← Chapters

အပိုင်း(၃၃၃)

Vol. 23 Ch. 333

အပိုင်း(၃၃၃)

Vol. 23 Ch. 333

“သူကအရမ်းကိုစွမ်းအားကြီးတာပဲ”

“သူကထျန်းရှဲ့ဂိုဏ်းရဲ့

အဓိပဓိဖြစ်နေတာကို မအံ့ဩတော့ပါဘူး..”

ထျန်းရှဲ့ အဓိပဓိ၏ တစ်ဟုန်ထိုးမြင့်တက်လာသော အရှိန်အဝါအားအာရုံခံရင်း ယင်ကွေဂိုဏ်း၏ တပည့်များမှာ အလန့်တကြားဖြင့် အော်ဟစ်မိလိုက်ကြသည်။ ရီဝေသောမျက်လုံးများနှင့် ဖြစ်ကတတ်ဆန်းနိုင်သော အဘိုးအိုမှာဤအချိန်၌ လုံးဝကွဲပြားခြားနားသောသူ

တစ်ယောက်ဖြစ်သွားသည်ကို သူတို့ခံစားနိုင်ကြသည်ဖြစ်သည်။

သူ၏မီးခိုးရောင်ဆံပင်တို့က ဘာလေမှတိုက်ခတ်ခြင်းမရှိပါဘဲ တဖျပ်ဖျပ်လူးလွန့်နေပြီး

မူလကရှုပ်ပွနေသော သူ၏ဆံပင်များ က ထပ်ပြီး ထိုသို့ဖြစ်မနေတော့ပေ။ ၎င်းက သပ်ရပ်ပြီး စနစ်တကျဖြစ်လာသည်။

သူ၏မျက်လုံးများကညကောင်းကင်

ယံတွင်ထွန်းလင်းသောကြယ်တို့ကဲ့သို့ တောက်ပလာသည်။

ထျန်းရှဲ့အဓိပဓိက ထိုနေရာတွင်ပင်ရပ်နေပြီးယင်

ကွေဂိုဏ်းမှတပည့်များမှာ သူသည်လူ့ဘီလူးကြီး

တစ်ကောက်ဖြစ်သည်ဟု ခံစားရသည်။

ယင်းမှာ ၎င်းအနေဖြင့် သူတို့အားခြေမွပစ်ချင်သည်ဆိုလျှင် လက်လေးတစ်ချောင်းအား

လှုပ်ရှားရုံသာလိုအပ်သည်ဖြစ်သည်။

“ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်”

ရှစ်ဖုန့်က အရှိန်အဝါတို့

ပြောင်းလဲသွားခဲ့သော ထျန်းရှဲ့အဓိပဓိအားကြည့်၍  အသံနိမ့်ဖြင့်ပြောလိုက်သည်။ ထို့နောက်သူကသက်ဆင်းလိုက်ပြီး မြေပြင်ပေါ်သို့ ဟုန်ယွဲ့၊စံပယ်လေး

တို့နှင့်အတူ ဆင်းသက်လိုက်သည်။

ဤအချိန်၌ သူ၏ စွမ်းအားကြီး

လက်နက်များမှာ အနက်ရောင်လွန်း၏ ဆန်းကြယ်သောစွမ်းအားအောက်၌ ဖိနှိပ်မှုကိုခံထားရပြီး သူ့အနေဖြင့် ၎င်းတို့အားအသက်သွင်းနိုင်ခြင်းမရှိချေ။ ပင်ကိုယ်အားဖြင့်သူသည်အလှ

လေးနှစ်ဦးအား သွေးကျောက်ပြားအတွင်း၌ ထားရှိနိုင်ခြင်းမရှိပေ။သူ့အနေဖြင့် အမျိုးသမီးနှစ်ဦးအားပွေ့ဖက်

ထားပြီးလည်း လေထဲ၌ တိုက်ခိုက်နိုင်ခြင်းမရှိပေ။

“ဟိုဟိုဟို”

ထျန်းရှဲ့အဓိပဓိက သူ၏သိုလှောင်လက်စွပ်အတွင်းမှ ဆေးခြောက်အား ဆေးတံတွင်းထည့်ကာ ဆက်လက်သောက်သုံးရင်း

ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ထို့နောက်မျက်နှာထက်တွင် အပြုံးတစ်ခုအားဆင်မြန်းရင်း ရှစ်ဖုန့်ထံသို့လျှောက်သွားလိုက်သည်။

“အရူးကောင်လေး..အခုကိစ္စတွေက ဒီလိုမျိုးဖြစ်လာပြီဆိုတော့ မင်းအနေနဲ့ မင်းကိုယ်မင်းပဲသတ်သေမလား..

