← Chapters

မီးရှို့ခြင်း

Vol. 6 Ch. 88

မီးရှို့ခြင်း

Vol. 6 Ch. 88

အခန်း(၈၈) -မီးရှို့ခြင်း

"မစ္စတာယဲ့ရှောင်ချန်းက ဆီသုတ်ထားတဲ့ ဒီသစ်ပင်ကို စီးကရက် မီးခြစ်နဲ့ မီးရှို့မလို့လား။"

လီယန် မေးလိုက်ရသည်။

ဖူဆန်သစ်ပင်ကို မီးရှို့ဖို့တဲ့။ တကယ်ပဲ အလုပ်ဖြစ်ပါ့မလား။

သစ်ပင်တစ်ပင်လုံး ပြာကျမသွားနိုင်ဘူးလား။

ရူးသွပ်လိုက်သည့် အကြံတစ်ခုဖြစ်ပါသည်။

ဖူဆန်သစ်ပင်က နိုင်ငံတော်ပိုင် ရတနာတစ်ခု ဖြစ်သည်။

မီးလောင်သွားပါက မည်သူက တာဝန်ယူမည်နည်း။

သဘာဝအတိုင်း ဆွေးမြေ့သွားသည်ဆိုရင်တောင် ဘာမှမလုပ်နိုင်ပါ။ သို့သော် ယခု ယဲ့ရှောင်ချန်းက ဖူဆန်သစ်ပင်ကို မီးရှို့ချင်နေသည်။

လူတစ်ယောက်ကတော့ ဘယ်လိုမှ လက်ခံနိုင်မည်မဟုတ်ပါ။

"ကျွန်တော် မီးမရှို့ဘူးရင် ဆီတောင်းပြီး မီးခြစ်နဲ့ ဘာလုပ်ရမှာလဲ။"

ယဲ့ရှောင်ချန်းက လူအုပ်ကြီး၏ မျက်နှာထားကို မြင်ကာ မနေနိုင်ဘဲ ပြုံးပြီး မေးလိုက်သည်။ "တကယ်တော့ ခင်ဗျားတို့ စိတ်ပူစရာ မလိုပါဘူးဗျာ။ ဖူဆန်သစ်ပင်က မီးမလောင်ပါဘူး။"

"အဲ့တာ သစ်ပင်လေ။ သတ္တုမှ မဟုတ်တာ။"

ပညာရှင်ကြီးယန်၏ မျက်နှာက ဒေါသဖြင့် တောက်လောင်နေလေပြီ။

အခြားသူများလည်း ရယ်ရခက် ငိုရခက်ဖြစ်နေ၏။

လီထျင်ထျင်က ရုတ်တရက် ခံစားလိုက်ရသည်။ သူမ တကယ်ပဲ ယဲ့ရှောင်ချန်းကို ယုံကြည်သင့်သလား။

"မစ္စတာလီ ခင်ဗျား ဆုံးဖြတ်ပါ။ သစ်ပင်ကို မီးမရှို့စေချင်ရင် ကျွန်တော် ဒီအတိုင်း ထားခဲ့ပေးမယ်။ ကျွန်တော် ဒီဆေးအတွက် ငွေတွေ အများကြီး ကုန်ထားခဲ့တာ၊ အဲ့အတွက်တော့ ခင်ဗျား ကျွန်တော့်ကို အလျော်ပြန်ပေးရမယ်။"

ယဲ့ရှောင်ချန်းက ပခုံးတွန့်ကာ ပြောလိုက်သည်။

ဖူဆန်သစ်ပင်ကို မီးရှို့ခြင်းက တကယ်ပဲ ကြောက်ဖို့ကောင်းလှသည်ဟု ဆိုနိုင်ပါသည်။

သူ ဖူဆန်သစ်ပင် အစိတ်အပိုင်း တစ်ခုလောက် ယူမသွားနိုင်တာတော့ နှမြောဖို့ ကောင်းလှပါသည်။

