← Chapters

ကယ်ဆယ်ရေး

Vol. 6 Ch. 89

ကယ်ဆယ်ရေး

Vol. 6 Ch. 89

အခန်း (၈၉) - ကယ်ဆယ်ရေး

"အင်း ဖူဆန်သစ်ပင်ရဲ့ အသိစိတ်ကတော့ ပြန်စုပေါင်းလာပြီ။"

သူ့စိတ်ဝိညာဥ်ပါရမီမှတဆင့် ဖူဆန်သစ်ပင်၏ အသိစိတ်အခြေအနေကို ယဲ့ရှောင်ချန်း သိမြင်နိုင်ခဲ့သည်။

အားနည်းနေသော်လည်း ယခင်ကကဲ့သို့ လေမုန်တိုင်းထဲက ဖယောင်းတိုင်တစ်ချောင်းလို ခါရမ်းနေပြီး အားနည်းနေကာ အချိန်မရွေး ငြိမ်းသွားနိုင်သော အခြေအနေမျိုး မရှိတော့ပါ။

သူ့နည်းလမ်း အလုပ်ဖြစ်သွားခဲ့သည်မှာ သိသာပါသည်။

ကူးပမ်းဖေးယွမ်ကို စားသုံးဆီနှင့် တွဲကာ မီရှို့ပြီး အရင်းအမြစ် အသက်စွမ်းအင်ကို တည်ငြိမ်အောင် လုပ်လိုက်ကာ ဖူဆန်သစ်ပင်ကြီး၏ အသိစိတ်ကို ပြန်ပေါင်းစည်းအောင် လုပ်ပေးလိုက်ခြင်း ဖြစ်သည်။

တကယ်တော့ သဘောတရားက အလွန်ရိုးရှင်းပါသည်။

ဒီဖူဆန်သစ်ပင်ကြီးက ဖူဆန်သစ်ပင်အစစ်ထက် အများကြီး အဆင့်နိမ့်သည်။ သို့သော်လည်း အဝါရောင်အဆင့် ဝိညာဥ်အပင်နှင့်တော့ နှိုင်းယှဥ်ကြည့်နိုင်ပါသေးသည်။

၎င်း၏ အနှစ်သာရက မီးဝိညာဥ်သစ်ပင်မျိုးတွင် ပါဝင်သည်။ မီးက ထိခိုက်စေမည်မဟုတ်ဘဲ ၎င်းကို စုပ်ယူသွားမည်ဖြစ်သည်။

မီးတွင် ကူးပမ်းဖေးယွမ်ပါပြီး မီးနှင့်အတူ လောင်ကျွမ်းကာ ဖူဆန်သစ်ပင်ကြီးက စုပ်ယူသွားသည်။

အစကတော့ ဖူဆန်သစ်ပင်ကြီးက အသက်စွမ်းအင်ကို ဆုံးရှုံးပြီး အသိစိတ်ကလည်း ပျံ့ကျဲနေခဲ့သည်။ ထို့ကြောင့် အရည်ကို တက်တက်ကြွကြွ မစုပ်ယူနိုင်ပါ။

ယဲ့ရှောင်ချန်း ဒီနည်းလမ်းတစ်ခုတည်းကိုသာ စဥ်းစားမိခဲ့သည်။

အခုတော့ အာနိသင်က အလွန်ကောင်းမွန်သည့်ပုံပင်။

လောလောဆယ် ဖူဆန်သစ်ပင်ကြီး၏ အသက်စွမ်းအင်က တည်ငြိမ်သွားပြီး အသိစိတ်ကလည်း ပြန်လည် စုပေါင်းသွားပြီဖြစ်သည်။ ဖူဆန်သစ်ပင်ကြီးကို ပြန်လည်ရှင်သန်သွားစေခြင်းနှင့် တူညီပါသည်။

ဖူဆန်သစ်ပင်ကြီး အသက်ရှင်သွားပြီ။

ယဲ့ရှောင်ချန်း မျက်လုံးဖွင့်လိုက်ပြီး စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ ဖန်ပုလင်းထဲက အရည် ၁၀၀ မီလီလီတာခန့်ကို ဇလုံထဲ ထပ်လောင်းထည့်လိုက်သည်။