ဒါမှမဟုတ် ငါကပဲ မင်းကို အရှင်လတ်လတ် အရေခွံစုတ်တာကို လိုချင်လား”

ရှစ်ဖုန့်အား ထိုသို့ပြောပြီးသည့်နောက်တွင် ထျန်းရှဲ့အဓိပဓိက ဟုန်ယွဲ့နှင့်စံပယ်လေးတို့အား

ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် တက်မက်ခြင်းတဏှာခိုးငွေ့

များဖြင့်ပြည့်နှက်နေသည်။

“မင်းတို့အလှလေးနှစ်ယောက်ကတော့ မစိုးရိမ်ပါနဲ့..မကြာခင်ငါက မင်းတို့ကို ဂရုစိုက်ပေးမှာ…ပြီးရင် တို့သုံးယောက်သားကိုယ်တိုင်ကိုယ်ကျ ပျော်ပါးနိုင်မှာပါ"

“ဟမ့်”

ရှစ်ဖုန့်က ထျန်းရှဲ့အဓိပဓိအား

ကြည့်၍  နှာခေါင်းရှုံ့လိုက်သည်။ သူက အေးစက်စွာပြောလိုက်သည်။

“ကြယ်တစ်ပွင့် သူတော်စင်နယ်ပယ်…အဘိုးကြီး ခင်ဗျားကိုယ်ခင်ဗျားအရမ်းများ အစွမ်းထက်နေပီလို့ထင်နေတာလား”

“အိုး”

ထျန်းရှဲ့အဓိပဓိက ရှစ်ဖုန့်၏စကားအားကြား

လိုက်ရသောအခါတွင် ပြုံး၍ပြောလိုက်သည်။

“ငါက မင်းကိုဖိနှိပ်ဖို့လောက်တော့ အစွမ်းထက်ပါတယ်…”

ထျန်းရှဲ့အဓိပဓိက စကားပြောရင်း သူ၏ညာလက်အားဆန့်ထုတ်လိုက်ပြီး ရှေ့သို့တွန်းလိုက်သည်။ရုတ်တရက်

ထျန်းရှဲ့ အဓိပဓိ၏ ရှေ့တွင်ရှိသော

လေထုက အတက်အကျတို့ဖြစ်လာပြီး ခမ်းနားထည်ဝါသောစွမ်းအားတစ်ခုက စုစည်းဖြစ်ပေါ်လာသည်။ထျန်းရှဲ့အဓိပဓိက သူ၏ညာလက်အားရှေ့သို့တွန်း

ထုတ်လိုက်သောအခါတွင် တံခါးတစ်ချက်စာအရွယ်အစားရှိသော  အနက်ရောင်လက်ဖဝါးပုံရိပ်

တစ်ခုဖြစ်ပေါ်လာပြီး ရှစ်ဖုန့်နှင့် အခြားသူနှစ်ယောက်ထံသို့ပျံသန်းသွားသည်။

“အား..သူကအရမ်းစွမ်းအားကြီးတယ်”

တစ်ဝုန်းဝုန်းမြည်ဟိန်းက သူတို့ထံသို့ဦးတည်လာသော အနက်ရောင်လက်ဖဝါးပုံရိပ်ကြီးအား  မြင်တွေ့လိုက်ရသောအခါတွင် ဟုန်ယွဲ့နှင့်စံပယ်လေးတို့၏ မျက်နှာများက သိသိသာသာကိုပြောင်းလဲသွားသည်။

သူမတို့မှာ အလွန့်အလွန်ကို တုန်လှုပ်အံ့အားသင့်နေကြသည်။ သူတော်စင်နယ်ပယ်တစ်ယောက်၏ အရှိန်အဝါက သူမတို့ ရင်ဆိုင်နိုင်သော အရာမျိုးမဟုတ်ပေ။ သူတော်စင်နယ်ပယ်တစ်ယောက်

