အပိုင်း(၃၃၂)
Vol. 23 Ch. 332
မျက်စိတစ်မှိတ်အတွင်း ယင်ကွေဂိုဏ်း၏ တည်ပည့်သုံးရာတို့က ဟင်းလင်းပြင်ထဲတွင် စုစည်းလာကြသည်။ဤတပည့်များကြားထဲတွင် ကျင့်ကြံမှုနယ်ပယ် အမြင့်မားဆုံးသောသူမှာ ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်ဖြစ်
သောကွေယင်ကျိဖြစ်သည်။ ယင်ကွေဂိုဏ်း၏အကြီးအကဲ
ကွေယွမ်ဟူသော အကြီးအကဲတစ်ယောက်
လည်းရှိသေးသည်ဖြစ်သည်။ သူသည်ကြယ်တစ်ပွင့်ဘိုးဘေး
နယ်ပယ်ဖြစ်သည်။
အင်ပါယာနယ်ပယ်ဆယ့်နှစ်ယောက်နှင့် ဘုရင်နယ်ပယ်လေးဆယ့်
ရှစ်ယောက်လည်းရှိနေပြီး အချို့ကစိတ်ဝိညာဉ်နယ်ပယ်နှင့် ဆရာသခင်နယ်ပယ်တို့လည်းပါရှိသည်။ ယင်ကွေဂိုဏ်း၏ ရာပေါင်းများစွာသောဤတပည့်များ
ပေါ်လာသောအခါတွင် ကောင်းကင်ထဲ၌အေးစိမ့်သော
လေတစ်ခုတိုက်ခတ်လာသည်။ အေးစိမ့်သော အရှိန်အဝါလှိုင်းများက ရှစ်ဖုန့်နှင့် အဖော်ဖြစ်သူနှစ်ဦးထံသို့ သိမ်းကျုံးဦးတည်လာသည်။
ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး ကောင်းကင်ထဲတွင်ရှိနေသော ယင်ကွေဂိုဏ်း၏ လူများအားကြည့်လိုက်သည်။ ယင်ကွေဂိုဏ်းမှာအရမ်းကိုအားနည်းပြီး ၎င်းတို့က သူ၏ရှေ့တွင် အကြောက်အလန့်မဲ့ အရှက်မရှိပေါ်လာရဲသေးသည်။ တကယ့်အစစ်အမှန်ခေါင်းဆောင်ဖြစ်သူက ပေါ်မလာသေးသည်ကိုရှစ်ဖုန့်သိလေသည်။
ကောင်းကင်ထဲတွင်ရှိနေသောယင်ကွေဂိုဏ်းမှလူများနှင့် ကွေယင်ကျိတို့ကိုကြည့်၍ သူက အထင်သေးစွာဖြင့််ပြောလိုက်သည်။
“မင်းတို့ခေါင်းဆောင် ကိုထွက်လာဖို့ပြောလိုက်…မင်းတို့က ဒီသခင်လေးနဲ့စကားပြောဖို့အဆင့်မမှီဘူး”
ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရသောအခါတွင် ကွေယင်ကျိက သူ၏ဓားပုံစံလက်ချောင်းအားထိုးညွှန်ပြီး ကြမ်းကြမ်းတမ်းတမ်းကိုပြောလိုက်သည်။
“ဟမ့် ရှစ်ဖုန့် မင်းကမင်းသေရတော့မှာကို မသိသေးဘူးပဲ…ငါတို့မင်းကိုဒီမှာစောင့်နေတယ်ဆိုကတည်းက ငါတို့ဟာမင်းကို ရင်ဆိုင်နိုင်တယ်လို့ဆိုလိုတာပဲ..
မင်းကဘယ်လိုတောင် ငါတို့ယင်ကွေဂိုဏ်းဆီကိုလာ
မယ်ဆိုပြီးတော့ အရှက်မရှိ ကိုယ်ရည်သွေးရဲတာလဲ..