"မစ္စတာယဲ့ ငါကူညီပေးမယ်။"

ကျန်းဖျင်က သူ့ထံအပြေးရောက်လာပြီး ကူညီပေးလိုက်သည်။

ဖူဆန်သစ်ပင်ကြီးကတော့ များများစားစား မပြောင်းလဲပါ။ မီးတွင် လောင်ကျွမ်းမသွားသဖြင့် ဖူဆန်သစ်ပင်ကြီး ပြန်လည်ရှင်သန်လာနိုင်ချေ ရှိလောက်ပါသည်။

သူစကားပြောပြီးနောက် ဆီပုလင်းကိုယူပြီး ဇလုံထဲလောင်းထည့်လိုက်ဖို့ပြင်သည်။

"ဆီလောင်းရမှာမဟုတ်ဘူး ရေနည်းနည်းသာ ယူခဲ့ပါ။"

ယဲ့ရှောင်ချမ်းက သူ့ကို အမြန်တားလိုက်သည်။

"ဟုတ်ပြီ"

ကျန်းဖျင်က မကြာမီ ရေသန့် ပုံးကြီးတစ်ပုံး ယူလာသည်။

ယဲ့ရှောင်ချန်းသည် ဇလုံထဲ ရေသန့်နည်းနည်း လောင်းထည့်လိုက်ပြီး  ကူးပမ်းဖေးယွမ်နှင့် ရောစပ်လိုက်သည်။ ထို့နောက် ဖူဆန်သစ်ပင်၏ ပင်စည်မှတဆင့် လောင်းချလိုက်သည်။

ဖူဆန်သစ်ပင်ကြီးက အသက်ပြန်လည် ရရှိသွားပြီး စုပ်ယူနိုင်စွမ်းလည်း ပြန်လည်ရရှိနေပြီဖြစ်သည်။ ထို့ကြောင့် မီးထပ်ရှို့ဖို့မလိုအပ်တော့ပါ။

ဘာပဲဖြစ်ဖြစ် ကူးပမ်းဖေးယွမ်ကို မီးရှို့ခြင်းက ထိခိုက်မှု ရှိလာစေနိုင်သည်။

ပြီးသွားသောအခါ ယဲ့ရှောင်ချန်းက လက်ခုပ်တစ်ချက်တီးလိုက်ပြီး ကျန်းဖျင်ကို ပြောလိုက်သည်။ "ဒါရိုက်တာကျန်း နေ့တိုင်း ဒီအရည် ၁၀၀ မီလီလီတာကို ရေနဲ့ရောပြီး ဖူဆန်သစ်ပင်ကို လောင်းပေးရမယ်။"

"မစ္စတာယဲ့ ဒါပဲလား။"

ကျန်းဖျင်က မေးလိုက်သည်။

"ပြဿနာ မရှိတော့ပါဘူး။ ဖူဆန်သစ်ပင် လုံးဝ ပြန်ကောင်းဖို့ အချိန်နည်းနည်းပဲ လိုပါတော့တယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

အခန်းထဲက လူအားလုံး ကြောင်သွာားကြ၏။

ဒါပဲလား။

မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား။

မယုံကြည်သည့် လူများစွာရှိသဖြင့် ချက်ချင်း ဖူဆန်သစ်ပင်ကြီးကို အဆင့်မြင့် ကိရိယာများဖြင့် စတင်စမ်းသပ်ကြသည်။

"ဘုရားရေ... ဖူဆန်သစ်ပင်ကြီး အသက်စွမ်းအင်ကျသွားရမယ့်အစား နှစ်ဆတိုးသွားပြီ။ ပြီးတော့ ဖြည်းဖြည်းချင်း ဆက်တောင် တိုးနေသေးတယ်။"

ဂရုတစိုက် စမ်းသပ်ကြည့်ပြီးနောက် တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

အံ့အားသင့်ဖို့ကောင်းပါသည်။

သေဆုံးခါနီး ဖူဆန်သစ်ပင်ကို ယဲ့ရှောင်ချန်းက မယုံကြည်နိုင်လောက်စရာ နည်းလမ်းများဖြင့် ကယ်တင်သွားခဲ့သည်။