၏အရှိန်အဝါအောက်တွင်သူမတို့လို ဘုရင်နယ်ပယ်များအတွက် အနည်းငယ်မျှပင်ခုခံနိုင်သော

စွမ်းအားတို့ရှိမနေပေ။

“ငရဲဘုံကိုးခု အကြွင်းမဲ့ မိစ္ဆာဆီးလ်”

ရှစ်ဖုန့်ကအော်ပြောလိုက်ပြီး

သူ၏လက်များဖြင့် လျှင်မြန်စွာ ဆီးလ်သင်္ကေတများကိုပုံဖော်လိုက်သည်။ သူ၏လက်များအားတစ်ဟုန်ထိုး

လှုပ်ရှားနေပြီး  ပုံရိပ်များကိုသာချန်ရစ်ထားခဲ့သည်။ မကြာခင်တွင် ဆီးလ်သင်္ကေတများက ပြည့်စုံသွားသည်။အနက်ရောက်

လက်ဝါးကြီးရောက်လာကာနီး

တွင်ရှစ်ဖုန့်ကလည်း လက်ဖဝါးတစ်ခုကိုရှေ့သိုပစ်လွှတ်လိုက်သည်။

“ဝုန်း”

ရှေ့သို့ဖြည်းညှင်းစွာလျှောက်လှမ်း

လာနေသော ထျန်းရှဲ့အဓိပဓိမှာ ရုတ်တရက် အံ့အားသင့်သွားသည်။ သူ၏တိုက်ခိုက်မှုအား ရှစ်ဖုန့်တားဆီးနိုင်စွမ်းရှိနေလိမ့်

မည်ဟုသူမမျှော်လင့်ခဲ့ပေ။

ထို့နောက် ရှစ်ဖုန့်၏ကိုယ်ပေါ်မှာ အဖြူရောင်လင်းတစ်ခုလင်းလက်သွားပြီး နောက်သူပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအချိန်တွင်သူက ထျန်းရှှဲ့အဓိပဓိ၏ရှေ့၌ ရောက်ရှိနေသည်။ သူကအော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု အမှောင်လက်သီး”

အဖြူရောင်အလင်းတို့က ရှစ်ဖုန့်၏ လက်သီးတွင်တလက်လက်တောက်

ပနေပြီး သူက ထျန်းရှှဲ့အဓိပဓိ၏ရင်ဘက်ထံသို့

လက်သီးတစ်လုံးအားပစ်သွင်းလိုက်သည်။

“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..

သူကဘယ်လိုဖြစ်ပြီးတော့ အရမ်းစွမ်းအားကြီးနေရတာလဲ”

ရှစ်ဖုန့်၏ လက်သီးက သူ၏ရင်ဘက်ထံသို့လာနေသည်ကို မြင်တွေ့လိုက်ရသောအခါတွင်  ထျန်းရှဲ့အဓိပဓိမှာ မယုံကြည်နိုင်မှုများဖြင့် မျက်လုံးများပြူးကျယ်သွားရသည်။

ရှစ်ဖုန့်က ဖျောင်ရှဂိုဏ်းအား

ဖျက်ဆီးပစ်နိုင်ပြီး  ထျန်းတန့် အဘိုးအိုအားသတ်ပစ်နိုင်ရခြင်းမှာ

၎င်း၏ ရတနာများကြောင့်ဖြစ်သည်ဟု

သူတွေးနေခဲ့ခြင်းဖြစ်သည်။ယခု သူ၏ အနက်ရောင်နတ်ဘုရားလွန်းကြောင့်

၎င်း၏ လက်နက်များ ဖိနှိပ်ခြင်းခံနေရသည်အချိန်၌ ရှစ်ဖုန့်က သတ်ဖြတ်ခြင်းကိုခံရရန်စောင့်ဆိုင်း

နေရသည့် သိုးငယ်လေး

တစ်ကောင်ဖြစ်သည်ဟု သူတွေးထင်ခဲ့သည်။

သို့သော် ရှစ်ဖုန့်ထိုးသွင်း

သောလက်သီးချက်၌ သူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားတို့ပါဝင်နေလိမ့်မည်ဟု

သူမျှောလင့်ထားခဲ့ခြင်းမရှိပေ။ထိုထက်ပိုသည်ကား ၎င်းက သူ၏ ကြယ်တစ်ပွင့် သူတော်စင်နယ်ပယ် စွမ်းအားထက်ပင် အနည်းငယ်ပိုမို၍ အစွမ်းထက်နေခြင်းပင်ဖြစ်သည်။

“မင်းကတကယ့်ကို မွန်းစတားတစ်ကောင်ပဲ..

