အပိုင်း(၃၃၁)
Vol. 23 Ch. 331
ဟုန်ယွဲ့က အနည်းငယ်တွန်းရုံဖြင့်ပင် တွန်းလှဲလိုက်ကသကဲ့ဖြစ်နိုင်
သည့်ပုံပေါ်သော ကျိုးပျက်နေသည်သည့်သစ်သားတံခါး ထံသို့လျှောက်လှမ်းသွားလိုက်သည်။ သူမကလက်တကိုဆန့်
ထုတ်လိုက်ပြီး သစ်သားတံခါးအားလေး
ကြိမ်ခေါက်လိုက်၏။
“ဒေါက်..ဒေါက်…ဒေါက်..ဒေါက်..”
ထို့နောက်သူမအား တံခါးအား နောက်ထပ်ခြောက်ကြိမ်မခေါက်ခင် ခဏလောက်ရပ်တန့်လိုက်သည်။ ထို့နောက်သူမက ထပ်မံ၍ ခဏကြာရပ်တန့်လိုက်ပြီး တံခါးအား နောက်ထပ်နှစ်ကြိမ်ခေါက်လိုက်သည်။
“ဒေါက်..ဒေါက်”
“ကျွီ..”
နားစူသောအသံတစ်ခုနှင့်အတူ သစ်သားတံခါးက ညာမှဘယ်သို့ ဖြည်းညှင်းစွာပွင့်သွားသည်ကို ရှစ်ဖုန့်တွေိ့လိုက်ရသည်။ရှုပ်ပွနေသော မီးခိုးရောင်ဆံပင်များနှင့်
မျက်နှာပေါ်၌ အရေး အကြောင်းတို့ပြည့်နှက်နေသော
အဘိုးအိုတစ်ဦးက သူတို့၏ မြင်ကွင်းအတွင်းပေါ်လာသည်။ သူက ချည်ထည်အင်္ကျီတစ်ထည်အား
ဆင်မြန်ဝတ်ဆင်ထား၏။
အဘိုးအိုက ဆေးတံတစ်ခုကိုခဲထားပြီး ဟုန်ယွဲ့နှင့်အား ရီဝေသော မျက်လုံများဖြင့် ကြည့်နေသည်။ ထို့နောက်တွင်သူက စံပယ်လေးအားကြည့်လိုက်ပြီးနောက် ဟုန်ယွဲ့၏နောက်တွင်ရှိသော ရှစ်ဖုန့်အားကြည့်လိုက်သည်။
“စီနီယာ”
ဟုန်ယွဲ့က အဘိုးအားတွေ့
ရသောအခါတွင် အနည်းငယ်
ဦးညွှတ်လိုက်ပြီး ၎င်းအားခေါ်လိုက်သည်။ ကြည့်ရသည်မှာ ဟုန်ယွဲ့က ဤဝင်ပေါက်အားစောင့်ကြပ်သည့်
အဘိုးအိုအား သိကျွမ်းပုံပေါ်သည်။
“အင်း”
အဘိုးအိုက သူ့ခေါင်းအားဖြည်းညှင်းစွာညိမ့်
လိုက်ပြီးနောက် ဆေးတံမာ အငွေ့တစ်ရှိုက်မှုတ်ထုတ်လိုက်သည်။ ထို့နောက်သူက ဟုန်ယွဲ့အားပြောလိုက်သည်။
“ဝင်လာခဲ့”
ထိုသို့ပြောပြီးသည့်နောက်တွင်
အဘိုးအိုက ဘေးသို့ရွှေ့ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ဟုန်ယွဲ့က ပြန်လည်၍ တုံ့ပြန်လိုက်ပြီးသည့်နောက်တွင် လှည့်လိုက်ပြီးရှစ်ဖုန့်အား ခေါင်း အနည်းငယ်ဆတ်ပြလိုက်သည်။ သူမကထပ်မံ၍လှည့်လိုက်ပြီးသောအခါ ဦးဆောင်၍ ပိန်းပေါက်အောင်
