← Chapters

ရှန်းဟော်(နတ်ဘုရားမီး)

Vol. 87 Ch. 1216

ရှန်းဟော်(နတ်ဘုရားမီး)

Vol. 87 Ch. 1216

"ဘာ"

ယန်ပိုင်ရှန်က နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိတယ်။

စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို ဓားတစ်ကွက်နဲ့ သတ်နိုင်တာ ဘယ်လိုခွန်အားမျိုးလဲ။

မဟုတ်ဘူး၊ ဆန်းကြယ်နတ်ဘုရားတစ်ယောက်‌တော့ မဟုတ်လောက်ဘူး။

သူက ဆန်းကြယ်နတ်ဘုရားတွေ တိုက်ခိုက်တာကို မမြင်ဖူးတဲ့သူ မဟုတ်ဘူး။ သူ့မိသားစုထဲမှာ ဆန်းကြယ်နတ်ဘုရားတွေအများကြီးရှိတယ်။ စောစောက အနက်ရောင်ဓားချီက အားကောင်းပေမယ့် ဆန်းကြယ်နတ်ဘုရားစွမ်းအားမပါဝင်ပါဘူး။

"မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်" ယန်ပိုင်ရှန်က လက်သီးဆုပ်ကာ ဟင်းလင်းပြင်ဆီ ဦးညွတ်လိုက်တယ်။

အသက်တစ်ခါရှုချိန်ပြီးနောက် လီဖူချန်းက အဝေးမှ အပြေးရောက်လာတယ်။

"ဒီလောက်တောင်ဝေးတာလား"

ယန်ပိုင်ရှိန်က ပိုတောင် အံ့အားသင့်သွားရတယ်။ သူက ဒီလိုအကွာအဝေးတစ်ခုကနေ မျက်နှာဖုံးစွပ်လူကို ဓားချီတစ်ခုနဲ့ သတ်ဖြတ်နိုင်တယ်။ ဒါက ဘယ်လိုခွန်အားမျိုးလဲ။

"ဒါက ကိစ္စအသေးအမွှားလေးပါပဲ" လီဖူချန်းက မြေပြင်ပေါ်သို့ ဆင်းသက်ကာ ပြောလိုက်တယ်။

သူက မျက်နှာဖုံးစွပ်လူကို တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်ခဲ့တယ်၊ စိတ်ဝိညာဉ်ဝါးမျိုခြင်းသဲကန္တရမှ ထွက်လာပြီးနောက် သူက မူလအဆုံးစွန်းခုတ်ချက်က အဆုံးစွန်းအထိ မြှင့်တင်နိုင်ခဲ့တာကိုး။

သို့မဟုတ်ရင် သူ့အရင်ခွန်အားနဲ့ဆိုရင် သူက မျက်နှာဖုံးစွပ်လူကို တစ်ချက်မပြောနဲ့၊ အချက်ဒါဇင်နဲ့တောင် မသတ်ဖြတ်နိုင်ပါဘူး။

"ငါက ယန်ပိုင်ရှန်ပဲ၊ မိတ်ဆွေရဲ့နာမည်ကို သိလို့ရမလား" လီဖူချန်းက အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ဖြစ်မယ်လို့ ယန်ပိုင်ရှန်က ယုံကြည်တယ်၊ အားကောင်းစိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကပဲ သာမန်စိတ်ဝိညာဉ်နတ်ဘုရားဆရာသခင်တစ်ယောက်ကို တစ်ကွက်နဲ့ သတ်ဖြတ်နိုင်တယ်။

"လီဖူချန်း"