ငါမင်းကိုနားလည်မှုလွဲသွားတယ်..ဒါပေမဲ မင်းအဲ့လိုလုပ်နိုင်တော့ရောဘာဖြစ်သေးလဲ”

ထျန်းရှဲ့အဓိပဓိ၏ မျက်နှာက ရုတ်တရက်လေးနက်လာသည်။ သူ၏လက်အတွင်းရှိနေသော အနက်ရောင်နတ်ဘုရားလွန်းက အားကောင်းသော အနက်ရောင်အလင်းတို့လင်းလက်လာသည်။

ထျန်းရှဲ့အဓိပဓိက အနက်ရောင်နတ်ဘုရားလွန်းအား

အနက်ရောင် ဓားမြှောင်တစ်ခုကဲ့

သို့ကိုင်ထားပြီး ရှစ်ဖုန့်၏ လက်သီးချက်ထံသို့ထိုးသွင်းလိုက်သည်။

“ဝုန်း”

ရှစ်ဖုန့်၏ လက်သီးချက်က  အနက်ရောင်နတ်ဘုရားလွန်းဖြင့် အပြင်းအထန်ပစ်ဆောင့်သွားပြီး သဲသဲကွဲကွဲမကြားရသော အသံလှိုင်းပေါက်ကွဲမှုတစ်ခုကို ဖြစ်ပေါ်သွားစေသည်။ထို့နောက်

ချက်ချင်းရှစ်ဖုန့်၏ပုံရိပ်က ဟုန်ယွဲ့နှင့်စံပယ်လေးတို့ထံသို့ မရောက်ခင်အထိ နောက်သို့ အရှိန်အဟုန်ဖြင့်ဆုတ်ခွာလိုက်ရသည်။ ထို့နောက်မှသာ မိန်းကလေးနှစ်ဦး၏ခွန်အားပူးပေါင်းမှုဖြင့် သူရပ်တန့်သွားခဲ့သည်။

“ရှစ်ဖုန့် ရှင်အဆင်ပြေရဲ့လား”

ဟုန်ယွဲ့ကရှစ်ဖုန့်အားကြည့်လိုက်ပြီးနောက် စိုးရိမ်ပူပန်မှုအပြည့်ဖြင့်မေးလိုက်သည်။

“ငါအဆင်ပြေပါတယ်”

ရှစ်ဖုန့်က ပြော၍ ခေါင်းခါပြလိုက်သည်။

သူက ထျန်းရှဲ့အဓိပဓိ၏လက်အတွင်းရှိ အနက်ရောင်နတ်ဘုရားလွန်း

အားဆက်လက်၍စိုက်ကြည့်နေသည်။

“ငါက ဒီနတ်ဘုရားလွန်းကို  ရှေးဟောင်းအမွေအနှစ်နယ်

မြေတစ်ခုကနေရရှိခဲ့တာ..ငါက ဒါကို ကြည့်ဖို့အတွက်အဆင့်ခြောက် သန့်စင်သူဆရာသခင်တစ်ယောက်ကိုတောင်းဆိုခဲ့တယ်…ဒါ ရှေးပဝေသဏီခေတ်ကတည်းက သန့်စင်ပြုလုပ်ခဲ့တာနဲ့ပိုပြီးတော့တူတယ်…

ဒါက ထိခိုက်ထားပြီးတော့  အသုံးပြဖို့အတွက်မကောင်းဘူးဆိုပေမဲ့  မင်းကိုသတ်ဖို့အတွက်တော့လုံလောက်တယ်”

ထျန်းရှဲ့အဓိပဓိက စကားပြောရင်း အနက်ရောင်နတ်ဘုရားလွန်းအား သူ၏ရှေ့တွင်ထားလိုက်ပြီး ရှေးဟောင်းဂါထာမန္တရားတစ်ခုကို မန်းမှုတ်လိုက်သည်။ထျန်းရှဲ့ အဓိပဓိက ရှေးဟောင်းဂါထာမန္တရားအား မန်းမှုတ်နေသကဲ့သို့  ရှေးကျပြီးဆန်းကြယ်သော အနက်ရောင်စကားလုံးများက နတ်ဘုရားလွန်းထံမှ လွင့်မျောထွက်လာသည်။