လီယန်သာ ဆန္ဒမရှိလျှင် သူ့တွင် ရွေးချယ်စရာမရှိတော့ပါ။

ဒီဖူဆန်သစ်ပင်က နိုင်ငံတော်ပိုင် ရတနာဖြစ်သဖြင့် သူ ယူသွားလို့လည်း မရပါ။ သူ့တွင် ထိုကဲ့သို့ အစွမ်းအစမျိုးလည်း မရှိပါ။

လီယန်က တွန့်ဆုတ်နေသည်။

သူ့ရင်တွေလည်း တဒုန်းဒုန်း တုန်ခါနေ၏။

သူဖူဆန်သစ်ပင်ကို တကယ်ပဲ ကယ်တင်ချင်ပါသည်။

သို့သော်လည်း ယဲ့ရှောင်ချန်းကို ခွင့်ပြုပေးလိုက်ပါက ဖူဆန်သစ်ပင် ပြာကျမသွားနိုင်ဘူးလား။

သူ နိုင်ငံတော် ရာဇဝတ်သား ဖြစ်မလာနိုင်ဘူးလား။

"ယဲ့ရှောင်ချန်း မင်းအာမခံနိုင်လား။"

လီယန်သည် ရုတ်တရက် ယဲ့ရှောင်ချန်းကို ကြည့်ကာ လေးနက်သောအသံဖြင့် မေးလိုက်သည်။

လီထျင်ထျင်က တကယ်အံ့အားသင့်သွားပြီး သူမ၏ အဘိုးကို ကြည့်လိုက်သည်။ သူ့အဖိုး၏ စရိုက်ကို သူမ သိပါသည်။

မာဝမ်သွေ့သင်္ချိုင်းကို တူးဖော်ပြီးစဥ်ကတည်းက အဘိုးတစ်ယောက်တည်းကသာ  ထိုလီကန်သင်္ချိုင်းဂူက မူရင်းဂူ မဟုတ်မှန်း ပြောနိုင်ခဲ့ပါသည်။

ထိုအချိန်က ဘယ်သူက သူ့ကို ယုံခဲ့သနည်း။

နောက်ဆုံးတော့ အဘိုးက ရှေးဟောင်း သုတေသနပညာကို နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်တည်း လေ့လာပြီးမှ ဂူအစစ်ကို တူးဖော်နိုင်ခဲ့သည်။

သူမ၏ အဘိုးကို သူမ တားချင်မိသည်။ ဘာပဲဖြစ်ဖြစ် စွန့်စားလွန်းရာ ကျသည် မဟုတ်ပါလား။

သို့သော် သူမပါးစပ်ကိုဟဖို့ ကြိုးစားလိုက်သောအခါ မဟနိုင်ဘဲ ယဲ့ရှောင်ချန်းကို ကြည့်ကာ သူ့ကိုတစ်ခေါက်လောက် ထပ်ယုံကြည်လိုက်သင့်သည်ဟူသော ထူးထူးဆန်းဆန်း ခံစားချက်မျိုး ဝင်လာသည်.။

"အာမခံလားဆိုတော့... အင်း၊ ကျွန်တော် အာမခံနိုင်ပါတယ်။ မေးခွန်းကတော့ ကျွန်တော့်ကို ခင်ဗျားတို့ ယုံမှာလား မယုံဘူးလားဆိုတာပဲ။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။

"ယဲ့ရှောင်ချန်း ဒီဖူဆန်သစ်ပင်က နိုင်ငံတော်ပိုင် ရတနာဆိုတာ မင်းကို ထပ်သတိပေးလိုက်မယ်။ ဒီသစ်ပင် ပြာကျသွားရင် မင်းပဲ တာဝန်ယူရမှာ၊ ဟုတ်တာပေါ့၊ ငါလည်း ပါတာပေါ့။ ဒါက မင်းတစ်ယောက်တည်း တတ်နိုင်တဲ့အရာမျိုးမှ မဟုတ်တာ။"

လီယန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ဒါ ပေါ့သေးသေးကိစ္စ မဟုတ်ပါ။