လီဖူချန်းက ပြောလိုက်တယ်။

စကားစမြည်ပြောဆိုပြီးနောက် ယန်ပိုင်ရှန်က ဟွမ်ဖုန်မြို့ထဲရှိကြယ်ငါးလုံးမိသားစုဖြစ်တဲ့ယန်မိသားစုကဖြစ်တယ်ဆိုတာ လီဖူချန်းက သိခဲ့ရတယ်။ ဟွမ်ဖုန်မြို့ထဲမှာ ယန်မိသားစုလို ကြယ်ငါးလုံးမိသားစုတွေအများကြီးရှိတယ်။ မျက်နှာဖုံးစွပ်က ယန်ပိုင်ရှန်ရဲ့ရန်သူတွေဖိတ်ခေါ်ထားတဲ့လူသတ်သမားတစ်ယောက်ပဲ ဖြစ်ရမယ်။

"ဟွမ်ဖုန်မြို့ထဲမှာ ကြယ်ငါးလုံးမိသားစုတွေအများကြီးရှိတယ်။ ထိပ်တန်းကြယ်ငါးလုံးမိသားစုက ရှစ်ခုပဲရှိတာ။ ဒိီကြယ်ငါးလုံးမိသားစုရှစ်ခုစလုံးမှာ ပိုင်နက်နတ်ဘုရားတစ်ယောက်ဒါမှမဟုတ်နှစ်ယောက်ကျော်ရှိတယ်" ယန်ုပိုင်ရှန်က ဟွမ်ဖုန်မြို့ရဲ့အနေအထားကို လီဖူချန်းထံ မိတ်ဆက်ပေးလိုက်တယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်၊ ကြယ်ငါးလုံးမိသားစုတွေဆိုပေမယ့် ကွာဟချက်တွေရှိပါတယ်။

သာမန်ကြယ်ငါးလုံးမိသားစုမှာ အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားတစ်ယောက်သာ ရှိတယ်၊ အလယ်ဆင့်ကြယ်ငါးလုံးမိသားစုမှာ အလယ်ဆင့်ပိုင်နက်နတ်ဘုရားတစ်ယောက်သာ ရှိတယ်၊ အားကောင်းကြယ်ငါးလုံးမိသားစုမှာ အဆင့်မြင့်ပိုင်နက်နတ်ဘုရားတစ်ယောက် ရှိတယ်။

"ဒီထိပ်တန်းကြယ်ငါးလုံးမိသားစုရှစ်စုအပြင် ဟွမ်ဖုန်မြို့ထဲမှာ အဓိကကုန်သွယ်ရေးခန်းမသုံးခုရှိပြီး ဒီအဓိကကုန်သွယ်ရေးခန်းမသုံးခုစလုံးမှာ ပိုင်နက်နတ်ဘုရားဆရာသခင်တွေရှိတယ်"

"ဒါပေမယ့် အဓိကမိသားစုရှစ်စုပဲဖြစ်ဖြစ်၊ အဓိကကုန်သုံးရေးခန်းမသုံးခုပဲဖြစ်ဖြစ်၊ သူတို့က ဟွမ်ဖုန်မြို့မှာ စွမ်းအားအနည်းငယ်ပဲ ရှိတာ။ ဟွမ်ဖုန်မြို့ထဲရှိလူတိုင်းရဲ့ကံကြမ္မာကိုအမှန်တကယ်ဆုံးဖြတ်တာက ဒေါသမြစ်ပိုင်နက်နတ်ဘုရားအရှင်ပဲ"

ဟွမ်ဖုန်မြို့သို့သွားရာလမ်းတစ်လျှောက်မှာ ယန်ပိုင်ရှန်က လီဖူချန်းကို ဟွမ်ဖုန်မြို့နဲ့ ပတ်သက်ပြီး သူ သိသမျှ အရာအားလုံးကို ပြောပြခဲ့တယ်။

နောက်ထပ်သုံးရက်ကြာပြီးနောက် သူတို့သုံးယောက်က ဟွမ်ဖုန်မြို့သို့ ရောက်ရှိလာတယ်။

ဟွမ်ဖုန်မြို့ထဲကို ဝင်ရောက်ပြီးနောက် ယန်ပိုင်ရှန်က လီဖူချန်းကို ယန်အိမ်တော်ကို ဖိတ်ခေါ်ချင်ခဲ့ပေမယ့် လီဖူချန်းက ငြင်းပယ်ခဲ့တယ်။ သူက ဒီနေရာကို အသစ်ရောက်လာတာ၊ သူ့မှာ လုပ်စရာတွေအများကြီးရှိပါသေးတယ်၊ ဒါကြောင့် လောလောဆယ် သူ့မှာ အချိန်တွေ ပိုမနေပါဘူး။

"ဒါ ဟုတ်တယ်၊ အကိုဖူချန်း၊ ငါတို့ယန်မိသားစုက ဟွမ်ဖုန်မြို့ထဲမှာ ကျော်ကြားတယ်။ မင်းမှာ အလုပ်ကိစ္စတစ်ခုရှိရင် ငါ့ကို တိုက်ရိုက်ဆက်သွယ်နိုင်တယ်" ယန်ပိုင်ရှန်က ထပ်ခါတလဲလဲပြောနေခဲ့တယ်။

လီဖူချန်းက ပြောလိုက်တယ်"အကိုပိုင်ရှန်၊ မစိုးရိမ်ပါနဲ့၊ ငါ ဒီစားသောက်ဆိုင်မှာ ရှိနေမယ်၊ မင်းမှာ တစ်ခုခုရှိရင် ငါ့ဆီ လာလို့ရတယ်"

သူရွေးချယ်ခဲ့တဲ့တည်းခိုခန်းကို ဟင်းလင်းပြင်တည်းခိုခန်းလို့ခေါ်တယ်။ ၎င်းက ဟွမ်ဖုန်မြို့ရဲ့ထိပ်တန်းတည်းခိုခန်းဆယ်ခုထဲက တစ်ခုဖြစ်တယ်။

"ဒါဆိုလဲ ကောင်းပြီလေ၊ ငါ ယန်အိမ်တော်ကို အရင်သွားတော့မယ်" ယန်ပိုင်ရှန်က လှည့်ကာ ထွက်ခွာသွားခဲ့တယ်။

ယန်ပိုင်ရှန်က ထွက်ခွာသွားတဲ့အခါ လီဖူချန်းက ခြံဝင်းတံခါးကို ဖွင့်ကာ ဝင်လာတယ်။

"ထိပ်တန်းအဆင့်တည်းခိုခန်းဆယ်ခုထဲကတစ်ခုဆိုတဲ့အတိုင်းပဲ၊ နေရာလပ်နတ်ဘုရားဝင်္ကပါတစ်ခုရှိနေတာပဲ"

ခြံဝင်းက အပြင်ကနေကြည့်ရင် အလွန်ကြီးမားပေမယ့် ဝင်ရောက်ပြီးနောက် ၎င်းက အပြင်ကထက် အဆတစ်ရာပိုကြီးတာကို လီဖူချန်းက သိလိုက်ရတယ်။

ဒါက ခြံဝင်းကိုဖုံးအုပ်ထားတဲ့နတ်ဘုရားအစီအရင်က နေရာလပ်နတ်ဘုရားဝင်္ကပါတစ်ခုဖြစ်လို့ပဲ၊ ဒါကြောင့် အတွင်းပိုင်းနေရာလပ်က အဆတစ်ရာပိုကြီးနေတာ။

"ကောင်းပြီလေ၊ နောက်ကျရင် ငါ ဒီမှာလေ့ကျင့်ရမယ်"

နတ်ဘုရားအတတ်‌တွေကျင့်ကြံတာက နေရာလပ်ပမာဏတစ်ခုကို လိုအပ်တယ်။ လီဖူချန်းက နေရာလပ်-အချိန်ဥပဒေသကို ကျွမ်းကျင်ပေမယ့် သူက ပိုကျယ်ပြောတဲ့နေရာလပ်-အချိန်ငို ဖန်တီးနိုင်ပေမယ့် ၎င်းက မတည်ငြိမ်ဘူး၊ အချိန်တစ်ခုအထိပဲ ခံတယ်၊ နေရာလပ်နတ်ဘုရားဝင်္ကပါနဲ့ မယှဉ်နိုင်ပါဘူးလေ။