၎င်းတို့က ထျန်းရှဲ့ အဓိပဓိ၏ ခန္ဓာကိုယ်ပတ်လည်တွင် အထက်မှအော်အထိစက်ဝိုင်းသဏ္ဍန် လှည့်ပတ်နေသည်။

မျက်စိတစ်မှိတ်အတွင်း

ထျန်းရှဲ့အဓိပဓိ၏ ခန္ဓာကိုယ်၌ ဆန်းကြယ်သောစကားလုံးများဖြင့် ဖုံးလွှမ်းသွားသည်။

“နတ်ဆိုးလက်ချောင်း”

သူ၏ရှေ့ရှိ ဖြစ်စဉ်များကိုကြည့်ရင်း ရှစ်ဖုန့်ကလည်းတိုးလျသော

အသံဖြင့်အော်ပြောလိုက်သည်။

အတွေးတစ်ချက်နှင့်အတူ

သူ၏ညာလက်ရှိ လက်ညိုးမှာ

ရုတ်တရက် ပိန်းပေါက်အောင်နက်မှောင်သွားသည်။

ထို့နောက်သိပ်သည်းသော အနက်ရောင်နတ်ဆိုးချီတစ်ခုက အနက်ရောင်နတ်ဆိုးလက်ချောင်းမှ ကောင်းကင်ထဲသို့ထိုးတက်သွားသည်။

“ဝုန်း”

ထို့နောက်မကြာခင် ရှစ်ဖုန့်၏ ကိုယ်က သွေးနီရောင်မီးတောက်တို့ဖြင့်

တောက်လောင်သွားသည်။

ရုတ်ခြည်းဆိုသလို သူ၏ကိုယ်ပေါ်ရှိသွေးနီရောင်

မီးတောက်တို့က  ရှေ့တွင်ရှိနေသောထျန်းရှဲ့ အဓိပဓိထံသို့သိမ်းကျုံးဦးတည်သွားသည်။

ရုတ်ခြည်း သွေးနီရောင်မီးတောက်တို့က သွေးနီရောင်မီးပင်လယ်အဖြစ်

သို့ပြောင်းလဲသွားပြီးထိုဧရိယာတစ်ဝိုက်အား ထွန်းလင်းသွားစေသည်။

သွေးနီရောင်မီးပင်လယ်က

လှိုင်းလုံးများကဲ့သို့ တလိပ်လိပ်မြင့်တက်လာသည်။

ထို့နောက် ဘီလူကြီးတစ်ကောင်ကဲ့သို့ ဆန်းကြယ်သောစကားလုံးများ၏ လွှမ်းခြုံမှုကိုခံထားရသော  ထျန်းရှှဲ့ အဓိပဓိထံသို့ ထုနှက်‌ ခြေမွရန်ကျဆင်းလာသည်။

“အား”

ရှေးကျပြီးဆန်းကြယ်သောစကား

လုံးများအတွင်းမှနေရ ထျန်းရှဲ့အဓိပဓိ၏ ထူးဆန်းပြီးခြောက်ကပ်ကပ်နိုင်‌သော အော်သံက ရုတ်တရက်ထွက်ပေါ်လာသည်။

ထို့နောက်တွင် ဧရိယာတစ်ခုလုံးမှာ မှောင်ကျသွားပြီး ပိန်းပေါက်အောင်နက်မှောင်လာသည်။

သွေးနီရောင်မီးတောက်

မှသွေးနီရောင်အလင်းတို့ပင်

အမှောင်ထု၏ ဝါးမျိုခြင်းကိုခံလိုက်ရသည်။

ဤဧရိယာတစ်ခုလုံးတွင် အမှောင်ထုမှလွဲ၍ တစ်ခြားသောမည်သည့်အရောင်မှရှိမနေပေ။

“ဒါက အရမ်းကို စွမ်းအားကြီးတယ်..ထူးဆန်းတဲ့ အမှောင်စွမ်းအားတစ်ခုပဲ”

အမှောင်ထုအတွင်းရှစ်ဖုန့်မှာ ရုတ်တရက် အံ့အားသင့်စွာပြောဆိုလိုက်သည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters