← Chapters

လူကြိုက်များခြင်း

Vol. 6 Ch. 77

လူကြိုက်များခြင်း

Vol. 6 Ch. 77

အခန်း(၇၇) လူကြိုက်များခြင်း

"ဒါ ဘယ်လို ဆားရည်စိမ် ဟင်းသီးဟင်းရွက်မျိုးလဲ။ ထုပ်ပိုးမှုကလည်း ညံ့ဖျင်းလိုက်တာ။"

ခန်းစစ်ဖူက ချန်းရှုလက်ထဲမှ ဆားရည်စိမ် ဟင်းသီးဟင်းရွက်ထုပ်ကို ကြည့်လိုက်ပြီး အထင်သေးသော မျက်နှာဖြင့် ပြောလိုက်သည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက ကောင်းသည်ဆိုလျှင်တောင် ဆားရည်စိမ် ဟင်းသီးဟင်းရွက်သက်သက်သာ ဖြစ်သည်။

အစားအသောက်လောကတွင် ဆားရည်စိမ် ဟင်းသီးဟင်းရွက် ဆိုသည်မှာ အဆင့်နိမ့် နှုတ်မြိန်စာသာဖြစ်ပြီး ပရော်ဖက်ရှင်အရည်အချင်းရှိ စားဖိုမှူးတစ်ယောက်က စိတ်ကူးထဲပင် မထည့်လောက်ပေ။

ချန်းရှုက အထုပ်ကို ဖွင့်လိုက်သောအခါ ပြောမပြနိုင်လောက်သည့် မွှေးရနံ့မျိုး ထွက်လာကာ စားဖိုမှူးအနည်းငယ်၏ မျက်နှာများက လုံးဝပြောင်းလဲသွားပြီး သံသယရှိသော မျက်နှာထားမျိုးများ ပေါ်လာကြသည်။

အမျိုးသမီးတစ်ယောက်၏ မွှေးရနံ့လိုမျိုး။

မွှေးရနံ့များမှတစ်ဆင့်လည်း ဟင်းလျာများကို အမျိုးအစား ခွဲခြားနိုင်သည်။

အရောင်နှင့် အနံ့အရသာ။

အလှတရားက လူတွေကို ပျော်ရွှင်စေပြီး ပေါ့ပေါ့ပါးပါး ဖြစ်စေနိုင်ပါသည်။

မွှေးရနံ့က အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပြီး ဗိုက်ဆာလာစေပါသည်။

အရသာက စားသုံးသူများ၏ ရသာဖူးများကို လှုံ့ဆော်ပြီး စားချင်စိတ် တိုးပွားစေသည်။

ထိုအချက်များထဲက တစ်ချက်လောက် လိုအပ်မှုရှိလျှင်တောင် ဟင်းလျာက ဆိုးဝါးသွားမည်ဖြစ်သည်။

ယခုတော့ အနံ့တစ်မျိုးတည်းနှင့်ပင် ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်က ထူးထူးခြားခြား ကောင်းမွန်နေလိမ့်မယ်ဟု သိနိုင်ပါသည်။

ခန်းစစ်ဖူ၏ မျက်နှာထားကတော့ မပြောင်းလဲသေးပေ။ သို့သော်လည်း သူ့လည်ချောင်းက လှုပ်ရှားနေပြီး သူ့မျက်လုံးနက်နက်ထဲတွင် စူးစမ်းလိုသော အရောင်များ တစ်လက်လက် ပေါ်နေသည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်၏ ရနံ့ကြောင့် သူလှုံ့ဆော်ခံလိုက်ရသည်။

သူ့ရဲ့ အစာစားချင်စိတ်နှင့် ရသာဖူးများ ထကြွလာသည်ကို ခံစားလိုက်ရသည်။

ဆယ်စုနှစ်များစွာ ချက်ပြုတ်လာခဲ့သော စီနီယာ စားဖိုမှူးတစ်ယောက်အနေဖြင့် သူ့ကို ဒီလို ခံစားမှုမျိုး ပေးစွမ်းနိုင်သော ဟင်းလျာမျိုးက မရှိသလောက်ရှားသည်။

ချန်းရှုက အထုပ်ကို ဖြေပြီးသွားသောအခါ စားပွဲပေါ်တွင် တင်လိုက်သည်။ သွားကြားထိုးတံတစ်ဘူးကို ယူလိုက်ပြီး ဘေးတွင် ချထားပေးလိုက်သည်။