ဒါပေမယ့် တစ်ခုတော့ သိထားရမယ်။ ဟင်းလင်းပြင်တည်းခိုခန်းထဲမှာနေထိုင်တဲ့ကုန်ကျစရိတ်က အလွန်အမင်းမြင့်မားပြီး တစ်နှစ်လျှင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံ ကျသင့်တယ်။

သာမန်အဆင့်နိမ့်စိတ်ဝိညာဉ်နတ်ဘုရားရဲ့အသားတင်ကြွယ်ဝမှုက သန်းတစ်ရာနဲ့ဘီလီယံအနည်းငယ်ကြာမှာ ရှိတယ်၊ အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားရဲ့အသားတင်ကြွယ်ဝမှုက ဘီလီယံအနည်းငယ်နဲ့ဆယ်ဘီလီယံကြားမှာ ရှိတယ်၊ အဆင့်မြင့်စိတ်ဝိညာဉ်နတ်ဘုရားရဲ့အသားတင်ကြွယ်ဝမှုက ဆယ်ဘီလီယံနဲ့တစ်ရာဘီလီယံကြားမှာရှိတယ်ဆိုတာ သိရမယ်။

တစ်နှစ်လျှင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ဘီလီယံ၊ အဆင့်နိမ့်နတ်ဘုရား‌တွေက မတတ်နိုင်ပါဘူး။

အလယ်ဆင့်စိတ်ဝိညာဉ်နတ်ဘုရားတွေကပဲ နှစ်အနည်းငယ်ဒါမှမဟုတ်ဆယ်နှစ်ကြာ နေနိုင်ပါလိမ့်မယ်။

တည်းခိုခန်းခြံဝင်းရဲ့အတွင်းပိုင်းက ကြီးမားရုံသာမက ပစ္စည်းအစုံအလင်တပ်ဆင်ထားတယ်။ အသုံးအဆောင်ပစ္စည်းသန့်စင်ရေးခန်းမနဲ့ဆေးတာအိုခန်းမတို့ရှိတယ်။

"မဆိူးဘူးပဲ"

လိီဖူချန်းက အလွန်ကျေနပ်မိတယ်။ ဆေးပစ္စည်းအချိူ့ကို စုဆောင်းဖို့နဲ့ ဆေးတာအိုလမ်းကြောင်းကို ဆက်လက်လေ့လာဖို့အတွက် သူက  ဟွမ်ဖုန်မြို့ကို လာခဲ့တာ။ထိုအချိန်မှာ သူက မီးနတ်ဘုရားဝင်္ကပါကို သေချာပေါက် အသုံးပြုရပါလိမ့်မယ်။ တကယ်တော့ သူ့ရဲ့မီးတာအိုဥပဒေသက အစစ်အမှန်နတ်ဘုရားပြီးပြည့်စုံခြင်းနယ်ပယ်မှာသာရှိပြီး သူဖန်တီးတဲ့မီးလျှံက အနည်းငယ်ကင်းမဲ့နေတယ်။

ခြံဝင်းကို လှည့်ပတ်ကြည့်ရှုပြီးနောက် လီဖူချန်းက ဟွမ်ဖုန်းမြို့ထဲမှာ စတင်အချိန်ဖြုန်းတော့တယ်။

"သေချာပြီ၊ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအရောင်းမရှိဘူးပဲ။ ကြယ်လေးလုံးနတ်ဘုရားဆေးအချို့က အရောင်းရှိပေမယ့် သူတို့က သာမန်နတ်ဘုရားဆေးတွေလောက်ပဲ"

ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းက ဆန်းကြယ်နတ်ဘုရားရဲ့လက်နက်ဖြစ်တယ်။ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ရရှိဖို့ နည်းလမ်းအချို့ရှိတယ်။ ပထမ၊ လေလံပွဲမှာ ဝင်လေလံပစ်တာ။ ဒုတိယ၊ ထုလုပ်သန့်စင်ဖို့ ကြယ်လေးလုံးအသုံးအဆောင်ပစ္စည်းဆရာသခင်တစ်ယောက်ကို အကူအညီတောင်းတာ။ တတိယ၊ ဂိုဏ်းတစ်ခုနဲ့ ပူးပေါင်းတာ။