ဒီနေ့မှာငါမင်းရဲဝိညာဉ်ကိုဆွဲထုတ်ပြီးတော့ မင်းကိုသေခြင်းတရားကိုပေးပါလို့တောင်းပန်ရတဲ့အထိလုပ်ပြပြီးတော့ ပြန်လည်ဝင်စားခြင်းတောင်
မပြုလုပ်နိုင်အောင်လုပ်ပေးမယ်”
“ထွက်လာခဲ့”
ရှစ်ဖုန့်က ကွေယင်ကျိအားအာရုံမစိုက်ပေ။
ထိုအစားလှည့်လိုက်ပြီးဂူဝင်
ပေါက်ဆီသို့ကြည့်၍ ပြောလိုက်သည်။
“အဘိုးကြီး ထွက်လာခဲ့…ဒီသခင်လေးသာမှန်မယ်ဆိုရင် ခင်ဗျားက ထျန်းရှဲ့ဂိုဏ်းရဲ့ ခေါင်းဆောင်မလား”
“ဟားဟား ..ဟားဟား.. “
ရှစ်ဖုန့်စကားပြောပြီးသိပ်မကြာခင်
အိုမင်းသော ဟက်ဟက်ပက်ပက်ရယ်မောသံတစ်ခုက ဂူဆီမှထွက်ပေါ်လာသည်။ထို့နောက်တွင် ရှုပ်ပွနေသော မီးခိုးရောင်ဆံပင်များနှင့် အဖာတစ်ရာအဝတ်တို့အား
ဝတ်ဆင်ထားသော အဘိုးအို
တစ်ယောက်က ဂူထဲမှနေ၍ ဆေးတံတစ်ခုကိုခဲလျှက် ဖြည်းဖြည်းချင်းလျှောက်လှမ်း၍
ထွက်လာသည်။
“ဟားဟား..မင်းကငါ့ကိုတောင် ဖောက်ထွင်းမြင်နိုင်တာတောင် မင်းအသက်ကိုပစ်ပယ်ပြီးတော့ လာရဲသေးတာက နည်းနည်းတော့ ရဲတင်းလွန်းရာမကျနေဘူးလား”
အဘိုးအိုက လျှောက်လှမ်းထွက်လာပြီးနောက် ခေါင်းကိုမော့ကာလေထဲတွင်ရှိနေသောရှစ်ဖုန့်အားပြုံး၍ကြည့်လိုက်သည်။ ထို့နောက်သူက မီးခိုးတစ်မှုတ်အားမှုတ်ထုတ်လိုက်သည်။
“ထျန်းရှဲ့ဂိုဏ်းရဲ့ ခေါင်းဆောင်လား..ဒီလူကတကယ်ပဲ ထျန်းရှဲ့ဂိုဏ်းရဲ့ခေါင်းဆောင်ပေါ့ …ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”
“မဖြစ်နိုင်တာ”
ရှစ်ဖုန့်၏ စကားများနှင့် အဘိုးအို၏ စကားတို့အားကြားရသောအခါတွင် ဟုန်ယွဲ့နှင့်စံပယ်လေးတို့ မှာ ကြက်သေသေသွားရသည်။
ဤအဘိုးအိုမှ သူတို့ဤနေရာမှာ ဝင်ထွက်သည့်အချိန်တိုင်းသူတို့
အားတံခါးဖွင့်ပေးခဲ့သောသူဖြစ်သည်။
ဤကဲ့သို့သောပုဂ္ဂိုလ်တစ်ယောက်က တကယ်ကြီး အောက်လမ်းဂိုဏ်းများ၏ အဓိပဓိဖြစ်ကာ ထျန်းရှဲ့ဂိုဏ်း၏ခေါင်းဆောင်
တစ်ဦးဖြစ်နေလေသည်။