ခန်းစစ်ဖူက ခေတ္တစဥ်းစားလိုက်ပြီးနောက် သွားကြားထိုးတံတစ်ချောင်းကိုယူကာ အထုပ်ထဲမှ သခွားသီးတစ်စိတ်ကို ထိုးယူလိုက်သည်။

သူက ချက်ချင်း မစားသေးပါ။ ပထမဆုံး ကြည့်လိုက်သည်။ ထို့နောက် အနံ့ရှူကြည့်၏။ ထို့နောက် ဂရုတစိုက် လေ့လာဆန်းစစ်ကြည့်သည်။ မာစတာစားဖိုမှူးတစ်ယောက် အနေဖြင့် ပြိုင်ဘက်ကင်းသော အရသာခံနည်းတစ်ခု ရှိသည်။

အရောင်အဆင်းကို ကြည့်ခြင်းအားဖြင့် ဤဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို ပြုလုပ်ခဲ့သော လူက ပြီးပြည့်စုံသော အဆင့်ကို ရောက်နေလောက်ပြီဖြစ်သည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များကို အရောင်ဆိုးထားရင်တော့ တစ်မျိုးပေါ့။ အချိန်ကြာကြာ သိမ်းထားသော ဟင်းသီးဟင်းရွက်များကို အရောင်မပြောင်းအောင်လုပ်ဖို့က အလွန်ခက်ခဲသည်။

အနံ့ကိုရှူကြည့်ခြင်းအားဖြင့် စွဲမက်စေသော ပစ္စည်းမျိုး ထည့်မထားသည်ကို သူအာမခံနိုင်သည်။

ဒါမျိုးက အလွန်ရှားပေ၏။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်၏ အရောင်ကို ကြည့်လိုက်ရုံနှင့် ရင်ထဲတွင် သက်ပြင်းချလိုက်မိပြီး ရှက်ရွံ့သွားမိသည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ၏ ရနံ့ကို ရှူသည့်ပုံစံမျိုးဖြင့် အသက်ဝဝ ရှူသွင်းလိုက်၏။

သူ့ပါးစပ်ထဲသို့ သခွားသီးကို ထည့်လိုက်သောအခါ သူ့အလိုလို မျက်လုံးကို မှိတ်သွားခဲ့သည်။ သူသည် ဖော်မပြနိုင်သော အရသာတစ်ခုကိုသာ ခံစားလိုက်ရပြီး သူ၏ အရသာခံဖူးများပေါ်တွင် ဒီအရသာက ရုတ်တရတ် ပေါက်ကွဲသွားပြီး အနှိုင်းမဲ့ ထက်ရှပြီး ကြွယ်ဝသော အရသာကမ္ဘာကြီးကို ဖြစ်ပေါ်လာစေသည်။

အခြားလူများကလည်း ခန်းစစ်ဖူကို ကြည့်နေကြသည်။

ချန်းရှုက အလွန်စိတ်လှုပ်ရှားနေ၏။ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက အရသာရှိမှန်း သူသိသော်လည်း ဟင်းလျာများကို အကဲဖြတ်သည့်နေရာတွင် ပရော်ဖက်ရှင်နယ် စားဖိုမှူးကြီးလောက် မတော်ပေ။

ထို့နောက် ခန်းစစ်ဖူက ပဲစေ့နှင့် ငရုတ်သီးတစ်တောင့်တို့ကိုလည်း စားလိုက်သည်။

သူက ဖြည်းဖြည်းချင်း ဝါးလိုက်ပြီး အချိန်အတော်ကြာမှ ချန်းရှုကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို ဘယ်သူ လုပ်တာလဲ။"

"လောင်ခန်း၊ ကျွန်တော်တို့ မီနူးထဲ ထည့်လို့ အဆင်ပြေမလား။"

ချန်းရှုက မဖြေဘဲ မေးခွန်းထပ်မေးလိုက်သည်။

"ရတာပေါ့၊ ပြဿနာမရှိဘူး။ ဒါက သာမန် ဆားရည်စိမ် ဟင်းသီးဟင်းရွက် မဟုတ်ဘူး။ အထွတ်အထိပ်ကို ရောက်နေတဲ့ ဟင်းလျာအစစ်အမှန်ပဲ၊ ငါလုပ်ရင်တောင် ဒီလောက် မကောင်းနိုင်ဘူး။"

ခန်းစစ်ဖူ၏ မျက်နှာပေါ်တွင် သန့်စင်သော တောက်ပမှု ပေါ်လာသည်။ အလွန်လေးစားအားကျမှုလည်း မျက်နှာပေါ်တွင် ပေါ်လာသည်။