"ပထမနည်းလမ်းကပဲ အလုပ်လုပ်ပုံရတယ်"

ဟွမ်ဖုန်မြို့ထဲမှာ လေလံပွဲအဆင့်သုံးဆင့်ရှိတယ်ဆိုတာ လီဖူချန်းက သိခဲ့တယ်၊ အဆင့်၁လေလံပွဲ၊ အဆင့်၂လေလံပွဲနဲ့ အဆင့်၃လေလံပွဲ။

ပိုင်နက်နတ်ဘုရားတွေကပဲ အဆင့်၃လေလံပွဲမှာပဲ ပါဝင်နိုင်တယ်၊ ဆန်းကြယ်နတ်ဘုရားတွေကပဲ အဆင့်၂လေလံပွဲမှာ ပါဝင်နိုင်တယ်။

အဆင့်၁လေလံပွဲမှာ စိတ်ဝိညာဉ်နတ်ဘုရားတွေကပဲ ပါဝင်နိုင်တယ်။

ဆန်းကြယ်နတ်ဘုရားတွေအတွက် ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက မရှားပါဘူး၊ ယေဘုယျအားဖြင့် အဆင့်၂လေလံပွဲတွေမှာ အလယ်ဆင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့အဆင့်မြင့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကသာ ထွက်ပေါ်လာပြီး အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရာအသုံးအဆောင်ပစ္စည်းတွေက ရှားပါတယ်။

အဆင့်နိမ့်ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက အဆင့်၁လေလံပွဲမှာပဲ ထွက်ပေါ်တယ်။ ပမာဏကတော့ တစ်ခါတစ်ရံများပြီး တစ်ခါတစ်ရံနည်းတယ်၊ တစ်ခါတစ်ရံပစ္စည်းပေါင်းတစ်ရာရှိတယ်၊ တစ်ခါတစ်ရံ ပစ္စည်းတွေကဒါဇင်သာ ရှိတယ်၊ ဒါတွေအားလုံးက ကံအပေါ် မူတည်ပါတယ်လေ။

ဒုတိယမြောက်နည်းလမ်းက မဖြစ်နိုင်ပါဘူး၊ လီဖူချန်းက ဒီနေရာကို အခုမှ ရောက်လာတာဖြစ်ပြီး ကြယ်လေးလုံးအသုံးအဆောင်ပစ္စည်းဆရာသခင်တွေ တစ်ယောက်မှ မသိပါဘူး၊ ဆန်းကြယ်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်ဖို့ ကြယ်လေးလုံးအသုံးအဆောင်ပစ္စည်းဆရာသခင်တွေကို မေးတာက အကြာကြီးတန်းစီနေရလိမ့်မယ်။ ဘယ်လောက်ကြာမလဲ၊ နှစ်တစ်ထောင်လား၊ နှစ်တစ်သောင်းလား၊ လီဖူချန်းက မစောင့်နိုင်ပါဘူး။

တတိယနည်းလမ်း၊ လီဖူချန်းက အဲဒါကို တိုက်ရိုက်ငြင်းပယ်ခဲ့တယ်။

သူက ဂိုဏ်းတစ်ခုကို ပူးပေါင်းမယ်ဆ်ိုရင် ကြယ်ခြောက်လုံးဂိုဏ်းမှပဲ သူက စဉ်းစားမှာပါ။

