သူ့ရဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်က များများစားစား  ထုတ်လုပ်၍ မရသောကြောင့်ဖြစ်သည်။

"အခမဲ့ပေါ့ကွ။ စားသောက်ဆိုင်တိုင်းမှာ ဆားရည်စိမ် ဟင်းသီးဟင်းရွက်ဆိုတာ နှုတ်မြိန်စာပဲ။ ပြီးတော့ အခမဲ့ ချပေးရတယ်။ ငါ့စားသောက်ဆိုင်က ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေက အခြားဆိုင်တွေထက် ပိုကောင်းရင် စားသုံးသူတွေ ပိုသဘောကျပြီး ပိုဆွဲဆောင်နိုင်လိမ့်မယ်။" ဟု ချန်းရှုက ပြန်ဖြေလိုက်သည်။

ယေဘုယျအားဖြင့် စားသောက်ဆိုင်တစ်ဆိုင်က စားသုံးသူများကို အဓိကဟင်းလျာနှင့် အထူးဟင်းလျာများမှတစ်ဆင့် ဆွဲဆောင်နိုင်သည်။

အထူးဟင်းလျာမရှိပါက စားသုံးသူများအတွက် ပြိုင်ဆိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ အထူးဟင်းလျာမရှိလျှင် အခြားဆိုင်တွင်သာ သွားစားကြမှာ ဖြစ်သည်။

အထူးဟင်းလျာများဖြင့် စားသုံးသူများ၏ သစ္စာရှိမှုကို ပျိုးထောင်ဖို့က ခက်ခဲလှသည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကဲ့သို့ နှုတ်မြိန်စာ တစ်ခုက စားသုံးသူများ၏ သစ္စာရှိမှုကို တိုးမြှင့်ပေးနိုင်သည့် အထူးဟင်းလျာ မဖြစ်လာနိုင်ပေ။

သို့သော် ယဲ့ရှောင်ချန်း၏ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက ပုံမှန်မဟုတ်ပါ။ ၎င်းတို့ကို စားသုံးပြီးနောက် သူစွဲလမ်းသွားပြီး အံ့သြဖို့ကောင်းလောက်သော အရသာကို အမြဲတမ်းအမှတ်ရနေတော့မည်ဖြစ်သည်။

အခြားဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို စားဖို့ မဖြစ်နိုင်တော့ပါ။

Food Cubeဆိုင်က ထိုကဲ့သို့ နှုတ်မြိန်စာမျိုးကို ပေးနိုင်ပါက သစ္စာရှိသော စားသုံးသူများစွာကို ရနိုင်လိမ့်မည်ဟု သူယုံကြည်နေသည်။

အဓိကဟင်းလျာနှင့် အထူးဟင်းလျာများက ပြိုင်ဘက်၏ ဟင်းလျာများလောက် မကောင်းနိုင်သော်လည်း ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကတော့ ယှဥ်ပြိုင်နိုင်လောက်သည်။

"အစ်ကိုကြီးချန်း စားပွဲတစ်ပွဲစာ ဟင်းလျာတွေရဲ့ ပုံမှန်စျေးက ဘယ်လောက်လဲလို့ ကျွန်တော် မေးလို့ ရမလား။"

ယဲ့ရှောင်ချန်းက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

"ယွမ် ၂၀၀ - ၃၀၀ အောက်နည်းတယ်။ ယွမ်ထောင်ကျော်တာတွေတော့ ရှိတတ်တယ်။"

ယဲ့ရှောင်ချန်းက ထိုမေးခွန်းများ ဘာကြောင့် မေးနေမှန်း ချန်းရှု မသိပေ။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို အခမဲ့ ပေးတာနဲ့များ သက်ဆိုင်နေမလား။

ဒါပေမယ့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက စျေးကြီးရင်တောင် အရမ်းတော့ မကြီးနိုင်လောက်ဘူးမလား။

ကံဆိုးသည်မှာ သူ မမှန်ခဲ့ပေ။

"ပြောရရင် စားပွဲတစ်လုံး ယွမ်ထောင်ကျော်ဖို့က ရှားတယ် မဟုတ်လား။ ပုံမှန်စားပွဲရဲ့ ကုန်ကျစရိတ်က ယွမ် ၃၀၀ - ၅၀၀ လောက်ရမယ်ဆိုရင် ဆားရည်စိမ်ဟင်းသီးဟင်းရွက်တွေကို နှုတ်မြိန်စာ အဖြစ်သုံးဖို့က အလုပ်မဖြစ်လောက်ဘူး။"

ယဲ့ရှောင်ချန်းက ခေါင်းခါပြီး ပြောလိုက်သည်။

"ဘာလို့လဲ။"

ချန်းရှုက ကြောင်သွားသဖြင့် မေးလိုက်သည်။

"အစ်ကိုကြီးချန်း ကျွန်တော် ခင်ဗျားကို ပြစရာရှိတယ်။"

ယဲ့ရှောင်ချန်းက ဖုန်းထုတ်လိုက်ပြီး တာ့ပေါင်ကို ဖွင့်ကာ သူ့အွန်လိုင်းစတိုးဆိုင်ဆိုင်ဆီ သွားလိုက်ပြီး ချန်းရှုအား ပေးလိုက်၏။

ချန်းရှုက သံသယများဖြင့် ဖုန်းကိုယူလိုက်ပြီး သိချင်စွာ ကြည့်လိုက်သည်။ ဖုန်းက ဘာဖြစ်လို့လဲ သူသိချင်နေခဲ့၏။

သူ စာဖတ်ပြီးသွားသောအခါ မျက်နှာပေါ်တွင် ထိတ်လန့်သွားသော မျက်နှာထား ပေါ်လာပြီး ကြက်သေသေသွားသော မျက်နှာထားလည်း ပေါ်လာသည်။ နောက်ဆုံးတော့ အံ့အားသင့်နေသော မျက်နှာမျိုးဖြင့် ယဲ့ရှောင်ချန်းကို ကြည့်လိုက်သည်။ အချိန်အတော်ကြာကြာအထိ ဘာမှ မပြောနိုင်ခဲ့ပေ။

"ဘာလို့လဲ၊ ဘာဖြစ်လို့ ဒီလောက် အရမ်းစျေးကြီးရတာလဲ။"

ချန်းရှုက စိတ်မချမ်းမြေ့စွာ မေးလိုက်သည်။

"အစ်ကိုကြီးချန်းလည်း ကျွန်တော့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို စားဖူးတာပဲ၊ စျေးကြီးရတဲ့ အကြောင်းအရင်းက အရသာကြောင့်ပဲ မဟုတ်ဘူး၊ အရေးကြီးဆုံးက ကုန်ကြမ်းတွေ၊ ထုတ်လုပ်မှု လုပ်ငန်းစဥ်တွေနဲ့ လိုအပ်တဲ့ အချိန်တွေကြောင့်ပါ။ အဲဒါကြောင့် ထုတ်ကုန်က အရမ်းမများဘူး။ ပြီးတော့ အဲဒါကြောင့်လည်း အွန်လိုင်းစတိုးဆိုင်ဆိုင်မှာ အသုံးပြုသူတစ်ယောက်ကို တစ်လ သုံးထုပ်ပဲ ဝယ်လို့ရတယ်လို့ ကျွန်တော် ကန့်သတ်ထားတယ်။"

ယဲ့ရှောင်ချန်းက ဆက်ပြောလိုက်သည်။

"ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်ကိုသာ စားသုံးသူတွေအတွက် နှုတ်မြိန်စာအဖြစ် သုံးလိုက်ရင် ဆားရည်စိမ် တစ်ပန်းကန်မှာ ပမာဏကလည်း ထပ်လျှော့လို့မရဘူး။ အနည်းဆုံး တစ်ထုပ်ရဲ့ တစ်ဝက်လောက်တော့ ထည့်ပေးရမှာပဲ။ တစ်ထုပ်ကို ၁၈၈ ယွမ်ဆိုတော့ ဆားရည်စိမ် ဟင်းသီးဟင်းရွက် တစ်ပန်းကန်နဲ့တင် ယွမ် တစ်ရာကျော် ကုန်နေပြီ။"

"ဒီလိုကိုး။"

ချန်းရှုက ခေတ္တစဥ်းစားလိုက်ပြီး နားလည်သွားသည်။

ဤကဲ့သို့ အရသာရှိသော ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကိုသာ လွယ်လွယ်ကူကူ လုပ်နိုင်လျှင် သူအံ့သြမိဦးမည်။

လောလောဆယ် ယဲ့ရှောင်ချန်းက သူ့စားသောက်ဆိုင်အတွက် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးနေ၏။ သူ့ဟင်းသီးဟင်းရွက်များကလည်း ထိပ်တန်းအဆင့်ဟု ဆိုနိုင်ပြီး အရသာကလည်း အလွန်ကောင်းမွန်လှသည်။

သူ့စားသောက်ဆိုင် စားဖိုမှူး၏ စကေးက သူများတွေလောက် မကောင်းသော်လည်း ဟင်းသီးဟင်းရွက်များ အရည်အသွေးကောင်းမှုကြောင့် ယှဥ်ပြိုင်နိုင်သည်။