အနာဂတ်နှင့် ဆက်နွယ်နေသော ကိစ္စမျိုး ဖြစ်သည်။

ဒီဖူဆန်သစ်ပင်ကတော့ ဗဟိုအစိုးရနှင့်ပင် အရေးပါစွာ ဆက်နွယ်နေသည်။

မဟုတ်လျှင် ထိပ်တန်း ပညာရှင်ကြီးယန်က ဒီကို ဘာကြောင့် လူကိုယ်တိုင် လာခဲ့မည်နည်း။

"ဒါရိုက်တာလီ ခင်ဗျား သူ့ကို တကယ်ပဲ ယုံကြည်တော့မှာလား။"

ပညာရှင်ကြီးယန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သူ ဇဝေဇဝါ ဖြစ်နေလေပြီ။

ဒီနည်းလမ်းက သေချာပေါက် သိပ္ပံအမြင်နှင့် မဖြစ်နိုင်သော်လည်း ဘာကြောင့် လီယန်က သဘောတူနေသလဲ သူ စဥ်းစားနေမိသည်။

"ကျုပ်တို့လို ရှေးဟောင်းသုတေသန ပညာရှင်တွေအတွက် ရှေးဟောင်းပစ္စည်းတွေရဲ့ တန်ဖိုးဆိုတာ ပစ္စည်းထဲမှာပဲရှိတာမဟုတ်ဘူး။ သူသယ်ဆောင်တဲ့ အတိတ်နဲ့ သမိုင်းကြောင်းတွေမှာပါ ရှိတယ်။ ကျုပ်တို့ အဲ့တာတွေကို မလေ့လာရင် ဒီအတိုင်း သေနေတဲ့ ပစ္စည်းတစ်ခုသက်သက်ပဲ။ ဒါဆိုရင် အဲ့ဒီရှေးဟောင်းပစ္စည်းရဲ့ တန်ဖိုးက ဘယ်မှာ ရှိတော့မှာလဲ။"

လီယန်က စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။ "မစ္စတာယဲ့ရှောင်ချန်း ပြောသလိုပဲ ဒီသစ်ပင်သေသွားရင်လည်း ပြာဖြစ်သွားမှာပဲ။ ကျုပ် ကြိုးစားကြည့်ပြီး အပြစ်တင်ခံရမယ်ဆိုရင်လည်း အပြစ်တင်ပဲ ခံလိုက်မယ်။ ဒီသစ်ပင် ရှင်သန်ဖို့အတွက် ဘယ်လိုအခွင့်အရေးမျိုးကိုမဆို ကြိုးစားကြည့်ရမှာပဲ။"

"ကောင်းပါပြီ။ ဒါရိုက်တာလီလည်း သဘောတူပြီးပြီဆိုတော့ ကျုပ်လည်း သဘောတူပါတယ်။ တကယ်လို့ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင် ကျုပ်တို့ တာဝန် အတူတူ ယူကြတာပေါ့။”

လီယန်၏ စကားလုံးများကို ကြားပြီးသွားသောအခါ ပညာရှင်ကြီးယန် လေးစားသွား၏။

လီယန်က ရှေးဟောင်းပစ္စည်းများကို ရှာဖွေခြင်းတွင် သူ့ဘဝကို နှစ်မြှုပ်ထားသည်။

ပညာရှင်ကြီးယန်ကတော့ အပင်များကို ရူးသွပ်၏။

မဟုတ်လျှင် ယနေ့လို အောင်မြင်နေနိုင်မည် မဟုတ်ပါ။

ထို့ကြောင့် ဘာကြောင့် လောင်းကြေး မထပ်ကြည့်ရမှာလဲ။

သူသာ လောင်းကြေးကို နိုင်သွားလျှင် သူတို့ တစ်ပင်တည်းသာရှိသော ဖူဆန်သစ်ပင်ကို ကယ်တင်နိုင်မှာပဲ မဟုတ်ဘူးလား။