"ယွင်လန်ရှန်းဟော်ဘုရားကျောင်း၊ ကြည့်ရတာ ဆိုင်တစ်ဆိုင်နဲ့ တူတယ်

လှည့်ပတ်ရင်း လီဖူချန်းက ခမ်းနားတဲ့ဆိုင်တစ်ဆိုင်အရှေ့ကို ရောက်ရှိလာတယ်။

"ဧည့်သည်လေး၊ ကျေးဇူးပြုပြီး ဝင်လာပါ" ဆိုင်အကူက နွေးထွေးစွာ ကြိုဆိုခဲ့တယ်။

လီဖူချန်းက မေးလိုက်တယ်"မင်းရဲ့ဆိုင်က ဘာတွေ ရောင်းလဲ"

ဆိုင်အကူက အံ့အားမသင့်ခဲ့ပါဘူး၊ သူက ပြောလိုက်တယ်"ဧည့်သည်က နတ်ဘုရားမြို့ကြီးကို ရောက်တာ ဒါက ပထမဆုံးအကြိမ်ထင်တယ်။ ယွင်လန်ရှန်းဟော်ဘုရားကျောင်းက ရှန်းဟော်ကို ရောင်းတယ်"

"ရှန်းဟော်လား။ နတ်ဘုရားမီးကိုလဲ ရောင်းလို့ရတယ်ပေါ့" လီဖူချန်းက အံ့အားသင့်သွားတယ်။

ဆိုင်အကူက စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တယ်"ရှန်းဟော်(နတ်ဘုရားမီး)က ထူးဆန်းတဲ့ထုတ်ကုန်တစ်ခုပဲ။ ၎င်းက ကောင်းကင်နဲ့မြေကြီးမှ မွေးဖွားလာတာ၊ ၎င်းမှာ မီးတာအိုရဲ့မူလရင်းမြစ်ပါဝင်တယ်၊ ၎င်းက သိပ်သည်းပြီး ပြန်ကျဲ့သွားမျိုးမရှိဘူး။ မင်းက အဲဒါကို ရန်သူကို တိုက်ခိုက်ဖို့ဒါမှမဟုတ် လက်နက်နဲ့ဆေးလုံးတွေကို သန့်စင်ဖို့အတွက် သုံးနိုင်တယ်။ လိုရင်းတိုရှင်းပြောရရင် ၎င်းက မီးတာအိုဥပဒေသမှာ သိပ်မကောင်းတဲ့သူတွေအတွက် အထူးအသုံးဝင်တယ်"

"ဒီလိုဆိုမှတော့ ဒီနတ်ဘုရားမီးမှာ အဆင့်ရှိမှာပေါ့" လီဖူချန်းက နားလည်ခဲ့တယ်။

ဆိုင်အကူက ပြောလိုက်တယ်"အဆင့်တွေရှိတယ်။ ကြယ်တစ်လုံးရှန်းဟော်က အဆင့်နိမ့်ဆုံးဖြစ်ပြီး တန်ဖိုးအနည်းဆုံးဖြစ်တယ်။ ကြယ်သုံးလုံးရှန်းဟော်က ကြယ်သုံးလုံးနတ်ဘုရားဆေးကို သန့်စင်နိုင်တယ်၊ ကြယ်လေးလုံးရှန်းဟော်က ကြယ်လေးလုံးနတ်ဘုရားဆေးကို သန့်စင်နိုင်တယ် ဒါပေမယ့် ကြယ်လေးလုံးရှန်းဟော်ရဲ့တန်ဖိုးက ‌ဈေးကြီးပြီး သာမန်ဆန်းကြယ်နတ်ဘုရားတွေ မတတ်နိုင်ပါဘူး"

"ငါ့ကို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တစ်ချက်ကြည့်ကြည့်ရမယ်"

လီဖူချန်းက ရှန်းဟော်နဲ့ ပတ်သက်ပြီး အရမ်းသိချင်တယ်၊  ရှန်းဟော်က ဘာလဲဆိုတာ သူက မြင်ချင်တယ်။

ယွင်လန်ရှန်းဟော်ကျောင်းကို ဝင်ရောက်ပြီးနောက် လီဖူချန်းက ရှန်းဟော်ကို မြင်တွေ့ခဲ့တယ်။