စားဖိုမှူးတစ်ယောက်အဖို့ ချက်ပြုတ်သည့်စွမ်းရည်ပိုကောင်းသော စားဖိုမှူးတစ်ယောက်ကို ဆုံတွေ့ချိန်တွင် မနာလိုခြင်းထက် လေးစားအားကျခြင်းက ပိုများတတ်သည်။

ခန်းစစ်ဖူ၏ စကားများကို ကြားသောအခါ သူ စိတ်အေးစွာ သက်ပြင်းချမိသည်။

ထိုနေ့မှာပင် Food Cubeဆိုင်မီနူးထဲသို့ ထပ်ဆောင်း အမည်တစ်ခု ထပ်ထည့်လိုက်သည်။

ယဲ့၏ ဆားရည်စိမ်ဟင်းသီးဟင်းရွက်ဘုရင်

စျေးနှုန်း တစ်ပန်းကန်= ၈၈ ယွမ်

အမှန်ပင်။ ပန်းကန်ထဲက ပမာဏကတော့ အများကြီး မဟုတ်ပေ။ အထုပ်၏ သုံးပုံ တစ်ပုံလောက်သာ ဖြစ်သည်။

ထို့ကြောင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်တစ်ထုပ်ကို သုံးပိုင်းခွဲပြီး ၂၆၄ယွမ် ရရှိသည်။ ဝယ်စျေးက ၂၅၈ယွမ် ဖြစ်၏။

တစ်ထုပ်ကို အမြတ်ငွေ ၆ ယွမ်ရသည်။

ထို့အပြင် အခြေအနေရပ်တစ်ခုကိုလည်း သတ်မှတ်ထားသေး၏။ စားပွဲတစ်ခုကို တစ်ပန်းကန်သာ မှာယူနိုင်သည်။

ထိုနေ့မှာပင် စားသုံးသူဟောင်းများက အဓိက ဟင်းလျာများထဲတွင် အသစ်တစ်မျိုးကို တွေ့လိုက်ရပြီး စဥ်းစားမိသွားကြ၏။ အထူးသဖြင့် ဆားရည်စိမ် ဟင်းသီးဟင်းရွက်က အဓိက ဟင်းလျာထဲ ပါနေပြီး စျေးကလည်း မနိမ့်သောကြောင့်ပင်။

တချို့က သိချင်စိတ်ဖြင့် တစ်ပန်းကန် မှာစားကြည့်ကြ၏။

သခွားသီးတစ်စိတ်၊  ပဲသီးတစ်စေ့၊ ငရုတ်သီးတစ်တောင့်သာ ပါဝင်သော ပန်းကန်သေးသေးလေး တစ်ပန်းကန်ကို မြင်သောအခါ မတန်ဘူးဟု ခံစားခဲ့ရသည်။

စားကြည့်ပြီးမှသာ သူတို့စိတ်တွေ ပြောင်းလဲသွားကြပြီး ယဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်၏ အခိုင်အမာ ပရိသတ်များ ဖြစ်လာကြသည်။

ချန်းရှုသည် စားသုံးသူများ၏ အပိုတစ်ပန်းကန် မှာယူသော တောင်းဆိုချက်အားလုံးကို ငြင်းခဲ့သည်။ ဆားရည်စိမ်ဟင်းသီးဟင်းရွက်များ၏ ပမာဏက အကန့်အသတ်ရှိပြီး စားပွဲတစ်ခုကို တစ်ပန်းကန်သာ ပေးနိုင်သည်ဟုဆိုသည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက် နောက်တစ်ပန်းကန် စားရဖို့ ဉာဏ်နီဉာဏ်နက်များသူများက နောက်ထပ်စားပွဲတစ်ပွဲစာ ဟင်းလျာများ ထပ်မှာယူခဲ့သည်။

ဒီနည်းလမ်းဖြင့် Food Cube၏ ပရိုမိုးရှင်းအကြောင်း တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ကြားပြီး ယဲ့ဆားရည်စိမ်ဟင်းသီးဟင်းရွက်များက စားသုံးသူများစွာကို ဖိတ်ခေါ်ပေးခဲ့သည်။

ရက်အနည်းငယ်အတွင်း Food Cube ဆိုင်အတွင်း စားသုံးသူပမာဏက အလွန်များပြားစွာ ထိုးတက်သွားခဲ့သည်။

သူတို့က ဆားရည်စိမ် ဟင်းသီးဟင်းရွက်ကို စားဖို့ Food Cubeကို လာခဲ့ခြင်းဖြစ်သည်။

ချန်းရှုက အလွန်အံ့အားသင့်သွားသည်။ သို့သော် စိတ်မသက်သာစွာ သက်ပြင်းချမိပါသည်။

ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက သူထင်ထားသည်ထက် အလွန် စွမ်းအားပိုကြီးနေသည် မဟုတ်ပါလား။

........