သူတို့ လောင်းကြေး ရှုံးသွားရင်ကော။

ဘာ အရေးစိုက်စရာလဲ။

ထိုနေရာမှ တခြားလူများက တိတ််ဆိတ်နေကြသည်။

သူတို့ကိုတော့ မတားကြတော့ပါ။

လီယန်နှင့် ပညာရှင်ကြီးယန်တို့ သဘောတူပြီးသွားပြီ ဆိုသဖြင့် သူတို့ တားရင်လည်း အသုံးမဝင်တော့ပါ။

ကျန်းဖျင်က လီယန်နှင့် ပညာရှင်ကြီးယန်ကို ကြည့်လိုက်သည်။ သူက တစ်ခုခုကို ပြောချင်နေသော်လည်း ပါးစပ်မဟခဲ့ပါ။

"ကျုပ်လည်း တာဝန်ယူပါ့မယ်။"

ကျန်းခယ့်ချင်းက ရုတ်တရက် ပါးစပ်ဟကာ ပြောလိုက်သည်။

သူက ယဲ့ရှောင်ချန်း၏ အစွမ်းအစကို တကယ်ယုံကြည်ပါသည်။

"ကျွန်မလည်း သဘောတူတယ်။"

လီထျင်ထျင်က စိတ်ထဲမှ သတ္တိကို ထုတ်ပြီး အသုံးချကာ ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက ဖူဆန်သစ်ပင်ကို တကယ်ပဲ ကုသပေးနိုင်လိမ့်မည်ဟု ခံစားနေရပါသည်။

ဒါက တကယ့်ကို ထူးဆန်းသော မသိစိတ်ဖြစ်ပါသည်။

"ခင်ဗျားတို့ကောလား"

ယဲ့ရှောင်ချန်းက အနည်းငယ် အံ့အားသင့်သွားသည်။ လီယန်တွင် ထိုကဲ့သို့ သတ္တိမျိုး ရှိလိမ့်မည်ဟု မထင်ထားပါ။

မကြိုးစားကြည့်ဘဲ နေမည့်အစား အနာဂတ်ကို ဆုံးရှုံးပြီး နာမည်အပျက်ခံမည်ဖြစ်သည်။

သူ့ကိုပိုအံ့အားသင့်သွားစေသည့်အရာက ပညာရှင်ကြီးယန််၏ ပြတ်သားသော တုန့်ပြန်မှုဖြစ်ပါသည်။

ဒီအဘိုးကြီးများကို သူအထင်သေးမိပြီ ထင်သည်။

သူတို့၏ ခံစားချက်များကို ယဲ့ရှောင်ချန်း နှိုးဆွပေးနိုင်ခဲ့သည်။

"ယုံကြည်ပေးကြလို့ ကျေးဇူးတင်ပါတယ် စိတ်မပျက်စေရပါဘူး"

ယဲ့ရှောင်ချန်း မျက်နှာက တည်ကြည်လာသည်။

ယခုတော့ သူ့တွင် ဖူဆန်သစ်ပင်ကို ကယ်တင်ရမည့် တာဝန်ကြီးတစ်ခုသာမကဘဲ လီယန်၏ ယုံကြည်မှုကိုပါ ကာကွယ်ရမည့် တာဝန်ကြီးရှိနေပြီဖြစ်သည်။

မကြာမီ ဥက္ကဌကျန်းဖျင်က အပြင်ထွက်သွားပြီး ဖန်လုံအိမ်ထဲသို့ မီးခြစ်ပြန်ယူလာခဲ့သည်။

"ဟူး!"

ယဲ့က အသက်ဝဝရှူလိုက်ပြီး မီးခြစ်ကို ယူလိုက်သည်။ လူအုပ်ကြီး၏ မျက်စိရှေ့မှောက်တွင် ဖူဆန်သစ်ပင်အောက်သို့ သူလျှောက်သွား၏။

သူ့မှာ ရာနှုန်းပြည့် အောင်မြင်နိုင်ချေ ရှိလျှင်တောင် သူဖိအားများနေဆဲဖြစ်ပါသည်။

ကလစ်...