သူနဲ့အနီးကပ်ဆုံးရှိပုံဆောင်ခဲဗီရိုထဲမှာ လက်ဝါးအရွယ်အစားအပြာဖျော့ရောင်မီးလျှံတစ်ခုရှိတယ်။ ဒီမီးလျှံက စီးမျောနေတဲ့ကြယ်အလင်းတစ်ခုနဲ့တူပြီး အတော်လေးထူးဆန်းပုံပေါ်တယ်။

အဆင့်နိမ့်ရှန်းဟော်ကြယ်ပြာရှန်းဟော်၊ အဆင့်နိမ့်နတ်ဘုရား‌ကျောက်တုံးသုံးရာဘီလီယံ။

အပြာဖျော့ရောင်မီးလျှံဘေးနားမှာ အပြာဖျော့ရောင်မီးလျှံနဲ့ပတ်သက်ပြီး မိတ်ဆက်တစ်ခုရှိတယ်။

"ဒါက နတ်ဘုရားမီးလား"

လီဖူချန်းအတွက် ရှန်းဟော်ကို မြင်တာ ပထမဆုံးအကြိမ်လေ။

ဆိုင်အကူက မိတ်ဆက်ပေးခဲ့တယ်"ယေဘုယျပြောရရင် ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားမီးက  အဆင့်နိမ့်မီးတာအိုစိတ်ဝိညာဉ်နတ်ဘုရားက ကျင့်ကြံထားတဲ့မီးနတ်ဘုရားစွမ်းအားထက် ပိုသန့်စင်ပြီးပိုသန်မာတယ်။ လက်နက်ဒါမှမဟုတ်ဆေးလုံးတွေသန့်စင်တာပဲဖြစ်ဖြစ်၊ ၎င်းက အားထုတ်မှုတစ်ဝက်နဲ့ ရလဒ်ကို နှစ်ဆအောင်မြင်စေနိုင်တယ်။ ရန်သူတွေနဲ့တိုက်ခိုက်တဲ့အခါ ၎င်းက ပိုလွှမ်းမိုးနိုင်ပြီး ၎င်းရဲ့ကိုယ်ပိုင်နတ်ဘုရားစွမ်းအားကို မလျော့ကျစေပါဘူး"

"ဒီလောက်တောင်အံ့အားသင့်စရာကောင်းတာလား" လီဖူချန်းက အံ့အားသင့်သွားတယ်။

"ဒါပေါ့၊ တကယ်တော့ အဲဒါက ကောင်းကင်ဘုံနဲ့မြေကြီးရဲ့ထုတ်ကုန်တစ်ခုပဲလေ" ဆိုင်အကူက ပြောလိုက်တယ်။

ခေါင်းညိတ်လျက် နတ်ဘုရားမီးတစ်ခုကို ဝယ်ယူဖို့ လီဖူချန်းက ဆုံးဖြတ်ခဲ့တယ်။

သူ့ရဲ့မီးတာအိုဥပဒေသနဲ့မီးတာအိုနတ်ဘုရားစွမ်းအားက အစစ်အမှန်နတ်ဘုရားနယ်ပယ်မှာပဲ ရှိပြီး သူ့အတွက် ကြယ်သုံးလုံးနတ်ဘုရားဆေးကို သန့်စင်ဖို့ အဟန့်အတားတစ်ခုဆိုတာ သံသယရှိစရာမလိုပါဘူး။

သူ့မှာ ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားမီးကြယ်ပြာရှန်းဟော်ရှိရင် သူက ပြီးပြည့်စုံခြင်းအရည်အသွေးကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားဆေးတစ်ခုကို သန့်စင်နိုင်ပြီး ကြယ်သုံးလုံးအဆင့်နိမ့်နတ်ဘုရားဆေးဆရာအဖြစ်သို့ တစ်ချက်တည်းနဲ့ ရောက်ရှိနိုင်ပါလိမ့်မယ်။