သို့သော်လည်း စားသောက်ဆိုင်၏ အဓိက ဟင်းလျာများအများစုက အသားဟင်းများသာ ဖြစ်သည်။

ထို့ကြောင့် Food Cubeဆိုင်အတွက် ခက်ခဲသော အခြေအနေတစ်ခုကို ဖြစ်စေသည်။

"ညီလေးယဲ့ လောလောဆယ် ငါလည်း တကယ် ခက်ခဲနေလို့ပါကွာ။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေကို အမြင့်ဆုံးစျေး ၂၈၈ ယွမ်နဲ့ ဝယ်ပြီး မင်းက ရောင်းနှုန်းပမာဏကို မကန့်သတ်ရင်ကော ဘယ်လိုလဲ။"

ချန်းရှုက အံ့ကြိတ်ကာ ဆုံးဖြတ်ချက် ချလိုက်ပြီး ချက်ချင်းပြောလိုက်သည်။

စျေးကတော့ အလွန်ကြီးလွန်းသည်မှာ သံသယဖြစ်စရာမလိုပါ။

သို့သော် ဤဆားရည်စိမ် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုက အကန့်အသတ်ရှိပြီး အွန်လိုင်းစတိုးဆိုင်တွင်တောင် ဝယ်နိုင်သော ပမာဏက အကန့်အသတ် ရှိသည်။ စျေးနိမ့်နိမ့်ခေါ်ပြီး အကန့်အသတ်မရှိ ပို့ပေးရန် ပြောပါက ယဲ့ရှောင်ချန်းအတွက် အနေခက်စေသော အခြေအနေ ဖြစ်သွားမည်ဖြစ်သည်။

ထို့ကြောင့် စျေးကို အမြင့်ဆုံးသာ ကမ်းလှမ်းလိုက်သည်။

ဤနည်းလမ်းဖြင့် ယဲ့ရှောင်ချန်းသည် သူ့ကိုဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ထောက်ပံ့ပေးပါက အွန်လိုင်းစတိုးဆိုင်ဆိုင်ထက် ပိုရနိုင်မည်ဖြစ်သည်။ အွန်လိုင်းဆိုင်တွင် ပထမတစ်ထုပ်က အခမဲ့၊ ဒုတိယအထုပ်က ၁၈၈ ယွမ်ဖြစ်သဖြင့် သူ့ကမ်းလှမ်းချက်က ယဲ့ရှောင်ချန်းကို ယွမ်ရာချီကျော်ကျော် ပိုရစေလိမ့်မည်။

ဤကဲ့သို့ စျေးမြင့်မြင့် ပေးရသည့် အကြောင်းအရင်းက သူ တကယ့်ကို ကူရာကယ်ရာမဲ့ ဖြစ်နေသောကြောင့်သာပင်။

ထို့အပြင် ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကြောင့် သူ့ဆိုင် အလွန်ပြောင်းလဲသွားမည်ကိုလည်း ယုံကြည်ချက်ရှိသည်။

ချန်းရှုတစ်ယောက် ဤကဲ့သို့ စျေးမြင့်မြင့် ကမ်းလှမ်းသည်ကို ကြားပြီးသောအခါ ယဲ့ရှောင်ချန်း လန့်သွားပြီး ရောင်းချဖို့ ချက်ချင်း ဆုံးဖြတ်လိုက်သည်။ ဘာဖြစ်လို့ မရောင်းဘဲ နေရမှာလဲ။

ချန်းရှုကို ရောင်းချရခြင်းက ပိုမို တည်ငြိမ်ပြီး နာမည်လည်း အလွယ်တကူ ရစေမည် ဖြစ်သည်။

သူ ချက်ချင်း ကတိပေးလိုက်သည်။

Food Cubeကို ၂၅၈ ယွမ်စျေးဖြင့် အကန့်အသတ်မရှိ ထောက်ပံ့ပေးမည် ဖြစ်သည်။

သူ ယွမ် ၃၀ လျှော့လိုက်ရသည့် အကြောင်းအရင်းက ဒီစျေးကို တကယ်တတ်နိုင်သောကြောင့်ဖြစ်သည်။

အွန်လိုင်းပေါ်တွင် ယဲ့ရှောင်ချန်းက အခမဲ့ အထုပ်အစီအစဥ်ကို ဖျက်သိမ်းပြီး ပထမအထုပ်ကို ၁၈၈ ယွမ်၊ ဒုတိယအထုပ်ကို ၂၈၈ ယွမ်နှင့် တတိယအထုပ်ကို ၅၈၈ ယွမ်အထိ တင်ရောင်းရန် စဥ်းစားဖူးသည်။