မီးထွက်မလာ...

"ဥက္ကဌကျန်း ကျေးဇူးပြုပြီး ဖန်လုံအိမ်ကို အောက်ဆီဂျင်ဖြည့်လိုက်ပါလား"

ယဲ့ရှောင်ချန်းက ခေါင်းခါပြီး ဥက္ကဌကျန်းဖျင်ကို ကြည့်လိုက်သည်။

အားလုံးနှလုံးခုန်သံများ ရပ်တန့်နေကြပြီး ယဲ့ရှောင်ချန်း မီးရှို့မည့်အချိန်ကို စောင့်နေကြသည်။

ရုတ်တရက် ယဲ့ရှောင်ချန်း၏ စကားများကို ကြားလိုက်ရသောအခါ အိပ်မက်ထဲက စကားလုံးများဟု ထင်နေမိကြသည်။

ဖန်လုံအိမ်ထဲက အောက်ဆီဂျင်ပမာဏမှာ မီးခြစ်ခြစ်ဖို့တောင်မှ နည်းပါးလွန်းနေလှသည်။ ဖူဆန်သစ်ပင်ကို မီးရှို့ဖို့ဆို ပိုဆိုးသေးသည်။

“ကောင်းပြီ။"

ကျန်းဖျင်သည် တုံ့ဆိုင်းမနေဘဲ ဖန်လုံအိမ်ထဲမှ ပြေးထွက်လာခဲ့သည်။ ချက်ချင်းပင် ဖန်လုံအိမ်ထဲတွင် တပ်ဆင်ထားသော လေဝင်လေထွက်ပစ္စည်းများကို အသက်သွင်းသည့် အသံဗလံတစ်ခုကို သူ ကြားလိုက်ရသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ယဲ့ရှောင်ချန်းက အောက်ဆီဂျင်မျက်နှာဖုံးကို ချွတ်လိုက်သည်။

သူ အသက်ရှူလိုက်သည်။ အပြင်ဘက်နှင့် ခြားနားမှုမရှိပါ။

အခြားသူများက သူ့ကို မြင်သောအခါ သူတို့လည်း မျက်နှာဖုံးချွတ်လိုက်ကြသည်။

ကလစ်...

နောက်ဆုံးတော့ မီးခြစ်မှ မီးတောက်လာပြီဖြစ်သည်။

ယဲ့ရှောင်ချန်းက ပထမဆုံး စာရွက်တစ်ရွက်ကို မီးရှို့ပြီး ဖူဆန်သစ်ပင်အောက်တွင် ချထားလိုက်၏။

ချက်ချင်းဆိုသလိုပင် ဖူဆန်သစ်ပင်ပေါ်မှ ဆီများက စတင်လောင်ကျွမ်းလာသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း မီးတောက်များ ကြီးလာပြီး သစ်ပင်တစ်ပင်လုံးကို ဖုံးအုပ်သွားတော့သည်။

မီးတောက်က အလွန်ထူးဆန်းပါသည်။ ခရမ်းရောင်များ ဖြစ်နေ၏။

အခန်းထဲက လူများကလည်း အလွန်စိတ်ဖိစီးနေကြသည်။

လီယန်နှင့် ပညာရှင်ကြီးယန်တို့၏ မျက်လုံးများက ဖူဆန်သစ်ပင်ကြီးကို အာရုံစိုက်ကာ စိုက်ကြည့်နေကြသည်။

သူတို့၏ အနာဂတ်ဂုဏ်သတင်းနှင့် ဆက်နွယ်နေပါသည်။

သူတို့ ဒီဆုံးဖြတ်ချက်ကို ချခဲ့စဥ်က ပြတ်သားခဲ့သော်လည်း တကယ်တော့ သူတို့ စိတ်လှုပ်ရှားနေပါသေးသည်။