ဒါပေမယ့် တကယ်တော့ သူက အစစ်အမှန်ဆေးနတ်ဘုရားတွေနဲ့ မတူဘူးဆိုတာ သူကလဲ သိတယ်။ အစစ်အမှန်ဆေးနတ်ဘုရားက ‌ဆေးအညွှန်းတွေကို ဖော်စပ်နိုင်ပြီး ဆေးတာအိုနတ်ဘုရားအတတ်တွေကို ဖန်တီးနိုင်တယ်။

ဆေးဖော်စပ်နည်းအသစ်တစ်ခုက ဆေးအမျိုးအစားအသစ်တစ်ခုနဲ့ ညီမျှပြီး ဆေးနတ်ဘုရားတစ်ယောက်ရဲ့ပြယုဂ်လို့ဆိုနိုင်ပါတယ်။

ဆေးတာအိုနတ်ဘုရားအတတ်တွေကတော့ ပိုတောင် အံ့ဩစရာကောင်းတယ်။ ၎င်းက နတ်ဘုရားဆေးရဲ့အရည်အသွေးကို တိုးစေနိုင်ပြီး နတ်ဘုရားဆေးသန့်စင်တဲ့အချိန်ကို တိုတောင်းစေတယ်။ အချို့အထူးနတ်ဘုရားဆေးတွေကို ဆေးတာအိုနတ်ဘုရားအတတ်တွေနဲ့ပဲ သန့်စင်နိုင်တယ်။ သမားရိုးကျနည်းလမ်းတွေနဲ့ မသန့်စင်နိုင်ပါဘူး။

ဒါပေမယ့် အပြင်လူတွေက ဒီကွာဟချက်တွေကို ဂရုမစိုက်ပါဘူး။ မင်းက ပြီးပြည့်စုံခြင်းအရည်အသွေးနတ်ဘုရားဆေးကို ပြုလုပ်နိုင်သလားကိုပဲ သူတို့က စိတ်ဝင်စားတာ။

ကြယ်ပြာနတ်ဘုရားမီး(ရှန်းဟော်)ရဲ့တန်ဖိုးက အလွန်ဈေးကြီးတယ်။ ၎င်းက ကြယ်သုံးလုံးအဆင့်နိမ့်သာဖြစ်ပြီး အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသုံးရာဘီလီယံကျသင့်တယ်။

လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးရှစ်ရာထရီလီယံကျော်ရှိပြီး သူက ကြယ်ပြာနတ်ဘုရားမီးကို သိပ်သဘောမတွေ့ချင်ပါဘူး၊ ဒါကြောင့် သူက  ကြည့်ရုံသာကြည့်ပြီး နောက်ထပ်တစ်ဗီရိုသို့ ပြောင်းခဲ့တယ်။

အလယ်ဆင့်ကြယ်ရွှေရှန်းဟော်နတ်ဘုရားမီး၊ အဆင့်နိမ်နတ်ဘုရားကျောက်တုံးငါးထရီလီယံ။

သူ့ရှေ့မှာရှိနေတာက ရွှေရောင်မီးလျှံတစ်ခု။ ဒီရွှေရောင်မီးလျှံက လူတွေကို အလွန်ကြမ်းကြုတ်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းတယ်၊ ကြယ်ပြာနတ်ဘုရားမီးလောက် မငြင်သာနေဘူး။

ဆိုင်အကူက မိတ်ဆက်ပေးခဲ့တယ်"ကြယ်ရွှေနတ်ဘုရားမီးက ရန်သူကို တိုက်ခိုက်ဖို့၊ ဆေးလုံးတွေနဲ့နတ်ဘုရားလက်နက်တွေ သန့်စင်ဖို့အတွက် ပိုသင့်တော်တယ်။ ၎င်းက နတ်ဘုရားဆေးဆရာတွေအတွက် အလွန်မြင့်မားတဲ့လိုအပ်ချက်ရှိတယ်။ သန်မာတဲ့ထိန်းချုပ်မှုမရှိရင် နတ်ဘုရားဆေးကို ဖျက်ဆီးမိဖို့က အလွယ်လေးပဲ......"

***

All Chapters