Food Cube၏ အဓိကမီနူးပေါ်ရှိ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များက စားသုံးသူများစွာကို ဆွဲဆောင်နိုင်ခဲ့သည့်အကြောင်း ယဲ့ရှောင်ချန်း သိပ်ပြီးမအံ့ဩပေ။

ထိုဟင်းလျာက သာမန်ဆားရည်စိမ် ဟင်းသီးဟင်းရွက်အဆင့်ထက် ကျော်လွန်ပြီး အဓိကဟင်းလျာတစ်ခု အမှန်တကယ် ဖြစ်လာခဲ့သည်။

လက်ရှိတွင် Food Cubeမှ ဆားရည်စိမ်ဟင်းသီးဟင်းရွက် ကုန်ဆုံးနှုန်းက အွန်လိုင်းစတိုးဆိုင်ပေါ်မှ ရောင်းအားထက် ကျော်လွန်သွားပြီဖြစ်သည်။

ယခု အွန်လိုင်းပေါ်မှ ရောင်းချမှုက တစ်ဒါဇင်မှ တစ်ရက်ကို အထုပ် ၂၀ အထိ ရှိလာသည်။

Food Cube၏ မှာယူမှုကလည်း တစ်ရက်ကို အထုပ်၄၀ ကျော်သွားသည်။

သူ ကြိုတင်ထုတ်လုပ်ထားသော ဆားရည်စိမ်ဟင်းသီးဟင်းရွက်များသာ မရှိလျှင် ရောင်းအားကို ဆားရည်စိမ်ဟင်းသီးဟင်းရွက် ထုတ်လုပ်နှုန်းက လိုက်မီနိုင်မည်မဟုတ်ပါ။

အခြားနည်းလမ်း မရှိတော့ကြောင်း သိသဖြင့် ယဲ့ရှောင်ချန်းက အွန်လိုင်းစတိုးဆိုင်တွင် နောက်ထပ်စည်းမျဥ်းတစ်ခု သတ်မှတ်လိုက်သည်။ တစ်ရက်ကို အထုပ် ၃၀ သာ အော်ဒါလက်ခံတော့သည်။

ဝယ်သူများ ကျေနပ်နပ် မကျေနပ်နပ် ယဲ့ရှောင်ချန်းကတော့ ဂရုမစိုက်ပေ။

ဆားရည်စိမ်ဟင်းသီးဟင်းရွက်များ ရောင်းအားအရ ယဲ့ရှောင်ချန်းသည် တစ်ရက်ကို ယွမ် ၁၀,၀၀၀ ခန့် ရနိုင်ပြီး ဒါကလည်း ခန့်မှန်းခြေသာဖြစ်သည်။

အဲဒါနဲ့ ယှဥ်ရင် သူ့ခြံကရတဲ့ ဝင်ငွေက ပြောပလောက်စရာမရှိပါဘူး။

သို့သော်လည်း အနားယူမည့်အစား ယဲ့ရှောင်ချန်းက သူ့အားထုတ်မှုကို စိုက်ပျိုးရေးခြံအတွက်သာ မြှုပ်နှံထားလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ့အခြေခံအုတ်မြစ်က စိုက်ပျိုးရေးခြံက စတင်ခဲ့သည် မဟုတ်ပါလား။

ဆားရည်စိမ်ဟင်းသီးဟင်းရွက်ဆိုသည်မှာ စိုက်ပျိုးရေးခြံမှ ထွက်သော အပိုထုတ်ကုန်ပစ္စည်းတစ်ခုသာ။

စိုက်ပျိုးရေးခြံ၏ တိုးတက်မှုကြောင့် ဆားရည်စိမ်ဟင်းသီးဟင်းရွက်ကဲ့သို့ သူ့အမြတ်ငွေများကို တိုးမြင့်စေသော ထုတ်ကုန်များ ရှိလာနိုင်သေးသည်။

ယဲ့ရှောင်ချန်းက အင်မော်တယ်မြေမှ ထွက်လာပြီး ပင်ပန်းနေပုံရသည်။

စွမ်းရည်လမ်းညွှန်ခြင်း နည်းလမ်းက သူ့စိတ်ဝိညာဥ်ကို အလွန်နွမ်းနယ်စေပါသည်။

သို့သော်လည်း နေ့တိုင်းအချိန်ယူပြီးလုပ်ဖြစ်သည်။

ယဲ့ရှောင်ချန်းသည် အိမ်သို့ပြန်ရောက်သောအခါ တွေ့ကြုံခဲ့ရသည်ကို မှတ်စုစာအုပ်ထဲ ရေးမှတ်ထားသည်။