လီယန်၊ ပညာရှင်ကြီးယန်နှင့် အခြားသူများက လေးစားသော မျက်လုံးများဖြင့် ယဲ့ရှောင်ချန်းကို ကြည့်လိုက်ကြသည်။

သူ့နည်းလမ်းက တကယ်ပဲ အံ့အားသင့်ဖို့ ကောင်းလှပါသည်။

ထိုနေရာတွင် ရှိနေသည့် လူအားလုံးက စွမ်းရည်ရှိသော လူများဖြစ်ကြပြီး ပိုကောင်းသော စွမ်းရည်ရှိသည့် လူမျိုးကို တွေ့ရသောအခါ လေးစားသွားမိကြပါသည်။

လီထျင်ထျင်က ပါးစပ်ကို လက်ဖြင့်အုပ်ထား၏။ သူမ၏ လှပသော မျက်လုံးများက ယဲ့ရှောင်ချန်းကို ကြည့်နေသည်။ သူမ၏ ရင်ထဲတွင် နားလည်ရခက်သော လေးစားမှုများ ပေါ်လာခဲ့သည်။

"ကဲကဲ... မစ္စတာယဲ့ရှောင်ချန်း ကျေးဇူးအများကြီး တင်ပါတယ်။ နိုင်ငံတော်အတွက် ရှားပါးပြီး တန်ဖိုးကြီးတဲ့သစ်ပင်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။"

လီယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူ ချခဲ့သော ဆုံးဖြတ်ချက်က သူ့ဘဝတစ်လျှောက်လုံးတွင် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ဟု ခံစားလိုက်ရသည်။

"မစ္စတာယဲ့ ဒီဖူဆန်သစ်ပင်ကြီးကို ကုသဖို့ ဘယ်လိုသဘောတရားကို သုံးခဲ့တာလဲလို့ မေးလို့များရမလား။"

ပညာရှင်ကြီးယန်က သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

သူ့ဘဝအချိန်အများစုကို  ရုက္ခဗေဒနယ်ပယ်တွင် ကုန်ဆုံးခဲ့သော ကျွမ်းကျင်သူတစ်ယောက်အဖြစ် ဒီနေ့ အလွန်ခြားနားသော နည်းလမ်းတစ်ခုကို တွေ့လိုက်ရသည်။

အခြားသူများလည်း သိချင်နေကြသည်။

ယဲ့ရှောင်ချန်းသည် ပညာရှင်ကြီးယန်ကဲ့သို့ အကြီးအကဲများကို အလွန်လေးစားပါသည်။

အခုလေးတင် သူနှင့် ဒါရိုက်တာလီတို့ သဘောမတူပါက ဒီသစ်ပင်ကို ကယ်တင်နိုင်ဖို့ မျှော်လင့်ချက် ရှိခဲ့မည် မဟုတ်ပါ။

"တကယ်တော့ ပြောရရင် နည်းနည်း ရှုပ်ထွေးတယ်၊ ဒါပေမယ့် ရိုးလည်း ရိုးရှင်းပါတယ်..."

ယဲ့ရှောင်ချန်းက ပညာရှင်ကြီးယန်၏ မေးခွန်းကို ဖြေချင်သဖြင့် ချက်ချင်း ကုသခြင်း သဘောတရားကို ရှင်းပြလိုက်သည်။

"မီးကို သဘောကျပြီး မီးမလောင်တဲ့ နတ်သစ်ပင်မျိုး ရှိလိမ့်မယ်လို ထင်မထားဘူး။ မီးကိုတောင် စုပ်တောင်စုပ်ယူနိုင်တာပဲ တကယ်အံ့သြဖို့ ကောင်းလိုက်တာ။"