“မင်းတို့အလှလေးနှစ်ယောက် အရမ်းကိုအံ့အားသင့်နေကြတာပဲဖြစ်ရမယ်…တကယ်တော့ မင်းတို့တွေ အံ့အားသင့်ဖို့မလိုပါဘူး .ငါကအသက်ကြီးပြီဆိုတော့ လုပ်စရာဘာမှမရှိဘူးလေ….ဒါကြောင့် ငါကအားလုံးအတွင်တံခါးစောင့်လုပ်ပေးနေတာ…ငါတံခါးကိုစောင့်ကြပ်နေတဲ့အချိန်မှာ မင်းတို့နှစ်ယောက် ကြီးပြင်းလာပြီး ပိုပိုပြီးတော့လှပလာတာကို မြင်တွေ့ခဲ့ရတယ်…ဒီတော့ ငါက မင်းတို့နှစ်ယောက်ကို ငါ့ဆီကိုပို့ပေးဖို့အတွက် ကွေယင်ကျိကို အမိန့်ပေးခဲ့တယ်..ဒါမှ ငါမင်းတို့နဲ့ပျော်ပါးနိုင်မှာလေ”
ထျန်းရှှဲ့ဂိုဏ်းခေါင်းဆောင်က ဆေးတံအားသောက်ရင်း အေးအေးလူလူပင်ပြောလိုက်သည်။
ထို့နောက်သူကပြုံး၍ပြောလိုက်သည်။
“ငါဒီနတ်ဆိုးလေးရှစ်ဖုန့်နဲ့ ရင်ဆိုင်ပြီးသွားရင် ငါမင်းတို့နှစ်ယောက်ကို ဖူးဖူးမှုတ်ပေးပါမယ်..ခီးခီး…
ငါကမင်းတို့ကြီးပြင်းလာတာကို ငါ့မျက်လုံးတွေနဲ့ကိုယ်တိုင်စောင့်ကြည့်ခဲ့တာ.
.ငါသာမင်းတို့နဲ့ ပျော်ပါးတဲ့အချိန်ကျရင် အဲ့တာက မတူညီတဲ့ခံစားမှုတစ်ခုဖြစ်လိမ့်မယ်”
“နှုတ်ခွန်းဆက်သပါတယ် ထျန်းရှဲ့အဓိပဓိ”
အဘိုးအိုထွက်ပေါ်လာသည်အား တွေ့ရသောအခါတွင် လေထဲတွင်ရှိနေသောကွေယင်ကျိမှာ အလျှင်အမြန်လက်သီးဆုပ်၍ ဦးညွှတ်ဂါရဝပြုလိုက်သည်။
“နှုတ်ခွန်းဆက်သပါတယ် ထျန်းရှဲ့အဓိပဓိ”
ထို့နောက်တွင် ယင်ကွေဂိုဏ်းမှလူများမှာလည်း အံ့အားသင့်နေကြသည်။သူတို့ဤနေရာမှဝင်ထွက်သွားလာတိုင်းမကြာခဏမြင်
တွေ့နေကျဖြစ်သော ဖြစ်ကတတ်ဆန်းနိုင်လှသောအဘိုးအိုက တကယ်ကြီး ထျန်းရှဲ့ဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ထျန်းရှဲ့အဓိပဓိဖြစ်နေလိမ့်မည်ဟုသူတို့ မမျှော်လင့်ထားခဲ့ကြပေ။
မြင့်မားပြီးအရှိန်အဝါကြီးမားသော ထျန်းရှဲ့အဓိပဓိ၌ တကယ်ကြီး သူတို့အတွက်တံခါးစောင့်လုပ်
ပေးရသောဝါသနာတစ်ခုရှိနေသည်။
သူတို့အနေဖြင့် ဂရုမစိုက်ပဲနေရဲခြင်းမရှိပဲ အလျှင်အမြန်ထျန်းရှဲ့ အဓိပဓိအား ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
ယင်ကွေဂိုဏ်း၏ခန်းမခေါင်းဆောင် အင်ပါယာနယ်ပယ် တစ်ဦးက
ရုတ်တရက် ဖြစ်ရပ်တစ်ခုကိုပြန်အမှတ်ရလိုက်သည်။
လွန်ခဲ့သောရက်အချို့က သူသည် ဤအဘိုးအိုအား မလေးမစား ပြုမူခဲ့သည့်သူ၏အဖော်ဖြစ်
သူနှင့်သွားလာခဲ့သည်။ ထို့နောက်တွင်သူ၏အဖော်ဖြစ်
သူမှာရုတ်တရက်ပျောက်ကွယ်သွားသည်။
သူက ဤကိစ္စအား ကွေယင်ကျိကိုတင်ပြခဲ့သော်လည်း ကွေယင်ကျိက ဤကိစ္စ၌ ဝင်မစွက်ဖတ်ရန်သူ့အားပြောခဲ့သည်။
ယခုသူဤအကြောင်းအားတွေး
မိသောအခါတွင် သူ၏အဖော်ဖြစ်သူက ဤသာမန်ပုံစံထင်ရသည်
အဘိုးအိုအား မလေးမစားပြုလုပ်ခဲ့၍ ပျောက်ကွယ်သွားခြင်းဖြစ်သည်။
ထို့ကြောင့်ကွေယင်ကျိကသူ့
အား၎င်းအာမသတ်ရန်ပြောခြင်းဖြစ်သည်။
ဤအရာများအားတွေးမိသောအခါတွင်
ထိုလူမှာ အကြောက်တရားတို့ပင်စွဲထင
်ကျန်ရစ်နေမိသည်။ထိုအချိန်က
သူသည်လည်း ဤအဘိုးအိုအား မလေးမစားပြုလုပ်မိလုနီးပါးဖြစ်ခဲ့သည်။ ကံကောင်းစွာဖြင့်သူထိုသို့ မပြုလုပ်ခဲ့ပေ။ထိုသို့သာမဟုတ်ခဲ့ပါက ဖြစ်လာမည့်အကျိုးဆက်မှာ စိတ်ကူးကြည့်၍ပင်ရလိမ့်မည်မဟုတ်ချေ။
“ကောင်းပြီထကြ”
ထျန်းရှဲ့အဓိပဓိက သူ၏လက်ကိုဝေ့ယမ်းလိုက်ပြီး ယင်ကွေဂိုဏ်းမှလူများအားပြောလိုက်သည်။
ထို့နောက်သူက လေထဲတွင်ရှိနေသော ရှစ်ဖုန့်အားလှည့်ကြည့်လိုက်သည်။
သူကဆေးတံကိုဖွာလိုက်ပြီး အေးအေးလူလူပင်ပြောလိုက်သည်။
“ရှစ်လေး..မင်းမှာသွေး
ကျောက်ပြားရှိတယ်ဆိုတာကို
ငါသိတယ်….အဲ့တာကိုမင်းအသက်သွင်းပြီးတဲ့အခါကြရင် မင်းရဲ့ ခွန်အားအဆင့်က ကြယ်ငါးပွင့်သူတော်စင်နယ်ပယ် ၊ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ် ဒါမှမဟုတ်မဟာသူတော်စင်
နယ်ပယ်ကိုတောင် ရောက်လောက်တယ်..ဒါပေမဲ့..”
ဤအချိန်တွင်သူက ခေါင်းစဉ်ကိုပြောင်းလိုက်ပြီးပြောလိုက်သည်။
“ငါမင်းကိုဒီမှာစောင့်နေတယ်ဆိုမှတော့ ..
ငါမှာ မင်းကိုရင်ဆိုင်ဖို့နည်းလမ်း ပင်ကိုယ်အားဖြင့်ရှိတာပေါ့”
“အိုး.ဒီသခင်လေး ကြည့်သေးတာပေါ့…”
ရှစ်ဖုန့်က ထျန်းရှဲ့အဓိပဓိအား သူ့မျက်နှာထက်ရှိ အေးစက်သောအပြုံးဖြင့်ပြောလိုက်သည်။
ထျန်းရှဲ့အဓိပဓိက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
ထို့နောက်သူက သူ၏ အင်္ကျီလက်အတွင်းမှ အနက်ရောင်လွန်းတစ်ခုကို
ထုတ်ယူလိုက်သည်။သူကထိုအရာအား သူ့ချစ်သူ၏အရေပြားအား ကြင်နာစွာပွတ်သပ်သကဲ့သို့ ညင်သာစွာပွတ်သပ်လိုက်သည်။
ထို့နောက်သူက ပြုံး၍ ပြောလိုက်သည်။
“ဟိုဟို…ငါဒါကို ရှေးဟောင်းအမွေအနှစ်ဆီကနေ ရလာကတည်းက အသုံးမပြုခဲ့ဘူး..