မှောင်နေသော အခန်းငယ်တစ်ခုဆီသို့
လျှောက်လှမ်းသွားသည်။
ရှစ်ဖုန့်နှင့်စံပယ်လေးတို့ကလည်း ရှေ့သို့အတူတကွလျှောက်သွားလိုက်သည်။ ရှုပ်ပွနေသော ဆံပင်များနှင့်အဘိုးအိုအားသူတို့ ဖြတ်ကျောက်သွားချိန်တွင် ရှစ်ဖုန့်က ၎င်းအားအကြိမ်အနည်းငယ်ခန့်ပိုမို၍ သုံးသပ်အကဲဖြတ်လိုက်သည်။သို့သော် အဘိုးအိုထံမှနေ၍ ဘာသိုင်းအရှိန်အဝါကိုမှ ရှစ်ဖုန့်အာရုံခံနိုင်ခြင်းမရှိပေ။ သူက သာမန်လူတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။
ဤအခြေအနေအရ အဘိုးအိုက တကယ့်ကိုသာမန်လူတစ်ယောက်ဖြစ်လျှင်ဖြစ် သို့မဟုတ်ပါက သူ၏နယ်ပယ်က ရှစ်ဖုန့်ထက်များစွာသာလွန်နေခြင်းဖြစ်လိမ့်မည်ဖြစ်သည်။ သို့သော် ရှစ်ဖုန့် ၏လက်ရှိ သိုင်းနယ်ပယ်နှင့် လက်ရှိ ဝိညာဉ်စွမ်းအားတို့အရ အကယ်၍
အဘိုးအိုသာ သိုင်းပညာကိုကျင့်ကြံခဲ့လျှင် အဘိုးအို၏ သိုင်းနယ်ပယ်က အနည်းဆုံး သူတော်စင်နယ်ပယ်အလယ်
အလတ်အဆင့်ဖြစ်သော ကြယ်ငါးပွင် သူတော်စင်နယ်ပယ်အဆင့်
လောက်ထိဖြစ်နိုင်ပေမည်။
အခြားသောဖြစ်နိုင်ချေတစ်ခုမှာ အဘိုးအို၌သူ၏ ကျင့်ကြံခြင်းအဆင့်အားဖုံး
ကွယ်ထားပေးနိုင်သော လျှို့ဝှက်ရတနာတစ်ခုခု ရှိနေခြင်းမျိုးဖြစ်နိုင်၏။
သို့သော် ရှစ်ဖုန့်က အဘိုးအိုအား ဘာလေးလေးနက်နက်ရှာဖွေမှုမျိုးကိုမှ မလုပ်ခဲ့ပေ။ဟုန်ယွဲ့နှင့်စံပယ်လေး
တို့နှင့်အတူ သူက ပိန်းပေါက်
အောင်မှောင်နေပြီး အလင်းရောင်ခပ်မှိန်မှိန်သာရသော အခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။အခန်း၏အ
လယ်တွင်ရှိနေသော ဆေးသားများကွာပြီး စုတ်ဖွာနေသည့် စားပွဲတစ်လုံးအပြင် အခြားမည်းသည့်အရာမှရှိမနေချေ။
ဟုန်ယွဲ့ကရှေ့သို့လျှောက်သွား
လိုက်ပြီး သူမ၏ ညာလက်အားပျက်စီးနေသော
စားပွထံသို့ဆန့်ထုတ်ကာ ညင်သာစွာတွန်းလိုက်သည်။
“ခက်..ခက်…ခက်…ခက်.ခက်..”