အချိန်အကြာကြီးနေမှ မျက်ခုံးများကို နှိပ်နယ်ရင်း မှတ်စုစာအုပ်ကို ပြန်ပိတ်လိုက်သည်။

သူ အိပ်ရာပေါ်တွင်ထိုင်ပြီး အိပ်တော့မည်အပြုတွင် ရုတ်တရက် ဘွိုင်လာအိုးထဲမှ လှုပ်ရှားမှုတစ်ခုခုကို ခံစားလိုက်ရသည်။

ဖန်သားမှတစ်ဆင့် ဘွိုင်လာအိုးအတွင်းရှိ အခြေအနေကို သူမြင်နေရသည်။

ဝတ်မှုန်ကူး ပျားဥငယ်လေးသည် သွေးကြောများဖြင့် လုံးဝ ဖုံးလွှမ်းနေပြီဖြစ်ပြီး သွေးနီရောင် ဥတစ်လုံးလို ဖြစ်လာပြီဖြစ်သည်။

"မကြာခင် ဥပေါက်တော့မယ်ထင်တယ်။"

ယဲ့ရှောင်ချန်းက အချိန်ကို တွက်ချက်ကြည့်လိုက်သည်။

ဝတ်မှုန်ကူး ပျားဥအတွက် ပြုလုပ်ပေးခဲ့သည့် အာဟာရပျော်ရည်က အဆင့်နိမ့်လွန်းသောကြောင့်  ဝတ်မှုန်ကူး ပျားဥပေါက်ချိန်က ပုံမှန်ထက် ပိုကြာသည်။

ကံကောင်းစွာဖြင့် ပျိုးထောင်သည့် လုပ်ငန်းစဥ်အတွင်း ထင်မှတ်မထားတာမျိုး ဘာမှမဖြစ်ခဲ့ဘဲ ဝတ်မှုန်ကူး ပျားဥကလည်း ပုံမှန်အတိုင်းပဲ ရှိနေသည်။ ထို့ကြောင့် သူစိတ်အေးရသည်။

သူစဥ်းစားနေတုန်းမှာပင် ရုတ်တရက် တည်ငြိမ်နေသော ပျားဥမှာ လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။

တခါတရံ ပေါ်လာတတ်တဲ့ ပူဖောင်းတွေလည်း မထွက်တော့ဘူး။

လေပူဖောင်းများ မပေါ်လာရခြင်းက ဖြစ်နိုင်ခြေ သုံးမျိုးရှိသည်။ တစ်အချက်သည် အာဟာရပျော်ရည်ထဲက အာဟာရများ မလုံလောက်ခြင်း၊ နှစ်အချက်သည် ဥက ပေါက်ခါနီး အရေးပေါ်အခြေအနေဖြစ်နေသောကြောင့်ဖြစ်ပြီး တတိယဖြစ်နိုင်ခြေကတော့ ဥမှာ ဆိုးရွားသော အခြေအနေမျိုး ရင်ဆိုင်နေရခြင်း ဖြစ်သည်။

လက်ရှိအခြေအနေကို ကြည့်လိုက်တော့ အာဟာရပျော်ရည်၏ အရောင်က မည်းနက်နေဆဲဖြစ်ပြီး မနေ့ကမှ သူ လဲလှယ်ပေးထားခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဥကလည်း ပုံမှန်အတိုင်းပဲ ရှိနေပြီး ဘာမှဆိုးဆိုးရွားရွား မဖြစ်သေးကြောင်း တွေ့ရသည်။

ပိုအရေးကြီးသည်က ထိုပျားဥ လှုပ်ရှားသွားသည်ကို သူမြင်လိုက်ရ၏။

အမှန်ပင် လှုပ်ရှားသွားခဲ့သည်။

နောက်တစ်ခေါက် ဥထပ်လှုပ်ရှားသွားသောအခါ ယဲ့ရှောင်ချန်း အံ့သြသွားသော မျက်နှာထားမျိုး ပေါ်လာခဲ့သည်။

ဝတ်မှုန်ကူးပျားဥက သားပေါက်တော့မည့် အရေးပေါ်အခြေအနေသို့ ရောက်နေခြင်းသာဖြစ်သည်။

ပိုးလောင်း အရွယ်ရောက်လာလေပြီ။

All Chapters