ပညာရှင်ကြီးယန်က ရုတ်တရက် နားလည်သွားသည်။

ထို့ကြောင့်လည်း သူတို့ ဒီသစ်ပင်ကြီးကို မကုသနိုင်ခဲ့ခြင်း မဟုတ်ပါလား။ ပထမဆုံး သူတို့ သစ်ပင်ကြီး၏ ဝိသေသလက္ခဏာကိုပင် အပြည့်အဝ နားမလည်ခဲ့ကြပါ။ ထို့ကြောင့် ဘယ်လိုလုပ်ပြီး ကုသနိုင်ပါ့မည်နည်း။

ပညာရှင်ကြီးယန်က ဆက်ပြောသည်။

"တကယ်တော့ ငါတို့က အပင်ရဲ့ ဝိသေသလက္ခဏာကို သိရင်တောင် မစ္စတာယဲ့ရှောင်ချန်းရဲ့ အဲ့ဒီဆေးရည် မပါရင် ကုသဖို့ ခက်ဦးမှာပဲနော်။"

ယဲ့ရှောင်ချန်းက ဆီနှင့် ကူးပမ်းဖေးယွမ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထိုကူးပမ်းဖေးယွမ်ကြောင့် ဖူဆန်သစ်ပင်ကြီး၏ အရင်းအမြစ် အသက်စွမ်းအင် ပြန်လည် တည်ငြိမ်သွားခြင်းဖြစ်ပါသည်။

"အမှန်ပဲ၊ ကူးပမ်းဖေးယွမ် မရှိရင် ဖူဆန်သစ်ပင်ကို ကုသနိုင်ဖို့ မျှော်လင့်ချက် မရှိဘူး။"

ယဲ့ရှောင်ချန်းက ပြောလိုက်၏။

"ဒီဆေးရည်ကို ပြုလုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေက တန်ဖိုးကြီးမှာပဲ။ အဲ့တာကြောင့် ငါတို့ မစ္စတာယဲ့ကို ငွေမကုန်စေရပါဘူး။"

ဥက္ကဌကျန်းဖျင်က ဘေးမှအမြန်ဝင်ပြောလိုက်သည်။

ယဲ့ရှောင်ချန်းက ဥက္ကဌကျန်းဖျင်၏ စကားများကြောင့် ကျေနပ်သွားသည်။ သူ ကြိုးကြိုးစားစား လုပ်ခဲ့ရသဖြင့် လက်ချည်းဗလာတော့ ပြန်သွားလို့ မဖြစ်ဘူးမဟုတ်လား။

ပညာရှင်ကြီးယန်နှင့် အခြားအပင်ပညာရှင်များက ဆေးရည်၏ ထုတ်ဖော်နည်းကို အဓိက သိချင်နေကြခြင်းဖြစ်သည်။

သို့သော်လည်း ဒီမှော်ဆန်သည့် ဆေးရည်က သေချာပေါက် တန်ဖိုးကြီးလောက်သည်။ထို့ကြောင့် မေးချင်စိတ်ဖြင့် ပါးစပ်ယားနေသော်လည်း အလောတကြီး မပြုမူခဲ့ကြပါ။

သူတို့စိတ်များက ကူးပမ်းဖေးယွမ် ပုလင်းကြီးကိုသာ အာရုံရောက်နေကြသည်။

သူတို့ လေ့လာဖို့ ဒီအရည်ကို နည်းနည်းလောက် ရနိုင်ပါက ဒီဆေး၏ ဆန်းကြယ်မှုကို ဖြေရှင်းနိုင်လောက်သည်။

ယခု သိပ္ပံပညာက အလွန်တိုးတက်နေပြီ ဖြစ်ပြီး သူတို့၏ ဖွဲ့စည်းပုံကို သိနိုင်ပါက သုတေသနလုပ်ပြီး မအောင်မြင်မည်ကို စိုးရိမ်စရာ လိုပါဦးမလား။

ယဲ့ရှောင်ချန်းက သူတို့စိတ်ကို ရိပ်မိသော်လည်း ဘာမှမပြောပါ။ ဘာပဲဖြစ်ဖြစ် သူတို့ဆေးရည်ရလျှင်တောင် ထုတ်ဖော်ဖို့ ခက်ခဲမည်။