ရုတ်တရက်အသံခပ်အုပ်အုပ်တစ်ခုက
အိမ်အား ဖြတ်သန်း၍ပဲ့တင်ထွက်ပေါ်လာသည်။ ထိုအသံ၏ နောက်သို့လိုက်ပါ၍ အိမ်တစ်ခုလုံးကစတင်တုန်ခါလာ
ပြီးတကျွိကျွိမည်သံတို့ထွက်ပေါ်လာ၏။
ရှစ်ဖုန့်နှင့်အခြားသူများ၏ရှေ့တွင် ပင့်ကူအိမ်များဖြင့်ဖုံးလွှမ်းနေသော မကြာခင်ပြိုလဲတော့မည်ဟု ထင်ရသည့်နံရံတစ်ခုရှိပြီး၎င်းက
စတင်၍တုန်ခါလာကာ ညာဘက်မှဘယ်ဘက်သို့ရွှေ့လျားသွားသည်။ ဖြည်းဖြည်းချင်း နက်ရှိုင်းသော
လှိုင်ဂူတစ်ခုက ရှစ်ဖုန့်နှင့် အခြားသူများ၏ ရှေ့တွင်ပေါ်လာသည်။
“အထဲဝင်ကြရအောင်”
စံပယ်လေးက နက်ရှိုင်းသော
ဂူအတွင်းသို့ လက်ညှိုးထိုးညွှန်ပြပြီး ရှစ်ဖုန့်အားပြောလိုက်သည်။
“အင်း”
ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်ပြီးနောက်သုံး
ယောက်သား ဂူဆီသို့အ
တူတကွလျှောက်
လှမ်းသွားကြ၍ ဂူ၏အနက်ပိုင်းထဲသို့ဝင်
ရောက်သွားကြသည်။
ပိန်းပေါက်အောင်မှောင်နေသော အခန်းအတွင်းတွင် ဆေးတံအားခဲထားသော အဘိုးအိုက တံခါးအားပိတ်လိုက်ပြီးဖြစ်သည်။
သူ၏မျက်လုံးတို့ က အခန်းအလယ်တွင် ပေါ်လာသောနက်ရှိုင်းသည့် ဂူပေါ်သို့ကျရောက်နေ၏။ သူ၏နှုတ်ခမ်းထောင့်က ရုတ်တရက်တွန့်ကွေးသွားပြီး ပြေတည်တည်အပြုံးတစ်ခုပေါ်လာသည်။
“ဟမ့်…ရှစ်ဖုန့်”
မိုးပြာရောင်ကျောက်စိမ်းအပိုင်း
အစတစ်ခုက ဘယ်အချိန်ကမှန်းမသိ အဘိုးအို၏လက်ထဲတွင်ပေါ်လာသည်။
အတင်းအကျပ်ဖျစ်ညှစ်ချေမွမှုနှင့်အတူ သူ့လက်အတွင်းရှိ ကျောက်စိမ်းအပိုင်းအစမှ အပိုင်းပိုင်းကြေမွပျက်စီးသွားသည်။
“ရှစ်ဖုန့် ဘာဖြစ်လို့လဲ”
ဂူထဲ၌ လျှောက်လှမ်းနေရင်း ဟုန်ယွဲ့က ရှစ်ဖုန့်ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သည်ကို မြင်တွေ့ရသောအခါမေးလိုက်သည်။
“အဲ့အဘိုးကြီး…သူက
အမြဲတမ်းဝင်ပေါက်မှာ
စောင့်ကြပ်တာပဲလား”
ရှစ်ဖုန့်က ဟုန်ယွဲ့၏မေးခွန်းအား မဖြေပေ။ထိုအစားသူက အခြားသောမေးခွန်းတစ်ခုကို
မေးလိုက်သည်။
“ဟုတ်တယ်..အမြဲတမ်းသူပဲ”
ရှစ်ဖုန့်၏ စကားတို့အား ကြားပြီးသည့်နောက်တွင် ဟုန်ယွဲ့က ခေါင်းညိမ့်လိုက်သည်။
“သူနဲ့ပက်သက်ပြီးဘာမှားနေလို့လဲ”
ဟုန်ယွဲ့က သံသယမကင်းဖြစ်စွာဖြင့်မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး”
ရှစ်ဖုန့်က ခေါင်းကိုခါယမ်းလိုက်ပြီးတစ်ခြား
ဘာမှပြောကြားခြင်းမရှိပေ။
သူတို့သုံးယောက်သားဂူ၏ အနက်ပိုင်းဆီသို့ ဖြည်းဖြည်းချင်းဆက်လက်၍ လျှောက်လှမ်းသွားကြသည်။
နေ့တစ်ဝက်လောက်လျှောက်