ဒီနေ့တော့ ငါသုံးနိုင်ပြီ”
ရှစ်ဖုန့်က ထျန်းရှဲ့အဘိုးအိုလက်အတွင်းရှိ အနက်ရောင်လွန်းအားစိုက်ကြည့်နေသည်။ ရုတ်တရက် အနက်ရောင်လွန်းထံမှ ဆန်းကြယ်ပြီး ထူးဆန်းသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသည်။
အတွေးတစ်ချက်ဖြင့် ရှစ်ဖုန့်၏တည်ငြိမ်သောမျက်နှာ
ထက်တွင်တုန်လှုပ်အံ့အားသင့်
မှုတို့ဖြစ်ပေါ်လာသည်။ အစောပိုင်းကသူသည် စံပယ်လေးနှင့်ဟုန်ယွဲ့တို့အား သွေးကျောက်ပြားအတွင်းသို့စုပ်ယူရန် လုပ်ဆောင်ခဲ့သည်။သို့သော်သွေးကျောက်ပြားကသူနှင့်ဆက်သွယ်မှုကို ဆုံးရှုံးလိုက်ရပုံပေါ်သည်။ သွေးကျောက်ပြားသည်သာမဟုတ်ပဲ သူ၏ညာလက်အတွင်းရှိနေသော
သွေးဓားနှင့် သွေးချပ်ဝတ်တို့အပြင် သူ၏သိုလှောင်လက်စွပ်များ
ပင်သူနှင့်ဆက်သွယ်မှုလုံးဝ
ပျက်တောက်သွားသည်။
“ဒါကဘယ်လိုအရာမျိုးလဲ..
အဲ့တာက ငါ့ရဲ့ လက်နက်တွေကိုတောင် ဖိနှိပ်နိုင်တယ်”
ရှစ်ဖုန့်က ထျန်းရှဲ့အဓိပဓိလက်အတွင်းရှိ အနက်ရောင်လွန်းအားကြည့်ရင်း အံ့အားသင့်စွာဖြင့်တီးတိုးရေရွတ်လိုက်သည်။
“ဟိုဟို..မင်းသတိထားမိသွားပြီမဟုတ်လား…”
ထျန်းရှဲ့အဓိပဓိက ရှစ်ဖုန့်အားကြည့်၍ ပြုံးပြီးပြောလိုက်သည်။
“အရူးကောင်လေး..ငါမင်းအကြောင်းကိုသိနေတာကြာပြီ..မင်းရဲ့တိုက်ခိုက်ရေးခွန်အားက ဘိုးဘေးနယ်ပယ် အလယ်အလတ်အဆင့်ပဲရှိတယ်…
.မင်းရဲ့စွမ်းအားအကြီးဆုံးလက်နက်က သွေးကျောက်ပြားပဲ..ထပ်ပေါင်းရရင် ဆန်းကြယ်သွေးချပ်ဝတ်ရယ် သွေးမီးတောက်ရယ်ပါတယ်…
အခုမင်းက သွေးကျောက်ပြားနဲ့
သွေးချပ်ဝတ်တို့ကို မသုံးနိုင်
တော့ဘူးဆိုမှတော့ ငါ့ကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်ကြသေးတာပေါ့”
စကားပြောနေရင်း သာမန်အဘိုးအိုတစ်ယောက်ကဲ့သို့
ပုံစံရှိသည့် ထျန်းရှဲ့အဓိပဓိ၏
အရှိန်အဝါက တစ်ဟုန်ထိုးမြင့်တက်လာ
သည်ကိုတွေ့လိုက်ရသည်။
ဆက်ရန်…
ဘာသာပြန်သူ- ARISE