နောက်ပိုင်းတွင် အခြေအနေအရ စျေးကို ထပ်မြှင့်ဦးမည်ဖြစ်သည်။

၂၅၈ ယွမ်က သိပ်စျေးမကြီးပါ။

အမှန်ပဲ။ အကန့်အသတ်မဲ့ဆိုတာကလည်း စားသောက်ဆိုင်၏ အော်ဒါအခြေအနေကို ကြည့်ပြီး ဆုံးဖြတ်ရမည် ဖြစ်သည်။

ဥပမာအားဖြင့် ယနေ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက် ၁၀ ထုပ် ရောင်းရပါက ဆားရည်စိမ် ဟင်းသီးဟင်းရွက် ၁၀ ထုပ်မှ ၁၅ထုပ်အထိ ပေးရမည်ဖြစ်သည်။

တစ်နည်းအားဖြင့် ထောက်ပံ့မှု လွန်ကဲခြင်းမျိုး ဖြစ်မည် မဟုတ်ပေ။

မှော်ဆားရည်စိမ်ပုလင်းဖြင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုက အကန့်အသတ်ရှိပြီး အွန်လိုင်းစတိုးဆိုင်ကို လက်လွှတ်ဖို့ကလည်း ယဲ့ရှောင်ချန်းအတွက် မဖြစ်နိုင်ပေ။

သို့သော် ဆားရည်စိမ် ဟင်းသီးဟင်းရွက် ထောက်ပံ့မှု တိုးမြှင့်ခြင်းက ယဲ့ရှောင်ချန်း၏ ဝင်ငွေကို အချိန်ခဏတာ တိုးတက်စေပါလိမ့်မည်။

နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေဖြစ်သည်။

ယဲ့ရှောင်ချန်းကော ချန်းရှုကော ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်များက Food Cubeဆိုင်အတွက် တည်မြဲသော အင်အား တစ်ခုဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြသည်။

ယဲ့ရှောင်ချန်းက အခြားနေရာများကို ပို့ဆောင်ပြီး စာရင်းလည်း ရှင်းရဦးမည်ဖြစ်သဖြင့် သူအကြာကြီး ဆက်မနေခဲ့ပေ။ ချန်းရှုကို ဆားရည်စိမ် ဟင်းသီးဟင်းရွက် ၁၀ ထုပ် ပေးခဲ့ကာ ထွက်သွားတော့သည်။

ချန်းရှုကလည်း ဒီအတိုင်း ငြိမ်မနေပေ။ မီးဖိုချောင်ထဲမှ စားဖိုမှူး များစွာကို ချက်ချင်း ခေါ်လိုက်သည်။

Food Cubeဆိုင်၏ ခေါင်းဆောင်စာဖိုးမှူးက ခန်းစစ်ဖူ ဖြစ်ပြီး ဝဝတုတ်တုတ် အသံကျယ်ကျယ် ဖြစ်သည်။

"ဘာဖြစ်တယ် မီနူးထဲမှာ ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို ထည့်ချင်တယ်လို့ ပြောနေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဆားရည်စိမ်ဟင်းသီးဟင်းရွက်ဆိုတာ နှုတ်မြိန်စာပဲကို အဓိကဟင်းလျာအဆင့်ထဲ ဝင်ဖို့ ဘယ်လို အဆင့်မီနိုင်မှာလဲ။ လုံးဝ မဖြစ်နိုင်ဘူး။"

ချန်းရှု၏ ကမ်းလှမ်းမှုကို ကြားသောအခါ ချက်ချင်း ခေါင်းခါလိုက်သည်။

အဓိက မီနူးထဲမှာ ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို ထည့်မယ်တဲ့လား။ ဟာသပဲ။

အခြား စားဖိုမှူးများသာ သိလျှင် သူ့ကို လှောင်ရယ်ကြမည်မဟုတ်ပါလား။

မီနူးက စားသောက်ဆိုင်၏ မျက်နှာစာ ဖြစ်ရုံတင်မကဘဲ စားဖိုမှူး၏ မျက်နှာစာလည်း ဖြစ်သည်။

သူ့မျက်နှာ အပျက်မခံနိုင်ပေ။

"လောင်ခန်း၊ ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို ခင်ဗျားကိုယ်တိုင် မြည်းကြည့်လိုက်ပါဦး။"

ချန်းရှုက ဒီခေါင်းမာသော စားဖိုမှူးကြီးကို သွေးဆောင်ဖို့က မဖြစ်နိုင်မှန်း သိသည်။

သူက ဘော့စ်ဖြစ်သော်လည်း မီးဖိုချောင်ထဲတွင်တော့ စားဖိုမှူးကိုသာ အားကိုးရမည်ကို သူသိသည်။

စားသောက်ဆိုင်ရှိ ဟင်းလျာများနှင့် ပတ်သက်၍ သူ ဝင်စွက်ဖက်တတ်သည်က ရှားသည်။

All Chapters