လှမ်းခဲ့ပြီးသည့်နောက်တွင် သူတို့သုံးယောက်သားဂူအတွင်းမှ ဖြည်းဖြည်းချင်း လျှောက်လှမ်း၍ ထွက်လာသည်။သို့သော် ဤဧရာရိယာရှိ အလင်းရောင်မှာ ရမ်းကိုမှိန်ဖျော့ပြီး လေထုကလည်းမှုန်မှိုင်းအေးစက်သော အရှိန်အဝါတို့ဖြင့်ပြည့်နှက်နေပုံပေါ်သည်။
အကွာအဝေးတစ်ခုအတွင်း ကောင်းကင်နှင့်မြေကြီးကြားထဲရှိ ဧရာမအနက်ရောင်တောင်ထွတ်များက သူတို့၏ရှေ့၌ထွက်ပေါ်လာ၏။
စုစုပေါင်းအနက်ရောင်တောင်
ထွတ်သုံးဆယ့်သုံးလုံးရှိလေသည်။ အမြင့်မားဆုံးနှင့်အကြီးမားဆုံးသော အနက်ရောင်တောင်ထွတ်တစ်ခုက အလယ်ဗဟိုတွင်တည်ရှိသည်။ ၎င်းမှာလူ့ဘီလူကြီးတစ်ကောင်က အလယ်တွင်ရပ်နေသကဲ့သို့ဖြစ်သည်။ ၎င်းနှင့်နှိုင်းယှဉ်လိုက်လျှင် အခြားသောဒါဇင်နှင့်ချီသည့်
တောင်ထွတ်များမှာလူပုလေးများကဲ့သို့ဖြစ်သည်။ ၎င်းတို့ က အလယ်ဗဟိုတွင်ရှိသော အနက်ရောင်တောင်ထွတ်၏ဘေးတွင်ဒူးထောက်၍ခစားနေကြသကဲ့သို့ပင်ဖြစ်သည်။
“အဲ့တောင်ထွတ်က ထျန်းရှဲ့ဂိုဏ်းတည်ရှိတဲ့နေရာပဲ”
ဟုန်ယွဲ့က အမြင့်မားဆုံးသော အနက်ရောင်တောင်ထွတ်အားထိုးညွှန်ပြ၍ ရှစ်ဖုန့်ကိုပြောလိုက်သည်။
“အဲ့တာကတော့ ကျွန်မတို့ရဲ့ ယင်ကွေဂိုဏ်းတည်ရှိရာ နေရာပဲ”
စံပယ်လေးက သူတို့နှင့်သိပ်မဝေးလှသော နေရမှ အနက်ရောင်တောင်အား
ထိုးညွှန်ပြ၍ ပြောလိုက်သည်။
“ကောင်းပြီ.သွားကြစို့”
ရှစ်ဖုန့်က သူ၏လက်တို့အား
ဆန့်ထုတ်လိုက်ပြီး ဟုန်ယွဲ့နှင့်စံပယ်လေးတို့အား နောက်တစ်ကြိမ်ဖက်လိုက်သည်။
သူ၏လက်နှစ်ဖက်တို့ကထိတွေ့
မိသောအခါတွင် ချက်ချင်းပဲ နူးညံ့ပျော့ပျောင်းသောအရာ
နှစ်ခုဆီကိုခံစားလိုက်ရသည်။
ဤအချိန်ကာလများအတွင်း မိန်းကလေးနှစ်ယောက်မှာ ရှစ်ဖုန့်၏ ရုတ်တရက် လက်များအားဆန့်ထုတ်၍ ပွေ့ဖက်မှုကိုခံနေကြဖြစ်သည်။
သူမတို့အဖက်ခံလိုက်ရသည့်
အချိန်တိုင်းယင်းကသူမတို့အတွက်ပို၍ပို၍ ပင်ကိုယ်လိုဖြစ်လာသည်။
အလှလေးနှစ်ယောက်အားပွေ့ဖက်၍ ရှစ်ဖုန့်၏ ပုံရိပ်က ကောင်းကင်ထဲသို့ထိုးတက်သွားပြီး ယင်ကွေဂိုဏ်းရှိရာအနက်ရောင် တောင်ထွတ်ဆီသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။
“ရှစ်ဖုန့်”
ရုတ်တရက် ပြင်းထန်သောအသံတစ်ခုက ဘေးပတ်လည်ဝန်းကျင်မှထွက်ပေါ်လာသည်။ ၎င်းက မိုးချုန်းသံတစ်ခုကဲ့သို့ နေရာလွတ်တို့အားဖြတ်သန်း၍ ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။
“ဟမ်”
ဤအသံအားကြားလိုက်၇သောအခါတွင် ရှစ်ဖုန့်က ပျံသန်းနေရာမှ ရပ်တန့်လိုက်သည်။ရှစ်ဖုန့်၏ ပုံရိပ်က လေထဲတွင်ရပ်တန့်လိုက်ပြီးသည့်နောက် ကောင်းကင်ထဲသို့ကြည့်လိုက်သည်။