ယဲ့ရှောင်ချန်း လုပ်စရာတစ်ခုကျန်သေးသည်။

"ဥက္ကဌကျန်းဖျင်၊ ကျွန်တော် ဒီဖူဆန်သစ်ပင်ကြီး တစ်ကိုင်းလောက် ယူသွားချင်တယ် ရပါ့မလားမသိဘူး။"

နောက်ဆုံးတော့ ယဲ့ရှောင်ချန်း သူ့ခရီး၏ အကြီးမားဆုံး ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်သည်။

ပိုက်ဆံမရရင် ပြဿနာမရှိသော်လည်း  ဒီဖူဆန်သစ်ကိုင်းကိုတော့ သူ ရမှ ဖြစ်မည်။

ဥက္ကဌကျန်းဖျင်က တွန့်ဆုတ်နေ၏။ သူ့ပိုင်ဆိုင်မှုမဟုတ်ဘဲ နိုင်ငံတော်ပိုင်ပစ္စည်း ဖြစ်နေသာကြောင့်ပင်။

"ဟားဟား... မစ္စတာယဲ့ ဒီဖူဆန်သစ်ပင်ကို မင်းကယ်တင်ခဲ့တာပဲမဟုတ်လား။ သစ်ပင်ကို မထိခိုက်စေသ၍ တစ်ကိုင်းလောက်တော့ ယူလို့ရပါတယ်။"

ဒါရိုက်တာလီက ပြောလိုက်သည်။

"ဟုတ်တယ်၊ ဒီဖူဆန်သစ်ပင်ကြီး ကုသမှုက မစ္စတာယဲ့အပေါ်မှာပဲ လုံးဝအမှီပြုခဲ့ရတာ။ ဒီတောင်းဆိုမှုလောက်က ဘာမှမဟုတ်ပါဘူး။"

ပညာရှင်ကြီးယန်ကလည်း ခေါင်းငြိမ့်သည်။

ပညာရှင်ကြီးယန်နှင့် လီယန်တို့ပါ သဘောတူသဖြင့် ကျန်းဖျင်က ဘာပြောနိုင်ဦးမည်နည်း။ သူလည်း ချက်ချင်း သဘောတူလိုက်ရသည်။

ထိုနေရာတွင် ရှိနေသော အခြားလူများလည်း စိတ်ဝင်စားနေကြသည်။ သူတို့လည်း ဖူဆန်သစ်ကိုင်း တစ်ကိုင်းလောက် ရနိုင်လျှင် သုတေသန လုပ်နိုင်ပေမည်။

"ကျေးဇူးတင်ပါတယ်။"

ယဲ့ရှောင်ချန်းက ပြုံးလိုက်သည်။ သူ စကား အများကြီး ထပ်ပြောရဦးမည် ထင်ထားသော်လည်း လီယန်က သူ့ကို ကူညီပေးလိမ့်မည်ဟု မထင်ထားခဲ့ပါ။

ချက်ချင်း လှေကားဖြင့် တက်သွားပြီး သစ်ကိုင်းများကို ဂရုတစိုက်ကြည့်လိုက်သည်။

ဖူဆန်သစ်ပင်တွင် သစ်ကိုင်းများစွာရှိသည်။

သို့သော် ထိုသစ်ကိုင်းများကို သတိမဲ့စွာ ယူလို့မဖြစ်ပါ။

ဖူဆန်သစ်ပင်ကြီး၏ ဝိသေသလက္ခဏာအရ သစ်ကိုင်းတစ်ကိုင်း ကျိုးသွားပါက ထိုသစ်ကိုင်း၏ အသက်စွမ်းအင် ထွက်သွားပြီး ပြာဖြစ်သွားမည်ဖြစ်သည်။

ထိုကဲ့သို့ အရာမျိုးကို အထူးသေတ္တာတစ်ခုထဲတွင် ထည့်ရသည်။

ယဲ့ရှောင်ချန်းက ကျင့်ကြံသူလည်းမဟုတ်သလို၊ သူ့တွင် ထိုကဲ့သို့ အထူးသေတ္တာမျိုးလည်း မရှိသောကြောင့် လှည့်ကွက်များကိုသာ အသုံးချနိုင်ခဲ့သည်။

All Chapters