ဖူဆန်သစ်ပင်ပေါ်က ဆီများမှာ အသံမထွက်ဘဲ လောင်ကျွမ်းနေပြီး ခရမ်းရောင်မီးတောက်များဖြင့် ဖုံးလွှမ်းနေသည်။

မိနစ်အနည်းငယ်ခန့် ကြာပြီးသွားသောအခါ ခရမ်းရောင်မီးတောက်တွေက လွင့်ပြယ်သွားသည်။

ဆက်မလောင်တော့ဘူးလား။

လူများစွာ အံ့အားသင့်သွားကြရသည်။

မီးက အလွန်ကြီးပြီး ဆီကြောင့် လောင်သည်ဆိုသော်လည်း သစ်သားကတော့ မီးဆက်စွဲရမည် မဟုတ်ဘူးလား။

သို့သော်လည်း အခု မီးဆက်မလောင်တော့ပါ။

ဒါက ဘာကို ဆိုလိုသနည်း။

ဖူဆန်သစ်ပင်က မီးမကြောက်တတ်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ပိုထူးဆန်းသည်က ဖူဆန်သစ်ပင်ကြီးတွင် ပြောင်းလဲမှုတချို့ကို သူတို့မြင်လာရသည်။ အရင်က ၎င်းအပေါ်က နီကြင်ကြင်အရောင်က အလွန်မှိန်သော်လည်း အခုတော့ လောင်ကျွမ်းနေသော ကော့ပါးလို နီရဲနေသည်။

အားလုံး အံ့အားသင့်သွားကြသည်။

ဒီဖူဆန်သစ်ပင်ကြီးက တကယ်ပဲ အံ့သြဖို့ ကောင်းလောက်ပါသည်။

လီယန်၊ ပညာရှင်ကြီးယန်၊ ကျန်းခယ့်ချင်းနှင့် လီထျင်ထျင်တို့အားလုံး မသိမသာ စိတ်အေးသွားကြသည်။ သူတို့ လောင်းကြေး မှန်ကန်သွားပြီဆိုတာကို သိလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူတို့အံ့အားသင့်သွားကြရသည်။

ဒါဘာသဘောလဲ။

ယဲ့ရှောင်ချန်း၏ နည်းလမ်းက အာနိသင်ရှိသည်ဟူသည့် သဘောပင်။

ဘာပဲဖြစ်ဖြစ် ဖူဆန်သစ်ပင်ကြီးက ယဲ့ရှောင်ချန်း ပြောသလိုပဲ မီးမလောင်ခဲ့ပါ။

"မစ္စတာယဲ့ရှောင်ချန်း ငါတို့ဘာဆက်လုပ်ကြမလဲ။"

ဒါရိုက်တာလီကြီး၏ လေသံမှာ ပြောင်းလဲသွားသည်။ သူ့အသံတွင် မျှော်လင့်ချက်သံ ရေးရေးလေး ပါလာသည်။

အားလုံးကလည်း သူ့ကိုကြည့်နေကြ၏။

ဘာမှမပြောဘဲ ယဲ့ရှောင်ချန်းက ဖူဆန်သစ်ပင်ကြီးဆီလျှောက်သွားပြီး နူးညံ့စွာ လက်ဖြင့်ထိကြည့်လိုက်သည်။

အခြားသူများ၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားကြ၏။ ဖူဆန်သစ်ပင်က ခုလေးတင် မီးလောင်ထားသဖြင့် အပူချိန်က အရမ်းမြင့်နေလောက်ပါသည်။ လူတစ်ယောက်က အပူလောင်မသွားနိုင်ဘူးလား။

သို့သော်လည်း ယဲ့ရှောင်ချန်းက ဘာမှမခံစားရပါ။

သူ့မျက်လုံးများကို ပိတ်လိုက်သည်။

သူ့စိတ်ဝိညာဥ်ကို ထုတ်လွှတ်လိုက်ပြီး ဖူဆန်သစ်ပင်၏ အသိစိတ်နှင့် ဆက်သွယ်ဖို့ ကြိုးစားကြည့်လိုက်သည်။

All Chapters