ကောင်းကင်ထဲတွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လူငယ်တစ်ယောက်အားသူမြင်
တွေ့လိုက်ရသည်။ သူ၏မျက်နှာ
ကလူသေကဲ့သို့ ဖြူဖျော့နေပြီး အလောင်းတစ်ခု၏ မျက်နှာကဲ့
သို့ပင်ဖြစ်သည်။ သူ၏လက်တို့အားနောက်ပစ်ထား၍ လေထဲတွင်ဝင့်ကြွားစွာရပ်နေ၏။
အေးစက်သောအပြုံးတစ်ခုအား
ဆင်မြန်း၍ သူက အောက်တွင်ရှိနေသောရှစ်ဖုန့်နှင့်
အခြားသူနှစ်ယောက်တို့အားငုံ့ကြည့်နေသည်။
“ဒီလူက လက်ရှိ ယင်ကွေဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကွေယင်ကျိပဲ “
ကောင်းကင်ထဲရှိ လူငယ်အားကြည့်၍ စံပယ်လေးကသူ့မခေါင်းကို
လှည့်လိုက်ပြီးရှစ်ဖုန့်ကိုပြောလိုက်သည်။
ဟုန်ယွဲ့၏မျက်နှာထက်တွင်
မူစိုးရိမ်ပူပန်မှုတို့ဖြင့်ပြည့်နှက်နေသည်။
ဤနေရာရှိကွေယင်ကျိ၏ အသွင်အပြင်အရသူမတို့လာ
ရောက်မည်အား သူသည်ရှိနေသည်ဆိုသည့် အရိပ်အရောင်ကိုပြသနေသည်။
သူဤနေရာတွင်စောင့်နေသည်ဖြစ်
သောကြောင့် သူ့အနေဖြင့် ထျန်းရှဲ့ဂိုဏ်းခေါင်းဆောင်ဖြစ်သူအား သတင်းပေးပြီးဖြစ်ဖို့များသည်။
ထိုထက်ပိုသည်ကား သူ့အနေဖြင့်
ရှစ်ဖုန့်ကိုပင် မှတ်မိနေခြင်းဖြစ်သည်။
အကယ်၍ ကွေယင်ကျိသာ ထျန်းရှဲ့ဂိုဏ်းအားသတင်း
ပေးခဲ့သည်ဆိုလျှင် သူမတို့အနေဖြင့် ယင်ကွေဂိုဏ်းနှင့်ထျန်းရှဲ့ဂိုဏ်းကိုသာ ရင်ဆိုင်ရမည်သာမဟုတ်ပဲ..
ဒါဇင်နှင့်ချီသောအောက်လမ်း
ဂိုဏ်းများကိုလည်းရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်ကတော့ ကွေယင်ကျိပေါ်လာခြင်းကို အံ့အားသင့်ခြင်းမဖြစ်မိပေ။
ထို့ထက်ပိုသည်ကား သူ့အနေဖြင့် ယင်ကွေဂိုဏ်းဆီသို့ အလည်အပတ်လာရောက်မည်ဟု ကြေညာထားခဲ့ပြီးသားဖြစ်သည်။
ကောင်းကင်ထဲ၌ ကွေယင်ကျိပေါ်လာပြီးသည့်နောက်တွင် များပြားလှှသောပုံရိပ်များက ယင်ကွေဂိုဏ်း၏တောင်ထွတ်ဆီမှ ရွှတ်ခနဲထွက်ပေါ်လာကြသည်။
မျက်စိတစ်မှိတ်အတွင်း အင်ပါယာနယ်ပယ်မှသည် ဘိုးဘေးနယ်ပယ်အထိ ယင်ကွေဂိုဏ်း၏ ကျွမ်းကျင်သူဆယ့်သုံးယောက်က ကေွယင်ကျိ၏ နောက်တွင်ပေါ်လာသည်။ ထို့နောက် များပြားသော ပျံသန်းရေးနတ်ဆိုးသားရဲများနှင့်
ကျင့်ကြံသူများက သူတို့၏နောက်ဘက်မှနေ၍ ကောင်းကင်ထဲတွင်ပျံသန်းလာကြသည်။
ယင်ကွေဂိုဏ်းက ရှစ်ဖုန့်ရောက်ရှိလာခြင်းအတွက် ပြင်ဆင်မှုများအား အချိန်တော်တော်ကြာကတည်းက ပြုလုပ်ထားသည့်ပုံပေါ်သည်။
ဆက်ရန်..
ဘာသာပြန်သူ-ARISE